← Chapters

ဝါးမျိုခြင်း

Vol. 90 Ch. 1247

ဝါးမျိုခြင်း

Vol. 90 Ch. 1247

ဗာကန်က အလွန်ကျော်ကြားသောကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သူက နေထိုင်ရာအတည်တကျမရှိဘဲ တစ်နေရာမှ တစ်နေရာသို့ အမြဲတမ်း ရွေ့လျားနေခဲ့သည်။ တစ်ယောက်မှ သူ့အစစ်အမှန်မျက်နှာအား မသိပေ၊ သို့သော် သူ ထွက်ပေါ်လာသည့်အချိန်တိုင်း သူ့ရန်သူများက ပျက်ဆီးပြုန်းတီးကြရ၏။

သို့သော် ဤကျွမ်းကျင်သူ၏နာမည်က ဤနေရာတွင် ထပ်မံထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူအများစုက ဗာကန်၏နာမည်ကို ကြားဖူးသည်၊ သူက မြင့်မြတ်မီးလျှံအဖွဲ့ခေါင်းဆောင်ဖြစ်သည်ကို ဤကလန်ထဲရှိ ပင်မကျွမ်းကျင်သူအများစုက သိကြသည်။

“မြင့်မြတ်မီးလျှံလား”

သူတို့နှင့် တိုက်ခိုက်ခဲ့သည့် အဖွဲ့၏ဇစ်မြစ်ကို ကောင်းကင်ဘုံမှော်ဆရာကလန်ဝင်များက နောက်ဆုံးတွင် နားလည်လိုက်တော့သည်။ သူတို့က မြင့်မြတ်မီးလျှံအဖွဲ့မှ ဖြစ်နေကြသည်ပင်။

အေးစက်စက်အလင်းတစ်ခုက မှော်ဆရာဘိုးဘေး၏မျက်လုံးများထဲတွင် လင်းလက်သွားသည်။ အချိန်အချို့ကြာ လေ့လာပြီးနောက် တစ်ဖက်တွင် အဖွဲ့သုံးဖွဲ့ပါဝင်ပြီး မြင့်မြတ်မီးလျှံ၊ အမှောင်နတ်ဆရာကလန်နှင့် တရုတ်မှအားကောင်းသောကျင့်ကြံသူအဖွဲ့တစ်ဖွဲ့တို့ဖြစ်ကြသည်ကို သူက သုံးသပ်လိုက်သည်။

ဒါက ထောင်ချောက်တစ်ခုပဲ…

ရာစုနှစ်ပေါင်းများစွာ ရှင်သန်ပြီးနောက် ဒါက ထောင်ချောက်တစ်ခုဖြစ်သည်ကို မှော်ဆရာဘိုးဘေးက သဘောမပေါက်စရာမရှိပေ။

သူက လေထဲသို့ ထိုးတက်သွားကာ အော်ပြောလိုက်၏ “ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အဖွဲ့ဝင်တွေအားလုံး၊ ငါ့အမိန့်ကို နာခံပြီး ကမ်းခြေကို ပြန်ဆုတ်ကြ…”

ဝီ…

အခြားဂြိုလ်မှ လာသည့်အလား ဓားအလင်းတစ်ခုက နေရာလပ်အတားအဆီးကို ဆုတ်ဖြဲကာ မှော်ဆရာဘိုးဘေး၏ခေါင်းအား ရုတ်ချည်း ခုတ်ပိုင်းချလိုက်သည်။ အလျင်စလိုဖြစ်နေသော်လည်း မှော်ဆရာဘိုးဘေးက သူ၏မှော်လက်နက်အား ထုတ်လွှတ်နိုင်သေးသည်၊ သို့သော် ပြင်းထန်သောသက်ရောက်မှုက သူ့ခန္ဓာကိုယ်ကို လှုပ်ခါစေကာ သူက လွင့်ထွက်သွား၏။

သို့သော် သူ့အား အကြောက်စေဆုံးက သက်တံနှင့်တူသောဓားအလင်းက သူ့ထံ ရိုက်ခတ်လာခြင်းပင်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူက အသက်ရှင်နိုင်လျှင်ပင် ဤဓားချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရမည်ကို ပြောနိုင်ပေသည်။

