← Chapters

အာကာသထဲ၌ ယှဉ်ပြိုင်ခြင်း

Vol. 48 Ch. 653

အာကာသထဲ၌ ယှဉ်ပြိုင်ခြင်း

Vol. 48 Ch. 653

လင်ယွိရှို့ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။ သူမက အက်ကွဲကွဲအသံဖြင့် ပြောလေသည်။ “မှော်ဆရာသခင်က နှစ်တစ်သောင်းကြာ နေထိုင်ခဲ့တဲ့သူပဲ.... ကောင်းကင်နတ်သိုင်းအားလုံးကိုလည်း တတ်ထားတယ်... အဲဒါအပြင် အနောက်ကမ္ဘာမြေနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကိုလည်း သွားခဲ့ဖူးတော့ သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း သင်ယူထားလိမ့်မယ်... ချိမင်နတ်ဘုရားသားတော်အနေနဲ့ သူ့ဆီကတင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို နှိုက်ထုတ်လို့ရနေပြီ”

ချင်မူက ကျောက်ရုပ်တုကို ကြည့်နေဆဲဖြစ်ပြီး အေးအေးလူလူ ပြောလိုက်၏။ “သူ မြင်ရမယ့် လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ပုံသဏ္ဍာန်ပဲ ရှိတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စိတ်ဝိညာဉ်ကို မှော်ဆရာကြီးဆီမှာ မြင်ရမှာမဟုတ်ဘူး... မှော်ဆရာကြီးရဲ့အကျင့်စရိုက်က ပျော့ညံ့လွန်းတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စိတ်ဝိညာဉ်ကို မြင်ချင်ရင်...”

သူက ခေါင်းမော့ပြီး မထီတထီ ပြုံးလိုက်လေသည်။ “ငါ့ဆီမှာ ကြည့်လို့ရတယ်”

လင်ယွိရှို့ ရယ်မောလိုက်မိသည်။ “ငကြွား”

ပထမလူသားဧကရာဇ်က အပြုံးတစ်ခုဖြင့် ဝင်ပြော၏။ “လင်ကလေးမ၊ မူအာက ကြွားနေတာမဟုတ်ဘူး... သူ့ရဲ့စိတ်ဝိညာဉ်ကို ငါ ပြပေးမယ်”

သူက ထိုသို့ ပြောပြီးနောက် လင်ယွိရှို့၏ မျက်ခုံးနှစ်ဖက်ကြားသို့ အသာအယာ ထိလိုက်သည်။ လင်ယွိရှို့၏ မျက်ဝန်းများ တမုဟုတ်ချင်း မှိန်ကျသွားသော်လည်း သူမ၏မျက်ခုံးနှစ်ဖက်ကြားမှ တဖြည်းဖြည်း တောက်ပလာသည်။ သူမအရှေ့တွင် ဝိုးတိုးဝါးတားသာ မြင်နေရ၏။

“မူအာကို ကြည့်လိုက်”

လင်ယွိရှို့ ချင်မူ့ဆီသို့ လှည့်ကြည့်လိုက်သည့်အခါ သူ၏စိတ်ဝိညာဉ်ကို မြင်လိုက်ရသည်။ ချင်မူ၏ စိတ်ဝိညာဉ်ကား မီးဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ အလျှံအညီးညီး လောင်ကျွမ်းနေ၏။ သူက ကောင်းကင်ဘုံနှင့် မြေပြင်ကို မကြောက်မရွံ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ဝံ့သော အသွင်အပြင်ရှိနေသည်။

လင်ယွိရှို့ တုန်လှုပ်မိသွားသည်။ တခဏကြာသော် သူမ၏မျက်လုံးများ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပြီး ချင်မူ၏စိတ်ဝိညာဉ်အား မမြင်ရတော့ပေ။

“မင်းရဲ့အဖေ ဧကရာဇ်ယန်ဖုန်း မင်းအရှေ့မှာ ရှိနေရင်လည်း အဲဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်.... သူ့စိတ်ဝိညာဉ်က ချင်မူ့ထက်တောင် ပြင်းထန်အားကောင်းသေးတယ်”

