← Chapters

ထာဝရကြယ်ပုဆိန်ကြီး

Vol. 81 Ch. 1118

ထာဝရကြယ်ပုဆိန်ကြီး

Vol. 81 Ch. 1118

သူ၏ နှုတ်မှ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် မန္တန်အစီအရင်ကြီးထဲရှိ ကမ္ဗည်းစာလုံးများ ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာသည့် စက္ကူပင်လယ်ကြီးထဲ၌ ချက်ချင်းဆိုသလို လှိုင်းလုံးများ ထလာ၏။ စက္ကူအဆောင်လက်ဖွဲ့ပေါင်း မြောက်မြားစွာမှာလည်း တစ်ခုနှင့်တစ်ခု အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေကြသဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာရသည့်အထိပင်။

စက္ကူလက်ဖွဲ့အဆောင်များမှာ ထိုကဲ့သို့ တစ်ခုနှင့်တစ်ခု ရိုက်ခတ်သွားကြပြီးနောက် ကြေမွပျက်စီးသွားကြပြီး စက္ကူစများအဖြစ် ပြောင်းလဲသွားကြ၏။ ဝမ်ပေါင်လဲ့မှာမူ ထိုတိုက်ကွက်ကြောင့် ပင်ပန်းနွမ်းနယ်နေရပြီ ဖြစ်သည်။ ၎င်းမှာ ချုံးရိကျစ်၏ ဝှက်ဖဲ ဖြစ်နေသည်မဟုတ်ပါလော။ သူ ပိုင်ဆိုင်ထားသည့် မြေကြီး ထာဝရကြယ်မှာ ဝမ်ပေါင်လဲ့၏ တာအိုထာဝရကြယ်ထက် နှစ်ဆင့်တိတိ ပို၍ နိမ့်ကျနေသည့်တိုင်အောင်...

သူ၏ နှောင်းပိုင်း ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကြောင့် ထို ကွဲပြားခြားနားချက်မှာ မသိသာတော့ပေ။ သူသည် ဝမ်ပေါင်လဲ့ထက် အစွမ်းထက်နေမည် မဟုတ်ပါသော်လည်း သူ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်းစွမ်းအား ပမာဏကြောင့် ဝမ်ပေါင်လဲ့မှာ အလွယ်တကူ လှုပ်ရှားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်း စွမ်းအားများအားလုံးကို ထုတ်သုံးထားရခြင်းဖြစ်သည်။ သူ၏ နောက်တွင်ရှိနေသည့် ကြယ်မြေပုံထဲမှ တာအိုထာဝရကြယ်ကြီးမှာလည်း ပို၍ပင် မှောင်မိုက်လာ၏။ သူသည် သူ၏ တာအိုဂြိုဟ် ထာဝရကြယ်အဖြစ် ပြောင်းလဲသွားပြီးနောက် ဤ အဆုံးမဲ့တာအိုနယ်မြေထဲတွင် သူ မည်သည့်အဆင့်၌ ရှိနေမည်နည်းဟု သိချင်နေသည်။

" ဖိနှိပ်ချုပ်တည်းစေ " သူ၏ ပတ်ပတ်လည်ရှိ စက္ကူအဆောင်လက်ဖွဲ့များ တစ်ခုနှင့်တစ်ခု ရိုက်ခတ်သွားကြပြီး စက္ကူစများ လေထဲ၌ ပြည့်နှက်သွားစဉ် ဝမ်ပေါင်လဲ့မှာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ ဝှေ့ယမ်းလိုက်ပြန်သည်။

သူ ထိုသို့ ဆိုလိုက်သည်နှင့် စက္ကူပင်လယ်ကြီးထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ စက္ကူစအမြောက်အမြားမှာမူ ချက်ချင်းဆိုသလိုပင် အတူတကွ စုစည်းသွားပြီး စက္ကူဓားများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ၎င်းတို့မှာ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားပြီဖြစ်သည့် ချုံးရိကျစ်ဆီသို့ ဦးတည်ပျံသန်းသွားကြသဖြင့် တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာတော့သည်။

