ရှန်းဟိုင်သို့ အပြန်
Vol. 90 Ch. 1255
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ထန်ဂိုဏ်းနာမည်အား မဟာထန်အင်ပါယာသို့ ပြောင်းလဲပြီးနောက် လဝက်တွင် သူ၏နေ့စဉ်ဘဝက ချိမဆံဖြစ်သလို ထန်ရှုက ခံစားမိသည်။ မောင်းမစာရင်းပေါ်ရှိ နာမည်များက ပျံ့နှံ့သွားပြီး မဟာထန်အင်ပါယာ၏အဖွဲ့ဝင်အားလုံးက သိသွားခဲ့ကြသည်။
စိတ်အပျက်ဆုံးအပိုင်းက ကာယကံရှင်အမျိုးသမီးများပင် ဖြစ်ရပ်အမျိုးမျိုးများအား ထုတ်ဖော်ခဲ့ကြပြီး မဟာထန်အင်ပါယာ၏မောင်းမအဖွဲ့ဝင်မဖြစ် စာရင်းဝင်ခြင်းက သူတို့အတွက် ကြီးမြတ်သောဂုဏ်ယူမှုတစ်ခုဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။
လွန်ခဲ့သောလဝက်အတွင်း ထန်ရှုက နေ့အချိန်တွင် စစ်တပ်လေးခုဖွဲ့စည်းခြင်းနှင့် အလုပ်များနေပြီး ညဘက်တွင် အမျိုးသမီးများအား အဖော်ပြုပေးခဲ့သည်။ အတူနေရုံမျှသာ၊ ဘာတစ်ခုမှ မလုပ်ခဲ့လျှင်ပင် သူက အပ်များပေါ်တွင် ထိုင်နေသလို ခံစားရ၏။
ငါ အဝေးကို ထွက်ပြေးရမယ်။
နောက်ဆုံးတွင် သူက အရှုံးပေးကာ ကူယန်အာထံ အကြောင်းကြားပြီးနောက် ရှန်းဟိုင်သို့ လေယာဉ်ဖြင့် ကမန်းကတန်း ထွက်လာခဲ့သည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း နဂါးကိုးကောင်ကျွန်းပေါ်ရှိ လေဆိပ်က တိုးတက်လာပြီး တိုင်းပြည်အမျိုးမျိုးအတွက် ပျံသန်းရေးလမ်းကြောင်းများပင် စတင်ပြေးဆွဲနေသည်။ ထို့ကြောင့် ထန်ရှုက စိုင်ဖန်မှ လေယာဉ်စီးစရာမလိုတော့ပေ။
တိမ်များအလယ်ရှိ ဂျက်လေယာဉ်တစ်စီးထဲတွင် ထန်ရှုက ဝိုင်တစ်ငုံသောက်ရင်း သူ့မျက်နှာက အနည်းငယ်ပြုံးနေလေသည်။ ယခုမှ သူက အနားယူနိုင်တော့သည်။
“ဆရာသခင်…”
ထန်အလန်က ဓာတ်ဘူးတစ်ခုကို ကိုင်လျက် လေယာဉ်မှူးခန်းမှ ထွက်လာပြီး ထန်ရှုအရှေ့တွင် ချလိုက်သည်။ သူ့မျက်နှာက စပ်ဖြဲဖြဲနှင့် ပြော၏ “မဒမ်ရှောက်ရွှယ်က ပြောတယ်၊ဆန်ပြုတ်က အစာအိမ်အတွက် ကောင်းပြီး မနက်စောစောစားပေးရမယ်တဲ့။ စွပ်ပြုတ်ကလဲ ဆရာသခင်ရဲ့ခန္ဓာကိုယ်အတွက် ကောင်းတယ်လို့ သူမ ပြောတယ်၊ ဒါကြောင့် ကွန်းဂျီအချို့ကို ထည့်ထားတယ်၊ ဒါက ဆရာ့ကို အဝမလွန်စေရုံတင်မက ဆရာ့ရဲ့ခန္ဓာကိုယ်နဲ့ကျန်းမာရေးကို အားဖြည့်ပေးတယ်တဲ့။ ဟုတ်တယ်၊ ဆရာက လဝက်လောက် အလုပ်ကြိုးစားခဲ့ရတယ်လို့ သူမက ပြောတယ်၊ ကြာစေ့စွပ်ပြုတ်မှာ အသည်းအတွက် ဆေးအချို့ ထည့်ထားတယ်။ အဲဒါက ဆရာသခင်အတွက် အကျိုးရှိစေလိမ့်မယ်လို့ သူမက ပြောတယ်”