ပထမလူသားဧကရာဇ်က အဓိပ္ပါယ်အပြည့်ဖြင့် ပြောသည်။ “အင်ပါယာတစ်ခုကို ထူထောင်ခဲ့တဲ့ ဧကရာဇ်အနေနဲ့ သန်မာအားအကောင်းဆုံး ဖြစ်ဖို့ မလိုအပ်ဘူး... ပြင်းပြတဲ့ စိတ်ဝိညာဉ်၊ ကြီးမားတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားမှ ဖြစ်မယ်... ဧကရာဇ်ယန်ဖုန်းက အဲဒီလိုလူတစ်ယောက်ပဲ... သူ့ရဲ့စိတ်ဓာတ်နဲ့ စိတ်ဝိညာဉ်က ချင်မူ့ထက်တောင် ခိုင်မာသေးတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကိုတော့ အဝေးကနေ တစ်ခါ မြင်ခဲ့ဖူးတယ်... သူ့မှာ အဲဒီလောက်ပြင်းထန်တဲ့ စိတ်ဝိညာဉ်မရှိဘူး... ဧကရာဇ်ယန်ဖုန်းမှာတော့ ခေတ်တစ်ခေတ်ကို ကိုယ်စားပြုတဲ့ စိတ်ဝိညာဉ်ရှိတယ်”

လင်ယွိရှို့ အံ့အားသင့်သွားသည်။ ပထမလူသားဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးက သူမ၏ခမည်းတော်အပေါ် ထိုကဲ့သို့အထင်ကြီးလေးစားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ဧကရာဇ်ယန်ဖုန်း၏ သိုင်းအဆင့်သည် ဧကရာဇ်အတိုင်ပင်ခံအောက် နိမ့်ကျ၏။ သူ၏အထုံပါရမီနှင့် တွေးခေါ်နိုင်စွမ်းကလည်း ဧကရာဇ်အတိုင်ပင်ခံနှင့် ချင်မူ့ကို မမှီပေ။ တစ်နည်းပြောရလျှင် သူသည် ထူးချွန်သော်လည်း ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်တော့ မဟုတ်။

သို့သော် ဧကရာဇ်ယန်ဖုန်းက ဧကရာဇ်အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲရေးတွင် အဓိကလူတစ်ယောက် ဖြစ်သည်။ ရင်ဘတ်ထဲရှိ နတ်ဘုရားတို့ကို ဖျက်စီးရန်၊ ဘုရားကျောင်းထဲရှိ နတ်ဘုရားတို့ကို ဖျက်စီးရန်၊ တိုင်းသူပြည်သားအားလုံး ကောင်းကင်နတ်သိုင်းများ အသုံးပြုနိုင်ရန်နှင့် နတ်ဘုရားတို့အား ပြည်သူပြည်သားတို့အပေါ် အကျိုးပြုစေရန်ဟူသည် ပြုပြင်ပြောင်းလဲရေးကို အင်တိုက်အားတိုက် တွန်းပို့နေသူမှာလည်း ဧကရာဇ်ယန်ဖုန်းပင် ဖြစ်၏။ သို့တိုင်အောင် ဧကရာဇ်အတိုင်ပင်ခံ၏ အောင်မြင်ကျော်ကြားမှုအောက်တွင် သူ၏ဂုဏ်သတင်းမှာ တိမ်ကောခဲ့ရလေသည်။

‘ငါ ခမည်း‌တော်လို လူတစ်ယောက် ဖြစ်ချင်တယ်... သူ့ထက်သာအောင်လည်း လုပ်ပြမယ်’ လင်ယွိရှို့ စိတ်ပိုင်းဖြတ်လိုက်သည်။

ဆယ်ရာကြာသည့်အခါ ပန်ကုန်းစုန်မှာ နန်းဆောင်ဆီသို့ အပို့ခံရပြီး ရွှမ်ခုံးကမ္ဘာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်ရပြန်သည်။ သေခြင်းရှင်ခြင်းအဆင့် သိုင်းသမားများသာမက ကောင်းကင်နတ်အသွင်အဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့်များလည်း ပါဝင်၍ အရေအတွက်မှာ ထောင်သောင်းချီနေ၏။

သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များက ချင်မူ့ကို စိန်ခေါ်ရန် တာဝန်ရှိသောကြောင့် ဆယ်ရက်အတွင်း သူတို့၏သိုင်းအဆင့်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်နိုင်ခဲ့ကြသည်။ ထိုမျှသာမက ပန်ကုန်းစုန် ယခင်က သုံးခဲ့သည့် ကောင်းကင်နတ်သိုင်းများနှင့် သိုင်းကွက်များကိုလည်း ထုတ်လွှတ်နိုင်လာသည်။ နှစ်ပေါင်းထောင်နှင့်ချီ ကျင့်ကြံထားသကဲ့သို့ပင် ကျွမ်းကျင်နေကြ၏။

