← Chapters

နောက်ထပ်အခွင့်အရေးရခြင်း

Vol. 90 Ch. 1268

နောက်ထပ်အခွင့်အရေးရခြင်း

Vol. 90 Ch. 1268

ထန်အာလန်က ရွှန်းစိုသောမျက်လုံးများနှင့် ထရပ်လိုက်သည်။ သူက ထန်ရှုအား ကြည့်ကာ ရိုသေလေးစားစွာ ပြောလိုက်သည် “ဆရာသခင်၊ တိုက်ခိုက်ဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ငါ လိုချင်တယ်”

“ပြီးခဲ့တဲ့တိုက်ပွဲကနေ နည်းလမ်းဘယ်လောက်ထိ မင်း ရလာလဲ”ထန်ရှုက မေး၏။

“၁၁…”ထန်အာလန်က ရိုသေလေးစားစွာ ပြန်ပြောသည်။

ထန်ရှုက မျက်မှောင်ကြုတ်လျက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “နောက်ဆုံးတော့ မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ မင်းက နောက်ထပ်အခွင့်အရေးတစ်ခုလိုချင်တယ်၊ ဒီတော့ ငါ မင်းကို ပေးမယ်။ သွားကြစို့…”

“ဘယ်ကို သွားမှာလဲ”ထန်အာလန်က မေးလိုက်သည်။

“ငါ မင်းကို ဒီအခွင့်အရေးပေးမယ့်နေရာဆီ”ထန်ရှုက ပြုံးလိုက်သည်။

နှစ်ရက်ကြာပြီးနောက်။

ထန်ရှုက ထန်အာလန်အား တောင်ကိုးရီးယားသို့ ခေါ်လာသည်၊ ကားနှစ်စီးက လေဆိပ်သို့ အရှိန်တင်ကာ မောင်းနှင်သွားရင်း ဆရာတပည့်နှစ်ယောက်က သူတို့၏ပန်းတိုင်ဆီသို့ အပြေးလာခဲ့သည်။

“စုံစမ်းထားတာ ဘယ်လိုရှိလဲ”ကားထဲတွင် နေရင်း ထန်ရှုက မေးလိုက်သည်။

မဟာထန်အင်ပါယာ၏ထောက်လှမ်းရေးများက ထန်ရှုထံ စာရွက်စာတမ်းအချို့ ကမ်းပေးကာ ရိုသေလေးစားစွာ ပြောလိုက်သည် “အရှင်၊ ရှီမန်ဝမ်သိုင်က တောင်ကိုးရီးယားရဲ့တောင်ဘက်ပိုင်းမှာ လျို့ဝှက်စခန်းတစ်ခု တည်ဆောက်ထားတယ်၊ အဲနေရာမှာ သူက လုပ်ကြံသတ်ဖြတ်သူတွေကို လေ့ကျင့်ပေးနေတယ်။ အဲဒီလုပ်ကြံသတ်ဖြတ်သူတစ်ယောက်စီက လက်ရွေးစင်တွေထဲကလက်ရွေးစင်တွေဖြစ်ပြီး သင်ကြားသူနဲ့ကြီးကြပ်သူစုစုပေါင်းနှစ်ဆယ့်သုံးယောက်ရှိတယ်၊ သူတို့အားလုံးက ကျင့်ကြံသူတွေပဲ။ သူတို့ထဲက ငါးယောက်က ရွှေအမြုတေအဆင့်ကျွမ်းကျင်သူနဲ့ ယှဉ်နိုင်တယ်။ တစ်နေရာကနေတစ်နေရာသွားလာနေတဲ့ဒီကလန်ရဲ့ကျွမ်းကျင်သူနှစ်ယောက်ကလွဲပြီး သူတို့ကို တိုင်းပြည်ထဲမှာ ထိပ်တန်းကျွမ်းကျင်သူတွေလို့ သတ်မှတ်နိုင်တယ်”

“ဒီရှီမန်ဝမ်သိုင်ဆိုတဲနာမည်က တောင်ကိုးရီးယားနာမည်မဟုတ်သလိုပဲ”ထန်ရှုက ပြောလိုက်သည်။

