မမျှော်လင့်ဘဲ တွေ့ဆုံခြင်း
Vol. 90 Ch. 1257
ထန်ရှုနှင့်ချန်ရှောက်ဝမ်တို့က နေရာတစ်ခုတွင် တွေ့ဆုံရန် ချိန်းလိုက်သည်၊ ထို့နောက် ထန်ရှုက ဖုန်းချလိုက်သည်။ ချန်ရှိဝမ်နှင့်အတူ ရှိခဲ့သော မှတ်ဉာဏ်အားလုံးအား ပြန်သတိရပြီးနောက် သူက စိတ်ထဲ၌ နွေးထွေးသလို ခံစားမိလာသည်။
ချန်ရှောက်ဝမ်က သူ့အား မောင်လေးတစ်ယောက်အဖြစ် သတ်မှတ်ကာ ကောင်းကောင်းဂရုစိုက်ပေးသည်။ သူမအတွက် သူ့ခံစားချက်က အမျိုးသားနှင့်အမျိုးသမီးကြား ချစ်ခင်မှုမျိုးမဟုတ်ပေ၊ မိသားစုလိုအချစ်တစ်ခုသာ၊ သူက သူမအား အမအရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
အမက ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် ငါ အမကို ခေါ်သွားမှာပါ။ ဒီမှာပဲ နေချင်တယ်ဆိုရင်လဲ အမအတွက် အာမခံချက်ရှိတဲ့ဘဝတစ်ခုကို ပေးမှာပါ။
စိတ်ထဲ၌ ရေရွတ်ရင်း ထန်ရှု၏မျက်လုံးများက ပြတင်းပေါက်ကို ဖြတ်ကာ အပြင်ဘက်သို့ ရောက်သွား၏။
“အမ်…”
ထန်ရှုက ရုတ်တရက် ပြောလိုက်သည် “ကားကို ရပ်လိုက်…”
ကားနှစ်စီးက ရပ်သွား၏။
သူ့နောက်လိုက်က တံခါးဖွင့်ပေးသည်ကို မစောင့်ဘဲ ထန်ရှုက တန်းထွက်လိုက်သည်။ လမ်းဘေးတွင် ချောမောခန့်ညားသောကောင်လေးတစ်ယောက်နှင့် လက်ဆွဲထားကာ စုယန်နင်က ရေခဲမုန့်တစ်ခွက်ကို ကိုင်လျက် ရပ်နေသည်။ သူမအား ဤနေရာတွင် တွေ့ရလိမ့်မည်ဟု ထန်ရှုက မမျှော်လင့်ထားခဲ့ပေ။
တကယ်တမ်းတော့ အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်ပြီးကတည်းက စုမိသားစုအပေါ် သူက အမြဲတမ်းရွံရှာခဲ့သည်။ သူတို့နှင့် အကွာအဝေးတစ်ခုကိုပင် သူက ထိန်းသိမ်းထားခဲ့သည်။ စုရှန့်ဝမ်၊ စုယန်နင် သို့မဟုတ် စုရှန့်ဖှေတို့နှင့်ပတ်သက်ပြီး ဘာတစ်ခုမှ ဂရုမစိုက်ခဲ့ပေ။ သို့သော် သူက စုရှန့်ဖှေအား ကျင့်ကြံခြင်းပညာရပ်တစ်ခုသင်ကြားပေးခဲ့ပြီး သူ့အား လျှို့ဝှက်လေ့ကျင့်ရန် ခွင့်ပြုခဲ့သည်၊ သို့သော် ကျင့်ကြံခြင်းအရင်းအမြစ်များ မထောက်ပံ့ပေးခဲ့ပေ။
