← Chapters

ခယ်မ

Vol. 90 Ch. 1261

ခယ်မ

Vol. 90 Ch. 1261

“ပိုက်ဆံက ဒီကမ္ဘာမှာ အကြွင်းမဲ့အာဏာမရှိပေမယ့် အထွေထွေသုံးအရာအဖြစ် လုပ်ဆောင်တယ်လေ”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “မင်းက ကျင့်ကြံပြီး ပိုသန်မာချင်တယ်ဆိုရင် ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဝယ်ယူဖို့ ကြီးမားတဲ့ပိုက်ဆံပမာဏကို လိုအပ်တယ်။ မင်းရဲ့ဒီနောက်လိုက်ကလဲ အဲလို ခံစားမိမှာပါ”

“ဒါ အမှန်ပဲ”လူငယ်က ခေါင်းညိတ်ကာ ထပ်ပြောသည် “ဒီနှစ်တွေမှာ ငါ့ရဲ့ပိုက်ဆံတွေအားလုံးကို ငါ့ရဲ့ခွန်အားကို တိုးတက်စေဖို့ ကူညီနိုင်တဲ့အရာတွေ ဝယ်ဖို့အတွက် အသုံးပြုခဲ့တာ”

“မင်းက အဲဒါတွေကို မှောင်ခိုဈေးမှာပဲ အမြဲတမ်း ဝယ်ရမယ်လို့ ငါ ထင်တယ်”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “အရိုးသားဆုံးပြောရရင် ငါ့ရဲ့ဗဟုသုတကို ကျယ်ပြန့်စေဖို့ မှောင်ခိုဈေးကို ငါလဲ သွားလည်ချင်နေတာ။ ဒါပေမယ့် ငါ အလုပ်တွေများတဲ့အတွက် အဲကို မသွားနိုင်ခဲ့ဘူး”

“ကောင်းပါပြီ၊ မင်းက ငါ့ကို မေးတယ်ဆိုရင် အဲနေရာက ကောင်းတာလဲမဟုတ်ဆိုးတာလဲမဟုတ်တဲ့နေရာတစ်ခုပဲ”လူငယ်က ပြန်ပြောသည်။

ထန်ရှုက စိတ်မဝင်စားစွာ ပြုံးပြလိုက်သည်၊ ထို့နောက် ကောင်းပိုင်လဲ့ထံ အကြည့်ပြောင်းကာ ပြောလိုက်၏ “ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုထဲကလူယုတ်လူညစ်တွေကို တိုက်ရိုက်ဖယ်ရှားရမယ်။ ဟိုကောင်တွေကို ငါ ပေးထားတဲ့ စာရင်းက ချန်လီဝေ့ရဲ့လက်ပါးစေတွေရဲ့နာမည်တွေပဲ။ ဒါကြောင့် အလွဲသုံးစားလုပ်မှုအတွက် ချန်လီဝေ့နဲ့သူ့လက်အောက်ကလူနှစ်ဆယ်ကျော်ကို ကုမ္ပဏီက ဖယ်ရှားခဲ့တယ်လို့ ကြေညာရမယ်။ ပြီးတော့ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့လုံခြုံရေးဌာနရဲ့ခေါင်းဆောင်ကို အခုချက်ချင်း ဆင့်ခေါ်ပါ…”

ကောင်းပိုင်လဲ့က ခေါင်းညိတ်လိုက်သည်၊ သို့သော် ထန်ရှုက လုံခြုံရေးဌာနအား အပြစ်ပေးမည်ဟု ထင်သောကြောင့် သူမက တုံ့ဆိုင်းသွား၏ “သူဌေး၊ လုံခြုံရေးဌာနရဲ့ခေါင်းဆောင်စုပန်က သစ္စာရှိပြီးရိုးသားတဲ့လူတစ်ယောက်ပဲ။ ပြီးတော့ သူက စွမ်းဆောင်ရည်လဲရှိတယ်။ သူက ချန်လီဝေ့တို့အုပ်စုနဲ့ ကြံရာပါလို့ ငါ မထင်ဘူး”

စုပန်လား။

ကောင်းပိုင်လဲ့၏မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသဖြင့် အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်သွား၏။ ထို့နောက် သူက ရယ်ကာ ပြောလိုက်၏ “စုပန်ကို ငါ သိတယ်။ ဒါပေမယ့် မင်းက သူ့ကို ကာကွယ်နေတာကို မြင်လိုက်ရတဲ့အတွက် ငါက အနည်းငယ်အံ့အားသင့်မိပါတယ်။ ဒါက ငါ့ကို အံ့အားသင့်စေတယ်။ မင်းက သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့ ငါ ထင်တယ်”