ထောက်လှမ်းရေးက ခေါင်းခါယမ်းကာ ပြော၏ “ဒီကလန်က တောင်ကိုးရီးယားရဲ့ဒေသခံမဟုတ်ဘူး။ သူတို့ရဲ့မူလက တရုတ်ပဲ။ ဂျပန်က ပျော်ရွှင်ခြင်းနန်းတော်လိုပဲ၊ အတိတ်မှာတုန်းက သူတို့က တရုတ်မှာ နေလို့မရတော့ဘဲ ဒီနေရာကို ပြောင်းရွှေ့လာခဲ့တယ်။ ရာစုနှစ်တွေကြာပြီးနောက် သူတို့က ဒီတိုင်းပြည်ကို လှုပ်ယမ်းနိုင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ရှီမန်ဝမ်သိုင်ကလန်က တောင်ကိုးရီးယားမှာ အစစ်အမှန်စွမ်းအားကို ကိုင်ထားတဲ့သူလို့ ပြောလို့ရတယ်။ ဒါ့အပြင် ငါတို့ရဲ့စုံစမ်းမှုတွေအရဆိုရင် ရှင်းမန်ဝမ်သိုင်ကလန်ရဲ့ဘိုးဘေးတွေက အတိတ်မှာတုန်းက တရုတ်ရဲ့စစ်ချွမ်ခရိုင်ကပဲ။ ပြီးတော့ သူတို့ရဲ့လူသိအများဆုံးကျွမ်းကျင်မှုက…ရုပ်ပြောင်းရုပ်လွှဲပဲ”

ရုပ်ပြောင်းရုပ်လွှဲလား။

စစ်ချွမ်ခရိုင်ထဲရှိ မိသားစုများထဲတွင် ပျံ့နှံ့နေသော ပညာရပ်တစ်ခုအား အမှတ်ရလိုက်ပြီး အခြားအတွေးတစ်ခုက သူ့စိတ်ထဲ၌ လျှပ်တစ်ပြက်လက်သွားကာ သူက ပြုံးလျက် ပြောလိုက်သည် “အာ၊ ကြည့်ရတာ တောင်ကိုးရီးယားရဲ့ပလက်စတစ်ဆာဂျူရီက ဘယ်နေရာကမှ လာတာ မဟုတ်ဘူးပဲ။ ရုပ်ပြောင်းရုပ်လွှဲလား၊ ဟမ်။ ဒါက စိတ်ဝင်စားစရာပဲ…”

သူ့မှတ်ချက်ကြောင့် ထောက်လှမ်းရေးက မရယ်ဘဲ မနေနိုင်ကာ ပြုံးလျက် ချက်ချင်းပြောလိုက်သည် “မင်းပြောခဲ့တာတွေက အဓိပ္ပါယ်ရှိတယ်၊ အရှင်။ ဒီနောက်လိုက်က တကယ်ကို တုံးအပြီး ဒီလိုမမှန်းဆနိုင်ခဲ့ဘူး”

****

တောင်ပိုင်းတွင်။

ရှီမန်ဝမ်သိုင်၏လျှို့ဝှက်စခန်းက ကမ်းရိုးတန်းတစ်လျှောက် တောထူထပ်သောတောင်ကုန်းတစ်ခုထဲတွင် တည်ရှိသည်။ တောင်ကုန်းက မမြင့်သော်လည်း ဤနေရာရှိတောအုပ်က နက်ရှိုင်းကာ ကြီးမားသောဧရိယာကို လွှမ်းခြုံထားသည်။

ကားက တောင်ခြေရှိ လမ်းဆုံတစ်ခုတွင် ရပ်သွားသည်၊ ထောက်လှမ်းရေးအေဂျင်က ကားထဲမှ ထွက်ကာ ထန်ရှုအတွက် တံခါးဖွင့်ပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “အရှင်၊ ငါတို့ရဲ့စုံစမ်းမှုအရဆိုရင် ခံစစ်တန်းခြောက်ခုကို ဖြတ်ရမှာဆိုပေမယ့် ဒါက အထဲကို အောင်မြင်စွာ ဝင်ရောက်ဖို့ အသင့်တော်ဆုံးဝင်ပေါက်ပဲ။ ဒီနောက်လိုက်က အဖွဲ့တစ်ခုကို ဉီးဆောင်ပြီး အဲဒီခံစစ်တန်းတွေမှာရှိတဲ့ရန်သူတွေအားလုံးကို ရှင်းလင်းစေချင်လား”

“မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်းက ဒီနေရာမှာပဲ ငါတို့ကို စောင့်နေ”

ထိုသို့ပြောပြီးနောက် သူက ထန်အာလန်ကို ဆွဲကိုင်ကာ တောအုပ်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

မြစ်ရေက ကြည်လင်ပြီး ရောင်စုံငါးအချို့က လွတ်လပ်စွာ ကူးခတ်နေသည်။ နှင်းယုန်အနည်းငယ်က မြစ်ကမ်းပါးပေါ်တွင် ပြေးလွှားနေသည်ကိုပင် မြင်တွေ့နိုင်သည်။

မြစ်တစ်ဖက်ရှိ စစ်တပ်တဲနှစ်ခုနှင့် အနက်ဝတ်လူအနည်းငယ်ကို မြင်တွေ့ပြီးနောက် ထန်အာလန်က သူ့ခြေလှမ်းအား ရပ်တန့်လိုက်သည်။

“ငါ မလှုပ်ရှားတော့ဘူး၊ အဲနေရာမှာရှိသမျှလူတိုင်းက မင်းရဲ့ရန်သူတွေပဲ”ထန်ရှုက ပြောလိုက်သည် “သွားပါ။ တိုက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ်သွေးရင် ပိုသန်မာအောင် လုပ်ခဲ့ပါ”

“နားလည်ပါပြီ…”

ထန်အာလန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးများက လက်သွားသည်။ သူ့ပုံရိပ်က ပျံသန်းနေသောမြားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လက်ထဲတွင် ဓားတစ်လက်နှင့်အတူ သူက မြစ်၏ဆန့်ကျင်ဘက်ခြမ်းပေါ်ရှိ တဲအပြင်ဘက်၌ ရုတ်တရက် ထွက်ပေါ်လာသည်။ ဓားအလင်းတစ်ခုလက်သွားကာ အနက်ရောင်ယူနီဖောင်းနှင့်လူနှစ်ယောက်၏လည်ချောင်းများက အလွယ်တကူဖြတ်တောက်ခံလိုက်ရသည်။

“မင်းက ဘယ်သူလဲ”

ဒေါသတကြီးဟိန်းသံတစ်ခုက ပတ်ဝန်းကျင်မှ ထွက်လာပြီး ထန်ရှုရောထန်အာလန်ပါနားမလည်သည့်ကိုးရီးယားဘာသာစကားဖြင့် အော်လိုက်သည်။

ထန်အာလန်က တစ်ဖက်အဖွဲ့၏အော်သံအား ဂရုမစိုက်ပေ။ သူ့ပုံရိပ်က နောက်တစ်ကြိမ် ရွေ့လျားသွားပြီး နောက်ထပ်အနက်ဝတ်ယူနီဖောင်းနှင့်လူတစ်ယောက်က မြေပြင်ပေါ်သို့ လဲကျသွားသည်။ လူကြီးအချို့အား သတ်ဖြတ်ပြီးနောက် ထန်ရှုက ထန်အာလန်၏အရှေ့တွင် ထွက်ပေါ်လာကာ ထပ်ဖျော့ဖျော့ပြောလိုက်သည် “မင်းက ကျင့်ကြံသူတစ်ယောက်ပဲ၊ လူသတ်သမားမဟုတ်ဘူး”

ထန်အာလန်က ခဏကြောင်အသွားသည်။ သူက ထန်ရှု၏ဆိုလိုရင်းအား ချက်ချင်းနားလည်ကာ ခေါင်းညိတ်လိုက်သည် “မင်းဘာဆိုလိုလဲဆိုတာ ငါ နားလည်တယ်၊ ဆရာသခင်။ ရန်သူတွေကို ကျင့်ကြံသူတွေရဲ့အစဉ်အလာအတိုင်း ငါ သတ်ဖြတ်ပါ့မယ်”

“ငါဆိုလိုတာ အဲဒါမဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ရန်သူတွေကို သတ်ဖြတ်တဲ့အခါမှာ ဘာပဲဖြစ်ဖြစ် သုံးလို့ရတယ်၊ ပြီးတော့ အချိန်တိုင်းမှာ သတိရှိနေရမယ်။ တစ်ဖက်လူက သူတို့ရဲ့ခွန်အားကို ဖုံးကွယ်ပြီး မင်းက ဓားမြှောင်တစ်လက်နဲ့ ချောင်းမြောင်းတိုက်ခိုက်တာကိုပဲ အသုံးပြုနေမယ်ဆိုရင် မင်းက ကြီးကြီးမားမားထိခိုက်လိမ့်မယ်”