အဝေးမှကြည့်လိုက်ပါက ထိုမြင်ကွင်းကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ မရေမတွက်နိုင်လောက်အောင် များပြားသည့် စက္ကူဓားများမှာ အာကာသကောင်းကင်ကြီး တစ်ခုလုံးထဲ၌ ပြည့်နှက်နေ၏။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့်အတူ လေထုကြီးအား ထိုးခွင်းလာပြီး ချုံးရိကျစ်၏ အနီးသို့ ရောက်လာကြပြီဖြစ်သည်။

သို့သော် ထိုအချိန်တွင် ချုံးရိကျစ်မှာ မျက်ဝန်းများ တောက်ပသွား၏။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောကြောင့် သူ၏ နောက်တွင် ရှိနေသည့် ထာဝရကြယ်ကြီးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားသည်။ ၎င်းမှာ ဧရာမ နှလုံးကြီးတစ်ခုကဲ့သို့ တဒုတ်ဒုတ် ခုန်နေသည့်အလားပင်။ ထိုကဲ့သို့ နှလုံးတစ်ချက် ခုန်သွားသည့်အချိန်တိုင်း အရပ်မျက်နှာအနှံ့မှနေ၍ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြသည့် စက္ကူဓားများမှာ ချက်ချင်းဆိုသလိုပင် ဖိအားများအောက် ရောက်သွားရသည်သာဖြစ်သည်။ ချုံးရိကျစ်၏ အနီးသို့ ရောက်ရှိလာသည့် ပထမဆုံးအသုတ်ထဲမှ စက္ကူဓားများမှာဆိုလျှင် စက္ကူအဖြစ်မှ ပြန်လည်ပြောင်းလဲလာတော့သည်။

၎င်းတို့မှာ မန္တန်အစီအရင်များအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခြင်း ဖြစ်၏။ သို့သော်် ၎င်းတို့မှာ စက္ကူများအဖြစ် ရှိနေခဲ့စဉ်တုန်းက ကြေမွပျက်စီးသွားခဲ့သဖြင့် ယခုလို မန္တန်အစီအရင်များ ပြန်ဖြစ်သွားသည့်တိုင်အောင် စွမ်းအားများ ဆုံးရှုံးလိုက်ရဆဲပင်။

ဝမ်ပေါင်လဲ့မှာမူ အံကြိတ်ကာ သူ၏ ပညာရပ်ကြောင့် ထွက်ပေါ်လာသည့် တန်ပြန်စွမ်းအားများကို တောင့်ခံထားနေရင်း သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ ထို့နောက် သူသည် မျက်ဝန်းများ တောက်ပသွားပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်တစ်ခု ထပ်ဖော်လိုက်ပြန်သည်။ ထိုအခါ သူ၏ နောက်တွင် ရှိနေသည့် ကြယ်မြေပုံကြီး၏ အလင်းရောင်မှာ ပိုမို တောက်ပလာသည်။ စက္ကူဓားများမှာလည်း တစ်လက်မှ မကျန်တော့သည့်အထိ တစ်သုတ်ပြီးတစ်သုတ် ချုံးရိကျစ်သို့ ဦးတည်ပျံသန်းသွားကြ၏။ ၎င်းတို့၏ အမြန်နှုန်းနှင့် စွမ်းအားများမှာလည်း ပို၍ပင် အားကောင်းလာသည်။