အလုပ်ကြိုးစားတာလား။
သူ့ဉီးရေပြားက ထုံသွားသလို ထန်ရှုက ခံစားမိသည်။ ဒါနှင့် ပတ်သက်၍ စဉ်းစားကြည့်လိုက်တော့ သူက တကယ်ကို လဝက်ကြာ အလုပ်ကြိုးစားခဲ့တာပဲ။ အထူးသဖြင့် ခန်းရှ၊ အိုးရန်လုလု၊ မုဝမ်ရင်နှင့် ရွှယ်ယုတို့ကြောင့်ပင်။ သူက ထိုအမျိုးသမီးလေးယောက်အား လေးညအဖော်ပြုပေးခဲ့ပြီး သူတို့က ဆာလောင်သောကျားနှင့်ဝံပုလွေများပမာ ပြောင်းလဲသွားခဲ့ကြသည်။
“ဒီကိစ္စကို ထားလိုက်တော့၊ ဟုတ်ပြီလား”
ထို့နောက် သိုလှောင်လက်စွပ်မှ ကြိုတင်ရေးသားထားသည့်အစီအရင်စာအုပ်အား ထုတ်ကာ ထန်အလန်ထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “မင်းက စစ်ပညာရပ်ကို လေ့လာခဲ့ပြီးပြီ၊ ရှေးခေတ်ကတည်းက ကမ္ဘာမြေပေါ်က စစ်ပွဲတွေရဲ့တိုက်ပွဲနည်းနာတွေနဲ့ မင်းက ရင်းနှီးကျွမ်းဝင်ပြီးပြီ။ ဒါပေမယ့် မင်းက ကျင့်ကြံသူတစ်ယောက်လဲဖြစ်တယ်၊ ဒါကြောင့် ဒီအချိန်မှာ အနားယူတဲ့အနေနဲ့ မင်းခေါင်းထဲက အဲဒီတိုက်ပွဲနည်းဗျူဟာတွေကို ဘေးဖယ်ထုတ်ပြီး အင်မော်တယ်ကမ္ဘာက စစ်ပွဲတွေကို သင်ယူဖို့ ပြင်ဆင်ပါ။ ဒါက နောက်ကျရင် မင်း လေ့လာရမယ့် တိုက်ပွဲဝင်္ကပါတွေနဲ့အစီအရင်တွေရဲ့မှတ်တမ်းတစ်ခုဖြစ်တယ်။ မင်းက အတတ်အမျိုးမျိုးကို ကျွမ်းကျင်ဖို့ လိုအပ်တယ်၊ မင်းက စစ်တပ်ရဲ့ကွန်မန်ဒါဖြစ်ချင်ရင် အစီအရင်ဝင်္ကပါက လေ့လာရမယ့်နယ်ပယ်တစ်ခုပဲ”
ထန်အလန်က အစီအရင်စာအုပ်အား ယူကာ ထန်ရှုရှေ့တွင် ထိုင်လိုက်သည်။ နှစ်မျက်နှာသုံးမျက်နှာလေ့လာပြီးနောက် သူ့မျက်နှာက ပျော်ရွှင်ကျေနပ်မှုဖြစ်လာခဲ့သည်။ လွန်ခဲ့သောသုံးနှစ်အတွင်း သူက မမောမပန်း လေ့လာနေခဲ့သည်၊ အထူးသဖြင့် ကမ္ဘာမြေပေါ်ရှိ ရှေးခတ်နှင့်ခေတ်သစ်စစ်ပွဲများကိုပင်။ ရံဖန်ရံခါတွင် သူက အစီအရင်နှင့်တိုက်ပွဲဝင်္ကပါများအကြောင်း ဖတ်ရန် စာကြည့်တိုက်စံအိမ်ထဲတွင် နေခဲ့သည်၊ ထို့ကြောင့် ဤကဏ္ဍနှင့် ပတ်သက်၍ သူက ဗဟုသုတအနည်းငယ်ရှိသည်။
သို့သော် ဤတိုက်ပွဲဝင်္ကပါစာအုပ်က နဂါးကိုးကောင်ကျွန်းစာကြည့်တိုက်စံအိမ်ထဲရှိအရာများထက် ပိုနက်နဲသိမ်မွေ့သည်ကိုတော့ သူက သေချာသည်။
****
ရှန်းဟိုင်လေဆိပ်တွင်။
