← Chapters

ကွယ်ဝှက်ထားသောရည်ရွယ်ချက်များနှင့် ကိုယ်စားလှယ်လောင်းများ

Vol. 90 Ch. 1253

ကွယ်ဝှက်ထားသောရည်ရွယ်ချက်များနှင့် ကိုယ်စားလှယ်လောင်းများ

Vol. 90 Ch. 1253

စုလင်းယွမ်က ခဏမှင်တက်သွားပြီးနောက် သူမမျက်လုံးများက ပြူးကျယ်သွားသည်။ ကူရှောက်ရွှယ်က ခေါင်းငုံ့ထားပြီး နာရွက်ဖျားများက နီရဲနသည်ကို မြင်သောအခါ သူမက ရုတ်တရက် တစ်ခုခုအား သဘောပေါက်ကာ ရယ်လိုက်သည် “ဟီးဟီးဟီး၊ ကောင်းတယ်၊ အရမ်းကောင်းတယ်။ ရှောက်ရွှယ်၊ သူက မင်းရဲ့ဂရုစိုက်မှုကို ရနိုင်ရင် ဒါက ရှုအာအတွက် တကယ်ကို ကောင်းချီတစ်ခုပဲ”

ထိုသို့ပြောပြီးနောက် သူမက အနီရောင်မှတ်တမ်းစာအုပ်ကို ချက်ချင်းယူကာ ပထမစာမျက်နှာတွင် ကူယန်အာ၏နာမည်ကို ရေးလိုက်ပြီး ဒုတိယစာမျက်နှာတွင် ကူရှောက်ရွှယ်နာမည်ကို ရေးလိုက်သည်။

“ငါ…”

ကူရှောက်ရွှယ်၏ပါးစပ်က ဟသွားသော်လည်း သူမပြောချင်သည်အား ပြန်မျိုချလိုက်ရသည်။

မှတ်တမ်းစာအုပ်အား ပြန်ချပြီးနောက် စုလင်းယွမ်က ကူရှောက်ရွှယ်အား မော့ကြည့်ကာ ပြောလိုက်သည် “မင်းရဲ့စိုးရိမ်ပူပန်မှုတွေကို ငါ နားလည်တယ်၊ ရှောက်ရွှယ်။ ဝါစဉ်အရဆိုရင် ရှုအာက မင်းရဲ့ဆရာအဘိုးပဲ။ ဒါပေမယ့် ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် လျှောက်လမ်းတဲ့သူတွေက ဒီလိုအသေးအဖွဲ့အရာတစ်ခုအပေါ် ကပ်တွက်နေမယ်လို့ ငါ မထင်ဘူး။ မင်းရဲ့ဆရာသခင်က ရှုအာရဲ့အမျိုးသမီးဖြစ်လာနိုင်တာပဲမလား၊ မင်းက ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဝါစဉ်က အမြဲတမ်းအရေးကြီးတယ်လို့ ငါလဲ အမြဲတမ်းတွေးခဲ့ပါတယ်၊ ဒါပေမယ့် အခု ငါ နားလည်သွားပြီ၊ မင်းက တစ်ယောက်ယောက်ကို ရိုးရိုးသားသားချစ်နေသရွေ့ ဝါစဉ်ကိစ္စတွေက ဘာအရေးလဲ။ မင်းရဲ့နှလုံးသားမှာရှိတဲ့စိုးရိမ်ပူပန်မှုတွေကို လွှတ်ချလိုက်ပါ၊ ငါ ယန်အာနဲ့ နောက်မှ ပြောလိုက်မယ်”

“အမ်…”ကူရှောက်ရွှယ်က ခေါင်းငုံ့လိုက်ပြီး သူမမျက်နှာက ပိုနီရဲသွားသည်။

စုလင်းယွမ်က သူမလက်အား ဆုပ်ကိုင်ကာ ပြုံးလျက် ပြောလိုက်သည် “ရှောက်ရွှယ်၊ ငါ မင်းကို ခေါ်လိုက်တဲ့အကြောင်းရင်းက ဒီမှတ်တမ်းထဲမှာ နာမည်အချို့ကို ရေးဖို့ မင်းရဲ့ထောက်ခံချက်တွေကို မေးချင်လို့။ မင်းက ရှုအာနဲ့ အတော်လေးနီးကပ်တယ်၊ ဒါကြောင့် သူတို့ထဲကအချို့ကို မင်း သိလောက်မယ်”

