တံခါးပိတ်ကျင့်ကြံခြင်း
Vol. 90 Ch. 1249
တိုက်ပွဲပြီးဆုံးသည်မှာ ဆယ့်ရှစ်ရက်ရှိပြီ။ သို့သော် ဤဆယ့်ရှစ်ရက်အတွင်း လူတိုင်းက ပဉ္ဓမကျွန်းပေါ်တွင်သာ ပိတ်မိနေသည်။ ကံကောင်းစွာနှင့် ကျွန်းပေါ်တွင် ဆန်စပါးများရှိသည်။ သို့မဟုတ်လျှင် သူတို့၏ကျင့်ကြံခြင်းက အားကောင်းသော်ငြား အစာရေပြတ်လပ်ကာ သေဆုံးသွားရလိမ့်မည်။
ကုန်းတက်တစ်ခုထိပ်တွင် ထန်ကွမ်းက မျက်မှောင်ကြုတ်လျက် အဝေးရှိ ကြီးမားသောစွမ်းအင်တို့ ဖုံးလွှမ်းနေသော ဧရိယာတစ်ခုအား အဆက်မပြတ်ကြည့်ရှုနေသည်။ ၎င်းက ထန်ရှုရှိသည့်နေရာဖြစ်၏။
“ဆရာအဘိုးရဲ့အခြေအနေနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ၊ ချီနန်။ ဒီလိုအခြေအနေတစ်ခုက ရုတ်တရက် ဘယ်လိုလုပ်ဖြစ်လာတာလဲ”ထန်ကွမ်းက ဖြည်းဖြည်းချင်း မေးလိုက်၏။
ချီနန်က သူ့အား မျက်လုံးလိမ့်ကာ ကြည့်လျက် ပြန်ပြော၏ “ရှင်က ကျွန်မကို မေးတော့ ကျွန်မက ဘယ်သူကို မေးရမှာလဲ။ ပြီးတော့ ဂိုဏ်းချုပ်မှာ လျှို့ဝှက်ချက်အများကြီးရှိတယ်။ သူ့နောက်ကို ငါ နေ့တိုင်း လိုက်နေတာတောင် သူ့ရဲ့လျှို့ဝှက်ချက်တွေအားလုံးကို မသိဘူး”
ထန်ကွမ်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ့စိုးရိမ်မှုအား ဖိနှိပ်လိုက်၏။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏ “ဟုတ်တယ်၊ မင်းက သူနဲ့အတူ နေ့တိုင်း ရှိနေနိုင်တဲ့လက်ထောက်မဖြစ်နိုင်ဘူးဆိုတာ ငါ သိပြီးသားပါ။ ငါ့ရဲ့အမျိုးသမီးဖြစ်လာဖို့ဆိုတာကလဲ မင်းအတွက် မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်”
“နင်က အရိုက်နှက်ခံရဖို့ မေးနေတာလား”
ချီနန်က လက်မြှောက်ကာ ဒေါသတကြီးပြောလိုက်၏ “နင့်ရဲ့ပါးစပ်က တကယ်ကို အတားအဆီးမရှိဘူးပဲ၊ ခွေးကောင်။ ဘယ်လိုလုပ်ပြီး ထန်အန်းမှာ နင့်လို အကိုတစ်ယောက်ရှိတယ်ဆိုတာ ငါ တကယ်သိချင်မိတယ်”
“ဟုတ်တယ်၊ ငါလဲ သိချင်တယ်”
ပတ်ဝန်းကျင်ရှိလေထုက အတက်အကျဖြစ်သွားပြီး အသံတစ်ခုက ထန်ကွမ်းနှင့်ချီနန်၏နားထဲသို့ ဖြတ်သန်းလာသည်။ မြင်ကွင်းကြောင့် ထန်ဂိုဏ်းသားများက ရယ်မောလိုက်ကြ၏။
ထန်ကွမ်း၏မျက်နှာက ချက်ချင်းနီရဲသွားပြီး သူက ဒေါသတကြီး အော်ပြောလိုက်၏ “ဟေး၊ ဘာလို့ မင်းကပါ ဆေးထပ်ထိုးရတာလဲ၊ အန်။ ဘာပဲပြောပြော၊ ငါက မင်းရဲ့အကိုဟုတ်ပါသေးတယ်”