ကောင်းပိုင်လဲ့က တုံ့ဆိုင်းသွားပြီး ခါးသီးသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာကာ သူမက ပြောလိုက်သည် “တကယ်တော့ လောလောဆယ်မှာ ငါတို့ရဲ့ဆက်ဆံရေးကို ကုမ္ပဏီကို ဖုံးကွယ်ထားတာ။ ဒါပေမယ့် အခု သူဌေးက မေးမှတော့ ငါ ပြောပြမယ်၊ ငါနဲ့…က လင်မယားတွေပဲ။ ငါတို့က တရားဝင်လက်ထပ်ထားတာ တစ်နှစ်ကျော်ပြီ၊ ဒါပေမယ့် မင်္ဂလာဧည့်ခံပွဲကိုပဲ မကျင်းပရသေးတာ”

“ဟမ်။ ဘာပြောတာ”

ထန်ရှုက ဆိုဖာမှ ရုတ်တရက် ထရပ်ပြီး ကောင်းပိုင်လဲ့ကို ကြည့်ကာ မေးလိုက်သည် “မင်း…မင်းက စုပန်နဲ့ လက်ထပ်ခဲ့တာလား။ ဘယ်လိုလုပ်ပြီး မင်းတို့က…”

ကောင်းပိုင်လဲ့က အနည်းငယ်ရှက်ရွံ့သွားသော်လည်း သူမက ချက်ချင်း ပြန်ဖြေ၏ “စုပန်က ဖြူစင်ရိုးသားတဲ့လူတစ်ယောက်ပဲ၊ ပြီးတော့ လက်ထပ်ပြီးနောက် ငါ သူ့ကို တဖြည်းဖြည်းသဘောကျလာတာ။ တကယ်တမ်းတော့ သူ့ကို လိုက်ခဲ့တာ ငါပဲ…”

ထန်ရှုက ကောင်းပိုင်လဲ့အား ငိုရမလားရယ်ရမလားမသိသောအမူအရာနှင့် ကြည့်လိုက်သည်။ သူက လူငယ်အား ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်၊ သူနှင့်ကောင်းပိုင်လဲ့သာ ရုံးခန်းတွင် ကျန်၏။ ထို့နောက် သူက လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ကောင်းပိုင်လဲ့ထံ ယူလာလျက် သူမအား ကမ်းပေးလိုက်သည်။ ထို့နောက် သူက ပြော၏ “ခယ်မ၊ မင်းက အကိုပန်နဲ့ ဒီလိုဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာ ငါ မသိလို့ပါ၊ ဒါကြောင့် ငါ့ရဲ့အပြုအမူတွေက မင်းအပေါ် အတော်လေးကြမ်းတမ်းသွားတယ်။ မင်းက ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်တယ်။ ပြီးတော့ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို အကိုပန်ကို မပြောပါနဲ့။ မဟုတ်ရင် သူက ငါ့ကို သေချာပေါက် ရိုက်နှက်လိမ့်မယ်”

ကောင်းပိုင်လဲ့က အလွန်အံ့အားသင့်ကာ ထန်ရှုအား မှင်တက်စွာ စိုက်ကြည့်လိုက်သည်။ ထန်ရှုက ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို ကြားတုန်းကထက်ပင် သူမ၏ထိတ်လန့်တုန်လှုပ်မှုက ပိုကြီးမားသည်။

ခယ်မလား။

ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီး၊ နောက်လိုက်တွေက အရှင်လို့ ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ကျင့်ကြံသူ၊ ဒီလိုလူတစ်ယောက်က ငါ့ကို ခယ်မလို့ တကယ်ပဲ ခေါ်တာလား။

