← Chapters

သေခြင်းရှင်ခြင်းကြား

Vol. 90 Ch. 1267

သေခြင်းရှင်ခြင်းကြား

Vol. 90 Ch. 1267

လူငယ်နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ရှေ့ရှိကြောက်စရာကောင်းသောကျွမ်းကျင်သူက ယခုလိုတောင်းဆိုလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ပေ။

သူက သူ့ရဲ့တပည့်အပေါ် ရန်ငြိုးတစ်ခုရှိတာ ဖြစ်နိုင်မလား။ ဘာလို့ သူ့တပည့်ကို သတ်ဖို့ သူတို့ကို ဖိအားပေးရတာလဲ။

ထန်အာလန်က နည်းစနစ်တစ်ခုကို လျင်မြန်စွာ ထုတ်ဖော်ကာ သူ့ခန္ဓာကိုယ်ထဲတွင် သိမ်းထားသော အင်မော်တယ်ဓားအား လူငယ်နှစ်ယောက်ထံ ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူ့ဆရာသခင်၏အမိန့်အရ သူက ဒီလူနှစ်ယောက်ကို သတ်ရမည် သို့မဟုတ် သူတို့က သူ့အား သတ်ဖြတ်ရလိမ့်မည်ကို ဆိုလိုမှန်း သူက သဘောပေါက်သည်။ ဤအမိန့်က သူ့အား သွေးပေးသည့်နည်းလမ်းတစ်ခုဖြစ်သလို သူ့အတွက် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်သည်။

“သတ်…”

လူငယ်နှစ်ယောက်က တုံ့ဆိုင်းမနေခဲ့ပေ။ အသက်ရှင်လိုသောဆန္ဒက သူတို့အား မောင်းနှင်လာခဲ့သည်။ သူတို့က သူတော်စင်များမဟုတ်ကြပေ။ သူတို့လက်များက သွေးစွန်းနေပြီးသားပင်။ သူတို့ဆရာသခင်ပင် ဤလူ၏လက်ထဲတွင် လမ်းဘေးခွေးတစ်ကောင်လို အသတ်ခံခဲ့ရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်အသက်ရှင်ရန်အတွက် တစ်ခုတည်းသောအခွင့်အလမ်းက ဤလူငယ်အား သတ်ဖြတ်ရန်ဖြစ်သည်၊ ဤလူငယ်၏ဆရာသခင်က သူ့စကားကို တည်ရန် မျှော်လင့်သည်။

“လျှပ်စီးအဆောင်…”

လျှပ်တစ်ပြက်အတွင်း သူတို့က သူတို့၏အင်္ကျီလက်မှ အဆောင်စာရွက်နှစ်ခုကို ယူထုတ်ကာ အသက်သွင်းလိုက်သည်၊ လျှပ်စီးမိုးကြိုးများက ထန်အာလန်ထံ တိုက်ရိုက်ပစ်ခတ်လိုက်သည်။

ဆယ်မီတာကျော်အကွာတွင် ရပ်နေရင်း ထန်ရှု၏မျက်လုံးများက ချက်ချင်းကျဉ်းမြောင်းသွားသည်။ ထိုလူငယ်နှစ်ယောက်အသက်သွင်းထားသည့် လျှပ်စီးအဆောင်များက သူကိုယ်တိုင်သန့်စင်ကာ မူလပထမလေလံအိမ်တွင် လေလံတင်ခဲ့သည့် အဆောင်စာရွက်များဖြစ်သည်ကို သူက သတိပြုမိခဲ့သည်။

“စိတ်ဝင်စားစရာပဲ”

အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်တွင် ထွက်ပေါ်သွားပြီး သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြစ်နေသောလူငယ်နှစ်ယောက်အား လေ့လာလိုက်သည်။

ထန်အာလန်က ကျင့်ကြံသူများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို တစ်ခါမှ မတိုက်ခိုက်ဖူးပေ၊ သူ့ပတ်လည်ရှိ ဟင်းလင်းပြင်အားလုံးကို ချိတ်ပိတ်ထားသည့် လျှပ်စီးမိုးကြိုးဒါဇင်ကျော်အား ရင်ဆိုင်ရချိန်တွင် သူက ထိတ်လန့်တုန်လှုပ်သွားသည်။ သူက ကမန်းကတန်းပြန်ဆုတ်လိုက်လျှင်ပင် သူ့အရှိန်က လျှပ်စီးမိုးကြိုးများ၏အရှိန်အား မယှဉ်နိုင်ခဲ့ပေ။