“ကျွန်မ သိချင်တယ်။ ရှင်လဲ အဲလိုထင်တာလား၊ ချီနန်”
ထန်အန်း၏အသံက ထပ်မံထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိရယ်သံက ပိုကျယ်လာတော့၏။
ရယ်လိုက်ရသဖြင့် လူတိုင်းက အတော်လေးစိတ်လက်ပေါ့ပါးသွားသည်။ တိုက်ပွဲပြီးနောက် လူတိုင်း အလွန်စိတ်ပင်ပန်းနေသည်၊ ထို့ပြင် ထန်ရှုက ပြဿနာတစ်ခုရင်ဆိုင်နေရမည်ကို သူတို့က ကြောက်ရွံ့သည်။ မြင်ကွင်းက သူတို့၏စိတ်အခြေအနေအား အတော်လေးတည်ငြိမ်သွားစေသည်။
‘ဟမ်…”
ထန်အန်း၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
ချက်ချင်းလျှင်ပင် အနီးနားရှိထန်ဂိုဏ်းသားအားလုံးသာမက မနီးမဝေးတွင် တင်ပျဉ်ခွေထိုင်နေသောစင်းလုအန်ကပါ ဖိနှိပ်နေသောအရှိန်အဝါရှိရာဉီးတည်ဘက်သို့ အာရုံစိုက်လိုက်ကြ၏။ သူတို့အားလုံးက အားကောင်းသောကျွမ်းကျင်သူများဖြစ်ကြပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်စီးကြောင်းပြောင်းလဲမှုအား အလွန်အမင်းအာရုံခံနိုင်သည်။ လျှပ်တစ်ပြက်အတွင်း ရောက်လာကာ ယခု အနည်းငယ် အားနည်းလာနေသည့် ကြီးမားသောအရှိန်အဝါအား သူတို့က အာရုံခံနိုင်၏။
စင်းလုအန်က ထန်ကွမ်းတို့အဖွဲ့ထံ လျင်မြန်စွာ ရောက်ရှိလာသည်။ သူ့မျက်လုံးများက ထန်ရှုရှိရာဉီးတည်ဘက်သို့ အာရုံစိုက်ထားကာ ဖြည်းဖြည်းချင်း ပြောလိုက်၏ “အရှိန်အဝါက အားနည်းလာတယ်၊ ဒါပေမယ့် လျော့ကျတဲ့အရှိန်နဲ့ဆိုရင် အဲဒါက အများဆုံးဆယ်မိနစ်အတွင်း ပျောက်ကွယ်သွားလိမ့်မယ်။ သူဌေးက တကယ်ပဲ အဆင်ပြေရဲ့လား”
“ပြေလောက်မှာပါ”
ထန်ကွမ်းက ခေါင်းညိတ်လိုက်သည်။ သူက ထန်ဂိုဏ်းဝင်များကလွဲပြီး အခြားသူများအား စိတ်မဝင်စားပေ။ သို့သော် စင်းလုအန်က ချွင်းချက်တစ်ခုဖြစ်သည်၊ စင်းလုအန်က သူတို့ထဲမှတစ်ယောက်ဖြစ်သည်ကို သူက ကောင်းကောင်းသိ၏။
ရုတ်တရက် ဒီရေနှင့်အတူသောအရှိန်အဝါက အပြီးတိုင်ပျောက်ကွယ်သွားသည်။ ထို့နောက် ချက်ချင်းလျှင်ပင် ယခင်ကထက် ဆယ်ဆပိုကြီးမားသောအရှိန်အဝါက ထပ်မံပေါက်ကွဲထွက်လာ၏။ ထန်ဂိုဏ်းမှကျွမ်းကျင်သူများသာမက စင်းလုအန်နှင့်သူ့စောင့်ရှောက်သူအကြီးအကဲငါးယောက်တို့ပါ လွင့်ထွက်သွား၏။
အဟွတ်…အဟွတ်…
လူနှစ်ဆယ်ကျော်က သွေးတစ်ပွက်အန်ကာ အတွင်းဒဏ်ရာများ ရရှိသွားကြ၏။
