ဧရာမစီမံကိန်း
Vol. 90 Ch. 1264
ခပ်ဖျော့ဖျော့ပြုံးလျက် ထန်ရှုက ရယ်လိုက်သည် “တကယ်ကို အတော်လေးအားကောင်းတာပဲ။ ငါ ထင်တာ မှန်ရင် ဒီလေဆာသေနတ်ရဲ့ပစ်မှတ်အကွာအဝေးက အနည်းဆုံးနှစ်ကီလိုမီတာရှိပြီး တန်တစ်ရာရှိတဲ့ကျောက်တုံးတစ်တုံးကို ပေါက်ကွဲစေနိုင်တယ်”
မီတာတစ်ရာရှိသည့်အစိမ်းရောင်မြက်ခင်းလွင်ပြင်က ကြွတက်သွားပြီး ထူးခြားသောအစိမ်းရောင်ကားနှစ်စီးက ထွက်လာသည်။ အရှိန်တင်ကာ မောင်းနှင်လာပြီးနောက် ကားနှစ်စီးက လူတိုင်းအရှေ့တွင် ရပ်သွားသည်၊ ကျူလုံက ဝမ်းသာအံ့အားသင့်သောမျက်နှာနှင့် ထန်ရှုအရှေ့သို့ လျှောက်လာကာ ပြောလိုက်သည် “မင်း ရောက်လာပြီပေါ့၊ မစ္စတာထန်”
“ဟုတ်တယ်၊ ငါ အခုပဲ ရောက်လာတာ”ထန်ရှုက ပြုံးကာ ပြန်ပြောသည်။
“မင်းက ဒီနေရာမှာ ရှိတယ်ဆိုတာ သိရင် ခေါင်းဆောင်သွမ်မုက သေချာပေါက် ပျော်ရွှင်လိမ့်မယ်”ကျူလုံက စိတ်လှုပ်ရှားစွာ ပြော၏။
ထန်ရှုအား ပစ်ခတ်သည့် လူငယ်က သံသယဖြစ်သွားသည်။ ကျူလုံ၏မိတ်ဆက်မှုကို ကြားပြီး လူတစ်ယောက်၏နာမည်ကို တိတ်တဆိတ် တွေးလိုက်သည်။ သို့သော် ၎င်းအား ပြန်စဉ်းစားပြီးနောက် သူ့ကျောရိုးက အေးစိမ့်စိမ့်ဖြစ်လာသည်။ သူ့ခန့်မှန်းချက်က မှန်လျှင် သူက ကံဆိုးသွားသည်မှာ သေချာ၏။ ဤလူက ဤနေရာတည်ဆောက်မှုအတွက် အဓိကကူညီပေးသူဖြစ်သည်ကို အထူးစွမ်းရည်ဗျူရို၏အဖွဲ့ဝင်အားလုံးက သိသောကြောင့်ပင်။
သူက…ထန်ရှုလား…
ဤအချိန်တွင် လူငယ်၏မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုကိုလည်း ထန်ရှုက သတိပြုမိလိုက်သည်။ သူက ရှေ့သို့ လှမ်းကာ လူငယ်၏ပခုံးကို ညင်သာစွာ ပုတ်လျက် ပြောလိုက်သည် “မစိုးရိမ်ပါနဲ့။ မင်းက ငါ့ကို မသိမှတော့ ငါ အပြစ်မတင်ပါဘူး”
ကျူလုံက မှင်တက်သွားသည်။ “အာ။ ဘာဖြစ်လို့လဲ”
လူငယ်က ငိုသည်ထက် ပိုရုပ်ဆိုးသော မျက်နှာအမူအရာနှင့် ပြန်ဖြေသည် “ဒါက…မစ္စတာထန်က သူ့ကို သေနတ်နဲ့ ပစ်ဖို့ ပြောတယ်၊ သူက ငါတို့ထုတ်လုပ်ထားတဲ့လေဆာသေနတ်ရဲ့စွမ်းအားကို စမ်းသပ်ချင်လို့တဲ့။ ဒါကြောင့် ငါ သူ့ကို ပစ်ခတ်လိုက်တယ်၊ ဒါပေမယ့် အဲဒါက မစ္စတာထန်ရဲ့အဝတ်အစားတွေပေါ်မှာ ခြစ်ရာတစ်ခုတောင် မချန်ထားနိုင်ခဲ့ဘူး”