“ဒသဂံသတ်ဖြတ်ခြင်းဓား…”

ထန်အာလန်က စိတ်အားတင်းလိုက်ပြီး အင်မော်တယ်ဓားကို ကိုင်တွယ်ကာ ဓားဝင်္ကပါကို ဖွဲ့စည်းလိုက်သည်။ လျှပ်စီးမိုးကြိုးများက ဓားရောင်ခြည်အစီအရင်အား တိုက်ခိုက်လိုက်သောအခါ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီးမှ သူက ကိုယ်ကိုယ့်ကိုယ်ထိန်းနိုင်ခဲ့သည်။

ခရက်…ခရက်…

လူငယ်နှစ်ယောက်၏ပုံရိပ်က စတင်ပြောင်းလဲလာပြီး အစွယ်တစ်စုံနှင့်ထက်ရှသောလက်သည်းများအား ထုတ်ပြလိုက်သည်။ တစ်ချိန်တည်းတွင် တောင်ပံတစ်စုံက သူတို့၏နောက်ကျောများတွင် ချက်ချင်းပေါက်လာသည်။ သူတို့က တောင်ပံခတ်လိုက်ပြီး အနက်ရောင်စွမ်းအင်စီးကြောင်းနှစ်ခုက မြားနှစ်ချောင်းအသွင်းပြောင်းသွားကာ ထန်အာလန်ထံ ပစ်ခတ်လိုက်သည်။

သူတို့က ဗန်ပိုင်ယာတွေလား။

ထန်အာလန်က ဗန်ပိုင်ယာအစစ်အမှန်အား ယခင်က မမြင်ဖူးပေ။ ဤမျိုးနွယ်က ဉရောပတိုင်းပြည်အချို့တွင် တည်ရှိသည်ကိုသာ သူက ကြားခဲ့ရသည်။ ဗန်ပိုင်ယာအချို့ဆိုလျှင် သူ့ဆရာသခင်နှင့် နက်ရှိုင်းသောခင်မင်ရင်းနှီးမှုတစ်ခုရှိသည်ကိုပင် ကြားခဲ့သည်။

“နာမ်ဝိညာဉ်လှိုင်း…”

တိုက်ခိုက်ရေးအတွေ့အကြုံကင်းမဲ့မှုကြောင့် ထန်အာလန်က လျှပ်စီးမိုးကြိုးတိုက်ခိုက်များအား တားဆီးရန် တိုက်ခိုက်ရေးအကွက်များကို ခံစစ်တိုက်ကွက်တစ်ခုပမာ အသုံးပြုခဲ့ပြီး ဝင်လာသောအမှောင်စွမ်းအင်မြားကို ခုခံခဲ့သည်။ တစ်ချိန်တည်းတွင် သူက နောက်ထပ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ဝီ…

ထန်အာလန်အား တိုက်ခိုက်နေသောဗန်ပိုင်ယာနှစ်ယောက်က ရုတ်တရက် တုန်ယင်သွားပြီး ကြောက်လန့်တကြား အော်ဟစ်လျက် သူတို့၏အမှောင်စွမ်းအင်မြားများက ပျောက်ကွယ်သွားသည်။

ထိုစဉ် ထန်အာလန်၏ပုံရိပ်က လေထဲ ဆယ်မီတာအကွာသို့ ထိုးတက်သွားသည်။ ထို့နောက် သူက ဒသဂံဓားအစီအရင်အကွက်အား ထပ်မံထုတ်လွှတ်လိုက်သည်။ ဤအချိန်တွင် သူက ဤအကွက်ကို ခုခံရန်အတွက် မဟုတ်ဘဲ လက်ဉီးမှုရယူကာ တိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့သည်။

ရွှမ်း…ရွှမ်း…ရွှမ်း…

သွေးစီးကြောင်းများက ဗန်ပိုင်ယာနှစ်ယောက်၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ သို့သော် သူတို့နှစ်ယောက်လုံးက တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝပြီး သူတို့၏တောင်ဝှေးကို ဝှေ့ယမ်းကာ သူတို့၏အမှောင်စွမ်းအင်နှင့်အတူ ကြီးမားသောဒိုင်းကာတစ်ခုကို ဖွဲ့စည်းလျက် ဝင်လာသောဓားရောင်ခြည်တန်းများကို တားဆီးလိုက်သည်။ တစ်ချိန်တည်းတွင် သူတို့က အမှောင်စွမ်းအင်မြားများကို အဆက်မပြတ် ထုတ်လွှတ်လျက် ထန်အာလန်အား နှစ်ဖက်စလုံးမှ ပစ်ခတ်လိုက်သည်။ ဆန်းကြယ်သောမြားလမ်းကြောင်းများက ထန်အာလန်အား သတိမဲ့စေပြီး သူ့ရင်ဘက်ကို ထိမှန်ကာ အမှောင်မြားက ပေါက်ကွဲထွက်သွားသည်။

