အစိမ်းရောင်စစ်သည်တော် နှင့် အရိုးမဲ့ငှက်
Vol. 22 Ch. 321
စီဆိုလီသည် လူစုလူဝေးနှင့် ရောနှောပြီး အခြားသူများနှင့် စကားစမြည်ပြောပြန်သည်။ ဒီတစ်ကြိမ် မအောင်မြင်တဲ့ အပေးအယူကို သူ သိပ်ဂရုမစိုက်သလိုပင်။
“ကျွန်ကုန်သည်…” ဟန်ရှောင်းသည် စီဆိုလီ၏ နောက်ကျောကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ငါက ပိုက်ဆံမတတ်နိုင်ပေမယ့် ငါ့မှာ သမာဓိရှိတယ်။" ကားလော့ဒ်က နှာမှုတ်လိုက်ပြီး သူ့အရက်ကို ပြီးအောင်သောက်လိုက်သည်၊ ခေတ္တနားပြီးနောက် “သူတို့တက်တူးတွေနဲ့ မှတ်မိနိုင်တဲ့ ရာနဲ့ချီတဲ့ စကာဗန်ဂျာအဖွဲ့အစည်းတွေ ထောင်နဲ့ချီပြီး ကွဲအက်ကြယ်စင်ကွင်းမှာ ရှိတယ်။ အချို့ စကာဗန်ဂျာတွေက ဓားပြတိုက်၊ ပြန်ပေးဆွဲတာနဲ့ ငွေညှစ်တာလိုမျိုး အခြားမကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ကြတယ်။ အဲဒီ စီဆိုလီက ကျွန်ကုန်သွယ်မှုအတွက် ပစ်မှတ်တွေကို ရှာဖွေတဲ့ တာဝန်ခံ အလယ်လူ။ သူက ဂိုဒိုရာမှာရှိတဲ့ စကြဝဠာ လူမှုအဖွဲ့အစည်းတွေ အများကြီးက အလိုရှိနေပြီး တော်တော်လေးကြမ်းတဲ့ ရာဇ၀တ်ဂိုဏ်း ' Boneless Bird ' ‘အရိုးမဲ့ငှက်’ စကာဗန်ဂျာအဖွဲ့က။
"ကျွန်ကုန်သွယ်မှုက ရှားပါးမျိုးစိတ်တွေနဲ့ စူပါလူသားတွေကို ဖမ်းယူရာမှာ အထူးပြုပြီး၊ ၎င်းတို့ကို ကြည့်ရှုဖို့ ဒါမှမဟုတ် သားရဲတိုက်ခိုက်ခြင်းအတွက် ဖောက်သည်တွေဆီ ရောင်းချကြတယ်။"
စူပါလူသားများသည် စကြာဝဠာတွင် အလွန်များသော်လည်း သာမာန်လူများထက် အလွန်နည်းပါးသည်။ နဂါးငွေ့တန်းရှိ လူများ၏အမြင်တွင်၊ စူပါလူသားများကို လေ့ကျင့်သင်ကြားထားသော စစ်သည်တော်များ သို့မဟုတ် ထက်မြက်သော ဉာဏ်ကြီးရှင်များအဖြစ် သတ်မှတ်ထားကြသည်။
စူပါလူသားများသည် အနေအထားပိုမြင့်ပြီး အချို့သောသာမန်လူများသည် စူပါလူသားများကို ထိန်းချုပ်ရန် စိတ်ကူးများ စတင်လာကြသည်။ ထို့ကြောင့် ဂလယ်တီရေတာရှိုးများပေါ်လာသည်။ အဆင့်မြင့်လက်ဝှေ့ပြိုင်ပွဲကို ကြည့်ရသလိုပင်။ ပရိတ်သတ်များသည် အမြင်အာရုံရော စိတ်ပိုင်းဆိုင်ရာအရပါ စူပါလူသားများ အသေသတ်ခြင်းကို ကြည့်ရှုရသည်ကို နှစ်သက်ကြသည်။ အချို့သော တရားဝင်နယ်ပယ်များတွင် လစာမြင့်မြင့်ဖြင့် စူပါလူသားများကို ငှားရမ်းကြပြီး အချို့သော မြေအောက်ကွင်းများသည် စူပါလူသားကျွန်များကို ဝယ်ယူကြသည်။ ထို့ကြောင့်၊ စူပါလူသားများသည် ကျွန်ဈေးကွက်တွင် အမြဲရေပန်းစားခဲ့သည်။