ကျူလုံက ချက်ချင်းဒေါသထွက်ကာ ဆဲဆိုလိုက်သည် “အမှိုက်ကောင်၊ မင်းတို့က ဒီလောက်တောင် တုံးရလား၊ သူက မင်းတို့ကို အဲလိုလုပ်ဖို့ ပြောရုံနဲ့ ပစ်လိုက်ရလား။ သူ ဘယ်သူလဲဆိုတာ မင်း သိလား။ သူက မင်းတို့လိုကောင်လေးတွေ လေးစားကိုးကွယ်ရမယ့်နတ်ဘုရားလိုလူပဲ။ မင်းတို့က သူ့ကို ဘယ်လိုလုပ် ပစ်ရဲတာလဲ။ မင်းတို့က အသက်ရှင်ရတာ မောပန်းနေပြီလား”
ဤအခါတွင်မှ ချောမောခန့်ညားသောဤလူငယ်က သေချပေါက် ထန်ရှုဖြစ်သည်ကို ချက်ချင်း နားလည်လိုက်သည်။ ဤအချိန်တွင် လူငယ်က မျက်ရည်ထွက်လုနီးပါးဖြစ်လျက် ထစ်ငေါ့စွာ ပြောလိုက်၏ “မစ္စတာထန်၊ ငါ တကယ် တောင်းပန်ပါတယ်။ မင်း ဘယ်သူလဲဆိုတာ ငါ တကယ်မသိလို့ပါ။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ…ငါက ဒီနေရာမှာ လူသစ်တစ်ယောက်ပါ၊ ငါ ဒီကို ရောက်တာ တစ်နှစ်ကျော်ပဲ ရှိသေးတာပါ”
“မင်းက ငါ့ကို မသိမှတော့ အပြစ်မတင်ဘူးလို့ ငါ ပြောခဲ့တယ်မလား”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ကောင်းပြီလေ၊ မင်းတို့ရဲ့တာဝန်ကို ပြန်လုပ်တော့။ ကျူလုံ၊ စီနီယာသွမ်မုနဲ့ တွေ့ဖို့ ငါ့ကို ခေါ်သွားပေး”
“နားလည်ပါပြီ…”
လူငယ်အား ပြင်းထန်စွာ စိုက်ကြည့်ပြီးနောက် ကျူလုံက ထန်ရှုနှင့်ထန်အလန်တို့အား ဉီးဆောင်ကာ ထူးဆန်းသောကားပေါ်သို့ တက်ပြီး ထွက်ပေါက်ဉမင်ဆီသို့ ဉီးတည်လိုက်သည်။ ထူးဆန်းသောယာဉ်က အတွင်းပိုင်းတွင် အတော်လေးကျယ်သည်၊ ၎င်း၏အလွန်အမင်းမြန်ဆန်သောအရှိန်ကြောင့် ထန်ရှုက အနည်းငယ်အံ့အားသင့်သွားသည်။ လမ်းကြောင်းထဲ ဝင်ရောက်ပြီးနောက် ယာဉ်က တစ်နာရီလျှင် ၄၅၀ကီလိုမီတာနှုန်းဖြင့် အရှိန်မြင့်တက်သွားပြီး စက္ကန့်သုံးဆယ်မပြည့်ခင် သတ္တုဖြင့်ပြုလုပ်ထားသောခန်းမကျယ်တစ်ခုအရှေ့တွင် ရပ်တန့်သွား၏။
ထန်ရှုနှင့်ထန်အလန်တို့က ကားပေါ်မှ ဆင်းပြီးနောက် ခန်းမပတ်လည်တွင် လေဆာသေနတ်များကိုင်လျက် ရပ်နေသော ပုံဖျက်ဝတ်စုံများနှင့် လူကြီးဆယ့်ရှစ်ယောက်အား မြင်လိုက်သည်။
“မစ္စတာထန်…”
ထိုလူကြီးဆယ့်ရှစ်ယောက်က ထန်ရှုအား သိမှန်း သိသာသည်၊ သူ့အား မြင်သည့်အခိုက်တွင် အရူးအမူးအကြည့်တစ်ခုက သူတို့၏မျက်လုံးများထဲတွင် ထွက်ပေါ်လာသည်။
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။ သူ့လက်ချောင်းများအား ဆတ်ခနဲလှုပ်လိုက်ရာ ဆေးလုံး၁၈လုံးက သူတို့၏လက်ထဲသို့ ရောက်သွားပြီး သူက ပြုံးကာ ပြောလိုက်၏ “အချိန်အတော်ကြာပြီ၊ မင်းတို့အားလုံးက ပိုအားကောင်းလာတာပဲ။ ဒီဆေးလုံး၁၈လုံးက မင်းတို့ကို ပိုတိုးတက်စေဖို့ ငါ မျှော်လင့်တယ်”
