← Chapters

ထိခိုက်နစ်နာစေသောစတန့်များ

Vol. 90 Ch. 1254

ထိခိုက်နစ်နာစေသောစတန့်များ

Vol. 90 Ch. 1254

ဧည့်ခန်းထဲတွင် စုလင်းယွမ်နှင့်ကူရှောက်ရွှယ်တို့က စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက အပြင်ဘက်စင်္ကြံလမ်းရှိ စကားသံများကို ရှင်းရှင်းလင်းလင်းကြားရသည်။ ကူရှောက်ရွှယ်ပင် ကူဝါကိုနှင့်ဗီဗီရာနီတို့၏အသံများအား ခွဲခြားနိုင်သည်။

ခရက်…

တံခါးခေါက်သံနှစ်ချက်နှင့်အတူ အပြင်ဘက်မှ တံခါးတွန်းဖွင့်လိုက်သည်။ ကူဝါကိုနှင့်ဗီဗီရာနီတို့က တံခါးတွင် ထွက်ပေါ်လာကာ စုလင်းယွမ်က တောက်ပသောအပြုံးနှင့် ထရပ်လိုက်သည်။ ထို့နောက် အမျိုးသမီးနှစ်ယောက်က သူမထံ ရောက်လာပြီး သူမက ပြုံးလျက် ပြောလိုက်၏ “မင်းတို့ပြောတာ ငါ ကြားပြီးပြီ။ မင်းတို့နှစ်ယောက်လုံးက ကျန်တဲ့လူတွေထက် မဆိုးပါဘူး။ ရှုအာက မင်းတို့နှစ်ယောက်လုံးဆီက အချစ်ကို ရတဲ့အတွက် ငါ အရမ်းပျော်ပါတယ်”

“အန်တီ…”

ကူဝါကိုက ပါးစပ်ဟလိုက်သည်၊ သို့သော် ရှက်ရွံ့မှုကြောင့် သူမက ဘာတစ်ခုမှ မပြောနိုင်ပေ။

သူတို့လက်များအား ကိုင်ထားရင်း စုလင်းယွမ်က ပြုံးကာ ပြောလိုက်သည် “မင်းတို့နှစ်ယောက် ဘာမှ ထပ်ပြောဖို့ မလိုဘူး။ မင်းတို့ရဲ့စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါ သိပြီးသားပါ။ နောက်ကျရင် ကျန်တဲ့လူတွေလိုပဲ မင်းတို့နှစ်ယောက်လုံး ငါ့ကို အမေလို့ ခေါ်သင့်တယ်”

“ဒါက…”

ကူဝါကိုနှင့်ဗီဗီရာနီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အမေဟု ခေါ်လိုက်ကြသည်။

ဝမ်းသာသောမျက်နှာနှင့် စုလင်းယွမ်က ပြောလိုက်သည် “မင်းတို့က ငါ့ကို အမေလို့ ခေါ်တဲ့အတွက် အခုကစပြီး မင်းတို့က ငါ့ရဲ့ချွေးမတွေပဲ။ မင်းတို့ရဲ့လူမျိုးနဲ့နိုင်ငံက ဘာပဲဖြစ်ဖြစ် ငါ မင်းတို့ကို ခွဲခြားမှာ မဟုတ်ဘူး။ အခုကစပြီး မင်းတို့နှစ်ယောက်က မဟာထန်အင်ပါယာရဲ့မိခင်တွေပဲ”

ထိုသို့ပြောပြီးနောက် သူမက မှတ်တမ်းစာအုပ်ကို ယူကာ သူတို့၏နာမည်များအား ရေးလိုက်သည်။

ခဏကြာပြီးနောက် အမျိုးသမီးနှစ်ယောက်က ပျော်ရွှင်သောမျက်နှာများနှင့် ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားပြီးနောက် စုလင်းယွမ်က တံခါးပိတ်လိုက်သည်။ ထို့နောက် သူမက ကူရှောက်ရွှယ်ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏ “ရှောက်ရွှယ်၊ ရှုအာက မင်းတို့လို ထူးချွန်တဲ့မိန်းကလေးဆီက အချစ်ကို ရနိုင်တဲ့အတွက် သူက တကယ်ကို ကောင်းချီပေးခံရတာပဲ။ စိတ်အေးအေးထားပါ။ အနာဂတ်မှာ သူက မင်းတို့ကို အနိုင်ကျင့်ရင် အမေက သူ့ကို သေချာပေါက် သင်ကြားပေးလိမ့်မယ်”

