← Chapters

ပြန်ခြင်း

Vol. 56 Ch. 784

ပြန်ခြင်း

Vol. 56 Ch. 784

ထိုချန်ပီယံ စာရင်း၌ ထုတ်ကုန် သုံးခုသာ ရှိနေပေသည်။

...

ထုတ်ကုန်... ဥပဒေသ ကျောက်တိုင်

လဲလှယ်မှုနှုန်း... ၃၀၀၀၀၀၀

ရရှိနိုင်မှု... ချန်ပီယံ

ဖော်ပြချက်... ဉာဏ်အလင်း မူလ၊ လောကဥဿုံ ကျောက်မျက်၊ ရွှေငါး မျက်ရည်တို့ဖြင့် ထုဆစ်ထားသည့် ကျောက်တိုင် တစ်ခု..။ ၎င်းကို လေ့လာခြင်းဖြင့် ကျင့်ကြံခြင်း ဝိညာဥ်၊ ၎င်းနှင့် ဆက်စပ်နေသည့် ကျင့်ကြံခြင်း အစိတ်အပိုင်းအားလုံး ဉာဏ်အလင်း ရရှိနိုင်... အလင်းအားလုံး၏ မူလနှင့် လောကနှလုံးသားကို နားလည်ရန် အလွန်အမင်း အကျိုးရှိ။

၎င်းကို ကျင့်ကြံသူ ရှစ်ဆယ့် တစ်ယောက်သာ လေ့လာနိုင်... အပြည့်အဝ အသုံးပြု ပြီးသည်နှင့် ဥပဒေသ ကျောက်တိုင်မှာ လောကသဲများ အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းတို့ကို လျှို့ဝှက် အဆင့် ပစ္စည်းများ၊ အဆောင်များ၊ သံချပ်ကာများ ပြုလုပ်ရာ၌ အသုံးပြုနိုင်...

၃ ခုသာ ရရှိနိုင်...။

...

လောကသဲများ အကြောင်း သိရှိရပြီး နောက်တွင် ဝေ့ဝူယင် ချက်ချင်းပင် ထိုင်ချကာ ကြမ်းပြင်ရှိ သဲများ အားလုံးကို ဟင်းလင်းပြင် လက်စွပ် တစ်ခု အတွင်း စုပ်ယူ သိမ်းဆည်း ပစ်လိုက်၏။ စစ်ဝိညာဥ်က ရပ်စောင့်နေခြင်းမရှိပဲ နောက်ထပ် ထုတ်ကုန် တစ်ခု အကြောင်း ဆက်လက် ဖတ်ပြလိုက်၏။ သို့သော်လည်း ၎င်း ကြေညာ၍ မပြီးသေးခင်မှာပင် ဝေ့ဝူယင်မှာ ကြမ်းပြင်ထက်ရှိ သဲများ အားလုံးကို သိမ်းဆည်းခဲ့ပြီး ဖြစ်သည်။ တစ်မှုန်မျှပင်လျှင် မကျန်ခဲ့ချေ။

ဝေ့ဝူယင် ကျေနပ်စွာပင် ခေါင်းတစ်ချက် ညိတ်ကာ ပြန်လည် ထလိုက်၏။ ထို့နောက် ဘာမှ မဖြစ်သလိုပင် ဆက်လက် နားထောင် နေလိုက်သည်။

...

ထုတ်ကုန်... စစ်အဆောင်

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၁၀၀၀၀၀၀

ရရှိနိုင်မှု... ချန်ပီယံ

ဖော်ပြချက်... စစ်ပွဲ၏ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက် ထုဆစ်ထားသည့် အဆောင်တစ်ခု... ဆက်စပ်မှု စစ်မြေပြင်တွင် ရှုံးနိမ့်သွားသည့် စစ်ဝိညာဥ် ၁၀၀၀၀၀ ကို ဆင့်ခေါ်နိုင်... စစ်ဝိညာဥ်များနှင့် ဆက်သွယ်၍သော် လည်းကောင်း၊ ဝိညာဥ်အလင်းဖြင့် သန့်စင်၍သော်လည်းကောင်း အဆောင်ကို အဆင့် မြှင့်တင်နိုင်...။

တစ်ခုသာ ရရှိနိုင်... အဆောင်ကို ထပ်တလဲလဲ အသုံးပြုနိုင်.... ဖျက်ဆီးခြင်း ခံလိုက်ရသော စစ်ဝိညာဥ်များကို ပြန်လည် ပြန်လည် သိုမှီးနိုင်...။

...

