← Chapters

စုံစမ်းစစ်ဆေးခြင်း၏အမှန်တရား

Vol. 90 Ch. 1260

စုံစမ်းစစ်ဆေးခြင်း၏အမှန်တရား

Vol. 90 Ch. 1260

လက်ရှိထန်ရှုက ယခင်လို မဟုတ်တော့ပေ။ သူက ချန်လီဝေ့၏မှတ်ဉာဏ်အား အလွယ်တကူစစ်ဆေးနိုင်သည်။ သို့သော် ချန်လီဝေ့၏မှတ်ဉာဏ်အား ရှာဖွေနေရင်း ထန်ရှု၏အမူအရာက ပိုပိုဒေါသထွက်လာ၏။

“မင်းက တကယ်သေသင့်တယ်”

ထန်ရှု၏လက်ငါးချောင်းက ချန်လီဝေ့၏ဉီးခေါင်းခွံအား ဖျက်ဆီးကာ လက်သီးတစ်ချက်က ထိုလူ၏အသက်အား နှုတ်ယူလိုက်သည်။ သူ့မှတ်ဉာဏ်များကို ကြည့်ပြီးနောက် ဤလူက ဘယ်လောက်တောင်ရက်စက်ယုတ်မာသည်ကို မြင်တွေ့လိုက်ရသည်။ ရည်မှန်းချက်ကြီးမားသည့်အပြင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့် မပူးပေါင်းခင်ကတည်းက သူက ပြည်ပတွင် ကောင်းမွန်သောဂုဏ်သတင်းတစ်ခုရှိသည်၊ သို့သော် ထိုအရာကို အောင်မြင်ရန် သူက ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းသောနည်းလမ်းများကို အသုံးပြုခဲ့သည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုသို့ ရောက်ပြီးကတည်းက လက်ထောက်မန်နေဂျာဖြစ်လာရန် သူက ယုတ်မာကောက်ကျစ်သောနည်းလမ်းများကို အသုံးပြုခဲ့သည်။

အမာရွတ်မျက်နှာချမ်း၏ကိစ္စတွင် သူ့အား ချန်လီဝေ့က အကွက်ချကြံစည်ခဲ့ခြင်းပင်၊ ထိုလူက ကိုယ်ပိုင်အကျိုးအမြတ်ရရန်အတွက် နတ်ဘုရားဝတ်ရည်ဝိုင်တစ်သုတ်အား ခိုးရောင်းထုတ်ရန် သူ့အား လျှို့ဝှက်ဆက်သွယ်ခဲ့သောကြောင့်ပင်။ အမာရွတ်မျက်နှာချမ်းက ငြင်းပယ်ခဲ့ပြီး သူ့အား ပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့သည်။

ထို့ကြောင့် ချန်လီဝေ့က အမာရွတ်မျက်နှာချမ်းအပေါ် အငြိုးအတေးထားထားသည်။ အကွက်ချမှုများစွာ ပြုလုပ်လျက် နောက်ဆုံးတွင် သူက အမာရွတ်မျက်နှာချမ်းအား ခမ်းနားသောထန်စီးပွားရေးအုပ်စုမှ ထွက်ရန် ဖိအားပေးနိုင်ခဲ့ပြီး သူ့လူယုံအား ဝိုင်စက်ရုံဒါရိုက်တာနေရာတွင် ထားလိုက်သည်။ လွန်ခဲ့သောခြောက်လအတွင်း ချန်လီဝေ့က နတ်ဘုရားဝတ်ရည်ဝိုင်များအား ခိုးရောင်းထုတ်ခဲ့သည်။

နှစ်ဝက်အတွင်း နတ်ဘုရားဝတ်ရည်ဝိုင်ခိုးရောင်းထုတ်ခြင်းမှ သူ့အား ယွမ်သန်းတစ်ရာကျော် ရရှိစေခဲ့သည်။