“ဟင်းလင်းပြင်ထဲသို့…”

သူ့မျက်နှာပေါ်ရှိ အလန့်တကြားအကြည့်နှင့်အတူ မှော်ဆရာဘိုးဘေး၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး အနက်ရောင်မြူတိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ သို့သော် သက်တံနှင့်တူသောဓားအလင်းက မြူကို ထိုးဖောက်သွားပြီး မီတာရာချီရှိသောမီးလျှံပင်လယ်အား ခုတ်ပိုင်းချလိုက်ကာ ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူများ၏အသက်အား ရိတ်သိမ်းလိုက်သည်။

အား…

သားရဲနှင့်တူသောဟိန်းသံတစ်ခုက အနက်ရောင်မြူမှ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် အနက်ရောင်မြူက သိပ်သည်းသွားပြီး မှော်ဆရာဘိုးဘေး၏ပုံရိပ်က ထပ်မံထွက်ပေါ်လာ၏။

သို့သော် ဤအချိန်တွင် သူ့အဝတ်စများက ပြာအဖြစ် လျော့ကျသွားပြီး ဆန်းကြယ်သောအက္ခရာစာလုံးအမြောက်အများက သူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများတစ်လျှောက် ထွက်ပေါ်လာ၏။

“သေစမ်း…”

မှော်ဆရာဘိုးဘေး၏ခန္ဓာကိုယ်က အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထန်ရှုအရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းတန်းများက သူ့လက်ချောင်းထိပ်ဆယ်ခုမှ ပေါက်ကွဲထွက်လာပြီး သူ့လက်သည်းများက လျင်မြန်စွာ ရှည်လျားသွား၏။ မြင်ကွင်းအရ ထန်ကွမ်း၏ခန္ဓာကိုယ်အား မကြာခင် ဆုတ်ဖြဲသွားတော့မည့်ပုံပင်။

အုံး…

သို့သော် ဤအချိန်တွင် ပြင်းထန်သောစွမ်းအင်က မှော်ဆရာဘိုးဘေး၏ညာဘက်ပခုံးအား ရုတ်တရက် ထိမှန်သွားပြီး သက်ရောက်မှုက သူ့အား လွင့်ထွက်သွားစေသည်။

မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတို့ ရစ်ခိုလျက် ထန်ကွမ်းက သူ့ရှေ့တွင် ထွက်ပေါ်လာသောထန်ရှုအား လှည့်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသည့် အေးစက်စက်အထိအတွေ့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ခုလေးတင် သူ့မျက်စိရှေ့၌ သေမင်းအား မြင်တွေ့လိုက်ရသည်။ သူ့ဆရာအဘိုးထန်ရှုကသာ အချိန်မီကြားဝင်မစွက်ဖက်ခဲ့လျှင် သူက မှော်ဆရာဘိုးဘေး၏လက်ထဲ၌ပင် အသက်ပျောက်သွားခဲ့လေပြီ။

သူနှင့်မှော်ဆရာဘိုးဘေးတို့က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၌ ရှိသည်မှာ အတူတူပင်။ သို့သော် နောက်လူ၏စွမ်းအားက ဆယ်ဆကျော် ရုတ်တရက် မြင့်တက်သွား၏။

“မင်းက ဘယ်သူလဲ”

သူ့ခန္ဓာကိုယ်အား တည်ငြိမ်အောင် လုပ်ရင်း မှော်ဆရာဘိုးဘေးက အော်လိုက်သည်။ သို့သော် သူ့ညာလက်က ပျောက်သွားပြီး သွေးများက သူ့ပါးစပ်မှ စီးထွက်လာကာ သူ့အရှိန်အဝါက အဆများစွာ လျော့ကျသွား၏။