ရုတ်တရက် ကျောထောက်နောက်ခံတစ်ခု ရလာသည့်အတွက် ကူရှောက်ရွှယ်က ရယ်ကာ ပြောလိုက်သည် “ငါလဲ ထန်ရှုက ကောင်းကောင်းဆက်ဆံပါ့မယ်၊ အမေ”

နောက်အခိုက်အတန့်တွင် စုလင်းယွမ်နှင့်ကူရှောက်ရွှယ်တို့က နားနေခန်းထဲတွင် သုံးနာရီကြာ နေခဲ့ကြသည်၊ တစ်ယောက်မှ မရောက်လာတော့သဖြင့် သူတို့က ထွက်လာခဲ့ကြ၏။

လရောင်အောက်ရှိ တောင်ကုန်းတစ်ခုပေါ်တွင်။

ခန်းရှက သစ်ပင်တစ်ပင်ကို မှီလျက် ထိုင်နေသည်။ ခပ်ဖျော့ဖျော့အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ရေးဆွဲထားလျက် ရှိသည်၊ ထန်ရှုက သူမဘေးနားရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ရှုပ်ထွေးသောအမူအရာတစ်ခု ရှိနေလေသည်။

“ဘာလို့ မျက်နှာက စိတ်ပျက်နေရတာလဲ”ခန်းရှက သူမ၏အမြင်အာရုံအား နန်းတော်မှ ပြန်ရုပ်သိမ်းကာ ထန်ရှုဘက် လှည့်ရင်း မေးလိုက်သည်။

“ဒီလိုကိစ္စတွေ ဖြစ်နေတာကို ငါက ပျော်ရွှင်ရမယ်လို့ မင်းက ထင်တာလား”ထန်ရှုက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ငါက ဒီလောက်များတဲ့အချစ်တွေကို အကြွေးတင်နေတာ။ ဒီအကြွေးတွေကို အနာဂတ်မှာ ဘယ်လိုပေးချေရမှာလဲ။ ပြီးတော့ အမေက ငါ့ကို ပိုဆိုးအောင် လုပ်နေတာ၊ သူမရဲ့ထိခိုက်နစ်နာစေတဲ့စတန့်တွေနဲ့အတူ ငါ့ကို ပိုစိတ်ဓာတ်ကျစေတာပဲ။ ဘာလို့ သူမက ဒီလိုစာရင်းသွင်းတာကို လုပ်ရတာလဲ၊ ဒါက ရှေးခတ်အင်ပါယာတွေနဲ့ ဘာကွာခြားစေတော့မှာလဲ”

“ရှင် ကျွန်မကို ပြော”ခန်းရှက ပြုံးဖြဲဖြဲလုပ်လျက် ကျီစာလိုက်သည် “မဟာထန်အင်ပါယာတည်ထောင်ပြီး ရှင်က ဘုရင်လုပ်တယ်၊ ဘယ်တစ်ခုက ရှေးခေတ်အင်ပါယာတွေနဲ့ ကွာခြားလို့လဲ”

ထန်ရှုက မျက်လုံးလိမ့်လျက် ပြန်ပြောလိုက်သည် “ဒါက ကွာခြားတာပေါ့။ အကြီးကြီးပဲ။ ရှေးဘုရင်တွေက အမျိုးသမီးတွေကို ဒုတိယအတန်းစားအုပ်စုအနေနဲ့ သတ်မှတ်ထားတာ၊ သူတို့က မိဘုရားတွေ၊ ကိုယ်လုပ်တော်တွေ အများကြီး ယူကြတယ်။ အခု ငါတို့က ဘယ်ခေတ်မှာ ရှင်သန်နေတာလဲ၊ ဘာလို့ ဒီလိုအိုင်ဒီယာတစ်ခုကို ငါတို့က ထိန်းသိမ်းရမှာလဲ။ ဒီလောက်များတဲ့အမျိုးသမီးတွေကို လက်ထပ်တာက သေချာပေါက် ငါ့ကို မောပန်းပြီး သေအောင် လုပ်တာ မဟုတ်လား”

“ဖူး…ဟီးဟီးဟီး…”

ခန်းရှက ရယ်ကာ တုံ့ပြန့်လိုက်သည်။ “ဒါက ရှင့်အတွက် တကယ်ပဲ အပေါစားဆန်ပြီး သက်သောင့်သက်သာမရှိတာလား”

