ဖွံ့ဖြိုးရေးစီမံကိန်းနှင့် စကာဗန်ဂျာများ
Vol. 22 Ch. 320
အခြားသူများကို ဖယ်ရှားပြီးနောက် ဟန်ရှောင်းသည် အခန်းထဲသို့ တစ်ယောက်တည်း လျှောက်သွားကာ အသက်ပြင်းပြင်းရှူလိုက်သည်။ နောက်ဆုံးတွင် နဂါးငွေ့တန်းထဲသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းနှင့်အတူ သူတစ်ယောက်တည်း နေခွင့်ရခဲ့သည်။
စကြာဝဠာကြီးတွင် အခွင့်အလမ်းများစွာနှင့် နောက်ဘာလုပ်ရမည်ကို အစီအစဉ်များစွာရှိသောကြောင့် သူသွားရမည့်လမ်းကြောင်းတစ်ခုကို ဆုံးဖြတ်ရန် လိုအပ်သည်။
ပထမဦးစွာ၊ သူသည် ကောလ်တန် ကြယ်စုတန်း၏ ဂါတွန်နဂါးငွေ့တန်းတွင် ရှိနေပြီး သူ၏ခွန်အားဖြင့် ဤဧရိယာသည် အန္တရာယ်ရှိသော်လည်း ကြီးထွားရန်သင့်တော်သည်။ အဆင့် ၇၀ ယန္တရားပညာရှင်၊ အဆင့် C စူပါလူသားအနေဖြင့် ကောလ်တန် ကြယ်စုတန်းရှိ စူပါလူသား၏ အလယ်အလတ်အဆင့်ဟု သတ်မှတ်ခံရသည်။
စကြာဝဠာကို ကြယ်ကွင်းပြင်များစွာဖြင့် ပိုင်းခြားထားပြီး ကောလ်တန် ကြယ်စုတန်းသည် ‘ကွဲအက်ကြယ်စင်ကွင်း‘ ကြယ်ကွင်းပြင်မှ ဖြစ်သည်။ ကွဲအက်နေသောကြယ်ကွင်းသည် မြင်နိုင်သော စကြာဝဠာ၏ အစွန်းတွင်တည်ရှိပြီး ကျေးလက်ဒေသအဖြစ် သတ်မှတ်ထားသည်။ ၎င်း၏အမည်သည် ၎င်း၏ဖွဲ့စည်းပုံမှ ဆင်းသက်လာသည်။ ဤကြယ်ကွင်းပြင်သည် ကွဲအက်နေသော ကြယ်များ၏ လက်စွပ်နှင့်တူသည်၊ ကြယ်အစုအဝေးတိုင်းသည် ဤ 'လက်စွပ်' ၏ အစိတ်အပိုင်းဖြစ်သည်။
ကွဲအက်ကြယ်စင်ကွင်း၏ အလယ်ဗဟိုသည် အန္တရာယ်ရှိသော နေရာတစ်ခုဖြစ်သည်။ ကြီးမားသော အာကာသတံခါးပေါက်များရှိပြီး စကြာဝဠာကြီး၏ စွန့်ပစ်ပစ္စည်းများကို ကြယ်ကွင်းပြင်ကြယ်ကွင်းပြင်များစွာမှ စွန့်ထုတ်ကာ ဧရိယာအတွင်း မျောပါကာ အမှိုက်ပုံများ ဖြစ်ပေါ်လာသည်။ ထို့အတွက်ကြောင့် စကာဗန်ဂျာ(စွန့်ပစ်ပစ္စည်းများ ရှာဖွေသူ) အဖွဲ့များသည် ကွဲအက်ကြယ်စင်ကွင်းတွင် အလွန်လှုပ်ရှားကြသည်။
အာကာသဓါးပြများ၊ စကာဗန်ဂျာများ၊ ကြေးစားစစ်သား၊ နယ်မြေသစ် စွန့်စားရှာဖွေသူများ စသည်တို့ကဲ့သို့သော နဂါးငွေ့တန်းတွင် ပုံမှန်မဟုတ်သော အလုပ်အကိုင်များစွာ ရှိသည်။ ကွဲအက်နေသော ကြယ်စင်ကွင်းတွင် အုပ်ချုပ်ခွင့်အာဏာမှာ တစ်ခုတည်းမရှိပေ၊ ပြန့်ကျဲနေသော ကြယ်အစုအဝေးများနှင့် ဂလက်ဆီ လူမှုအဖွဲ့အစည်းများသာ ဖြစ်သောကြောင့် စိုးရိမ်စရာ တရားဥပဒေစိုးမိုးမှုအဆင့်ရှိသော နယ်ပယ်များစွာရှိသည်။