“ဟားဟားဟား”ထန်ရှုက အော်ရယ်လိုက်သည် “ငါ ဘယ်သူလဲ။ ငါက ထန်ဂိုဏ်းက ထန်ရှုပဲ။ အရင်က မင်းကလန်ရဲ့ကျွမ်းကျင်သူတွေကို သတ်ဖြတ်ခဲ့တာ ငါပဲ။ မင်းရဲ့ကလန်သားတွေကို သတ်ဖို့ ဆုကြေးထုတ်ပြန်ခဲ့တာလဲ ငါပဲ။ မင်းရဲ့ကလန်ကို သုတ်သင်မယ့်သူကလဲ ငါပဲ။ ဘာကောင်းကင်ဘုံမှော်ဆရာကလန်လဲ။ ဟီးဟီး…သူတို့က ကိုယ့်သေလမ်း ကိုယ်ရှာနေတဲ့သူတွေပဲ၊ ဒီနေ့က မင်းတို့ရဲ့ကလန်ဖျက်ဆီးခံရမယ့်နေ့ပဲ။ အားလုံးပဲ၊ ငါ့အမိန့်ကို နားထောင်ကြ။ သူတို့အားလုံးကို သတ်ပစ်။ ကျွန်းတစ်ခုလုံးကို လွှမ်းခြုံတဲ့အစီအရင်တစ်ခုကို ငါ ခင်းကျင်းထားပြီးပြီ။ တစ်ယောက်မှ ဒီကျွန်းကနေ မထွက်ပြေးနိုင်ဘူး။ မင်းတို့ဆန္ဒရှိတဲ့အတိုင်း သတ်ပစ်ကြ…”

“ဘာ…”

ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူအားလုံးက တုန်လှုပ်သွားကြသည်။ ကမ်းခြေသို့ ပြန်ဆုတ်လာသည့် လူနှစ်ထောင်နီးပါးက သူတို့၏အဟုန်အား အနည်းငယ်မြှင့်တင်လိုက်သည်။ သို့သော် အရှေ့ဆုံးရှိလူများက ကမ်းခြေအစွန်အဖျားသို့ ရောက်သောအခါ သူတို့အား မမြင်နိုင်သောစွမ်းအင်ဒိုင်းကာတစ်ခုက တားဆီးခဲ့သည်။ ၎င်းအား ဖျက်ဆီးရန် သူတို့၏တိုက်ခိုက်မှုက မည်မျှပင် ပြင်းထန်သော်လည်း သူတို့တစ်ယောက်မှ အစီအရင်၏စွမ်းအင်ဒိုင်းကာအား ခြစ်ရာတစ်ခုပင် မလုပ်နိုင်ခဲ့ပေ။

မနီးမဝေးတွင် အမှောင်နတ်ဆရာကလန်မှကျွမ်းကျင်သူများကလည်း ကြောက်ရွံ့သွားကြသည်၊ အမှတ်ငါးကျွန်းပေါ်တွင် ကောင်းကင်ဘုံမှော်ဆရာကလန်နှင့် နောက်ဆုံးတိုက်ပွဲဆင်နွှဲရန် ထန်ရှုက ဒီလောက်ပြတ်သားလိမ့်မည်ဟု သူတို့က မထင်ထားခဲ့ကြပေ။

“ရွံစရာကောင်းလိုက်တာ…”

ဗာကန်က ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူများအား သတ်ဖြတ်နေရင်း အဝေးရှိ ကမ်းခြေအား ကြည့်လိုက်သည်။ အတိုက်ခိုက်ခံနေရသည့်အစီအရင်စွမ်းအင်ဒိုင်းကာ၏စွမ်းအားအား သူက ရှင်းရှင်းလင်းလင်းအာရုံခံနိုင်သည်။ အစီအရင်မှ ထုတ်လွှတ်သော အရှိန်အဝါက သူ့အား ကြောက်ရွံ့စေသည်၊ ဤအစီအရင်က အလွန်အားကောင်းသည်ကို သူက သိ၏။

သူ့လူများက အမှတ်ငါးကျွန်းပေါ်သို့ ရောက်လာပြီးနောက် ထန်ရှုက သူတို့အား ထွက်ခွာခွင့်မပြုသည်ကို သူက နောက်ဆုံးတွင် နားလည်ခဲ့သည်။ ဤနေရာသို့ ရောက်လာပြီးနောက် တစ်ယောက်မှ ဤကျွန်းမှ မထွက်ခွာနိုင်ပေ၊ သို့မဟုတ်လျှင် ထန်ရှုခင်းကျင်းထားသည့်အစီအရင်အား သူတို့က ပျက်ဆီးစေပေလိမ့်မည်။