“ကျေးဇူးတင်ပါတယ်၊ မစ္စတာထန်”လူဆယ့်ရှစ်ယောက်က စိတ်လှုပ်ရှားကာ တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။
မနာလိုအားကျသောအကြည့်တစ်ခုက ကျူလုံ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သို့သော် သူက ထန်ရှု၏ရက်ရောမှုအား ကောင်းကောင်းသိသည်။ ဤနေရာသို့ ထန်ရှု ရောက်လာသည့် နောက်ဆုံးအကြိမ်က သူလည်း သူ့ထံမှ ဆေးလုံးအမြောက်အများရရှိခဲ့သည်။ ထန်ရှုထံမှ ဒီလိုဆေးလုံးများရရှိခဲ့သည့် အထူးစွမ်းရည်ဗျူရို၏ကျွမ်းကျင်သူတစ်ယောက်စီက ခွန်အားခုန်ပေါက်သလို တိုးတက်လာခဲ့သည်။
ကျူလုံ၏အမူအရာအား ထန်ရှုက သိသည်။ သူက ကျူလုံထံ ကျောက်စိမ်းတစ်ပုလင်းပစ်ပေးကာ ပြုံးလျက် ပြောလိုက်၏ “ကောင်းပြီ၊ မကြာခင်မှာ သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုရဲ့ဒါရိုက်တာရာထူးနေရာကို မယူတော့မှာ ငါ ကြောက်တယ်။ ငါ မင်းကို ဆေးတစ်ပုလင်းပေးမယ်၊ အနာဂတ်မှာ သူ့တာဝန်ကို မင်း ယူနိုင်မယ်လို့ ငါ မျှော်လင့်တယ်”
“မင်း ဘာဆိုလိုတာလဲ”
ကျူလုံ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားသောအကြည့်က ရုတ်တရက် အေးခဲသွားသည်။
ထန်ရှုက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး ဘာတစ်ခုမှ မရှင်းပြလိုက်ပေ။ ကျူလုံအား လမ်းဉီးဆောင်ရန် အချက်ပြပြီးနောက် ဆယ်မီတာကျယ်ပြီးလေးမီတာမြင့်မားသည့်တံခါးတစ်ချပ်က ခန်းမ၏နံရံပေါ်တွင် ရုတ်တရက် ပွင့်သွား၏။
“အို…ဘုရားသခင်…”
အထဲသို့ ထန်ရှုနောက်မှ လိုက်ပါလာသည့် အလွန်တည်ငြိမ်သည့် ထန်အလန်ပင် အံ့အားသင့်သွားပြီး သူ့အသက်ရှုသံက မြန်ဆန်လာသည်။
“ဟေ၊ မင်းရဲ့အတွေ့အကြုံမရှိတာကို မပြနဲ့၊ ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့”ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ တီးတိုးပြောလိုက်သည်။
ထန်အလန်က ညွှန်ပြမှုကို လက်ခံလိုက်သည်၊ သို့သော် သူ့မျက်နှာပေါ်ရှိ တုန်လှုပ်မှုက နည်းနည်းကလေးပင် မလျော့ကျသွားဘဲ သူက ကမန်းကတန်း ပြန်ပြောသည်”ဒီနေရာက အတိအကျဘာလဲ၊ ဆရာသခင်။ ဘာလို့ ငါက ခေတ်မီလူ့အဖွဲ့အစည်းတစ်ခုရဲ့နည်းပညာအဆင့်မြင့်ကမ္ဘာတစ်ခုထဲကို ဝင်သွားသလို ခံစားရတာလဲ။ ငါက နိုင်ငံခြားသိပ္ပံရုပ်ရှင်တွေထဲက မြင်ကွင်းတစ်ခုကို မြင်လိုက်ရသလိုပဲ။ ဒီနေရာက အရာအားလုံးက ငါ့ကို ထိတ်လန့်မှုကြီးကြီးပေးတယ်”