ကွဲအက်ကြယ်စင်ကွင်းအား ‘အနောက်ပိုင်းသစ်တော’မှ မှန်ကန်စွာ အုပ်ချုပ်နေသည်၊ သို့သော် ဤလူမှုအဖွဲ့အစည်းသည် ၎င်းတို့၏ အရေးပါသော ဒေသဆိုင်ရာ ရုံးများတွင်သာ နေထိုင်ပြီး ဧရိယာကို စီမံခန့်ခွဲခဲ၏။ ‘အနောက်ပိုင်းသစ်တော’သည် စကြဝဠာလူမှုအဖွဲ့အစည်း‘Federation of Light’ 'အလင်းဖက်ဒရယ်' ၏ တရားဝင်အမည်ဖြစ်သည်။
ဧရိယာပိုကြီးလေ၊ အန္တရာယ်များလေလေဖြစ်သည်။ ဟန်ရှောင်းသည် အခွင့်အလမ်းများစွာကို မှတ်မိသော်လည်း လက်ရှိအခြေအနေအရ ကောလ်တန် ကြယ်စုတန်းတွင် အကောင်းဆုံးနေထိုင်ပြီး အရင်ဆုံးကြီးထွားရန်ဖြစ်သည်။ ယခုသည် ဗားရှင်း ၁.၀ ဖြစ်နေဆဲဖြစ်ပြီး၊ သူ၏ယခင်ဘဝတွင် ဤအဆင့်ရှိ ကစားသမားများသည် နဂါးငွေ့တန်းကို မဝင်ရောက်ရသေးသောကြောင့် သူသည် နဂါးငွေ့တန်းရှိ ဇာတ်လမ်းဇာတ်ကြောင်းနှင့် အလွန်ရင်းနှီးခြင်းမရှိပေ။ သို့သော် အချို့သော မစ်ရှင်ကြီးများမှာ တူညီနေသေးသည်။
ပထမအဆင့်က သတင်းအရင်းအမြစ်တစ်ခု ရရှိဖို့ပဲ။ ဂျူဘာလီ အာကာသစခန်းက ဖရိုဖရဲဖြစ်နေပြီး ဒီနေရာမှာ အဖွဲ့အစည်းအသီးသီးက အေဂျင်စီတွေရှိတယ်။ အဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်ပြီး ကနဦးသတင်းတချို့ကို ရဖို့ ကြိုးစားနိုင်တယ်၊ ဟန်ရှောင်းတွေးမိသည်။ အချက်အလက်အချို့ကို သူလက်ထဲထည့်နိုင်သရွေ့ ဘယ်ဟာက သူ့အတွက် သင့်လျော်သည့် ဇာတ်လမ်းဇာတ်ကြောင်း မစ်ရှင်ကြီးတွေလဲဆိုတာ သူသိနိုင်မည်ဖြစ်သည်။
အရေးကြီးဆုံး ရည်မှန်းချက်က ပိုသန်မာဖို့ပင်။ သူ့ကို ဗားရှင်းက ကန့်သတ်မထားသလို ကစားသမားတွေရဲ့ ရှေ့မှာလည်း အမြဲရှိနေတာမို့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ ဒီဦးဆောင်မှုကို ထိန်းသိမ်းထားရလိမ့်မည်။ ထိုအရာက ရေစီးကြောင်းအတိုင်း လှေစီးသလိုမျိုးပင်၊ ရှေ့မတက်ရင် နောက်ပြန်လန်သွားလိမ့်မည်။