“မင်းတို့ ပစ်မှတ်ထားခံရပြီ၊ သတိထားတာ အကောင်းဆုံးပဲ၊ ဒါပေမယ့် စကာဗန်ဂျာတွေက သူတို့အတွက် ဆုံးရှုံးနစ်နာစေမယ့် အရာတွေကို မလုပ်ဘူး။ ငါသူ့ကို ငြင်းပယ်ကတည်းက မင်းဟာ အာကာသယာဉ်ထဲမှာ လုံခြုံပြီး သူ ဆက်ပြီး ကြိုးစားမှာ မဟုတ်ဘူး” ကားလော့ဒ်က ပြောလိုက်သည်။
"သူ့ရဲ့ပစ်မှတ်က ငါတို့ 'ဒေသခံ' မဟုတ်ဘူးလို့ ခံစားရတယ်။ ဟန်ရှောင်းတွေးလိုက်မိသည်။
အာကာသယာဉ်သည် ရုတ်တရက် တုန်ခါသွားကာ light jumping state အလင်းခုန်နေသော အခြေအနေမှ ထွက်သွားလေသည်။ ခန်းမဘေးရှိ ပြတင်းပေါက်တွင် ဟွန်းစတားသည် မီးခိုးရောင် ဂြိုလ်ပေါ်သို့ နီးကပ်လာသည်ကို တွေ့ရသည်။ ဂြိုလ်၏ မျက်နှာပြင်သည် တောင်များဖြင့် ဖုံးလွှမ်းနေပြီး စိမ်းလန်းသောအရိပ်အယောင်ပင် မရှိပေ။ မြစ်သေများမှ ဖြစ်ပေါ်လာသော မည်းမှောင်နေသည့် အနက်ရောင် ချောင်းများပါရှိသော လူသူကင်းမဲ့သည့် ကျောက်တုံးကြီးတစ်ခုကဲ့သို့သာ ဖြစ်သည်။
အန္တရာယ်များသော နေရာများနှင့် ပြည့်နှက်နေပြီး ဤနေရာသည် ကြယ်ဇုန် ၅ ဖြစ်ကာ ဤကမ္ဘာဂြိုဟ်သည် ထိုသို့သော နေရာထဲမှ တစ်ခုဖြစ်သည်။ ဂိုဒိုရာကြယ်မြေပုံတွင် ၎င်း၏ အန္တရာယ်အဆင့်မှာ 'အလယ်တန်း အထက်အဆင့်' ဖြစ်ပြီး၊ ဆိုလိုသည်မှာ စုံစမ်းစစ်ဆေးသူသည် ထိုနေရာတွင် သေဆုံးနိုင်ခြေ လေးဆယ်ရာခိုင်နှုန်းကျော်ရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့၏ ဒေတာဘေ့စ်ရှိ ရေပင်လယ်ဂြိုလ်၏ အန္တရာယ်အဆင့်သည် 'အနိမ့်တန်း' သာဖြစ်သည်။
အာကာသယာဉ်သည် လေထုထဲသို့ ဝင်ရောက်ကာ ကောင်းကင်တွင် အမြင့်သို့ ပျံဝဲကာ မြေပြင်ပေါ်ရှိ ခရီးသည်အသစ်များကို စုဆောင်းရန်အတွက် ၎င်း၏ သေတ္တာများကို ထုတ်လွှတ်လိုက်သည်။ အများပြည်သူသုံး အာကာသယာဉ်များသည် ၎င်းတို့၏ ခရီးလမ်းကြောင်းတွင် ခရီးသည်များကို သယ်ဆောင်ပေးမည်ဖြစ်ပြီး ဤဂြိုလ်ပေါ်တွင် ဟွန်းစတားခရီးသွားအေဂျင်စီကို တောင်းဆိုခဲ့သည့် တစ်စုံတစ်ဦးရှိခဲ့သည်။
ဗီအိုင်ပီဝင်ပေါက်တွင် တက်လာသော ခရီးသည်သည် စုတ်ပြဲနေသော အဖြူရောင် ဝတ်ရုံကြီးဖြင့် ဖုံးလွှမ်းထားသည်။ ဝတ်ရုံအောက်ရှိ ခန္ဓာကိုယ်ပုံသဏ္ဍာန်သည် အရပ်ရှည်ပြီး ကြီးမားသော အိတ်ကြီးတစ်ခုကို သူ့ခန္ဓာကိုယ်ပေါ် လွယ်ထားသည်။ သူ့ခြေလှမ်းများက အလွန်လေးလံနေပြီး သတ္တုသံများ ဂလောင်ဂလင် မြည်နေသည်။