ထန်ရှုက တံခါးမှ လှမ်းလိုက်သည်၊ လှေကားအနီးနားတွင် ရပ်နေဿော ကားနှစ်စီးအား မြင်လိုက်ရသည်။ ကားတံခါးပွင့်သွားကာ လူကြီးလေးယောက်က ထွက်လာ၏။ အဖြူရောင်ဝတ်ရုံနှင့်စမတ်ကျသောအမျိုးသမီးတစ်ယောက်က ထွက်လာသည်။ အမျိုးသမီး၏နာမည်က ကောင်းပိုင်လဲ့ဖြစ်ပြီး သူမက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏လက်ရှိမန်နေဂျာဖြစ်သည်။ ယခင်က ခန်းရှနှင့် အိုးရန်လုလုတို့က အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ရသည့်သူ၊ အမေရိကန် Wall Street၏ မန်နေဂျာတစ်ယောက်ဖြစ်သည်။
ထန်ရှုက သူမအား လူကိုယ်တိုင်မမြင်ဖူးပေ။ သို့သော် သူမ၏ဓာတ်ပုံအား မြင်ထားပြီဖြစ်သောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် သူက သူမအား မှတ်မိနိုင်သည်။
“သူဌေး…”
ထန်ရှုက လှေကားမှ ဆင်းလာသည်၊ လူကြီးလေးယောက်က ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။
ကောင်းပိုင်လဲ့က ထန်ရှုအား လေ့လာလိုက်သည်။ ဤလူငယ်နှင့် ပတ်သက်၍ သူမက သိချင်နေသည်မှာ ကြာပြီ။ ကျော်ကြားသောခန်းရှသာမက သူမ၏သူငယ်ချင်းဖြစ်သောအိုးရန်လုလုတို့က ဤလူငယ်၏အမျိုးသမီးများဖြစ်ကြသည်ကို သူမက သိသည်။
“ဟယ်လို၊ သူဌေး။ ငါက ကောင်းပိုင်လဲ့ပါ”
ထန်ရှုက သူမအား လက်တွဲနှုတ်ဆက်လိုက်သည်၊ ထို့နောက် သူမအား ပြော၏ “ဒါက ငါတို့ရဲ့ပထမဆုံးတွေ့ဆုံခြင်းပဲ။ မင်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပူးပေါင်းပေးတဲ့အတွက် မင်းအတွက် ငါ အရမ်းဝမ်းသာတယ်။ ဒီပထမဆုံးအကြိမ်တွေ့ဆုံမှုအတွက် ငါ မင်းကို လက်ဆောင်တစ်ခုပေးမယ်”
ထိုသို့ပြောပြီးနောက် ကျောက်စိမ်းလည်ဆွဲတစ်ခုကို သူ့သိုလှောင်လက်စွပ်မှ ယူထုတ်ကာ သူမထံ ကမ်းပေးလိုက်သည် “ဒါက ဒီနေ့ကစပြီး ဝတ်ထားပါ။ အဲဒါက မင်းကို အကျိုးထူးပေးလိမ့်မယ်”
ကောင်းပိုင်လဲ့က မှင်တက်သွားသည်။ သူနှင့် ပထမဆုံးအကြိမ်တွေ့သည့်အချိန်တွင် သူဌေးက သူမအား လက်ဆောင်တန်းပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် ခဏစဉ်စားပြီးနောက် သူမက လက်ခံကာ ပြောလိုက်၏ “ဒါက အတော်လေးနောက်ကျတဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုလက်ဆောင်ပဲမလား၊ သူဌေး။ ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုအတွက် ငါ အလုပ်လုပ်လာတာ နှစ်နှစ်နဲ့ခြောက်လရှိပြီ၊ သူဌေးကို တွေ့ဖို့ ဒီလောက်အချိန်ကြာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကမ္ဘာတစ်ဝှမ်းက အခြားစီးပွားရေးသမားတွေက ဒါကို ကြားရင် အတော်လေးမယုံနိုင်စရာကောင်းတဲ့ပုံပြင်တစ်ပုဒ်ဖြစ်သွားလိမ့်မယ်”
ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ဒါက ဈေးကွက်ထဲကကိစ္စတွေနဲ့ ပတ်သက်ပြီး ငါက အများကြီး ဂရုမစိုက်ဘူးလို့ ပြောရမှာပေါ့၊ ဒါကြောင့် ခန်းရှရဲ့လက်ထဲကိုပဲ အရာအားလုံး လွှဲပေးခဲ့တာ။ သူတို့က မင်းကို ယုံကြည်တယ်ဆိုမှတော့ ငါလဲ အတူတူပါပဲ။ သွားကြစို့။ ကုမ္ပဏီရဲ့ဌာနချုပ်ကို ရှန်းဟိုင်ကို ပြောင်းရွှေ့ထားတာ နှစ်နှစ်ကျော်ပြီ။ အခုထိ ငါ မရောက်ဖူးသေးဘူး”
ကောင်းပိုင်လဲ့က ပြုံးကာ ထန်ရှုအတွက် ကားတံခါးဖွင့်ပေးလိုက်သည်။ ထန်ရှုထိုင်ပြီးနောက် သူမက ခဏစဉ်းစားပြီး အရှေ့ခုံတွင် ထိုင်ရန် ဆုံးဖြတ်လိုက်သည်။ လွန်ခဲ့သောနှစ်နှစ်နှင့်ခြောက်လအတွင်း ထန်ရှုနှင့်ပတ်သက်၍ ချန်နယ်အမျိုးမျိုးမှတစ်ဆင့် သူမက ကြားသိထားသည်။ သူမက ထန်ရှုအား နားလည်သည်ဟု မပြောရဲသော်လည်း သူနှင့်ပတ်သက်၍ အနည်းငယ်သိသည်။ ထို့ပြင် ထန်ရှုက ကမ္ဘာပေါ်တွင် သူမအလေးစားဆုံးလူအနည်းငယ်ထဲကတစ်ယောက်ဖြစ်သည်။ တကယ်တော့ သူက အသက်နှစ်ဆယ်မပြည့်ခင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား တည်ထောင်နိုင်ခဲ့သည်။ ခန်းရှအား သူ့အတွက် အလုပ်လုပ်ပေးရန်ပင် ဆွဲခေါ်နိုင်သော စွမ်းရည်ရှိသည်။ ထို့ပြင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုမှ ထုတ်လုပ်သမျှထုတ်ကုန်အားလုံးက သူ့လက်ထဲမှ ထွက်လာခြင်းပင်။
ယနေ့တွင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ပိုင်ဆိုင်မှုက ယွမ်တစ်ထရီလီယံကို ကျော်လွန်သည်။
“သူဌေး၊ ထမင်းအရင်စားမလား။ ဒါမှမဟုတ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ကြည့်ချင်လား။ ဒါပေမယ့် သူဌေး ရုတ်တရက်လာတာဆိုတော့ ဘဏ္ဍာရေးဌာနက လွန်ခဲ့တဲ့နှစ်က ဘဏ္ဍာရေးရှင်းတမ်းကိုပဲ ထုတ်ပြနိုင်တယ်၊ ဒီနှစ်အတွက် စာရင်းရှင်းတမ်းကို မလုပ်ရသေးဘူး”အရှေ့ခုံတွင် ထိုင်နေရင်း ပိုင်ကောင်းလဲ့က ပြန်လှည့်ကာ မေးလိုက်၏။
“မလိုဘူး။ ငါ စိတ်မဝင်စားဘူး”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ကုမ္ပဏီက ငါသုံးဖို့အတွက် ပိုက်ဆံအလုံအလောက်ရှာပေးနိုင်သရွေ့ အဆင်ပြေတယ်။ စက်မှုပန်းခြံကို မသွားခင် ထမင်းအရင်စားကြရအောင်။ ဒါနဲ့ မိုရီလဲ စက်မှုပန်းခြံမှာမလား။ ဒီနှစ်တွေမှာ သူ ကောင်းကောင်းမွန်မွန်ရှိရဲ့လား”
