ကြိုက်ရာ ရွေးချယ်
Vol. 90 Ch. 1262
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုတွင် ပျံ့နှံ့လာသည့်သတင်းများက “မန်ဂျောကောင်းပိုင်လဲ့နဲ့လုံခြုံရေးဌာနခေါင်းဆောင်စုပန်တို့က လွန်ခဲ့တဲ့တစ်နှစ်ကတည်းက တိတ်တဆိတ်လက်ထပ်ထားခြင်း။ သူဌေးထန်ရှုနှင့်လုံခြုံရေးဌာနခေါင်းဆောင်စုပန်တို့က အတူတူကြီးပြင်းလာခဲ့ကြပြီး သူဌေးထန်ရှုက ကောင်းပိုင်လဲ့အား ခယ်မဟု လူအများရှေ့တွင် ခေါ်ဆိုခြင်း”
လျှပ်တစ်ပြက်အတွင်း ကုမ္ပဏီတစ်ခုလုံးရှိ အလုပ်သမားများက စုပန်အား မတူညီသောအလင်းတစ်ခုနှင့် ကြည့်လာကြသည်။ သူဌေးထန်ရှုကလွဲပြီး ကုမ္ပဏီ၏အစစ်အမှန်နွားရိုင်းက စုပန်ဖြစ်သည်ကို အရူးပင် မြင်နိုင်သည်။ သူဌေး၏အကို၊ မန်နေဂျာက သူ့ဇနီး၊ သူက တကယ်စစ်မှန်သောအနိုင်ရသူပင်။
****
မှောင်ရီပျိုးစအချိန်တွင်။
ထန်ရှု၊ စုပန်၊ ကောင်းပိုင်လဲ့၊ စုချွမ်နှင့် စုရှန်းဖေတို့က ကြယ်ပြာအိပ်ရာတွင် စုဝေးရင်း ညစာစားနေကြသည်။
“ဝိုး…ဒီနေရာက သက်ဝင်လှုပ်ရှားနေတာပဲ…”
ကြည်လင်သောရယ်သံက ထမင်းစားခန်းအပြင်မှ ထွက်လာသည်။ အနီရောင်ကုတ်အင်္ကျီနှင့်ချန်ရှောင်ဝမ်က အခန်းထဲသို့ ဝင်လာပြီး သူမနှင့်အတူ သင်းပျံ့သောရနံ့တစ်ခုကို သယ်ဆောင်လာသည်။
ထန်ရှုက ထရပ်ကာ သူမအား နှုတ်ဆက်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “ငါတို့တွေ နောက်ဆုံးအကြိမ် တွေ့တာ သုံးနှစ်ရှိပြီ၊ အမရှောင်ဝမ်။ မင်းက အမြဲတမ်း ပိုပိုလှလာတာပဲ။ ဒါနဲ့ ဘာလို့ ငါ့ရဲအနာဂတ်ယောက်ဖလောင်းကို ဒီနေရာကို မခေါ်လာတာလဲ”
“ပါးစပ်ပိတ်လိုက်စမ်း၊ ကောင်စုတ်လေး။ ငါက အခုထိ ရည်းစားမရှိသေးဘူး”ချန်ရှောက်ဝမ်က ရယ်ကာ ပြော၏ “အမက မင်းကို သတိရနေတာ။ မင်း ပျောက်နေတာ သုံးနှစ်ကျော်ပြီလေ”
ထိုသို့ပြောပြီးနောက် သူမမျက်လုံးများက အနည်းငယ် နီရဲလာသည်၊ ဤနေရာတွင် လူများစွာ မရှိလျှင် သူမက ငိုချမိပေလိမ့်မည်။
ထန်ရှုက သူမပခုံးကို ကိုင်ကာ ပြုံးလျက် ပြောလိုက်သည် “ကိစ္စအချို့ကို ဖြေရှင်းနေရလို့ ငါ အလုပ်များနေတာ၊ အမရှောင်ဝမ်။ မဟုတ်ရင် မင်းကို တွေ့ဖို့ ငါ ပြန်လာရောပေါ့။ လာပါ၊ ငါ မင်းကို ဒီကောင်တွေနဲ့ မိတ်ဆက်ပေးမယ်…”
ချန်ရှောင်ဝမ်က သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏ခံစားချက်အား ဖိနှိပ်ရန် ကြိုးစားလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “မလိုပါဘူး။ ဘယ်သူက ဒီကောင်တွေကို မသိလို့လဲ။ မန်နေဂျာကောင်းလဲ ဒီနေရာကို ရောက်နေမယ်လို့ ငါ မထင်ထားဘူး”
