လူအင်အားပေါင်းစည်းခြင်း
Vol. 90 Ch. 1248
အမှတ်ငါးကျွန်းဆိပ်ကမ်းတွင်။
ဗာကန်၏မျက်နှာက တင်းမာနေပြီး ဒေါသမီးလျှံက သူ့နှလုံးသားထဲတွင် ပြည့်နှက်နေသည်။ တိုက်ပွဲပြီးနောက် မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ထောင်အောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
ဤတစ်ကြိမ်ဆုံးရှုံးမှုက နောက်ဆုံးအဆင့်ကိုးမြင့်မြတ်မီးလျှံမစ်ရှင်ထက် ပိုကြီးမားသည်။ အတိအကျပြောရရင် အများကြီးပိုဆိုးဝါးသည်။ အဆုံးတွင် သူက ဒေါ်လာနှစ်ဆယ်ဘီလီယံရရှိခဲ့လျှင်ပင် ဆုံးရှုံးမှုအတွက် ဖာထေရန် ဆယ့်ငါးဘီလီယံအား ပေးချေရန် လိုအပ်လောက်မည်။
ထို့ပြင် သူ့အား ဒေါသအထွက်စေဆုံးက ထန်ဂိုဏ်းသားများတစ်ယောက်မှ တိုက်ပွဲထဲတွင် မသေခဲ့ခြင်းပင်။ သူတို့အများစုက ဒဏ်ရာရရှိခဲ့သော်လည်း အနည်းငယ်သာ ပြင်းထန်ပေသည်။
ဒါက ဘာဆိုလိုတာလဲ။ ကောင်းကင်ဘုံမှော်ဆရာကလန်အား သုတ်သင်ရန် ထန်ဂိုဏ်းတွင် စွမ်းအားလုံလောက်သည့်ထက် ပိုရှိ၏။ စတုတ္ထကျွန်းပေါ်တွင် သူ့မြင့်မြတ်မီးလျှံအဖွဲ့က ကောင်းကင်ဘုံမှော်ဆရာကလန်အား တိုက်ခိုက်သည့်အချိန်တွင် ထန်ဂိုဏ်းကတစ်ယောက်မှ ဘာကြောင့် မကူညီရသနည်း။ သူတို့က ပဉ္ဓမကျွန်းသို့ ရောက်ရှိလာချိန်တွင် မြင့်မြတ်မီးလျှံအား တိုက်ပွဲထဲတွင် ပါဝင်ရန် ထန်ရှုက ဘာကြောင့် တိုက်တွန်းရသနည်း။
ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူများက မြင့်မြတ်မီးလျှံအဖွဲ့ဝင်များအား သတ်ဖြတ်နေချိန်တွင် အနီးနားရှိထန်ဂိုဏ်းသားများက မကူညီသည်ကို ဗာကန်က မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ သို့မဟုတ်လျှင် မြင့်မြတ်မီးလျှံအဖွဲ့ဝင်များက ဒီလောက်ဆုံးရှုံးမှုကြီးမားလိမ့်မည်မဟုတ်ပေ။
သူ့တစ်သက်တွင် လူများစွာအား မုန်းခဲ့သော်လည်း ယနေ့ ထန်ရှုနှင့်ထန်ဂိုဏ်းလောက် မမုန်းဖူးပေ။
သူက ထန်ရှုထံမှ ရှင်းပြချက်ကို လိုချင်သည်၊ သို့သော် ထန်ရှုနားသို့ပင် မကပ်နိုင်ပေ။ ထန်ရှုက သူ့အား စကားပြောရန်ပင် အခွင့်အရေးမပေးခဲ့ပေ။
“ပြောစမ်း…မင်းတို့အားလုံး ငါ့ကို ရှင်းပြချက်တစ်ခုပေးရမယ် မဟုတ်ရင် ဒီကိစ္စက ဒီနေရာမှာပဲ ပြီးသွားမှာ မဟုတ်ဘူး…”
ဒေါသတို့ လွှမ်းခြုံနေလျက် အမုန်းတရားက ဗာကန်၏မျက်လုံးများထဲတွင် ပြည့်နေလေသည်။
အဝတ်တွင် သွေးစွန်းနေသည့် ထန်ကွမ်းက သူ့ထံ လျှောက်လာသည်။ ချောမောခန့်ညားသောသူ့မျက်နှာပေါ်ရှိသွေးအား သုတ်ရန်ပင် သူက ဂရုမစိုက်ပေ။