ကူရှောက်ရွှယ်က တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည် “သူတို့ထဲကအချို့ကို ငါ သိတယ်”

“စုလင်းယွမ်၏မျက်လုံးများက လင်းလက်သွားသည်။ သူမက ချက်ချင်းခေါင်းညိတ်ကာ ပြောလိုက်၏ “ငါ့ကို ပြောပါ။ သူတို့ရဲ့နာမည်ကို ဒီနေရာမှာ ရေးလိုက်မယ်”

“ခန်းရှ၊ မုဝမ်ရင်နဲ့ အိုးရန်လုလု။ သူတို့သုံးယောက်နဲ့ဆရာအဘိုးအကြား ဆက်ဆံရေးကို အန်တီလဲ သိမှာပါ”ကူရှောက်ရွှယ်က ပြောလိုက်သည်။

နာမည်များစာရင်းသွင်းပြီးနောက် စုလင်းယွမ်က ပြောလိုက်သည် “အခုကစပြီး ရှုအာကို ဆရာအဘိုးလို့ ထပ်မခေါ်နဲ့တော့၊ ရှောက်ရွှယ်။ သူ့နာမည်ပဲ တိုက်ရိုက်ခေါ်လိုက်။ ဒီမိန်းကလေးသုံးယောက်ကို ငါ သိတယ်၊ သူတို့နဲ့ ငါလဲ အရမ်းရင်းနှီးတယ်။ သူတို့အပြင် အခြားဘယ်သူရှိသေးလဲ”

“ရွှယ်ယု”ကူရှောက်ရွှယ်က ထပ်ပြော၏။

စုလင်းယွမ်၏အပြုံးက အနည်းငယ်ပိုထူထဲသွားပြီး သူမက ရွှယ်ယု၏နာမည်အား စာမျက်နှာခြောက်တွင် ရေးလိုက်၏။ ထို့နောက် သူမက ထပ်မေးလိုက်သည် “နောက်ထပ်ရော ရှိလား”

ကူရှောက်ရွှယ်က ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည် “ကျန်းရှင်းယာနဲ့ ကျန်းရှင်းယွဲ့”

စုလင်းယွမ်က သူတို့နာမည်အား စာမျက်နှာခုနှစ်နှင့်ရှစ်တွင် ရေးလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ပြောလိုက်၏ “ငါ ဒီအမွှာညီအမနှစ်ယောက်ကို ချစ်တယ်။ ရှင်းယာက ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး လူများစွာရဲ့မျက်လုံးထဲမှာ အတော်လေးကျော်ကြားတဲ့နတ်ဘုရားမတစ်ယောက်ပဲ။ ရှင်းယွဲ့ကလဲ ထူးချွန်တဲ့အမျိုုးသမီးတစ်ယောက်ဆိုတာ ငါ ကြားသိထားတယ်။ သူမက သူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို တည်ထောင်ထားတယ်။ နောက်ထပ်ရှိသေးလား”

ကူရှောက်ရွှယ်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “အခြားသူတွေတော့ ငါ မသိတော့ဘူး”

စုလင်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ရှစ်ယောက်။ အရေအတွက်က ရှေးခေတ်က ဘုရင်တွေနဲ့ နှိုင်းယှဉ်ရင် အတော်လေးနည်းပေမယ့် ဒါက ရှုအာအတွက် များနေပါပြီ”