“အာ၊ သူမက ငါ့ဇနီးပါ၊ ညီမရှောင်ဝမ်”စုပန်က ရယ်လိုက်သည်။
“နင် ဘာပြောတာ…”
မယုံနိုင်စရာကောင်းသောသတင်းအား သူမက ကြားလိုက်ရသလိုပင်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏မန်နေဂျာအနေနှင့် ကောင်းပိုင်လဲ့က ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်မှာ သံသယရှိစရာမလို။ ဒါပေမယ့် သူမက စုပန်ရဲ့ဇနီး ဘယ်လိုလုပ်ဖြစ်လာတာလဲ။
မဟုတ်လောက်ဘူး…သူတို့က ငါ့ကို စနေတာများလား။ သူတို့က ကမ္ဘာတွေလောက် ကွာခြားတာလေ…
“ငါလဲ အဲဒါကို ကြားတုန်းက အမလိုပဲ ဖြစ်သွားတယ်”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ဒါပေမယ့် စဉ်းစားကြည့်လိုက်တော့ လူတစ်ယောက်ရဲ့အသားက အခြားလူတစ်ယောက်ရဲ့အဆိပ်ဖြစ်နိုင်တယ်ဆိတာ ငါ နားလည်လိုက်တယ်။ မန်နေဂျာကောင်းက အကိုပန်ကို ချစ်တယ်။ ဒါက မြေခွေးအမြီးမြက်က ဆူးပန်းနဲ့ အတူရှိနေတာနဲ့ တူတယ်”
“ဖူး…”
“ဟားဟား…”
လူတိုင်းက ရယ်လိုက်ကြသည်။ စုပန်က ခေါင်းကုတ်ရင်း ငိုရမလားရယ်ရမလား မသိတော့ပေ။
ဤနေရာတွင် သူစိမ်းတစ်ယောက်မှ မရှိပေ။ ထို့ကြောင့် ပတ်ဝန်းကျင်က နွေးထွေးကာ ဟန်ချက်ညီလှသည်။ လူတိုင်းက စားသောက်နေစဉ် အမာရွတ်မျက်နှာချမ်က အပြေးအလွှာရောက်လာသည်။ ထိုလူ၏ဆံပင်က အတော်လေးရှည်ပြီး သူ့မျက်နှာက ဘာအမွေးမှ မရိတ်ထားပေ။ သူ့ကိုယ်ပေါ်ရှိ အရက်နံ့က မပျောက်သေးသော်လည်း သူက ဖြတ်လတ်တက်ကြွလျက် စိတ်ဝိညာဉ်အပြည့်ဖြစ်နေသည်။ ထန်ရှုက သူ့အား ဖုန်းဆက်ချိန်တွင် သူက အရက်များစွာ သောက်နေမှန်း သိသာလှသည်။
“သူဌေး…” အမာရွတ်မျက်နှာချမ်က စိတ်လှုပ်ရှားမှုက ခဲယဉ်းစွာ ထိန်းချုပ်ရင်း အော်ပြောလိုက်သည်။
ထန်ရှုက ထရပ်လိုက်သည်။ ထို့နောက် သူက အမာရွတ်မျက်နှာချမ်အရှေ့သို့ သွားကာ ပခုံးပုတ်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်ကာ ပြောလိုက်၏ “ချွမ်၊ ခေါက်ဆွဲတစ်ပန်ကန်နဲ့ဟင်းနှစ်ပွဲလုပ်ပေးဖို့ အန်တီကို ပြောလိုက်။ ဒီနေ့ ဒီနေရာမှာ သူစိမ်းတွေ မရှိဘူး၊ ပြီးတော့ လူတိုင်းကို ငါ ပြောစရာတစ်ခုရှိတယ်။ ဟုတ်ပြီ၊ မင်း ဒီမှာ အရင်လာထိုင်”
အမာရွတ်မျက်နှာချမ်က စိတ်ထဲ၌ နွေးထွေးသွားပြီး ထန်ရှုဘေးနား၌ ထိုင်၏။ ထို့နောက် သူက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည် “ငါ တကယ် တောင်းပန်ပါတယ်၊ သူဌေး”
