← Chapters

သွေးကြွေးပြန်ဆပ်တော့မည်

Vol. 90 Ch. 1251

သွေးကြွေးပြန်ဆပ်တော့မည်

Vol. 90 Ch. 1251

လွန်ခဲ့သောသုံးနှစ်အတွင်း ထန်ရှု၏မိဘများနှင့်ထန်မိသားစု၏အခြေအနေအား ကူရှောက်ရွှယ်က တင်ပြလိုက်သည်။ “လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဆရာအဘိုးရဲ့မိဘတွေက ဆေးလုံးတွေ သုံးပြီး သူတို့ရဲ့ခန္ဓာကိုယ်ကို ပြုပြင်ခဲ့တယ်၊ အဲကတည်းက သူတို့ရဲ့ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးလာတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ခြောက်လက အိတ်ဆေင်ကမ္ဘာကို သွားပြီးနောက် သူတို့ရဲ့ခွန်အားက တစ်ဟုန်ထိုးတိုးတက်လာတယ်။ သူတို့နှစ်ယောက်လုံးက အခြေတည်စိတ်ဝိညာဉ်အထိ တိုးတက်လာပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိဖို့က မကြာတော့ဘူး”

“ထန်မိသားစုရဲ့ကျင့်ကြံခြင်းတိုးတက်မှုက မနှေးပါဘူး၊ ဒါပေမယ့် ဆရာအဘိုးရဲ့မိဘတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးပိုဆိုးပါတယ်။ သူတို့အများစုက ရွှေအမြုတေအဆင့်မှာပဲ ရှိတယ်။ ဆရာသခင်က နှလုံးသားသန့်စင်ခြင်းအစီအရင်ကို ခင်းကျင်းထားပေးတယ်၊ ဒါကြောင့် ကျန်တဲ့ထန်မိသားစုဝင်တွေက အစီအရင်ထဲ ဝင်ပြီး ကျင့်ကြံနေကြတယ်”

ထိုသို့ပြောပြီးနောက် သူမက ခဏတုံ့ဆိုင်းသွားကာ ပြောလိုက်၏ “ထန်ဂိုဏ်းရဲ့တိုးတက်မှုက မြန်ဆန်နေတယ်၊ ကလေးစစ်သားအများစုက ရွှေအမြုတေအဆင့်ကို ရောက်ရှိသွားကြပြီ။ အနည်းငယ်ဆိုရင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိထားကြတယ်။ ဒါ့အပြင် သူတို့ကို အစီအရင်ဝင်္ကပါလေးဆယ့်ကိုးခု သင်ကြားပေးထားတယ်။ ပြီးတော့ ထန်ဂိုဏ်းထဲမှာ ချီးကျူးဂုဏ်ပြုရမယ့်လူနှစ်ယောက်ရှိတယ်၊ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ငါ၊ ထန်ကွမ်းနဲ့ ထန်အန်းတို့ကို ကျော်ဖြတ်ထားတယ်”

“ဟမ်”ထန်ရှုက အံ့အားသင့်လျက် မေးလိုက်သည် “သူတို့က ဘယ်သူတွေလဲ”

“ကူရင်နဲ့မျက်မမြင်လေး”ကူရှောက်ရွှယ်က ဖြေ၏။

သူတို့၏အထူးခန္ဓာကိုယ်များအား သတိရကာ ထန်ရှုက ချက်ချင်း မေးလိုက်၏ “သူတို့က ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိထားပြီလဲ”

“နှစ်ယောက်လုံးက ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိထားတယ်၊ ကူရင်က အလယ်ဆင့်၊ မျက်မမြင်လေးက စဉီးအဆင့်။ ထန်ကွမ်းက ကူရင်နဲ့ လက်ရည်စမ်းခဲ့ဖူးတယ်၊ သူက ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့တယ်”

အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာကာ သူက ခေါင်းညိတ်လိုက်သည် “ငါ မျှော်လင့်ထားခဲ့ပေမယ့် သူတို့ရဲ့တိုးတက်မှုက တကယ်ကို မြန်ဆန်တာပဲ။ ကျန်တဲ့လူတွေနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ပြောပါ”

