← Chapters

မဟာထန်အင်ပါယာကို တည်ဆောက်ခြင်း

Vol. 90 Ch. 1252

မဟာထန်အင်ပါယာကို တည်ဆောက်ခြင်း

Vol. 90 Ch. 1252

ထန်ယွင်ဒီက ခေါင်းညိတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “စစ်ပွဲတစ်ခုကို တိုက်တဲ့အချိန်မှာ အဖေနဲ့သားဆိုတာက တစ်စုတစ်စည်းတည်းဖြစ်ရမယ်။ ရန်သူတွေက ဘယ်သူပဲဖြစ်ဖြစ်၊ ငါက မင်းရဲ့ဝန်ထုတ်ဝန်ပိုးမဖြစ်စေရဘူး။ ငါ မင်းနဲ့အတူ လက်တွဲတိုက်ခိုက်မယ်”

“အဲ့နေ့ကို ငါ စောင့်နေပါ့မယ်၊ အဖေ”ထန်ရှုက ပြုံးကာ ပြန်ပြော၏။

သူ့ခွန်အားနှင့် ထန်ရှုက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲဆိုသည်ကို ထန်ယွင်ဒီက ကောင်းကောင်းသိသည်။ အနာဂတ်တွင် အစွမ်းကုန်ကျင့်ကြံရမည်ဟု သူ့စိတ်ထဲ၌ အခိုင်အမာဆုံးဖြတ်ထားသည်။ သူ့သားအား အချိန်တိုအတွင်း လိုက်မမီနိုင်လျှင်တောင်မှ အရမ်းကွာဟလို့မရပေ။ သူက စီးကရက်ဖွာရှိုက်ရင်း ပြောလိုက်သည် “ဒီကိစ္စအကြောင်း ပြောဖို့ မင်းရဲ့ဉီးလေးနှစ်ယောက်ကို ချက်ချင်း ဆက်သွယ်လိုက်မယ်။ လက်စားချေဖို့ သူတို့က စောင့်နေတာ ဆယ်စုနှစ်သုံးခုရှိပြီ။ ငါ သူတို့ကို ကြိုတင်ပြင်ဆင်ထားဖို့ ပြောလိုက်မယ်”

“မပြောနဲ့အုံး၊ အဖေ”ထန်ရှုက ကမန်းကတန်း ပြောလိုက်၏။

“ဘာလို့လဲ”ထန်ယွင်ဒီက မှင်တက်သွားလေသည်။

“ဉီးလေးနှစ်ယောက်ကို အပြည့်အဝယုံပါတယ်၊ ဒါပေမယ့် သူတို့နားကလူတွေကိုတော့ အာမမခံနိုင်ဘူးလေ”ထန်ရှုက ပြောလိုက်သည် “သူတို့ကို ပြောပြလိုက်လို့ သူတို့ရဲ့လူတွေက ပေါက်ကြားလိုက်ရင် ငါတို့တွေ ပြဿနာဖြစ်လာနိုင်တယ်”

“မင်း ပြောတာ မှန်တယ်”ထန်ယွင်ဒီက ခေါင်းညိတ်လိုက်သည် “ဒါဆို သူတို့ကို ပြောဖို့ ခဏစောင့်လိုက်မယ်”

အေးစက်သောလေပြင်းလေညင်းက ကျယ်ပြောသောပင်လယ်ပြင်ပေါ်တွင် ရစ်ဝဲနေသည်။ ထန်ရှုနှင့်သူ့အဖေတို့လျှို့ဝှက်ဆွေးနွေးပြီး တတိယမြောက်နေ့တွင် တောက်ပသောလတစ်စင်းက ညကောင်းကင်တွင် ချိတ်ဆိတ်ထားပြီး ကမ္ဘာအစိတ်အပိုင်းအချို့အား အလင်းရောင်ပေးနေလေ၏။

ကျွန်း၏အလယ်ဗဟိုတွင်။

ခန်းမတစ်ခုထဲတွင် ထန်ဂိုဏ်းသားအားလုံးအား ပြန်ဆင့်ခေါ်ထားသည်၊ ကမ္ဘာတစ်ဝှမ်းတွင် အရေးကြီးမစ်ရှင်များထမ်းဆောင်နေသူများပင် ဤအချိန်၌ ပြန်လာခဲ့ကြ၏။