“...”

ဝေ့ဝူယင် စိတ်လှုပ်ရှား သွားခဲ့၏။ သူ သတ်ဖြတ်ခဲ့သည့် စစ်တပ်ကြီး တစ်ခုလုံးကို ပြန်လည် ရရှိနိုင်မည်လော။ ထိုအထဲ၌ မြေကြီးရှန့်ထို တစ်ယောက်ပင် ပါဝင်နေပေသည်။ အကယ်၍ ဆက်စပ်မှု စစ်မြေပြင်၏ ကန့်သတ်ချက်များသာ မရှိပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

...

ထုတ်ကုန်... လောကတွန်းလှန် ကောင်းကင် နှလုံးသား

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၈၀၀၀၀၀၀

ရရှိနိုင်မှု... ချန်ပီယံ

ဖော်ပြချက်... ဝိညာဥ်အလင်းဖြင့် သန့်စင်နိုင်... သေခြင်းတရားနှင့် ရင်ဆိုင်ပြီးနောက် ဒုတိယ အခွင့်အရေး ရရှိနိုင်...

...

နောက်ဆုံး၌ စစ်ဝိညာဥ်၏ လေသံက အဘယ်ကြောင့် ပြောင်းလဲ သွားခဲ့ကြောင်း ဝေ့ဝူယင် နားလည် သွားခဲ့ပြီ ဖြစ်သည်။ ထိုစာရင်း၌ ရှိနေသည့် ထုတ်ကုန် တစ်ခုချင်းစီကား ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ရတနာများ ဖြစ်သည်။ လောကတွန်းလှန် ကောင်းကင်နှလုံးသားက မည်သည့် အရာကို ဆိုလိုကြောင်း မသိသည့်တိုင် စျေးနှုန်းများကို အခြေခံ၍ မည်မျှ အဖိုးတန်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။

တစ်ချိန်တည်း၌ ၎င်းတို့အတွက် ပေးချေရမည့် စျေးနှုန်းမှာလည်း အံ့မခန်း မြင့်မားလွန်းလှသည်။ စစ်ကျောက်တိုင် သုံးခုနှင့် စစ်ပွဲ အဆောင် တစ်ခု ဝယ်လျှင်ပင် သူ့တွင် ရှိရှိသမျှ ခမ်းခြောက် သွားလိမ့်မည် ဖြစ်သည်။ ကောင်းကင် စစ်ဝိညာဥ်ဆိုကိုပင် ဝယ်ယူရန် ဖြစ်နိုင်တော့မည် မဟုတ်ချေ။

စစ်ကျောက်တိုင်မှာ အလွန် ပါရမီ ထူးချွန်သည့် အင်အားစု တစ်ခုကို မွေးထုတ်ပေးနိုင်စွမ်း ရှိသည်။ စစ်ပွဲ အဆောင်ကတော့ သစ္စာရှိ စစ်တပ်တစ်ခုကို ချီးမြှင့်ပေးနိုင်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် ၁၀၀၀၀ ပါဝင်သည့် စစ်တပ်တစ်တပ်က အဇူရာ မူလ ကြယ်စင်စုတွင် သိပ်မကြီးကျယ် နိုင်သော်လည်း မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ ပြိုင်ဘက်ကင်းလုနီးပါး ဖြသည်။ လောကတွန်းလှန် ကောင်းကင်နှလုံးသားကတော့ ဒုတိယ အသက် တစ်ခု ဖြစ်ပုံရသည်။ ထိုအရာက အဖိုးမဖြတ်နိုင်အောင် တန်သည်။ နောက်ထပ် ရှင်းပြချက်များ မလိုအပ်ချေ။

“ဝယ်... ဝယ်... အကုန်ဝယ်...”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် ဝေ့ဝူယင်ကို တိုက်တွန်းလိုက်၏။

“ကလန့်...”

ဘုရင်က ထုံးစံအတိုင်း အသံပြုလိုက်၏။ သို့သော်လည်း ထိုအသံ၌ မည်သည့် ထင်မြင်ချက်မှ မပါချေ။

"စစ်ကျောက်တိုင်ကို ဘာလို့ လိုမှာလဲ...”