ပန်ကုန်းစုန်မှာ အံ့ဩပြီး ထိတ်လန့်နေသည်။ ဤကောင်းကင်နတ်သိုင်းပညာရှင်များက သူ့ကို ပြန်တိုက်ခိုက်နိုင်ကြသော်လည်း သူက သူတို့ထက်ပို၍ အတွေ့အကြုံများသေး၏။ အဆုံးသတ်တွင် အများစုကို အနိုင်ယူနိုင်လိုက်သော်လည်း ပွဲစဉ်အနည်းငယ် ရှုံးခဲ့ရသည်။

ဤတစ်ခေါက်တွင် ချိမင်နတ်ဘုရားသား‌တော်က သူ့ကို အနားယူရန် အချိန်ပေးသည့်အတွက် နောက်တစ်ယောက်ကို စိန်မခေါ်ခင် ထိပ်ဆုံးအခြေအနေပြန်ရောက်အောင် အားဖြည့်နိုင်သည်။ သို့ဖြစ်၍ တိုက်ပွဲများက ပိုမိုပြင်းထန်ပေသည်။

ချိမင်နတ်ဘုရားသားတော်က သူတို့၏အပေါ်မှ နေ၍ အောက်သို့ ငုံ့ကြည့်သည်။ သူက ခေါင်းငဲ့စောင်းကာ မေးလိုက်၏။ “ဒီရက်ပိုင်း ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာရဲ့ သံတမန်တွေ ဘာလုပ်နေလဲၑ”

သူ့ဘေးရှိ နတ်ဘုရားတစ်ပါးက အရိုအသေပေးပြီး တိုးညှင်းသောအသံဖြင့် ပြန်လျှောက်တင်သည်။ “ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာရဲ့ သံတမန်တွေ ဘာမှမလုပ်ပါဘူး... မြို့ထဲမှာပဲ လျှောက်သွားနေကြပါတယ်... သံတမန်တွေက အရာရာကို စပ်စုနေကြပြီး အပြင်လောကကြီးနဲ့ တစ်ခါမှ မထိတွေ့ဖူးတဲ့ပုံပေါ်ပါတယ်.... မြို့ထဲမှာ ရှိတဲ့ ကျောက်ရုပ်တုတွေကိုပဲ အကြာကြီး စိုက်ကြည့်တတ်ပါတယ်... အထူးသဖြင့် ချင်မျိုးရိုးသံတမန်ပါဘုရား.. သူက ကျောက်ရုပ်တုတစ်ရုပ်အပေါ်မှ လဲအိပ်ပြီးတောင် လေ့လာပါသေးတယ်... ဒီရက်ပိုင်းတော့ အဲဒီလောက် မစပ်စုတော့ပေမယ့် ကျောက်ရုပ်တုတွေရဲ့ ရုပ်ပုံတွေကို ကူးဆွဲနေပါတယ်”

ချိမင်နတ်ဘုရားသားတော် မျက်ခုံးများပင့်တက်သွားသည်။ သူ၏မျက်ခုံးနှစ်ဖက်သည် ဓားကွေးနှစ်လက်တစ်သဖွယ် သေသေသပ်သပ်ဖြင့်  ကြည့်ကောင်း၏။ သူက ရေရွတ်လိုက်သည်။ “ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ... ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာမှာ အဲဒီလိုပါရမီရှင်တစ်ယောက် ရှိနေတာ တော်တော်ခက်ပြီ”

သူ့ဘေးရှိ နတ်ဘုရားမှာ သူဆိုလိုသည်ကို နားမလည်ပေ။

ချိမင်နတ်ဘုရားသားတော်က ကြေးမုံတစ်ချပ် ထုတ်လိုက်သည်။ ကြေးမုံကို အနက်ရောင်အဝတ်စဖြင့် အုပ်ပြီးသည့်အခါ သူက နတ်ဘုရားဆီသို့ ပေးလိုက်၏။ “ဒီကြေးမုံယူသွားပြီး သူ့ ရှာချည်... သူ့ကို တွေ့ရင် အနက်ရောင်အဝတ်စကို ဖယ်... အဝေးကနေ ကြေးမုံနဲ့ ချိန်ပြီး ကြည့်,ကြည့်ချည်... ပြီးတာနဲ့ အနက်ရောင်အဝတ်စနဲ့ ပြန်အုပ်ပြီး ငါ့ဆီ ပြန်ယူလာခဲ့”