ထန်အန်းက ဟင်းလင်းပြင်အတားအဆီးထဲမှ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။ သွေးတစ်ပွက်အန်ပြီးနောက် သူမက ကြောက်လန့်တကြားရေရွတ်လိုက်၏ “အတိအကျဘာဖြစ်နေတာလဲ။ ဆရာအဘိုးက မတော်တဆဖြစ်ခဲ့တာလား”
သူမအသံပျောက်ကွယ်သွားလျှင်ချင်း ထန်ရှုက လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော် အရှေ့ရှိမြင်ကွင်းအား မြင်သောအါ သူက ညာလက်အား ချက်ချင်းမြှောက်လိုက်၏၊ ကိုးရိုးကားရားအကြည့်တစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ရှုံ့မဲ့ပြုံးလိုက်သည် “မင်းတို့အားလုံးအဆင်ပြေရဲ့လား။ ချိုးဖြတ်ကာစဆိုတော့ ငါက အရှိန်အဝါကို အလွယ်တကူမထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။ အဟွတ်၊ အဟွတ်…ကောင်းပြီလေ၊ ဒီဆေးလုံးကို အရင်သောက်လိုက်ကြ…”
ထိုသို့ပြောပြီးနောက် ကျောက်စိမ်းပုလင်းလေးခုက သူ့လက်ထဲတွင် ထွက်ပေါ်လာ၏။ ပုလင်းအဖုံးများက တစ်ချိန်တည်းပွင့်သွားပြီး သန့်စင်ဒဏ်ရာပျောက်ဆေးလုံးနှစ်ဆယ်ကျော်က မြေပြင်မှ တွားသွားထလာသောလူနှစ်ဆယ်ကျော်ထံ ပျံသန်းသွား၏။
လူနှစ်ဆယ်ကျော်က တုန်လှုပ်ခြောက်ခြားလျက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ချိုးဖြတ်ရုံပဲလေ၊ ဘာလို့ အရှိန်အဝါကို မထိန်းချုပ်နိုင်ရတာလဲ။
ထန်အန်းက ထန်ရှုထံ လျင်မြန်စွာ ပျံသန်းလာပြီး သိချင်စိတ်နှင့် မေးလိုက်၏ “ဆရာအဘိုးက အဆင့်ချိုးဖြတ်ခဲ့တယ်လို့ ပြောတယ်နော်။ ဒါဆို အခု ဆရာအဘိုးရဲ့ကျင့်ကြံခြင်းအဆင့်က…”
ထန်ရှုက လက်မြှောက်လိုက်သည်။ ရုတ်တရက် ဘာဖြစ်သွားသည်ကို သဘောပေါက်ကာ သူက ကမန်းကတန်း လက်ချလိုက်၏။ လက်ချသောအရှိန်က မမြန်ပေ၊ သို့သော် ထိုကဲ့သို့နှေးကွေးသောလှုပ်ရှားမှုတစ်ခုက သူ့ခြေထောက်အောက်ရှိမြေပြင်အား ပေါက်ကွဲထွက်စေကာ မီတာဝက်ကျယ်သောတွင်းနက်တစ်ခုအား ဖန်တီးလိုက်၏။
“ဟာ…ငါ…”
ထန်ရှု၏မျက်နှာပေါ်ရှိ ကိုးရိုးကားရားအကြည့်က ပိုသန်မာလာပြီး သူက အကူအညီမဲ့စွာ ပြောလိုက်၏ “အခု ငါက ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်မှာ ရှိတယ်။ နှောင်းပိုင်းအဆင့်ကနေ ချိုးဖြတ်ဖို့ ဆံချည်မျှင်တစ်မျှင်စာလောက်ပဲ လိုတော့တယ်။ လျှို့ဝှက်ပညာရပ်ကို သုံးပြီး ငါ့ရဲ့စွမ်းအားကို ထိန်းချုပ်ခဲ့တာကြောင့်သာ မဟုတ်ရင် အခုချိန်မှာ ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာနေလောက်ပြီ။ ဒါက တကယ်ကို မတော်တဆအဖြစ်အပျက်တစ်ခုပဲ။ ငါ့ရဲ့စွမ်းအားမြင့်တက်မှုက မြန်ဆန်လွန်းတော့ ဒီလိုသန်မာတဲ့အားနဲ့ အသားမကျသေးဘူးဖြစ်နေတယ်။ မဟုတ်ဘူး…ငါ့ရဲ့ခန္ဓာကိုယ်က ငါ့ရဲ့စွမ်းအားကို အခုထိအသားမကျသေးဘူး”