စကင်န်ဖတ်ဂိတ်ရှေ့သောအခါ ထိုလူက သူ၏ခေါင်းစွပ်ကို ကြယ်သီးဖြုတ်ပြီး မျက်နှာအစစ်ကို ပြလိုက်သည်၊ အံ့သြစရာကောင်းလောက်အောင် သူသည် လူတစ်ဝက်၊ စက်တစ်ဝက်ပင်။ သူ၏ ခန္ဓာကိုယ်ရှိ အလွန်ကြီးမားသော ဧရိယာသည် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။ သံချပ်ကာ၏ ကွက်လပ်များကြားတွင် ပိုက်များနှင့် ဝိုင်ယာကြိုးများကို ဝှက်ထားပြီး၊ အချက်ပြမီးများ လင်းလက်နေသည်။ ခြေလက်လေးချောင်းမှ သူ၏ ညာလက်မောင်းသာ လူသားကဲ့သို့ဖြစ်သည်။ သူ့လည်ပင်းမှာ ပြုပြင်ပြောင်းလဲမှု မရှိဘူး။ သူက အေးစက်ပြီး ချောမောပုံရ၏၊ အထူးသဖြင့် စူးရှထက်မြက်သော မျက်လုံးများက မကြိုဆိုသော ရောင်ဝါကို ပေးစွမ်း၏။
ထိုလူ၏မျက်လုံးများသည် မြကျောက်ကဲ့သို့ စိမ်းပြာရောင်ဖျော့ဖျော့ဖြစ်ကာ၊ သူ၏ အရေပြားသည် အလွန်ဖျော့ဖျော့နေပြီး၊ သူ၏ စက်တဝက် ခန္ဓာကိုယ်သည် တိုက်ပွဲမှ အမာရွတ်များနှင့် ပြည့်နေသည်။
စကင်န်ဖတ်ပြီးနောက်၊ ထုတ်လွှင့်မှုမှ အသံထွက်လာသည်။ “ဟွန်းစတားမှ ကြိုဆိုပါတယ်။ သင်သည် အထူးတန်း အခန်းကို ကြိုတင်မှာယူထားပြီးဖြစ်ပါသည်။ သင်၏ခရီးသည် မှတ်ပုံတင်နံပါတ်သည်... ကျေးဇူးပြု၍ သင်၏ခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။"
အထူးတန်း အခန်းသည် အခြားတစ်နေရာတွင် ရှိနေသည်။ ရိုးရိုးတန်း အခန်းလောက်အထိ ခရီးသည်တွေ များများစားစား မရှိသည့်အတွက် ပတ်ဝန်းကျင်က ပိုကောင်းပြီး တိတ်ဆိတ်နေ၏။
ဤလူက ရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူသည် ခန်းမကို ကျော်ဖြတ်ကာ အခန်းထဲသို့ တည့်တည့်ဝင်သွားသည်။ ခန်းမအတွင်းရှိ ခရီးသည်များက သူ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
"အဲဒါ 'အစိမ်းရောင်စစ်သည်တော်' လား"
"အင်း၊ အဲဒါသူပဲ၊ ဆူနီမိသားစုရဲ့ စစ်သည်အနည်းငယ်ထဲက တစ်ယောက်၊ ကြေးစားစစ်သား မဟာမိတ်ရဲ့ အဆင့်အတန်းမြင့်တဲ့ တပ်သားတစ်ယောက်၊ အရမ်းသန်မာတဲ့လူပဲ။"
“သူ့ကို ဒီမှာတွေ့မယ်လို့ လုံးဝ မထင်ထားဘူး။ ဆူနီမိသားစုက ပြောင်းရွှေ့လာတယ်လို့ ပြောကြတယ်မဟုတ်ဘူးလား။
လူတို့သည် အချင်းချင်း စကားစမြည်ပြောဆိုကြပြီး မသိစိတ်က အသံကို လျှော့လိုက်ကြသည်။ သူတို့သည် ထိုလူကို ကြောက်ရွံ့၍ မကြားစေချင်ကြသလိုပင်။
...