“ကောင်းပိုင်လဲ့၊ ငါ အသိအကျွမ်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ နေ့လည်စာအတွက် ငါ့ကို အဖော်ပြုပေးဖို့ မလိုတော့ဘူး။ နောက်ကျရင် ခမ်းနားသောထန်ဌာနချုပ်ကို ငါ့ဟာငါ သွားလိုက်မယ်။ အဲအချိန်ကျမှ ငါတို့တွေ ထပ်ပြောကြတာပေါ့”
ကောင်းပိုင်လဲ့က တုံ့ဆိုင်းသွားလျက် မေးလိုက်သည် “သူဌေးအတွက် ကားတစ်စီးချန်ခဲ့ပေးရမလား”
“မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
ကောင်းပိုင်လဲ့ ထွက်သွားပြီးနေက် ထန်ရှုက လမ်းဖြတ်ကူးလိုက်သည်။ စုယန်နင်နှင့်ချောမောခန့်ညားသောကောင်လေးတို့အရှေ့သို့ ရောက်သောအခါ သူက ရယ်လျက် ပြောလိုက်၏ “ဟေး၊ အလှလေးနဲ့သူ့ချစ်သူလေး။ ငါ့ကို မျက်နှာသာအချို့ပေးပြီး ငါနဲ့အတူ နေ့လည်စာစားနိုင်မလား”
“ဟမ်”
ထန်ရှုအား မြင်လိုက်ချိန်တွင် သူမက ကမ္ဘာအသစ်တစ်ခုအား မြင်လိုက်သလို စုယန်နင်၏မျက်နှာက မယုံကြည်နိုင်သောအကြည့်တစ်ခုဖြစ်သွား၏။ သူမက ချောမောခန့်ညားသောကောင်လေး၏လက်အား လွှတ်လိုက်ပြီး ရှေ့အနည်းငယ်တိုးကာ ထန်ရှုမျက်နှာအား ဖမ်းဆိတ်လိုက်သည်။
“ဟေး၊ ငါပါ…”
သူမလက်အား တွန်းဖယ်ရင်း ထန်ရှုက ပြုံးလျက် ပြောလိုက်သည်။
“သုံးနှစ်ကျော်ပြီ၊ မင်း သေသွားပြီလို့တောင် ငါ ထင်ထားတာ။ ဒါပေမယ့် မင်းက အသက်ရှင်နေသေးတာပဲ”စုယန်နင်က ရေရွတ်လိုက်သည်။
ချောမောခန့်ညားသောလူ၏မျက်နှာက ပြောင်းလဲသွားသည်။ စုယန်နင်နှင့်ထန်ရှုကြားဆက်ဆံရေးက မရိုးရှင်းသည်ကို သူက ခံစားမိသည်။ ရန်လိုသောအကြည့်နှင့် သူက ရှေ့တိုးကာ စုယန်နင်၏လက်ကို ကိုင်လျက် မေးလိုက်သည် “ဒီကောင်က ဘယ်သူလဲ၊ ယန်နင်”
ဤချောမောခန့်ညားသောအကောင်၏ရန်လိုမှုကို ထန်ရှုက အာရုံခံနိုင်သည်။ သူက ပြုံးလျက် ပြောလိုက်၏ “ငါက သူမရဲ့ချစ်သူလို့ ပြောရင် မင်း ယုံမလား”
“ပါးစပ်ပိတ်ထားစမ်း…”ချောမောခန့်ညားသောကောင်လေးက အော်လိုက်သည် “ယန်နင်ရဲ့ချစ်သူက ငါပဲ…”
သူမက အိပ်မက်မှ နိုးလာသည့်အတိုင်း စုယန်နန်က ခပ်ဖျော့ဖျော့ပြုံးနေသောထန်ရှုအား ကြည့်လိုက်သည်။ သူမက ထန်ရှု၏လက်အား ချက်ချင်း ရိုက်ကာ ပြောလိုက်သည် “တော်တော့။ ချန်ဝေ့၊ ရှင့်ကို ကျွန်မရဲ့ဝမ်းကွဲနဲ့ မိတ်ဆက်ပေးမယ်။ သူက ထန်ရှု၊ ငါ့အန်တီရဲ့သားပဲ။ ထန်ရှု၊ ဒါက ချန်ဝေ့၊ ငါ့ရဲ့ကောင်လေးပဲ”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ချောမောခန့်ညားသောသူအား လက်တွဲနှုတ်ဆက်ရန် လက်ဆန့်ပေးကာ ပြောလိုက်သည် “ငါ့ဝမ်းကွဲက ထူးချွန်တဲ့လူတစ်ယောက်ပဲ၊ ယောက်ဖ။ အကြောင်းအရင်းရှင်းရှင်းလင်းလင်းမသိဘဲ မနာလိုဖြစ်နေရင် မင်းက တစ်နေ့ ချန်ထားခံရလိမ့်မယ်”
စုယန်နင်က မိတ်ဆက်ပြီးနောက် ချန်ဝေ့၏ထန်ရှုအပေါ် ရန်လိုမှုက လုံးဝပျောက်ကွယ်သွားသည်။ သူက ခေါင်းကုတ်လျက် ထန်ရှုအား လက်တွဲနှုတ်ဆက်ကာ တောင်းပန်လိုက်သည် “ဟေး၊ ဝမ်းကွဲ။ ဆိုးဝါးတဲ့သဘောထားအတွက် တောင်းပန်ပါတယ်။ ငါက ချန်ဝေ့၊ ပေလိုင်အုပ်စုရဲ့အရောင်းမန်နေဂျာပါ”
နောက်ဆုံးစကားလုံးအား ပြောချိန်တွင် ချန်ဝေ့၏အမူအရာက ပြောင်းလဲသွားသည်ကို ထန်ရှုက သတိပြုမိလိုက်သည်။ ထိုအကောင်က ပိုယုံကြည်ရှိမှန်း သိသာပြီး သူက ထိုက်တန်ကြောင်း ရည်ရွယ်ချက်ရှိရှိနှင့် သက်သေပြချင်ပုံရ၏။
“ငါက ထန်ရှုပါ”
ထန်ရှုက သူ့နာမည်ကို မိတ်ဆက်လျက် ပြောလိုက်သည် “ဝမ်းကွဲ၊ ယောက်ဖ။ ငါတို့တွေ တွေ့ဆုံမှတော့ နေ့လည်စာစားကြရင် ဘယ်လိုလဲ၊ အခုက နေ့လည်စာစားချိန်ပဲမလား”
“ငါ အဆင်ပြေပါတယ်…”စုယန်နင်က စဉ်းစားမနေဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။
ချန်ဝေ့လည်း ခေါင်းညိတ်ပြကာ ပြုံးလျက် ပြောလိုက်သည် “ထန်ရှု၊ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ဒါကြောင့် ရှန်းဟိုင်က တက္ကသိုလ်တစ်ခုမှာ မင်းက သင်ယူနေတာပဲဖြစ်ရမယ်။ ဒါနဲ့ နေ့လည်စားဖို့ နေရာတစ်ခုကို ရွေးလိုက်ကြတာပေါ့၊ ငါ ဒကာခံပါရစေ။ အနီးနားက စားသောက်ဆိုင်ကောင်းတစ်ခုကို ငါ သိတယ်”
“ကောင်းပါပြီ…”ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
စုယန်နန်က အများကြီးမစဉ်းစားပေ။ ထန်ရှု၏သရုပ်မှန်က အခြားသူများအတွက် အနည်းငယ်ထိတ်လန့်စေသည်ကို သူမက သိသော်ငြား သူမတို့၏ဆက်ဆံရေးနှင့် ပတ်သက်၍ တစ်ယောက်ကိုမှ မပြောခဲ့ပေ၊ အထူးသဖြင့် သူမ၏ချစ်သူကိုပင်၊ ကြားပြီးနောက် သူ့သဘောထားက ပြောင်းလဲသွားမည်ကို ကြောက်သောကြောင့်ပင်။
ထာဝရခန်းမတွင်။