ချုံးရိကျစ်၏ ထာဝရကြယ်ကြီး နှလုံးသားတစ်ခုကဲ့သို့ တဒုတ်ဒုတ် ခုန်နေသည်မှာလည်း ပို၍ အားကောင်းလာသဖြင့် စက္ကူဓားများမှာ တစ်သုတ်ပြီးတစ်သုတ် ကြေမွပျက်စီးသွားရသည်သာ ဖြစ်သည်။ သို့သော် စက္ကူဓားများ၏ အရေအတွက်မှာ အလွန်အင်မတန်မှ များပြားလွန်းနေသည့်အပြင် ၎င်းတို့ထဲ၌ ကိန်းအောင်းနေသည့် တာအိုထာဝရကြယ်၏ စွမ်းအားများမှာလည်း မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍ မရလောက်အောင် အားကောင်းလွန်းနေ၏။ ထို့ကြောင့် စက္ကူဓားများစွာမှာ ချုံးရိကျစ်၏ ထာဝရကြယ်ကြီးဆီမှ ထွက်ပေါ်နေသော တုန်ခါမှုလှိုင်းများကို ကျော်ဖြတ်ကာ ချုံးရိကျစ်၏ အနီးသို့ ရောက်လာကြဆဲပင်။

" ဝမ်ပေါင်လဲ့ " ချုံးရိကျစ်မှာမူ မျက်ဝန်းများ နီမြန်းနေပြီ ဖြစ်သည်။ သူသည် ဟိတ်ဟန်ထုတ်ကာ လေကြီးလေကျယ်ပြောဆိုနေရန်ပင် ဆန္ဒမရှိတော့ပေ။ ဝမ်ပေါင်လဲ့၏ စွမ်းအားများကြောင့် သူသည် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်အလား ထပ်တလဲလဲ ခံစားနေခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် စက္ကူများအဖြစ် ရှိနေကြသည့် သဘာဝ စည်းမျဥ်းဥပဒေသများကို ရင်ဆိုင်ရသည်မှာလည်း သူ့အတွက် အလွန်အင်မတန်မှ ခဲယဉ်းလွန်းနေ၏။

ထို့ကြောင့် ထိုကဲ့သို့သော သေရေးရှင်ရေး အခိုက်အတန့်မျိုးတွင် ချုံးရိကျစ်မှာ အသံကုန်အော်ဟစ်လိုက်၏။ ထို့နောက် သူသည် နောက်သို့ ဆုတ်ခွာသွားပြီး ရူးသွပ်မှုအရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ ညာဘက်လက်ကိုမြှောက်ကာ သူ၏ နောက်တွင် ရှိနေသော ထာဝရကြယ်ကြီးအား လှမ်းဆွဲလိုက်သည်။

" တာအိုကိုးပါး၊ ထာဝရပြောင်းလဲခြင်း " ချုံးရိကျစ် ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ၏နောက်တွင် ရှိနေသည့် ထာဝရကြယ်ကြီးမှာ စတင်တွန့်လိမ်ပုံပျက်လာပြီး ချက်ချင်း ပုံစံပြောင်းလဲသွား၏။ ချုံးရိကျစ်၏ ညာဘက်လက်မှာ အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထို ထာဝရကြယ်ကြီးအား စုပ်ယူနေသကဲ့သို့ပင်။

ထို အခြင်းအရာများကို ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း လက်တွေ့တွင် ၎င်းတို့မှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ချုံးရိကျစ် အော်ဟစ်လိုက်သည်နှင့် သူ၏ နောက်ရှိ ထာဝရကြယ်ကြီးမှာ တွန့်လိမ်ပုံပျက်သွားပြီး သူ၏ ညာဘက်လက်ထဲ၌ စုဝေးသွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ ကြက်သွေးရောင် ပုဆိန်ကြီးတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။

