အချိန်ကုန်လွန်လာခြင်း
Vol. 90 Ch. 1250
ပျံသန်းနေသောမြားတစ်ချောင်းအလား အချိန်က နှစ်အလီလီ ကုန်ဆုံးလာသည်။
ဝါးမျိုခြင်းနတ်ဘုရားစွမ်းရည်ကို အသုံးပြုခြင်းကြောင့် ထန်ရှု၏ကျင့်ကြံခြင်းအဆင့်က ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ တန်းရောက်သွားသည်။ သို့သော် တစ်ချိန်တည်းတွင် ၎င်းက သူ့ထံ ငုံ့အောင်းနေသောအန္တရာယ်များကိုလည်း ယူဆောင်လာသည်။ တစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံခြင်းမဟုတ်ဘဲ စွမ်းအားတရစပ်တိုးတက်လာခြင်းက သူ့အား စွမ်းအားကို ဆန္ဒရှိသည့်အတိုင်း မထိန်းချုပ်နိုင်စေသလို ကြယ်ကောင်းကင်ဘုံအဆီအနှစ်အဆင့်ခြောက်၏ခွန်အားအပြည့်ကိုလည်း ထုတ်ဖော်ရန် တားမြစ်သည်။
သုံးနှစ်ကုန်ဆုံးသွားသည်။
ဤအချိန်အတောအတွင်း ထန်ရှုက နဂါးကိုးကောင်ကျွန်းမှ တစ်ကြိမ်သာ ထွက်သည်၊ သူနှင့်ဒဏ်ရာရထားသောကူယန်အာက စေတီကို သယ်လာလျက် မလက္ကာရေလက်ကြားရှိ အပင်သက်ရှိ၃၅၆၈၀လုံးအား လုံချွမ်တောင်တန်းထဲရှိ အိတ်ဆောင်ကမ္ဘာထဲသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် သူက သွမ်မုလင်အား ဆက်သွယ်ကာ ကြယ်သုံးလုံးအကြွင်းအကျန်မှ အဆင့်မြင့်ထုတ်ကုန်အမြောက်အများအား လက်လွှဲပေးခဲ့သည်။ တရုတ်အာဏာပိုင်များတည်ဆောက်ထားသည့်လျှို့ဝှက်သုတေသနဌာနချုပ်အား ထန်ရှုက သိပ်အာရုံမထားပေ၊ အခက်အခဲတစ်စုံတစ်ရာဖြစ်လာလျှင် အစိုးရအား ကူညီရန် တရုတ်တွင် ရှိသော ထန်ဂိုဏ်းသားများအား အမိန့််ပေးထား၏။
နဂါးကိုးကောင်ကျွန်းပေါ်တွင်။
စေတီထဲတွင် ထန်ရှုက လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်လျက် ထန့်နု၏ခန္ဓာကိုယ်မှ မီးတောက်နှင့်တူသောအရှိန်အဝါတစ်ခု ခပ်ဖျော့ဖျော့ထုတ်လွှတ်နေ၏။
“ဆရာသခင်”
မျှော်စင်ထဲရှိ လှေကားအုံတွင် ကူယန်အာက ပုံမှန်အတိုင်းအဖြူရောင်ဝတ်စုံနှင့်ပင်။ သူမမျက်လုံးများက မြူအုံ့ဆိုင်းနေပုံရကာ သူမက ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ထန့်နုအား တစ်ချက်ကြည့်ပြီးနောက် ထန်ရှုဘက်သို့ အာရုံပြောင်းလိုက်၏။
သူက သူမအား ကြည့်လိုက်ချိန်တွင် ထန်ရှု၏အမူအရာက ပြောင်းလဲသွားကာ မေးမြန်းလိုက်၏ “မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားပြီလား”
“လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ ကျင့်ကြံခြင်းအရင်းအမြစ်အများကြီး ရခဲ့တယ်လေ၊ နောက်ဆုံးမှာ ရှေးကမ္ဘာဉီးဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်။ ငါက ရွှေအင်မော်တယ်အဆင့်ကို ပြန်မရောက်နိုင်ရင် အရင်းအမြစ်တွေ ဖြုန်းတီးသလို ဖြစ်သွားမှာပေါ့”
“ဟုတ်ပါပြီ၊ ရှေးကမ္ဘာဉီးဆေးလုံးကို သန့်စင်နိုင်တာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါတို့ရခဲ့တဲ့ မြင့်မြတ်နဂါးသစ်သီးကို အဓိကကျေးဇူးတင်ရမှာပဲ”ထန်ရှုက ပြုံးကာ ပြန်ပြောသည် “ဒီအကြောင်းပြောရရင် ဒီလိုရှားပါးတဲ့ပစ္စည်း၊ အင်မော်တယ်ကမ္ဘာမှာ လူပေါင်းများစွာရှာဖွေခဲ့တဲ့အရာက ဒီသေးငယ်တဲ့ကမ္ဘာမြေမှာ တည်ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
“လွန်ခဲ့တဲ့သုံးနှစ်အတွင်း ငါတို့ရဲ့ထန်ဂိုဏ်းက ကမ္ဘာမြေပေါ်မှာ ကျင့်ကြံခြင်းအရင်းအမြစ်အများစုကို စုဆောင်းထားပြီးပြီလို့ ငါ ထင်တယ်”ကူယန်အာက ပြုံးကာ ပြောလိုက်၏ “ဒီနှုန်းအတိုင်းဆိုရင် နှစ်နှစ်အတွင်းမှာ ဂိုဏ်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပြတ်လတ်သွားလိမ့်မယ်လို့ ငါ ထင်တယ်”
“အမှန်ပဲ”ထန်ရှုက ဖြည်းဖြည်းချင်းခေါင်းညိတ်လိုက်သည် “ကလေးစစ်သားနှစ်သိန်းသုံးစွဲတဲ့ကျင့်ကြံခြင်းအရင်းအမြစ်ပမာဏက တကယ်ကို ကိန်းဂဏန်းအလွန်ကြီးမားတယ်။ ဒါ့အပြင် ရှေးကမ္ဘာဉီးဆေးလုံးအပါအဝင် တန်ဖိုးကြီးဆေးလေးမျိုးကို ဖော်စပ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်ပမာဏကလဲ အတော်လေးကြီးပြီး ကုန်ဆုံးမှုနှုန်းကို ပိုမြန်ဆန်စေတယ်။ နောက်နှစ်နှစ်ပြီးရင် ငါတို့တွေက အတော်လေးခက်ခဲတဲ့အချိန်တစ်ခုကို ရင်ဆိုင်ရလိမ့်မယ်”
“ကိစ္စက အရင်းအမြစ်အများစုကို သုံးစွဲတဲ့ သူတို့တွေ မဟုတ်ဘဲ လူသားအဖြစ် ပြောင်းလဲထားတဲ့ အပင်သက်ရှိ၃၅၆၈၀ပဲ။ ကောင်းကင်ဘုံအင်မော်တယ်အဆင့်စွမ်းအားရှင်တွေနဲ့ ယှဉ်နိုင်တဲ့ မွန်းစတား၃၅၆၈၀ကို ထန်ဂိုဏ်းက ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
ထန်ရှုက သူ့ရှေ့ရှိ ထန့်နုအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည် “အိတ်ဆောင်ကမ္ဘာထဲက ကျင့်ကြံခြင်းအရင်းအမြစ်တွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကို သူတို့က အသုံးပြုခဲ့တယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် အဲဒါက ထိုက်တန်ပါသေးတယ်။ ဒီကျွမ်းကျင်သူတွေနဲ့ဆိုရင် အနာဂတ်မှာ အင်မော်တယ်ကမ္ဘာကို ရောက်ပြီးရင် ပိုင်နက်တစ်ခုကို မြန်မြန်ဆုပ်ကိုင်နိုင်လိမ့်မယ်။ ဒါ့အပြင် ငါတို့မှာ ရွှေအင်မော်တယ်အဆင့်ရှိတဲ့မင်းလဲ ရှိတာပဲ။ ဒါက အင်မော်တယ်ကမ္ဘာမှာ ယာယီဌာနချုပ်တစ်ခုကို တည်ဆောက်ဖို့ လုံလောက်တယ်”