ထို့ပြင် ထိုလူက အေရိုဂလိုက်ဒါကိုလည်း စတင်ကြံစည်နေခဲ့သည်။ ဤအချိန်တွင် ထန်ရှုသာ မရောက်လာလျှင်၊ မျက်နှာအမာရွတ်ချမ်းနှင့် တွေ့ဆုံရန် မမေးမြန်းခဲ့လျှင် နောက်ခြောက်လအတွင်း ထိုလူက သူ့လက်ပါးစေတစ်ယောက်အား အေရိုဂလိုက်ဒါစက်ရုံ၏ဒါရိုက်တာနေရာတွင် ထည့်ထားပြီးဖြစ်နေလောက်မည်။ ထို့နောက် ထိုလူက သူ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် အေရိုဂလိုက်ဒါများအား အလွဲသုံးစားလုပ်နေပေလိမ့်မည်။

“ဒီလောက်တောင် သတ္တိရှိပြီး လောဘကြီးတာ…”

ထန်ရှုက ချန်လီဝေ့၏ခန္ဓာကိုယ်အား အဝေးသို့ ကန်ထုတ်လိုက်သည်၊ ထို့နောက် ဆိုဖာမှ ထရပ်ကာ နောက်သို့ အဆက်မပြတ်ဆုတ်ရင်း ကြောက်လန့်နေသောကောင်းပိုင်လဲ့အား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်၏ “မင်းက ကုမ္ပဏီကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင် နှစ်နှစ်ပြည့်ရင် မင်းကို ရှယ်ယာတစ်ဆယ်ရာခိုင်နှုန်းပေးမယ်လို့ အစက ပြောခဲ့တယ်။ ဒါပေမယ့် မင်းက ကုမ္ပဏီထဲမှာ လူဆိုးအချို့ကို လက်သပ်မွေးထားခဲ့တာပဲ၊ ဒါက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ ဒါကြောင့် နောက်နှစ်နှစ်ပြည့်ရင် မင်းအနေနဲ့ အများဆုံးရှယ်ယာငါးရာခိုင်နှုန်းပဲ ရလိမ့်မယ်”

ကောင်းပိုင်လဲ့က ရပ်လိုက်ပြီး ထန်ရှုအား ကြောက်လန့်သောအကြည့်နှင့် စိုက်ကြည့်ရင်း မေးလိုက်သည် “ဘာ…ဘာလို့လဲ…ဘာလို့ သူ့ကို သတ်လိုက်ရတာလဲ”

“သူ့ကို သတ်တာလား၊ ဟမ့်။ သူက သေတာတောင် မလုံလောက်ဘူး”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “လက်ရှိဝိုင်စက်ရုံရဲ့တာဝန်ရှိသူက ချန်လီဝေ့ရဲ့ခွေးပဲ၊ သူက သူ့စွမ်းအားကို အလွဲသုံးစားလုပ်ပြီး နတ်ဘုရားဝတ်ရည်ဝိုင်တွေကို ခိုးရောင်းထုတ်နေတာ ခြောက်လကျော်ပြီ။ အဲတစ်ခုတည်းကတင် သူ့ကို ယွမ်သန်းတစ်ရာရစေတယ်။ ဒါ့အပြင် သူက အေရိုဂလိုက်ဒါစက်ရုံဒါရိုက်တာနေရာမှာ သူ့လူကို ထည့််ဖို့ စတင်ကြံစည်နေတယ်။ သုံးနှစ်အောက်အတွင်းမှာ သူက ကုမ္ပဏီရဲ့ငွေတွေ ဘယ်လောက်ထိ အလွဲသုံးစားလုပ်ထားပြီးပြီလဲဆိုတာ မင်း သိလား”

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”ကောင်းပိုင်လဲ့က အံအားသင့်စွာ ပြော၏။

“ဟမ့်၊ ငါ သူ့မှတ်ဉာဏ်တွေကို ကြည့်ခဲ့တယ်။ ဒါ ဘယ်လိုလုပ်မှားယွင်းမှာလဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်.