ယခုအချိန်တွင်၊ ဟန်ရှောင်း၏ အဓိကအတန်းအစားသည် အတန်းတိုးတက်ရေးမစ်ရှင်တွင် ပိတ်မိနေသည်။ သူသည် အတန်းခွဲတစ်ခုကို ဦးစွာရှာဖွေရန်၊ အဆင့် ၈၀ အထိ အဆင့်တက်ရန်၊ လုံလောက်သော ပင်ကိုယ်အရည်အသွေး အမှတ်များရယူကာ ၎င်း၏ ဉာဏ်ရည်အမှတ်ကို ၄၀၀ ကျော်အထိ တိုးမြင့်ရန် လိုအပ်သည်။ သူက ထိုအရာကို ပေါ့ပေါ့တန်တန် သဘောမထားချင်ပေ။ အဆင့်တက်ရန်အတွက် အတွေ့အကြုံအမှတ် အများအပြား လိုအပ်သောကြောင့် သူသည် အဖိုးတန်၊ ရှားပါးသော အတန်းခွဲတစ်ခုကို ရှာဖွေလိုနေသည်။
ပရိုလိဂ်ကာလအတွင်း သူရရှိခဲ့သည့်အရာများမှ၊ သူ့ အင်တာဖေ့စ်တွင် ရရှိသည့် အတွေ့အကြုံအမှတ် ပမာဏမှာ ၂,၇၀၀,၀၀၀,၀၀၀ ခန့်ရှိပြီး အတွေ့အကြုံအမှတ် ကုန်ကျစရိတ်များကို စိတ်ပူစရာမလိုဘဲ အချိန်အတော်ကြာအောင် အသုံးပြုနိုင်မည်ဖြစ်သည်။ သူစုဆောင်းထားသော အရင်းအမြစ်များနှင့် စက်ပစ္စည်းများ ပမာဏသည် ထောင်ပေါင်းများစွာသော အီနက်စ် တန်ဖိုးဖြစ်ပြီး၊ တိကျသောတန်ဖိုးသည် ဝယ်သူ၏ဝယ်လိုအားနှင့် စက်ပစ္စည်းများ၏ တန်ဖိုးအတက်အကျပေါ် မူတည်သည်။ သဘောတူညီချက်မတိုင်မီ မဆုံးဖြတ်နိုင်ပေ။
အခြားသော အတန်းအစား တိုးတက်မှုလိုအပ်ချက်မှာ ယန္တရားပညာရှင် အတန်းအစား တိုးတက်မှု အသိပညာ ငါးခုရှိရန်ဖြစ်သည်။ စကြဝဠာတွင်၊ စူပါအသိပညာရရန် နှိုင်းယှဥ်နည်းများ ရှိခဲ့သည်။ အလွန်အဆင့်မြင့်သော အသိပညာကို ချုပ်ကိုင်ထားသော်လည်း အတန်းအစား တိုးတက်သော အသိပညာကို ရရှိရန် မခဲယဉ်းပေ။ အချို့သော ငွေကြေးအဖွဲ့များနှင့် အဖွဲ့အစည်းများသည် အတန်းအစား တိုးတက်မှု အသိပညာများကိုပင် ရောင်းချနေပြီး ယင်းမှာ ငွေပေးချေသရွေ့ ၎င်းတို့ကို ရနိုင်သည်ဟု ဆိုလိုသည်။
သူ့မှာ ပိုက်ဆံအလုံအလောက်ရှိသရွေ့ အတန်းအစား တိုးတက်မှု အသိပညာအားလုံးကိုတောင် ဝယ်ယူနိုင်၏။
ဝင်ငွေရှာသည့်အကြောင်း ပြောရရင်၊ ဟန်ရှောင်းက ကြွားလုံးထုတ်တာ မဟုတ်သော်လည်း၊ သူက တကယ်ကို မဆိုးလှပေ။
ကစားသမားတွေက လုပ်အားနဲ့ ညီမျှတယ်၊ ငါ အီနက်စ် ကို သူတို့ဆီကတစ်ဆင့် သွယ်ဝိုက်ရနိုင်ပြီး၊ သူတို့က ငါ့ကို အကူအညီ ပေးနိုင်တယ်။ ငါသူတို့ကို ကြေးစားလုပ်ရင် သူတို့က မစ်ရှင်တွေလုပ်ရင်း ငါလည်း ပိုက်ဆံရနိုင်တယ်... ဒါပေမယ့် အမြတ်အစွန်း အများကြီးရဖို့အတွက်ဆိုရင် အကောင်းဆုံးကတော့ အဖိုးတန်သတ္တုတူးဖော်မှုလိုမျိုး ရှားပါးပစ္စည်းတွေကို ရောင်းဖို့ ဒါမှမဟုတ် အချို့မစ်ရှင်ဟောင်းတွေက ဆုကြေးတွေရယူဖို့ပဲ။