ခဏစဉ်းစားပြီးနောက် ထန်ရှုပြောသည်ကား မှန်သည်ဟု ထန်အာလန်က ခံစားမိသည်။ သူက သူ့အင်မော်တယ်ဓားအား ချက်ချင်းထုတ်လွှတ်ကာ သူ့နားတစ်ဝိုက် ရစ်ဝဲနေစေရန် ထိန်းချုပ်လိုက်သည်။

ဒုတိယခံစစ်တန်းတွင်။

ထန်အာလန်က အင်မော်တယ်ဓားကို ကိုင်တွယ်ကာ အနက်ရောင်ယူနီဖောင်နှင့်လူကြီးအချို့အား လျှပ်တစ်ပြက်အတွင်း သတ်ဖြတ်လိုက်သည်။

တတိယခံစစ်တန်းတွင်။

…

ဆဌမခံစစ်တန်းတွင်။

ထန်အာလန်က အင်မော်တယ်ဓားမှ သွေးများကို သုတ်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်သိမ်းလိုက်သည်။ သူ့နောက်မှလိုက်လာသောထန်ရှုက မြေပြင်ပေါ်ရှိ ခန္ဓာကိုယ်များကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည် “သူတို့အားလုံးက ပုရွက်ဆိတ်အချို့မျှပဲ။ သူတို့က ချီကုန်းအချို့သာ လေ့ကျင့်ထားပြီး အများဆုံးအနေနဲ့သိုင်းဆရာကြီးအဆင့်မှာပဲ ရှိတယ်။ ဒါပေမယ့် သူတို့မှာ ထူထဲတဲ့သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုရှိတယ်။ ဿူတို့က လူများစွာကို သတ်ခဲ့မှန်း သိသာတယ်”

ထန်အာလန်က ထောက်လှမ်းရေးပေးထားခဲ့သောမြေပုံကို ထုတ်ကာ ဂရုတစိုက် လေ့လာလိုက်သည်၊ ခဏကြာပြီးနောက် လျို့ဝှက်စခန်း၏တည်နေရာကို ရှာတွေ့လိုက်သည်။ သူက စကားအများကြီးမပြောဘဲ ထိုနေရာသို့ တိုက်ရိုက်ပျံသန်းသွားသည်။

နှစ်မိနစ်ကြာပြီးနောက် သူက စခန်းအထက် လေထဲ၌ ထွက်ပေါ်လာသည်။ ပုံရိပ်ဆယ်ခုက သူ့အား လျှပ်တစ်ပြက်အတွင်း ဝိုင်းလာသည်။ တစ်ချိန်တည်းတွင် လေ့ကျင့်နေသောသတ်ဖြတ်သူရာချီက အော်ဟစ်ရင်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။ သူတို့က လျင်မြန်စွာ ပူးပေါင်းကာ ဝိုင်းလိုက်ကြသည်။

“ဘယ်သူက ငါ့ရဲ့လေ့ကျင့်ရေးစခန်းကို ထိုးဖောက်ဝင်ရောက်ရဲတာလဲ”

ကျယ်လောင်သောအသံတစ်ခုက စခန်း၏အနက်ပိုင်းဆုံးနေရာမှ ထွက်လာသည်။ ထို့နောက် ချက်ချင်းလျှင်ပင် ပုံရိပ်သုံးခုက လျှပ်တစ်ပြက်အတွင်း ရွေ့လျားလာကာ ထန်အာလန်အထက် လေထဲ၌ ရုတ်ချည်း ထွက်ပေါ်လာကြသည်။ သူတို့က ထန်အာလန်အား သတ်ဖြတ်လိုစိတ်ဆူပွက်စွာနှင့် ကြည့်လိုက်ကြသည်၊ သို့သော် သူတို့က သူ့အား ချက်ချင်းမတိုက်ခိုက်ခဲ့ကြပေ။