သူ မကြာသေးမီတုန်းက အသုံးပြုခဲ့သည့် ရွှေရောင်လှံကြီးနှင့် ယှဉ်လိုက်မည်ဆိုပါက ဤ ပုဆိန်ကြီးမှာ စွမ်းအင်အပိုင်းနှင့် အငွေ့အသက်အပိုင်း နှစ်မျိုစလုံးတွင် ပို၍ အဆင့်မြင့်မားပေသည်။ ချုံးရိကျစ်မှာ ၎င်းအား ဆုပ်ကိုင်လိုက်သည်နှင့် သူသည် သူ၏လက်ထဲ၌ ထာဝရကြယ်ကြီးအား ဆုပ်ကိုင်ထားသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် သူသည် မျက်ဝန်းများထဲ၌ ရူးသွပ်မှုအရိပ်အယောင်များ တောက်ပလာပြီး ထို ပုဆိန်ကြီးအား ကိုင်မြှောက်ကာ သူ့ဆီသို့ ဦးတည်လာနေကြသည့် စက္ကူဓားများ ရှိရာဘက်သို့ ဝှေ့ယမ်းလိုက်တော့သည်။

ထို ပုဆိန်ကြီးထဲတွင် သူ၏ ထာဝရကြယ်တစ်စင်းလုံး၏ စွမ်းအားများသာမက သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် တိုက်ရည်ခိုက်ရည်စွမ်းအားများပါ ကိန်းအောင်းနေသည်။ သို့ဖြစ်ရာ ထို စွမ်းအားများအားလုံးကို ဖိနှိပ်ကာ တစ်နေရာတည်း၌ စုဝေးအောင် ပြုလုပ်ထားသကဲ့သို့ပင်။ ထို့ကြောင့် ၎င်းအား အသုံးပြုလိုက်ချိန်တွင် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာတော့သည်။ အာကာသကောင်းကင်ကြီးမှာ ကြေမွပျက်စီးသွားပြီး လေထဲ၌ ထစ်ချုန်းသံများ ပြည့်နှက်သွား၏။ သို့ဖြစ်ရာ ဧရာမလှိုင်းလုံးကြီးတစ်ခုမှာ မိုးကောင်းကင်ကြီးအား ထက်ခြမ်းပိုင်းပစ်တော့မည့်အလား သို့မဟုတ် နတ်ဆိုးတစ်ပါးမှာ အရာအားလုံးကို တစ်စစီ ခြေမွှဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေတော့သည်။

၎င်း၏ စွမ်းအင်များမှာ ဝမ်ပေါင်လဲ့၏ နတ်ဆိုးဓား ထုတ်လွှတ်ခဲ့သည့် စွမ်းအင်များထက် အားနည်းနေခြင်း မရှိပေ။ ထို ပုဆိန်ကြီး အောက်သို့ကျလာသည်နှင့် ၎င်း၏ ရှေ့တွင်ရှိနေသည့် စက္ကူဓားများ အားလုံးမှာ စတင်တုန်ရီလာကြပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြ၏။ ၎င်းတို့မှာ သစ်ကိုင်းခြောက်များကဲ့သို့ အလွယ်တကူ ကျိုးပဲ့ပျက်စီးသွားကြပြီး ပြာပုံဘဝသို့ ရောက်သွားကြသည်သာဖြစ်သည်။

ချုံးရိကျစ်၏ ရှေ့တွင်ရှိနေကြသည့် စက္ကူဓားများသာ ပျက်စီးသွားကြသည်မဟုတ်ပေ။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် စက္ကူဓား အားလုံးမှာ ပုဆိန်ကြီး၏ စွမ်းအားများကို တောင့်ခံနိုင်စွမ်း မရှိကြတော့သည့်ပုံပင်။ ထို့ကြောင့် ထို ပုဆိန်ကြီး အောက်သို့ကျလာပြီး အာကာသကောင်းကင်ကြီး တုန်ရီကာ တွန့်လိမ်ပုံပျက်သွားသည်နှင့် ထို စက္ကူဓားများမှာလည်း ကြေမွပျက်စီးသွားကြ၏။ ထို စက္ကူဓားများအားလုံး ပျက်စီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ချုံးရိကျစ်နှင့် သူ၏ လက်ထဲမှ ပုဆိန်ကြီးအား စိုက်ကြည့်နေသည်။