ကစားသမားများ ရှိနေခြင်းသည် သူ၏ အားသာချက်ဖြစ်ပြီး သူက မှန်ကန်သောနည်းလမ်းဖြင့် လုပ်ဆောင်ပါက ၎င်းတို့သည် ကြီးမားသောအကူအညီ ဖြစ်နိုင်သောကြောင့် သူ့အနေဖြင့် ကစားသမားများကို ခေါ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကြီးထွားခြင်းနှင့် အဆင့်မြှင့်တင်ခြင်းသည် အဓိကပစ်မှတ်ဖြစ်သည်၊ သို့သော် ဟန်ရှောင်းသည် နောက်ထပ်ပစ်မှတ်တစ်ခုလည်းရှိသည်။ ဗားရှင်း ၂.၀ ရေပင်လယ်ဂြိုလ်၏ ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်ကို ဖြေရှင်းရန် ကြိုးစားခြင်းဖြစ်သည်။
ဗားရှင်း 2.0 တွင်၊ ကွဲအက်နေသောကြယ်ကွင်းရှိ ဂြိုဟ်များစွာသည် ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး အားလုံး၏ မူလအစမှာ ကောလ်တန် ကြယ်စုတန်း၏ မကောင်းသောအဖွဲ့အစည်း ‘အမှောင်ကြယ်’ဖြစ်သည်။ အခြားကြယ်ကွင်းပြင်များရှိ ဂြိုလ်များသည် မတူညီသော ဇာတ်ကြောင်းများ ရှိပေမည်။
‘အမှောင်ကြယ်’သည် ဂိုဒိုရာလူမှုအဖွဲ့အစည်းမှ ပုန်ကန်သူဖြစ်ပြီး ဟန်ရှောင်းသည် ၎င်း၏ သမိုင်းကြောင်းကို အလွန်ရင်းနှီး၏။
‘အမှောင်ကြယ်’၏ မူလအစမှာ အများအားဖြင့် ဂိုဒိုရာ၏ စစ်မှန်သောသွေးသား ယုံကြည်ချက်များမှ ခွဲခြားဆက်ဆံခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ‘အမှောင်ကြယ်’အဖွဲ့ဝင်အများစုသည် မျိုးစပ်သော ဂိုဒိုရာများဖြစ်ကြပြီး သူတို့ရဲ့ သွေးသားမျိုးရိုးကြောင့် ခွဲခြားဆက်ဆံခံခဲ့ရသည်။ ထိုအရာက သူတို့၏ အစွန်းရောက်သော အတွေးအခေါ်ကို ဖြစ်ပေါ်စေပြီး ဂိုဒိုရာအစိုးရကို ဖြုတ်ချလိုနေသည်။ ဂိုဒိုရာ၏ စည်းမျဉ်းများသည် ယိုယွင်းနေပြီး ၎င်းတို့သည် ခေတ်သစ်၏ 'ဂိုဒိုရာအသစ်' ဖြစ်သည်ဟု ယုံကြည်ကြသည်။
လူမှုအဖွဲ့အစည်းတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် ဓလေ့ထုံးတမ်းများ ရှိကြပြီး၊ ပါဝင်မှုသည် ပိုမိုအဆင့်မြင့်သော ရွေးချယ်မှုဖြစ်သည်ဟူသော အကြွင်းမဲ့ အထောက်အထား မရှိပေ။ လူမှုအဖွဲ့အစည်းတိုင်းတွင် ၎င်းတို့၏ ထူးခြားသော အရည်အသွေးများ ရှိနေကြသည်။ အခြားလူမှုအဖွဲ့အစည်းများ၏ ဓလေ့ထုံးတမ်းများနှင့် အလေ့အထများကို လေးစားရန်၊ လုံးဝလက်မခံသော်လည်း ထိတွေ့ဆက်ဆံမှုအတွင်း အချင်းချင်း အပေးအယူလုပ်ခြင်းသည် စကြာဝဠာရှိ မျိုးစိတ်များကြား ဆက်သွယ်မှု၏ စံနှုန်းဖြစ်သည်။