စည်းဝေးခန်းမက သုဿန်တစပြင်အလား တိတ်ဆိတ်နေပြီး ထန်ဂိုဏ်း၏အဆင့်မြင့်ဂိုဏ်းသားတစ်ရာက စင်မြင့်ပေါ်တွင် ထိုင်နေသော ထန်ရှုအား ကြည့်ရင်း အရေးကြီးကြေညာချက်ထုတ်မည်ကို စောင့်မျှော်နေကြသည်။

“လူတိုင်း ရောက်လာပါပြီ၊ ဆရာအဘိုး”

စင်မြင့်ပေါ်တွင် ရပ်နေသော ကူရှောက်ရွှယ်က ထန်ရှုအား တင်ပြလိုက်သည်။

ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ခန်းမထဲရှိ လူတိုင်းအား လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒီတစ်ကြိမ် ငါ ကြေညာစရာ ကိစ္စအနည်းငယ်ရှိတယ်၊ သူတို့ထဲကတစ်ခုက အခုချိန်ကစပြီး ထန်ဂိုဏ်းက အပြီးတိုင်ပျောက်ကွယ်သွားပြီဆိုတာပဲ”

“ဘာ”

အဆင့်မြင့်ထန်ဂိုဏ်းသားရာချီက မယုံကြည်နိုင်သောမျက်နှာများဖြစ်သွားကြသည်။

“ဒီကိစ္စကို ကူယန်အာနဲ့ ငါ ဆွေးနွေးပြီးပြီ၊ ဒါကြောင့် အဖွဲ့သစ်တစ်ခုကို တည်ထောင်ဖို့အတွက် ထန်ဂိုဏ်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုကစပြီး ငါတို့ကို မဟာထန်အင်ပါယာလို့ ခေါ်ရလိမ့်မယ်”ထန်ရှုက ဆက်ပြော၏။

“မဟာထန်အင်ပါယာလား”

လူတိုင်း၏နှလုံးသားက တုန်ခါသွားပြီး သူတို့၏မျက်လုံးများက ထန်ရှုအား စိုက်ကြည့်ရင်း နောက်ထပ်တုန်လှုပ်စရာသတင်းများအား သိချင်နေကြသည်။

“ဒါ့အပြင် အင်မော်တယ်ကမ္ဘာဆီ သွားဖို့ နောက်ဆုံးသတ်မှတ်ချက်အချိန်ကို နှစ်နှစ်လို့ ငါ ဆုံးဖြတ်ထားတယ်”ထန်ရှုက ဆက်ပြော၏။

‘မဟာထန်အင်ပါယာတည်ထောင်တာနဲ့ ပတ်သက်ပြီး မင်း အသေးစိတ်ပြောပြနိုင်မလား၊ ဆရာအဘိုး”ကူရှောက်ရွှယ်က မေးလိုက်၏။

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “အခုကစပြီး မဟာထန်အင်ပါယာရဲ့ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ငါ မင်းတို့ကို ပြောပြမယ်။ အင်ပါယာကို အစိုးရဌာနခြောက်ခု ခွဲထားမယ်။ ဘာတွေလဲဆိုရင် စစ်ဘက်ဆိုင်ရာဝန်ကြီးဌာန၊ နိုင်ငံရေးဆိုင်ရာဝန်ကြီးဌာန၊ သတင်းအချက်အလက်ဝန်ကြီးဌာန၊ တရားစီရင်ရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ ကောင်းကင်ဘုံမွန်းစတားစံအိမ်ဆိုပြီး ခွဲထားတယ်”

