← Chapters

ဆင်းရဲသားရဲ့ ပျော်ရွှင်မှု...

Vol. 22 Ch. 330

ဆင်းရဲသားရဲ့ ပျော်ရွှင်မှု...

Vol. 22 Ch. 330

"အခုသွားလို့ရပြီလား?" ကားလော့ဒ်က မေးသည်။

ပုံမှန်အားဖြင့်၊ ဂျူဘာလီ အာကာသစခန်းသို့ ရောက်ရှိပြီးနောက် ကားလော့ဒ်ကို ထွက်ခွာခွင့်ပေးမည့် ဟန်ရှောင်း၏ ကတိကိုချိုးဖောက်ရန်မလိုအပ်ပေ။ ဟန်ရှောင်းသည် ရုတ်တရက် အကြံတစ်ခု ရလာသည်။ ကားလော့ဒ်သည် ရေပင်လယ်ဂြိုလ်တွင် ဆင်းသက်ခဲ့သော စုံစမ်းစစ်ဆေးသူဖြစ်ပြီး ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်မှ နိုင်ငံသားဖြစ်သောကြောင့် ဗီဇပြောင်းလဲခြင်းဘေးအကြောင်း အရိပ်အမြွက် ပြောပြနိုင်သည်။

"မင်းကို ငါပြောစရာရှိတယ်၊ မင်း အစီရင်ခံစာထဲမှာ ထည့်ထားနိုင်မယ်လို့ ငါမျှော်လင့်တယ်။"

"မင်း ဘာမှ မပြောခင် စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်အနေနဲ့ ငါ့အလုပ်ကို လေးစားတယ်၊ ဒါကြောင့် သတင်းအတုတွေ ရေးဖို့ ငါ့ကို လာမပြောနဲ့" လို့ ကားလော့ဒ်က စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ ပြောလိုက်သည်။

မင်းရဲ့ အလုပ်ကို လေးစားရင် ဝက်တွေလည်း ပျံနိုင်တယ်။

ဟန်ရှောင်းမှာ တစ်စက္ကန့်မျှ စကားမပြောနိုင် ဖြစ်သွားပြီးနောက် လေးနက်သောလေသံဖြင့် ဆက်ပြောသည်။ "ရေပင်လယ်ဂြိုလ်ဟာ အခု အရိပ်အငွေ့တွေ ဖုံးလွှမ်းနေပြီ။ ဂြိုလ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းနိုင်တဲ့ ကပ်ဘေးတစ်ခု ရှိမယ်လို့ ငါယုံကြည်တယ်။ ဒီအချက်ကို မင်းရဲ့ အစီရင်ခံစာမှာ အလေးအနက်ထားနိုင်မယ်လို့ မျှော်လင့်ပြီး ဌာနက ရေပင်လယ်ဂြိုလ်ကို စုံစမ်းဖို့ အစီအစဉ်ရှိရင်၊ ထပ်မံ၍ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာဖွေကြပါရန် ငါအကြံပြုချင်တယ်။"

ကားလော့ဒ်က သိပ်ဂရုမစိုက်သော်လည်း "အစီရင်ခံစာထဲမှာ ကျွန်တော်ထည့်ပါ့မယ်"

ဟန်ရှောင်းသည် ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ် စတင်ခြင်း ရှိမရှိ မသေချာပေ။ အကြောင်းရင်းကို ရှာရလွယ်ရင် ဗားရှင်းတစ်ခုလုံးကို လှုပ်ခတ်သွားစေမယ့် ဘေးအန္တရာယ်တစ်ခု ဖြစ်လာမှာ မဟုတ်ပေ။ သူ့အကြံပြုချက်ကို ဂိုဒိုရာစုံစမ်းစစ်ဆေးရေးဌာနက နားထောင်ရမယ့် ဖြစ်နိုင်ခြေက ရယ်စရာကောင်းလောက်အောင် နည်းပါးလွန်းသော်လည်း ဟန်ရှောင်း၏ ရည်ရွယ်ချက်က ဂိုဒိုရာကို သဲလွန်စတချို့ ရှာတွေ့ဖို့ မဟုတ်ချေ။ ဤလုပ်ဆောင်ချက်သည် အနာဂတ်ပြဿနာများကို တားဆီးရန်ဖြစ်သည်။