သို့သော် ယခု သူက ပြုံးလျက် ဗာကန်အား စိုက်ကြည့်လိုက်သည်၊ ထို့နောက် နူးညံ့သောအသံနှင့် ပြောလိုက်၏ “မင်းက ရှင်းပြချက်တစ်ခုကို တကယ်လိုချင်တာလား၊ မစ္စတာဗာကန်။ ငါတို့ဂိုဏ်းချုပ်နဲ့ထန်ဂိုဏ်းတစ်ခုလုံးဆီကနေ လိုချင်တာလား”
“ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ မင်းတို့ရဲ့ဂိုဏ်းချုပ်ဒါမှမဟုတ်ထန်ဂိုဏ်းက ငါ့ကို ရှင်းပြချက်တစ်ခုပေးရမယ်…”ဗာကန်က ဒေါသတကြီး အော်ပြောလိုက်သည် “ငါတို့က မင်းရဲ့မဟာမိတ်ပဲ၊ ဘေးချင်းယှဉ်တိုက်ခိုက်ဖို့ သဘောတူထားတယ်။ ဒါပေမယ့် မင်းတို့ဂိုဏ်းရဲ့ကျွန်းကျင်သူတွေက ငါ့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေကို ဘယ်တော့မှ မကူညီဘဲ မျက်စိမှိတ်ထားခဲ့တယ်။ ဘာလို့ မင်းတို့က မင်းတို့ရဲ့ကိုယ်ပိုင်မျိုးနွယ်နဲ့အမှောင်နတ်ဆရာကလန်သားတွေကိုကျ ကယ်ပြီး ငါ့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေကို မကယ်တာလဲ”
ထန်ကွမ်းက ခေါင်းငုံ့လိုက်သည်၊ သို့သော် သူ့အပြုံးက ပိုတောက်ပလာပြီး သူက နူးညံ့စွာ ပြန်ပြောသည် “မစ္စတာဗာကန်၊ မင်းက ရှင်းပြချက်တစ်ခုကို တောင်းဆိုမှတော့ ငါ့ရဲ့ဆရာအဘိုးကိုယ်စား မင်းကို ရှင်းပြပေးမယ်…”
သူ့အသံပျောက်ကွယ်သွားသည့်အခိုက်တွင် အင်မော်တယ်ဓားတစ်လက်က သူ့ဘယ်ဘက်လက်မှ ချက်ချင်း လက်သွားပြီး ဗာကန်၏နဖူးအား တိုက်ခိုက်လိုက်သည်။
သတိမရှိသောကြောင့် ဗာကန်က တိုက်ကွက်အား အသဲအသန်ရှောင်တိမ်းလိုက်ရသည်။ သို့သော် သူက စိတ်အေးလက်အေးဖြစ်နေစဉ် လေထဲရှိ အတက်အကျအား ရုတ်ချည်း သတိပြုမိလိုက်၏…
ဝှစ်…
အင်မော်တယ်ဓားက ဗာကန်၏နှလုံးသားအား ချက်ချင်း ထိုးဖောက်သွားပြီး ဓားထိပ်ဖျားက သူ့ရင်ဘက်အား ဖြတ်သွားသည်။ ထို့နောက် ချက်ချင်းလျှင်ပင် မီးတောင်ပေါက်ကွဲသည့်အလား အစစ်အမှန်အဆီအနှစ်စွမ်းအင်က သူ့ရင်ဘက်ထဲတွင် ပေါက်ကွဲထွက်လာသလို ဗာကန်က ခံစားမိသည်။ အစစ်အမှန်အဆီအနှစ်စွမ်းအင်ပေါက်ကွဲမှုက သူ့ရင်ဘက်ပေါ်တွင် အပေါက်တစ်ခုကိုပင် ဖြစ်ပေါ်စေသည်။
အတွင်းအင်္ဂါငါးခုနှင့်အတူ သူ့နှလုံးသားက လုံးဝဖျက်ဆီးခံလိုက်ရသည်။ သူက သူ့စွမ်းအားအား လှည့်ပတ်လိုက်ချိန်တွင် ပြင်းထန်သောအစစ်အမှန်အဆီအနှစ်စွမ်းအင်က သူ့မရီးဒျာန်အားလုံးအား ထိခိုက်စေခဲ့သည်။
အုံး…
မိုအားဝူ၏လက်သီးချက်က သူ့အား ထိမှန်သွားသည်။ အင်မော်တယ်ဓားက ဗာကန်၏ခန္ဓာကိုယ်မှ ပြန်ထွက်လာပြီး သူ့ပုံရိပ်က ကြိုးပြတ်သွားသောစွန်တစ်ခုအလား သူ့ပုံရိပ်က နောက်သို့ လွင့်ထွက်သွား၏။
