အနားယူခြင်း
Vol. 56 Ch. 780
“...”
လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အမူအရာများက ထူးဆန်း သွားကြ၏။ ထိုလူငယ်လေးက စစ်ဝိညာဥ် ၁၀၀၀၀ ကို အနိုင်ယူကာ သူတို့ အတွက် လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့သူလော။
မိန်းကလေးမှာလည်း အနည်းငယ် ဆွံ့အ သွားခဲ့၏။ သို့သော်လည်း သူမက လမ်းလျှောက်၍ အနားသို့ ရောက်ရှိလာကာ ဝေ့ဝူယင် နံဘေးတွင် ထိုင်ချလိုက်သည်။ ပြီးသည်နှင့် မတုန့်မဆိုင်းပင် မြေပြင်ပေါ် လှဲချကာ သူ့အတိုင်း လိုက်လံ လုပ်ဆောင် လိုက်တော့၏။
“ရှင် ကြိုက်သလောက် အနားယူလို့ ရပါတယ်”
မိန်းကလေးကား မျက်လုံးများကို ပိတ်ကာ အေးအေးဆေးဆေးပင် အနားယူ နေခဲ့ပြီ ဖြစ်သည်။ ကွမ်ယုမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားခဲ့၏။ သို့သော်လည်း အဆုံးသတ်တွင်တော့ သူက သက်ပြင်းတစ်ချက်သာ ချလိုက်၏။ ပြီးသည်နှင့် ဝေ့ဝူယင်၏ အခြားတစ်ဖက်သို့ သွားကာ တူညီစွာပင် လိုက်လံ လုပ်ဆောင် လိုက်တော့၏။
“...”
လျှို့ဝှက် အာဏာရှင် အဆင့်များမှာ တစ်ယောက်ကို တစ်ယောက် ကြောင်စီစီဖြင့် ကြည့်လိုက်မိကြသည်။
"ကြည့်ရတာ ပျော်ဖို့ ကောင်းတဲ့ ပုံပဲ..."
အိုမင်း ရင့်ရော်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ကွန်မန်ဒါ လူအိုကြီးမှာ တောင်ဝှေးနှင့် အတူ ကွမ်ယု ဘေးနားသို့ လျှောက်လာကာ ထိုင်ချလိုက်သည်။ ပြီးသည်နှင့် သူသည်လည်း မြေပြင်ပေါ် ကျောခင်းကာ ကောင်းကင်ကို မျက်နှာမူ၍ အိပ်စက် လိုက်တော့၏။
“...”
လက်ကျန် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။ ထိုအရာက မည်ကဲ့သို့ အခြေအနေမျိုးနည်း။
“ခစ်... ခစ်...”
ရယ်မောသံ ခပ်သဲ့သဲ့နှင့် အတူ ချောမောသည့် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်မှာ မိန်းကလေး ဘေးနားသို့ လျှောက်သွားကာ အလားတူပင် လိုက်လံ ပြုလုပ်လိုက်၏။ ဒိုမီနို အကျိုးသက်ရောက်မှု တစ်ခုအလား မကြာခင်မှာပင် ရှိရှိသမျှ လျှို့ဝှက် အာဏာရှင် အဆင့်များ အားလုံးမှာ ဘာမှန်း မသိရပဲ အိပ်စက် အနားယူရန် နေရာများကို ကိုယ်စီ ရှာဖွေ လိုက်ကြတော့သည်။
“...”