“ငါ တကယ်ပဲ ဒီလိုသက်သောင့်သက်သာရှိမှုမျိုးကို မလိုချင်ပါဘူး”ထန်ရှုက တုံ့ဆိုင်းလျက် ပြော၏။

ခန်းရှက အလေးအနက်ထားလျက် ပြန်ပြော၏ “ဘာလို့ အမေက ရှင့်ရဲ့အချစ်ပြဿနာတွေကို ဖြေရှင်းပေးနေသလဲဆိုတာ ရှင် မသိဘူးလို့ ကျွန်မကို မပြောနဲ့နော်။ ရှင် ပခုံးထမ်းနေရတဲ့တာဝန်က ဘယ်လောက်ကြီးသလဲဆိုတာ သူမက နားလည်တယ်၊ ဒါကြောင့် ရှင့်ရဲ့အချစ်အရှုပ်အထွေးကို သူမက ရှင်းလင်းအောင် လုပ်ပေးနေတာပဲ။ ရှင့်ကို ဂရုစိုက်တဲ့၊ သဘောကျတဲ့အမျိုးသမီးတွေကို ရှင့်ရဲ့မောင်းမတွေအဖြစ် အဆင့်အတန်းတစ်ခုပေးဖို့ သူမက ရှင့်ကို ကူညီဖို့ ဆန္ဒရှိနေတာ”

ဉာဏ်ကောင်းသောလူတစ်ယောက်အနေနှင့် ထန်ရှုက အခြေအနေအား နားမလည်နိုင်သည်တော့မဟုတ်။ ဒါက သူက သူ့အမေအား ဤကိစ္စအား ဖြေရှင်းရန် ခွင့်ပြုချက်ပေးသည့်အကြောင်းပြချက်လည်း ဖြစ်သည်။

ဒါပေမယ့် ဘာလို့ အန်ဒီ၊ ထန်အန်း၊ ကုန်းဝမ်အာ၊ ဗီဗီရာနီနဲ့ ကူဝါကိုတို့ကပါ ပါနေရတာလဲ။ ကူရှောက်ရွှယ်ကတောင် စာရင်းထဲ ပါနေတယ်။ ဒါက ထိခိုက်နစ်နာစေတဲ့စတန့်အချို့ကို ဆွဲထုတ်တာနဲ့ အတူတူပဲ မဟုတ်လား။

ရုတ်တရက် သူက ခန်းရှအား လှည့်ကြည့်ကာ မေးလိုက်သည် “ဒါတွေကြောင့် မင်းက စိတ်အနှောင့်အယှက်မဖြစ်ဘူးလို့ ငါ့ကို မပြောဘူးမလား”

“ငါ ဘာမှ မခံစားရဘူးလို့ ပြောရင် လိမ်တာပဲ”ခန်းရှက ခေါင်းခါယမ်းကာ ဆက်ပြော၏ “လူတိုင်းမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ အတိုင်းအတာတစ်ခုလောက် ရှိတာပဲ၊ အထူးသဖြင့် ပါတနာတွေနဲ့ ပတ်သက်ပြီးတော့ပဲ။ ဒါပေမယ့် ရှင်က ဘယ်လောက်တော်တယ်၊ ထက်မြက်သလဲဆိုတာ ကျွန်မ သိတယ်။ ဒီတော့ ရှင့်ကို ကျွန်မတစ်ယောက်တည်း ပိုင်ဆိုင်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါပေမယ့် ဒါက ကျွန်မအတွက် ဘယ်လိုပဲ ဆန္ဒမရှိရှိ၊ နာကျင်စရာကောင်းနေပါစေ၊ ဒီခံစားချက်တွေကို ကျွန်မက ဖိနှိပ်ရမှာပဲ။ ကျွန်မက ရှင့်ကို မဆုံးရှုံးချင်ဘူး။ ရှင့်ရဲ့နှလုံးသားထဲမှာ ကျွန်မအတွက် နေရာတစ်ခုရှိဖို့ပဲ ကျွန်မ မျှော်လင့်တယ်၊ သူတို့ရဲ့စိတ်ထဲမှာလဲ အဲလိုပဲ ရှိတယ်ဆိုတာ သေချာတယ်”