“စစ်ဘက်ဝန်ကြီးဌာနမှာ အဖွဲ့လေးဖွဲ့ရှိတယ်၊ နဂါး၊ ကျား၊ စာကလေးနဲ့ သိုင်းအဖွဲ့တို့ပဲ။ ထန်ကွမ်းက နဂါးစစ်တပ်ကို အမိန့်ပေးပြီး မိုအားဝူက ကျားစစ်တပ်ကို အမိန့်ပေးရလိမ့်မယ်။ ဟောင်လဲ့က စာကလေးစစ်တပ်ကို အမိန့်ပေးရလိမ့်မယ်၊ ချန်ရှောက်ဟွာက သိုင်းစစ်တပ်ကို အမိန့်ပေးရလိမ့်မယ်။ ဒီစစ်တပ်လေးတပ်က အင်မော်တယ်ကမ္ဘာမှာ ထန်ဂိုဏ်းပိုင်ဆိုင်တဲ့ပိုက်နက်ကို စောင့်ကြပ်ဖို့ တာဝန်ရှိတယ်၊ သူတို့က တိုင်းပြည်ပိုင်နက်ရဲအရှေ့၊ တောင်၊ အနောက်နဲ့ မြောက်ပိုင်းဒေသတွေမှာ အသီးသီးစခန်းချရမယ်”

“နိုင်ငံရေးဝန်ကြီးဌာနကို ထန်ယွင်ဒီက ဉီးဆောင်ပြီး မိုအားဝမ်က သူ့ရဲ့လက်ထောက်ဖြစ်တယ်။ မင်းတို့နှစ်ယောက်က အစိုးရကိစ္စတွေကို စီမံခန့်ခွဲဖို့နဲ့ မဟာအင်ပါယာရဲ့စည်ပင်ဝပြောဖို့အတွက် တာဝန်ရှိတယ်”

သတင်းအချက်အလက်ဝန်ကြီးဌာနကို ကျင်းရှီနဲ့ယဲ့ရှစ်စန်းတို့က စီမံခန့်ခွဲရမယ်၊ ယဲ့ရှစ်စန်းက လက်ထောက်တစ်ယောက်အဖြစ် သတင်းကွန်ရက်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ကျင်းရှီကို ကူညီရမယ်။ ကွန်ရက်က မဟာထန်အင်ပါယာရဲ့ပိုင်နက်ပေါ်မှာ ဗဟိုပြုရမယ်၊ ပြီးရင် ဉီးတည်ဘက်တိုင်းကို ချဲ့ထွင်ရမယ်”

“ထန်အန်းက တရားစီရင်ရေးဌာနကို အမိန့်ပေးရမယ်၊ ဖုန်ယန်နဲ့ရွှေကွေ့တို့က လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ရမယ်။ မှတ်ထားပါ၊ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်နိုင်တဲ့ သတ်ဖြတ်ခြင်းစက်တစ်သုတ်ကို ငါ လိုအပ်တယ်။ အနာဂတ်မှာ ငါတို့ရဲ့ရန်သူတွေကို မင်းတို့က တိတ်တဆိတ် သုတ်သင်ရမယ်”

“ဘဏ္ဍာရေးဝန်ကြီးဌာနကို ကူရှောက်ရွှယ်က တာဝန်ယူပြီး ထန်မင်က သူမရဲ့လက်ထောက်လုပ်ရမယ်။ မင်းတို့က မဟာထန်အင်ပါယာရဲ့ဘဏ္ဍာနဲ့ရတနာတွေကို ထိန်းချုပ်ရမယ်။ အရင်းအမြစ်တွေ၊ ရတနာတွေရဲ့အကူအညီမရှိရင် အင်ပါယာက ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့နှစ်ယောက်လုံးက ကိစ္စတွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ ငါ မျှော်လင့်တယ်”

“နောက်ဆုံးအနေနဲ့ ထန့်နုက ကြယ်ဝါးမျိုခြင်းအင်းဆက်နဲ့အတူ ကောင်းကင်ဘုံမွန်းစတားစံအိမ်ရဲ့ခေါင်းဆောင်တာဝန်ကို ပူးတွဲတာဝန်ယူရမယ်။ မွန်းစတား၃၅၆၈၀က မင်းတို့ရဲ့အမိန့်အောက်မှာ ရှိတယ်၊ သူတို့အားလုံးက ထန်အင်ပါယာကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ရန်သူအားလုံးကို ဖယ်ရှားသုတ်သင်ဖို့ တာဝန်ရှိတယ်”

ဤအထိ ကြေညာပြီးနောက် သူ့အမူအရာက တင်းမာသွားကာ ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ငါ့ကို ပြောကြ၊ မင်းတို့အားလုံးက ဒီတာဝန်ကို ယူနိုင်ရဲ့လား”