အကယ်၍ ရေပင်လယ်ဂြိုလ်တွင် ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်ဖြစ်ခဲ့ပါက ဂိုဒိုရာသည် ဤအစီရင်ခံစာကို မှတ်မိမည်ဖြစ်ပြီး၊ သူသည် ဂိုဒိုရာနှင့် သင့်လျော်သောဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ကားလော့ဒ်သည် ဆက်သွယ်ရေးကို လွယ်ကူချောမွေ့စေမည့် အလယ်လူတစ်ဦးဖြစ်သည်။

"ကောင်းပြီ၊ ဒါပဲ။ မင်းအခုသွားလို့ရပြီ။ ငါတို့ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်။" ထို့နောက် ဟန်ရှောင်းက ရုတ်တရက် "မင်းရဲ့ ပထမဆုံးခြေလှမ်းကို ဘယ်ခြေနဲ့လှမ်းဖို့ သတိရပါ"

"ဟမ်?"

ကားလော့ဒ်သည် အလွန်စိတ်ရှုပ်သွားသည်။ နှုတ်ဆက်ရင်း လက်ပြနှုတ်ဆက်သည်။ အတွေးတစ်ခုရပြီးနောက် ညာဘက်ခြေထောက်ဖြင့် စလှမ်းကာ အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားသည်။

"ဟီးဟီး၊ သူက အရမ်းနာခံတယ်" ဟန်ရှောင်းက ပြုံးပြီး ရေရွတ်လိုက်သည်။

ကားလော့ဒ်နှင့် နှုတ်ဆက်ပြီးနောက် ဟန်ရှောင်းသည် သင့်လျော်သောစီးပွားရေးကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသည်။

ဂျူဘာလီ အာကာသစခန်းတွင် အခွင့်အရေးများစွာ ရရှိခဲ့ပြီး ဟန်ရှောင်းမှာ အများစုကို မှတ်မိနေသေးသည်။ သို့သော် အရေးတကြီးဆုံးကိစ္စမှာ အနားယူရန်နေရာငှားပြီး ထောက်ပံ့ရေးသေတ္တာများကို သိမ်းဆည်းရန်ဖြစ်သည်။ သူသည် ဂျူဘာလီ အာကာသစခန်းတွင် အချိန်အတော်အတန်ကြာအောင် နေရမည်ဖြစ်သောကြောင့် အခန်းတစ်ခု ရရန် လိုအပ်၏။ ထိုအခါမှသာ ကစားသမားများက တွေ့ဆုံရမည့်နေရာကို သိနိုင်မည်ဖြစ်သည်။ ထို့အပြင်၊ အနားယူခန်းကို ကစားသမားများ အော့ဖ်လိုင်းနှင့် ချိတ်ဆက်ရန်အမှတ်အဖြစ် သတ်မှတ်နိုင်သည်။

အနားယူခန်းအတွက် မှတ်ပုံတင်ရုံးသည် ဗဟိုမျှော်စင်ဖြူတွင် တည်ရှိသည်။ ဟန်ရှောင်းနှင့် အခြားသူများသည် အများပြည်သူသုံး ပျံသန်းနိုင်သော ကိရိယာငယ်တစ်ခုပေါ် ခုန်တက်ကာ လိုရာခရီးကို ရောက်ရှိလာကြ၏။

ပျံသန်းသည့် ကိရိယာကို လမ်းလျှောက်ခြင်းအတွက် အစားထိုး အသုံးပြုသည်။ ၎င်းသည် အသုံးပြုရလွယ်ကူပြီး ဒီဇိုင်းသည် UFO အသေးစားနှင့် ဆင်တူသည်။ အောက်ခြေတွင် ဆွဲငင်အားဆန့်ကျင်သည့် ကိရိယာဖြစ်သည့် အပေါက်လေးပေါက်ပါရှိပြီး နက်ပြာရောင်အလင်းတန်းကို ထုတ်လွှတ်သည်။ ဟန်ရှောင်းသည် ဤအရာကို အသုံးပြုဖူးသော်လည်း၊ ပြင်ပကမ္ဘာကို စူးစမ်းလေ့လာနေသည့် ကလေးငယ်များကဲ့သို့ဖြစ်နေသည့် ကစားသမားများအတွက် အသစ်အဆန်းနှင့် စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်သည်။