“ဒါ အဓိပ္ပါယ်မရှိတာပဲ…”ကောင်းပိုင်လဲ့က တုန်လှုပ်သွားပြီး နောက်သို့ အလိုအလျောက် ဆုတ်လိုက်မိသည်။ “ရှင်က လီဝေ့ရဲ့မှတ်ဉာဏ်ကို ဘယ်လိုလုပ် ကြည့်နိုင်မှာလဲ။ ရှင်က…”

သူမ၏စကားက ရပ်သွား၏။

နေ့ခင်းတွင် တစ္ဆေတစ်ကောင်အား မြင်လိုက်ရသလို ကြောက်လန့်သောအကြည့်တစ်ခုက သူမမျက်နှာကို ရေးခြယ်သွားသည်။ ထန်ရှုက ထိုင်နေရင်း လေပေါ်တွင် မြှောက်တက်နေသည်ကို သူက မြင်လိုက်ရ၏။ ထို့အပြင် ရုံးခန်းထဲရှိပစ္စည်းအားလုံးပင် လေပေါ်တွင် မြှောက်တက်နေသည်။

“ငါ ဘာလို့ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို အလွယ်တကူတည်ဆောက်နိုင်သလဲဆိုတာ မင်း သိလား၊ ဘာလို့ ဒီလိုကံကောင်းမှုကို ရဖို့က ငါ့အတွက် လွယ်ကူနေရတာလဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဘာကြောင့်လဲဆိုတော့ ငါက သာမန်လူတစ်ယောက်မဟုတ်လို့ပဲ။ ငါက ပိုက်ဆံကို ဂရုမစိုက်ဘူးလို့ မင်းကို ပြောခဲ့တယ်မလား။ ပိုက်ဆံဆိုတာ ငါ့အတွက် အရေးပါတဲ့အရာ ဘယ်တော့မှ မဟုတ်ခဲ့ဘူး။ ကောင်းပိုင်လဲ့၊ မင်းက ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုရဲ့မန်နေဂျာဖြစ်လာနိုင်တဲ့သူပဲ၊ မင်းက အကြောင်းအရာအများကြီးကို သိမှာပါ။ လေ့ကျင့်သူတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မကြားဖူးလို့တော့ ငါ့ကို မပြောဘူးမလား”

ဝှစ်…

ဤအချိန်တွင် ပုံရိပ်တစ်ခုက အခန်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ လူငယ်တစ်ယောက်က ကောင်းပိုင်လဲ့အရှေ့တွင် တိတ်တဆိတ် ထွက်ပေါ်လာပြီး ကောင်းပိုင်လဲ့အား ကာကွယ်ရန် အသင့်ပြင်ထားလျက် ထန်ရှုအား သတိနှင့် စိုက်ကြည့်လိုက်သည်။

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြုံးလိုက်သည် “ကောင်းတယ်၊ ကောင်းတယ်။ မင်းက လေ့ကျင့်သူတွေရဲ့တည်ရှိမှုကို သိပုံပဲ။ မင်းရဲ့ဒီနောက်လိုက်က အတော်လေးပြောင်မြောက်တဲ့လေ့ကျင့်သူတစ်ယောက်ဖြစ်ပုံရတယ်”

လွန်ခဲ့သောအခိုက်အတန့််က လေပြင်းတစ်ခုက သူမမျက်စိအရှေ့တွင် တိုက်ခတ်သွားသလိုသာ ကောင်းပိုင်လဲ့က ခံစားမိပြီး သူမ၏ကိုယ်ရံတော်က လျှပ်တစ်ပြက်အတွင်း သူမအရှေ့၌ ထွက်ပေါ်လာသည်။ အနေအထားက ဖရိုဖရဲဖြစ်လာပြီး သူမက မယုံကြည်နိုင်လောက်အောင်ပင်။ လေ့ကျင့်သူများ၏တည်ရှိမှုကို ကောလဟလအဖြစ်သာ ကြားခဲ့ရသည်၊ သို့သော် သူတို့က ဘယ်လိုစွမ်းရည်မျိုးပိုင်ဆိုင်ထားသည်ကို သူမက မသိပေ။

အမေရိကန်တွင် နေထိုင်စဉ်အတွင်း သူမ၏ကိုယ်ရံတော်က သူမအကူအညီပေးခဲ့သည့်လူဆင်းရဲတစ်ယောက်ဖြစ်သည်။ ထိုအချိန်က ထိုလူက ဒဏ်ရာရနေပြီး သူမက သူ့အား ကယ်ပေးခဲ့သည်။ ဤလူငယ်က ပြန်သက်သာလာပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းပကားကို ထုတ်ပြကာ သူမနောက် ဆက်လိုက်လာခဲ့သည်။