အဝေးမှ ကြည့်နေကြသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။ အဘယ်ကြောင့် ထိုလူအားလုံးက မြေကြီးပေါ် လှဲအိပ်နေကြသနည်း။ ထိုအရာက ယောဂ ကျင့်စဥ် တစ်ခုခုလော။
“ငါ့အထင် ပြောရရင် အဲဒါက စစ်ကျောက်တိုင်ကို လေ့လာတဲ့ နည်းလမ်း ဖြစ်မယ် ထင်တယ်”
စစ်သည်တော် တစ်ယောက်က ချင့်ချိန် တွေးတောကာ ပြောလိုက်၏။ တစ်ခဏမျှ စဥ်းစားပြီးနောက် အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။ ထိုအရာက အဓိပ္ပာယ် ရှိ၏။ မဟုတ်ပါက... လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ထိုသေမျိုးတို့မှာ အဘယ်ကြောင့် မြေကြီးပေါ် တိရစ္ဆာန်များလို လှဲနေကြလိမ့်မည်နည်း။
စိတ်လှုပ်ရှားနေသည့် စစ်သည် တစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ သူက လျှို့ဝှက် အာဏာရှင် အဆင့် ဆယ့်ခြောက်ယောက် လှဲနေသည့် နေရာနှင့် မလှမ်းမကမ်းသို့ လျှောက်သွား လိုက်ကာ သူတို့ ပုံစံအတိုင်း လိုက်လံ လှဲလိုက်သည်။
ထိုအကျိုးသက်ရောက်မှုက အလွန်ပင် ကြီးမားလှကာ စက္ကန့်ပိုင်း အတွင်းမှာပင် အခြားလူများမှာလည်း အလားတူ လိုက်လံ လုပ်ဆောင် လာကြ၏။ သုံးမိနစ်မျှ အတောအတွင်းမှာပင် ဆက်စပ်မှု စစ်မြေပြင်တွင် ရှိသမျှ စစ်သည်တော်နှင့် ကွန်မန်ဒါ အားလုံးမှာ မြေပြင်ပေါ် ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ အသက်ရှူသံများက သိမ်မွေ့နေကာ မျက်လုံးများကို မှိတ်ထားလျှက် ကောင်းကင်၏ လျှို့ဝှက်ချက်များကို နားလည်ရန် ကြိုးပမ်း နေကြသည့်ပုံ ရ၏။
ဝေ့ဝူယင်ကတော့ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူ့အတွက်တော့ ဆယ်စုနှစ် တစ်ခု အတွင်း သက်တောင့်သက်သာ အရှိဆုံး၊ အငြိမ်းချမ်းဆုံးသော အနားယူ အိပ်စက်မှုလည်း ဖြစ်ခဲ့ပေသည်။
...
ဆက်စပ်မှု စစ်မြေပြင် တစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။ စစ်ပွဲ၏ စစ်သည်တော်များနှင့် ကွန်မန်ဒါ အားလုံးမှာ စစ်ကျောက်တိုင် ပတ်ပတ်လည် မြေပြင်ထက်၌ ကျောခင်းကာ စည်းစည်းလုံးလုံးပင် အနားယူ နေခဲ့ကြပေသည်။ အကယ်၍ ထိုအကြောင်းကို အပြင်လူ တစ်ယောက်သာ သိသွားပါက ရယ်ရခက်၊ ငိုရခက် ဖြစ်သွားမှာ သေချာပေသည်။
ဆယ်မိနစ်ခန့ ကြာမြင့်ပြီးနောက်...
“...”