“ဘာ…ဘာကြောင့်လဲ”
သူ၏ကျန်ရှိနေသောအသိစိတ်က ရှုပ်ထွေးမှုတို့နှင့် ပြည့်သွားပြီး သူက ကျန်ရှိနေသောခွန်အားနှင့် ခက်ခက်ခဲခဲမေးလိုက်၏။
အေးစက်တင်းမာသောအမူအရာနှင့် ထန်ကွမ်းက ဗာကန်အရှေ့၌ ထွက်ပေါ်လာသည်။ အင်မော်တယ်ဓားက ထိုလူ၏ခေါင်းအား ဖြတ်သွားသောကြောင့် သူက ကျယ်လောင်စွာ ရယ်မောလျက် အော်ပြောလိုက်၏ “ဘာကြောင့်လဲလို့ မေးတယ်ပေါ့။ ခင်ဗျားတို့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့က ဆက်လက်တည်ရှိဖို့ မလိုအပ်တော့တာကြောင့်ပဲ။ ခင်ဗျားတို့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့က အန္တရာယ်များတဲ့အဖွဲ့အစည်းပဲ။ ခင်ဗျားတို့က ပိုက်ဆံပဲ မြင်တယ်၊ ခင်ဗျားတို့လုပ်တာ မှန်တာဖြစ်ဖြစ်မှားတာဖြစ်ဖြစ် ဘာတစ်ခုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့သတ်ခဲ့တဲ့လူတွေက အပြစ်မဲ့တဲ့လူတွေဆိုတာလဲ ဂရုမစိုက်ဘူး။ ပြီးတော့ ခင်ဗျားတို့မြင့်မြတ်မီးလျှံတွေက ထန်ဂိုဏ်းဝင်တစ်ယောက်ကို ဖမ်းဆီးခဲ့သေးတယ်မလား”
မိုအားဝူက ဗာကန်၏ဘေးနားတွင် ရုတ်ချည်း ထွက်ပေါ်လာကာ နှာခေါင်းရှုံ့လိုက်သည် “ဟမ့်၊ ခင်ဗျားတို့က ပိုက်ဆံပဲ မြင်တဲ့ လူတစ်အုပ်ပဲ။ ခင်ဗျားတို့ကို ငှားရတဲ့အကြောင်းရင်းကလဲ ခင်ဗျားတို့ကို အမြောက်စာဖြစ်စေချင်လို့ပဲ”
ကမ္ဘာက ဗာကန်၏မြင်ကွင်းထဲတွင် လှည့်ပတ်နေပြီး နောက်ဆုံးတွင် သူ၏ခေါင်းမဲ့ခန္ဓာကိုယ်၊ သူ့လည်ပင်းတစ်လျှောက်ပျံ့နှံ့နေသည့်သွေးများနှင့် သူ့ရင်ဘက်ရှိ အပေါက်အား မြင်လိုက်ရသည်။ သူ၏အသိစိတ်က လျင်မြန်စွာ ပျောက်ကွယ်လာသည်၊ သို့သော် ပြင်းထန်သောနောင်တရမှုက သူ့တစ်ကိုယ်လုံး ပြည့်နှက်လာသည်။ မှန်သည်၊ နောင်တရသည်။ ကျားတစ်ကောင်ကို ၎င်း၏အရေပြားအတွက် မေးခဲ့မိသည်၊ ထန်ဂိုဏ်းအား သတိပေါ့လျော့မိသည့်အတွက် သူက နောင်တရသည်။
သူက ဘယ်လောက် ချမ်းသာပါစေ၊ ရွှေတောင်တစ်လုံးနှင့်ငွေတောင်တစ်လုံးက သူ့မျက်စိရှေ့တွင် ရှိလျှင်ပင်၊ ယခုလို အဆုံးသတ်မှတော့ ထိုကြွယ်ဝမှုအားလုံးက ဘာအသုံးဝင်မည်နည်း။
သူက ကျိန်ဆဲချင်သည်၊ သို့သော် ဘာအသံမှ မထွက်လာပေ။ သူ့ပါးစပ်က ပွင့်လာသည့်အခိုက်တွင် သူ့အသိစိတ်ပျောက်ကွယ်မှုက ပိုမြန်ဆန်လာသည်။ သူ့ရှေ့ရှိ နောက်ဆုံးမြင်ကွင်းက ပျောက်ကွယ်သွားကာ သူ့ကမ္ဘာတစ်လုံးက မည်းမှောင်သွားပြီး နောက်ဆုံးတွင် သူ့အသိစိတ်က အပြီးတိုင်ပျောက်ကွယ်သွားခဲ့၏။