“ပါမောက္ခမိုက စက်မှုပန်းခြံထဲက သုတေသနကျောင်းမှာ တကယ်ကို အလုပ်ကြိုးစားနေတယ်”ကောင်းပိုင်လဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည် “သူ့ရဲ့ကျန်းမာရေးက အရမ်းကောင်းတယ်၊ သူ့ကို ကြည့်ရတာ အမြဲတမ်းလူငယ်လိုပဲ”
“ဒါကို ကြားရတာ အရမ်းကောင်းတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
ကားနှစ်စီးက လေဆိပ်မှ ထွက်လာပြီး အဝေးပြေးလမ်းမတစ်လျှောက် မောင်းနှင်လာခဲ့သည်။ ထို့နောက် ကောင်းကင်ရှိ ပတ်ဝန်းကျင်ရှိ မြင်ကွင်းအသစ်အား ထန်ရှုက မြင်လိုက်ရသည်။ လူများစွာက အေရိုဂလိုက်ဒါပေါ်တွင် ရပ်ကာ ပျံသန်းနေကြသည်။ အချို့က တစ်ယောက်တည်း ပျံသန်းနေကြပြီး အချို့က စုံတွဲများဖြစ်ဟန်တူသည်၊ ယောကျ်ားနှင့်ဇနီးများက အချင်းချင်းပွေ့ဖက်ထားရင်း ပျံသန်းနေကြ၏။ ထို့ပြင် စိတ်ဝင်စားစရာအကောင်းဆုံးအရာက သူတို့က ပျံသန်းရေးလမ်းကြောင်းအတိုင်း ပျံသန်းနေကြခြင်းပင်။ မိနစ်အနည်းငယ်ကြာ လေ့လာပြီးနောက် အေရိုဂလိုက်ဒါပေါ်တွင် ပျံသန်းနေသော လူရာချီအား အနည်းဆုံး မြင်လိုက်ရသည်၊ သို့သော် သူ့အား အံ့အားအသင့်စေဆုံးကား တစ်ယောက်မှ ပျံသန်းရေးလမ်းကြောင်းမှ ချော်ထွက်ခြင်းမရှိကြပေ။
“ဒါနဲ့ အေရိုဂလိုက်ဒါအရောင်းအဝယ်က ဘယ်လိုရှိလဲ”ထန်ရှုက အကြည့်ပြန်ရုပ်သိမ်းကာ မေးလိုက်သည်။
“ထုတ်ကုန်အရေအတွက်အကန့်အသတ်ကြောင့် အေဂရိုဂလိုက်ဒါအရောင်းက အကန့်အသတ်ရှိတာတောင် အရမ်းကောင်းတယ်”ကောင်းပိုင်လဲ့က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည် “ဒါကြောင့်လဲ တန်ဖိုးက အရမ်းမြင့်မားတယ်၊ ငါတို့က နှစ်စဉ်ယူနစ်တစ်သန်းပဲ ရောင်းချနိုင်တယ်။ ဒါကြောင့် ပြည်တွင်းမှာ အနည်းဆုံးနှစ်နှစ်အတွင်း ယူနစ်နှစ်သန်းပဲ ရောင်းချတယ်။ ပြည်ပကို ယူနစ်သန်းလေးဆယ်တင်ပို့တယ်၊ ဒါကြောင့် နှစ်နှစ်အတွင်းမှာ ယူနစ်သန်းလေးဆယ်ကို ရောင်းချပြီးပြီ။ ဒါကြောင့် ငါတို့ကုမ္ပဏီက ရောင်းချခဲ့တဲ့ ပထမမျိုးဆက်အေရိုဂလိုက်ဒါရဲ့စုစုပေါင်းအရေအတွက်က ယူနစ်၄၂သန်းဖြစ်တယ်”
အေရိုဂလိုက်ဒါအရောင်းက ဒီလောက်မြင့်မားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ထန်ရှုက စိတ်ထဲ၌ အံ့အားသင့်သွားသည်။ ယူနစ်၄၂သန်းရောင်းချခြင်းမှ ရရှိမည့် အလွန်တရာကြီးမားသောကိန်းဂဏန်းတစ်ခုပင်။