ထန်အာလန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဤစခန်းသို့ သွားရာ လမ်းပေါ်တွင် တွက်ချက်ခဲ့ပြီဖြစ်သော်လည်း ဤနေရာတွင် လူဒီလောက်များစွာအား မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့ကို အံ့အားသင့်စေသည်ကား သူတို့အများစုက ကျင့်ကြံသူများဖြစ်ကြပြီး လေ့ကျင့်နေသောသတ်ဖြတ်သူအချို့ပင် အစစ်အမှန်ချီအတက်အကျအား ထုတ်လွှတ်နေသည်၊ သူတို့က သိုင်းပညာရှင်များသာ ဖြစ်သော်လည်း အသိအမှတ်ပြုလောက်စရာခွန်အားရှိသည်ကို သိသိသာသာဖော်ပြနေသည်။

သတင်းအချက်အလက်အရ ဤနေရာတွင် အားကောင်းသောကျွမ်းကျင်သူနှစ်ယောက်ရှိနေသေးသည်။

ထန်အာလန်က သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “နတ်ဆိုးတွေကို သုတ်သင်ခြင်းက တရားမျှတမှုကို ကာကွယ်ပေးတာပဲ။ ဒီနေရာကို ကျုပ်လာတာက ခင်ဗျားတို့ကို စိန်ခေါ်ဖို့ပဲ။ ခင်ဗျားတို့ထဲကဘယ်သူကများ ကျုပ်နဲ့ လာတိုက်ခိုက်ရဲလဲ”

“ဘာ…”

လေ့ကျင့်ရေးစခန်းထဲရှိလူတိုင်းက ထူးဆန်းသောအမူအရာများဖြစ်သွားကြသည်။ ဒီလိုရူးနှံ့သောကောင်လေးတစ်ယောက်က စခန်းထဲသို့ ဝင်လာကာ “နတ်ဆိုးတွေကို သုတ်သင်ခြင်းက တရားမျှတမှုကို ကာကွယ်ပေးတာပဲ”လို တုံးအသောစကားပြောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

သူက…သူက တရုတ်စကားကို ပြောလိုက်တာမလား။

ရုတ်တရက် လူအချို့က အခြေအနေအား ချက်ချင်းဖမ်းမိလိုက်ကြသည်။

လေထဲတွင်ရပ်နေသောလူသုံးယောက်ထဲမှ ဆံပင်ကောက်ကောက်ကွေးကွေးနှင့်အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့်တောင့်တင်းသန်မာသည့်လူတစ်ယောက်က အထင်သေးသောအကြည့်နှင့် ထန်အာလန်အား ခေါင်းမှခြေဖျားအထိ လေ့လာလိုက်သည်။ ဤကောင်လေးဆီမှ အားအတက်အကျတစ်ခုမှ သူက အာရုံမခံမိပေ၊ ဒါက သူ့ကို သံသယဖြစ်သွားစေသည်။ ဒီလိုအစောင့်အကြပ်ပေါများတဲ့နေရာကို ဒီကလေးက ဘယ်လိုလုပ်ဝင်လာတာလဲ။

“မင်းက တရုတ်လား၊ ကောင်လေး”တောင့်တင်းသန်မာသောလူက စောင်းငဲ့ကြည့်လျက် တရုတ်ဘာသာစကားဖြင့် မေးလိုက်သည်။

“ကျုပ်က တကယ်ကို တရုတ်ပါပဲ”ထန်အာလန်က ခေါင်းညိတ်လိုက်သည်။

“မင်း ဒီနေရာကို မတော်တဆရောက်လာတာလား ဒါမှမဟုတ် မင်းမှာ အခြားရည်ရွယ်ချက်တွေရှိတာလား”တောင့်တင်းသန်မာသေလူက ထပ်မေး၏ “ဒါမှမဟုတ် မင်း ဒီနေရာကို အရင်က လာခဲ့ပြီး အခုမှ ပြဿနာရှာချင်တာလား”