ဖူး…

သွေးတစ်ပွက်အန်လျက် ထန်အာလန်၏ရင်ဘက်ပေါ်ရှိ ကျောက်စိမ်းအဆောင်က ကြေမွသွားပြီး ဖုန်မှုန့်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားသည်။

“ချီးလိုပဲ…”

အင်မော်တယ်ဓားက ထန်အာလန်၏နောက်ဘက်သို့ လျှပ်တစ်ပြက်အတွင်း ပျံသန်းသွားသည်။ ဓားရောင်ခြည်များက လျှပ်စီးမိုးကြိုးများပမာ ဖုံးအုပ်လျက် အမှောင်စွမ်းအင်မြားများအား ပျောက်ကွယ်စေလိုက်သည်။ သို့သော် သူက ထပ်သတိမဲ့နေသည့်အခိုက်တွင် ထက်ရှသောတောင်မွေးနှစ်ခုက အမှောင်စွမ်းအင်မြားများနောက်မှ လိုက်ပါလာပြီး သူ့ဘက်ဘက်လက်မောင်းနှင့်ညာဘက်ရင်ဘက်ကို တည့်တည့်ထိမှန်သွားသည်။

ငါ တည်ငြိမ်ရမယ်၊ ခေါင်းအေးအေးထားရမယ်။ ငါ့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံက သူတို့လောက် မကောင်းပေမယ့် ငါက သူတို့ထက် ပိုမြန်ပြီး ပိုသန်မာတယ်။ ငါက သူတို့ရဲ့တိုက်ကွက်တွေကို ခေါင်းအေးအေးထားပြီး လေ့လာနိုင်မယ်ဆိုရင် သူတိုရဲ့တိုက်ခိုက်မှုတွေမှာ အားနည်းချက်တစ်ခုကို သေချာပေါက် ရှာနိုင်ပြီး တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်လိမ့်မယ်။

ဒဏ်ရာရထားသော်လည်း ထန်အာလန်၏မျက်လုံးက ပိုစူးရှလာသည်။ တုန်ယင်နေသောခန္ဓာကိုယ်က တည်ငြိမ်သွားပြီး သူက စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ နောက်စိတ်ဝိညာဉ်လှိုင်းတိုက်ကွက်တစ်ခုကို ဖော်ထုတ်လိုက်ရာ ဗန်ပိုင်ယာနှစ်ယောက်က ကြောက်လန့်တကြားထွက်ပြေးသွားကြ၏။

“မီးလျှံ…”

နောက်ထပ်နည်းစနစ်တစ်ခုကို ထုတ်ဖော်လျက် ထန်အာလန်က မီးလျှံများအား မီးမိုးတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထိုတိုက်ခိုက်မှုက ကောင်းကင်ကို ဖုံးအုပ်သွားပြီး ဗန်ပိုင်ယာနှစ်ယောက်ကို ဖိနှိပ်လိုက်သည်။

“လေ…”

လေဆင်နှာမောင်းတစ်ခုက မီးလျှံပတ်လည်တွင် ထွက်ပေါ်လာပြီး နေလုံးကြီးပတ်လည်ရှိ မီးကွင်းတစ်ခုပမာ မီးလျှံလေဆင်နှာမောင်းတစ်ခုကို ဖြစ်ပေါ်စေလျက် မီးလျှံများ၏အရှိန်အား အဆအနည်းငယ်တိုးစေလိုက်သည်။

“ဓားသွား…”

အင်မော်တယ်ဓားက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ဝဲကာ ဝင်လာသောအမှောင်စွမ်းအင်မြားများအား ဖျက်ဆီးပစ်ပြီး ထက်ရှသောဓားမြှောင်တစ်လက်က သူ့လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက ဆရာသခင်၏အမျိုးသမီးခန်းရှက ပေးထားသည့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအမျိုးအစားဓားမြှောင်ပင် ဖြစ်သည်။