ဒါက…ဒါက ဘယ်လိုဟာသမျိုးလဲ။

ကောင်းပိုင်လဲ့၏မျက်နှာကို ကြည့်ရင်း စုပန်က သူတို့၏ဆက်ဆံရေးအား သူမအား မပြောပြထားသည်ကို ထန်ရှုက သိလိုက်သည်၊ ထို့ကြောင့် သူက ပြုံးကာ ပြောလိုက်သည် “ခယ်မ၊ တကယ်တော့ အကိုပန်နဲ့ငါက အတူတူကြီးပြင်းလာတာ။ ငါတို့က စုမိသားစုရွာမှာ နေခဲ့ပြီး အိမ်နီးချင်းတွေပဲ။ ပြောရရင် ငါတို့တွေက ဆွေမျိုးတွေပဲ၊ ဘာလိုဆို စုမိသားစုတစ်ရွာလုံးရဲ့အိပ်ထောင်စုအသီးသီးက သွေးချင်းဆက်နေလို့ပဲ။ အဲတုန်းက ငါက အကိုပန်ကို ကြယ်တာရာမြို့ကို ခေါ်လာခဲ့ပြီး သူ့ကို ဝိုင်စက်ရုံရဲ့လုံခြုံရေးအဖြစ် စီစဉ်ပေးခဲ့တာ။ ဒီနှစ်တွေမှာ ငါက အလုပ်များနေခဲ့ပြီး ကျင့်ကြံဖို့အတွက် ပြည်ပကို ထွက်သွားခဲ့တာ၊ ဒါကြောင့် လက်ရှိ သူ့ရဲ့အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။ သူက မင်းနဲ့ တိတ်တဆိတ်လက်ထပ်ထားမယ်လို့ ငါ မထင်ထားခဲ့ဘူး”

ဤအခါတွင်မှ ကောင်းပိုင်လဲ့က နားလည်သွားသည်။ ထန်ရှု၏ပြုံးနေသောမျက်နှာကို ကြည့်ရင်း သူမက သူ့ခံစားချက်အား ခံစားနိုင်သည်။

“သူဌေး၊ ဒါဆို ရှင်နဲ့စုချွမ်က…”

“ဟုတ်တယ်၊ ငါတို့က အတူတူကြီးပြင်းလာတာ”ထန်ရှုက ရယ်လိုက်သည် “ငါတို့အားလုံးက ညီအကိုရင်းတွေလိုပဲ။ ပြီးတော့ ငါ့မိသားစုနာမည်က စုမဟုတ်ပေမယ့် ငါ့အမေရဲ့မိသားစုနာမည်က စုလေ”

များမကြာမီ စုပန်က မန်နေဂျာရုံးခန်းထဲသို့ အပြေးရောက်လာပြီး ချက်ချင်း မေးလိုက်သည် “ပိုင်လဲ့၊ ငါ့ကို ချက်ချင်းလာဖို့ မင်း ခေါ်တာ။ တစ်ခုခုများ…”

ထန်ရှုကို မြင်လိုက်ရသောကြောင့် သူက စကားပင် ပြောမပြီးလိုက်ပေ။

ထန်ရှုက သူ့အား ပြုံးကာ နှုတ်ဆက်ပြီးနောက် ရယ်လိုက်သည် “ဟားဟားဟား၊ ငါ မင်းနဲ့ နောက်ဆုံးတွေ့တာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က၊ အကိုပန်။ မင်းက အရင်ကထက် အများကြီးပိုကြည့်ကောင်းလာတာပဲ။ မင်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့မန်နေဂျာကောင်းပိုင်လဲ့နဲ့တောင် လက်ထပ်ထားပုံထောက်ရင်။ တောက်…။ မင်းက တကယ် လေးစားဖို့ ထိုက်တန်တာပဲ။ ဒါ အရမ်းမိုက်တာပဲ၊ အကို…”

စုပန်က စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများက အနည်းငယ်နီရဲသွားသည်။ သူက ထန်ရှုထံ လျှောက်လာကာ ပွေ့ဖွက်လိုက်သည်။ ထို့နောက် ထန်ရှု၏နောက်ကျောအား လက်သီးဖြင့် ထိုးကာ ပြောလိုက်၏ “ငါ နောက်ဆုံးတော့ မင်းကို ထပ်တွေ့ရပြီပေါ့၊ ထန်ရှု။ တကယ်ကို နှစ်အနည်းငယ်ရှိပြီ။ မင်းက တံခါးပိတ်ကျင့်ကြံနေတယ်လို့ ခေါင်းဆောင်ခန်းက ငါ့ကို မပြောရင် ငါက မင်းကို နေရာတိုင်းမှာ ရှာဖွေပြီးနေလောက်ပြီ”

“မစိုးရိမ်ပါနဲ့၊ အကို။ ငါက အားလုံးအဆင်ပြေပါတယ်”ထန်ရှုက ရယ်ကာ ပြုံးလျက် ပြောလိုက်သည် “ဒါနဲ့ မင်းက လွန်ခဲ့တဲ့သုံးနှစ်ကထက် ပိုသန်မာလာပုံရတယ်။ မင်းက ရွှေအမြုတေအဆင့်ကို ချိုးဖြတ်ခဲ့ပြီးပြီလား”

