တင်းမာခြင်း
Vol. 90 Ch. 1265
ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်သည် “အရေအတွက်အတိအကျတော့ မရှိပေမယ့် တရုတ်က လျှို့ဝှက်စခန်းက သိပ္ပံပညာရှင်တွေနဲ့သုတေသနပညာရှင်တွေအရေအတွက်အမြောက်များ လိုအပ်တယ်၊ ဒါကြောင့် အရေအတွက်ပိုများလေ၊ ပိုကောင်းလေပဲ။ မှတ်ထား၊ ကမ္ဘာတစ်ဝှမ်းက တိုင်းပြည်အမျိုးမျိုးမှာ ဒီလူတွေကို မင်းက စုံစမ်းဖို့ပဲ လိုတယ်။ နောက်လှုပ်ရှားမှုတွေကို ဖြေရှင်းဖို့ အခြားတစ်ယောက်ယောက်ကို ငါ တာဝန်ပေးလိုက်မယ်”
“နားလည်ပါပြီ…”
ကျင်းရှီက ပြန်ဖြေပြီး ဖုန်းချမည့်ဆဲဆဲတွင် သူက တစ်ခုခုအား ရုတ်တရက် အမှတ်ရလိုက်သည်။ ခဏတုံ့ဆိုင်းသွားပြီးနောက် သူက ပြောလိုက်သည် “အခု အရှင်က တရုတ်ပြည်က လျှို့ဝှက်စခန်းမှာ ရှိနေတာလား”
“ဟုတ်တယ်၊ ငါ ဒီနေရာကို အခုမှ ရောက်လာတာ”ထန်ရှုက ပြောလိုက်သည်။
“အရှင်၊ တရုတ်က ငါတို့ရဲ့သတင်းကွန်ရက်အရဆိုရင် မကြာသေးခင်က ဟဲထျန်းကို ထိုးဖောက်ဝင်လာတဲ့နိုင်ငံခြားအဖွဲ့နှစ်ဖွဲ့ရှိတယ်။ ငါတို့ရဲ့သတင်းထောက်လှမ်းရေးတွေက လွန်ခဲ့တဲ့နှစ်ရက်က အဲဒီအဖွဲ့နှစ်ဖွဲ့နဲ့ တွေ့ခဲ့ပြီး လေးယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်၊ ပြီးနောက် သူတို့ရဲ့ခြေရာလက်ရာတွေ ပျောက်သွားတယ်။ နောက်ဆုံးခြေရာလက်ရာအရ သူတို့က ထာခလီမာခန်သဲကန္တာရကို ဉီးတည်နေတယ်လို့ ငါတို့က ယူဆထားတယ်။ ဒါ့အပြင် စောင့်ကြည့်ရေးဗီဒီယိုတွေကနေ သူတို့က ဟဲထျန်းမြို့ထဲမှာ ရိက္ခာတွေကို ဝယ်ယူနေတာကို တွေ့ရှိခဲ့ရတယ်၊ ဒါက သူတို့က သဲကန္တရကို ထိုးဖောက်ဝင်ရောက်ဖို့ ပြင်ဆင်နေတာလို့ ဆိုလိုတာပဲ”
“သူတို့က ဒီလျှို့ဝှက်စခန်းအတွက် လာတာလို့ မင်းဆိုလိုတာလား”ထန်ရှုက မေးလိုက်သည်။
“တစ်ရာရာခိုင်နှုန်းတော့ ငါ အာမမခံရဲဘူး”ကျင်းရှီက ပြောလိုက်သည်။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “အဲဒီနှစ်ဖွဲ့ရဲ့အရေအတွက်နဲ့ထူးခြားချက်တွေ၊ သူတို့နဲ့ ပတ်သက်ပြီး မင်းတို့စုဆောင်းထားတဲ့သတင်းအချက်အလက်တွေကို ငါ့ဆီ စာရိုက်ပို့လိုက်။ ထပ်ပြောရရင် ဟဲထျန်းဒေသကို စောင့်ကြည့်ဖို့ လူအချို့ကို တာဝန်ပေးထားလိုက်ပါ။ သူတို့ကို ထပ်တွေ့ရင် အလျင်စလိုမလှုပ်ရှားဘဲ ငါ့ကို တန်းတင်ပြပါ”