နာမည်ခေါ်ခံထားရသူတိုင်းက ကုလားထိုင်မှ ထရပ်ကာ အော်လိုက်ကြသည်…

“ကောင်းပါပြီ၊ ဆရာ…”

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် ဆက်ပြော၏ “နောက်လာမယ့်နေ့ရက်တွေမှာ ကလေးရှစ်သားနှစ်သိန်းလုံးက တပ်ဖွဲ့လေးဖွဲ့ထဲ ပေါင်းစည်းတာကို ငါ လိုချင်တယ်။ တစ်ဖွဲ့မှာ အယောက်ငါးသောင်းစီ ပါရမယ်။ နောက်နှစ်နှစ်မှာ မင်းတို့ရဲ့စွမ်းရည်တွေနဲ့ပါရမီတွေအားလုံးကို ထုတ်ဖော်ပြသဖို့အတွက် လေ့ကျင့်ရေးအနေနဲ့ မင်းတို့ရင်ဆိုင်ရမယ့်ရန်သူတွေကို ငါ ရွေးချယ်ပေးမယ်။ ပစ်မှတ်တွေက ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းသုံးခုအပြင် အမှောင်လေအဖွဲ့နဲ့ဒိုလန်အိမ်တော်တို့ပဲ”

“နောက်နှစ်နှစ်မှာ စစ်ဘက်ဌာနအတွက် ဗိုလ်ချုပ်တွေကို လေ့ကျင့်ပေးဖို့ ကွန်မန်ဒါခန်းမကို ငါ တည်ထောင်မယ်။ ဒီလူတွေရဲ့လေ့ကျင့်မှုကို ငါ ကိုယ်တိုင် ကိုင်တွယ်မှာဖြစ်တာကြောင့် မင်းတို့လေးယောက်က စိုးရိမ်ဖို့မလိုဘူး၊ သူတို့က မင်းတို့လက်ခံနိုင်တဲ့စွမ်းရည်တွေကို သေချာပေါက် ထုတ်ဖော်ပြသနိုင်လိမ့်မယ်”

“…”

အစည်းအဝေးက လေးနာရီကြာခဲ့သည်။ အစည်းအဝေးအဆုံးတွင် ကူရှောက်ရွှယ်က စင်မြင့်သို့ လျှောက်လာကာ မေးလိုက်သည် “ငါ မေးချင်တဲ့မေးခွန်းနှစ်ခုရှိတယ်၊ ဆရာအဘိုး”

“မေးပါ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“ငါတို့က မဟာထန်အင်ပါယာကို တည်ဆောက်နေမှတော့ ခေါင်းဆောင်တစ်ယောက်မရှိလို့မရဘူးလို့ ငါ ယူဆတယ်။ အခြားအဆင့်တွေအတွက် လူတွေ ခန့်အပ်ထားပြီးဆိုပေမယ့် မဟာထန်အင်ပါယာရဲ့ဘုရင်နေရာကိုတော့ တစ်ယောက်မှ မယူရသေးဘူး”

မိုအားဝူက ကုလားထိုင်မှ ထရပ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ကူရှောက်ရွှယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးဖို့ လိုမယ်လို့ ငါ မထင်ဘူး၊ ဘာလို့ဆို မဟာထန်အင်ပါယာရဲ့ဘုရင်ဖြစ်ဖို့အတွက် ဂိုဏ်းချုပ်တစ်ယောက်ပဲ အရည်အချင်းပြည့်မှီလို့ပဲ”

“ဒါ မှန်တယ်”

ထန်ဂိုဏ်းသားရာချီက ထရပ်ကာ အော်ပြောလိုက်ကြသည်။

ထန်ရှုက လက်မြှောက်ကာ ပြုံးလျက် ပြော၏ “အားလုံးကို ငါ မဖုံးကွယ်ပါဘူး။ ငါက မဟထန်အင်ပါယာရဲ့ပထမဆုံးဘုရင် ဖြစ်လာလိမ့်မယ်”

အပြုံးတစ်ခုက ကူရှောက်ရွှယ်၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားပြီး သူမက ကျယ်လောင်စွာ ပြုံးလျက် ပြောလိုက်၏ “ငါတို့ရဲ့မဟာထန်အင်ပါယာမှာ အင်ပါယာတစ်ယောက်ရှိမှတော့ အင်ပါယာမောင်းမနန်းတော်လဲ ရှိသင့်တယ်မလား”