ချုံးရိကျစ် သူ၏ ထာဝရကြယ်အား ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲနိုင်ရန် အသုံးပြုခဲ့သည့် ပညာရပ်မှာ သူ၏ အဆင့်အမြင့်ဆုံး ပညာရပ်များထဲမှ တစ်ခုဖြစ်၏။ သူသည် တစ်ကိုယ်လုံးတုန်ရီနေပါသော်လည်း တိုက်ပွဲကြီးမှာ ဤ အခြေအနေအထိ ရောက်လာပြီဖြစ်ရာ နောက်ပြန်လှည့်၍ မဖြစ်တော့ပေ။ သူသည် ဆက်လက်တိုက်ခိုက်ကာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်မှရမည်ဖြစ်သည်။ ထိုကဲ့သို့ မသတ်ဖြတ်နိုင်လျှင်တောင် အနည်းဆုံး သူ့အား ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်နိုင်ရန် လိုအပ်ပေသည်။

သူသည် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသားတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အစောပိုင်းထာဝရကြယ်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်အား ရှုံးနိမ့်သွား၍ မဖြစ်ပေ။ ထိုသို့သာ ရှုံးနိမ့်သွားမည်ဆိုပါက သူ၏ တာအိုနှလုံးသားထဲ၌ အခဲမကျေ ဖြစ်သွားရမည်ဖြစ်ရာ သူ ဖောက်ထွက်ရန် ကြိုးစားရာ၌ အခက်တွေ့နိုင်ပေသည်။

ထို့ကြောင့် ပုဆိန်ကြီးအောက်သို့ ကျလာပြီး အာကာသကောင်းကင်ကြီးထဲရှိ စက္ကူဓားများအားလုံး ပျက်စီးသွားချိန်တွင် ချုံးရိကျစ်၏ မျက်ဝန်းများမှာ ပို၍ပင် နီမြန်းလာ၏။ ထို့နောက် သူသည် သွေးရူးသွေးတန်းဖြစ်နေသည့် အမူအရာဖြင့် လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး သူ၏ လက်ထဲမှ ပုဆိန်ကြီးအား မြှောက်ကာ ဝမ်ပေါင်လဲ့အား လှမ်းခုတ်လိုက်တော့သည်။

သူသည် ဝမ်ပေါင်လဲ့အား တုံ့ပြန်ခွင့်မပေးလိုသောကြောင့် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေ၏။ ထိုသို့ဖြင့် ပုဆိန်ကြီး ဒုတိယအကြိမ်အဖြစ် အောက်သို့ ကျဆင်းလာပြီး အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာသည်နှင့် အာကာသကောင်းကင်ကြီးမှာ တစ်စစီ စုတ်ပြဲသွား၏။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် တစ်ဝက်တစ်ပျက်တာအိုဂြိုဟ် ကိုယ်ပွားများအားလုံးမှာလည်း တုန်ရီသွားကြသည်။ ၎င်းတို့မှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် ထို ကိုယ်ပွားများအား ဆက်လက်ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ၎င်းတို့မှာ တစ်ဝက်တစ်ပျက်တာအိုဂြိုဟ်များအဖြစ် ပြန်လည် ပြောင်းလဲသွားကာ နောက်သို့ ဆုတ်ခွာလာကြပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ပေါင်းစည်းဝင်ရောက်သွားကြတော့သည်။

သူ၏ ခန္ဓာကိုယ်အစစ်မှာမူ ပုဆိန်ကြီးအား စွမ်းအားများကို အများဆုံး ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး နောက်သို့ ဆုတ်ခွာသွားလိုက်ရသည်။ သူ ပေထောင်ဂဏန်းအနည်းငယ်အကွာသို့ ရောက်သွားသောအခါမှ သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွား၏။ သူ၏ အတွင်းကလီစာများမှာ တစ်စစီ စုတ်ပြဲသွားတော့မည့်အလား ခံစားနေရပြီး သူ၏ နောက်တွင် ရှိနေသည့် ကြယ်မြေပုံကြီးမှာမူ တုန်ရီနေပြီ ဖြစ်သည်။ သို့သော် သူသည် စိတ်ဓာတ်ကျသွားခြင်း မရှိသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားလာသည့်ပုံ ပေါက်နေ၏။