အထဲသို့ လျှောက်လာရင်း ထန်ရှုက ရှင်းပြလိုက်သည် “မင်းပြောတာ မှန်တယ်။ ဒီနေရာက တကယ်ကို ခေတ်မီလူအဖွဲ့အစည်းကြီးကမ္ဘာတစ်ခုပဲ၊ ဒီနေရာမှာ မင်း မြင်တွေ့နေရတဲ့နည်းပညာက ယနေ့ကမ္ဘာမြေပေါ်မှာ မင်း မြင်တွေ့နိုင်တဲ့နည်းပညာထက် ပိုအဆင့်မြင့်တယ်။ ကမ္ဘာမြေပေါ်က နည်းပညာက ဒီနေရာက နည်းပညာအဆင့်ကို ရောက်ဖို့ဆိုရင် ရာစုနှစ်ချီ လိုအပ်လိမ့်မယ်”
“ရာစုနှစ်အသာထား၊ နှစ်သန်းချီတောင် ကြာဖို့ များတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမြေပေါ်မှာ မတွေ့နိုင်တဲ့ အာကာသပစ္စည်းအချို့က ဒီနေရာမှာ ရှိလို့ပဲ။ ပစ္စည်းတွေကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းအင်ကွန်ဗာတာမရှိရင် ဒီနေရာမှာ ငါတို့ မြင်နေရသလို ပိုအဆင့်မြင့်တဲ့စက်ကိရိယာတွေနဲ့ပစ္စည်းတွေကို တည်ဆောက်ဖို့က ဖြစ်နိုင်လိမ့်မှာမဟုတ်ဘူး”
ထန်ရှုက စိတ်မဝင်စားစွာ တစ်ချက်ပြုံးပြလိုက်သည်။ အရှေ့ရှိ နေရာလပ်သို့ ဉီးတည်နေသော ဇောင်းတန်းအတိုင်း ဆက်မသွားဘဲ သူက ပျံဝဲတက်ကာ လေထဲတွင် တစ်လှမ်းချင်းစီ လျှောက်သွား၏။
နေရာကိုယ်တိုင်က အလွန်ကြီးမားသောမြေအောက်နေရာလပ်တစ်ခုဖြစ်သည်။ ထန်ရှု၏မျက်လုံးနှင့်ပင် ဧရိယာအဆုံးအား မမြင်နိုင်ပေ။ အတွင်းထဲတွင် မရေမတွက်နိုင်သော ထူးဆန်းသောပုံသဏ္ဍာန်များရှိသည့်စက်ပစ္စည်းများရှိပြီး စစ်သားများက အေရိုဂလိုက်ဒါက စီးနင်းလျက်ရှိနေသည်ကို နေရာတိုင်းတွင် မြင်နိုင်ပေသည်။
ထို့ပြင် ဤနေရာတွင် နည်းပညာအဆင့်မြင့်လက်နက်အမြောက်အများလည်း ရှိသည်။ ဤနေရာလပ်၏ထောင့်တစ်ထောင့်တွင် တိုက်ခိုက်ရေးဂျက်လေယာဉ်ဒါဇင်ကျော်က ရပ်ထားပြီး ဝန်ထမ်းရာချီက ထိုလေယာဉ်များပတ်လည်တွင် အလုပ်များနေသည်ကို ထန်အလန်ပင် မြင်လိုက်ရသည်။ သို့သော် သူ့အား ထိတ်လန့်တုန်လှုပ်စေသည်ကား ထိုလေယာဉ်များက အပြင်ကမ္ဘာတွင် သူမြင်တွေ့ဖူးသည့် တိုက်ခိုက်ရေးလေယာဉ်အမျုးအစားမျိုးမဟုတ်ပေ။ ဒီမတိုင်ခင်တုန်းက စစ်တပ်မဂ္ဂဇင်းများစွာကို သူ ဖတ်ဖူးပြီး ကမ္ဘာပေါ်ရှိ အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ်များနှင့် ပတ်သက်၍ သိရှိခဲ့သည်။
ဤနေရာရှိ လေယာဉ်ဒါဇင်ထဲမှ အသေးဆုံးပင် မီတာနှစ်ရာကျော်ရှိပြီး ၎င်း၏တောင်ပံက ကြောက်စရာကောင်းလောက်အောင် ကြီးမားသည်။ ထိုလေယာဉ်များက လူတစ်ထောင်ကျော် ဆန့်နိုင်မည်ဟု ထန်အလန်က ခန့်မှန်းလိုက်သည်။