“ငါ တစ်ယောက်ယောက်ကို ဘယ်တော့မှ မသတ်ခဲ့ဘူး၊ ဒါပေမယ့် သားရဲရာချီကို သတ်ဖြတ်ခဲ့ပြီးပြီ။ အခု မင်းတို့က သားရဲတွေလို ပြောင်းထားမှတော့ ငါ မင်းတို့ရဲ့အသက်တွေကို ရိတ်သိမ်းရလိမ့်မယ်”

သူက မြန်နှုန်းအသာစီးရထားသည်၊ မီးလေဆင်နှာမောင်းမိုးနှင့်အတူ လျင်မြန်စွာ လိုက်ပါသွားလျက် ဗန်ပိုင်ယာတစ်ယောက်အရှေ့တွင် လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ သူက မီးလေဆင်နှာမောင်းမိုးထဲသို့ ကြယ်ပျံနှင့်တူသောလက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်၊ ကြမ်းတမ်းပြင်းထန်သောလက်သီးချက်က အဆဒါဇင်ကြီးမားချဲ့ထွင်ကာ ဗန်ပိုင်ယာကို တိုက်ခိုက်လိုက်သည်။ သူက လက်ထဲရှိ ဓားမြှောင်နှင့်အတူ ရှေ့သို့ လျင်မြန်စွာ ထိုးလိုက်သည်၊ ဗန်ပိုင်ယာ၏တောင်ပံတစ်ဖက်ကို ထိုးဖောက်သွားသောကြောင့် ထိုလူငယ်က ပြန်ဆုတ်လိုက်ရသည်။

“လောင်ကျွမ်းစမ်း…”

မီးလျှံတစ်ခုက ဗန်ပိုင်ယာ၏ဒဏ်ရာရထားသောတောင်ပံပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ လျှပ်တစ်ပြက်အတွင်း မီးလျှံက တောင်ပံတစ်ခုလုံး ကူးစက်ပေါက်ကွဲထွက်သွားသည်။

“အား…”

အလွန်အမင်းနာကျင်မှုကြောင့် ဗန်ပိုင်ယာက သနားစဖွယ်အော်လိုက်သည်၊ သို့သော် သူ့အား နောက်ထပ်နှုတ်ဆက်လာသည့်တုံ့ပြန်မှုက ကြယ်ပျံနှင့်တူသောဓားရောင်ခြည်တန်းများက သူ့ခန္ဓာကိုယ်အား ထိုးဖောက်သွားခဲ့ခြင်းပင်။

“အကို…”

ရန်သူက သူ့အကိုအား လျင်မြန်စွာ ထိုးဖောက်တိုက်ခိုက်သွားလိမ့်မည်ဟု အခြားဗန်ပိုင်ယာက မထင်ထားခဲ့ပေ။ သွေးစုပ်ဖုတ်ကောင်များက သာမန်နှင့်မတူသောသန်မာသည့်ခန္ဓာကိုယ်များရှိပြီး သူတို့၏အမြုတေနျူကလိယမပျက်ဆီးသရွေ့ မသေသည်ကို သူက သိသော်လည်း သူ့ညီအကို၏ဆိုးရွားသောအခြေအနေက သူ့အား စိတ်လွတ်သွားလုနီးပါးဖြစ်စေခဲ့သည်။

“တောင်မွေး…”

သူက တောင်ပံတဖျပ်ဖျပ်ခပ်လိုက်ပြီး အမွေးအစုအဝေးတစ်ခုအား ရှေ့သို့ ချက်ချင်းပစ်လွှတ်လိုက်သည်။ အမှောင်စွမ်းအင်မြားများ၏ပေါင်းထည့်မှုနှင့်အတူ အရှိန်နှစ်ဆဖြစ်သွားပြီး သူတို့က မျက်စိတစ်မှိတ်အတွင်း ထန်အာလန်၏အရှေ့၌ ထွက်ပေါ်လာသည်။