“သိပါပြီ…”
ထန်ရှုက ဖုန်းချကာ သွမ်မုလင်ထံ အကြည့်ပြောင်းကာ မေးလိုက်သည် “ထာခလီမာခန်သဲကန္တရထဲကို ပြည်ပအဖွဲ့တစ်ခုခုက ခိုးဝင်လာတာတွေ ရှိလား”
သွမ်မုလင်က အားတင်းပြုံးကာ ပြောလိုက်သည် “ဒီသုံးနှစ်အတွင်းမှာ ထာခလီမာခန်သဲကန္တရကို လာတဲ့လူစုစုပေါင်းလူ၂၃ယောက်ရှိတယ်၊ ဒါပေမယ့် သူတို့အားလုံးကို ငါတို့လူတွေက သတ်ဖြတ်ခဲ့တယ်။ သူတို့က တိုင်းပြည်အမျိုးမျိုးနဲ့အဖွဲ့အစည်းအမျိုးမျိုးက သတင်းစုံစမ်းရေးသမားတွေပဲ၊ သူတို့အများစုက လေ့ကျင့်သူတွေပဲ။ တကယ်တော့ ဒီလျှို့ဝှက်စခန်းကို အလွန်ဖုံးကွယ်ထားပေမယ့် ငါတို့က ပြည်ပကနေ ပစ္စည်းတွေအများကြီး ဝယ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့်
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “တရုတ်က လှုပ်ရှားမှုတွေကို မျက်စိဒေါင့်ထောက်ကြည့်ဖို့ ငါ့ရဲ့ထောက်လှမ်းရေးတွေကို အမိန့်ပေးထားလိုက်မယ်။ ဒါပေမယ့် အဖွဲ့နှစ်ဖွဲ့က ဟဲထျန်းဒေသထဲကို ခိုးဝင်လာပြီး သူတို့ရဲ့ပစ်မှတ်က ဒီနေရာဖြစ်မယ်လို့ ကျင်းရှီက ငါ့ကို တင်ပြခဲ့တယ်။ သူတို့ကို ဖယ်ရှားဖို့ မင်းရဲ့လူတွေကို စေလွှတ်ချင်လား ဒါမှမဟုတ် သူတို့ကို ငါကိုယ်တိုင် ဖြေရှင်းဖို့ သွားရမလား”
“ငါ့လူတွေကိုပဲ စေလွှတ်လိုက်မယ်…”စဉ်းစားပြီးနောက် သွမ်မုလင်က ပြောလိုက်သည်။
“ကောင်းပြီလေ”ထန်ရှုက ပြော၏။
များမကြာမီ ကျူလုံက စွမ်းရည်အသုံးပြုသူဆယ်ယောက်ကျော်နှင့် ထွက်ခွာသွားသည်။ မတော်တဆအဖြစ်အပျက်များအား ကာကွယ်ရန်အတွက် သူတို့တစ်ယောက်မှ အဆင့်မြင့်လက်နက်များအား မယူသွားသလို ထူးဆန်းသောအစိမ်းရောင်ယာဉ်ကိုလည်း မသုံးခဲ့ပေ။ သူတို့က ကမ္ဘာပေါ်တွင် ပုံမှန်သုံးလေ့ရှိသည့် သဲကန္တရသုံးကားများဖြင့်သာ ဟဲထျန်းဒေသရှိရာ ဉီးတည်ဘက်သို့ လျင်မြန်စွာ မောင်းနှင်သွားကြ၏။