“မလိုပါဘူး၊ ငါက တောင်းပန်ရမှာပါ”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “လွန်ခဲ့တဲ့နှစ်တွေမှာ ငါ အလုပ်များနေခဲ့ပြီး မင်းကို ဂရုစိုက်ဖို့ မေ့သွားတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက အရွယ်ရောက်ပြီးသားသူတွေပဲ၊ ဒါကြောင့် ဘာမှ ဟန်ဆောင်နေဖို့ မလိုဘူး။ အခု ငါ ပြန်ရောက်လာပြီဆိုတော့ ငါ မင်းကို ရွေးချယ်မှုတစ်ခုပေးမယ်၊ မင်းရဲ့ရွေးချယ်မှုက ဘာပဲဖြစ်ဖြစ် မင်းရဲ့ဆုံးဖြတ်ချက်ကို ငါ လက်ခံမှာပါ”
မျက်နှာအမာရွတ်ချမ်၏နှုတ်ခမ်းက တုန်ယင်သွားသည်၊ သို့သော် သူက ဘာတစ်လုံးမှ မပြောဘဲ ခေါင်းသာ ညိတ်လိုက်သည်။ သူ့မွေးရပ်မြေတွင် ထန်ရှုနှင့် တွေ့ပြီးကတည်းက သူက အရာအားလုံးကို လက်လွှတ်ကာ သူ့အနာဂတ်အား ထန်ရှုထံ ပုံအပ်ရန် ဆုံးဖြတ်ထားသည်။
အရာအားလုံးကို စဉ်းစားကြည့်သော် ထန်ရှုက သူ့အား စိတ်မပျက်စေခဲ့ပေ။ သူက ဝိုင်စက်ရုံတစ်ခု တည်ထောင်ကာ ကမ္ဘာအကောင်းဆုံးဝိုင်ဖြစ်သည့်နတ်ဘုရားဝတ်ရည်ဝိုင်ကို ချက်လုပ်ခဲ့သည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက လျင်မြန်စွာ တိုးတက်လာပြီး သူက နှစ်အနည်းငယ်အတွင်း ဘီလီယံနာတစ်ယောက် ဖြစ်လာခဲ့၏။ နောက်ဆုံးတွင် သူက ကုမ္ပဏီမှ နှုတ်ထွက်လိုက်သော်ငြား သူ့ဘဏ်အကောင့်ထဲတွင် ယွမ်ဘီလီယံအနည်းငယ်ကျန်သေးသည်။
သူ့နှလုံးသားထဲတွင် ထန်ရှု၏ကြင်နာမှုနှင့်အသိအမှတ်ပြုမှုက သူ့အား ထန်ရှုကို ယုံကြည်စိတ်ချမိစေသည်။
ထန်ရှုက ဝိုင်ခွက်မြှောက်ကာ အမာရွတ်မျက်နှာချမ်နှင့် ခွက်ချင်းတိုက်လိုက်သည်။ ထို့နောက် သူက ပြော၏ “ချန်လီဝေ့ကို ငါ သတ်ပြီးပြီ၊ ကုမ္ပဏီထဲက လူယုတ်လူညစ်တွေကိုလဲ ဖယ်ရှားပြီးပြီ”
အမာရွတ်မျက်နှာချမ်က စိတ်ထဲ၌ တုန်လှုပ်လျက် ကျေးဇူးတင်သွားသည်။ ထန်ရှုက ဤကိစ္စအား ဘယ်လိုစုံစမ်းနိုင်ခဲ့သည်ကို သူ မသိ။ သို့သော် ထန်ရှုက လက်သည်တရားခံကို သတ်ခြင်းဖြင့် သူ့အတွက် လက်စားချေပေးခဲ့သည်ကတော့ သိသာလှသည်။
“အနာဂတ်မှာ အမာရွတ်ချမ်ရဲ့အသက်က မင်းအတွက်ပါပဲ၊ သူဌေး”