မှန်ပါသည်၊ စကြဝဠာ စူးစမ်းရှာဖွေရေး၏ ကနဦးအဆင့်တွင်၊ ယုံကြည်ချက်၊ အလေ့အထနှင့် ဝိသေသလက္ခဏာများအကြား လိုက်လျောညီထွေမဖြစ်နိုင်သော ကွဲပြားမှုများကြောင့် ယဉ်ကျေးမှုများကြားတွင် အလျှော့မပေးသော ပဋိပက္ခဖြစ်ပွားမှုများသည် မရှားပါးပေ။ လူသားများကို ကျွေးမွေးသော လူသားမျိုးနွယ်နှင့် မျိုးစိတ်များကဲ့သို့ ဤမျိုးစိတ်များသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်ရန် ဖြစ်နိုင်ခြေမရှိသလောက်ပင်ဖြစ်သော်လည်း ဤအစွန်းရောက်ယဉ်ကျေးမှုများသည် အချိန်ကြာလာသည်နှင့်အမျှ ခံစားခဲ့ရပြီး စူပါလူမှုအဖွဲ့အစည်းများသည် ၎င်းတို့၏ ဥပဒေနှင့် စည်းမျဉ်းများကို ထည့်သွင်း/ ရေးဆွဲထားသောကြောင့် တစ်ယောက်နဲ့တစ်ယောက် တည်ရှိမှုကို လက်ခံရသည့် ယင်းမျိုးစိတ်များပင် ရှိသေးသည်။
ဂိုဒိုရာသည် မှော်ပညာမှ ဆင်းသက်လာသည်။ ၎င်းတို့သည် နဂါးငွေ့တန်းနှင့် မထိတွေ့မီ၊ ဂိုဒိုရာများအားလုံးသည် သွေးသားစစ်စစ်/ သွေးသန့်များဖြစ်သည်—အခြား ဉာဏ်ရည်ဉာဏ်သွေးရှိသော မျိုးစိတ်များနှင့် ပေါင်းစည်းပြီးနောက် မျိုးစပ်သော ဂိုဒိုရာများ ပေါ်ပေါက်လာသည်။ ထို့ကြောင့် သွေးသန့်သော ယုံကြည်ချက်သည် ၎င်းတို့၏ ဓလေ့ထုံးတမ်းများ၏ အရေးပါမှုကို အလေးပေးကာ ပျံ့နှံ့လာခဲ့သည်။ အခွင့်အာဏာရှိသူအပေါင်းတို့သည် သွေးသန့်များဖြစ်သောကြောင့် သွေးသန့်နှင့် သွေးနှောကြား လူတန်းစားကွဲပြားမှု အသစ်များကို စတင်တွေ့မြင်လာကြသည်။ ဂိုဒိုရာကြီးထွားလာသည်နှင့်အမျှ သွေးနှောများ ပိုများလာကာ ဂိုဒိုရာများ၏ ပင်ကိုယ်အရည်အချင်းများ တဖြည်းဖြည်း မှေးမှိန်လာသည်။ ထို့ကြောင့် သူတို့သည် သွေးသန့်သော ယုံကြည်ချက်ကို ပို၍အရေးပေးလာကြသည်။ သွေးသန့်သော ယုံကြည်ချက်ရှိသူများထဲမှ အစွန်းရောက်သူများသည် သွေးနှောများကို တူညီသောမျိုးနွယ်အဖြစ်ပင် မယူဆခဲ့ကြပေ။