ဟန်ရှောင်းသည် သင်္ဘောပေါ်တက်ခဲ့သူကို မသိခဲ့ပါ။ ထုတ်လွှင့်မှုက နောက်မှတ်တိုင်မှာ အခြားကြယ်ဇုန်ဖြစ်ကြောင်း ကြေညာသည်။ ဂျူဘာလီ အာကာသစခန်းမရောက်မီ နောက်ထပ် ရပ်နားစရာ အနည်းငယ် ကျန်သေး၏။ သို့သော် သူ စိတ်ရှည်ပြီး အလျင်စလို ဖြစ်မနေပေ။
သူသည် အချိန်အများစုကို ခရီးသည်များထံမှ အချက်အလက်များ စုဆောင်းခြင်းနှင့် ဆက်သွယ်ရေးစက်ရှိ ဂလက်တစ်ချန်နယ်ကို အသုံးပြုရင်း ကုန်ဆုံးခဲ့သည်။ ဆက်သွယ်ရေးစက်ကို ရုပ်မြင်သံကြားအဖြစ်လည်း အသုံးပြုနိုင်သည်။ အဆင့်မြင့်နည်းပညာဖြင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများ ထွက်ပေါ်လာသည် - ချန်နယ်များစွာသည် ဖျော်ဖြေရေးရှိုးအမျိုးမျိုးကို ပြသရန် ရည်စူးထားသည်။ ဟန်ရှောင်းသည် ကားလော့ဒ်၏ 'စုံစမ်းစစ်ဆေးသူ အလုပ်ဖိုင်များ' ဟုခေါ်သော ဖိုင်တစ်ခုတွင် ကောင်းမွန်သောအရာများစွာကို တွေ့ရှိခဲ့သည်...
ခဏလောက်ကြည့်ပြီးနောက် ဟန်ရှောင်းက တိတ်တဆိတ်နှင့် သူ့မျက်လုံးများ တောက်လောင်သွား၏။
"ဂိုဒိုရာတွေက ဘယ်လိုပျော်ရမလဲ တကယ်သိတာပဲ။"
ကားလော့ဒ်သည် နေ့တိုင်း အရက်သောက်ခဲ့ပြီး မကြာမီ သူ၏ ငွေကြေးများမှာ ကုန်ဆုံးသွားသည်။ ဟန်ရှောင်းဆီက ပိုက်ဆံထပ်တောင်းသော်လည်း ဘာရလဒ်မှ ပြန်မရပေ။ ထို့ကြောင့် သူသည် နေ့တိုင်း သူ့အခန်းထဲတွင် အိပ်ပြီး ပြန်ပေးဆွဲခံရသူ၏ သဘောထားပင် လုံးဝမရှိချေ။ တကယ်တမ်းတွင် ဟန်ရှောင်းသည် ဤ ဂိုဒိုရာမည်မျှ တည်ငြိမ်သည်ကို သဘောကျနေ၏။
အာကာသယာဉ်ပေါ်ရှိ ဘဝသည် ရိုးရှင်းပြီး တိတ်ဆိတ်နေသည်။ သူက လိုရာခရီးကို အေးအေးချမ်းချမ်း ရောက်သွားချင်နေ၏။
သို့သော် အပြောင်းအလဲက သတိပေးချက်မရှိဘဲ ရောက်ရှိလာခဲ့သည်။
ဟွန်းစတား၏ ရှေ့သွားရာလမ်းကြောင်းရှိ အချို့နေရာများတွင် စကာဗန်ဂျာ အာကာသယာဉ်အချို့သည် စကြဝဠာအတွင်း တိတ်တဆိတ် ပျံဝဲနေသည်။ သူတို့၏ ဒီဇိုင်းများသည် ထူးခြားနေပြီး ပရော်ဖက်ရှင်နယ် ကျကျ ပြုပြင်ထားခြင်းမဟုတ်သည့် လက္ခဏာများ တွေ့ရသည်။ ဤသည်မှာ စကာဗန်ဂျာများ၏ ထူးခြားသောပုံစံဖြစ်သည်။ 'အရိုးမဲ့ငှက်' လိုဂိုကို အာကာသယာဉ်များဘေးတွင် ရေးဆွဲထားသည်။
ပင်မသင်္ဘော၏ ကုန်းပတ်တွင် မတူညီသောမျိုးစိတ်များမှ စကာဗန်ဂျာများသည် ပါတီပွဲကျင်းပနေသည်။ အရိုးမဲ့ငှက်ခေါင်းဆောင်သည် ကုလားထိုင်မြင့်မြင့်ပေါ်တွင်ထိုင်ကာ စည်ကိုကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောနေသည်။