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က ခေါင်းထောင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ သို့သော်လည်း သူတွေ့လိုက်ရသမျှက မျက်လုံးများကို မှိတ်ကာ လှဲနေကြသည့် လူများသာ ဖြစ်သည်။
သူ့ မျက်လုံးများထဲ၌ ရှုပ်ထွေးသည့် အရိပ်အငွေ့ အချို့ ပေါ်လာသော်လည်း အံကို တင်းတင်းကြိတ်ကာ မြေပြင်ပေါ် ပြန်လှဲလိုက်သည်။ ပြီးသည်နှင့် သူက သံသယ အားလုံးကို ဖျောက်ဖျက်ပစ်ကာ ဘာမှန်း မသိရသည့် တစ်စုံတစ်ရာကို နားလည်ရန် နောက်တစ်ကြိမ် ကြိုးပမ်း လိုက်တော့၏။
ဆက်စပ်မှု စစ်မြေပြင်ထက်၌ ပြီးပြည့်စုံသည့် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်နေ၏။ အားလုံးက မျက်လုံးများကို မှိတ်ထားကာ ကောင်းကင်ကို အပြည့်အဝ အာရုံစိုက် နေကြပေသည်။ ယခုလို အခွင့်အရေးမျိုးကို သူတို့ အဘယ်ကြောင့် ဆုံးရှုံးခံရမည်နည်း။
များမကြာခင်မှာပင် အချို့မှာ ထူးဆန်းသော အခြေအနေကြောင့် စတင်ကာ အိပ်ပျော် သွားကြ၏။ သို့သော်လည်း...သူတို့ အားလုံးမှာ သန်မာသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ ဖြစ်ကြလေရာ တစ်ဝက်တစ်ပျက် အသိစိတ်တော့ ရှိနေကြဆဲ ဖြစ်သည်။
အချို့က စတင်၍ပင် ဟောက်လာကြလေရာ များစွာသော ကျင့်ကြံသူများမှာ စိတ်ကို တည်ငြိမ်စေရန် ပိုမို၍ ကြိုးပမ်း လာကြရသည်။ ထိုအရူးများကို သူတို့ စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲ လိုက်မိကြ၏။ ဤသည်က တစ်သက်မှာ တစ်ခါ ရခဲသည့် အခွင့်အရေးမျိုး ဆိုတာ သူတို့ မသိလေသည်လော။
မိနစ်ပေါင်း များစွာ ကြာမြင့်ပြီးနောက် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်မှာ သူ့ကျင့်စဥ်တွင် ထိုးထွင်း သိမြင်သည့် ဉာဏ်အလင်း အချို့ ရရှိလိုက်၏။ တစ်လျှောက်လုံး၌ ထိုကဲ့သို့ မြန်မြန်ဆန်ဆန် တိုးတက်ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးလေရာ သူ အလွန်အမင်း စိတ်လှုပ်ရှား သွားခဲ့သည်။
အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့ရသည်က သူ တစ်ယောက်တည်း မဟုတ်ပါချေ။ ဘာမှန်း မသိရသည့် အခြေအနေ အပေါ် မျက်ကန်း ယုံကြည်မှုက ဆန်းကြယ်စွာပင် အပေါင်း လက္ခဏာဆောင်သည့် အကျိုး သက်ရောက်မှုများကို ဆောင်ကျဥ်း လာခဲ့၏။ များစွာသော လူများမှာ ကျင့်စဥ်၊ အစီအရင်နှင့် နည်းလမ်းတို့ အပေါ်တွင် ထိုးထွင်း သိမြင်မှုများ ရရှိလာခဲ့၏။ အချို့ဆိုလျှင် ရည်ရွယ်ချက်များကိုပင် နိုးထလာနိုင်ခဲ့သည်။
ထိုကဲ့သို့သော အောင်မြင်မှုများကပင် အခြားလူများကို အံ့ဖွယ် အခွင့်အရေး တစ်ရပ် ရှိကြောင်း ပိုမို သေချာ စေခဲ့၏။ သူတို့က ပိုမို၍ပင် အနားယူရန် ကြိုးပမ်း လာခဲ့ကြလေသည်။
ထိုကဲ့သို့သော အခိုက်အတန့်က ရှစ်နာရီ တိတိ ကြာမြင့်ခဲ့လေ၏။
“ဝါး..”
ဝေ့ဝူယင်မှာ သမ်းဝေရင်း နိုးလာခဲ့၏။ သူက လက်တစ်ဖက်ဖြင့် ဘေးဘီကို စမ်းကြည့်လိုက်ရာ ပျော့စိစိ တစ်ခုကို ကိုင်လိုက်မိသည်။ ထိုအရာက အနည်းငယ် နွေးထွေးကာ သူ့လက်ထဲ၌ ရင်းနှီးနေသလို ခံစားလိုက်ရ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ထိုပျော့စိစိ အရာက မာလာကာ သူ့လက်ထဲတွင် တဖြည်းဖြည်း ကြီးလာခဲ့သည်။
ဒါက...