အထပ်မြင့်မျှော်စင်၏ တတိယအဆင့်မှာ မှတ်ပုံတင်ရုံးဖြစ်သည်။ လူအများအပြား တန်းစီနေပြီး ဟန်ရှောင်းလည်း ပါဝင်လာသည်။ လူတန်းကြီးနှင့်အတူ သူသည် တဖြည်းဖြည်းချင်း ရှေ့သို့ တိုးလာသည်။

နာရီဝက်အကြာတွင် ဟန်ရှောင်းသည် လူတစ်စု ကြားဖြတ်တန်းစီကာ ဗီအိုင်ပီချန်နယ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဗဟိုဌာနမှ ဝန်ထမ်းများသည် အဖွဲ့အား လေးစားစွာ ကြိုဆိုကြသည်။

ထိုအဖွဲ့သည် သာမာန် သံချပ်ကာနှင့်တူသည့် အဖြူရောင်စစ်စစ် ယန္တရားဝတ်စုံကို ၀တ်ဆင်ထားသည်။ သူတို့၏ ရင်ဘတ်တစ်ခုစီတွင် မတူညီသောအရောင်များရှိသည့် ဇောက်ထိုးတြိဂံတစ်ခုရှိသည်။ တြိဂံ၏ ထောင့်သုံးထောင့်မှ ပါးလွှာသောပိုက်သုံးခု ရှည်ထွက်နေသည်။ နှစ်ခုမှာ ပခုံးတစ်ဖက်စီကို ဖြတ်သွားကာ အခြားပိုက်တစ်ခုသည် ပေါင်ခြံကို ဖုံးအုပ်ထားသည်။ ထို့နောက် မျဉ်းသုံးကြောင်းက ဝတ်စုံ၏နောက်ဘက်တွင် ဖြတ်သွားကာ ဆုံမှတ်သည် တြိဂံနောက်ဘက် တည့်တည့်ဖြစ်သည်။

"သူတို့က ဘာလို့ တန်းမစီရတာလဲ" Maple Moon က စိတ်ဝင်တစား မေးသည်။

ဟန်ရှောင်းက အမှတ်တံဆိပ်ကို ပြန်အမှတ်ရပြီး "သူတို့က 'Sky Ring စကိုင်းရင်း' ကလူတွေ၊ Sky Ring Army စကိုင်းရင်းစစ်တပ်လို့လည်း ခေါ်ကြတယ်။ စစ်တပ်ထဲမှာ အဖွဲ့ဝင်သောင်းနဲ့ချီရှိပါတယ်။ ဒီအဖွဲ့အစည်းက ဂျီလော့ခ် ကြယ်စုတန်းက လာကြပြီး၊ ဘယ်လူမှုအဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ဘူး။ သူတို့က ကွဲအက်ကြယ်စင်ကွင်းမှာ ကျော်ကြားတဲ့ လွတ်လပ်တဲ့ ကြေးစားစစ်သားတွေ။ သူတို့ကို ကိုယ်ရံတော်တွေ၊ စစ်သားတွေ၊ စူးစမ်းရှာဖွေသူတွေနဲ့ ဒါရိုက်တာတွေအဖြစ် ခန့်အပ်ထားကြတယ်။ သူတို့က စစ်ပွဲတွေမှာ တိုက်ပွဲဝင်ဖို့တောင် အလုပ်တွေကို ရယူကြတယ်။ သူတို့ဆီမှာ ကျော်ကြားတဲ့ နာမည်ကောင်းရှိတယ်။ ဒါကြောင့် သူတို့က ဗီအိုင်ပီအဖြစ် ဂရုစိုက်မှုကို ခံယူနိုင်ကြတယ်။"

ဂျီလော့ခ်နှင့် ကောလ်တန် ကြယ်စုတန်း များသည် ကွဲအက်ကြယ်စင်ကွင်း အတွင်းရှိ အိမ်နီးချင်း ကြယ်စုတန်းများ ဖြစ်ကြသည်။ ‘စကိုင်းရင်း’ အဖွဲ့ဝင်များသည် ကောလ်တန်တွင် မစ်ရှင်အချို့ ရနိုင်ဖွယ်ရှိသည်။ အခြား ကြယ်စုတန်းမှ တောင်းဆိုမှုများ ရရှိသောကြောင့် ‘စကိုင်းရင်း’အတွက် စျေးကွက်သည် အလွန်ကြီးမားကြောင်း ပြသနေသည်။