ဤအချိန်တွင် ထန်ရှုက သွမ်မုလင်၏ဉီးဆောင်မှုအောက်တွင် လျှို့ဝှက်စခန်းကို လှည့်ပတ်ကြည့်ရှုနေသည်။ နည်းပညာထုတ်ကုန်အများစုက ထန်ရှုမြင်ဖူးသည့်အရာဝတ္ထုများဖြစ်ကြသည်၊ ထို့ကြောင့် သူက နည်းနည်းကလေးမှ စိတ်မဝင်စားပေ။
“ဒီနေရာက ဘာလဲ”
လေးနာရီကျော်ကြာပြီးနောက် လူတိုင်းက အပြင်ဘက်သို့ သွားရာ နောက်ထပ်တံခါးတစ်ချပ်အား ဖြတ်သန်းသွားပြီးချိန်တွင် သွမ်မုလင်က သူ့အား အထဲသို့ ဉီးဆောင်မခေါ်သွားချင်သည်ကို ထန်ရှုက သတိပြုမိလိုက်သည်။ သူက နေရာအား ချက်ချင်း လက်ညှိုးထိုးကာ မေးလိုက်သည်။
“ဒါက စွမ်းအင်ပုံဆောင်ခဲတွေကို သိုလှောင်တဲ့ သိုလှောင်ရုံတစ်ခုမျှပဲဖြစ်တာကြောင့် သွားလည်ဖို့ ဘာမှ မထိုက်တန်ပါဘူး”သွမ်မုလင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ငါတို့ရဲ့အရှေ့မှာရှိတာက ဂြိုလ်ခြားအပင်ရုက္ခဗေဒဆိုင်ရာဧရိယာတစ်ခုပဲ။ အဲနေရာက မင်းကို သေချာပေါက် မျက်စိဖွင့်စေလိမ့်မယ်”
စွမ်းအင်ပုံဆောင်ခဲတွေလား။
ထန်ရှုက စိတ်ထဲ၌ ပြန်တွေးလိုက်သည်။ ယခင်က သူက စွမ်းအင်ပုံဆောင်ခဲကွန်ဗာတာအား သွမ်မုလင်ထံ လွှဲပေးချိန်တွင် ကြယ်သုံးလုံးအကြွင်းအကျန်ထဲတွင် သိုလှောင်ထားသော စွမ်းအင်ပုံဆောင်ခဲအမြောက်အများအား ရွှေ့ပြောင်းရန် သူ့လူများကို တိတ်တဆိတ်စေလွှတ်ခဲ့သည်။ သူက စွမ်းအင်ကွန်ဗာတာနှင့်စွမ်းအင်ပုံဆောင်ခဲထုတ်လုပ်သည့်နည်းလမ်းတို့ကိုပင် ပွားထားခဲ့သည်။ လွန်ခဲ့သောသုံးနှစ်ကျော်အတွင်း မိုရီ၏ဉီးဆောင်မှုအောက်တွင် နဂါးကိုးကောင်ကျွန်းပေါ်ရှိ အင်ပါယာအဖွဲ့ဝင်များက ထိုစွမ်းအင်ပုံဆောင်ခဲများအား လျှို့ဝှက်ထုတ်လုပ်နေခဲ့သည်။
“သွမ်မုလင်”
ထန်ရှုက ထွက်ခွာရန် ရည်ရွယ်ချက်မရှိပေ၊ ဤလူအား ခေါ်ချိန်တွင် သူ့လေသံက ပြောင်းလဲသွားသည်။
ထန်ရှု၏လေသံကို ကြားပြီး သွမ်မုလင်၏နှလုံးသားက ခုန်ပေါက်သွားသည် သို့သော် အပေါ်ယံတွင် တည်ငြိမ်သောအမူအရာနှင့် သူက ပြောလိုက်သည် “ဂြိုလ်ခြားအပင်ရုက္ခဗေဒဧရိယာကို မင်း စိတ်မဝင်စားဘူးလား။ မင်း စိတ်မဝင်စားဘူးဆိုရင် ငါတို့တွေ အခြားတစ်နေရာကို ကြည့်လို့ရတာပဲ”