ဧဒင်က တည်ငြိမ်စွာပင် ဆိုလိုက်၏။ အဂ္ဂိရတ် တာအိုကို လျှောက်လှမ်းနေသည့် ကြယ်တာရာ ဝိညာဥ် တစ်ခု အနေဖြင့် စစ်ကျောက်တိုင်မှ ပေးစွမ်းနိုင်သမျှကို သူ ပေးစွမ်းနိုင်သည်။ အထူးသဖြင့် သာလွန်ခြင်း အဆင့် ထုတ်ကုန်များကို ဖော်စပ်လာနိုင်ပြီး နောက်တွင် သူ ပိုမိုကာ ယုံကြည်ချက် ရှိလာခဲ့သည်။

“ဂါး...”

ခရာတိုက ငြင်းဆန်သည့် ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ လောကတွန်းလှန် ကောင်းကင် နှလုံးသား... ထိုအရာကို ဘာလုပ်ရမည်နည်း။ အစစ်အမှန် ဟင်းလင်းပြင် နဂါးတစ်ကောင် အနေဖြင့် သူ မဝင်ရောက်နိုင်သည့် နေရာ မရှိသလို မထွက်ခွာနိုင်သည့် နေရာလည်း မရှိချေ။ ငရဲကို ရောက်သွားလျှင်ပင် ထွက်ပြေးနိုင်ရန် ယုံကြည်ချက် ရှိသည်။ သို့ဖြစ်လေရာ... သေဆုံးခြင်း ဆိုသည်က အဘယ်နည်း။ သူ့ အဘိဓာန်တွင် ထိုစကားလုံး မရှိချေ။

ဝေ့ဝူယင်မှာ ထိုအရာကို ခံစားမိရာ ဖြူရော်စွာသာ ပြုံးလိုက်မိ၏။ ကြည့်ရသည်က ခရာတို၏ ယုံကြည်ချက်ကို ကုသရန် ဧဒင်ပင်လျှင် ဆေးဖော်စပ်နိုင်လိမ့်မည် မထင်ချေ။

ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း စိတ်များကို ပြန်လည် စုစည်းလိုက်၏။

“ကျုပ် ထုတ်ကုန် တစ်ချို့ကို ဖလှယ်လို့ ရမလား...”

"ဒါပေါ့...”

စစ်ဝိညာဥ်က နူးညံ့စွာပင် အဖြေပေးလိုက်၏။

“ဒါဆိုရင် ကျုပ် နည်းနည်းလောက် လဲချင်ပါတယ်...”

...

နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက်...

“ဘယ်လောက်တောင် ဒေါသထွက်စရာ ကောင်းလိုက်လဲကွာ...”

ဝေ့ဝူယင် အလင်းတန်း တစ်ခုထဲတွင် ထိုင်ရင်း အမှောင် ဟင်းလင်းပြင်ကို အလွန် မြင့်မားသည့် အမြန်နှုန်းနှင့် ဖြတ်ကျော် နေခဲ့၏။ သူ၏ လက်ရှိ စိတ်ခံစားချက်က ဒေါသ ထွက်မှု၊ ခံပြင်းမှုတို့နှင့် ရှုပ်ထွေး ပွေလီနေသည်။ သူ စိတ်ထဲမှ ကြိတ်ကာ ဆဲနေမိ၏။

“ပြန်တယ် ဆိုတာက ဘယ်လိုမျိုးလဲ ဆိုတာ ရှင်းအောင် ပြောပြသင့်တာ...”

သူ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။

သူ့ အသိစိတ် ပင်လယ် အတွင်းတွင်တော့ ခိုဥတစ်ခုနှင့် ဆင်တူသည့် ရွှေရောင် ဥတစ်ခု ရှိနေခဲ့၏။ ၎င်း၏ မျက်နှာပြင်ထက်တွင်တော့ ငွေရောင် သင်္ကေတများ ပြည့်နှက် နေ၏။ ၎င်းတို့က စစ်ကျောက်တိုင် ထက်ရှိ သင်္ကေတများနှင့် ခပ်ဆင်ဆင် တူပေသည်။ ၎င်းကို ဧဒင်၏ ခုနစ်ရောင်ခြယ် အမြစ်များက ဝန်းရံထား၏။