ဤအချိန်လောက် သေရေးရှင်ရေးက တစ်ခါမှ မနီးကပ်ခဲ့ပေ။

သူ့ခေါင်းပေါ်တွင် ရစ်ဝဲနေသောသေမင်းအရိပ်အား ထန်အာလန်က အာရုံခံနိုင်သည်။ သူ့ပြိုင်ဘက်အတွက် ကံမကောင်းသည်ကတော့ တည်ငြိမ်မှုဆုံးရှုံးခဲ့လျှင် သူက သေဘေးနှင့် နီးကပ်သွားမည်ကို သိသောကြောင့် ထန်အာလန်က အထိတ်တလန့်မဖြစ်ပေ။ ဝင်လာသောအမှောင်စွမ်းအင်မြားများနှင့်တောင်မွေးများအား ကြည့်နေရင်း သူ့လက်ချောင်းက အဆက်မပြတ်လှုပ်ရှားကာ လျို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ နောက်အခိုက်အတန့်တွင် ကောင်းကင်ကို ဖုံးလွှမ်းထားသော မီးလေဆင်နှာမောင်းက ရုတ်ချည်းသိပ်သည်းသွားပြီး မီးလျှံဓားတစ်လက်ဖြစ်လာခဲ့သည်။

၎င်းက အိတ်ဆောင်ကမ္ဘာတွင် သားရဲများနှင့် တိုက်ခိုက်ပြီးနောက် သူကိုယ်တိုင်ဖန်တီးခဲ့သည့် မှော်အတတ်တစ်ခုဖြစ်သည်။ မီးလျှံဓားက ရွေ့လျားသွားပြီး ဗန်ပိုင်ယား၏ခန္ဓာကိုယ်ကို ဖြတ်တောက်လိုက်သည်။ ၎င်းက ဗန်ပိုင်ယာ၏ခန္ဓာကိုယ်အား ခုတ်ပိုင်းချသည့်အခိုက်အတန့်တွင် ကောင်းကင်တွင် ပြည့်နေသည့် တောင်မွေးများ၏အရှိန်က အဆအနည်းငယ်လျော့ကျလာသည်။

“တားဆီးစမ်း…”

ထို့နောက် ချက်ချင်းလျှင်ပင် သူက အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို ထိန်းချုပ်ကာ သူ့ရှေ့တွင် ဒိုင်းကာတစ်ခုကို ဖွဲ့စည်းလိုက်သည်၊ ထို့နောက် သူက သွေးတစ်ပွက်အန်၏။ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ဟမ့်…”

ခြံဝင်းထဲတွင် ရပ်နေရင်း တောင်ပံတစ်ဖက်နှင့်ဗန်ပိုင်ယာက သူ့အကို၏သေခြင်းကိုတောင် ဂရုမစိုက်ဘဲ ထန်အာလန် လဲကျသွားချိန်တွင် ထွက်ပြေးသွားသည်ကို ထန်ရှုက မြင်လိုက်ရသည်။ သူက ဓားမြှောင်တစ်လက် ချက်ချင်းပစ်လွှတ်လိုက်ပြီး ထိုဗန်ပိုင်ယာ၏ခန္ဓာကိုယ်ထဲရှိ အမြုတေနျူကလိယအား တိုက်ရိုက်ဖျက်ဆီးလိုက်သည်။

ထို့နောက် ထန်ရှုက ထန်အာလန်အရှေ့တွင် ထွက်ပေါ်လာပြီး သူ့အား မြေပြင်မှ မလိုက်သည်။ ထန်အာလန်၏အခြေအနေအား မကျေမနပ်အမူအရာနှင့် ကြည့်ရင်း သူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “အဲဒီထွက်ပြေးသွားတဲ့ဗန်ပိုင်ယာက မင်းကို အားကောင်းတဲ့တိုက်ခိုက်မှုတစ်ခုလုပ်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် မင်း သေသွားလောက်ပြီ။ မင်းက ဒီစမ်းသပ်ချက်ကို ကျရှုံးတယ်။ နောက်ကျရင် မင်းအနေနဲ့ ပိုဝီရိယထားကြိုးစားဖို့ လိုမယ်၊ နောက်တစ်ခါရှုံးနိမ့်တာကို ငါ မမြင်ချင်ဘူး”

အဟွတ်…အဟွတ်…

ထန်အာလန်က သွေးနှစ်ပွက်အန်ထုတ်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြမ်းတမ်းကာဖရိုဖရဲဖြစ်နေသောစွမ်းအင်ကို ဖိနှိပ်ရင်း သူက စိတ်ပျက်နေသောအမူအရာနှင့် ပြောလိုက်သည် “ငါ မှတ်ထားပါ့မယ်၊ ဆရာသခင်။ ငါ သေချာပေါက် ကြိုးစားပြီး ငါ့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံကို တိုးမြှင့်အောင် လုပ်ပါ့မယ်”