ဒါပေမယ့်…သူက လေ့ကျင့်သူတစ်ယောက်ဖြစ်သည်ကို သူမက တကယ် မသိပေ။

“ဒီနေရာမှာ ဘာဖြစ်နေတာလဲ၊ ရီဆီ။ ဘာလို့ မင်းက ငါ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာတာလဲ။ မင်းက တကယ်ပဲ သူ ပြောသလို လေ့ကျင့်သူတစ်ယောက်လား”ကောင်းပိုင်လဲ့က ကြောက်ရွံ့မှုကို ဖိနှိပ်လျက် လျင်မြန်စွာ မေးလိုက်သည်။

လူငယ်က ခေါင်းလှည့်ကာ ငိုသည်ထက် ပိုရုပ်ဆိုးသော အပြုံးနှင့် ပြောလိုက်၏ “ငါက တကယ်ကို လေ့ကျင့်သူတစ်ယောက်ပဲ၊ သူဌေး။ ငါက လုံလုံလောက်လောက်ပြောင်မြောက်လှပြီလို့ တွေးနေခဲ့တာ။ ဒါပေမယ့် သူနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာတွေလို ကွာခြားတယ်”

“မင်းက ကိုယ့်အကြောင်းကိုယ်သိတာပဲ၊ ဟမ့်”ထန်ရှုက စိတ်မဝင်စားစွာ ပြုံးလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက ငြင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။ လူငယ်က လွင့်ထွက်သွားပြီး နံရံနှင့် တိုက်မိကာ မလှုပ်ရှားနိုင်တော့ပေ။ ချီအမျှင်တန်းတစ်ခုက ကောင်းပိုင်လဲ့အား ရစ်ပတ်သွားပြီး သူမအား ဆိုဖာပေါ်သို့ ပစ်ထုတ်လိုက်သည်။ ထို့နောက် ထန်ရှုက ဆက်ပြော၏ “သတ်ဖြတ်ခြင်းဆိုတာ ကျင့်ကြံသူတွေကြားမှာ သာမန်အဖြစ်အပျက်တစ်ခုပဲ၊ မင်းရဲ့နောက်လိုက်က ဒီအချက်ကို ကောင်းကောင်းသိတယ်။ ဘာလို့ လေ့ကျင့်သူတစ်ယောက်ဆိုတဲ့သူ့အထောက်အထားကို ဖုံးကွယ်ထားသလဲဆိုတာ ငါ မသိပေမယ့် သူက မင်းရဲ့နောက်လိုက်ပဲ၊ ဒါကြောင့် ငါ သူ့ကို မသတ်ပါဘူး။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ငါ့အပိုင်ဖြစ်နေသေးတယ်၊ ငါ့ကုမ္ပဏီမှာ ချန်လီဝေ့လို လူဆိုးလူညစ်တစ်ယောက်ထွက်ပေါ်လာတာ ဖယ်ရှားဖို့လိုအပ်တဲ့အရာပဲ”

သူမနှလုံးသားထဲရှိ ကြောက်ရွံ့မှုအား ကောင်းပိုင်လဲ့က အဝေးသို့ တဖြည်းဖြည်းဖယ်ထုတ်လိုက်သည်။ သူမက ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်၏ “ငါ အလုပ်ထွက်လို့ရမလား”

“ငါ မင်းကို မတားသလို ဆွဲလဲ မဆွဲထားပါဘူး”ထန်ရှုက တည်ငြိမ်စွာ ပြောသည် “အများဆုံး ငါက အနည်းငယ်နောင်တရရုံပေါ့။ ဒါပေမယ့် မင်းအပေါ်မှာ ခန်းရှရဲ့ကာကွယ်ပေးထားမှုကို ငါ ပြန်ရုတ်သိမ်းရမလား”

“ခန်းရှလား။ ကာကွယ်တာလား”ကောင်းပိုင်လဲ့က ခေါင်းရှုပ်သွားကာ မေးလိုက်သည် “မင်းက ဘာကို ဆိုလိုတာလဲ”