ကူရှောက်ရွှယ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “မျက်မမြင်အဘွားအိုက ကောင်းကင်ဘုံမာစတာအဆင့်ကို ချိုးဖြတ်သွားပြီး။ သူမရဲ့စွမ်းအားက ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်နဲ့ ယှဉ်နိုင်တယ်။ အခြားတစ်ဖက်မှာ ချန်ကျီကျုံးက ခန္ဓာကိုယ်ပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်ကို တက်လှမ်းပြီးပြီ”

“ရွှယ်ယုကရော ဘယ်လိုလဲ၊ သူမ အခု ဘယ်မှာလဲ”ထန်ရှုက မေးလိုက်သည်။

“သူမနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရဘူး”ကူရှောက်ရွှယ်က ပြောလိုက်သည်။

ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်၏ “ငါ မင်းကို အချိန်သုံးရက်ပေးမယ်၊ ကမ္ဘာတစ်ဝှမ်းက ထန်ဂိုဏ်းသားတွေအားလုံးကို နဂါးကိုးကောင်ကျွန်းကို ပြန်ဆင့်ခေါ်လိုက်။ အခု ထန်ဂိုဏ်းရဲ့ကနဉီးဖွဲ့စည်းပုံက စတင်ပုံပေါ်လာပြီဆိုတော့ ဂိုဏ်းရဲ့စစ်တပ်ကို ပြန်ဖွဲ့စည်းဖို့ အချိန်ပဲ”

“နားလည်ပါပြီ…”

ကူရှောက်ရွှယ်က သော်လည်း သူမက ခေါင်းညိတ်လိုက်သည်။

နန်းတော်ထဲတွင်။

ထန်ရှုနှင့်ကူရှောက်ရွှယ်တို့က နန်းတော်ထဲသို့ ဝင်လာသည်၊ သင်းပျံ့သောရနံ့တစ်ခုက သူတို့အား နှုတ်ဆက်လိုက်၏။ ယခု ငယ်ရွယ်သောအသွင်အပြင်ရှိသည့်စုလင်းယွမ်က သူတို့အရှေ့တွင် လွင့်မျောလာသည်။

“ရှုအာ၊ ယန်အာ…”

စုလင်းယွမ်၏ပြုံးနေသောမျက်နှာက တောက်ပနေသည်။ သူတို့အားလုံးက နဂါးကိုးကောင်ကျွန်းတွင် နေနေသော်လည်း လွန်ခဲ့သောသုံးနှစ်အတွင်း သူမက ထန်ရှုနှင့် တစ်ကြိမ်သာ တွေ့ခဲ့ရသည်။

“အမေ…”

တစ်ချိန်က ထန်ရှု၏အိပ်မက်က သူ့အမေအား ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ရန် ကူညီပေးရန်အတွက်ဖြစ်၏။ ယခု သူ့အမေက ချောမောလှပကာ ဖြတ်လက်တက်ကြွနေသည်ကို မြင်ပြီး သူက အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။

စုလင်းယွမ်က ပြုံးကာ ကူယန်အာ၏လက်ကို ဆွဲလျက် ပြောလိုက်သည် “မင်းတို့ကလေးတွေက တစ်ချိန်လုံး စေတီထဲမှာ နေနေကြတာ။ ငါ မင်းတို့ကို လာတွေ့ချင်ပေမယ့် ယွမ်ဒီက ငါ့ကို ခွင့်မပြုခဲ့ဘူး။ ငါက မင်းတို့ရဲ့ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့ သူက ပြောတယ်။ ဒါပေမယ့် အဲမှာ မင်းက သူနဲ့အတူနေတာ သုံးနှစ်လောက်ရှိပြီ၊ ဘာလို့ ကလေးတစ်ယောက်တောင် မရတာလဲ”

“အာ၊ ထပ်လာပြန်ပြီလား”

ထန်ရှုက အံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်သွားသည် သို့သော် ကူယန်အာက ရှက်သွေးဖြာလျက် ခေါင်းငုံ့လိုက်သည်။