ထန်ရှုက ခေါင်းညိတ်ပြလိုက်ပြီး သန့်စင်ဒဏ်ရာပျောက်ဆေးတစ်လုံးယူထုတ်လိုက်သည်။ ထန်အာလန်၏ပါးစပ်ထဲသို့ ထည့်ပေးပြီးနောက် သူက ပြောလိုက်သည် “ပြန်အားဖြည့်ဖို့ မင်း နာရီဝက်အချိန်ရမယ်၊ ပြီးရင် ငါတို့ရဲ့ခရီးကို ဆက်သွားမယ်။ နေက်နှစ်လအတွင်းမှာ တိုက်ခိုက်ဖို့အခွင့်အရေးတွေ ငါ ပေးမယ်၊ ပြီးရင် ငါတို့ရဲ့ခရီးစဉ်ကို ဆက်သွားမယ်၊ အဲဒီကနေ ဘယ်လိုအသက်ရှင်သန်ရမလဲဆိုတာ မင်း သင်ယူရမယ်။ မင်း အသက်ရှင်သန်နိုင်သရွေ့ အနာဂတ်မှာ ငါတို့တွေ အင်မော်တယ်ကမ္ဘာကို ရောက်တဲ့အခါ မင်းက သွေးမုန်တိုင်းနဲ့ လိုက်လျောညီထွေနေနိုင်လိမ့်မယ်”

ခိုင်မာပြတ်သားသောအကြည့်တစ်ခုက ထန်အာလန်၏မျက်လုံးများထဲတွင် ပြည့်သွားသည်။ ဤတစ်ကြိမ်တွင် သူ့ဆရာသခင်က သူ့အား မကျေမနပ်ဖြစ်သွားသည်ကို သူ သိသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်အရ သူက ဗန်ပိုင်ယာနှစ်ယောက်အား အလွယ်တကူသတ်နိုင်သင့်သည်။

နာရီဝက်ကြာပြီးနောက် ထန်အာလန်က မြေပြင်မှ ခုန်ထကာ ရိုသေလေးစားစွာ ပြောလိုက်သည် “ငါ့ဒဏ်ရာအများစု ပျောက်သွားပါပြီ၊ ဆရာသခင်”

ထန်ရှုက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည် “ယခင်တိုက်ပွဲတွေကို ပြန်သုံးသပ်ဖို့ မင်းမှာ နောက်ထပ်နာရီဝက်အချိန်ရှိတယ်။၊ နာရီဝက်အတွင်း အနည်းဆုံး ဗန်ပိုင်ယာနှစ်ယောက်ကို အလွယ်တကူသတ်နိုင်တဲ့နည်းလမ်းသုံးခုကို ငါ့ကို ပြောပြရမယ်”

ထန်အာလန်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့အမူအရာက အတွေးနက်ဟန်ရှိကာ သူ့မျက်လုံးများက တလက်လက်ဖြစ်နေတော့သည်။

သူက တိုက်ပွဲအား နည်းနည်းချင်းစီ ပြန်စဉ်းစားရင်း ထပ်ခါထပ်ခါခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

နောက်ဆုံးတွင် ဗန်ပိုင်ယာနှစ်ယောက်ကို အလွယ်တကူသတ်နိုင်သည့်ပထမဆုံးနည်းလမ်းက သူ့စိတ်ထဲတွင် ထွက်ပေါ်လာပြီး အရှက်ရသောအကြည့်တစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူက ဒုတိယနည်းလမ်းအား ကောက်ချက်ချနိုင်ခဲ့သည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် သူက တတိယနည်းလမ်းအား ကောက်ချက်ချနိုင်ခဲ့သည်၊ သို့သော် သူ၏ခွဲခြမ်းစိတ်ဖြာမှုအား မရပ်တန့်ခဲ့ဘဲ ဆက်လက်ကောက်ချက်ချနေခဲ့သည်။ အချိန်ကြာလာသည့်နှင့်အမျှ သူ၏ခွဲခြမ်းစိတ်ဖြာခြင်းအရှိန်က ပိုမြန်လာသည်။ နာရီဝက်အတွင်း သူက ဗန်ပိုင်ယာနှစ်ယောက်အား အလွယ်တကူသတ်ဖြတ်နိုင်သည့်နည်းလမ်းဆယ့်တစ်ခုကို ဖော်ထုတ်ခဲ့သည်။ အရှက်ရသောအမူအရာတစ်ခုက သူ့မျက်နှာကို လွှမ်းခြုံသွားလျက် သူက ထန်ရှုအား ခေါင်းမော့ကြည့်လိုက်သည်။

All Chapters