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှင့် အဲဒါကို မတော်တဆဖြတ်ကျော်ခဲ့တာလား။
လူနှစ်ဆယ်ကျော်က တစ်ချိန်တည်းတွင် ကြက်သေသေသွားပြီး ထန်ရှုထံ သူတို့၏အကြည့်က ဂြိုလ်သားတစ်ယောက်အား မြင်နေရသလိုပင်။
ကပ်ဘေးဖြတ်ကျော်ခြင်းလား။ ဒါက ကပ်ဘေးဖြတ်ကျော်ခြင်းလား။ ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီးရင် အင်မော်တယ်ကမ္ဘာကို တက်လှမ်းပြီး အင်မော်တယ်တစ်ယောက်ဖြစ်လာမှာမလား။
သတိပြန်ဝင်လာပြီးနောက် ခါးသီးသောအမူအရာက သူတို့၏မျက်နှာများတွင် ပြည့်နှက်သွား၏။ ထန်အန်းက နောက်ဆုံးတွင် ရှံ့မဲ့ပြုံးကာ ပြောလိုက်၏ “ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ချိုးဖြတ်တာက အောင်ပွဲခံဖို့ထိုက်တန်တဲ့အရာတစ်ခုပဲ၊ ဆရာအဘိုး။ ဆရာအဘိုးရဲ့စွမ်းရည်အရ သင့်ရဲ့စွမ်းအားကို အပြည့်အဝဆုပ်ကိုင်ဖို့က ကြာမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”
“မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည် “ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ဒီလောက်မြန်မြန်ချိုးဖြတ်တာက သေချာပေါက် မကောင်းဘူး။ စွမ်းအားရုတ်တရက်ကြီးကြီးမားမားတိုးလာပေမယ့် အပြည့်အဝမထိန်းချုပ်နိုင်သေးဘူး။ အခုကစပြီး အချိန်အကြာကြီး သီးခြားကျင့်ကြံရမယ်လို့ ငါ ထင်တယ်”
“ဒါ ကောင်းတာပေါ့၊ ဆရာအဘိုး”ထန်အန်းက ကမန်းကတန်းပြန်ပြော၏ “ဒါပေမယ့် လက်ရှိမှာ ငါတို့အတွက် အရေးကြီးဆုံးအရာက ဒီကျွန်းပေါ်က အစီအရင်ကို ချိုးဖြတ်ဖို့ပဲ။ ငါတို့တွေ စောင့်နေတာ ဆယ့်ရှစ်ရက်ရှိပြီ။ ဒီနေရာမှာ အကြာကြီးဆက်နေဖို့က ငါတို့အတွက် ပြဿနာမရှိပေမယ့် မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေနဲ့အမှောင်နတ်ဆရာကလန်သားတွေက အစာရေစာပြတ်လပ်ပြီး သေသွားနိုင်တယ်”
ဆယ့်ရှစ်ရက်လား။
တိုက်ပွဲပြီးသည်မှာ ဆယ့်ရှစ်ရက်ရှိမှန်း ထန်ရှုက မမျှော်လင့်ထားခဲ့ပေ။ ရုတ်တရက် သူက တစ်ခုခုအား သတိရသွားပုံရကာ ကမန်းကတန်း မေးလိုက်၏ “ဗာကန်က ဘယ်မှာလဲ”