ရုတ်တရက် တံခါးခေါက်သံနှင့်အတူ သေးငယ်သောခေါင်းတစ်ခုက ထွက်ပြူလာသည်။ အမျိုးသမီးက အထဲရှိ စုလင်းယွမ်နှင့်ကူရှောက်ရွှယ်တို့အား မြင်သောအခါ တောက်ပသောအပြံးတစ်ခုက သူမ၏ချစ်စရာကောင်းသောမျက်နှာတွင် ထွက်ပေါ်လာပြီး သူမက တံခါးကို တွန်းဖွင့်ကာ အထဲသို့ လျှောက်လာသည်။ စုလင်းယွမ်ထံ လျင်မြန်စွာ ချဉ်းကပ်လာပြီးနောက် သူမက ရယ်ကာ ပြောလိုက်၏ “အန်တီ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ ဉရောပကို သွားခဲ့တယ်၊ အန်တီအတွက် ချန်နယ်အိတ်တစ်ခု ဝယ်လာတယ်။ ကျေးဇူးပြုပြီး မင်း ကြိုက်မလားဆိုတာ တစ်ချက်ကြည့်လိုက်ပါ”

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဉရောပကို သွားပြီး ချန်နန်အိတ်တစ်လုံးဝယ်ခဲ့တာလား။

စုလင်းယွမ်နှင့်ကူရှောက်ရွှယ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နှစ်ယောက်လုံးက ငိုရမလားရယ်ရမလားမသိတော့ပေ။ အန်ဒီက နဂါးကိုးကောင်ကျွန်းပေါ်တွင် ရှိနေသည်မှာ နှစ်ဝက်ကျော်ပြီ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမက ဘယ်လိုလုပ်ပြီး ဉရောပကို သွားခဲ့ရမှာလဲ။ ဒါက ယုတ္တိမရှိသော်လည်း ချန်နယ်အိတ်က တကယ်ကို လှပသည်။

စုလင်းယွမ်နှင့်ကူရှောက်ရွှယ်တို့က သူတို့၏ရယ်ချင်စိတ်အား ပြန်ထိန်းထားလိုက်သည်။ အန်ဒီ၏မျက်နှာက သူမ၏ကွယ်ဝှက်ထားသောရည်ရွယ်ချက်အား ရှင်းလင်းစွာ သစ္စာဖောက်နေသည်။ စုလင်းယွမ်က သူမထံမှ အိတ်ကို လက်ခံကာ ပြုံးလျက် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ “အိတ်က အရမ်းလှတယ်၊ ငါ ဈေးဝယ်ထွက်ချိန်မှာ လူတော်တော်များများက ငါ့ကို သေချာပေါက် မနာလိုဖြစ်လိမ့်မယ်။ ကျေးဇူးတင်ပါတယ်၊ အန်ဒီ”

“အဲဒါတွေ ပြောဖို့ မလိုပါဘူး။ ဒါက ငါ့ရဲ့သားသမီးဝတ္တရားပဲလေ”အန်ဒီက ကမန်းကတန်း ပြောလိုက်သည်။

သားသမီးဝတ္တရားလား။ ဟုတ်တာပေါ့၊ ဒါက သားသမီးဝတ္တရားနဲ့ တူတာပေါ့။

နက်နက်ရှိုင်းရှိုင်းစဉ်းစားပြီးနောက် စုလင်းယွမ်က ပြောလိုက်သည် “လက်ရှိမှာ ရှုအာရဲ့မောင်းမတွေအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ငါ ဆွေးနွေးနေတာ၊ အန်ဒီ။ ခန်းရှရဲ့နာမည်ကို ငါ ရေးထားပြီးပြီ။ မင်းမှာ ငါ စာရင်းသွင်းလို့ရမယ့်အခြားနာမည်တစ်ခုခုရှိလား”

အန်ဒီက ကမန်းကတန်း ပြန်ဖြေလိုက်သည် “ဘာလို့ ငါ့နာမည်ကို မရေးတာလဲ။ ငါ့နာမည်ကို စာရင်းထည့်လိုက်ရင် ငါ အရမ်းဝမ်းသာမှာ”

“ဖူး…ဟားဟားဟား…”