မျက်နှာပေါ်တွင် အထင်သေးမှုနှင့်အတူ ထန်ကွမ်းက ပတ်ဝန်းကျင်ရှိ မြင့်မြတ်မီးလျှံအဖွဲ့ဝင်များအား ကြည့်လိုက်သည်။ သူ့သတ်ဖြတ်ခြင်းဆန္ဒအား ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့မှုက သူတို့၏မျက်နှာပေါ်တွင် သိသာနေလေသည်။
“သူတို့ကိုရော သတ်လိုက်ကြမလား”
“ငါတို့က ဗာကန်ကို သတ်လိုက်ပြီဆိုမှတော့ သူတို့က အသက်ရှင်ဖို့ မလိုတော့ဘူး”မိုအားဝူက နက်ရှိုင်းသောအသံနှင့် ပြန်ပြောသည် “မဟုတ်ရင် ဗာကန်အတွက် လက်စားချေချင်တဲ့ငပိန်းတွေ ရှိရင် အနာဂတ်မှာ ငါတို့ဂိုဏ်းက ပြဿနာအချို့ကို ရင်ဆိုင်ရလိမ့်မယ်”
ထန်အန်းက ကြေးမျက်နှာဖုံးကို ဝတ်ဆင်ထားလျက် ရုတ်တရက် ထွက်ပေါ်လာသည်။ သူမက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဗာကန်ကို သတ်တာက ဂိုဏ်းချပ်ကို ကျေနပ်စေနိုင်ပြီ။ ဒါပေမယ့် ဒီနေရာမှာ မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ထောင်နီးပါးကို သတ်လိုက်မယ်ဆိုရင် သူက ဒေါသထွက်လိမ့်မယ်လို့ ငါ ထင်တယ်။ သူတို့ကို အသုံးပြုလို့ရတယ်လို့ ငါ ထင်တယ်။ သူတို့ရဲအသက်ကို ထိန်းချုပ်နိုင်သရွေ့ အနာဂတ်မှာ ကိစ္စအချို့ကို ကိုင်တွယ်ဖြေရှင်းရာမှာ သူတို့ကို အသုံးပြုနိုင်တယ်”
“ဒါကို ငါ လုပ်လိုက်မယ်…”
ကူဝါကိုက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူမ၏ပုံရိပ်က လေထဲတွင် ရုတ်တရက် လွင့်မျောလာသည်။ ထို့နောက် သူမက ကြောက်ရွံ့နေသောမြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ထောင်အား ကြည့်ကာ အော်ပြောလိုက်၏ “ငါတို့ရဲ့စွမ်းအားကို မင်းတို့အားလုံး မြင်ပြီးပြီပဲ။ ဗာကန်နဲ့မင်းတို့အားလုံးကို ငရဲကို ပို့ဖို့ ငါတို့အားလုံး ဆုံးဖြတ်ထားပြီးသား။ ဒါပေမယ့် အခု ငါတို့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလိုက်ပြီ၊ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးလိုက်မယ်။ မင်းတို့ရဲ့အသက်အတွက် ငါ တာဝန်ယူပေးမယ်၊ အခုကစပြီး မင်းတို့က ထန်ဂိုဏ်းရဲ့အရန်အဖွဲ့ဝင်တွေဖြစ်လာရမယ်။ ဒါပေမယ့် အဲလိုမလုပ်ချင်တဲ့သူတွေကတော့ ဒီနေ့က မင်းတို့ရဲ့သေနေ့ပေါ့”
“ခွေးကောင်တွေ…”
“သူတို့ကို တိုက်ခိုက်ကြ…”
မြင့်မြတ်မီးလျှံအဖွဲ့ဝင်ဆယ်ယောက်ကျော်က လေထဲသို့ ပျံသန်းလာသည်၊ သူတို့အားလုံးက ကူဝါကိုနှင့်အတူ အတူတကွ ပျောက်ကွယ်သွားချင်ပုံရသည်။