“ယန်အာ၊ ရှုအာရဲ့ခေါင်းက ကျင့်ကြံဖို့ပဲ အမြဲတမ်း တွေးနေတာ။ ဒါပေမယ့် သူက အရွယ်ရောက်နေပြီလေ၊ လက်ထပ်ပြီး မိသားစုတစ်ခုရှိဖို့က အရေးကြီးတယ်။ သူက မစရင် မင်းကပဲ စလိုက်ပေါ့။ ပြီးတော့ ဝါစဉ်တွေနဲ့ ပတ်သက်ပြီး ငါ့ကို မပြောနဲ့၊ အခု ငါတို့က ဘယ်ခေတ်မှာ နေနေတာလဲ။ မင်းက လက်ခံသရွေ့ မင်းတို့နှစ်ယောက်လက်ထပ်ပြီး ကလေးတွေ မွေးဖွားဖို့က ပြဿနာတစ်ခုလို့ ငါ မထင်ဘူး”

ကူယန်အာက သူမ၏ရှက်ရွံ့သောခံစားချက်ကို ဖိနှိပ်ကာ ထန်ရှုအား ခေါင်းမော့ကြည့်လိုက်သည်။ သူမက ခေါင်းငုံ့ကာ ပြောလိုက်၏ “ငါ သေချာပေါက် ဉီးဆောင်လိုက်ပါ့မယ်၊ အန်တီ”

“မင်းက စမယ်လို့ ဆုံးဖြတ်လိုက်ပြီးဆိုမှတော့ အခုကစပြီး ငါ့ကို အမေလို့ ခေါ်တော့လေ”စုလင်းယွမ်က ပျော်ရွှင်စွာ ပြောလိုက်သည်။

အဟွတ်…အဟွတ်…အဟွတ်…

ထန်ရှုက ဘာမှမတတ်နိုင်တော့ပေ၊ ချောင်းသာ ဟန့်လိုက်ရသည်။ သူက စကားပြောရန်ပင် အခွင့်အရေးမရှိခဲ့ပေ။ ကူယန်အာက သူ့တပည့်ဖြစ်သော်လည်း သူ့အမေက မိသားစုထဲရှိ စီနီယာအဆင့်အား ရှုပ်ထွေးစေချင်နေသည်။

“အမေ၊ ဒီလိုရှုပ်ထွေးအောင် မလုပ်ပါနဲ့၊ ငါ…”ထန်ရှုက ဆက်ပြောချင်သည်၊ သို့သော် ကူယန်အာ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီးနောက် သူက ကျန်စကားလုံးများအား ချက်ချင်းမျိုချလိုက်သည်။

စုလင်းယွမ်က သူ့အား ပြင်းထန်စွာ စိုက်ကြည့်ကာ ဒေါသတကြီး အပြစ်တင်လိုက်သည် “ဘာမှားလို့လဲ။ မင်းရဲ့ကျင့်ကြံခြင်းက ကြီးကျယ်မြင့်မြတ်နေတော့ မင်းအမေရဲ့စကားကိုတောင် မနားထောင်ချင်တော့ဘူးလား။ ယန်အာက ကလေးကောင်းတစ်ယောက်လို့ မင်း မထင်ဘူးလား။ သူမက မင်းနဲ့အတူ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီပဲလေ။ ဝမ်ရင်နဲ့ ပတ်သက်ပြီး မင်း စိုးရိမ်စရာမလိုဘူး။ ဒီမတိုင်ခင်တုန်းက ငါ သူမကို ဒါနဲ့ ပတ်သက်ပြီး မေးပြီးပြီ၊ သူမက ပြဿနာမရှိဘူးလို့ ပြောတယ်။ မင်းရဲ့နှလုံးသားထဲမှာ သူမအတွက် နေရာတစ်ခုရှိသရွေ့ သူမက ပျော်ရွှင်နေသေးတယ်လို့ သူမက ပြောတယ်”

ထန်ရှုက ခေါင်းကိုက်လာတော့သည်၊ သူက ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်၏ “ကျေးဇူးပြုပြီး ငါတို့ရဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မစိုးရိမ်ပါနဲ့၊ အမေ။ ဒါနဲ့ အဖေက အပေါ်ထပ်မှာမလား။ ငါ သူနဲ့ အရင်တွေ့လိုက်မယ်”

“ဟေး၊ မင်း…ကောင်စုတ်လေး…”