အရိုးမဲ့ငှက် ၏ ခေါင်းဆောင်ကို ဖွတ်မြီးမြွေနဂါးဟုခေါ်သည်။ သူသည် လေးမီတာနီးပါး အရပ်ရှည်ပြီး ကျောက်တုံးဘီလူး၏ သွေးပါရှိသည်။ သူ၏ ကြွက်သားများ ဖောင်းကားနေပြီး အသားအရေက ကျောက်တုံးကဲ့သို့ ဖြစ်၏။ သူ့မျက်နှာတွင် မုတ်ဆိတ်မွှေးများဖြင့် ဖုံးအုပ်နေပြီး ခေါင်းပေါ်မှ ဆံပင်များကို ဖွတ်မြီးထိုးကာ ခါးအထိ ရှည်လျားသောကြောင့် သူ၏ နာမည်ပြောင် ဖြစ်လာသည်။
စကာဗန်ဂျာများ သည် မီးခိုးရောင် ဧရိယာများ တဝိုက်တွင် လှည့်ပတ် သွားလာကြသည်။ သူတို့ ငွေရှာရသည့် အကြောင်းရင်းက သူတို့ကိုယ်သူတို့ ပျော်ရွှင်ဖို့ပင်၊ ထို့ကြောင့် ပါတီပွဲများသည် သူတို့၏ အတွေ့ရအများဆုံး လှုပ်ရှားမှုဖြစ်သည်။
"ဒင် ဒင်! မက်ဆေ့ခ်ျအသစ်!”
ပင်မသင်္ဘော၏ ထိန်းချုပ်ခန်းရှိ အင်တာဖေ့စ်သည် တောက်ပလာပြီး စကားလုံးများ ပေါ်လာသည်။ ပေးပို့သူမှာ စီဆိုလီဖြစ်သည်။
"ဟေ့ကောင်တွေ၊ အလုပ်ပေါ်လာပြီဟေ့။"
ဖွတ်မြီးမြွေနဂါးသည် စည်ကို လွှင့်ပစ်လိုက်ပြီး ထောင့်တွင် ကွဲအက်သွားသည်။ မတ်တပ်ထရပ်ကာ မုတ်ဆိတ်ပေါ်ရှိ အရက်ကို သုတ်လိုက်ပြီး ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဒီတစ်ခေါက် ပစ်မှတ်က ပိုက်ဆံတော်တော်တန်တယ်”
ရာနှင့်ချီသော စကာဗန်ဂျာများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
...
"သုံးပူး။"
"ကုလားလေးကောင်ကွ။"
“နှစ်ငါးလုံး”
"ကျော်ကွာ... ဟမ် နေစမ်းပါဦး၊ ကျန်တဲ့နှစ်တစ်လုံးက ဘယ်က ရောက်လာတာလဲ"
ဟွန်းစတားတွင် ကစားသမားအုပ်စု တစ်စုသည် ပျင်းရိငြီးငွေ့စွာဖြင့် အခန်းထဲတွင် ဖဲရိုက်နေကြသည်။
အာကာသယာဉ်ပေါ်တွင် ရက်အတော်ကြာ နေခဲ့ရပြီး၊ လက်ခံရရှိစရာ မစ်ရှင်များလည်း မရှိတော့ပေ။ ထို့အပြင်၊ သင်္ဘောပေါ်တွင် တိုက်ခိုက်ခြင်းကို ခွင့်မပြုသည့်အပြင် နေရာအများအပြားကိုလည်း မဖွင့်ထားသောကြောင့် အဆိုပါကစားသမားများသည် သူတို့ကိုယ်သူတို့ ပျော်အောင်သာ ထားရတော့သည်။ အမြဲတမ်း တိုင်ကြားမှုများ ရရှိထားသည့် ခရီးကို ကျော်သွား၍ မရပေ။ အချို့ကစားသမားများသည် အနားယူရန် အော့ဖ်လိုင်းဖြစ်သွားသောကြောင့် ကစားသမားများ၏ သုံးပုံတစ်ပုံသာ အွန်လိုင်းတွင် ကျန်ခဲ့သည်။
အွန်လိုင်းနေရာနှင့် ပြန်လည်ရှင်သန်နိုင်သောနေရာအား သယ်ယူပို့ဆောင်ရေးကိရိယာတွင် သော့ခတ်ထားနိုင်သောကြောင့် အာကာသထဲတွင် ပျောက်ဆုံးသွားမည်ကို စိုးရိမ်စရာမရှိပေ။