" ဒီလိုမှပေါ့ကွ ချုံးရိကျစ်ရ။ အခုမှ ငါ ငါ့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအား လေးဆယ်ရာခိုင်နှုန်းကို ထုတ်သုံးရတာ တန်သွားမှာ "

" ပါးစပ်ပိတ်ထားစမ်း ဝမ်ပေါင်လဲ့။ ဒီလိုအချိန်မျိုးမှာတောင် မင်းက ဘာလို့ ဆက်ပြီးတော့ ဟန်ဆောင်နေရသေးတာလဲ။ လေလုံးထွားတာလောက်ကတော့ လူတိုင်းလုပ်တတ်တယ်။ ငါ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို မသုံးဘဲ ပုဆိန်တစ်လက်ထဲနဲ့ မင်းကို သတ်ပြမယ် " ချုံးရိကျစ်မှာ သည်းမခံနိုင်တော့သဖြင့် အော်ပြောလိုက်၏။ တစ်ချိန်ထဲမှာပင် သူ၏ အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာသည်။ သို့သော် သူ ထိုသို့အော်ပြောလိုက်ချိန်တွင် ထို အငွေ့အသက်များမှ လေလျော့သွားသည့် ပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်သွား၏။ ပုဆိန်ကြီးမှာလည်း တစ်ခဏမျှ ရပ်တန့်သွားပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာ အနည်းငယ် မှေးမှိန်သွားသည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် ထိုအခြေအနေအား အခွင့်ကောင်းယူ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားစေလိုက်သဖြင့် သူ၏ ရှေ့တွင် ဧရာမ ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထိုပုံရိပ်ကြီးမှာ နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ၎င်း၏ လက်ထဲတွင် မီးတောက်တစ်ခုကို ကိုင်မြှောက်ထားသေးသည်။ ၎င်းမှာ... သူ၏ အတိတ်ဘဝတစ်ခုဖြစ်သော ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက်၏ ပုံရိပ်ကြီး ဖြစ်ပေသည်။

၎င်းမှာ ပေါ်ပေါက်လာသည်နှင့် ရှေ့သို့ ပြေးထွက်သွားပြီး ချုံးရိကျစ်၏ ပုဆိန်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ တစ်ချိန်တည်းမှာပင် ချုံးရိကျစ်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ပေါ်ပေါက်လာသည့် တန်ပြန်စွမ်းအားများကို တောင့်ခံနေရသည်။ ထို့ကြောင့် သူသည် နဖူးပေါ်တွင် ချွေးများရွှဲနေပြီး သူ၏ လက်ကျန်စွမ်းအားများ အားလုံးကိုထုတ်သုံးကာ သူ၏ ပုဆိန်ကြီးအား ဝမ်ပေါင်လဲ့ရှိရာသို့ တတိယအကြိမ်အဖြစ် ဝှေ့ယမ်းလိုက်ပြန်သည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထို ပုဆိန်ကြီးမှာ ဝမ်ပေါင်လဲ့ ထုတ်လွှတ်ထားသည့် ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင် ပုံရိပ်ကြီးအား ဝင်တိုက်သွားသည်။ ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်ကြီး၏ ပုံရိပ်မှာလည်း တစ်စစီ ပျက်စီးသွား၏။ ထို ပုံရိပ်ကြီး ပေါက်ကွဲပျက်စီးသွားသည်နှင့် ၎င်းထဲမှ ကြောက်မက်ဖွယ်ရာ မုန်းတီးစိတ်များ ထိုးထွက်လာတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ နောက်ထပ် အတိတ်ဘဝပုံရိပ်တစ်ခု ဖြစ်ပေသည်။ ထို ပုံရိပ်မှာလည်း ရပ်တန့်သွားခြင်းမရှိဘဲ ပုဆိန်ကြီးအား တိုက်ခိုက်လိုက်ပြန်သည်။