စုလင်းယွမ်က ဒေါပွက်အား ထန်ရှု၏နောက်ကျောအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမက ကူယန်အာအား လက်ဆွဲကာ တစ်ခုခုကို ရေရွတ်ရင်း အထဲသို့ ဝင်သွား၏။

ထန်ရှုက ဒုတိယအထပ်သို့ ရောက်လာသည်၊ ထန်ယွမ်ဒီက နံရံပေါ်တွင် မှီရင်း လက်တွင် စီးကရက်တစ်လိပ်ကိုင်ကာ မျက်နှာက ပြုံးနေလေသည်။ သူက ရယ်စရာကောင်းသောမြင်ကွင်းအား မြင်တွေ့ခဲ့ပြီးမှန်း သိသာသည်။

“ဟေး၊ ဒက်ဒီ…”ထန်ရှုက ခါးသီးစွာ ပြုံးလျက် အော်ခေါ်လိုက်သည်။

ထန်ယွမ်ဒီက ရယ်လျက် ပြုံးစပ်စပ်နှင့် ပြော၏ “ကောင်လေးရေ၊ မင်းကတော့ အဖေရဲ့အရည်အချင်းကောင်းကို အမွေမဆက်ခံထားဘူးပဲ။ ပြောရရင် ငါသာ မင်းအမေကို မတားထားရင် သူမက စေတီထဲကို ပြေးဝင်ပြီး မင်းတို့နှစ်ယောက်ကို အတင်းကလေးမွေးခိုင်းနေလောက်ပြီ”

ထန်ရှုက ခါးသီးစွာ ပြုံးလိုက်သည် “တကယ်တော့ ငါ အဲဒါကို လုပ်နေတာ မဟုတ်ပါဘူး…”

ထန်ယွမ်ဒီက လက်မြှောက်ကာ ပြုံးလျက် ပြောလိုက်၏ “ငါ့ကို ဘာတစ်ခုမှ ရှင်းပြစရာမလိုဘူး၊ ကောင်လေး။ ပြီးတော့ မြေးတွေ မရှိလို့လဲ ငါ မစိုးရိမ်ပါဘူး။ ဒါပေမယ့် မင်းအမေကတော့ အဲဒါနဲ့ ပတ်သက်ပြီး မင်းကို ခေါင်းကိုက်အောင် သေချာပေါက် ထပ်လုပ်နေအုံးမှာပဲ။ ဒါ့အပြင် မင်းရဲ့အမျိုးသမီးတွေအားလုံးက ထူးချွန်ပြီး မင်းနဲ့သူတို့ကြားသံယောဇဉ်အနှောင်အဖွဲ့က မင်းကို ခေါင်းကိုက်စေဖို့များတယ်”

သူ့အဖေထံမှ အားရဝမ်းသာစကားကို ကြားပြီးနောက် ထန်ရှုက ရှုံ့မဲ့ကာ ပြုံးလိုက်သည် “ဒီနှလုံးသားရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်ထားရအုံးမယ်။ လောလောဆယ် သူတို့ကို ဖြေရှင်းဖို့ ငါ့မှာ အချိန်အများကြီးမရှိဘူး။ လက်ရှိအရေးကြီးဆုံးက ငါ့ရဲ့ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ဖို့ အချိန်လုရမယ်”

ထန်ယွမ်ဒီက ပခုံးတွန့်ကာ ပြုံးလျက် ပြောလိုက်သည် “ကောင်းပါပြီ၊ အခြားကိစ္စတွေမှာ ငါ မင်းကို ကူညီနိုင်ပေမယ့် ဒီတစ်ခုတော့ ငါ မကူညီနိုင်ဘူး။ မင်းအကောင်းဆုံးလုပ်ပါ၊ သားလေး”

ခေါင်းစဉ်အား ထပ်မဆက်လိုတော့ဘဲ ထန်ရှုက ပြောလိုက်သည် “ဒါနဲ့ ငါ မင်းနဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ်၊ အဖေ။ အဲဒါနဲ့ ပတ်သက်ပြီး စာကြည့်ခန်းထဲမှာ ပြေကြတာပေါ့”

“ကောင်းပါပြီ…”