ချန်ဝေ့၊ စုယန်နင်တို့နှင့်အတူ ထန်ရှုရောက်လာသည့်စားသောက်ဆိုင်က ထာဝရခန်းမ၏ဆိုင်ခွဲတစ်ခုဖြစ်နေသည်။ ရင်းနှီးသောနေရာအား မြင်သောအခါ ထန်ရှုက ပြုံးလိုက်သည်။ အချိန်ကို ရေတွက်ကြည့်လျှင် ဤနေရာသို့ နောက်ဆုံးအကြိမ် သူ ရောက်ခဲ့သည်ကား လွန်ခဲ့သောသုံးနှစ်ကဖြစ်၏။ လက်ရှိစားသောက်ဆိုင်တာဝန်ခံက ဘယ်သူဖြစ်သည်ကို သူ မသိပေ။
“ကြိုဆိုပါတယ်”
ဧည့်ကြိုမိန်းမပျိုနှစ်ယောက်က နှုတ်ဆက်လိုက်သည်။ ထို့နောက် ဝိတ်တာတစ်ယောက်က လျင်မြန်စွာ ရောက်လာပြီး ပြုံးကာ မေးလိုက်၏ “ဧည့်သည်တို့သုံးယောက်ပဲလား”
လူကြီးလူကောင်းဆန်သောအမူအရာနှင့် ချန်ဝေ့က ပြုံးလျက် ပြန်ပြောသည် “ဟုတ်တယ်။ ငါတို့သုံးယောက်ပဲ”
“ကျေးဇူးပြုပြီး အထဲဝင်လာပါ”
စားပွဲထိုးကလည်း မျက်နှာအသစ်ဖြစ်ပြီး ထန်ရှုအား မသိပေ၊ လူသုံးယောက်အား အခန်းထဲသို့ ခေါ်လာရင်း သူတို့အတွက် နေရာထိုင်ခင်းစီစဉ်ပေးလိုက်သည်။
ထန်ရှုက စားသောက်ဆိုင်ထဲရှိအနေအထားအား လေ့လာလိုက်ပြီး စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သုံးနှစ်ကျော်ပြီ၊ အနေအထားက များစွာ ပြောင်းလဲသွားခဲ့သည်၊ သူက ဤနေရာတွင် စီနီယာအလုပ်သမားနှစ်ယောက်သာ တွေ့ရှိခဲ့သည်။ သို့သော် ထိုလူနှစ်ယောက်က အခြားဧည့်သည်များအား နှုတ်ဆက်နေပြီး သူ့အား သတိမပြုမိပေ။
ထိုင်ပြီးနောက် ချန်ဝေ့က မီနူးယူကာ ထန်ရှထံ ကမ်းပေးရင်း ပြုံးလျက် ပြောလိုက်သည် “ဝမ်းကွဲထန်ရှု၊ ယန်နင်ရဲ့ဆွေမျိုးတွေထဲမှာ မင်းက ငါပထမဆုံးတွေ့တဲ့သူပဲ။ ငါက မင်းထက် နှစ်အနည်းငယ်ကြီးမယ်ထင်တယ်၊ ဒါကြောင့် ငါတို့နှစ်ယောက်လုံးအကြိုက်တူတဲ့အရာတွေများစွာ ရှိရမယ်။ ဒီတော့ မင်း လိုချင်တာ မှာပါ။ ငါ့ဇနီးရဲ့ဆွေမျိုးတစ်ယောက်ကို ဒကာခံဖို့ ငါ ပြင်ဆင်ထားပြီးပြီ၊ ဒီတော့ အားလုံးကို ငါပဲ ရှင်းမယ်”
ရှက်ရွံ့သောအရိပ်အယောင်တစ်ခုက စုယန်နင်၏မျက်နှာပေါ်တွင် မြင်တွေ့ရနိုင်သည်၊ သူမက ချန်ဝေ့၏လက်အား ရိုက်ကာ ပြုံးလျက် ပြောလိုက်သည် “ရှင်က ဘာတွေ ပြောနေတာလဲ။ ကျွန်မက ရှင့်ကို လက်ထပ်ဖို့ ကတိပေးပြီးပြီလို့ မထင်ပါဘူး”