“အင်မော်တယ်ကမ္ဘာကို ဘယ်အချိန်တက်လှမ်းမလဲဆိုတာ ဆရာသခင် ဆုံးဖြတ်ပြီးပြီလား”ကူယန်အာက မေးလိုက်သည်။
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်၏ “အခုတော့ အချိန်မတန်သေးဘူး။ ခဏလောက် စောင့်ရလိမ့်မယ်။ အများဆုံးနှစ်နှစ်အတွင်း ငါတို့တွေ အင်မော်တယ်ကမ္ဘာကို ပြန်သွားဖို့ ကြိုးစားရလိမ့်မယ်၊၊ အဲကိုရောက်မှပဲ ထန်ဂိုဏ်းက မြန်မြန်ဆန်ဆန်တိုးတက်နိုင်မှာ။ ပြီးတော့ ငါ့ကို စိုးရိမ်စေတဲ့အရာတစ်ခုရှိသေးတယ်”
“ဘာကို စိုးရိမ်တာလဲ၊ ဆရာသခင်”ကူယန်အာက စိတ်ရှုပ်ထွေးသွားသည် “ငါတို့ရဲ့ရန်သူတွေနဲ့ ပတ်သက်ပြီးတော့လား”
“မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်၏ “ငါ့ကို စိုးရိမ်စေတာက အချိန်ပဲ။ ကမ္ဘာမြေကနေ တစ်နှစ်ကြာ ထွက်လာခဲ့တုန်းက အင်မော်တယ်ကမ္ဘာမှာ နှစ်တစ်သောင်း နေခဲ့တယ်၊ အခု ငါ ကမ္ဘာမြေမှာ နေတာ ငါးနှစ်ရှိပြီ။ ဒီနေရာမှာ အသုံးချခဲ့တဲ့အချိန်က အင်မော်တယ်ကမ္ဘာမှာ နှစ်ငါးသောင်းနဲ့ ညီတယ်ဆိုရင် အဲနေရာက ငါ့ရန်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုလဲ။ သူတို့က အသက်ရှင်နေသေးလား။ ငါ့မှာ လက်စားချေဖို့ အခွင့်အရေးတစ်ခုရှိသေးလား”
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာသခင် အယူအဆမှားခဲ့တာပဲ”ကူယန်အာက ပြန်ပြောသည် “ဘာလို့ ဆရာသခင်ရဲ့အင်မော်တယ်ကမ္ဘာမှာ နှစ်ငါးသောင်းနေတာက ကမ္ဘာမြေပေါ်မှာ တစ်နှစ်ဖြစ်နေရလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် ဂြိုလ်နှစ်ခုလုံးရဲ့အချိန်စီးဆင်းမှုကို ငါ လေ့လာပြီးပြီ၊ ကမ္ဘာမြေပေါ်မှာတစ်နှစ်က အင်မော်တယ်ကမ္ဘာမှာ ရာစုနှစ်တစ်ခုနဲ့ ညီမျှတယ်”
ဒီနေရာမှာ တစ်နှစ်က အဲနေရာမှာ ရာစုနှစ်တစ်ခုလား။
ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး သူက ကမန်းကတန်းမေးလိုက်သည် “ဒါနဲ့ ပတ်သက်ပြီး မင်း သေချာရဲ့လား”
“ငါက အမြဲတမ်း တိကျပါတယ်။ အဲဒါ အမှန်ပဲ ဖြစ်ရမယ်”ကူယန်အာက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အင်မော်တယ်ကမ္ဘာမှာ ငါ နှစ်တစ်သောင်းနေခဲ့ပေမယ့် ကမ္ဘာမြေပေါ်မှာ တစ်နှစ်ပဲ ရှိတာမလား”