စုလင်းယွမ်က မရယ်ဘဲ မနေနိုင်ပေ၊ ကူရှောက်ရွှယ်က ရယ်ရမလားငိုရမလားမသိဘဲ အန်ဒီအား လေးစားစွာ ကြည့်လိုက်သည်။

သူမက တကယ်ကို သတ္တိရှိတာပဲ။

ဤကဏ္ဍတွင် သူမက အန်ဒီ၏ပြိုင်ဘက်ဖြစ်ရန် အများကြီးလိုသည်ကို ကူရှောက်ရွှယ်က ဝန်ခံလိုက်သည်။

စုလင်းယွမ်က မှတ်တမ်းစာအုပ်အား ပြုံးလျက် ဆုပ်ကိုင်လိုက်ပြီး အန်ဒီ၏နာမည်အား စာမျက်နှာကိုးတွင် ရေးလိုက်သည်။ ထို့နောက် သူမက ပြုံးကာ မေးလိုက်၏ “အခု ဘယ်လိုလဲ။ မင်း ပျော်ပြီလား”

“အာ၊ အမ်၊ အမ်၊ အမ်။ အရမ်းကျေနပ်တယ်၊ အရမ်းဝမ်းသာတယ်။ ကျေးဇူးတင်ပါတယ်၊ အမေ”တောက်ပသောအပြုံးတစ်ခုက အန်ဒီ၏ချစ်စရာကောင်းသောမျက်နှာတွင် ထွက်ပေါ်လာပြီး သူမက ထပ်ခါတလဲလဲခေါင်းညိတ်လိုက်သည်။

အမေလား။

စုလင်းယွမ်၏မျက်နှာပေါ်ရှိ ပျော်ရွှင်နေသောအပြုံးက ပိုတောက်ပသွား၏၊ စုလင်းယွမ် သတိမပြုမိသည့်အချိန်တွင် သူမဘေးနားရှိ ကူရှောက်ရွှယ်က တိတ်တဆိတ်လက်မထောင်ကာ ချီးကျူးလိုက်သည်။ ဒီလိုမြန်မြန်ဆန်ဆန်မိတ်ဆက်တာက…ဒါက ဒီလောက်တောင် မြန်တာပဲ။

ခဏကြာပြီးနောက် အန်ဒီက ပျော်ရွှင်စွာ ထွက်ခွာသွားသည်၊ ကူရှောက်ရွှယ်က ထွက်ခွာသွားမည်ပြင်စဉ် တံခါးထပ်ခေါက်လာပြန်၏။

သူမ၏ပုံမှန်အနက်ရောင်ဝတ်ရုံနှင့်၊ သို့သော် ကြေးမျက်နှာဖုံးတော့ မတပ်ထားပေ၊ ထန်အန်းက ကြာစေ့စွပ်ပြုတ်တစ်ပန်းကန်ကို သယ်လျက် အထဲသို့ ဝင်လာသည်။ သူမက စုလင်းယွမ်ရှေ့သို့ ရောက်လာသောအခါ ကူရှောက်ရွှယ်အား ပြုံးကာ တစ်ချက်ကြည့်လိုက်ပြီးနောက် စုလင်းယွမ်အား ပြေလိုက်သည် “ဒီည အန်တီညစာစားတာကို ငါ မမြင်ရသေးဘူး၊ ဒါကြောင့် ဒီကြာစေ့စွပ်ပြုတ်ကို အန်တီအတွက် လုပ်လာပေးတာ။ အန်တီ ဒါကို ကြိုက်လား”

သို့သော် ထိုသို့ပြောပြီးနောက် ထန်အန်းက အနည်းငယ်ရှက်ရွံ့နေသည်။

စုလင်းယွမ်က သံသယအကြည့်ကို ထုတ်ဖော်လျက် တုံ့ဆိုင်းသွားသည် “မင်း ဘယ်သူလဲ၊ မစ္စ”