ထို့ကြောင့် ထို ပုဆိန်ကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ တုန်ရီသွားရပြီး ချုံးရိကျစ်မှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာ၏။ သို့သော် သူသည် သွေးရူးသွေးတန်း တိုက်ခိုက်နေသောကြောင့် ဝမ်ပေါင်လဲ့၏ အတိတ်ဘဝများထဲမှ ဒုတိယပုံရိပ်မှာလည်း ပျက်စီးသွားရပြန်သည်။ သို့သော် ထို ဒုတိယပုံရိပ်ကြီး ပျက်စီးသွားပြီးနောက် နောက်ထပ် အတိတ်ဘဝပုံရိပ်တစ်ခု ထပ်ရှိနေလိမ့်ဦးမည်ဟု ချုံးရိကျစ်က ထင်မှတ်မထားခဲ့ပေ။

၎င်းမှာ... သမင်ဖြူလေး ဖြစ်ပေသည်။

ထို သမင်ဖြူလေးမှာ ပေါ်ပေါက်လာသည်နှင့် ချုံးရိကျစ်၏ ပုဆိန်ကြီးအား ချက်ချင်း ဝင်တိုက်ပစ်လိုက်၏။

ဝမ်ပေါင်လဲ့၏ အတိတ်ဘဝ ပုံရိပ်များမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်ဖြစ်ရာ ချုံးရိကျစ်မှာ နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရသည်သာ ဖြစ်သည်။ သမင်ဖြူလေး သူ့အား ဝင်တိုက်သွားသောအခါ သူသည် ခုခံတွန်းလှန်နိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရ၏။ ထို အခိုက်အတန့်တွင် သူ၏ ပုဆိန်ကြီးမှာလည်း ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် အုန်းခနဲမြည်သံကြီးတစ်သံ အရပ်မျက်နှာနှံ့သို့ ပျံ့နှံ့သွားပြီး.... ပုဆိန်ကြီးနှင့် သမင်ဖြူလေးတို့မှာ အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားကြတော့သည်။

ချုံးရိကျစ်မှာမူ ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းလိုက်၏။ သူသည် ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် အငွေ့အသက်များမှာ ချက်ချင်း အားပျော့သွားသည်။ ထို့နောက် သူသည် ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ နောက်သို့လွင့်ထွက်သွား၏။ သို့သော် သူသည် ထိုကဲ့သို့ အပြင်းအထန် ဒဏ်ရာရသွားပြီး ဝေဒနာပြင်းပြစွာ အော်ဟစ်မိလိုက်သည့်တိုင်အောင် ခဏအကြာတွင် အသံအကျယ်ကြီးဖြင့် ရယ်မောလိုက်ဆဲပင်။

" ဝမ်ပေါင်လဲ့။ မီးတောက်မျိုးနွယ်စုရဲ့ ဝှက်ဖဲက ကိုယ့်ရဲ့ အသက်စွမ်းအားတွေကို စတေးပြီး အသုံးပြုရတဲ့ ကျိန်စာတစ်ခုဆိုတာ ငါ သိထားပြီးသား။ ဒါပေမဲ့ လမ်းကိုးသွယ်တာအိုဂိုဏ်းကလည်း ကျိန်စာအပိုင်းမှာ ကျွမ်းကျင်တယ်ကွ။ ဒီနေ့ မင်း မင်းရဲ့အသက်နဲ့ လောင်းကြေးထပ်ရဲမလားဆိုတာ ကြည့်ကြတာပေါ့။ ငါ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ပြီး မင်းကို ဒဏ်ရာရအောင် လုပ်ပြမယ်။ တာအိုကိုးပါး... ဘဝတူကျိန်စာ “

All Chapters