← Chapters

အနာဂတ်ပြဿနာများကို ဖြတ်တောက်ခြင်း

Vol. 90 Ch. 1266

အနာဂတ်ပြဿနာများကို ဖြတ်တောက်ခြင်း

Vol. 90 Ch. 1266

အမည်မသိရန်သူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဘယ်သူမဆို သတိထားရပေလိမ့်မည်။ အနက်ရောင်မျက်နှာဖုံးနှင့်လူကြီးက ပြင်းပြင်းထန်ထန်တစ်ချက်ကြည့်လိုက်ပြီး သူ့ဓားမော့ထိပ်အား အနည်းငယ်မြှောက်လိုက်သည်။ ထို့နောက် သူက ထပ်မေးလိုက်၏ “နောက်ဆုံးအကြိမ်ပဲ၊ မင်းတို့က ဘယ်သူတွေလဲ၊ မင်းတို့က ဒီသဲကန္တရထဲမှာ ဘာကို လျှို့ဝှက်သုတေသနလုပ်နေတာလဲ”

ထန်ရှုက အချိန်ဖြုန်းကာ စကားမပြောလိုပေ။ သူက ကျူလုံအား တည်ငြိမ်စွာ တစ်ချက်ကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့််တွင် ခေါင်းများက လွင့်ထွက်သွားပြီး သွေးများက လေထဲသို့ စီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကျူလုံတို့အဖွဲ့အား လိုက်ဖမ်းနေသော ပိရိမစ်အဖွဲ့ဝင်များအား ထန်ရှုက သတ်ဖြတ်ပစ်လိုက်သည်။

ဒါက…

သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ကျူလုံနှင့်အထူးစွမ်းရည်ဗျူရိုကျွမ်းကျင်သူနှစ်ယောက်က မှင်တက်ကာ အာစေးသွားသည်။ ကျွမ်းကျင်သူတွေအားလုံးကို သတ်ဖြတ်ဖို့ လျှပ်တစ်ပြက်ပဲ ကြာသည်။ ထန်ရှုက ဘယ်လိုတောင် ကြောက်စရာကောင်းတာလဲ။

“ငါ အိပ်မက်မက်နေတာလား”

အထူးစွမ်းရည်ဗျူရိုကျွမ်းကျင်သူနှစ်ယောက်ထဲမှတစ်ယောက်က ရေရွတ်လိုက်မိသည်။

မြေအောက်စခန်းထဲတွင်။

စခန်းထဲရှိ စောင့်ကြည့်ရေးအခန်းထဲတွင် သွမ်မုလင်က လက်နောက်ပစ်လျက် ရပ်နေသည်။ စောင့်ကြည့်ရေးခန်းက ဘက်စကတ်ဘောကွင်းတစ်ခုလောက် ကြီးမားပြီး သူ့ရှေ့ရှိ ကြီးမားသောစခရင်တွင် သဲကန္တရထဲရှိအခြေအနေအား ပြသခဲ့သည်။

“သူတို့အားလုံး..ဒီလောက် အလွယ်တကူ…အသတ်ခံရတာလား”

သွမ်မုလင်၏လက်ရှိခွန်အားက ယခင်ကလို မဟုတ်တော့ပေ။ ကျူလုံတို့အဖွဲ့နောက်သို့ လိုက်လာသည့် ပိရမစ်ကျွမ်းကျင်သူများ၏ခွန်အားကို သူက အကဲဖြတ်နိုင်သည်။ သူတို့အား ဉီးဆောင်လာသည့် ဆန်းကျယ်သောလူကြီးက သူ့ထက်တောင် ပိုသန်မာသည်ကို သူက ပြောနိုင်သည်။ ဒါပေမယ့် သူတို့ကို ထန်ရှုတစ်ယောက်တည်းက အလွယ်တကူသတ်ဖြတ်ခဲ့တာပဲ။

လက်ရှိထန်ရှုက…ဘယ်အဆင့်ကို ရောက်ရှိနေပြီလဲ။

နောင်တက သွမ်မုလင်၏မျက်လုံးများထဲတွင် ပြည့်နှက်လာသည်။ သူက ရေတွင်းအောက်ခြေမှ ကောင်းကင်ကို ကြည့်နေသော ဖားတစ်ကောင်ဖြစ်ခဲ့သည်ကို သူ သိလိုက်၏။ အပြင်ဘက်လောကဇာတ်ခုံက ဘယ်လောက်ထိ ကျယ်ပြောသည်ကို သိခဲ့တာတောင် သူက ကိုယ်ကိုယ်ကိုယ် အထင်ကြီးခဲ့သည်။ နောင်တအရဆုံးက သူ၏ခေါင်းမာမှုကြောင့် သူ့မျက်စိရှေ့ရှိ ကြီးမားသောအခွင့်အရေးအား လွင့်ပစ်လိုက်ခြင်းပင်။ ဤစခန်းက သူ့ထံ သယ်ဆောင်လာသည့် ခမ်းနားသောခံစားချက်က ထန်ရှုအပေါ် သူ့ခံစားချက်အား ပြောင်းလဲစေခဲ့သည်။