“ဒါက…ရန်သူနဲ့ သေတဲ့အထိ တိုက်ခိုက်အောင် မင်းက ငါ့ကို တွန်းပို့နေတာပဲ…”

အကူအညီမဲ့သောခံစားချက်နှင့်အတူ ဗာကန်က စိတ်ထဲ၌ ဟိန်းဟောက်လိုက်သည်။ သူ၏သတ်ဖြတ်မှုက ပိုမြန်ဆန်လာပြီး ကောင်းကင်ဘုံမှော်ဆရာကလန်ကျွမ်းကျင်သူဆယ်ယောက်၏အသက်များအား မိနစ်အနည်းငယ်အတွင်း ရိတ်သိမ်းခဲ့၏။

ထန်ရှုက မှော်ဆရာဘိုးဘေးအား နောက်ထပ်အခွင့်အရေးမပေးဘဲ အဆက်မပြတ်တိုက်ခိုက်သည်။ စက္ကန့်သုံးဆယ်အတွင်း ထန်ရှုကြောင့် မှော်ဆရာဘိုးဘေးက ဆိုးဆိုးဝါးဝါးရိုက်နှက်ခံခဲ့ရ၏။

မင်း သေလိုက်တော့…”

ထန်ရှုက မှော်ဆရာဘိုးဘေးအား နောက်ဆုံးသတ်ဖြတ်ကွက်ကို ထုတ်ဖော်သည့်အခိုက်တွင် ကောင်းကင်ဘုံမှော်ဆရာကလန်၏အကြီးအကဲတစ်ယောက်ဖြစ်သည့်နောက်ထပ်စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်က လှုပ်ရှားလာသည်။ ထိုလူက ထန်ရှုအား ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်ထားပြီး အစကတည်းက သူ့စွမ်းအားအား ဖုံးကွယ်ထားလျက် အခွင့်အရေးအား စောင့်ဆိုင်းနေသည်။

ယခု အခွင့်အရေးက ရောက်လာပြီဟု သူက ထင်သည်။

အထင်သေးမှုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားသည်။ သူတို့ကြား ခွန်အားကွာခြားချက်ကြောင့် ဘယ်လိုချောင်းမြောင်းတိုက်ခိုက်မှုမှ အသုံးမဝင်ပေ၊ ထို့ပြင် သူက ပတ်ဝန်းကျင်ရှိအနေအထားအား အဆက်မပြတ်လေ့လာနေသည်။ ဤကောင်းကင်ဘုံမှော်ဆရာကလန်အကြီးအကဲက သူ့စွမ်းအားအား တစ်ချိန်လုံးဖုံးကွယ်ထားသည်ကို သူက သတိပြုမိခဲ့သည်မှာ ကြာလှပြီ။

ရွှမ်း…

ထန်ရှုက နတ်ဘုရားဓားအား ချက်ချင်းထုတ်လွှတ်လိုက်သည်။ သူ့လက်သီးက မှော်ဆရာဘိုးဘေး၏ရင်ဘက်အား ထိမှန်သွားသည့်အခိုက်အတန့်တွင် နတ်ဘုရားဓားက ဆန့်ကျင်ဘက်ဉီးတည်ချက်သို့ လမ်းကြာင်းတည်ကာ ထိုအကြီးအကဲနှင့်မှော်ဆရာဘိုးဘေးတို့အား တစ်ချက်တည်းနှင့် ခုတ်ပိုင်းချလိုက်သည်။