မကျေမနပ်မှုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားသည်။ သူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ခင်ဗျားမှာ နှစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာ ကျုပ် သတိပေးချင်တယ်။ ခင်ဗျားရဲ့အတွေးကို မဖယ်ထုတ်နိုင်သေးဘူးဆိုရင် ခင်ဗျားက ဒီနေရာမှာပဲ ထာဝရနေရမှာကို ကျုပ် စိတ်ပူတယ်”
သွမ်မုလင်က စိတ်ထဲ၌ အနည်းငယ်ဒေါသထွက်သွားသည်။ သူက ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ယောက်၊ အတွေ့အကြုံများသောလူတစ်ယောက်ဖြစ်သည်၊ ထန်ရှု၏စကားများလုံးထဲတွင် ခြိမ်းခြောက်မှုရှိသည်ကို သူက ဘယ်လိုလုပ် မသိရမည်နည်း။ ခြိမ်းခြောက်မှုက သူ့မွေးရာပါခေါင်းမာမှုကို နှိုးဆော်လိုက်ပြီး သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်တာဝန်ရှိတယ်။ ငါက ဒီရာထူးမှာ ရှိသရွေ့ ဒီနေရာမှာ ရှိနေရမှာပဲ”
ထန်ရှုက ရုတ်တရက် ပြုံးလိုက်သည်၊ သူ့အပြုံးကာ အလွန်တောက်ပကာ သူက ပြောလိုက်၏ “ဒါနဲ့ ဂြိုလ်ခြားအပင်ဇီဝဗေဒဧရိယာနဲ့ ပတ်သက်ပြီး ကျုပ် တကယ်သိချင်တယ်။ အဲဒါကို ကြည့်ဖို့ ကျုပ်ကို ခေါ်သွားပါ”
ပြန်လှည့်သွားသောထန်ရှု၏နောက်ကျောအား ကြည့်ရင်း သွမ်မုလင်က စိတ်ရှုပ်ထွေးကပြောင်းကပြန်ဖြစ်လျက် ကျန်ရစ်ခဲ့သည်။ ထန်ရှုက အတင်းတိုက်တွန်းခဲ့လျှင် စွမ်းအင်ပုံဆောင်ခဲသိုလှောင်အိမ်သို့ ဝင်ရောက်ခြင်းမှ သူက တားဆီးလိမ့်မည်မဟုတ်၊ ထန်ရှုက မေးလျှင် သူ့အား အချို့ကိုပင် ပေးလိုက်ပေလိမ့်မည်။
သို့သော် ထန်ရှုက အတင်းမတိုက်တွန်းခဲ့ပေ။ သူ့ရပ်တည်ချက်အား ခေါင်းမာစွာ ပြသခဲ့ပြီတောင်မှ ထန်ရှုက ဒီလိုအမူအရာတစ်ခုကို ပြသခဲ့သည်။ ဤအချိန်တွင် ထန်ရှုက သူ့အား လစ်လျူရှုလိုက်ပြီကို သူက သဘောပေါက်လိုက်သည်။
သူက ပါးစပ်ဟကာ တောင်းပန်ချင်သော်လည်း ကမန်းကတန်းပြန်မျိုချလိုက်သည်။ သို့သော် နောင်တရမှုက သူ့နှလုံးသားထဲတွင် အရူးအမူး ကြီးထွားလာသည်။
သူ့အား နောက်ထပ်အခွင့်အရေးတစ်ခုပေးခဲ့လျှင် သူက ထန်ရှုအား ဘယ်တော့မှ ပြန်ငြင်းခုန်ချေပမည်မဟုတ်ပေ။ သို့သော် ထန်ရှုက တစ်စုံတစ်ခုအား ဆုံးဖြတ်ပြီးသည်နှင့် ဘယ်တော့မှ ပြန်ရုတ်သိမ်းမည်မဟုတ်သည်ကို သူက သိသည်။ သူက ဘယ်လိုပင် ရှင်းပြတောင်းပန်ပါစေ၊ သူ့အတွက် မျှော်လင့်ချက်မကျန်ပေ။