ကူယန်အာက တွေးဆလျက် ပြောလိုက်သည် “ဖြစ်နိုင်ချေအချို့တော့ ရှိတယ်၊ ဆရာသခင်။ ဒါပေမယ့် အကြီးမားဆုံးဖြစ်နိုင်ချေက အင်မော်တယ်ကမ္ဘာကို ဝင်ရောက်တဲ့အချိန်မှာ ဆရာသခင်က အချိန်ပူဖောင်းတစ်ခုနဲ့ တွေ့ဆုံခဲ့တယ်လို့ ငါ ထင်တယ်”
ထိုအကြောင်းအရာအား ထန်ရှုက မသိပေ။ သူက ကူယန်အာ၏လေးနက်သောအမူအရာအား ကြည့်ကာ ချက်ချင်းမေးလိုက်၏ “အချိန်ပူဖောင်းတစ်ခုက ဘာလဲ”
“အချိန်ပူဖောင်းက အချိန်နဲ့နေရာလပ်တို့ ပွတ်တိုက်ပြီး တဖြည်းဖြည်း ပူဖောင်းတစ်ခုဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုပဲ”ကူယန်အာက ရှင်းပြလိုက်သည် “တစ်ခါတစ်ရံမှာ ပူဖောင်းအချို့က အချိန်စီးကြောင်းကို နောက်ပြန်ဆုတ်စေတယ်၊ အချို့ကတော့ အချိန်ကို အရှေ့တိုးစေတယ်။ အင်မော်တယ်ကမ္ဘာထဲကို ဆရာသခင်ရဲ့ဝိညာဉ်ဝင်သွားတုန်းက ဒီလိုအချိန်ပူဖောင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး အဲဒီအချိန်ပူဖောင်းက အချိန်ကို နောက်ပြန်စီးဆင်းစေတာ ဖြစ်ရမယ်”
ထန်ရှုက အချိန်အတော်ကြာ စဉ်းစားပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “မင်းရဲ့ယူဆချက်က အမှန်ဆိုရင် ကမ္ဘာမြေပေါ်မှာ တစ်နှစ်က အင်မော်တယ်ကမ္ဘာမှာ ရာစုနှစ်တစ်ခုနဲ့ ညီမျှတယ်၊ ငါ့ရဲ့စိတ်ဝိညာဉ်က အချိန်နောက်ပြန်စီးဆင်းစေတဲ့အချိန်ပူဖောင်းတစ်ခုနဲ့ ရင်ဆိုင်တွေ့ခဲ့တာပဲ ဖြစ်ရမယ်။ ပြီးတော့ ငါ ဒီနေရာမှာ ငါးနှစ်ရှိနေစဉ်မှာ အင်မော်တယ်ကမ္ဘာမှာ နှစ်ငါးရာပဲ ရှိအုံးမှာပေါ့။ ပြီးတော့ နောက်နှစ်နှစ်မှာ အင်မော်တယ်ကမ္ဘာကို ထွက်ခွာရင်တောင် အဲနေရာမှာ နှစ်ခုနှစ်ရာပဲ ရှိမှာ။ ဒါဆိုရင် ငါ့ရဲ့စိုးရိမ်ပူပန်မှုတွေအားလုံးက အခြေအမြစ်မရှိဘူးပေါ့”
“ဟုတ်တယ်။ ဒါဆို ဆရာသခင် ဘယ်လိုထင်လဲ”ကူယန်အာက ရယ်လိုက်သည် “ဒါကို ပြောရရင် အင်မော်တယ်ကမ္ဘာကို ရောက်ပြီးရင် ငါတို့ရဲ့စခန်းအဖြစ် ဘယ်နေရာကို ရွေးချယ်မှာလဲ”
“ထိပ်ဖျားကြယ်စု”သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသောအကြည့်တစ်ခုနှင့်အတူ ထန်ရှုက ဖြည်းဖြည်းချင်း ပြန်ဖြေ၏။
ကူယန်အာက ခဏအံ့အားသင့်သွားပြီးနောက် ပြောလိုက်သည် “အဲနေရာက အင်မော်တယ်လိုင်ဆီအမ်ရဲ့ပိုင်နက်ပဲ…ဆရာသခင်…သင်က…”
“အဲနေရာက အင်မော်တယ်လိုင်ဆီအမ်ရဲ့ပိုင်နက်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် အဲဒါက ၎င်းပိုင်နက်ရဲ့အစွန်အဖျားမှာ ရှိတာ၊ အင်မော်တယ်လိုင်ဆီအမ်ရဲ့ဗဟိုအင်မော်တယ်နန်းတော်ကနေ အရမ်းဝေးတယ်”ထန်ရှုက ဖြည်းဖြည်းချင်း ပြော၏ “အဲမှာ မြူစမ်းပင်လယ်လို့ခေါ်တဲ့နေရာတစ်ခုရှိတယ်။ မြူစမ်းပင်လယ်တစ်ခုလုံးက ကျွန်းမရေမတွက်များစွာနဲ့ ဧရိယာမိုင်ထောင်ချီကို ဖုံးလွှမ်းထားတယ်၊ အဲဒါကို ထိန်းချုပ်ထားတဲ့သူက အထွတ်အထိပ်အင်မော်တယ်မူပဲ”