ဒါက ဂြိုလ်သားလေယာဉ်တစ်စီးပဲ ဖြစ်ရမယ်…
စိတ်ထဲ၌ တီးတိုးရေရွတ်ကာ ထန်အလန်အား သူ့တုန်လှုပ်မှုအား ဖိနှိပ်လိုက်သည်။
“ဟားဟားဟား…”
ကျယ်လောင်သောရယ်သံက အဝေးမှ ထွက်ပေါ်လာပြီး သွမ်မုလင်က ထန်ရှုထံ တိုက်ရိုက်ပျံသန်းလာသည်။ ထို့နောက် သူက ထန်ရှုကို ပွေ့ဖက်ကာ ပြုံးလျက် ပြောလိုက်သည် “နောက်ဆုံးတော့ အဲဒီကျွန်းကနေ ထွက်လာပြီးပေါ့၊ ကောင်လေး။ မင်းက လှည့်ပတ်ကြည့်ပြီးပြီဆိုတော့ ဒီနေရာနဲ ပတ်သတ်ပြီး ဘယ်လိုထင်လဲ။ နှစ်အနည်းငယ်တည်ဆောက်ပြီးနောက် ဒီနေရာက အမြောက်အများပြောင်းလဲသွားတယ်မလား”
“ဒါက တကယ်ကို အရင်ကနဲ့ မတူတော့ဘူး”ထန်ရှုက ပြုံးကာ ပြန်ပြောသည် “ဒါက ခင်ဗျားက ဒီနေရာမှာ ကောင်းကောင်းလုပ်ခဲ့တာကို ပြတာပဲ။ ဒါနဲ့ ကျုပ် တစ်ခု ပြောစရာရှိတယ်။ နှစ်နှစ်အတွင်းမှာ ကြယ်စစ်သင်္ဘောတွေကို ဒီဌာချုပ်က တည်ဆောက်နိုင်လား။ အနည်းဆုံးအဆင့်သုံးကြယ်စစ်သင်္ဘောကိုလေ”
သွမ်မုလင်၏မျက်နှာပေါ်ရှိ အပြုံးက သူက ပြန်ပြောသည် “မင်း ဘယ်လို ထင်လဲ။ ဝန်ထမ်းတွေအားလုံး အချိန်ပိုယူပြီး စမ်းသပ်ထုတ်လုပ်နေတာတောင် နှစ်နှစ်အတွင်း ပြီးဖို့က မဖြစ်နိုင်ဘူး။ ကြယ်စစ်သင်္ဘောတွေ တည်ဆောက်ရတာက ဂေါ်ဖီထုပ်စိုက်သလို လွယ်ကူမယ်လို့ မင်း ထင်တာလား”
ထန်ရှု၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ရေးဆွဲသွားကာ သူက ပြန်ပြောသည် “ကောင်းပြီလေ၊ ဒါက မဖြစ်နိုင်ဘူးဆိုမှတော့ ဒီနေရာက ကျုပ်တို့သုတေသနရဲ့ရလဒ်တွေကို ခင်ဗျား မြင်ဖို့က ဖြစ်နိုင်လိမ့်မှာ မဟုတ်တော့ဘူး၊ အနာဂတ်မှာ ကမ္ဘာမြေရဲ့သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြင်နိုင်လိမ့်မှာလဲ မဟုတ်ဘူး။ အရိုးသားဆုံးပြောရရင် ကျုပ်က ဒီလိုကြယ်စစ်သင်္ဘောတစ်စီးကို စီးပြီး နဂါးငွေ့တန်းကို လှည့်ပတ်သွားချင်နေတာ”
“နှစ်နှစ်လား”သွမ်မုလင်၏နှလုံးသားက ခုန်ပေါက်သွားပြီး သူက ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ မေးလိုက်သည် “မင်း ဆုံးဖြတ်ချက်ချပြီးပြီးလား။ နောက်နှစ်နှစ်ကျရင် သွားမှာလား”
“အရာအားလုံးအသင့်ဖြစ်နေပြီ၊ အချိန်မှန်ကို စောင့်ဖို့ပဲ လိုတော့တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါကြောင့် နှစ်နှစ်ကျော်တဲ့အထိ ကျုပ် မစောင့်နိုင်တော့တာပဲ”