ထန်ရှုက ပြုံးပြလိုက်သည်။ ထို့နောက် သူက ဖန်ခွက်ချကာ ဆက်ပြော၏ “ဒီနေရာမှာ အပြင်လူတွေ မရှိဘူး၊ ဒါကြောင့် ငါ မင်းကို ရွေးချယ်မှုနှစ်ခုပေးမယ်။ ပထမ၊ ငါ မင်းကို ကျင့်ကြံခြင်းပညာရပ်တစ်ခု သင်ကြားပေးမယ်၊ မင်းက ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲရမယ်။ ဒါပေမယ့် နှစ်နှစ်ကြာရင် မင်းက မင်းမိသားစုနဲ့စီးပွားရေးလုပ်ငန်းတွေကို ချန်ထားပြီး ငါနဲ့အတူ အခြားကမ္ဘာကို လိုက်လာရမယ်၊ မင်းတစ်သက်မှာ ကမ္ဘာမြေကို ပြန်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။ အခြားရွေးချယ်မှုကတော့ ချမ်၊ နောက်နှစ်နှစ်ပြည့်ရင် ဝိုင်စက်ရုံရဲ့ရှယ်ယာ၄၉ရာခိုင်နှုန်းကို မင်း ရမယ်။ မင်းက ဒီရွေးချယ်မှုကို ပြုလိုက်မယ်ဆိုရင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့လက်ထောက်မန်နေဂျာ ဖြစ်လာလိမ့်မယ်။ မင်းက ဘာပဲရွေးချယ်ရွေးချယ်၊ မင်းရဲ့ဆုံးဖြတ်ချက်ကို ငါ လေးစားမှာပါ”
အမာရွတ်မျက်နှာချမ်က ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည် “ငါတို့က ဘယ်ကို အတိအကျသွားမှာလဲ။ ငါတစ်ယောက်တည်းပဲ သွားလို့ရမှာလား၊ အခြားတစ်ယောက်ကိုရော ခေါ်သွားလို့မရဘူးလား”
“မင်းနဲ့အတူ လူလေးယောက်ပဲ ခေါ်သွားလို့ရမယ်”ထန်ရှုက ပြောလိုက်သည် “မင်းဂရုစိုက်ဆုံးလူလေးယောက်ကို ခေါ်သွာနိုင်တယ်၊ သူတို့လဲ ကျင့်ကြံနိုင်တယ်။ ငါတို့ရဲ့ပန်းတိုင်ကတော့ မင်း အဲဒါကို ကြားဖူးမှာပါ။ အဲဒါက ဒဏ္ဍာရီမှာ ပြောကြတဲ့ အင်မော်တယ်ကမ္ဘာပဲ”
“သုံးယောက်ပဲ။ ငါ သုံးနေရာပဲ လိုတယ်”အမာရွတ်မျက်နှာချမ်က နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဒီအမာရွတ်မျက်နှာချမ်က မင်းရဲ့အသိအမှတ်ပြုမှုကို ရရှိထားပြီးပြီ။ မင်းက ငါ့ကို မင်းရဲ့လူတစ်ယောက်လို တကယ်ပဲ သတ်မှတ်ထားတယ်လို့ ငါ ခံစားမိတယ်။ ငါ့ရဲ့မိဘတွေက မရှိတော့ဘူး၊ ငါ့မှာ ငါ ချစ်ရတဲ့ဇနီးနဲ့ကလေးနှစ်ယောက်ပဲ ရှိတယ်”
“ဒါက မင်းရဲ့နောက်ဆုံးဆုံးဖြတ်ချက်ဆိုတာ တကယ်လား”ထန်ရှုက ပြုံးကာ မေးလိုက်၏။
အမာရွတ်မျက်နှာချမ်က ခေါင်းညိတ်လိုက်သည်၊ သူ့မျက်လုံးများက ပိုတောင် စိတ်လှုပ်ရှားသွားပုံပေါ်လျက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒါက ငါ့ရဲ့ဆုံးဖြတ်ချက်အမှန်ပဲ။ ငါက ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဘာမှမသိပေမယ့် ဒါမှမဟုတ် အင်မော်တယ်ကမ္ဘာက တကယ်ကို ဒဏ္ဍာရီတွေမှာ ပြောထားသလို တကယ်ပဲ အံ့ဩစရာကောင်းသလားဆိုတာ မသိပေမယ့် ငါ မင်းနောက်ကို လိုက်ချင်သေးတယ်၊ သူဌေး”