ထန်ရှုက သူ့လက်အား ညင်သာစွာ မြှောက်လိုက်သည်၊ စွမ်းအင်အမျှင်တစ်ခုက ခန်းရှအား ရစ်ပတ်သွားပြီး သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူက သူမ၏ ဆံပင်အား ပွတ်သပ်ပေးရင်း တောင်းပန်သောမျက်နှာနှင့် ပြောလိုက်သည် “အရာအားလုံးအတွက် ငါ တောင်းပန်ပါတယ်”

“ကျွန်မကို ဒါမှမဟုတ် အခြားဘယ်သူ့ကိုမှ တောင်းပန်ဖို့ မလိုပါဘူး”ခန်းရှက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါက ကျွန်မတို့အားလုံးလုပ်ခဲ့တဲ့ရွေးချယ်မှုတစ်ခုပဲ၊ ရှင်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါပေမယ့် ကျွန်မက ရှင့်ရဲ့အမျိုးသမီးဖြစ်ဖို့အပြင် ရှင့်အတွက် ဆေးတစ်လက်လဲ ဖြစ်ချင်တယ်ဆိုတာ ဝန်ခံတယ်”

“မင်းက ဘာဆိုလိုတာလဲ”ထန်ရှု၏လက်က ရပ်သွားပြီး စိတ်ရှုပ်ထွေးသောအကြည့်တစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာတွင် ထွက်ပေါ်လာသည်။

ထန်ရှု၏ရင်ဘက်အား မှီရင်း ခန်းရှက ပြောလိုက်သည် “ရှင့်ရဲ့ရင်ထဲမှာ နက်ရှိုင်းတဲ့ဒဏ်ရာရှိနေတယ်ဆိုတာ ကျွန်မ သိထားတာ ကြာပြီ၊ ဒါကြောင့် ရှင့်ရဲ့ကျိုးပဲ့နေတဲ့နှလုံးသားကို ကုသပေးနိုင်တဲ့ဆေးတစ်ခုအဖြစ် ကျွန်မ ပြောင်းလဲချင်တယ်။ ကျွန်မဆိုလိုတာက…ရှင်က အဲဒါကို လက်မလွှတ်နိုင်သေးဘူးဆိုရင် ရှင်က သူမကို သွားရှာနိုင်ပါသေးတယ်။ သူမက ရှင့်ရဲ့နှလုံးသားထဲမှာ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်းနေရာယူထားသလဲဆိုတာ ကျွန်မ သိတယ်၊ ကျွန်မတို့ဒါဇင်ပေါင်းလိုက်ရင်တောင် ရှင့်ရဲ့နှလုံးသားထဲမှာ သူမရဲ့နေရာကို ယှဉ်ဖို့ မလုံလောက်ပါဘူး”

ထန်ရှု၏အသားအရောင်က ရုတ်ချည်း အေးခဲသွားပြီး သူက ခေါင်းခါယမ်းလိုက်သည် “ခန်းရှ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ရဲ့စိတ်ကို ရှင်းလင်းထားပြီးပြီ။ သူမရှိမှာရှိတဲ့ငါ့ရဲ့အချစ်က သူမ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ပြီးကတည်းက မရှိတော့ဘူး၊ ကျန်ခဲ့တာတွေက နောင်တနဲ့အမုန်းပဲ။ ငါက ကိုယ်လမ်းကိုယ်လျှောက်မယ်၊ သူမလဲ သူမရဲ့လမ်းကြောင်းအတိုင်း လုပ်ဖို့ ပြောခဲ့ပြီးကတည်းက သူမနဲ့ငါ့ကြားက ကြိုးတစ်ချောင်းကို ဖြတ်ခဲ့ပြီးပြီ။ ငါတို့က ဘယ်တော့မှ ထပ်ပတ်သက်ဆက်နွယ်တော့မှာ မဟုတ်ဘူး”