“မင်းတို့ကောင်တွေ၊ ထွက်လာစမ်း…”ထန်ရှုက လပ်ခုပ်တီးကာ ပြောလိုက်သည်။

ရုတ်တရက် လူနှစ်ယောက်နှင့်အမျိုးသမီးနှစ်ယောက်က ရုံးခန်းထဲတွင် ထွက်ပေါ်လာသည်။ လူလေးယောက်က လျင်မြန်စွာ အရိုအသေပေးကာ ပြောလိုက်၏ “အရှင်”

“လွန်ခဲ့တဲ့နှစ်တွေမှာ မင်းတို့ကောင်တွေက ကောင်းပိုင်လဲ့ကို ကာကွယ်နေတာမလား”ထန်ရှုက သူတို့အား ခေါင်းညိတ်ပြကာ ပြောလိုက်သည် “မင်းတို့ရဲ့အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူမက အလုပ်ထွက်မယ်ဆိုရင် မင်းတို့ကောင်တွေ သူမကို ထပ်ကာကွယ်စရာမလိုတော့ဘူး”

“နားလည်ပါပြီ…”လူလေးယောက်က ရိုသေလေးစားစွာ ပြန်ပြောသည်။

ထန်ရှုက ခဏစဉ်းစားပြီးနောက် ဘောပင်နှင့်စာရွက်ယူထုတ်ကာ လူနှစ်ဆယ်၏နာမည်အား ယူထုတ်လိုက်သည်။ ထို့နောက် သူက သူတို့ထဲမှ တစ်ယောက်ထံ ပစ်ပေးကာ အမိန့်ပေးလိုက်၏ “ဝိုင်စက်ရုံကို သွားပြီး ဒါရိုက်တာကို ဖယ်ရှားလိုက်။ စာရင်းထဲက လူတွေကို ဖမ်းဆီးပြီး ဒီနှစ်တွေမှာ သူတို့က အလွဲသုံးစား ဘယ်လောက်ထိ လုပ်ထားသလဲဆိုတာ စုံစမ်းစစ်ဆေးလိုက်။ ပြီးရင် သူတို့ကို မောင်းထုတ်လိုက်”

“နားလည်ပါပြီ…”လူလေးယောက်က ပြန်ဖြေကာ ချက်ချင်းပျောက်ကွယ်သွားသည်။

မယုံကြည်နိုင်သောမျက်နှာနှင့် ကောင်းပိုင်လဲ့က ရေရွတ်လိုက်သည် “သူတို့က ဒီနှစ်တွေမှာ ငါ့ကို လျှို့ဝှက်ကာကွယ်နေတာလား”

“ဒါပေါ့”ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည် “ဒါကြောင့် ခန်းရှက မင်းကို ဂရုစိုက်တယ်လို့ ငါ ပြောခဲ့တာပဲ။ မူလက ဒီလေးယောက်က သူ့ရဲ့ကိုယ်ရံတော်တွေပဲ၊ ဒါပေမယ့် သူမ ထွက်သွားပြီးနောက် မင်းကို ကာကွယ်ဖို့ သူတို့ကို အမိန့်ပေးခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မည်သို့ပင်ဆိုစေကာမူ ဒါက သဘာဝပါပဲ။ တကယ်တော့ မင်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ဗဟိုမန်နေဂျာ၊ ကုမ္ပဏီတစ်ခုလုံးကို စီမံခန့်ခွဲဖို့ တာဝန်ရှိတဲ့သူပဲလေ။ မင်းရဲ့လုံခြုံမှုကို အာမမခံနိုင်ရင် အဲဒါက ကုမ္ပဏီရဲ့တိုးတက်မှုကို ထိခိုက်စေမှာပေါ့”

ကောင်းပိုင်လဲ့က သက်ပြင်းတစ်ချက်ရှိုက်ကာ သူမနှလုံးသားထဲရှိ ကြောက်ရွံ့မှုအားလုံးအား ဖယ်ရှားလိုက်သည်၊ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ဆို၏ “ကျွန်မ အလုပ်မထွက်ဖို့ ရွေးချယ်လို့ရတယ်၊ ဒါပေမယ့် ကျွန်မ ရှင့်ကို မေးချင်တာ တစ်ခုရှိတယ်”

“မင်းက ငါ ဘယ်သူလဲဆိုတာ မေးချင်တာလား”ထန်ရှုက ပြုံးကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“ဟုတ်ပါတယ်”ကောင်းပိုင်လဲ့က ခေါင်းညိတ်လိုက်သည်။