ထို့နောက် ထန်ရှုက ချန်ရှောင်ဝမ်ထံ အကြည့်ပြောင်းကာ ပြုံးလျက် မေးလိုက်သည် “မင်းကရော ဘယ်လိုလဲ၊ အမရှောင်ဝမ်”
“ဒါပေမယ့် အဲနေရာကို သွားပြီး ဘာလုပ်နိုင်မှာလဲ”ချန်ရှောင်ဝမ်က တုံ့ဆိုင်းသွားသည်။
“ငါ့နောက်ကို လိုက်တာက မင်းကို ပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုပေးလိမ့်မယ် ဒါမှမဟုတ် ငါနဲ့အတူ သေခြင်းကို ရင်ဆိုင်ရလိမ့်မယ်” ထန်ရှုက ပြန်ဖြေသည်။
“မင်း ဘာဆိုလိုသလဲဆိုတာ ငါ နားမလည်ဘူး”ချန်ရှောက်ဝမ်က ခေါင်းရှုပ်သွားသည်။
“အမရှောင်ဝမ်၊ ကျင့်ကြံသူတွေ အင်မော်တယ်ကမ္ဘာကို တက်လှမ်းတယ်ဆိုတာကို မင်း ကြားဖူးမှာပါ”ထန်ရှုက ရှင်းပြလိုက်သည် “ဒါက ပုံပြင်လဲမဟုတ်ဘူး၊ ဒဏ္ဍာရီလဲ မဟုတ်ဘူး၊ အဲဒါက အစစ်အမှန်ပဲ။ ငါတို့ကမ္ဘာရဲ့အထက်မှာ အင်မော်တယ်ကမ္ဘာလို့ ခေါ်တဲ့ မျိုးနွယ်စုထရီလီယံချီနေထိုင်တဲ့အများကြီးပိုကျယ်ပြောတဲ့ကမ္ဘာတစ်ခုရှိတယ်။ ဒါပေမယ့် ငါ့မှာ ရန်သူတွေ ရှိတယ်၊ ငါ့ရဲ့ဒီရန်သူတွေက အရမ်းအားကောင်းတယ်။ မင်းက အင်မော်တယ်ကမ္ဘာကို ငါနဲ့အတူ လိုက်လာမယ်ဆိုရင် တစ်နေ့မှာ အသက်ထရီလီယံရဲ့အထက်မှာ ရပ်တည်နိုင်မယ်ဆိုပေမယ့် ငါ့ရန်သူတွေရဲ့အသတ်ခံရဖို့ အခွင့်အရေးတစ်ခုလဲ ရှိတယ်။ ငါ ပြန်လာပြီး မင်းတို့ကို ဒီနေရာကို ခေါ်လိုက်တဲ့အကြောင်းရင်းက ဒီအခွင့်အရေးတွေကို ပေးချင်လို့ပဲ”
ချန်ရှောင်ဝမ်က ခဏစဉ်းစားပြီးနောက် ပြန်ပြောသည် “ငါက မင်းနဲ့အတူ သွားမယ်၊ မောင်လေး”
“မင်း သေချာတွေးထားပြီးပြီလား”ထန်ရှုက ပြုံးလျက် မေးလိုက်သည်။
“သိပ်သေချာတယ်”ချန်ရှောင်ဝမ်က ခေါင်းညိတ်လိုက်သည်။
“မင်းတို့နှစ်ယောက်လုံးက အဲလိုဆုံးဖြတ်ထားပြီဆိုမှတော့ နောက်ကျရင် မင်းတို့ရဲ့အလုပ်ကနေ ထွက်ပြီး ငါ့နောက်လိုက်လာရမယ်၊ မင်းတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြေရှင်းပြီးရင် နဂါးကိုးကောင်ကျွန်းကို သွားပါ”
“ဟမ်။ ဒီနဂါးကိုးကောင်ကျွန်းက ဘယ်နေရာမှာလဲ”ချန်ရှောင်ဝမ်က မေးလိုက်သည်။
“အဲဒါက ပစိဖိတ်သမုဒ္ဒရာထဲမှာ ငါ ဝယ်ထားတဲ့ ကျွန်းတစ်ကျွန်းပဲ။ အဲဒါက ငါ့ရဲ့ဌာနချုပ်ဆိုလဲ ဟုတ်တယ်”ထန်ရှုက ပြုံးကာ ပြန်ပြောသည်။
ချန်ရှောင်ဝမ်က မျက်လုံးလိမ့်လျက် မာဆတ်ဆတ်ပြောသည် “မင်းက ကျွန်းတစ်ကျွန်း ဝယ်ခဲ့တယ်၊ဒါပေမယ့် ငါ့ကို မပြောရသေးဘူးပဲ။ မင်းက တကယ်အသိတရားမရှိဘူးဆိုတာ မင်း သိလား”
အသိတရားလား။