“ထန်အန်းပါ”ထန်အန်းက ညင်သာစွာ ပြန်ပြောသည်။

ထန်အန်းလား။

စုလင်းယွမ်က ထန်အန်းအား အကြိမ်များစွာ မြင်ဖူးသော်လည်း ဒါက သူမ၏အစစ်အမှန်မျက်နှာကို မြင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထန်အန်းက ဒီလိုပြိုင်ဘက်ကင်းသောအလှပိုင်ရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟု သူမက ဘယ်တော့မှ အိပ်မက်မမက်ခဲ့ပေ။

သို့သော် စုလင်းယွမ်၏စိတ်ထဲသို့ ဝင်လာသည့် ပထမဆုံးအတွေးက သနားခြင်းပင်။ ဒီလိုလှပေသောမိန်းကလေးတစ်ယောက်၊ သို့သော် သူမက အနက်ရောင်ဝတ်စုံကို အမြဲတမ်း ဝတ်ဆင်ထားပြီး ကြေးမျက်နှာဖုံးကိုပင် တပ်ဆင်ထားရသည်။

“ကောင်းပါပြီ၊ ငါ သောက်လိုက်ပါ့မယ်။ ဒီကြာစေ့စွပ်ပြုတ်ကို ငါ တကယ် နှစ်သက်တယ်”

စုလင်းယွမ်က ထမင်းစားပြီးသည်မှာ သိပ်မကြာသေးပေ၊ သို့သော် သူမက ထန်အန်းအား ထုတ်မပြပေ၊ သူမက စွပ်ပြုတ်ပန်းကန်ယူကာ တစ်ဝက်သောက်ပြီးနောက် စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် ထန်အန်း၏လက်ကို ဆွဲကာ သူမအား ဘေးနားတွင် ထိုင်စေလိုက်သည်။ သူမ၏အခြားလက်က မှတ်တမ်းစာအုပ်ကို ယူပြီးနောက် ညင်သာသောအသံနှင့် မေးလိုက်၏ “ဒီမှတ်တမ်းစာအုပ်ထဲမှာ ရေးထားတဲ့ နာမည်ကိုးခုရှိတယ်။ မင်းရော မင်းရဲ့နာမည်ကို ဒီထဲမှာ စာရင်းထည့်သွင်းချင်လား”

ထန်အန်းက ကူရှောက်ရွှယ်အား တစ်ချက်ခိုးကြည့်လိုက်သည်။ ကူရှောက်ရွှယ်၏မျက်နှာပေါ်တွင် ကျီစားသောအကြည့်တစ်ခုရှိနေကာ သူမနှလုံးသားအား အားနည်းသွားစေသည်။ သူမက ချက်ချင်းခေါင်းငုံ့ကာ ရှက်သွေးဖြာလျက် အနည်းငယ် ခေါင်းငုံ့လိုက်သည်။

စုလင်းယွမ်၏အပြုံးက အထူးသဖြင့် တောက်ပသွားပြီး သူမက စာမျက်နှာတစ်ဆယ်ကို ဖွင့်ကာ ထန်အန်း၏မျက်နှာပေါ်တွင် ရေးလိုက်၏။ ထို့နောက် သူမက ပြုံးလျက် ပြောလိုက်သည် “နောက်ကျရင် ငါ့ကို အမေလို့ ခေါ်ပေါ့၊ ဟုတ်ပြီလား”

“အမ်…”

ထန်အန်း၏မျက်နှာပေါ်ရှိ အနီရောင်က ပိုနီရဲသွားပြီး သူမက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူမက စုလင်းယွမ်အား မော့ကြည့်ကာ ပြောလလိုကသည် “အမေ…နောက်နာမည်တစ်ခုကို ထည့်ရေးလို့ရလား”

“ဘယ်သူ့နာမည်လဲ”စုလင်းယွမ်က ပဟေဠိဖြစ်သွားသည်။

“ကုန်းဝမ်အာ”ထန်အန်းက ပြောလိုက်သည်။

စုလင်းယွမ်က အံ့အားသင့်သွားသည်။ “ကုန်းဝမ်အာနဲ့ရှုအာက ဒီလိုမျိုး…”