“ဟားဟားဟား။ ဒါတွေအားလုံးက အဲဒီကျင့်ကြံခြင်းအရင်းအမြစ်တွေကို ငါ၊ ချွမ်နဲ့ ရှန်းဖေတို့ကို မကြာခဏပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပဲ၊ ညီလေး…”စုပန်က ရယ်လျက် ပြောလိုက်၏ “မဟုတ်ရင် ငါ့ရဲ့ကျင့်ကြံခြင်းက ဒီလောက်လျင်မြန်စွာ တိုးတက်ဖို့ မဖြစ်နိုင်ဘူး”

ထန်ရှုက မှင်တက်သွားပြီးနောက် ရှုံ့မဲ့ပြုံးလိုက်သည် “အာ၊ ဒီလိုအမိန့်တစ်ခုကို ငါ ဘယ်တော့မှ မပေးခဲ့ဘူး။ အဲဒါက ခန်းရှပဲ ဖြစ်မယ်…”

“အင်းပါ၊ ငါတို့အားလုံးက မိသားစုတွေပဲ။ မင်းပဲဖြစ်ဖြစ်၊ ခန်းရှပဲဖြစ်ဖြစ်၊ အတူတူပါပဲ”စုပန်က ရယ်လိုက်သည်။

အခြားတစ်ဖက်တွင် ကောင်းပိုင်လဲ့က မယုံကြည်နိုင်စွာနှင့် အံ့အားတကြီး ပြော၏ “ရှင်…ရှင်လဲ ကျင့်ကြံသူတစ်ယောက်လား”

စုပန်က တောင်းပန်သောအမူအရာနှင့် ပြော၏ “အဲဒါကို မင်းကို ဖုံးကွယ်ထားတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့၊ ပိုင်လဲ့။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောပြဖို့ ထန်ရှုက ငါတို့ကို တားမြစ်ထားတယ်။ ငါတို့ချစ်ရတဲ့သူတွေတောင်မှပေါ့။ ဒါကြောင့် ငါ မင်းကို မပြောပြခဲ့တာ။ ဒါပေမယ့် မင်းလဲ ကျင့်ကြံနိုင်ဖို့အတွက် သူနဲ့ ထပ်တွေ့အခါကျရင် ပြောဖို့ ငါ တွေးထားပြီးသားပါ”

ကောင်းပိုင်လဲ့က အလွန်ခေါင်းရှုပ်သွားတော့သည်။ ယနေ့ ဖြစ်ပျက်သမျှ အရာအားလုံးက သူမက ရိုလာကိုစတာတစ်ခုကို စီနင်းနေရသလို ခံစားမိစေသည်။

ရုတ်တရက် သူမက တစ်ခုခုအား သတိရသွားပုံပေါ်ကာ ကမန်းကတန်း မေးလိုက်၏ “ဒါဆို ရီစီက လေ့ကျင့်သူတစ်ယောက်ဆိုတာ ရှင်လဲ သိမှာပေါ့။ အားကောင်းတဲ့ကျွမ်းကျင်သူလေးယောက်က ကျွန်မကို ကာကွယ်နေတာကိုလဲ ရှင် သိမှာပေါ့”

စုပန်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ မင်းကို တွေ့ပြီးကတည်းက သူတို့ရဲ့တည်ရှိမှုကို သိထားပြီးပြီ။ ငါ ရီစီနဲ့တောင် သီးသန့်ပြောခဲ့တယ်၊ အဲနောက် သူက မင်းကို အကြွေးပြန်ဆပ်ချင်တယ်ဆိုတာ သိလိုက်ရတယ်။ သူက မင်းကို မထိခိုက်စေရုံတင်မက မင်းကို လျှို့ဝှက်ကာကွယ်မယ်ဆိုတာ ငါ သိတယ်။ ခေါင်းဆောင်ခန်းလွှတ်ထားတဲ့အဲဒီလူလေးယောက်အတွက်ကတော့ ခေါင်းဆောင်ခန်းက ငါ့ကို အရင်ကတည်းက အသိပေးထားပြီးသား”

ကောင်းပိုင်လဲ့က ဒေါသထွက်ကာ မာဆတ်ဆတ်ပြောလိုက်သည် “အိပ်ပြန်ရောက်တဲ့အခါကျမှ ရှင် ကျွန်မနဲ့ တွေ့မယ်…”