အင်မော်တယ်ကမ္ဘာက သူ အရမ်းသွားချင်နေသည့်နေရာတစ်ခုဖြစ်သည်။ သူက အသက်ရှည်ချင်သည်၊ ပိုသန်မာချင်သည်။ သို့သော် သူ၏စိတ်ရူးပေါက်ခြင်းက ဤတစ်သက်တွင် တစ်ခါသာ ရမည့်အခွင့်အရေးအား လွှင့်ပစ်ခဲ့ပြီး သူ့နှလုံးသားထဲတွင် ခါးသီးမှုများနှင့် ပြည့်လာခဲ့သည်။
****
နောက်နှစ်ရက်တွင် ထန်ရှုက စခန်းတွင် နည်းပညာအဆင့်မြင့်ထုတ်ကုန်အမျိုးမျိုးအား လေ့လာနေခဲ့သည်။ နည်းပညာအဆင့်မြင့်မှော်ပစ္စည်းများသို့မဟုတ်အင်မော်တယ်ပစ္စည်းများအား သန့်စင်ရန်ပင် သူက စိတ်ကူးရလာသည်။
“အာလန်၊ အင်မော်တယ်ကျင့်ကြံခြင်းကို သိပ္ပံနဲ့နည်းပညာနဲ့ပေါင်းစပ်ပြီး ထုတ်လုပ်နိုင်တဲ့သက်ရောက်မှုနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ”စခန်းအထက် အိုအေစစ်ပေါ်တွင် ရပ်နေရင်း ထန်ရှုက ပြောလိုက်သည်။
“အင်မော်တယ်ကျင့်ကြံခြင်းမှာ အင်မော်တယ်စွမ်းအားရှိတယ်၊ သိပ္ပံနဲ့နည်းပညာမှာလဲ ၎င်းတို့ရဲ့သက်ဆိုင်ရာကောင်းကွက်တွေ ရှိတယ်။ တစ်ခုစီရဲ့အားနည်းချက်တွေကို ဖယ်ထုတ်ပြီး အားသာချက်တွေကို ပေါင်းစည်းခြင်းက အဆုံးမရှိတဲ့အကျိုးအမြတ်တွေကို သေချာပေါက် ထုတ်လုပ်ပေးလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကိုတော့ သေချာသုတေသနာပြုဖို့ လိုမယ်”
ထန်ရှုက ခေါင်းညိတ်ပြကာ ထန်အလန်အား ကြည့်လိုက်သည် “ဒီသုံးနှစ်မှာ မင်းက အများကြီးတိုးတက်လာတာပဲ။ မင်းက တကယ် အရွယ်ရောက်လာပြီလို့ ပြောလို့ရတယ်၊ နောက်ဆုံးအဆင့်လိုနေတာ တစ်ခုပဲ”
ထန်ရှု၏မှတ်ချက်များကြောင့် ထန်ရှုက အနည်းငယ်အရှက်ရသွားသည်၊ သို့သော် သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးမှုအရိပ်တစ်ခုရှိနေသေးကာ သူက မေးလိုက်သည် “ဘာနောက်ဆုံးအဆင့်လဲ၊ ဆရာသခင်”
“ဒီလိုပါ၊ ငါ့မျက်လုံးထဲမှာ မင်းက ကောင်လေးတစ်ယောက်သာဖြစ်သေးတယ်၊ လူကြီးမဖြစ်သေးဘူး”ထန်ရှုက ရယ်လျက် ပြောလိက်သည် “မင်းက မိန်းမတစ်ယောက်ဆီကနေ အာဟာရဖြည့်တာကို အရသာခံပြီးမှ တကယ်စစ်မှန်တဲ့ယောင်္ကျားတစ်ယောက်လို့ သတ်မှတ်နိုင်မယ်”