‘စကိုင်းရင်း’သည် ကြီးမားသော နာမည်ကို ဖန်တီးထားသောကြောင့် အဖွဲ့ဝင်များသည် ကွဲအက်ကြယ်စင်ကွင်းတစ်ခွင်တွင် အကျိုးကျေးဇူးများစွာ ရရှိကြသည်။ စကြာဝဠာကြီးတွင် ဂုဏ်သိက္ခာရှိခြင်းသည် အရေးကြီးသောအချက်ဖြစ်ပြီး၊ ကျန်ခရီးသည်များသည် သူတို့၏အလှည့်ကို စောင့်ဆိုင်းရင်း တန်းစီကာ သမ်းဝေနေကြစဉ်တွင် တစ်ဦးတစ်ယောက်သည် နာမည်ကြီးပါက ဗီအိုင်ပီချန်နယ်ကို လွယ်ကူစွာ ဖြတ်သန်းနိုင်ကြောင်း ပြသနေသည်။

ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်တွင် အလားတူ အထူးဂရုစိုက်မှု ခံယူထားကြောင်း သတိရမိသည်။ အခုတော့ စကြဝဠာကြီးထဲမှာ အောက်ခြေကနေ အရာအားလုံးကို သူတည်ဆောက်ရမည်။ သို့သော်၊ ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်တွင် ရရှိသော အကျိုးကျေးဇူးများကို လက်လွတ်မခံပေ။ ဟန်ရှောင်းသည် သူ၏ဗီဇထဲတွင် စွန့်စားလိုသော စရိုက်တစ်ခုရှိသည်။ လူတစ်ဦးတစ်ယောက်၏ သက်တောင့်သက်သာရှိသော ရပ်ဝန်းကို ဘယ်တော့မှ မထွက်ခွါနိုင်ပါက၊ ထိုလူသည် တူညီသော အနေအထားတွင်သာ ရှိနေမည်ဖြစ်ပြီး ဘယ်တော့မှ တိုးတက်မည်မဟုတ်ပေ။

ထာဝရကာလတစ်ခုလို ခံစားချက်ကို တန်းစီစောင့်ဆိုင်းပြီးနောက်၊ နောက်ဆုံးတွင် ဟန်ရှောင်း၏ အလှည့်ဖြစ်သည်။ အခန်းမျိုးစုံရှိပြီး ဟန်ရှောင်းမှာ ပိုက်ဆံရှိတုန်းဖြစ်၍ သိုလှောင်ခန်းပါသည့် အလယ်အလတ်အဆင့် အနားယူခန်းကို ငှားလိုက်၏။ အခန်းသည် လူတစ်ဒါဇင်နှင့် ဝင်ဆန့်ကာ လုံလောက်စွာ ကျယ်ဝန်းပြီး တစ်လလျှင် ၄၀ အီနက်စ်သာ ကုန်ကျသည်။

အနားယူခန်းသည် အနီးနားရှိ အဆောက်အအုံတစ်ခုတွင် တည်ရှိသည်။ ဟန်ရှောင်းသည် တံခါးနံပါတ်ကို ကြည့်လိုက်ပြီး အခန်းရှေ့တံခါးကို အမြန်ရှာတွေ့သွားသည်။ သူ့ခွင့်ပြုချက်ဖြင့် သော့ကိုဖွင့်လိုက်ရာ သတ္တုအကြီးစားတံခါးက လျှောခနဲပွင့်သွားပြီး အခန်းအတွင်းပိုင်းကို ပေါ်လွင်လာသည်။ အခန်းက ရိုးရှင်းပြီး နေရာက ကျယ်ဝန်း၏။