စုယန်နင်၏ရှက်ရွံ့မှုမှတစ်ဆင့် သူ့ဝမ်းကွဲက ချန်ဝေ့အား အမှန်တကယ်သဘောကျသည်ကို ထန်ရှုက သိလိုက်သည်။ ထို့ကြောင့် သူက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ထာဝရခန်းမ၏အကျော်ကြားဆုံးနှင့်ဈေးအကြီးဆုံးဟင်းလျားများအား မှာလိုက်သည်။ ထို့နောက် သူက မီနူးအား ချန်ဝေ့ထံ ပြန်ပေးကာ ပြောလိုက်သည် “ငါ ဟင်းပွဲတွေ ရွေးပြီးပြီ။ မင်း ထပ်ထည့်ချင်တာ ရှိလား”
ထန်ရှုမှာခဲ့သည့်အထူးဟင်းလျာခြောက်ပွဲစလုံးက ဈေးကြီးသောကြောင့် ချန်ဝေ့က ခါးသီးစွာ ပြုံးလိုက်သည်။ သူက ဟင်းပွဲထပ်မမှာရင်တောင် သူ့လစာတစ်ဝက်အား အသုံးပြုရပေမည်။
သို့သော် အနည်းငယ်ဂနာမငြိမ်ဖြစ်သော်ငြား သူက ဟင်းပွဲနှစ်ပွဲထပ်မှာလိုက်သေးသည်။
“မင်းက ဟင်းပွဲအများကြီး မှာခဲ့တာပဲ။ မင်းက အားလုံးမစားနိုင်ရင် အဲဒါက ဖြုန်းတီးမှုဖြစ်လိမ့်မယ်၊ ဝမ်းကွဲ”စုယန်နင်က ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။
“အဆင်ပြေပါတယ်။ ငါ ပျော်တယ်လို့ ခံစားရတယ်”ထန်ရှုက ရယ်လိုက်သည်။
ချန်ဝေ့က အနည်းငယ် ပြောစရာစကားမဲ့သွားသည်။ မင်းက ပျော်နေတာလား။ ဟင်းပွဲတစ်ပွဲအတွက် ငါ့လစာတစ်ဝက်ကို သုံးခဲ့ရတာကို မင်း မသိဘူးလား။ ငါတို့သုံးယောက်က ဒီဟင်းပွဲတွေအားလုံးကို ဘယ်လိုစားရမှာလဲ။ သူတို့အများစုက သေချာပေါက် ဖြုန်းတီးလိမ့်မယ်။
စားပွဲထိုးထွက်ခွာသွားသည်ကို စိတ်ဓာတ်ကျနေသောမျက်နှာနှင့် ကြည့်ရင်း ချန်ဝေ့၏မျက်လုံးက ရင်းနှီးသောပုံရိပ်တစ်ခုအား ဖမ်းမိလိုက်သည်။ သူ့မျက်လုံးများက ချက်ချင်းလင်းလက်သွားကာ ပြောလိုက်၏ “ယန်နင်၊ ထန်ရှု၊ ငါ အသိတစ်ယောက်ကို မြင်လိုက်တယ်။ သူ့ကို သွားနှုတ်ဆက်လိုက်အုံးမယ်”
“ကောင်းပါပြီ…”ထန်ရှုနှင့်စုယန်နင်က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
ချန်ဝေ့ထွက်သွားပြီးနောက် စုယန်နင်က ပြုံးကာ ပြောလိုက်သည် “ဟေး၊ ဒီနေရာမှာ အပေးအယူတစ်ခုလုပ်ကြရအောင်။ မင်းရဲ့အထောက်အထားနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မပြောဖို့၊ ဒီနေ့စားပွဲက မင်းပဲ ဒကာခံရမယ်”