“ငါတို့နဲ့ကျင်းရှင်းကွေ့ပူးပေါင်းထားတဲ့လုပ်ငန်းကရော ဘယ်လိုရှိလဲ” ထန်ရှုက ရုတ်တရက် မေး၏။
“အဲဒါ ပြီးသွားပြီ။ နောက်ဆုံးအသားတင်ဝင်ငွေက ယွမ်၉.၁ဘီလီယံပဲ”ကောင်းပိုင်လဲ့က ပြန်ဖြေသည် “ဒါပေမယ့် ရငွေကို ပြန်မထုတ်ဘဲ စီမံကိန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ငါ ဆုံးဖြတ်ခဲ့တယ်။ စီမံကိန်းအသစ်က စတင်ရောင်းချနေပြီး ငွေက ပြန်ဝင်လာနေတယ်။ ကျင်းရှင်းကွေ့ရဲ့ကျင်းတာအိမ်ခြံမြေက မနေ့ညက ၄.၅ဘီလီယံ လွဲပေးခဲ့တယ်၊ နောက်နှစ်လအတွင်းမှာ စုစုပေါင်းပမဏဒေါ်လာနှစ်ဆယ်ဘီလီယံခန့် လွှဲပေးမယ်လို့ မျှော်လင့်ရတယ်”
ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။ ထိုကိန်းဂဏန်းများနှင့်ပတ်သက်၍ သူက ဂရုမစိုက်ပေ၊ ခဏက ကျင်းရှင်းကွေ့အား သတိရလိုက်သောကြောင့် သူက မေးလိုက်ခြင်းပင်။
ထန်ရှုက နှုတ်ဆိတ်သွားသည်ကို မြင်သောအခါ ကောင်းပိုင်လဲ့က မျက်လုံးကျဉ်းမြောင်းသွား၏။ ခဏစဉ်းစားပြီးနောက် သူမက ပြောလိုက်သည် “သူဌေး၊ ငါတို့ရဲ့ကုမ္ပဏီက ပိုက်ဆံအနည်းငယ်ပြတ်ချင်နေတယ်”
“ထပ်လာပြန်ပြီးလား”
ထန်ရှုက သူ့နားကိုပင် ခဏလောက် မယုံကြည်နိုင်ပေ။ ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုက ပိုက်ဆံလုပ်တဲ့စက်တစ်ခုဆိုတာ သေချာပါတယ်…ဒါပေမယ့် လက်ရှိအချိန်မှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံနည်းနေရတာလဲ။
ကောင်းပိုင်လဲ့က အားတင်းပြုံးကာ ပြောလိုက်သည် “ကုမ္ပဏီရဲ့လစဉ်လဝင်ကို တွက်ချက်ပြီးပြီ။ ကုမ္ပဏီရဲ့လစဉ်အထွေထွေအသုံးစရိတ်တစ်ဆယ်ရာခိုင်နှုန်းက လွဲပြီး ကျန်တဲ့ပိုက်ဆံတွေကို လွှဲပြောင်းခဲ့တယ်။ အဲဒါက မကြာသေးခင်က စတင်ခဲ့တဲ့ စီမံကိန်းကြီးတစ်ခုကြောင့်ပဲ၊ ဒါကြောင့် လက်ရှိမှာ ကုမ္ပဏီက ငွေနည်းနေတာ”
“အဲဒါက ဘာစီမံကိန်းလဲ”ထန်ရှုက မေးလိုက်သည်။
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဘဏ္ဍာတိုက်က ပိုက်ဆံများနှင့် ပြည့်နေသည်ဟု အစက တွေးထားသည်၊ ထို့ကြောင့် ကြီးမားသောပိုက်ဆံပမာဏတစ်ခုကို သူက နေ့တိုင်း လက်ခံနိုင်သည်။ သူက ရှန်းဟိုင်သို့ ပြန်ရောက်လာပြီး ကုမ္ပဏီ၏ဗဟိုမန်နေဂျာအား တွေ့လိုက်ချိန်တွင် ကုမ္ပဏီက ငွေပြတ်လပ်နေသည်ကို ကြားရမည်ဟု မမျှော်လင့်ထားခဲ့ပေ။