“ကျုပ်က တိုက်ပွဲအတွေ့အကြုံမရှိဘူးလို့ ကျုပ်ဆရာက ပြောခဲ့တယ်၊ ဒါကြောင့် သူက ခင်ဗျားတို့ကို စိန်ခေါ်ဖို့ ကျုပ်ကို ပြောခဲ့တယ်။ ခင်ဗျားတို့ရဲ့နေရာက လုပ်ကြံသတ်ဖြတ်သူတွေအတွက် လေ့ကျင့်ရေးစခန်းတစ်ခုပဲ၊ ဒါကြောင့် ခင်ဗျားတို့တစ်ယောက်မှ လူကောင်းတွေ မဟုတ်ကြဘူး။ နတ်ဆိုးတွေကို သုတ်သင်ပြီး တရားမျှတမှုအတွက် ကာကွယ်ပေးမယ်လို့ ခင်ဗျားတို့ကို အစောကတည်းက ပြောခဲ့ပြီးးသား။ ခင်ဗျားတို့အားလုံးကို ကျုပ် သတ်ရလိမ့်မယ်၊ ဒါမှ ခင်ဗျားတို့တွေက နောက်ဘဝမှာ လူကောင်းတစ်ယောက်ဖြစ်လာနိုင်မှာ”

“ဝါးဟားဟား…”

တရုတ်ဘာသာစကားကို နားလည်သူအားလုံးက ရယ်လိုက်ကြပြီး ထန်အာလန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်ကြသည်။

လေထဲတွင် ရပ်နေသော တောင့်တင်းသန်မာသောလူက ရှုံ့မဲ့ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းကာ အော်လိုက်သည် “မင်းတို့ထဲကဘယ်သူက သူ့ကို ငရဲပြည်ပို့ချင်လဲ”

“ငါ လုပ်မယ်…”

အပေါ်ပိုင်းဗလာနှင့်လူတစ်ယောက်က ပြုံးဖြဲဖြဲနှင့် ထန်ရှုထံ ပြေးလာသည်၊ မရပ်တန့်ဘဲ သူက ထန်အာလန်၏လည်ပင်းအား ဓားမြှောင်နှင့် ခုတ်ပိုင်းလိုက်သည်။

စွက်…

ခပ်ဖျော့ဖျော့အသံတစ်ခုကို ကြားလိုက်ရသည်။ သို့သော် ထိုလူက ထန်အာလန်၏လည်ပင်းကို ဆုတ်ဖြဲလိုက်သည်တော့မဟုတ်။ ထန်အာလန်၏အင်မော်တယ်ဓားက ထိုလူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သူ့နှလုံးအား ဖျက်ဆီးကာ တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်သည့်အသံဖြစ်သည်။

ရုတ်တရက်ပြောင်းလဲမှုက လူတိုင်း၏မျက်နှာပေါ်ရှိ အပြုံးကို အေးခဲသွားစေပြီး မြင်တွေ့နေရသည်အား မယုံကြည်နိုင်သည့်အလား သူတို့၏မျက်လုံးများက ပြူးထွက်လာကြသည်။

သူက ဒီလိုနဲ့ သေသွားတာလား။ သူ့ကို ဒီကလေးက ဒီလောက် အလွယ်တကူသတ်ခဲ့တာလား။ အဲဒီဓားက ဘာကြီးလဲ၊ အဲဒါက ဘယ်လိုလုပ်ပြီး လေထဲမှာ ပျံသန်းနိုင်တာလဲ။

လေထဲတွင် တောင့်တင်းသန်မာသောလူသုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်၊ သို့သော် ယခု သူတို့၏မျက်နှာများက တည်ကြည်နေသည်။ အလယ်မှတစ်ယောက်က အော်ပြောလိုက်သည် “မင်းရဲ့ဓားက မှော်လက်နက်တစ်ခုပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ ကောင်လေး။ မငးဆီကနေ အားကောင်းတဲ့အရှိန်အဝါတစ်ခုကို ငါ အာရုံခံနိုင်တယ်။ မင်းက တရုတ်က ကျင့်ကြံသူတစ်ယောက်မလား”

“မှန်တယ်”ထန်အာလန်က တည်ငြိမ်စွာ ပြောလိုက်သည်။

တောင့်တင်းသန်မာသောလူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါတို့က ဘယ်တရုတ်ကျင့်ကြံသူတွေနဲ့မှ ရန်ငြိုးတွေမရှိပါဘူး။ ဘာလို့ မင်းက ငါတို့နေရာကို ထိုးဖောက်ဝင်ရောက်လာပြီး ငါတို့လူတွေကို သတ်ဖြတ်ရတာလဲ။ တိုင်းပြည်နှစ်ခုကြားစစ်ဖြစ်မှာကို မင်းက မကြောက်တာလား”

All Chapters