လျှပ်တစ်ပြက်သာ ကြာသည်၊ အသန်မာဆုံးမှော်ဆရာနှစ်ယောက်အား ထန်ရှုက သတ်ဖြတ်လိုက်သည်။ တိုက်ခိုက်ပြီးနောက် ထန်ရှု၏စိတ်က ရုတ်တရက် လှုပ်ရှားသွားပြီး သူက ပြင်းပြင်းထန်ထန်ဟိန်းဟောက်လိုက်သည်၊ အနားတစ်ဝိုက်ရှိ ရန်သူများက ချက်ချင်းမှင်တက်သွားကြ၏။ ထို့နောက် မကြာမီလျှင်ပင် မီးလျှံများက ရုတ်တရက် တောက်လောင်လာပြီး တောက်ပသောအလင်းများစွာက အမှောင်ထုထဲတွင် ပေါက်ကွဲထွက်လာကာ အမှောင်ပတ်ဝန်းကျင်အား အလင်းပေးလိုက်၏။

“ကြယ်အဆီအနှစ်နတ်ဘုရားစွမ်းရည်-ဝါးမျိုခြင်း…”

ထန်ရှုက ဝါးမျိုခြင်းစွမ်းအားအား ဆုပ်ကိုင်မိလာခဲ့သည်။ သူ့ခွန်အားက ခုန်ပေါက်သလို တိုးတက်လာသော်လည်း ကြယ်အဆီအနှစ်နတ်ဘုရားစွမ်းရည်က အဘယ်ကြောင့် မထွက်ပေါ်လာသည်ကို သူက ဒီတစ်ချိန်လုံး စဉ်းစားနေခဲ့သည်။

လက်ရှိအခိုက်အတန့်တွင် ဝမ်းသာအားရမှုက သူ့နှလုံးသားထဲ၌ ပြည့်လာသည်။ သူရရှိခဲ့သည့်ကြယ်အဆီအနှစ်နတ်ဘုရားစွမ်းရည်က ဝါးမျိုခြင်းဖြစ်သည်မှာ သူ့အား မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။

ဝါးမျိုခြင်း၊ စွမ်းအင်၊ သွေးနှင့် အသက်အားတို့ကို ဝါးမျိုခြင်းစွမ်းရည်။

ချက်ချင်းလျှင်ပင် ထန်ရှုက ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူက ဝါးမျိုခြင်းနတ်ဘုရားစွမ်းအားအား ထုတ်လွှတ်သည့်အခိုက်အတန့်တွင် တိုက်ပွဲထဲတွင် သေသွားခဲ့သည့် ကျွမ်းကျင်သူများထံမှ သွေးများ၊ ကမ္ဘာစွမ်းအင်နှင့် ကြီးမားသောအသက်အားတို့အား တိုက်ရိုက်စုပ်ယူပြီး အားလုံးအား သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ မရီးဒျာန်များထဲတွင် လာဆုံသောကြောင့် စွမ်းအင်က ထကြွလာသည်။ ကျယ်ပြန့်သောမရီးဒျာန်များက အသက်ရှုချိန်အနည်းငယ်အတွင်း အဆအနည်းငယ်ပိုကျယ်လာပြီး အက်ကြောင်းအနည်းငယ်က ထန်ရှု၏ကြမ်းတမ်းသောမရီဒျာန်များထဲတွင် စတင်ထွက်ပေါ်လာ၏။ သို့သော် အက်ကြောင်းအသစ်တစ်ခုထွက်ပေါ်လာသည့်အခိုက်အတန့်တွင် ယခင်အက်ကြောင်းများက ပြည့်သွားပြီး သူ့မူလဖရိုဖရဲစွမ်းအားက ပြန်ပြုပြင်လိုက်သည်။

အက်ကြောင်းများက ထွက်ပေါ်လာနေပြီး တစ်ခုပြီးတစ်ခု အဆက်မပြတ်ပြုပြင်သည်။

ရလဒ်တစ်ခုအနေနှင့် ထန်ရှုမရီဒျာန်များ၏အကျယ်က အဆက်မပြတ်တိုးလာနေပြီး ၎င်း၏မာကျောမှုက အဆက်မပြတ်တိုးတက်လာနေသည်။ ဤအချိန်တွင် တစ်ယောက်ယောက်က သူ့မရီးဒျာန်အား ဖြတ်လိုက်လျှင်ပင် သူတို့အား ထိခိုက်စေမည်မဟုတ်ပေ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သူများပင် မအောင်မြင်နိုင်လောက်သည့်အထိ မာကျောလှသည်။

တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ထဲရှိ စကြာဝဠာထဲရှိ အာကာသဗိမာန်များက အဆက်မပြတ်ကြီးမားချဲ့ထွင်လာနေသည်။ အသက်ဆယ်ခါရှုချိန်အတွင်း အာကာသဗိမာန်ရာချီက ဆယ်ကီလိုမီတာအထိ ရှိလာခဲ့၏။

“ဟမ်”

ရုတ်တရက် ထိုအာကာသဗိမာန်များက ရုတ်တရက် အသက်ဝင်လာကို ခံစားမိသောကြောင့် ထန်ရှု၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ မှန်သည်၊ သူတို့က အသက်ဝင်လာခြင်းပင်။ ထိုအာကာသဗိမာန်များက ဉာဏ်ရည်ရလာခဲ့သလိုပင်။

“သေစမ်း…”

ထန်ရှုက မှော်မန္တန်နှင့်နတ်ဘုရားစွမ်းရည်များအား အဆက်မပြတ်ထုတ်ဖော်ရင်း ကောင်းကင်ဘုံမှော်ဆရာကလန်ကျွမ်းကျင်သူများအား စတင်သတ်ဖြတ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ကျင့်ကြံခြင်းက အဆက်မပြတ်တိုးလာပြီး လျင်မြန်စွာ တိုးတက်လာ၏။ ကောင်းကင်ဘုံမှော်ဆရာကလန်၊ မြင့်မြတ်မီးလျှံသို့မဟုတ်အမှောင်နတ်ဆရာကလန်တို့မှကျွမ်းကျင်သူတစ်ယောက်သေသည့်အခါတိုင်း သူတို့၏အသက်အားနှင့်သွေးများက လေထဲသို့ စီးဆင်းသွားပြိး ထန်ရှု၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်၏။

ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူများအားလုံးအား သတ်ဖြတ်ပြီးချိန်တွင် မြင့်မြတ်မီးလျှံအဖွဲ့၏ကျွမ်းကျင်သူနှစ်ထောင်အောက်သာ အသက်ရှင်ကျန်ပြီး အမှောင်နတ်ဆရာကလန်က လူတစ်ရာကျော် ဆုံးရှုံးခဲ့ရသည်။ ဤအချိန်တွင် ထန်ရှုက လေထဲတွင် လွင့်မျောလာသည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားပြီး စွမ်းအင်တစ်ခုက သူ့ရင်ဘက်ထဲ၌ ပေါက်ကွဲထွက်လာကာ ကျွန်းတစ်ခုလုံးရှိ ကမ္ဘာစွမ်းအင်အား ချက်ချင်းစုပ်ယူလိုက်သည်။ စကြာဝဠာထဲရှိကြယ်မရေမတွက်များစွာပင် အဆက်မပြတ် တုန်ခါနေသည်။

ဤအချိန်တွင် သူ့ဒန်တျန်ထဲရှိ စကြာဝဠာထဲရှိ ကောင်းကင်ဘုံခန္ဓာကိုယ်ထောင်ချီက စတင်ကြီးထွားလာသည်။ ထို့နောက် ထန်ရှုက ဝါးမျိုခြင်းစွမ်းအင်နှင့်ကျင့်ကြံခြင်းထဲတွင် လုံးဝနစ်မြုပ်သွားသည်။ တစ်ကီလိုမီတာအချင်းဝက်အတွင်း တစ်ယောက်မှ သူ့အနားသို့ မချဉ်းကပ်နိုင်ပေ။ ကပ်ရန် ကြိုးစားလာသည့်အချိန်တိုင်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိဗာကန်ပင် လွင့်ထွက်သွားရသည်။

ခရက်…အုံး…

လျှပ်စီးလက်ကာ ကမ္ဘာတုန်လှုပ်စရာမိုးကြိုးများအား သယ်ဆောင်လာသည်။ အမှောင်တိမ်တိုက်များက ကောင်းကင်အား စတင်ဖုံးလွှမ်းလာ၏။

All Chapters