“မဟုတ်ပါဘူး။ ဒါပေမယ့် ခံစားချက်တွေက နောက်ကျရင် ဖြစ်လာနိုင်တာပဲ”ထန်အန်းက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဒါပေမယ့် ကုန်းဝမ်အာရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက အရမ်းထူးခြားပြီး ဆရာအဘိုးရဲ့ကျင့်ကြံခြင်းအတွက် အရမ်းအကျိုးရှိတယ်”

“သူမကရော ဒီကိစ္စကို လက်ခံလား”စုလင်းယွမ်က တုံ့ဆိုင်းသွားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမနဲ့ ပြောပြီးပြီ၊ သူမလဲ ဆရာအဘိုးကို သဘောကျတယ်”ထန်အန်းက ပြော၏ “သူမရဲ့တစ်သက်မှာ ဆရာအဘိုးထက် ပိုကောင်းတဲ့တစ်ယောက်ကို ဘယ်တော့မှ မမြင်ဖူးဘူးလို့ သူမက ပြောတယ်”

“ဒါဆို ငါ သူမကိုလဲ စာရင်းထဲ ထည့်လိုက်မယ်”စုလင်းယွမ်က ပြော၏ “ဒါပေမယ့် အန်းလေး၊ နောက်ကျရင် ရှုအာကို ဆရာအဘိုးလို့ ထပ်မခေါ်နဲ့တော့။ သူ့နာမည်ကို တိုက်ရိုက်ခေါ်ပါ”

“ဒါကတော့…ကောင်းပါပြီ…”ထန်အန်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်အန်းက ထွက်သွားသည်၊ ကူရှောက်ရွှယ်က ပြောလိုက်၏ “အမေ၊ ငါ့ကို အနားယူစေချင်လား ဒါမှမမဟုတ် အမေနဲ့အတူ စကားပြောဖို့ ငါ့ကို နေစေချင်လား”

“ဒါက ငါ့ရဲ့ရည်ရွယ်ချက်အတိအကျပဲ၊ ကလေး”စုလင်းယွမ်က ရယ်လျက် ပြောလိုက်သည် “အန်ဒီနဲ့ထန်အန်းက လာပြီးပြီ။ နောက်ထပ်ဘယ်သူလာမလဲဆိုတာ ငါ သိချင်တယ်”

နန်းတော်အပြင်ဘက်တွင်။

ကူဝါကိုက ရည်ရွယ်ချက်ရှိရှိဝတ်ဆင်ထားမှန်း သိသာသည်။ သူမ၏ဝတ်ရုံရှည်က တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူမက နန်းတော်အရှေ့တွင် ရပ်နေသည်။ တံခါးအပြင်ဘက်ရှိ အစောင့်နှစ်ယောက်က စိုက်ကြည့်နေခြင်းကြောင့် သူမက မျက်နှာပူနေမိသည်။

“ဟမ်”

ရုတ်တရက် သူမ၏အမူအရာက ပြောင်းလဲသွားပြီး သူမက တိုင်းပြည်တစ်ခုကိုပင် ပျက်ဆီးစေနိုင်သည့် အလှပိုင်ရှင်အမျိုးသမီးတစ်ယောက်အား ကြည့်လိုက်သည်။ အထဲမှ ထွက်လာသောအလှလေးက သူမအား မယုံကြည်နိုင်စွာ ဖြစ်စေသည်။ ဤအချိန်တွင် ဤပြိုင်ဘက်ကင်းအလှလေး၏အရှိန်အဝါက သူမအတွက် အတော်လေးရင်းနှီးကျွမ်းဝင်သည်၊ ဒါက ထန်အန်းများလား…။

သူမက…

ကူဝါကိုက ထန်အန်း၏လမ်းကို ပိတ်ကာ မေးလိုက်သည် “မင်းက ထန်အန်းမလား”

“ဟုတ်တယ်”ထန်အန်းက ခေါင်းညိတ်လိုက်သည်။

ကူဝါကို၏မျက်လုံးများက နန်းတော်တံခါးအနောက်ရှိ အတွင်းပိုင်းထဲသို့ ပြောင်းသွားကာ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူမက မေးလိုက်၏ “မင်းက အထဲမှာ…ဘာအတွက်…”