ထန်ယွင်ဒီက ခေါင်းညိတ်လိုက်သည်။ သာမန်ကိစ္စတစ်ခုသာဆိုလျှင် သူတို့က ဤနေရာတွင် ပြောနိုင်သည်၊ သို့သော် သူ့သားက စာကြည့်ခန်းထဲတွင် ဆွေးနွေးရန် ပြောသည့်အတွက် ကိစ္စက အလွန်အရေးကြီးသည်ကို နားလည်လိုက်၏။

အခန်းထဲတွင် နေရာယူပြီးနောက် ထန်ရှုက သိုလှောင်လက်စွပ်မှ စီးကရက်တစ်ဖာယူထုတ်ကာ ထန်ယွမ်ဒီထံ တစ်လိပ်ကမ်းပေးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည် “အဖေ၊ အများဆုံး နှစ်နှစ်အတွင်းမှာ ငါတို့တွေ ကမ္ဘာမြေကနေ ထွက်သွားကြမယ်။ အဲကိုရောက်ရင် ငါတို့ကိုယ်ငါတို့ တိုးတက်အောင် ဆက်လုပ်ရမယ်၊ ဒါပေမယ့် ဒီနှစ်နှစ်အတွင်း ဒီနေရာမှာ ငါတို့တွေ ပြီးမြောက်အောင်လုပ်ရမည့်အရာတွေအများကြီးရှိတယ်။ အရေးကြီးဆုံးက အကြွေးဟောင်းတွေကို ပြန်ဆပ်ဖို့ပဲ။ သွေးကြေးပြန်ဆပ်ဖို့ အချိန်ပဲ”

ထန်ယွမ်ဒီ၏အသားအရောင်က ပြောင်းလဲသွားကာ သူက ချက်ချင်းမေးလိုက်သည် “မင်းဆိုလိုတာက မင်းက ဒိုလန်အိမ်တော်ကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီလား”

“ဟုတ်တယ်၊ ဒိုလန်အိမ်တော်တစ်ခုတင်မကဘူး”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ကမ္ဘာရဲ့ထိပ်တန်းအဖွဲ့အစည်းသုံးခုအပြင် ကမ္ဘာ့နံပါတ်သတင်းအချက်အလက်အေဂျင်စီဖြစ်တဲ့အမှောင်လေအဖွဲ့တွေရော ပါတယ်။ သူတို့တွေက နတ်ဆိုးတွေနဲ့ တူတယ်။ ငါတို့က ဒီအဖွဲ့အစည်းနဲ့ကလန်တွေကို မဖယ်ရှားရင် အနာဂတ်မှာ သူတို့က ကြီးမားတဲ့အရှုပ်အထွေးတစ်ခုဖြစ်စေလိမ့်မယ်”

မျက်နှာပေါ်တွင် မယုံကြည်နိုင်စွာနှင့် ထန်ယွမ်ဒီက ရေရွတ်လိုက်သည် “ဒါကို အောင်မြင်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ရှုအာ။ ဒီအဖွဲ့အစည်းနဲ့ကလန်တွေက နက်ရှိုင်းတဲ့အမွေအနှစ်တွေရှိပြီး သူတို့ကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြနိုင်တယ်- ကြောက်စရာကောင်းတယ်။ ငါတို့ထန်ဂိုဏ်းက ဒီအဖွဲ့အစည်းတွေကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်မှာလား”

“အဖေ၊ ဒီအဖွဲ့အစည်းနဲ့ကလန်တွေ မပြောနဲ့၊ ထန်ဂိုဏ်းက တစ်ကမ္ဘာလုံးကို အလွယ်တကူအုပ်စိုးနိုင်တယ်။ ပြီးတော့ ဒါကို လုပ်ဖို့ ငါ့မှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိတယ်”ထန်ရှုက ယုံကြည်ချက်ရှိစွာ ပြန်ပြောသည်။

“အဲဒီရည်ရွယ်ချက်က ဘာလဲ”ထန်ယွမ်ဒီက မေး၏။

“စစ်တပ်ထဲက ကလေးနှစ်သိန်းနဲ့ ပတ်သက်ပြီးတော့ပဲ”ထန်ရှုက ဖြည်းဖြည်းချင်း ပြော၏ “အခု သူတို့က ပြောင်မြောက်တဲ့ခွန်အားကို ပိုင်ဆိုင်တယ်၊ ဒါကြောင့် သူတို့ကို လေ့ကျင့်ပေးဖို့ ရန်သူတွေကို ရှာပေးဖို့ လိုအပ်တယ်။ ပြီးရင် ငါ ထန်ဂိုဏ်းစစ်တပ်ကို ဖွဲ့ရမယ်”