ပဋိပက္ခသည် ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် ‘အမှောင်ကြယ်’သည် ဂိုဒိုရာကို ရှုထောင့်တိုင်းနီးပါးတွင် အစွန်းရောက်ပြီး ဆိုးသွမ်းသည့်ပုံစံဖြင့် ဆန့်ကျင်ကာ မွေးဖွားလာခဲ့သည်။
ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်ကို ဖြေရှင်းဖို့အတွက် ငါက ဂိုဒိုရာလူမှုအဖွဲ့အစည်းနဲ့ စတင်ရမယ်။
ဗီဇပြောင်းလဲခြင်းဗိုင်းရပ်စ်သည် အလွန်အားကောင်းသော ပုန်းခိုနိုင်စွမ်းရှိသည်။ သူ၏ယခင်ဘဝတွင်၊ ဘေးအန္တရာယ် လုံးဝပေါက်ကွဲပြီးမှသာ အလေးအနက်ထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် သူလုပ်နိုင်သမျှသည် အနာဂတ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။
ဤပစ်မှတ်နှစ်ခုသည် လက်ရှိအဆင့်အတွက် အဓိကအချက်များဖြစ်သည်။ သူသည် အစီအစဉ်၏ အသေးစိတ်အချက်အလက်များကို တွေးတောဆင်ခြင်ကာ ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်သည်။ ကြယ်စင်ချန်နယ်တွင် ကောလ်တန် ကြယ်စုတန်း၏ လက်ရှိအခြေအနေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို အာရုံစိုက်ပြီး ရှာဖွေလိုက်သည်။
ယခုအချိန်တွင် အသံလွှင့်စက်မှ ကြေငြာချက်တစ်ခု ထုတ်ပြန်လာသည်။ “အားလုံးပဲ ကျေးဇူးပြုပြီး ကိုယ့်ရဲ့အခန်းကို ပြန်သွားကြပါ။ အာကာသယာဉ်သည် အရှိန်မြှင့်ကာ Light Jump Tunnel အလင်းခုန်ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ပါတော့မည်။ လှုပ်ခါမှုများ ကြုံရနိုင်ပါသည်။ မူးဝေခြင်းကို ခံစားရပါက ထိတ်လန့်မနေပါနှင့်၊ ၎င်းသည် သာမန်တုံ့ပြန်မှုတစ်ခုဖြစ်ပါသည်။”
တံခါးအပြင်ဘက်တွင် အလျင်အမြန်လျှောက်လာသော ခြေသံများ ကြားနေရသည်။ ကားလော့ဒ်နှင့် ကစားသမားများ အပါအဝင် ခရီးသည်များအားလုံးသည် ၎င်းတို့၏အခန်းများသို့ ပြန်ခဲ့ကြသည်။ နံရံမှ အနက်ရောင် လုံခြုံရေး ခါးပတ်များ ထွက်လာသည်။ အကာအကွယ်ကယ်ဗင်များကဲ့သို့သော လုံခြုံရေးအစီအမံများသည် အဆင့်နိမ့် ခရီးသွားအေဂျင်စီများတွင် မျှော်လင့်ရန်မှာ မဖြစ်နိုင်ပေ။
ဘေးကင်းရေး ခါးပတ်ကို ဝတ်ဆင်ပြီးနောက် အခန်းတံခါးများ အလိုအလျောက် သော့ခတ်သွားသည်။ အာကာသယာဉ်အတွင်းမှ ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သတ္တုနံရံများနှင့် ကြမ်းပြင်များ တုန်လှုပ်သွားခဲ့သည်။