နတ်ဘုရားမှာ အူတူတူဖြစ်နေသော်လည်း ကြေးမုံကို ယူ၍ ခပ်သုတ်သုတ် ထွက်သွားသည်။ ချိမင်နတ်ဘုရားသားတော်က တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေ၏။

အချိန်အနည်းငယ်ကြာသော် နတ်ဘုရားက ကြေးမုံဖြင့် ပြန်ရောက်ာလသည်။ “ကျွန်တော် ထာဝရငြိမ်းချမ်းရေးရအင်ပါယာရဲ့ သံတမန်ကို ကြေးမုံနဲ့ ကြည့်ပြီး အမြန်ပြန်လာခဲ့တာပါ”

ချိမင်နတ်ဘုရားသားတော်က ကြေးမုံကို ယူပြီး အနက်ရောင်အဝတ်စအား အသာအယာ ဖယ်လိုက်သည်။ သူ့မျက်လုံးနှစ်လုံး ကြေးမုံကို စိုက်ကြည့်နေသည့်အချိန် မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးသည် ပန်ကုန်းစုန်ဆီမှ အကြည့်မခွာပေ။ သူက ပန်ကုန်းစုန်၏ သိုင်းကွက်များကို ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်နေသေး၏။

ရုတ်တရက် ချိမင်နတ်ဘုရားသားတော် တောင့်တင်းသွားသည်။ ယခုတွင် သူ့မျက်လုံးအားလုံး ကြေးမုံကို မမှိတ်မသုန် စိုက်ကြည့်နေချေပြီ။

ကြေးမုံထဲ၌ ချင်မူက သူ့ကို ကျောပေးလျက် နတ်ဘုရားရုပ်တုတစ်ရုပ်ကို ‌လေ့လာနေသည်၊။ သူ့ဘေးတွင် မိန်းကလေးတစ်ယောက်၊ ယောက်ျားတစ်ယောက်နှင့် မျက်လုံးကြီးနှစ်လုံး မတ်တပ်ရပ်နေ၏။ ဤအခိုက်တွင် ပထမလူသားဧကရာဇ်က လှည့်လာပြီး သူ၏ဖြူဖျော့နေသော မျက်နှာက ဆွဲချဲ့ခံလိုက်ရသကဲ့သို့ ကြေးမုံမျက်နှာပြင်ထက်၌ ကြီးလာသည်။ သူက ကြေးမုံကို စိုက်ကြည့်နေ၏။

ချိမင်နတ်ဘုရားသားတော်ကို မှင်သက်သွားစေသည်က ပထမလူသားဧကရာဇ်မဟုတ်။ ချင်မူ ဖြစ်သည်။ ကြေးမုံထဲရှိ ချင်မူ့ပုံရိပ်တွင် သာမန်လူအတိုင်း ခေါင်းတစ်လုံး၊ လက်နှစ်ဖက် ရှိနေပါသော်လည်း အရှိန်အဝါနောက်တစ်ခုသည် ကြေးမုံမှ ထွက်လာနေ၏။ ထိုအရှိန်အဝါက ခက်ထန်ကြမ်းတမ်းသော ဘဘာဝကို ထုတ်ဖော်ပြသနေသည်။

ထိုကြမ်းတမ်းသည့်အရှိန်အဝါက ခေါင်းနှစ်လုံး ဖွဲ့တည်လိုက်သည်။ ထို့အပြင် ချင်မူ့ချိုင်းအောက်မှ လက်အရိပ်များ ရှိနေသကဲ့သို့ ဝိုးတိုးဝါးတား မြင်နေရ၏။ လက်က လေးဖက် ဖြစ်ချေသည်။

ဤလက်လေးဖက်နှင့် ခေါင်းနှစ်လုံးက သူ၏ချီစွမ်းအင်ကြောင့် ပြောင်းလဲနေခြင်းဖြစ်၍ အကောင်အထည် မရှိပေ။