ထန်ရှုက သူ့အရှိန်အဝါအား လူငယ်ထံမှ ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူက ရယ်ကာ မေးလိုက်၏ “မင်းက တရုတ်ကျင့်ကြံသူတွေကို ကြားဖူးတယ်မလား”

လူငယ်က ကောင်းပိုင်လဲ့ထံ လျှောက်လာကာ ရိုသေလေးစားသောမျက်နှာနှင့် ပြောလိုက်သည် “တရုတ်ကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီး ငါ သိတယ်၊ သူတို့ရဲ့ကျင့်ကြံခြင်းစနစ်က ပိုတောင်ထူးခြားတယ်။ သူမကသာ တရုတ်ကိုမလာရင် ငါက တရုတ်ကို လုံးဝလာရဲမှာ မဟုတ်ဘူး။ တရုတ်ကို ရောက်ကတည်းက ငါ့ရဲ့အထောက်အထားကို ဖုံးကွယ်ထားပြီး သိုသိုသိပ်သိပ်ပဲ နေခဲ့တယ်”

“မင်းမှာ နောက်ထပ်မေးခွန်းတွေ ရှိလား”ထန်ရှုက ကောင်းပိုင်လဲ့အား ကြည့်ကာ ရယ်လိုက်သည်။

ကောင်းပိုင်လဲ့က ထန်ရှု၏သရုပ်မှန်အား နောက်ဆုံးတွင် နားလည်လိုက်သည်။ တရုတ်ရှိ ကျင့်ကြံသူများ၏တည်ရှိမှုကို သူမလည်း ကြားဖူးသည်။ သို့သော် ၎င်းအား ပုံပြင်အဖြစ်သာ သတ်မှတ်ထားသည်၊ ကျင့်ကြံသူများက အမှန်တကယ်တည်ရှိရန် မဖြစ်နိုင်ဟု သူမက တွေးထားသည်။ သို့သော် ယခု သူမ၏အမြင်က ပြောင်းပြန်လှန်သွားပြီး သူမက ရေတွင်းအောက်ခြေမှ ကောင်းကင်အား မော့ကြည့်နေသော ဖားတစ်ကောင်ဖြစ်သည်ကို သဘောပေါက်သွားလေ၏။

ရုတ်တရက် သူမ၏အမူအရာက ပြောင်းလဲသွားပြီး သူမက မေးမြန်းလိုက်သည် “ကျွန်မ နားကြာမမှားရင် သူတို့က ရှင့်ကို အရှင်လို့ ခေါ်ခဲ့တယ်။ ရှင်က…”

“မင်းက ဒါနဲ့ ပတ်သက်ပြီး သိဖို့ အရည်အချင်းမရှိတာကြောင့် ဒီလိုအရာတွေကို မမေးတာ ပိုကောင်းမယ်”ထန်ရှုက ပြုံးလိုက်သည် “မင်း သိဖို့ လိုအပ်တာက ငါက မင်းအပေါ် ရန်မလိုဘူးဆိုတာပဲ။ မင်းက ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို မထိခိုက်စေသရွေ့ ငါ မင်းကို အကြောင်းပြချက်မရှိဘဲ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ မင်း လုပ်ဖို့ လိုအပ်တာက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို ကောင်းကောင်းတိုးတက်အောင် လုပ်ဖို့ပဲ၊ နောက်နှစ်နှစ်အတွင်းမှာ မင်းက ငါ့အတွက် ပိုက်ဆံတွေ ရှာပေးရမယ်”

ကောင်းပိုင်လဲ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “လက်ရှိမှာ ရှင်က ကမ္ဘာမှာ အချမ်းသာဆုံးလူလို့ ပြောရင် ကျွန်မက လက်ခံယုံကြည်မှာ။ ဒါပေမယ့် ရှင်က ဘာလို့ ပိုက်ဆံတွေကို ဒီလောက် အသည်းအသန်လိုအပ်နေသေးတာလဲ။ ပိုက်ဆံဆိုတာက ရှင့်အတွက် အရေးမပါဘူးလို့ ရှင် ပြောခဲ့တယ်မလား”

All Chapters