“စာရင်းသွင်းတာ…”

ထန်အန်းက စကားတစ်လုံးတည်းနှင့် ပြန်ဖြေသည်။ ထို့နောက် သူမပုံရိပ်က လက်သွားကာ ရုတ်ချည်း ပျောက်ကွယ်သွား၏။

စာရင်းသွင်းတာလား။

ကူဝါကိုက တစ်ခုခုအား သိလိုက်ပုံရကာ တုံ့ဆိုင်းမနေတော့ပေ။ သူမက နန်းတော်ထဲသို့ ပျံသန်းသွားကာ ဒုတိယအထပ်သို့ ရောက်လာသည်။ သူမက စုလင်းယွမ်၏တည်နေရာအား မေးရန် အထဲရှိ သံတမန်တစ်ယောက်အား တားမည်ပြင်စဉ် စင်္ကြံလမ်းတွင် ရပ်နေသော ဗီဗီရာနီအား ရုတ်တရက် သတိပြုမိလိုက်သည်။

“မင်းလဲ…”

ကူဝါကိုက ဗီဗီရာနီထံ ရောက်လာကာ အံ့အားသင့်လျက် မေးလိုက်သည်။

“အမ်။ ငါ နည်းနည်းကြောက်မိတယ်”ဗီဗီရာနီက အားတင်းပြုံးလိုက်၏။

ကူဝါကိုက ဘယ်လိုလုပ် မကြောက်လန့်ရမှာလဲ။ လွန်ခဲ့သောခဏက သူမက နန်းတော်အပြင်ဘက်တွင် မိနစ်အနည်းငယ်ကြာ ရပ်တန့်လျက် တုံ့ဆိုင်းနေသည်။။ ထန်အန်းကြောင့် မဟုတ်လျှင် သူမက အထဲသို့ ဝင်ရန် သတ္တိမရှိပေ။ ဗီဗီရာနီ၏မျက်နှာပေါ်တွင် ရှုံ့မဲ့ပြုံးကို ကြည့်ရင်း ကူဝါကိုက တစ်ခုခုနှင့် ပတ်သက်ပြီး သေချာသလို ရုတ်တရက် ခံစားမိကာ ပြုံးလိုက်သည်။ ထို့နောက် သူမက သူမ၏လက်ကို ဆွဲကာ ပြောလိုက်သည် “တကယ်တော့ ငါလဲ မင်းလို နည်းနည်းကြောက်ပါတယ်။ ဒါပေမယ့် ထန်အန်းက ဒီနေရာကို ရောက်လာပြီဆိုမှတော့ ငါတို့က ကြောက်ဖို့ လိုသေးတယ်လို့ မင်း ထင်လား”

“ဒါပေမယ့်…ဂိုဏ်း…သူက…ငါတို့ကို စိတ်မဝင်စားရင်ရော။ ငါတို့ ဘာလုပ်သင့်လဲ”ဗီဗီရာနီက ချီတုံချတုံဖြစ်သွားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ရပ်တည်ချက်ကို ငါ စုံစမ်းမေးမြန်းပြီးပြီ။ ခန်းရှ၊ အိုးရန်လုလု၊ မုဝမ်ရင် သို့မဟုတ် ရွှယ်ယုပဲဖြစ်ဖြစ် ဘယ်အမျိုးသမီးတစ်ယောက်ကိုမှ သူက မလိုက်ခဲ့ဘူး။ သူတို့အားလုံးကပဲ သူ့ကို စတင်လိုက်ခဲ့တာ။ သူတို့ကို လုပ်နိုင်ရင် ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဒါ့မပြင် ငါတို့ရဲ့အသွင်အပြင်၊ ရုပ်ရည်နဲ့ ကျင့်ကြံခြင်းအဆင့်အရ သူတို့ကို ရှုံးမယ်လို့ ငါ မထင်ဘူး”

All Chapters