ဟန်ရှောင်းဘေးနားတွင်ထိုင်ပြီး အချိန်ကိုကြည့်လိုက်သည်၊ သူတို့ရောက်ဖို့ ရက်အနည်းငယ်သာ လိုတော့၏။
ဟွန်းစတားသည် ယခုအချိန်တွင် ဂါတွန်နဂါးငွေ့တန်း ကြယ်ဇုန် ၂ သို့ ရောက်ရှိနေပြီဖြစ်သည်။ ဧရိယာသည် လူနေထူထပ်လာပြီး ထိုနေရာရှိ ဂြိုဟ်အများအပြားသည် လူမှုအဖွဲ့အစည်းများ တည်ရှိလာ၏။ ဤဧရိယာသည် ပိုမိုနီးကပ်လာသည်နှင့်အမျှ ဂိုဒိုရာက စီမံခန့်ခွဲရန် အလွန်အမင်း အာရုံစိုက်သည့် ဧရိယာဖြစ်ပြီး ၎င်းသည် စီမံခန့်ခွဲရန် ပိုမိုလွယ်ကူသည်ဟု ဆိုလိုသည်။ အာကာသယာဉ်သည် ဤနေရာတွင် ခရီးသည်တင်ဆောင်ရန် အကြိမ်အများဆုံး ရပ်နားခဲ့သည်။ ကြယ်ဇုန် ၁သို့ ရောက်ပြီး တည်ငြိမ်သော အာကာသတံခါးပေါက်သို့ ဝင်သရွေ့ သူတို့ လိုရာခရီးကို ရောက်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ကြမ်းပြင်သည် ထူးထူးခြားခြား တုန်ခါလာသည်။
ပြီးနောက် ချက်ချင်းဆိုသလို ထုတ်လွှင့်မှုမှ စူးစူးရဲရဲ အချက်ပေးသံ ထွက်ပေါ်လာသည်။
ဟန်ရှောင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူချက်ချင်း ထရပ်လိုက်သည်။ ကားလော့ဒ်လည်း အိပ်ပျော်ရာမှ နိုးလာပြီး နှစ်ယောက်သား အခန်းထဲက အလျင်စလို ထွက်သွားကြသည်။ သူတို့နောက်မှ ကစားသမားများသည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသော်လည်း မတော်တဆမှုတစ်ခုဖြစ်သည်ကို သိသောကြောင့် သူတို့နှစ်ဦးနောက်မှ လိုက်သွားခဲ့သည်။
ဤအချိန်မှာ ခန်းမသည် ရှုပ်ယှက်ခတ်နေ၏။ ခရီးသည်အားလုံး လန့်ဖျပ်သွားပြီး ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ကာ ကြောက်လန့်သွားကြသည်။
အပြင်ဘက်တွင် ပေါက်ကွဲမှုများ အရောင်စုံ ထွက်ပေါ်လာသော်လည်း လေမရှိသောကြောင့် အသံမထွက်ပေ။
စကာဗန်ဂျာအာကာသယာဉ်များသည် ဟွန်းစတားကို ပစ်ခတ်နေကြသည်။ ဟွန်းစတားသည် ၎င်း၏ စွမ်းအားမြင့် စွမ်းအင်ဒိုင်းကို စတင်အသုံးပြုထားပြီး၊ အဝါရောင်ဖျော့ဖျော့ စွမ်းအင်ဒိုင်းသည် ဥခွံကဲ့သို့ အာကာသယာဉ်ကို ကာကွယ်ထားသည်။ စကာဗန်ဂျာအာကာသယာဉ်များသည် ဟွန်းစတားထက် များစွာသေးငယ်သော်လည်း ယင်းကြောင့်လည်း ၎င်းတို့သည် ပိုမိုလျင်မြန်သည်။ ၎င်းတို့သည် တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ လှည့်ပတ်သွားသော်လည်း ဟွန်းစတားသည် ၎င်း၏ ကြီးမားသော အရွယ်အစားကြောင့် မည်သည့်အရာကိုမျှ ရှောင်တိမ်းနိုင်ခြင်းမရှိပေ။ ၎င်းသည် ၎င်း၏ဒိုင်းဖြင့်သာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။