အထင်သေးခြင်းက ကူဝါကို၏ပါးစပ်ထောင့်တွင် လက်သွား၏။ သူမက အင်မော်တယ်ဓားအား ချက်ချင်း ထုတ်လိုက်သည်၊ ဓားအလင်းများက မြင့်မြတ်မီးလျှံအဖွဲ့များအား ချက်ချင်း တိုက်ခိုက်လိုက်၏။ တစ်ချိန်တည်းတွင် ထန်ကွမ်းလည်း လှုပ်ရှားလာခဲ့သည်။ အမျိုးသမီးနှစ်ယောက်လုံးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်အဆင့်ကို ချိုးဖြတ်ထားပြီး အားကောင်းသောခွန်အားကို ပိုင်ဆိုင်သည်။ သူတို့နှစ်ယောက်က တစ်ဖက်သတ်သတ်ဖြတ်နေခြင်းပင်။ စက္ကန့်သုံးဆယ်အတွင်း သူတို့က ခုခံသောမြင့်မြတ်မီးလျှံအဖွဲ့ဝင်အားလုံးအား သတ်ဖြတ်ခဲ့သည်။
“ဘယ်သူတွေ ထပ်သေချင်လဲ။ ငါတို့တွေ ကူညီပေးမယ်”ကူဝါကိုက အော်ပြော၏ “ငါ ထပ်ပြောမယ်။ မသေချင်တဲ့သူတွေက မင်းတို့ရဲ့လက်နက်တွေကို ပစ်ချပြီး မြေပေါ်မှာ ထိုင်ချလိုက်”
ကူဝါကိုနှင့်ထန်အန်းတို့၏သတ်ဖြတ်ခြင်းက ကျန်ရှိသောမြင့်မြတ်မီးလျှံအဖွဲ့ဝင်များအား ကြောက်ရွံ့စေခဲ့သည်။ ပတ်ဝန်းကျင်တွင် သူတို့အား စိုက်ကြည့်နေသောကျွမ်းကျင်သူများစွာ ရှိသည်ကိုပင် ဖော်ပြစရာမလိုပေ။ နောက်ဆုံးတွင် သူတို့အားလုံးက ကူဝါကို၏အမိန့်အား နာခံကာ လက်နက်များ ပစ်ချလျက် မြေပြင်ပေါ် ထိုင်ချလိုက်ကြသည်။
ကူဝါကိုက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောလိုက်၏ “မင်းတို့ရဲ့စိတ်ခုခံမှုကို လျော့ချပြီး ငါ ထုတ်ဖော်မယ့် ချိတ်ပိတ်စည်းကို လက်ခံလိုက်ကြ။ ဒါကို ငြင်းပယ်တဲ့လူတွေက ချက်ချင်း ခေါင်းပြတ်လိမ့်မယ်”
နှစ်ရက်ကြာပြီးနောက်။
ကူဝါကိုက မြင့်မြတ်မီးလျှံအဖွဲ့ဝင်၁၇၆၂ပေါ်တွင် ချိတ်ပိတ်စည်းတစ်ခုထုတ်ဖော်ရန် နှစ်ရက်ကြာခဲ့သည်။ အခြားစကားဖြင့်ဆိုရလျှင် အခုကစပြီး ထိုကျွမ်းကျင်သူ၁၇၆၂၏အသက်များက ကူဝါကို၏လက်ထဲ၌ ရှိနေလေပြီ။
သူမထံမှ အတွေးတစ်ချက်က သူတို့၏သေခြင်းရှင်ခြင်းအား ဆုံးဖြတ်နိုင်သည်။
ထန်ဂိုဏ်း၏အခြားတပည့်များက မနာလိုအားကျနေကြသည်။ ဤစိတ်ဝိညာဉ်ထိန်းချုပ်မန္တန်အား ပိုင်ဆိုင်ထားသူက ကူဝါကိုတစ်ယောက်သာ ရှိသည်ကို သူတို့က သိသည်။ သူတို့လည်း မြင့်မြတ်မီးလျှံအဖွဲ့ဝင်အချို့အား ထိန်းချုပ်ချင်သော်လည်း ထိုသို့လုပ်ရန် စွမ်းရည်မရှိပေ။
ဤနှစ်ရက်အတွင်း အမှောင်နတ်ဆရာကလန်ဝင်အားလုံးက သေးငယ်ညစ်ပတ်သောဆင်ခြေလျှောတစ်ခုတွင် စုဝေးနေခဲ့သည်။ မြင့်မြတ်မီးလျှံအဖွဲ့၏ပျက်ဆီးမှုနှင့်ထန်ဂိုဏ်းသားများ၏ကြောက်စရာကောင်းသောခွန်အားကို သူတို့လည်း မြင်တွေ့ခဲ့သည်။ စင်းလုအန်ကလွဲပြီး သူတို့အားလုံးက ထိုမြင့်မြတ်မီးလျှံအဖွဲ့ဝင်များကဲ့သို့ အဆုံးသတ်မည်ကို စိုးရိမ်နေကြ၏။