ဒါတွေအားလုံးက သူ၏ပြောင်းလဲသွားသောသဘောထားကြောင့်ပင်…

သူက မှားယွင်းသောဆုံးဖြတ်ချက်အား ချခဲ့မိသည်ကို နောက်ဆုံးတွင် သဘောပေါက်လာမိသည်။

အင်မော်တယ်ကမ္ဘာ…အင်မော်တယ်နဲ့မျိုးနွယ်စုအသင်္ချေ…

ထိုကမ္ဘာက ဘယ်လောက်ထိ အံ့ဖွယ်ကောင်းသည်ကို ပြန်အမှတ်ရပြီး နောင်တများက သွမ်မုလင်၏တစ်ကိုယ်လုံးတွင် ပြည့်နှက်လာသည်။ မရေမတွက်နိုင်သောတွန်းအားများက သူ့အား ထန်ရှုနောက်သို့ လိုက်ကာ တောင်းပန်စေချင်နေခဲ့သည်၊ သို့သော် ကျန်ရှိသောဂုဏ်သိက္ခာအား ထိန်းသိမ်းရမည်ဟု တွေးမိလျက် နောက်ဆုံးအကြိမ်တိုင်းတွင် သူက ရပ်တန့်လိုက်သည်။

“အနာဂတ်မှာ သူ့ကို မမှီခိုဘဲနဲ့ ငါ ကောင်းကောင်းလုပ်နိုင်သေးတယ်မလား”

သွမ်မုလင်က အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်၊ နောက်ဆုံးတွင် သူက သက်ပြင်းတစ်ချက်ရှိုက်လျက် မျက်လုံးမှိတ်ကာ နောင်တနှင့်ဆန္ဒမရှိမှုတို့အား ဖိနှိပ်လိုက်တော့သည်။

****

သဲကန္တရ၏ကြောက်စရာကောင်းသောအပူလှိုင်းအလယ်တွင် ထန်ရှု၏ချောမောခန့်ညားသောအမူအရာက အလွန်တည်ငြိမ်သည်။ ဒီမတိုင်ခင်တုန်းက သူက သွမ်မုလင်ထံ ကျင့်ကြံခြင်းပညာရပ်တစ်စုံ သင်ကြားပေးခဲ့ပြီး အနာဂတ်တွင် သူ့အား သစ္စာရှိကာ သူ့အတွက် အလုပ်လုပ်ပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ခွန်အားတိုးမြှင့်လာမှုနှင့်ထိပ်ဆုံးနေရာပေါ်တွင် နှစ်ပေါင်းများစွာ နေလာခြင်းက ဤလူ၏နှလုံးသားအား ယိမ်းယိုင်စေခဲ့သည်။

ထိုကဲ့သို့သောသူများအား ထန်ရှုက မရေမတွက်များစွာ တွေ့ဖူးသည်။ အင်မော်တယ်ကမ္ဘာတွင် သူ့လက်အောက်တွင် လူမရေမတွက်များစွာ ရှိစဉ်တုန်းက ထိုကဲ့သို့သောဖြစ်ရပ်တစ်ခုက မကြာခဏဖြစ်ပွားခဲ့သည်။ အချို့က သူတို့၏ရန်သူများလက်ထဲမှ သူကယ်ဆယ်ခဲ့သည့် နောက်လိုက်များဖြစ်ကြသည်။ သို့သော် ကြီးမားသောအခွင့်အလမ်းများနှင့် ကြုံတွေ့ကာ သူတို့၏ခွန်အားက တစ်ဟုန်ထိုးတိုးတက်လာပြီးနောက် သူ့အပေါ် သူတို့၏သဘောထားက ပြောင်းလဲလာခဲ့သည်။

တစ်စုံတစ်ယောက်၏စရိုက်က သူ၏အနာဂတ်ကို ဆုံးဖြတ်သည့် အချက်တစ်ခုဆိုသည်မှာ တကယ်အမှန်ပင်။