“အဲဒီအဖွဲ့အစည်းလေးခုနဲ့ဒိုလန်အိမ်တော်ကို ရင်ဆိုင်ဖို့ မင်းက ဒီကလေးတွေကို စေလွှတ်မယ်လို့ ဆိုလိုတာလား”ထန်ယွမ်ဒီက ထိတ်လန့်တုန်လှုပ်သွားသည် “မဟုတ်ဘူးနော်။ လုံးဝမဖြစ်နိုင်ဘူး။ သူတို့က ငယ်လွန်းတယ်၊ သူတို့ထဲမှာ အသက်အကြီးဆုံးက ဆယ့်ခုနှစ်နှစ်လောက်ပဲ ရှိမှာ။ သူတို့ကို စေလွှတ်တာက သေတွင်းထဲ တွန်းပို့တာနဲ့ အတူတူပဲ”

“ဒါက မင်း နားမလည်တဲ့အရာပဲ၊ အဖေ”ထန်ရှုက ဆက်ပြောသည် “ဖန်လုံအိမ်ထဲကအပင်တွေက လေနဲ့မိုးက ဘယ်တော့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ အင်မော်တယ်ကမ္ဘာက ရက်စက်ကြမ်းကြုတ်တဲ့နေရာတစ်ခုပဲ၊ သတ်ဖြတ်ခြင်းတွေက နေရာတိုင်းမှာ ရှိတာ။ ကလေးတွေက ရက်စက်ကြမ်းကြုတ်တဲ့လေ့ကျင့်မှုတွေ၊ တိုက်ခိုက်မှုတွေကို တွေ့ကြုံဖို့ လိုအပ်တယ်”

“ဒါပေမယ့်…”

ထန်ယွမ်ဒီက ငြင်းချင်သည်။ သို့သော် ထန်ရှုက လက်မြှောက်ကာ ကြားဖြတ်ပြောလိုက်သည် “မဖြတ်ထားတဲ့ကျောက်စိမ်းတွေက တန်ဖိုးမရှိဘူး၊ သံမဏိတွေကို ပုံမသွင်းဘဲနဲ့ ပြုလုပ်လို့မရဘူးဆိုတာ မင်းလဲ သိမှာပါ။ အနာဂတ်မှာ ငါတို့ရင်ဆိုင်ရမယ့်ရန်သူတွေက အလွန်အားကောင်းတယ်၊ သူတို့က မြန်မြန်မကြီးထွားနိုင်ရင် အနာဂတ်ကျရင် ဒီရန်သူတွေရဲ့လက်ထဲမှာ သူတို့တွေ သေရလိမ့်မယ်”

“ငါတို့ရဲ့ရန်သူတွေက အတိအကျဘယ်သူလဲ၊ ရှုအာ”ထန်ယွမ်ဒီက ကမန်းကတန်းမေးလိုက်သည်။

ထန်ရှုက ခဏစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါယမ်းလိုက်သည် “ဒါနဲ့ ပတ်သက်ပြီး အဖေ့ကို ပြောပြဖို့ အချိန်မတန်သေးဘူး။ လက်ရှိ အဖေလုပ်ရမှာက အစွမ်းကုန်ကျင့်ကြံပြီး နယ်ပယ်တွေ ချိုးဖြတ်ဖို့ပဲ။ အင်မော်တယ်ကမ္ဘာက သန်မာသူတွေသာ ရှင်သန်တဲ့နေရာပဲ။ ငါတို့က ရန်သူတွေရဲ့ဓားသွားအောက်မှာ မသေချင်ရင် ငါတို့ကိုယ်ငါတို့ ပိုသန်မာအောင် အချိန်ပေးရမယ်။ ဒါ့အပြင် အနာဂတ်မှာ ဒီတစ်ခုနဲ့ ပတ်သက်ပြီး အဖေရဲ့အကူအညီကို ငါ လိုအပ်တယ်”

All Chapters