လူတိုင်း အခန်းထဲသို့ ပြေးဝင်ကာ ကုန်ပစ္စည်းသေတ္တာများကို ဂိုဒေါင်ထဲသို့ တွန်းထည့်ကြသည်။ ဟန်ရှောင်းက ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးလိုက်ပြီး အားလုံးက သူ့ကို ကြည့်နေကြ၏။ ထို့နောက် သူက "ငါတို့ ဂျူဘာလီ အာကာသစခန်းမှာ ခဏနေမယ်။ အခုအတွက်တော့ ဒီနေရာက ငါတို့ရဲ့ အခြေစိုက်စခန်းဖြစ်လိမ့်မယ်။ ကမ္ဘာဂြိုဟ်ကနေ ထွက်ခွာလာတာ ပထမဆုံးအကြိမ်ဆိုတော့ ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ်ယူပါ။"

ကမ္ဘာသစ်တွင် သူတို့မှာ ရှုပ်ထွေးမှုများ ရှိနေဆဲဖြစ်သောကြောင့် မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။

"ရှင်က ဘာလို့ ဒီအရာတွေ အကုန်သိနေတာလဲ" Maple Moon က မေးသည်။ "ရှင်လည်း ဂြိုလ်ပေါ်က ထွက်လာတာ ဒါပထမဆုံးပဲ မဟုတ်လား"

ရေပင်လယ်ဂြိုလ်တွင် ဟန်ရှောင်းလုပ်ခဲ့သည့်အရာများသည် ဟန်ရှောင်းသည် ဒေသခံတစ်ဦးဖြစ်သောကြောင့် ကစားသမားများအား အထင်ကြီးစေခဲ့သည်။ သို့သော် စကြဝဠာထဲသို့ လှမ်းဝင်လာပြီးနောက်၊ ဟန်ရှောင်းသည် သူ့အိမ်ကဲ့သို့ ပြုမူနေသည်။ Maple Moon ကလွဲရင် ဘယ်သူမှ ဒါကို သတိမထားမိကြပေ။

ဟန်ရှောင်း ခဏလောက်စဉ်းစားပြီး "အနာဂတ်ကို ငါမြင်နိုင်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါက ပထမဆုံးအကြိမ် ခန္ဓာကိုယ်နဲ့ အာကာသထဲကို ခရီးထွက်တာဆိုပေမယ့် အဝေးက အရာတွေကို ငါမြင်နိုင်တယ်။ ပိုအရေးကြီးတာက ငါ့မှာ ဒါရှိတယ်။"

ဟန်ရှောင်းက သူရဲ့ ဆက်သွယ်ရေးစက်ကို ထုတ်လိုက်သည်။

Maple Moon သည် မိုက်မဲသောမေးခွန်းတစ်ခုကို မေးလိုက်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူမ စူပုတ်ပုတ်နှင့် ဝမ်းနည်းသွား၏။

ဟန်ရှောင်းသည် ဂျူဘာလီ အာကာသစခန်းရှိ စည်းမျဉ်းများအားလုံး ပါဝင်သော စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ "စည်းမျဥ်းစည်းကမ်းတွေကို အရင်ဖတ်ပါ။ စည်းမျဥ်းစည်းကမ်းကို မချိုးဖောက်ပါနဲ့၊ ဒါမှမဟုတ်ရင် မင်းကို လုံခြုံရေးအဖွဲ့က ဖမ်းသွားလိမ့်မယ်။ ငါအရင်လုပ်စရာရှိသေးတယ်၊ မင်းတို့အားလုံး ဒီမှာပဲနေပြီး အခန်းထဲက မထွက်ကြပါနဲ့။"

ဂျူဘာလီ အာကာသစခန်းတွင် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို လွယ်ကူချောမွေ့စေရန် လုံခြုံရေးအဖွဲ့တစ်ခု ရှိသည်။ ရာဇ၀တ်မှုကျူးလွန်သူအား သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား ချက်ခြင်းဖမ်းမည်ဖြစ်သည်။ ကစားသမားများ အားလုံးစုပြီး စည်းမျဥ်းစည်းကမ်းတွေကို ဖတ်နေကြ၏။

ဟန်ရှောင်းတစ်ယောက်တည်း အနားယူခန်းကနေ ထွက်သွားပြီး ငွေလဲစင်တာကို သွားလိုက်သည်။ ကျန်သေးသောငွေဖြင့် အဆင့်မြှင့်တင်မှုဆိုင်ရာ အသိပညာအချို့ကို ပထမဆုံး သူဝယ်ယူရလိမ့်မည်။