အနည်းငယ်နောင်တရသော်လည်း ၎င်းက သူ့အပေါ် သေးငယ်သောနောင်တရမှုတစ်ခုသာ ယူဆောင်လာသည်။ သူက ထိုလူအား ကျင့်ကြံခြင်းပညာရပ်တစ်ခု သင်ကြားပေးခဲ့ပြီဖြစ်သော်လည်း ဤလူက သူ၏ကျေးဇူးအား အမှတ်ရသေးသည်ဖြစ်သည်မရသေးသည်ဖြစ်စေ သူ့အလုပ်သာဖြစ်သည်။

သူက ဘာတစ်ခုမှ ဂရုမစိုက်ပေ။ သူက ထွက်ခွာသွားပြီးနောက် မဟာထန်အင်ပါယာ၏သတင်းအချက်အလက်ကွန်ရက်နှင့်သာမန်ထောက်လှမ်းရေးများအား တရုတ်အာဏာပိုင်နှင့်ဤလူထံ လက်လွှဲပေးရလိမ့်မည်။ အနာဂတ်တွင် တရုတ်က ပိုပိုအားကောင်းလာပြီး လူသားမျိုးနွယ်ကို ဉီးဆောင်ကာ နဂါးငွေ့တန်းပေါ်တွင် ခြေချနိုင်ဖို့က သူ၏မျှော်လင့်ချက်ဖြစ်သည်။

ထို့နောက် ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ပြီးနောက် သူ့ဘေးနားရှိအာလန်၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။ အာလန်အား သူ့စွမ်းအားနှင့် ရစ်ပတ်ထားရင်း သူ့ပုံရိပ်က ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားသည်။ အချိန်တိုအတွင်း သူတို့နှစ်ယောက်က ယခင်က နှစ်ရက်ကြာ ဖြတ်သန်းလာခဲ့ရသည့် လမ်းမဆီသို့ ရောက်ရှိသွား၏။ ထို့နောက် နောက်ထပ်ဆယ်မိနှစ်ကြာသွားပြီး သူတို့က အဝေးကီလိုမီတာရာအနည်းငယ်အကွာရှိ မြို့တစ်ခုထဲတွင် ထွက်ပေါ်လာ၏။

ရွှမ်း…ရွှမ်း…ရွှမ်း…

ဓားရောင်ခြည်တန်းများလက်သွားကာ ဉီးခေါင်းအနည်းငယ်က မြေပြင်ပေါ်သို့ ကျသွားသည်။

သာမန်ခြံဝင်းတစ်ခုထဲတွင် နိုင်ငံခြားလေ့ကျင့်သူဆယ်ယောက်ကျော်အား ထန်ရှုက ချက်ချင်း သတ်ဖြတ်ခဲ့သည်။ သူတို့အားလုံးက မဟူရာကလပ်၏အဖွဲ့ဝင်များဖြစ်ကြသည်။ မြို့ထဲကို ဝင်လာပြီးနောက် သူ၏ထိုးထွင်းသိမြင်မှုနှင့်အတူ ထန်ရှုက သူတို့အား အလွယ်တကူရှာတွေ့ခဲ့သည်။

“မင်းတို့က ဘယ်သူတွေလဲ”

ဒေါသတကြီးဟိန်းသံတစ်ခုက အိမ်ထဲမှ ထွက်လာပြီး အနီဝတ်လူအိုကြီးတစ်ယောက်က လူငယ်နှစ်ယောက်နှင့်အတူ ထန်ရှုနှင့်အာလန်တို့အရှေ့သို့ ပြေးထွက်လာခဲ့သည်။

“အာလန်၊ ဒီကောင်လေးနှစ်ယောက်က အတော်လေးပြောင်မြောက်တယ်။ လေ့ကျင့်တဲ့အနေနဲ့ သူတို့နဲ့ ရင်ဆိုင်လိုက်ပါ”ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်။

ထန်အလန်က တုံ့ဆိုင်းသွားပြီးနောက် အားတင်းပြုံးလိုက်သည် “ဆရာသခင်၊ ငါက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ခဲ့ပြီးဆိုပေမယ့် အများဆုံး အိပ်ဆောင်ကမ္ဘာထဲမှာ သားရဲတွေနဲ့ပဲ တိုက်ခိုက်ခဲ့တာ။ အခြားသူတွေနဲ့ တိုက်ခိုက်တာကို ငါ ဘယ်တော့မှ မစမ်းကြည့်ခဲ့ဘူး…”