“အာ…ငါ…”

စုပန်က ခေါင်းကုတ်လိုက်တော့သည်။

သူတို့၏အဖြစ်အပျက်ကို ကြည့်ရင်း ထန်ရှုက စိတ်ထဲ၌ ကျိတ်ရယ်လိုက်သည်။ သူက စုပန်၏ပခုံးကို ပုတ်ကာ ပြောလိုက်၏ “ဒါနဲ့ မင်းနဲ့ခယ်မတို့က ဘယ်အချိန်ကျမှ လက်ထပ်ပွဲကျင်းပမှာလဲ။ ဟုတ်တယ်၊ သူမကို ကာကွယ်ဖို့အတွက် ကျောက်စိမ်းလည်ဆွဲတစ်ခု ပေးထားတယ်၊ ဒါပေမယ့် အဲဒါက တစ်ခါပဲသုံးလို့ရတဲ့အမှိုက်မှော်လက်နက်တစ်ခုပဲ။ ခယ်မ၊ ကျေးဇူးပြုပြီး ဒီကျင့်ကြံခြင်းကျမ်းစာအုပ်ကို လက်ခံပေးပါ။ အဲဒါက အလွန်အားကောင်းတဲ့အင်မော်တယ်နည်းလမ်းတစ်ခုဖြစ်ပြီး တန်းပြီး ကျင့်ကြံလို့ရတယ်။ မင်းကို ညွှန်ပြဖို့ အကိုပန်ကို မေးပါ၊ အနာဂတ်မှာ မင်းက သေချာပေါက် ကြီးမားတဲ့အောင်မြင်မှုတွေ ရလာလိမ့်မယ်”

ကောင်းပိုင်လဲ့က ကျင့်ကြံခြင်းကျမ်းစာအုပ်ကို ယူကာ အံ့အားသင့်သောအကြည့်နှင့် မေးလိုက်၏ “သူဌေး၊ ဒီမတိုင်ခင်တုန်းက ငါ့ကို ပေးခဲ့တဲ့ ကျောက်စိမ်းလည်ဆွဲက…တကယ်ပဲ ငါ့ကို ကာကွယ်နိုင်တာလား”

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည် “အဲဒါက ခံစစ်အမျိုးအစားမှော်ပစ္စည်းတစ်ခုပဲ။ ၎င်းရဲ့အဆင့်က နိမ့်ပေမယ့် အဲဒါက မင်းကို သာမန်မတော်တဆဖြစ်ရပ်တစ်ခုကနေ ကာကွယ်နိုင်တယ်။ ဉပမာအားဖြင့် ကားမတော်တဆမှုတစ်ခုပေါ့။ အရှိန်၂၀၀ကီလိုမီတာနဲ့ မောင်းနှင်လာတဲ့ ကားကြီးတစ်စီးက မင်းကို တိုက်သွားတယ်ဆိုရင်တောင် မင်းက ဒဏ်ရာအနာတရရှိလိမ့်မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က မင်းကို သေနတ်နဲ့ ပစ်ရင်တောင် မင်း အဆင်ပြေလိမ့်မယ်။ ဒါပေမယ့် တစ်ကြိမ်သုံးပြီးသွားတာနဲ့ ဒီမှော်လက်နက်က ပျက်ဆီးသွားလိမ့်မယ်”

ကောင်းပိုင်လဲ့၏နှုတ်ခမ်းက အကြိမ်အနည်းငယ်လှုပ်ရမ်းသွားပြီး သူမ၏နှလုံးသားက အနည်းငယ်လှုပ်ရှားသွားသည်။ သူမအား ပထမဆုံးအကြိမ် တွေ့သည့်အချိန်တွင် ထန်ရှုက သူမ၏ဘေးကင်းမှုအား စဉ်းစားပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဘယ်လိုလုပ်ပြီး ဒီကျောက်စိမ်းလည်ဆွဲက အမှိုက်လို့ သတ်မှတ်ရမှာလဲ။ ဒါက အသက်ကယ်အဆောင်တစ်ခုပင်။

နောက်တွင် ထန်ရှုနှင့်စုပန်တို့က သူတို့၏အတိတ်နေ့ရက်များအား ပြန်ပြောင်းပြောပြီးနောက် သူတို့သုံးယောက်က မန်နေဂျာရုံးခန်းမှ ထွက်ခွာလာခဲ့သည်။ တစ်ချိန်တည်းတွင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏လုပ်ဆောင်ချက်များကြောင့် ကြီးမားသောမုန်တိုင်းတစ်ခုက ဖြစ်လာခဲ့၏။

ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏လက်ထောက်မန်နေဂျာဖြစ်သောချန်လီဝေ့က ကိုယ်ပိုင်အကျိုးအမြတ်အတွက် ရာထူးကို အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့် ဖယ်ရှားခံလိုက်ရသည်။

ချန်လီဝေ့နှင့်တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်သည့် ဝိုင်စက်ရုံ၏ဒါရိုက်တာလည်း တိုက်ရိုက်အလုပ်ထုတ်ခံလိုက်ရသည်။

ခမ်းနားသောထန်အရောင်းဌာန၏လက်ထောက်မန်နေဂျာ…

ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဒေသဆိုင်ရာမန်နေဂျာ…

…

ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏အလုပ်အမှုဆောင်အရာရှိနှစ်ဆယ်ကျော်က တစ်ချိန်တည်း၌ ဖယ်ရှားခံလိုက်ရသည်- ဤအဖြစ်အပျက်က ကုမ္ပဏီတစ်ခုလုံး၏အလုပ်သမားများအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ထို့ပြင် အဆက်အသွယ်အမျိုးမျိုးမှတစ်ဆင့် သူဌေးထန်ရှုက ပြန်ရောက်လာပြီး ဆုံးဖြတ်ချက်အားလုံးအား သူကိုယ်တိုင် ချမှတ်ခဲ့သည်ကို သိလိုက်ကြသည်။ ထို့နောက် ကြေညာချက်တစ်ခုမှ ထွက်ပေါ်လာ၏-

“သူဌေးက ကြေညာခိုင်းထားတယ်၊ သူတို့ရဲ့ရာထူးတွေ၊ နာမည်တွေ ဘာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလွဲသုံးစားလုပ်ထားခဲ့တဲ့ဘယ်သူမဆို သူတို့ရဲ့အပြစ်ကို ဝန်ခံပြီး အလွဲသုံးစားလုပ်ထားတဲ့ငွေကို ပြန်ပေးသရွေ့ အပြစ်လျော့ပေါ့ခံရလိမ့်မယ်။ တကယ်လို့ စုံစမ်းပြီးတော့မှ အပြစ်တွေခဲ့ရင်တော့ သူတို့က အလုပ်ကနေ ဖယ်ရှားခံရရုံတင်မကာ တရားရုံးကိုလဲ ပို့ဆောင်ခံရမယ်”

နေ့တစ်ဝက်အတွင်း သတင်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရှန်းဟိုင်ရှိ စီးပွားရေးလောကတစ်ခုလုံးပင် သိသွားခဲ့ကြသည်။

ညနေငါးနာရီခွဲတွင်။

အလုပ်ဆင်းချိန်မတိုင်ခင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏အဆင့်မြင့်အလုပ်အမှုဆောင်ဒါဇင်ကျော်က သူတို့၏အပြစ်များအား တစ်ယောက်ပြီး တစ်ယောက် ဝန်ခံလာကြသည်။ အလွဲသုံးစားလုပ်ထားခဲ့သည့်ပိုက်ဆံများအား ပြန်ပေးရန် ကတိပေးခဲ့ကြပြီး ရာထူးလျော့ချရန်ပင် ဆန္ဒရှိခဲ့ကြသည်။

ထိုအဖြစ်အပျက်များအားလုံးပြီးနောက် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဗဟိုမန်နေဂျာကောင်းပိုင်လဲ့က ထန်ရှုအား မျက်နှာချင်းဆိုင်ရန် အရှက်ရနေခဲ့သည်။ သို့သော် ထိုအရာနှင့် ပတ်သက်၍ သူက ဂရုမစိုက်ပေ။ စက်မှုပန်းခြံသို့ မသွားခင် သူက ပြုံးကာ သူမအား နှစ်သိမ့်ပေးလိုက်သည်။ သူ့အပြုအမူများကြောင့် ကောင်းပိုင်လဲ့က ကျေးဇူးတင်သွားသလို စုပန်က စိတ်ထဲတွင် နွေးထွေးခဲ့ရ၏။

ဤအချိန်အတောအတွင်း နောက်ထပ်ထိတ်လန့်တုန်လှုပ်စရာသတင်းက ကုမ္ပဏီတစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။

All Chapters