“အာ…”
ကိုးရိုးကားရားအကြည့်တစ်ခုက ထန်အလန်၏ကလေးဆန်သောမျက်နှာပေါ်တွင် ရေးခြယ်သွားသည်။ သူက ခေါင်းခါယမ်းကာ ဆိုလိုက်သည် “လူကြီးတစ်ယောက်ဖြစ်ရတာထက် ကလေးတစ်ယောက်လိုပဲ အမြဲတမ်း ဖြစ်ချင်တယ်၊ ဆရာသခင်။ ဆရာသခင်လို အဆုံးသတ်ရမှာကို ငါ ကြောက်တယ်”
“ဟမ်။ ဘာပြောတာ”ထန်ရှုက ကြောင်သွားသည်။
ထန်အလန်က ပြုံးဖြဲဖြဲနှင့် ပြော၏ “ဒီလိုပါ၊ ဆရာသခင်ရဲ့ဇနီးတွေ ဘယ်လောက်ထိ ကြမ်းတမ်းသလဲဆိုတာ ငါ မြင်ဖူးပြီးပြီလေ”
အဟွတ်…အဟွတ်…
ထန်ရှု၏အသက်ရှုသံက ခဏရပ်တန့်သွားပြီး သူက အကြိမ်အနည်းငယ်ချောင်းဟန့်လိုက်သည်။ ထန်အလန်က ဆယ်နှစ်ပိုငယ်နေမည်ဆိုရင် သူက ထိုကောင်လေး၏ဖင်အား သေချာပေါက်ရိုက်နှက်ရပေလိမ့်မည်။
ဒီအကောင်က တကယ်ပဲ…ဘယ်လိုလုပ်ပြီး သူက သူ့ရဲ့ဆရာသခင်ကို ကျီစားရဲရတာလဲ။
ရုတ်တရက် ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက အဝေးသို့ ကြည့်လိုက်သည်။ ကျူးလုံနှင့်အထူးစွမ်းရည်ဗျူရိုမှ ကျွမ်းကျင်သူနှစ်ယောက်က သဲကန္တရထဲတွင် ထွက်ပြေးနေသည်ကို မြင်ပြီး သူက အံ့အားသင့်သွားသည်။ ဒဏ်ရာများက သူတို့၏ခန္ဓာကိုယ်အနှံ့မြင်တွေ့ရပြီး ပုံရိပ်ဆယ်ခုက သူတို့နောက်မှ အပူတပြင်းလိုက်လာနေကြသည်။
“သူတို့က နိုင်ငံခြားသားတွေပဲ၊ ဆရာသခင်”ထန်အလန်က ပြောလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျူလုံက အဖွဲ့နှစ်ဖွဲ့ကို ဉီးဆောင်ပြီး သဲကန္တရထဲကို ခိုးဝင်လာတဲ့ အဖွဲ့နှစ်ဖွဲ့ကို သတ်ဖြတ်ဖို့ ထွက်သွားတယ်။။ သူက အားကောင်းတဲ့လူအချို့နဲ့ ဆုံတွေခဲ့တာဖြစ်ရမယ်”
ထိုသို့ပြောပြီးနောက် အသက်နှစ်ခါရှုချိန်အတွင်း သူ၏ပိန်ပါးသောပုံရိပ်က ကျူလုံအရှေ့တွင် ထွက်ပေါ်လာသည်။ သူတို့၏သနားစရာကောင်းလှသောအခြေအနေကို မြင်ပြီး သူက မေးလိုက်သည် “အခြားသူတွေကရော ဘယ်လိုလဲ”