ထန်ရှုက သူ့အား ကြားဖြတ်ပြောကာ စိတ်မဝင်စားစွာ ပြောလိုက်သည် “လူတိုင်းက အရာအားလုံးမှာ သူတို့ရဲ့ပထမဆုံးအကြိမ်ပဲ။ သူတို့က ခွန်အားအားဖြင့် မင်းလောက် မကောင်းပေမယ့် သူတို့မှာ သန်မာတဲ့သွေးရနံနဲ့သတ်ဖြတ်ခြင်းအနံ့တစ်ခုရှိတယ်၊ သူတို့က လူများစွာကို သတ်ဖြတ်ခဲ့မှန်း သိသာပြီး ကြွယ်ဝတဲ့ တိုက်ခိုက်ရေးအတွေ့အကြုံရှိတယ်၊ ဒါကြောင့် သူတို့က မင်းအတွက် ဓားသွေးကျောက်တစ်ခုအဖြစ် ထမ်းဆောင်ဖို့ လုံလောက်တယ်”

ထန်အာလန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး တင်းမာသောအမူအရာတစ်ခုက သူ့မျက်လုံးများထဲတွင် လက်သွားသည်။ သူက လူသုံးယောက်ထံ ပြေးသွားကာ လက်သီးဆုပ်လျက် ပြောလိုက်သည် “ကလေးဘဝကတည်းက အကြိမ်ပေါင်းမရေမတွက်များစွာ ငါ တိုက်ခိုက်ခဲ့တယ်၊ ဒါပေမယ့် ဘယ်လေ့ကျင့်သူတစ်ယောက်နဲ့မှ မတိုက်ခိုက်ဖူးဘူး။ မင်းတို့နှစ်ယောက်၊ မင်းတို့မှာ ရှိသမျှ အားအကုန်ထုတ်ပါ။ နောက်တိုက်ပွဲမှာ မင်းတို့နှစ်ယောက်မဟုတ်ရင်ငါက သေရမှာဖြစ်တဲ့အတွက်ကြောင့်ပဲ”

လူအိုကြီး၏မျက်ခုံးများက ကျဉ်းမြောင်းသွားသည်။ သူ့ကျောရိုးအား အေးစိမ့်စိမ့်ဖြစ်သွားစေသည့် အားကောင်းသောတည်ရှိမှုတစ်ခုကို သူက အာရုံခံမိခဲ့သည်။ လက်ရှိတွင် သူက ချက်ချင်းထွက်ပြေးနိုင်ရန် ဆုတောင်းခဲ့သည်၊ ထို့ကြောင့် သူ့တပည့်နှစ်ယောက်ကို ခေါ်ကာ အပြင်သို့ ပြေးထွက်လာသည်။

သို့သော် သူ့ရှေ့ရှိ မြင်ကွင်းက သူ့ခန္ဓာကိုယ်အား တုန်လှုပ်သွားစေသည်။

သူ့လူတွေအားလုံးက ချက်ချင်း အသတ်ခံလိုက်ရသည်ကို လက်ရှိမြင်ကွင်းက သိသိသာသာပြခဲ့သည်၊ ပြန်တိုက်ခိုက်ရန် သို့မဟုတ် အကူအညီတောင်းရန်ပင် အချိန်မရှိခဲ့ပေ။

အခြေတည်စိတ်ဝိညာဉ်အဆင့်…

ဤလူငယ်က တရုတ်ကျင့်ကြံသူများ၏ကျင့်ကြံသူအဆင့်တစ်ခုကို ပြောခဲ့သည်။ မဟူရာကလပ်ရှိလူများစွာက ဤကျင့်ကြံခြင်းအဆင့်ဝေါဟာရနှင့် ပတ်သက်၍ မသိသော်လည်း ၎င်း၏အဓိပ္ပါယ်ကို သူက အပြည့်အဝရှင်းလင်းစွာ သိသည်။

တပည့်က အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိထားတယ်ဆိုရင် သူ့ရဲ့ဆရာသခင်ဆိုရင် ဘယ်လိုဖြစ်မလဲ။

“မင်းတို့က ဘယ်သူတွေလဲ’လူအိုကြီးက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

“ငါတို့က ဘယ်သူလဲဆိုတာ သိဖို့ မင်းက အရည်အချင်းရှိမယ်လို့ ငါ မထင်ဘူး”ထန်ရှုက ပြန်ပြောသည် “ဒီနေ့က မင်းရဲ့သေနေ့ဆိုတာ သိဖို့ပဲ လိုတယ်”

လူအိုကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူက ထန်ရှုထံ တန်းမလာခဲ့ပေ။ သူ့မျက်စိရှေ့ရှိ သူ့လူများ၏သေဆုံးမှုက ခဏက သူ ခံစားခဲ့ရသည့် ကျောချမ်းဖွယ်ခံစားချက်ကို ပြန်အမှတ်ရသွားစေသည်။ ခဏတံ့ဆိုင်းပြီးနောက် အနီးနားရှိ ပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးရန်အတွက် သူ့တပည့်နှစ်ယောက်ကို ခေါ်ကာ အိမ်သို့ ပြန်လှည့်မည့်ဆဲဆဲတွင် ကြောက်စရာကောင်းသောအားတစ်ခုက သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ထားသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်၊ သူက ဘယ်လောက်ပင် ရုန်းကန်သော်လည်း လွတ်မြောက်ရန် အခွင့်အရေးမရှိခဲ့ပေ။

“နေနေစမ်း…”

လူအိုကြီးအား ထိန်းချုပ်ထားပြီးနောက် ထန်ရှုက သူ့မူလဖရိုဖရဲစွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူက တခစ်ခစ်ရယ်ကာ ပြောလိုက်၏ “မင်းက ဘာစောင့်နေတာလဲ၊ အာလန်။ သူတို့က ထွက်ပြေးချင်ရင် သူတို့ကို တန်းသတ်ပစ်လိုက်။ သူတို့က ပွင့်ပွင့်လင်းလင်းတိုက်ခိုက်ပြီး မင်းက ရှုံးနိမ့်မယ်ဆိုရင် ငါ သူတို့ကို သွားခွင့်ပေးလိုက်မယ်”

လူငယ်နှစ်ယောက်ထဲမှတစ်ယောက်က လူအိုကြီးအား ချက်ချင်းမေးလိုက်သည် “ဆရာ၊ သူ့ကို ငါတို့ သတ်လို့ရလား”

လူအိုကြီးက မျက်စိမှိတ်ပြကာ ခါးသီးစွာ ပြောလိုက်သည် “သူ့ကို အနိုင်ယူဖို့ အတူတကွတိုက်ခိုက်ကြ၊ ဒါပေမယ့် သူ့ကို မသတ်နဲ့။ မင်းတို့နှစ်ယောက်က သူ့ကို အနိုင်ယူနိုင်ရင် ငါ မင်းတို့ကို ဓားမြှောင်နှစ်လက် ချီးမြှင့်မယ်၊ ပြီးတော့ ငါကိုယ်တိုင် သူတို့ကို သန့်စင်ပေးမယ်”

“တကယ်လား”အံ့အားသင့်လျက် သူတို့က ပျော်ရွှင်စွာ ဆိုလိုက်ကြသည်။

“တကယ်ပေါ့”

လူအိုကြီးက ခေါင်းညိတ်ပြချင်သော်လည်း ဤအချိန်တွင် သူ့လည်ပင်းကိုပင် မလှုပ်နိုင်ခဲ့ပေ။ အသက်ချမ်းသာပေးရန်အတွက် သူက ထန်ရှုအား တောင်းပန်သောမျက်လုံးများနှင့်သာ ကြည့်နေနိုင်သည်။

လှောင်ပြောင်သောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွားပြီး သူ့လက်ဝါးက ရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။ လူအိုကြီး၏ခေါင်းက ချက်ချင်းလွင့်ထွက်သွားပြီး လည်ပင်းမှ သွေးများ ပန်းထွက်ရင်း သူက သေသွားခဲ့သည်။

“ဆရာ…”

“ဆရာ…”

လူငယ်နှစ်ယောက်၏မျက်နှာများက ပြင်းပြင်းထန်ထန်ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုက သူတို့၏မျက်လုံးများထဲတွင် ပြည့်သွားသည်။ သူတို့၏မျက်လုံးထဲတွင် သူတို့၏ဆရာက ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုဖြစ်သည်။ အတိတ်တွင် သူက အားကောင်းသောလေ့ကျင့်သူဆယ်ယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ သူက သူတို့အား ဆန်းကြယ်သောနေရာအချို့ကို ခေါ်ကာ ကြောက်စရာကောင်းသောသားရဲအချို့ကိုပင် သတ်ဖြတ်ခဲ့သည်။

ဒါပေမယ့်…ဒီလိုပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုက လူငယ်တစ်ယောက်လက်ဝှေ့ယမ်းလိုက်ရုံနဲ့ သေသွားတာလား။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မင်းတို့နှစ်ကောင်၊ ငါ ပြောတာ နားထောင်”ထန်ရှုက ပြောလိုက်သည် “မင်းတို့ရဲ့အသက်တွေ ဆက်လက်တည်ရှိဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ မင်းတို့က ငါ့တပည့်ကို သတ်နိုင်ရင် ငါ မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်။ မင်းတို့က မသတ်နိုင်ရင် မင်းတို့ရဲ့ဆရာနောက်ကို လိုက်သွားရလိမ့်မယ်”

All Chapters