အထွတ်အထိပ်မူက စီနီယာမူမလား”ကူယန်အာက အံ့အားသင့်စွာ ပြောလိုက်၏ “သူက ဘီလူးကလန်ရဲ့လက်ထဲမှာ သေသွားတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး…”
“မဟုတ်ဘူး၊ သူ မသေဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ငါ သူ့ကို ကယ်ခဲ့တာ။ သူ့ဇနီး၊ သူ့ကလေးနဲ့ သူ့လူတွေပဲ သေသွားတာ။ သူ့ရဲ့ရန်သူတွေအားလုံးကို သတ်ဖို့ ငါ သူ့ကို ကူညီပေးခဲ့ပေမယ့် သူက စိတ်ဓာတ်ကျပြီး အင်မော်တယ်ကမ္ဘာက ကျွမ်းကျင်သူတွေရဲ့မျက်စိအောက်ကနေ ခြေရာဖျောက်ခဲ့တာ။ မြူစမ်းပင်လယ်က သူသီးခြားကျင့်ကြံနေတဲ့နေရာပဲ။ ငါကလွဲပြီး လူသုံးယောက်ပဲ ဒီကိစ္စကို သိတယ်”
“ဆရာသခင်အပြင် ဘယ်သူက ဒါကို သိသေးတာလဲ”ကူယန်အာက ကမန်းကတန်း မေးလိုက်၏။
“ရွှယ်ချင်းချန်နဲ့အထွတ်အထိပ်အင်မော်တယ်အလှလေးရီဂလီရာ”ထန်ရှုက နာမည်နှစ်ခုပြောပြလိုက်၏။
ကူယန်အာက ခဏစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏ “ဒါပေမယ့် ဆရာသခင်က ဒီတစ်ခုပေါ်မှာ အလောင်းအစားလုပ်နေတာပဲ။ စီနီယာအကိုမူကို ငါ သိတယ်လို့ ထင်ပေမယ့်…”
ထန်ရှုက သူမအား လက်မြှောက်ကာ တားလျက် ပြောလိုက်သည် “ထန်ဂိုဏ်းမှာ လူအနည်းငယ်ပဲ ရှိမယ်ဆိုရင် အဲနေရာကို ရွေးချယ်ဖို့ ငါ ဆုံးဖြတ်လိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု ငါတို့မှာ လူအများကြီးရှိတယ်။ အင်မော်တယ်ကမ္ဘာကို လူသုံးသောင်းနီးပါး ရောက်သွားရင် ငါတို့ကို အလွယ်တကူဖော်ထုတ်ခံလိုက်ရလိမ့်မယ်။ အဲနေရာမှာ ငါတို့ ရင်ဆိုင်ရမယ့အခြေအနေကို မင်းလဲ သိပါတယ်၊ ယန်အာ။ လက်ရှိမှာ ငါတို့က အလောင်းအစားလုပ်နေတယ်ဆိုရင်တောင် ရောက်တာနဲ့ ရန်သူတွေကို တန်းရင်ဆိုင်ရမှာထက်စာရင် ဒါက အများကြီး ပိုကောင်းပါတယ်”
“ငါ သိပါပြီ”ကူယန်အာက ပြောလိုက်သည် “ဒါဆို ငါ ဆရာသခင့်စကားကို နားထောင်ပါ့မယ်”
ထန်ရှုက ထပ်မပြောတော့ဘဲ အချိန်အတန်ကြာ နှုတ်ဆိတ်သွားသည်။ ထန့်နုက မျက်လုံးဖွင့်လိုက်သည်ကို မြင်သောအခါ သူက ချက်ချင်းမေးလိုက်၏ “ဘာဖြစ်တာလဲ”
ထန့်နုက ထရပ်ကာ ပြုံးလျက် ပြောလိုက်၏ “ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကို ချိုးဖြတ်ပြီးပြီ၊ ဂိုဏ်းချုပ်။ သိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်က ဘယ်လောက် သန်မာသလဲဆိုတာ ငါ မသိပေမယ့် ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်”
ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောလိုက်၏ “မင်းတို့အဖွဲ့မှာ မွန်းစတားကြီးတွေ သုံးသောင်းလောက်ရှိတယ်။ အင်မော်တယ်ကမ္ဘာကို ရောက်ပြီး အဲနေရာမှာ ကျင့်ကြံလိုက်ရင် မင်းတို့အများစုက သိမ်မွေ့ခြင်းအင်မော်တယ်အဆင့်ကို တက်လှမ်းသွားလိမ့်မယ်လို့ ငါ ထင်တယ်။ ထန့်နု၊ အင်မော်တယ်ကမ္ဘာမှာ ငါက အားကောင်းတဲ့ရန်သူတွေ ရှိတယ်။ မင်းတို့သုံးထောင်ကျော်က သူတို့ထဲကတစ်ယောက်ယောက်နဲ့ တိုက်ခိုက်မိရင်တောင် မင်းတို့အဖွဲ့က အလွယ်တကူ သုတ်သင်ခံရလိမ့်မယ်။ ဒါကြောင့် မင်းတို့တွေ သိုသိုသိပ်သိပ်နေရမယ်၊ မင်းတို့ရဲ့အထောက်အထားအစစ်အမှန်ကို ဘယ်တော့မှ မထုတ်ပြရဘူး”
ကြက်သွေးရောင်အလင်းတစ်ခုက ထန့်နု၏မျက်လုံးများထဲတွင် လက်သွားကာ သူမက ပြောလိုက်၏ “မင်းရဲ့ရန်သူတွေက ငါတို့ရဲ့ရန်သူတွေပါပဲ၊ ဂိုဏ်းချုပ်။ မင်းက ငါတို့ကို ဘဝအသစ်တစ်ခုပေးခဲ့တယ်။ ဒီဂြိုလ်မှာပဲဖြစ်ဖြစ်၊ အင်မော်တယ်ကမ္ဘာမှာပဲ ဖြစ်ဖြစ်၊ ငါတို့က မင်းနောက် အမြဲတမ်းလိုက်မှာပါ”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီလေ။ ဒီနေ့ကစပြီး ငါ့ရဲ့တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်ပြီ။ မင်းတို့တွေ ဒီစေတီထဲမှာပဲ နေရမယ်။ အင်မော်တယ်ကမ္ဘာကို ရောက်တော့မှ မင်းတို့ အပြင်ထွက်ရလိမ့်မယ်”
“နားလည်ပါပြီ…”ထန့်နုက ရိုသေလေးစားစွာ ပြန်ပြောသည်။
ထန်ရှုနှင့်ကူယန်အာက စေတီမှ ထွက်ခွာကာ နဂါးကိုးကောင်ကျွန်းသို့ သွား၏။ သူတို့နှစ်ယောက်က ကမ်းခြေသို့ ရောက်သောအခါ ထန်ဂိုဏ်းသားအချို့က သူတို့ထံ ရောက်ရှိလာကြသည်။
ဝှစ်…ဝှစ်…ဝှစ်…
ကူရှောင်ရွှယ်၊ ထန်ကွမ်းနှင့် ထန်အန်းတို့က ထန်ရှုနှင့်ကူယန်အာအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာပြီး သူတို့အား တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးလိုက်ကြသည်။
“ငါ့ရဲ့မိဘတွေ ဘယ်မှာလဲ”ထန်ရှုက မေးလိုက်သည်။
“သူတို့က နန်းတော်ထဲမှာ ကျင့်ကြံနေပါတယ်”ကူရှောင်ရွှယ်က ပြန်ဖြေသည်။
ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “သူတို့ရဲ့ကျင့်ကြံခြင်းနဲ့ ကျန်တဲ့ထန်မိသားစုဝင်တွေအကြောင်း ငါ့ကို အကျဉ်းချုပ် ပြောပြ။ ပြီးတော့ ထန်ဂိုဏ်းရဲ့လက်ရှိအခြေအနေကို ပြောပြ”