ထန်အန်းနှင်ထန်ကွမ်းတို့က အကြည့်များဖလှယ်ကာ ရိုသေလေးစားစွာ ပြန်ပြော၏ “ငါတို့တွေ သူ့ကို သတ်လိုက်တယ်”
“မင်းတို့တွေ သူ့ကို သတ်လိုက်တာလား”ထန်ရှုက မျက်မှောင်ကြုတ်လိုက်၏။
“ဟုတ်တယ်၊ မြင့်မြတ်မီးလျှံအဖွဲ့က ဒီတစ်ကြိမ် ဆုံးရှုံးမှုကြီးမားခဲ့တယ်။ ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့တိုက်ပွဲမှာ ငါတို့တစ်ယောက်မှ သူတို့ကို မကူညီခဲ့ဘူး၊ ဒါကြောင့် သူတို့အဖွဲ့က လူနှစ်ထောင်အောက်ပဲ ကျန်တယ်။ ဗာကန်က ဒေါသထွက်ပြီး ဆရာအဘိုးဆီကနေ ရှင်းပြချက်တစ်ခုတောင်းချင်ခဲ့တယ်။ တစ်ချိန်လုံး ငါက သူ့ကို လေ့လာနေတာ၊ သူက ဆရာအဘိုးကို သတ်ချင်ပုံရတယ်၊ ငါတို့နဲ့ထန်ဂိုဏ်းကိုပါ သူက အငြိုးအတေးတွေ မှတ်ထားပုံရတယ်။ ဒါကြောင့် ငါတို့က လက်ဉီးမှုရယူပြီး သူ့ကို သတ်လိုက်တယ်”
ထန်ရှုက ခေါင်းညိတ်လိုက်၏ “သတ်တာ ကောင်းတယ်။ မင်းတို့မသတ်ရင်လဲ ငါ သူ့ကို သတ်မှာ။ မြင့်မြတ်မီးလျှံအဖွဲ့က တည်ရှိဖို့ မလိုအပ်တော့ဘူး။ ပိုက်ဆံသာ ဂရုစိုက်ပြီး လူ့အသက်တွေကို အလေးမထားတဲ့ ဒီလိုအဖွဲ့အစည်းတစ်ခုကို ဖယ်ရှားတာက ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုပဲ။ ဒါနဲ့ ကျန်တဲ့သူတို့အဖွဲ့ဝင်တွေကိုရော မင်းတို့ ဘယ်လိုဖြေရှင်းခဲ့တာလဲ”
ကူဝါကိုက ရှေ့တိုးလာကာ ပြုံးလျက် ပြောလိုက်၏ “သူတို့က ငါတို့ကို သစ္စာခံဖို့ ရွေးချယ်ခဲ့တယ်၊ ဂိုဏ်းချုပ်။ သူတို့က ထန်ဂိုဏ်းရဲ့အရန်အဖွဲ့ဝင်တွေဖြစ်ဖို့ ဆန္ဒရှိတယ်”
ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “သူတို့ကို ထန်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေအဖြစ် ခေါ်ယူတာက အတော်လေးအလျင်လိုလွန်းတယ်မလား”
“သူတို့ရဲ့အသက်တွေကို ငါ ထိန်းချုပ်ထားပါတယ်၊ ငါ ဆန္ဒရှိသရွေ့ သူတို့အားလုံး သေရလိမ့်မယ်”ကူဝါကိုက ပြန်ပြောသည်။
ထန်ရှုက ပြောလိုက်၏ “မင်းက သူတို့ကို…”
သူ့စကားက တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပြီး ကျေနပ်သောအပြုံးတစ်ခုက သူ၏ချောမောခန့်ငြားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ထို့နောက် ထန်ရှုက ခေါင်းညိတ်ကာ ချီးကျူးလိုက်သည် “မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ၊ ကူဝါကို။ ငါ့ရဲ့ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်စွမ်းအားကို အပြည့်အဝထိန်းချုပ်ပြီးမှပဲ ငါ သူတို့အတွက် အစီအစဉ်အချို့ လုပ်ပေးမယ်”