ငွေလဲစင်တာကို ထိန်းချုပ်မှုမျက်နှာပြင်ပါသည့် အခန်းငယ်များအဖြစ် ခွဲခြားထားသည်။ ဟန်ရှောင်းသည် အခန်းထဲသို့ ၀င်ပြီး အရောင်းစာရင်းကို ဖွင့်လိုက်သည်။ မရေမတွက်နိုင်သော အရာများ မျက်နှာပြင် ပြည့်သွားသည်။ အမည်၊ မိတ်ဆက်၊ စျေးနှုန်း၊ ရောင်းချသူနှင့် ပေးပို့ချိန်တို့နှင့်အတူ၊ အင်တာဖေ့စ်သည် အွန်လိုင်းစျေးဝယ်ခြင်း ဝဘ်ဆိုက်များနှင့် အလွန်ဆင်တူ၏။

ဒေသတွင်းအွန်လိုင်းငွေလဲစင်တာသည် ကြယ်ပွင့်ဧရိယာတွင် ရောင်းချသည့်ပစ္စည်းများအားလုံးကို စုစည်းထားသည်။ ရောင်းသူများသည် သူတို့ရောင်းလိုသောပစ္စည်းများကို ပို့စ်တင်လိုက်ရုံသာဖြစ်ပြီး ရွေးချယ်စရာအမျိုးမျိုးသည် ဝယ်သူများအတွက် ပိုမိုအဆင်ပြေစေသည်။ ပစ္စည်းများအားလုံးကို စိစစ်ပြီးဖြစ်သောကြောင့် တစ်ယောက်ယောက်က အတုဝယ်ယူမိရန် မဖြစ်နိုင်ပေ။

ဟန်ရှောင်းသည် ယန္တရားပညာရှင် စူပါ အသိပညာကို တိုက်ရိုက်ရွေးချယ်လိုက်သည်။ ကောလ်တန် ကြယ်စုတန်း သည် အသိပညာအတွက် ရောင်းသူအများအပြား မရှိခဲ့သလို အစုံအလင်ပါရှိသည့် အသိပညာလည်းမရှိပေ။ ကိုင်းခွဲသုံးခုအတွက် အသိပညာ စုစုပေါင်း ဆယ့်ငါးခုရှိပြီး ရှစ်ခုသာ ရောင်းချထားသည်။ ပစ္စည်းအားလုံး၏ စျေးနှုန်းသည် အီနက်စ် တစ်သောင်းကျော်ဖြစ်သည်။ [အဆင့်မြင့် ယန္တရားစွမ်းအား] နှင့် [အဆင့်မြင့် စွမ်းအင်သီအိုရီ] ကဲ့သို့သော အသိပညာများကို အီနက်စ် ငါးသောင်းအထိ ရောင်းချနေသည်။

အသိပညာက ဤမျှစျေးကြီးရသည့် အကြောင်းအရင်းမှာ အဓိကအဖွဲ့အစည်းများသည် သတင်းအချက်အလတ်များကို မျှဝေစရာမလိုဘဲ လူများကလည်း စခန်းများနှင့် ဆက်ဆံရေး မတည်ဆောက်ချင်ကြတာကြောင့် အသိပညာဝယ်ယူရန် ငွေကြေးအမြောက်အများ သုံးစွဲကြခြင်းကြောင့် ဖြစ်နိုင်သည်။

သို့သော်၊ ဤအရာသည် ဟန်ရှောင်းအတွက် ပြဿနာမဟုတ်ပေ။ သူသည် အတန်းအစား မြှင့်တင်မှုဆိုင်ရာ အသိပညာ မိတ္တူအနည်းငယ်ကို ဖန်တီးနိုင်ပြီး ၎င်းကို ကစားသမားများထံ ရောင်းချနိုင်သောကြောင့် သူသည် အလွယ်တကူ ငွေပြန်ရနိုင်သည်။ ကစားသမားများ သူ့ဆီက အသိပညာ ဝယ်ယူစေရန် စျေးနှုန်းက နည်းနည်းတော့ သက်သာရလိမ့်မည်၊ သို့သော်လည်း ဤအရာက သူနဲ့ ကစားသမားတွေကြားက ပိုကောင်းတဲ့ နှောင်ကြိုးကို တည်ဆောက်နိုင်သလို ပိုကောင်းတဲ့ အကျိုးအမြတ်တွေလည်း ရရှိနိုင်၏။