ထန်ရှုက စိတ်ထဲ၌ ရှုံ့မဲ့ပြုံးလိုက်သည်။ ရန်ဖြစ်သည့်အချိန်တိုင်း သူက သေချာပေါက် အရှုံးနှင့်သာ အဆုံးသတ်ရမည်ကို သိသောကြောင့် သူမနှင့် ရန်ဖြစ်ရန် သူက ပျင်းရိလွန်းသည်။
ရုတ်တရက် စုပန်က ကြားဖြတ်ပြောသည် “နောက်နှစ်နှစ်ကျရင် ငါ မင်းနဲ့အတူ အင်မော်တယ်ကမ္ဘာကို သွားမယ်၊ ထန်ရှု။ အချိန်ကျရင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို စီမံခန့်ခွဲဖို့ အခြားတစ်ယောက်ယောက်ကို မင်း ရှာထားရလိမ့်မယ်”
ထန်ရှုက မှင်တက်သွားကာ ချက်ချင်းရယ်လိုက်သည် “ကောင်းပါပြီ၊ အဲအချိန်အတွက် ငါ စီစဉ်ထားပါ့မယ်။ ဒါပေမယ့် မင်း၊ ရှန်းဖေ၊ ချွမ်နဲ့ အခြားသူတွေက မနက်ဖြန်ကနေ စရလိမ့်မယ်။ မင်းတို့ရဲ့ကိုယ်ပိုင်ကိစ္စနဲ့အလုပ်တွေကို ဖြေရှင်းပါ။ ပြီးရင် အိမ်ပြန်ပြီး မင်းတို့ရဲ့ချစ်ရသူတွေနဲ့အတူ နဂါးကိုးကောင်ကျွန်းကို သွားပါ။ ဟိုရောက်တာနဲ့ မင်းတို့တွေ မရပ်မနားကျင့်ကြံကြပေတော့”
“ငါကရော”ကောင်းပိုင်လဲ့က ကမန်းကတန်းမေးသည်။
ထန်ရှုက အချိန်အချို့ပေးကာ စဉ်းစားလိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်းပြော၏ “ခယ်မ၊ မင်းက ဒီမှာပဲ နေနေ။ ပိုက်ဆံရှာဖို့အတွက် ငါတို့က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို စီမံခန့်ခွဲဖို့ လိုသေးတယ်။ အရင်းအမြစ်တွေ ဝယ်ယူဖို့အတွက် ငါတို့က ပိုက်ဆံတွေ လိုအပ်တယ်လေ”
ကောင်းပိုင်လဲ့က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက တစ်ခုခုကို ရုတ်တရက် နားလည်သွားကာ အံ့အားသင့်စွာ ပြောလိုက်သည် “လက်စသတ်တော့ ဒါကြောင့်ကိုး။ ငါတို့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့အသားတင်ဝင်ငွေကိုးဆယ်ရာခိုင်နှုန်းကျော်က အချိန်တိုင်းမှာ မြန်မြန်ဆန်ဆန် လွှဲပြောင်းနေတာ အံ့ဩစရာမရှိဘူး။ မင်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဝယ်ယူဖို့ အဲဒါကို အသုံးပြုနေတာပဲ”
“ဟုတ်တယ်၊ ငါတို့မှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ လိုအပ်တဲ့ လူသိန်းချီရှိတယ်”ထန်ရှုက ရှုံ့မဲ့ပြုံးကာ ပြောလိုက်သည်။
လူတိုင်းက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာတစ်ခုမှ မတုံ့ပြန်လိုက်ပေ။ ကျင့်ကြံခြင်းအရင်းအမြစ်တွေလိုအပ်တဲ့လူသိန်းချီရှိတာလား။ ဆိုလိုတာက ဒီတစ်ချိန်လုံး ထန်ရှုက ကျင့်ကြံသူသိန်းချီကို လေ့ကျင့်ပေးနေတာပေါ့။