ခနးမထဲတွင် ထိုင်နေသော စုလင်းယွမ်၏မျက်လုံးများက ရုတ်တရက် လင်းလက်သွားသည်။ သူမက ကူရှောက်ရွှယ်၏အမူအရာကို ကြည့်လိုက်ပြီး ပျော်ရွှင်သောအကြည့်တစ်ခုက သူမမျက်နှာပေါ်တွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူမက ထရပ်ကာ ကူရှောက်ရွှယ်ဆီ လျှောက်သွားပြီးနောက် သူမအား ပွေ့ဖက်ရင်း ပြောလိုက်သည် “ငါတို့က မင်းရဲ့သံယောဇဉ်ကိစ္စတွေကို အများကြီး ဝင်မစွက်ဖက်ပါဘူး၊ ရှုအာ။ ဒါပေမယ့် ငါက မင်းရဲ့အမေပဲ၊ မင်းလက်ထပ်တာကို ငါ မြင်ချင်တယ်။ ငါတို့က ဆက်ခံမယ့်မင်းသားတစ်ယောက်လိုအပ်တာကြောင့် အင်ပါယာတစ်ယောက်က ဇနီးနဲ့ကိုယ်လုပ်တော်တွေ လိုအပ်တယ်”

“ဒါက…”

ထန်ရှုက ကူရှောက်ရွှယ်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊ သို့သော် သူ့အမူအရာက ချက်ချင်းခါးသီးသွားကာ သူ့အမေအား ရှုံ့မဲ့ပြုံးလျက် ပြန်ဖြေ၏ “အမေ၊ ဒါက နောက်ကျမှ ငါတို့တွေ သီးသန့်ဆွေးနွေးရမယ့် ကိစ္စတစ်ခုပဲ”

“မဟုတ်ဘူး။ အင်ပါယာတစ်ယောက်က ဘာလဲဆိုတာ မင်းလဲ သိတယ်မလား”စုလင်းယွမ်က ချက်ကျလက်ကျပြန်ပြောသည် “အင်ပါယာတစ်ခုမှာ အင်ပါယာတစ်ယောက်၊ မိဖုရားနဲ့ကိုယ်လုပ်တော်တွေ၊ ထီးနန်းဆက်ခံမယ့်မျိုးဆက်တွေ ရှိရမယ်။ ရှုအာ၊ မောင်းမကိစ္စကို ဖြေရှင်းဖို့ မင်းမှာ အချိန်မရှိဘူးဆိုရင် အမေ့တာဝန်ထားလိုက်ပါ။ စိတ်ချပါ၊ အမေက မင်းကို ကြုံရာမိန်းမတွေ မရှာပေးပါဘူး၊ ဒါပေမယ့် သူတို့က မင်းနောက်ကို သေမကွာရှင်မကွာလိုက်ဖို့ဆန္ဒရှိတဲ့သူတွေပဲ။ မင်းက ဒီအမျိုးသမီးတွေကို တရားဝင်အဆင့်အတန်းတစ်ခုပေးရမယ်၊ သူတို့ကို ဘယ်တော့မှ စွန့်ပစ်လို့မရဘူး”

သူ့အမေပြောသည်က မှန်သည်ကို ကောင်းကောင်းသိသောကြောင့် ထန်ရှုက နှုတ်ဆိတ်သွားသည်။ ထိုအမျိုးသမီးများက သူနှင့် နှစ်များစွာ အတူရှိခဲ့သည်။ သူတို့က နောက်တရခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့ မရှိကြပေ၊ သူ့ဘဝကို သူတို့ဘဝထက်ပင် ပိုတန်ဖိုးထားခဲ့ကြသည်။ ယခု အင်ပါယာအား တည်ထောင်ခဲ့ပြီဖြစ်သောကြောင့် သူက သူတို့အား တရားဝင်အဆင့်အတန်းပေးရန် လိုအပ်သည်။

ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းမော့ကာ ပြောလိုက်သည် “ငါ ဒီအဆင့်အတန်းကို ပေးဖို့ ဆန္ဒရှိပါတယ်။ နောက်မှ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့တွေ ဆွေးနွေးကြတာပေါ့”

“ငါ့ရဲ့ချွေးမက ငါ့ရဲ့အသိအမှတ်ပြုတာကို လိုအပ်တယ်”စုလင်းယွမ်က တိုက်တွန်းလိုက်သည် “ရှုအာ၊ မင်းက ကိစ္စကြီးတွေနဲ့ အလုပ်ရှုပ်နေတဲ့ ယောကျ်ားတစ်ယောက်ပဲ၊ ဒါကြောင့် ဒီကိစ္စကို ငါ မင်းကို ကူညီဖြေရှင်ပေးမယ်”

“…”

ထန်ရှုက တကယ်မငြင်းပယ်နိုင်ပေ။ သူ့အမေ၏ရည်ရွယ်ချက်အား သူက မဆန့်ကျင်လိုပေ။ ဤကိစ္စ၌ သူ့အမေက ဝင်စွက်ဖက်သည်ကို မလိုချင်သော်လည်း ထိုဆက်ဆံရေးကိစ္စများကို ဖြေရှင်းရာ၌ သူက ဘယ်လောက်ညံ့သည်ကို ကောင်းကောင်းသိသည်။ နောက်ဆုံးတွင် ဤကိစ္စနှင့် ပတ်သက်ပြီး သူက ခွင့်ပြုချက်ပေးလိုက်တော့၏။

ငို့သော် သူနှင့်ရင်းနှီးသောအမျိုးသမီးများကလွဲပြီး မရင်းနှီးသောအမျိုးသမီးများအား သူ့အမေက ရှာဖွေခဲ့လျှင် သူက လက်ခံရန် ဘယ်တော့မှ သဘောမတူဟု တိတ်တဆိတ်ဆုံးဖြတ်ထားခဲ့သည်။

ထို့နောက် စည်းဝေးပွဲက ပြီးဆုံးသွားခဲ့သည်၊ မိုအားဝူနှင့်ကျန်လူများအတွက် တပ်ဖွဲ့လေးဖွဲ့တည်ထောင်ပေးရန် လိုအပ်သောကြောင့် အသေးအဖွဲ့ကိစ္စများအား ကူယန်အာနှင့်ကူရှောက်ရွှယ်တို့ထံ ချန်ထားခဲ့သည်။

****

နန်းတော်၏ဒုတိယထပ်ရှိဧည့်ခန်းထဲတွင် စုလင်းယွမ်က ကူရှောက်ရွှယ်၏လက်ကို ကိုင်ထားသည်။ အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ချိတ်ဆွဲနေလျက် သူမက ပြောလိုက်သည် “ရှောက်ရွှယ်၊ မင်းက တကယ်ကို ငါ့ရဲ့အကောင်းဆုံးကလေးပဲ။ နောက်ဆုံးမှာ မင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ထမရပ်ခဲ့ရင် အဲဒီကောင်လေးက သူ့အမျိုးသမီးနဲ့ပတ်သက်တဲ့ပြဿနာကို ဖြေရှင်းဖို့ အခုထိ တွန့်ဆုတ်နေမှာ။ အလား၊ မင်းလဲ ငါ့ရဲ့ချွေးမဖြစ်လာရင် အရမ်းကောင်းမှာပဲ”

ကူရှောက်ရွှယ်၏ပြုံးနေသောမျက်နှာက ရုတ်တရက် အေးခဲသွားသည်၊ သို့သော် ထူးခြားသောရောင်ဝါတစ်ခုက သူမ၏မျက်လုံးများထဲတွင် ရုတ်တရက် လက်သွား၏။ ထန်ရှုနှင့်ကူယန်အာတို့၏မျက်နှာများက သူမ၏စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာပြီး သူမ၏နှလုံးသားထဲတွင် ရုန်းကန်လှုပ်ရှားနေခဲ့ရသည်။ နောက်ဆုံးတွင် သူမက အံကြိတ်လျက် ပြောလိုက်သည် “တကယ်တမ်းတော့ အဲလို ဖြစ်လို့ရရင် ငါလဲ ဖြစ်ချင်ပါတယ်”

All Chapters