ကံမကောင်းစွာဖြင့်၊ ၎င်းသည် အိပ်မက်တစ်ခုမျှသာဖြစ်သည်။ သူကြုံတွေ့နေရသော ကန့်သတ်ချက်မှာ စျေးကွက်ဝယ်လိုအားဖြစ်ပြီး ဟန်ရှောင်းအတွက် ကစားသမားများသည် သူ့တွင်ရှိသော တစ်ခုတည်းသောစျေးကွက်ဖြစ်သည်။ သို့သော် ကစားသမားတစ်ဦးစီတွင် ၁,၅၀၀ အီနက်စ်သာ ရှိသောကြောင့် ထိုအကြံဉာဏ်ကို ဘေးဖယ်ထားလိုက်ရသည်။ သူ့မှာ ပိုက်ဆံအများကြီးမရှိပေမယ့် ဟန်ရှောင်းက အသိပညာတွေကို ကစားသမားတွေကို ဘယ်တော့မှ လေလံတင်မှာ မဟုတ်ပေ။ ကစားသမားများအား ဤအသိပညာကို အလွယ်တကူရစေရန်မှာ ဟန်ရှောင်း၏အမြင်နှင့် မကိုက်ညီပေ။

ဒါကြောင့် သူ့ကိုယ်သူ ချမ်းသာအောင် လုပ်ဖို့သာမက ကစားသမားများကိုလည်း ချမ်းသာအောင် လုပ်ရမည်။ သူသည် သေးငယ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ကာ လူတိုင်းကို ပိုမိုကောင်းမွန်သော ဘဝရရှိအောင် ပြုစုပျိုးထောင်ရန် လိုအပ်သည်။

စာရင်းကိုရှာဖွေပြီးနောက်၊ သူသည် အသုံးသိပ်မဝင်သော အတန်းအစား မြှင့်တင်မှုဆိုင်ရာ အသိပညာကို ဝယ်ယူခဲ့ရသည်။ [အဆင့်မြင့်ရေဒါနည်းပညာ] သည် ၁၁,၀၀၀ အီနက်စ် ဖြစ်သည်။ အသိပညာသည် ဓာတ်ရောင်ခြည်၊ လှိုင်းများနှင့် အလင်းတန်းများကဲ့သို့သော နည်းလမ်းများကို အသုံးပြု၍ စစ်ဆေးခြင်းနှင့် ထောက်လှမ်းခြင်းအပေါ် အာရုံစိုက်ထားသည့် စွယ်စုံသုံး အသိပညာဖြစ်သည်။

အနည်းဆုံးတော့ ဘာမှမဟုတ်တာထက် ပိုကောင်းပါတယ်။ ဟန်ရှောင်းက သက်ပြင်းချပြီး ငွေပေးချေမှုကို အတည်ပြုလိုက်၏။ သူသည် ကိုယ်ရေးကိုယ်တာ ဆက်သွယ်ရေးစက်ကို ချိတ်ဆက်ပြီး အချက်အလက်ကို အင်တာဖေ့စ်သို့ တင်လိုက်သည်။ ကိုယ်ရေးကိုယ်တာအကောင့် လက်ကျန်ငွေများ စတင်လည်ပတ်လာပြီး မကြာမီတွင် လက်ကျန်ငွေ နှစ်ထောင် အီနက်စ် သာ ကျန်တော့သည်။

ဟန်ရှောင်းက သူ့မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျနေသလို ခံစားလိုက်ရသည်။

ပြန်လာပြီ!

အားလုံး ပြန်လာပြီ!

ဒီခံစားချက်ပဲ! ယန္တရားပညာရှင်ရဲ့ စိတ်လှုပ်ရှားမှု။

ငါပိုက်ဆံတွေ သုံးလိုက်တိုင်း ငါ့သွေးပေါင်ချိန်က တဟုန်ထိုး တက်လာတယ်။

ဆင်းရဲသားရဲ့ ပျော်ရွှင်မှု...

ချီးကို ပျော်ရွှင်မှုလား!

All Chapters