ထို့နောက်တွင်တော့ အပေါ်စီးမှ အင်အားတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို ထိုင်ခုံများပေါ်သို့ ပြင်းပြင်းထန်ထန် တွန်းပို့လိုက်သည်။ ဤသည်မှာ စက်ပစ္စည်းအမျိုးမျိုးမှ အကြိမ်များစွာ အားပျော့ထားပြီးသည့်တိုင် တုံ့ပြန်မှုစွမ်းအားဖြစ်သည်။
ဟွန်းစတားသည် တောက်လောင်နေသော မီးတောက်ကို ပစ်လွှတ်လိုက်ပြီး လျှင်မြန်စွာ အရှိန်မြှင့်လိုက်သည်။
ပြတင်းပေါက် အပြင်ဘက် အမှောင်ထုထဲတွင် အလင်းတန်းတွေ ရုတ်တရက် ပေါ်လာပြီး အလင်းဥမင်လိုဏ်ခေါင်းထဲကို ဝင်သွားသလိုပင်။
ဟမ်...
ဖိနှိပ်မှု၏ အထွတ်အထိပ်သို့ ရောက်သည်နှင့်အမျှ ဟွန်းစတားသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အင်ဂျင်က စွမ်းဆောင်ရည်အပြည့်နဲ့ လည်ပတ်နေသည်။ ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ပြီးနောက်၊ အတွင်းပိုင်းတည်ငြိမ်စေသော ကိရိယာများကြောင့် တုံ့ပြန်မှုစွမ်းအားသည် လျင်မြန်စွာအားနည်းသွားပါသည်။
“နောက်မှတ်တိုင်၊ ဂါတွန်နဂါးငွေ့တန်း ကြယ်ဇုန် ၅။ ခရီးသွားချိန် - သုံးရက်။ ကျေးဇူးပြုပြီး မင်းရဲ့ခရီးမှာ ပျော်ရွှင်ပါစေ။"
...
ထိုသုံးရက်အတွင်း ဟန်ရှောင်းသည် သင်္ဘောပေါ်တွင် မသိမသာ နေခဲ့သော်လည်း ကစားသမားများသည် နွေးထွေးမှုများစွာ ရှိကြသည်။ တခြားခရီးသည်တွေနဲ့ စကားစမြည်ပြောပြီး သူတို့ကို စိတ်အားထက်သန်စွာ ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဤခရီးသည်များသည် ထိုသို့သော နွေးထွေးသောလူသားများကို ပထမဆုံးအကြိမ်တွေ့မြင်ခြင်းဖြစ်ပြီး ကစားသမားများသည် စကားစမြည်ပြောဆိုပြီးနောက်တွင် ဗဟုသုတအလွန်နည်းပါးကြောင်း သိရှိခဲ့ကြပြီး ၎င်းတို့သည် ဒေသခံတိုင်းရင်းသားများဟု ယူဆခဲ့ကြသည်။
ကားလော့ဒ်သည် ဘားတွင် နက်ပြာရောင်အရည်တစ်ခုကို သောက်နေစဉ် နားရွက်ချွန်ချွန် အရိုးများပေါ်နေသော မျက်နှာနှင့် မျိုးစပ်လူသားတစ်ဦးသည် သူ့ဘေးမှ လှမ်းတက်လာပြီး ဤခွက်အတွက် သူတိုက်မည့်သဘောဖြင့် အီနက်စ် အကြွေစေ့ကို ပစ်ချလိုက်ကာ အပြုံးဖြင့် ပြုံးလျက်ပြောသည်။ "မင်း ရေပင်လယ်ဂြိုလ်က လာတာ ဟုတ်တယ်မလား? အဲဒီ အဆင့်နိမ့်ဂြိုဟ်က အဆင့်နိမ့် လူမှုအဖွဲ့အစည်းတစ်ခုပဲ၊ သင်္ဘောပေါ်ကို မင်းခေါ်လာတဲ့ လူအားလုံးက ဒေသခံတွေမဟုတ်လား။
"ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ" ကားလော့ဒ်က သူ့ကို ဘေးတိုက်ကြည့်လိုက်သည်။
"ဟဲဟဲ၊ မင်း အပေးအယူလုပ်ဖို့ စိတ်ဝင်စားလား။ ကျွန်တော့်နာမည်က စီဆိုလီပါ။ ငါဒါလုပ်တယ်…” ဤလူက လက်အိတ်ဝတ်ထား၏။ သူက လက်ကို မသိမသာ မြှောက်လိုက်ပြီး လက်ဖျံဘက်ရှိ တက်တူးကို ပြသလိုက်သည် - သံကြိုးများဖြင့် ပတ်ထားသော ငှက်တစ်ကောင်၏ ပုံဖြစ်သည်။ ၎င်းသည် စကာဗန်ဂျာလုပ်ငန်းများစွာထဲမှ တစ်ခုဖြစ်သည့် ကျွန်ပြုရောင်းဝယ်ရေး အဖွဲ့အစည်း၏ တံဆိပ်တစ်ခုဖြစ်သည်။
ကားလော့ဒ်စိတ်မရှည်စွာ ဝှေ့ယမ်းပြီး “လစ်လိုက်တော့၊ မင်းနဲ့ ငါ့အချိန်တွေ မဖြုန်းချင်ဘူး။"
အများပြည်သူသုံး အာကာသယာဉ်များသည် အလွယ်တကူ လှည့်စားလို့ရနိုင်မည့် လူများကို ရှာဖွေနေသော လျှို့ဝှက် မီးခိုးရောင် အဖွဲ့အစည်းများစွာဖြင့် အတော်လေး ရှုပ်ထွေးနေသည်။ ထို့ကြောင့် ရွေးချယ်ခွင့်ရှိသူအားလုံးသည် စကြဝဠာတွင်း ခရီးသွားအေဂျင်စီများနှင့် ခရီးသွားခြင်းကို အထင်အမြင်သေးကြသည်။ ကားလော့ဒ်သည် စကာဗန်ဂျာများနှင့် ထိတွေ့ဆက်ဆံခြင်းကို လုံးဝမကြိုက်ပေ။ ၎င်းသည် သူ၏ မုဒ်ကို အလွန်ပျက်စီးစေပြီး သူအကြိုက်ဆုံး Dark Blue Star Bubbles ကိုပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။
“ဒီလောက် မြန်မြန် ငြင်းမနေပါနဲ့။ မင်းခေါ်လာပေးတဲ့ ဒေသခံအားလုံးသည် စူပါလူသားတွေဆိုတာကို ကွန်တော်တွေ့ရတယ်၊ ဒါကြောင့် သူတို့ရဲ့ စျေးနှုန်းတွေက တကယ်ကောင်းမွန်တယ်နော်။ စဉ်းစားကြည့်ပါဦး၊ အဆင်ပြေရဲ့လား"
ထိုအချိန်တွင် ဟန်ရှောင်း၏ အေးစက်သောအသံက သူတို့နှစ်ဦးနောက်ကွယ်မှ ထွက်ပေါ်လာသည်။ "မင်းထွက်သွားဖို့ အချိန်တန်ပြီထင်တယ်"
စီဆိုလီက ခေါင်းကို လှည့်ကြည့်လိုက်တော့ ဟန်ရှောင်းက နောက်ကွယ်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူက ဂရုမစိုက်ဘဲ ပြုံးလိုက်ကာ ဟန်ရှောင်းကို လျစ်လျူရှုလိုက်ပြီး ကားလော့ဒ်ကို အလေးတစ်ချက် ပေး၍ ထွက်သွား၏။