ဝေ့ဝူယင် ထိတ်လန့်တကြား အမူအရာဖြင့် လက်ကို ပြန်ရုတ်လိုက်ကာ အံမခန်း အရှိန်နှုန်းဖြင့် ထထိုင်လိုက်သည်။ သူ၏ အမူအရာက မည်းမှောင်ကာ အလွန် အကျည်းတန်နေသည်။
ထိုအရာက ယောက်ျားတစ်ယောက်၏ လိင်အင်္ဂါပင်။ ထို့အပြင် ၎င်းက သူ့လက်ထဲ၌ နိုးလာခဲ့သေးသည်။ ဝေ့ဝူယင် ကြက်သီးများပင် ထသွားကာ ထိုအရပ် မျက်နှာကို ဦးတည်၍ ကန်ထုတ်ပစ်လိုက်၏။
“အား...”
ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင် ထိတ်လန့်တကြား အော်ဟစ်သံ တစ်ခုနှင့် အတူ မြေပြင်ဆီ ပြုတ်ကျသွားသည့် အသံတစ်ခုကိုပါ ဝေ့ဝူယင် ကြားလိုက်ရ၏။ ထိုအသံက အတော်လေး ရင်းနှီးပေသည်။ ကွမ်ယုမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါတော့မည်နည်း။
“မင်းကို ငါ့ဘေးနား လာအိပ်နေလို့ ဘယ်သောက်ရူးက ပြောလို့လဲ...”
ဝေ့ဝူယင် ဒေါသတကြီး တွေးလိုက်မိ၏။ ထို့နောက်.... သူ နှာခေါင်းတစ်ချက် ရှုံ့ကာ ခန္ဓာကိုယ်ကို စစ်ဆး လိုက်သည်။ ထိုအခါ ခန္ဓာကိုယ် အတွင်းရှိ ထိခိုက်မှုများ အားလုံး ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူ အိပ်ပျော်နေစဥ် အတွင်းမှာပင် ဧဒင်နှင့် အိုရီတို့မှာ ခန္ဓာကိုယ်နှင့် အသိစိတ် ပင်လယ် အတွင်းရှိ ဒဏ်ရာ အားလုံးကို ကုသခဲ့ကြပြီး ဖြစ်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့သည် ဆိုသည့်တိုင် ဝေ့ဝူယင်မှာ အသိစိတ် ကင်းလွတ်နေခဲ့သည်တော့ မဟုတ်ပါချေ။ ခရာတိုနှင့် ဘုရင်တို့မှာ သတိအပြည့်ဖြင့် နိုးကြား နေကြကာ ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို စောင့်ကြည့် နေခဲ့ကြခြင်း ဖြစ်သည်။
ကိုယ်ပိုင် အသိစိတ်နှင့် ကြယ်တာရာ ဝိညာဥ်များကို ပိုင်ဆိုင်ထားခြင်းက ဝေ့ဝူယင် အတွက်တော့ ဘုရားပေးသည့် ဆုလာဒ်ပင် ဖြစ်သည်။ သူ့အနေဖြင့် လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်သလို မည်သည့် အရာကိုမှ စိတ်ပူစရာ မလိုပဲ စိတ်ချလက်ချလည်း အနားယူနိုင်ပေသည်။ ထို့အပြင်... အိပ်စက်ခြင်းက သူ့ ဒဏ်ရာ ကုသမှုနှုန်းကို ပိုမို၍ တိုးတက် စေခဲ့သည်။
“ရှင် နိုးပြီလား...”