ခန်းရှက မော့ကြည့်လိုက်ပြီး သူမ၏တောက်ပသောမျက်လုံးများက ထန်ရှုအား တင်းကြပ်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည် “ဒါဆို ရှင်က သူမကို မချစ်တော့ဘူးဆိုရင် အဲဒီအမုန်းက ဘယ်နေရာက လာတာလဲ။ ရှင့်ရဲ့နှလုံးသားက နူးညံ့လွန်းတယ်၊ အထူးသဖြင့် ရှင့်ရဲ့အချစ်ဟောင်းကို ရင်ဆိုင်ရတဲ့အခါမှာပေါ့။ ရှင်က အဲဒါကို လက်မလွှတ်နိုင်ပါဘူး။ မဟုတ်ရင် ရှင်က လက်စားချေဖို့၊ ဂိုဏ်းတစ်ခုတည်ထောင်ဖို့၊ အင်မော်တယ်ကမ္ဘာကို ပြန်ဖို့ဆိုတာတွေကို စဉ်းစားမှာ မဟုတ်ဘူး။ ဒါ့အပြင် ရှင်နဲ့ ပတ်သက်ပြီး ကျွန်မအနှစ်သက်ဆုံးက ဘာလဲဆိုတာ ရှင် သိလား”

“ဘာလဲ”ထန်ရှုက မျက်မှောင်ကြုတ်လိုက်သော်လည်း မငြင်းခုံခဲ့ပေ။

“အဲဒါက ရှင့်ရဲ့ကြင်နာမှုပဲ”ခန်းရှက ပြောသည် “အကြောင်းပြချက်အားလုံးကို ဖော်ထုတ်ပြီးတဲ့အခါမှာ ရှင်က သူမရဲ့နှလုံးသားကို ဓားနဲ့ ထိုးခဲ့ပြီးဖြစ်လိမ့်မယ်။ ရှင်က သူမရဲ့စိတ်ဝိညာဉ်ကို ပြန့်ကျဲစေပြီး သူမကို ရှင့်ရဲ့နှလုံးသားကနေ ထာဝရပျောက်ကွယ်သွားအောင် လုပ်ပြီးဖြစ်လိမ့်မယ်”

ဒါက…တကယ်ပဲ အဲလိုဖြစ်နေတာလား။

ထန်ရှုက ငေးငိုင်သွားသည်။ ဤအတွေးက သူ့စိတ်ထဲတွင် ပြည့်နှက်လာသောအခါ ရှုပ်ထွေးသောအကြည့်တစ်ခုက သူ့မျက်လုံးများထဲတွင် ထွက်ပေါ်လာပြီး ပိုပိုပြင်းထန်လာသည်။ ဒါက သူ ဝန်ခံရန် တွန့်ဆုတ်နေရသည့်အရာဖြစ်သည်။ သူ့နှလုံးသားထဲတွင် သူမအား ထွက်သွားရန် ခွင့်မပြုနိုင်သည့် အစိတ်အပိုင်းတစ်ခု တစ်ကယ်ပင် ရှိသည်။

“အချိန်အချို့ပြီးရင် ငါ တရုတ်ကို ပြန်သွားမယ်”ထန်ရှုက ရုတ်တရက် ပြောလိုက်၏။

“ကျွန်မကို ရှင်နဲ့အတူ လိုက်သွားစေချင်လား”ခန်းရှက မေးလိုက်သည်။

“မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒီတစ်ကြိမ် ပြည်မကို ပြန်တာက အနားယူရုံတင်မဟုတ်ဘူး၊ တရုတ်အာဏာပိုင်တွေ တည်ဆောက်ထားတဲ့ ဌာနချုပ်ရဲ့တိုးတက်မှုကို တစ်ချက်သွားကြည့်ဖို့ပဲ။ ပြောရမယ်ဆိုရင် ငါ အများကြီး မလုပ်နိုင်ဘူးဆိုပေမယ့် အနည်းဆုံး ငါ မထွက်သွားခင် ကမ္ဘာပေါ်က လူသားမျိုးနွယ်က ရန်သူတွေကို ရင်ဆိုင်တဲ့အခါမှာ ကာကွယ်နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာကို မြင်နိုင်ဖို့ ငါ မျှော်လင့်တယ်”

ခန်းရှက တွန့်ဆုတ်လျက် မေးလိုက်သည် “ဒါဆို ကျွန်မတို့တွေ…တကယ်ပဲ… အနာဂတ်မှာ ဒီနေရာကို မပြန်လာတော့ဘူးလား”

“ငါတို့တွေ ပြန်လာမှာပါ”ထန်ရှုက ပြောလိုက်သည် “အဲဒါက ရာစုနှစ် ကြာနိုင်တယ်၊ ထောင်စုနှစ်ဒါမှမဟုတ်နှစ်သောင်းချီ ကြာနိုင်တယ်။ အနာဂတ်က ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိဘူးလေ”

All Chapters