ဥကလေးမှာ ရေငတ်နေသည့် ငှက်တစ်ကောင်နှင့်ပင် ဆင်ကာ သန့်စင်ထားသည့် သူ့စိတ်စွမ်းအင်များကို ဖြည်းညင်းစွာပင် စုပ်ယူ နေခဲ့ပေသည်။ ကြည့်ရသည်က စိတ်စွမ်းအင်များမှာ ၎င်းအတွက် အလွန် အရသာ ရှိသည့် ပုံပင်။

ထိုရွှေရောင် ဥကလေးက အခြားအရာ မဟုတ်...။ စစ်ဝိညာဥ် ၅၀၀၀၀၀၀ နှင့် လဲလှယ်၍ ရယူခဲ့ရသည့် ကောင်းကင် စစ်ဝိညာဥ် ဆိုသည့် အရာပင် ဖြစ်သည်။

၎င်းကို လဲလှယ်ပြီးနောက်တွင် ဝေ့ဝူယင် ထိုနေရာ၌ တစ်ခဏမျှ ထပ်နေကာ နောက်ထပ် လဲလှယ်မှု အချို့ကို ပြုလုပ်ခဲ့သည်။ စာရင်းသုံးခုစလုံးတွင် စစ်အဆောင်၊ စစ်မျိုးစေ့ စသည်ဖြင့် သူ လိုချင်သည့် အရာ များစွာ ရှိနေဆဲ ဖြစ်သည်။

ဝေ့ဝူယင် သူ့စစ်ဝိညာဥ် အများစုကို အမျိုးမျိုးသော လဲလှယ်မှုများ ပေါ်တွင် အသုံးပြုခဲ့သည်။ သို့သော်လည်း... လောကတွန်းလှန် ကောင်းကင်နှလုံးသား အပေါ်တွင်တော့ စစ်ဝိညာဥ် ရှစ်သန်း အသုံးပြုရန် သူ ငြင်းဆန်ခဲ့သည်။ ထိုစစ်ဝိညာဥ်များကို အသုံးပြု၍ သူ လိုချင်သည့် အခြား အရာများစွာကို လဲလှယ်နိုင်ပေသည်။

ပစ္စည်းများကို လဲလှယ်ပြီးနောက်တွင်... စစ်ဝိညာဥ်က သူ့ကို ပြန်ဖို့ အဆင်သင့် ဖြစ်ပြီလားဟု မေးမြန်းခဲ့သည်။ ဝေ့ဝူယင်ကလည်း ဆက်စပ်မှု စစ်မြေပြင်ကို ပြန်ရန် ဆိုလိုခြင်းဟု ယူဆကာ ခေါင်းညိတ်ခဲ့သည်။ သို့သော်လည်း လက်တွေ့ ကြုံတွေ့ရချိန်တွင်တော့ ဦးတည်နေသည့် လမ်းကြောင်းက အလင်းပြာဂြိုဟ်သာ ဖြစ်နေခဲ့သည်။

သူ့တွင် ကွမ်ယုနှင့် မိန်းကလေးတို့ကို မေးစရာ၊ မှာစရာများ ရှိနေသေးဆဲ ဖြစ်သည်။ ပြောရလျှင်... မိန်းကလေး၏ နာမည်ကိုပင် သူ ယခုထိ မသိသေးချေ။ ကံကောင်းထောက်မတာ တစ်ခုက... ကွမ်ယုကို သူ ဟင်းလင်းပြင် လက်စွပ် တစ်ခု ပေးကာ မပျောက်မပျက်အောင် ဆောင်ထားဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။ နောင်တစ်ချိန် ပိုမို ကြီးကျယ် ခမ်းနားသော ကမ္ဘာတစ်ခုသို့ လျှောက်လှမ်းရန် သူ ဆုံးဖြတ်ခဲ့ပါက ထိုအရာက လမ်းပြသဖွယ် ဖြစ်ကောင်း ဖြစ်လာနိုင်လိမ့်မည် ဖြစ်သည်။

“ထားလိုက်ပါတော့လေ...”

ဝေ့ဝူယင် စိတ်ခံစားချက်များကို ပြန်လည် တည်ငြိမ်အောင် ကြိုးပမ်းလိုက်၏။ လောကကြီးတွင် ကြိုတင် စဥ်းစားထားသည့် အရာအားလုံး ဖြစ်နိုင်လာနိုင်ဖို့က ခက်ခဲလွန်းသည်။ ဘဝက ထိုကဲ့သို့သာပင်။

***

All Chapters