“အာ၊ မင်းက သူ့ကို လက်မထပ်ရသေးဘူးလေ၊ ဝမ်းကွဲ။ ဘယ်လိုလုပ်ပြီး မင်းရဲ့လူအပေါ် ဒီလောက်ကာကွယ်ပေးရတာလဲ”ထန်ရှုက ရှုံ့မဲ့ပြုံးလိုက်သည်။
“ဘာ၊ ဘယ်သူက ဘယ်သူ့ရဲ့လူကို ကာကွယ်နေတာလဲ”စုယန်နင်က မျက်လုံးလိမ့်လျက် မာဆတ်ဆတ်ပြော၏ “ဒါက အစကတည်းက မင်းရဲ့နေရာပဲ။ မင်းက ဒီနေရာမှာ စားဖို့ ပိုက်ဆံပေးဖို့ လိုလို့လား”
ထန်ရှုက ရယ်ကာ တုံ့ပြန်လိုက်သည်။
ဝင်ပေါက်တွင်။
ချန်ဝေ့က သူ့အသိထံ လျှောက်သွားပြီး ခြောက်မီတာအကွာသို့ ရောက်သောအခါ ထိုလူအား ပြုံးလျက် အော်ခေါ်လိုက်သည်။ ထို့နောက် သူက သူ့လက်အား ကမန်းကတန်း ဆန့်ထုတ်ကာ ပြုံးလိုက်သည် “မန်နေဂျာဝမ်၊ ဒီနေရာမှာ မင်းနဲ့ တွေ့မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး။ မင်း ဒီနေရာမှာ နေ့လည်စာလာစားတာလား”
မန်နေဂျာဝမ်ဟုခေါ်သောလူက ဗိုက်ရွှဲရွှဲနှင့်သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ ချန်ဝေ့အား မြင်ပြီးနောက် သူက ခေါင်းညိတ်သာ တုံ့ပြန်ပြီး လက်တွဲမနှုတ်ဆက်ပေ။ သူက ပြန်ပြော၏ “နေ့လည်စာအတွက်ပဲ။ မင်းလဲ ဒီနေရာမှာ နေ့လည်စာလာစားတာလား၊ မန်နေဂျာချန်။ ဒီနေရာက ဟင်းပွဲတွေက အတော်လေးဈေးကြီးတယ်မလား”
ချန်ဝေ့က ဤမန်နေဂျာဝမ်အား မနှစ်မြို့သော်လည်း ထိုလူက သူ့အထက်ကဖြစ်ပြီး သူ့ကုမ္ပဏီတွင် နံပတ်နှစ်ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် သူက မျက်နှာလိုမျက်နှာရ ပြုံးလျက် ပြောလိုက်၏“ငါ့ကောင်မလေးရဲ့ဆွေမျိုးတစ်ယောက်နဲ့ တွေ့လို့၊ ဒါကြောင့် ဒီနေရာမှာ နေ့လည်စာစားဖို့ သူ့ကို ဖိတ်ခေါ်ခဲ့တာ။ ဟင်းပွဲက ဘယ်လောက်ပဲ ဈေးကြီးကြီး၊ သည်းခံရုံပေါ့လေ။ ဒါက ယောက်မလား၊ မန်နေဂျာဝမ်။ သူမက တကယ်ကို အရမ်းလှတာပဲ။ ငါတို့ရဲ့စားပွဲကို လာပြီး ဒီနေ့ ငါ့ကို မင်းတို့ကို ဒကာခံစေချင်လား”
“ကောင်းပြီလေ…”
မန်နေဂျာဝမ်က မပြောရသေးဘဲ သူ့ဘေးနားရှိ အမျိုးသမီးက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ သို့သော် သူမ၏မြန်ဆန်သောတုံ့ပြန်ချက်အား သူ မမျှော်လင့်ထားပေ။ မန်နေဂျာဝမ်က သူမအား အပြစ်တင်သောအကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်။