ဘေးနားမှ လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေး၏ အသံထွက်ပေါ်လာ၏။ ထိုအခါတွင်မှ သူ့ဘယ်ဘက်တွင် မိန်းကလေး ရှိနေကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ ဘယ်ဘက်လက် အစား ညာဘက်လက်ကို လှုပ်ရှားမိသည့် အတွက် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ကျိန်ဆဲ လိုက်မိ၏။
“ဟုတ်တယ်...”
သူက ပြန်ဖြေလိုက်သည်။ ထို့နောက် အညောင်းအညာ ဖြေရန် အတွက် ခြေလက်များကို ဆန့်တန်းရင်း ဖြည်းညင်းစွာပင် မတ်တပ် ရပ်လိုက်၏။
“စစ်ဝိညာဥ်တွေကို ခင်ဗျား စီမံ ပြီးပြီလား...”
"ပြီးသွားပါပြီ...”
အသက်အရွယ် ကြီးရင့်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားကာ မိန်းကလေးကို လှည့်ကြည့်လိုက်သည်။ သူ အိပ်ပျော်နေစဥ် အတွင်း တစ်စုံတစ်ရာ ဖြစ်ပျက် သွားခဲ့သည်လား။
“ခင်ဗျားတို့ ကျုပ် အနားယူနေတာကို ကြည့်နေတာလား...”
သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်ကို တိုက်ရိုက် ဝန်မခံခဲ့ပါချေ။
“ကြည့်နေတာ မဟုတ်ဘူး... အကုန်လုံး ရှင်နဲ့ ပူးပေါင်းခဲ့ကြတာ...”
မိန်းကလေးက အဖြေပေးလိုက်၏။
ဝေ့ဝူယင် လျှင်မြန်စွာပင် ခရာတို၊ ဘုရင်တို့နှင့် ဆက်သွယ်လိုက်၏။ တစ်စုံတစ်ယောက် ချဥ်းကပ်လာပါက အသိပေးဖို့ သူတို့ကို မှာကြားထားခဲ့သည် မဟုတ်ပါလား။
တစ်ခဏ ကြာပြီးနောက်... သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကြယ်တာရာ ဝိညာဥ် နှစ်ခု၏ အဆိုအရ ဆိုလျှင် လျှို့ဝှက်အာဏာရှင် အဆင့် အတော်များများမှာ သူ့နံဘေး ပတ်လည်တွင် ရှိနေကြပေသည်။ သို့သော်လည်း... သူတို့နှင့် ပတ်သက်၍ မည်သည့် အန္တရာယ်မှ မရှိချေ။
“ကျုပ်ကို ဘာလို့ ကန်တာလဲဗျ...”
ကွမ်ယုက အောင့်သက်သက်ဖြင့် မေးလိုက်၏။ ရှင်းလင်းစွာပင်... ဝေ့ဝူယင်၏ ကန်ချက်ကြောင့် သူ ဒဏ်ရာ အချို့ ရရှိသွားသည့်ပုံ ရသည်။ ဝေ့ဝူယင်၏ မျက်နှာ အမူအရာက မည်းမှောင် သွား၏။
“ခင်ဗျား တစ်ယောက်ယောက် လာအိပ်နေလိမ့်မယ်လို့ ဘယ်လိုလုပ် တွေးမိမှာလဲဗျ... ခင်ဗျား ဒါကို မေ့နေတာလား”
ဝေ့ဝူယင်က မှိတ်ထားသည့် သူ့ မျက်လုံးများကို လက်ညိုး ထိုးပြလိုက်သည်။ ကွမ်ယုက ဘာမှ ပြန်မပြောတော့ပဲ သက်ပြင်းတစ်ချက်သာ ချလိုက်၏။
အံ့ခခန်း စွမ်းဆောင်မှုများကြောင့် ဝေ့ဝူယင် မျက်စိကွယ်နေသည်ကိုပင် သူ မေ့လုလု ဖြစ်နေခဲ့သည် မဟုတ်ပါလား။
***