သွမ်မုလင်က အားတင်းပြုံးကာ ပြောလိုက်သည် “အချိန်အနည်းငယ်ဆွဲဆန့်လို့ ရနိုင်မလား။ ငါးနှစ်ပေါ့။ အနည်းဆုံးငါးနှစ်အတွင်းမှာ ကြယ်စသင်္ဘောတွေကို ထုတ်လုပ်နိုင်မယ်။ အဲအချိန်ကျရင် ငါလဲ ဒီလေယာဉ်ကို စီးပြီး နဂါးငွေ့တန်းတစ်လျှောက် လှည့်ပတ်ကြည့်ချင်တယ်”
“ကျုပ်တို့မှာ အဲလောက်အားလပ်ချိန်မရှိဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “မဟုတ်ရင်…”
သွမ်မုလင်၏အမူအရာက ပြောင်းလဲသွားပြီး သူက ကမန်းကတန်းမေးလိုက်သည် “ဘာမဟုတ်ရင်လဲ”
“မဝေးတော့တဲ့အနာဂတ်မှာ ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုကို ငါ လုပ်မယ်၊ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထိပ်တန်းသိပ္ပံပညာရှင်တွေနဲ့သုတေသနပညာရှင်တွေကို ဒီနေရာကို ခေါ်လာခဲ့ရင် ကြယ်စစ်သင်္ဘောကို နှစ်နှစ်အတွင်း ထုတ်လုပ်နိုင်မယ်လို့ ခင်ဗျားထင်လား”
သွမ်မုလင်က ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “အပွင့်လင်းဆုံးပြောရရင် ငါ မသေချာဘူး။ ဒါပေမယ့် ငါတို့ စမ်းကြည့်ရမှာပေါ့”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို သိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်ဝန်ထမ်းတွေကို လက်ခံဖို့ ခင်ဗျား ဒီနေရာက စောင့်နေ။ ကျုပ်ကို ဆက်သွယ်ရေးကိရိယာတစ်ခုပေးပါ။ ကျုပ် ဖုန်းခေါ်မှုနှစ်ခု လုပ်ရမယ်”
သွမ်မုလင်က ဆက်သွယ်ရေးကိရိယာအား ချက်ချင်း ယူထုတ်ကာ ထန်ရှုထံ ကမ်းပေးလိုက်သည် “မင်း ဒါကို လွတ်လွတ်လပ်လပ်အသုံးပြုလို့ရတယ်။ ဒီဆက်သွယ်ရေးကိရိယာက ကမ္ဘာမှာရှိတဲ့ဆက်သွယ်ရေးကိရိယာအမျိုးမျိုးနဲ့ ချိတ်ဆက်လို့ရတယ်၊ ဂြိုလ်တုတစ်ခုမှ ခြေရာမခံနိုင်ဘူး”
ထန်ရှုက ခေါင်းညိတ်ကာ နံပါတ်တစ်ခုနှိပ်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်ပြီးနောက် သူက ပြောလိုက်သည် “ကျင်းရှီ၊ ဒီနေ့ကစပြီး ငါတို့ရဲ့သတင်းအချက်အလက်ဌာနကို ပစ်မှတ်နှစ်ခုမှာပဲ အာရုံစိုက်ခိုင်းလိုက်တော့။ ပထမတစ်ခုက ကမ္ဘာထိပ်တန်းအဖွဲ့သုံးခုအပါအဝင် ဒိုလန်အိမ်တော်နဲ့အမှောင်လေအဖွဲ့အစည်းတွေပဲ။ ဒုတိယတစ်ခုက ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်တွေနဲ့သုတေသနပညာရှင်တွေကို စုံစမ်းပါ။ စုံစမ်းပြီးရင် ငါ့ကို စာရင်းပို့ပေးပါ”
“အရှင့်ရဲ့စိတ်ထဲမှာ အရေအတွက်အတိအကျများ ရှိပါသလား”ကျင်းရှီ၏အသံက ဖုန်းမှ ထွက်လာသည်။