“နောက်ထပ် ငါတို့ ဘာလုပ်ကြမလဲ၊ ဂိုဏ်းချုပ်။ ဒီနေရာက ထွက်သွားကြမှာလား”ကူဝါကိုက မေးလိုက်သည်။
ထန်ရှုက စဉ်းစားပြီးနောက် ပြောလိုက်သည် “လောလောဆယ် ငါ ထွက်သွားလို့မရဘူး၊ မဟုတ်ရင် သင်္ဘောပေါ်က လူတိုင်းကို ထိခိုက်မှုပဲ ဖြစ်စေလိမ့်မယ်။ မင်းတို့အားလုံး အရင်ပြန်သွား၊ ငါက ဒီနေရာမှာ ခဏလောက် နေအုံးမယ်။ ငါ့ရဲ့စွမ်းအားကို ထိန်းချုပ်ပြီးမှ ငါ ဒီနေရာကနေ ထွက်ခွာမယ်”
ကူဝါကို၏မျက်လုံးများက လင်းလက်သွားကာ သူမက ကမန်းကတန်းမေးလိုက်သည် “ဒီနေရာမှာ မင်းနဲ့အတူ ငါ့ကို နေစေချင်လား၊ ဂိုဏ်းချုပ်”
“မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေကို မင်း နေရာချပေးရအုံးမယ်။ ငါနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ မလိုဘူး”
ထိုသို့ပြောပြီးနောက် ထန်ရှုက ထန်အန်းအား အစီအရင်ချိုးဖြတ်မည့်နည်းလမ်းကို ပြောပြခဲ့သည်။ သူမက အစီအရင်ချိုးဖြတ်ကာ သူတို့က ဤကျွန်းမှ ထွက်ခွာသွားပြီးနောက် သူက တင်ပျဉ်ခွေထိုင်လိုက်သည်။
လဝက်ကြာပြီးနောက်။
ယခု ထန်ရှုက သူ့စွမ်းအားအား ထိန်းချုပ်နိုင်ရုံမျှသာဖြစ်၏။ ထို့နောက် သူက သင်္ဘောပေါ်တက်ကာ နဂါးကိုးကောင်ကျွန်းသို့ ကမန်းကတန်းပြန်သွား၏။
လဝက်ကြာကျင့်ကြံပြီးနောက် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်စွမ်းအားအား အပြည့်အဝထိန်းချုပ်ရန် အနည်းဆုံးနှစ်အနည်းငယ်လိုအပ်သည်ကို သတိပြုမိလိုက်သည်။ အပြည့်အဝထိန်းချုပ်နိုင်သည်နှင့် သူက ကပ်ဘေးဖြတ်ကျော်ရန် ရွေးချယ်ကာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာနိုင်သည်။ ကပ်ဘေးဖြတ်ကျော်ခြင်းအောင်မြင်သည်နှင့် သူက သာမန်အင်မော်တယ်များထက် ပိုအားကောင်းမည်ဟု ရေးရေးလေးခံစားမိ၏။ ထို့ပြင် သူက မြေကမ္ဘာအင်မော်တယ်အဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်ဖို့ များသည်။
“တံခါးပိတ်ကျင့်ကြံရမယ်”
ထန်ရှုက နဂါးကိုးကောင်ကျွန်းသို့ ပြန်ရောက်လာပြီး လုပ်စရာရှိသည့်အားလုံးအား စီစဉ်ခဲ့သည်။ ထို့နောက် တံခါးပိတ်ကျင့်ကြံခြင်းစတင်ရန်အတွက် ကူယန်အာနေထိုင်သည့် စေတီတွင် နေရန် ရွေးချယ်လိုက်သည်။