သူတို့အား မြင်ပြီး လူသုံးယောက်က စိတ်အေးသွားသည်။ ကျူလုံက ခါးသီးသောအပြုံးနှင့် ပြန်ဖြေလိုက်၏ “သူတို့အားလုံး သေပြီ။ မစ္စတာ၊ ဒီလူတွေက အရမ်းအားကောင်းတယ်။ အရင်က သဲကန္တရထဲကို ထိုးဖောက်ဝင်လာတဲ့ဘယ်သူထက်မဆို အများကြီးပိုအားကောင်းတယ်”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ သိသလောက်ဆိုရင် သူတို့က နှစ်ဖွဲ့ဖြစ်သင့်တယ်။ အခြားတစ်ဖွဲ့ကရော”
“အခြားတစ်ဖွဲ့က မဟူရာကလပ်ကပဲ။ ဒီပိရမစ်ကလူတွေ ငါတို့က တိုက်ခိုက်တဲ့အချိန်မှာ ငါတို့က သူတို့ကို ပထုတ်ထားပြီးပြီ။ သူတို့နဲ့ပါ တိုက်ခိုက်ရရင် ငါတို့အားလုံး သေသွားလောက်ပြီ”
“ကျူလုံ၊ ပြန်သွားပြီး အခုကစပြီး ငါ ဒီနေရာကို ထပ်မလာတော့ဘူးလို့ သွမ်မုလင်ကို ပြောလိုက်”ထန်ရှုက ပြောလိုက်သည် “ပြီးတော့ သူ့ကို ငါ နောက်ထပ်မတွေ့ချင်တော့ဘူး။ ဒါ့အပြင် အရင်က ငါ့ကို သူပေးခဲ့တဲ့ ကတိတွေကို ဘယ်တော့မှ မမေ့ဖို့ ငါ မျှော်လင့်တယ်”
“မင်းက ဘာဆိုလိုတာလဲ”ကျူလုံက သူက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
သူတို့က ပြောနေစဉ် ပိရမစ်မှကျွမ်းကျင်သူဆယ်ယောက်က သူတို့ငါးယောက်အား ဝိုင်းလိုက်သည်။ အနက်ရောင်မျက်နှာဖုံးတပ်ထားကာ ဓားမော့ရှည်တစ်လက်ကိုင်ထားသည့် သူတို့ခေါင်းဆောင်လူကြီးက ထန်ရှုအား အေးစက်စက်ကြည့်ကာ ပြောလိုက်၏ “ငါတို့ရဲ့ယခင်စုံစမ်းမှုက မှန်ကန်ပုံရတယ်။ မင်းတို့ကောင်တွေမှာ ဒီသဲကန္တရထဲမှာ ပရောဂျက်တစ်ခုကို လုပ်ဆောင်နေပုံရတယ်။ မင်းတို့ဘာလုပ်နေတယ်ဆိုတာ ပြောကြစမ်း၊ ငါ မင်းတို့ရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်”
ထန်ရှုက စိတ်မဝင်စားစွာ ပြုံးလျက် ပြောလိုက်သည် “လွန်ခဲ့တဲ့သုံးနှစ်က ရှန်းဟိုင်ရဲ့မူလပထမလေလံအိမ်မှာ ဒီမှော်ဓားမော့ရှည်ကို မင်း ဝယ်ခဲ့တာမလား”
“မင်းက ဘယ်လိုလုပ်သိတာလဲ”လူကြီး၏အမူအရာက ပြောင်းလဲသွားပြီး သူက သတိထားလိုက်သည်။
“ဘာလို့ဆိုတော့ ငါက ဒါကို လုပ်ခဲ့တဲ့သူပဲလေ”ထန်ရှုက အနည်းငယ်ပြုံးလိုက်သည် “မင်းက ငါ့ကို မယုံကြည်ရင် ဓားရိုးကို တစ်ချက်ကြည့်လိုက်။ အပေါ်မှာ
“ထန်လား”
လူကြီးက ဓားရိုးအား တစ်ချက်ပင် မကြည့်ပေ၊ သို့သော် သူ့လက်ချောင်းက သေးငယ်သောအမှတ်အသားအား ဖိနှိပ်လိုက်သည်။