ချိမင်နတ်ဘုရားသားတော် မျက်လုံးများ မှေးကျဉ်းသွားသည်။ ကြေးမုံထဲရှိ ပုံရိပ်သည်လည်း တစတစ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

“ချိရှီ၊ မောင်မင်း အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာရဲ့ သံတမန်တွေဆီ ပေးခဲ့သေးလား” ချိမင်နတ်ဘုရားသားတော်က ချိရှီကို ဆင့်ခေါ်ကာ မေးသည်။

ချိရှီ ခေါင်းယမ်းလိုက်၏။ “အဲဒီကောင်လေးက ကျွန်တော့်ရဲ့ နတ်ဘုရားစီရင်ရာဓားမကို ခိုးတယ်... ကျွန်တော့်ကို အဆိပ်ခပ်တယ်... ရတနာပေးရအောင် လှည့်စားတယ်... ကျွန်တော်က သူ့ကို ဘာလိုသင်ပေးရမှာလဲ”

ချိမင်နတ်ဘုရားသားတော်က သက်ပြင်းချလိုက်လေသည်။ “သူ တတ်ခါနီးနေပြီ... မဟုတ်ဘူး သူ့ရဲ့ကိုယ်ပိုင် အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို‌တောင် ဖန်တီးနိုင်တော့မယ်”

ချိမင် အံ့အားသင့်လွန်း၍ ပြောစရာစကား ရှာမရတော့ပေ။

“ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေကို လေ့လာနေတဲ့အချိန်မှာ သူကလည်း အလကားထိုင်မနေဘူး... ချိမင်ခေတ်ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေကို ထုတ်နုတ်သုံးသပ်နေတယ်... ဆန်းကြယ်တဲ့သဘောတရားကိုတော့ သူ မဖမ်းဆုပ်နိုင်လောက်ပေမယ့် ချိမင်ခေတ်ရဲ့ အကြောက်တရားမဲ့စိတ်ဝိညာဉ် အငွေ့အသက်ကိုတော့ ပိုင်ဆိုင်ထားနေပြီ”

ချိမင်နတ်ဘုရားသားတော် သက်ပြင်းချလိုက်ပြန်သည်။ “ဘာလို့ ဒီလိုဆူးညောင့်မျိုး ရှိနေတာလဲ... သူက ဧကရာဇ်ယန်ဖုန်း သံတမန်ယောင်ဆောင်ပြီး ရုပ်ဖျက်လာတဲ့လူများလား... မဟုတ်ဘူး အဲဒီလိုလည်း မဟုတ်သေးဘူး... သူ့မှာ ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါမရှိသလို၊ သိုင်းအဆင့်ကလည်း မြင့်မှ မမြင့်တာ...”

ချိရှီက ကပျာယကယာ လျှောက်တင်လိုက်၏။ “ကျွန်တော် ဧကရာဇ်ယန်ဖုန်းနဲ့ တွေ့ခဲ့ဖူးပါတယ်... သူက နတ်ဘုရားတောင် ဖြစ်နေပြီ... ဒီကောင်လေးက ဘယ်လိုမှ ဧကရာဇ်ယန်ဖုန်း မဟုတ်ပါဘူး... သူ့ကို ချင်မူလို့ခေါ်တယ်... သူက အဲဒီလောက်ကိုင်တွယ်ရခက်လို့လား... ကျွန်တော်တို့ ချိမင်ခေတ်ရဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း တစ်ခါမှ မသင်ဖူးပါဘူး... ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ဖွဲ့တည်နိုင်ရင်တောင်မှ ကောင်းကင်နတ်သိုင်းကို နားလည်မှာမဟုတ်သေးပါဘူး”

ချိမင်နတ်ဘုရားသားတော် ခေါင်းညိတ်၍ ပြုံးလိုက်သည်။ “ငါ နားလည်တယ်... သူ့အထုံပါရမီနဲ့ တွေးခေါ်နိုင်စွမ်းကြောင့် အနည်းငယ် ထိတ်လန့်မိတာပါ... ကိုယ်ရံတော်တို့ လာကြ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်တွေကို ဆက်စောင့်ကြည့်ပြီး သူတို့ရဲ့ လှုပ်ရှားမှုမှန်သမျှ ငါ့ဆီ သတင်းပို့ကြချည်... ငါ အသေးစိတ် သိချင်တယ်”

နတ်ဘုရားများစွာ အလျင်အမြန် အရိုအသေပေးပြီးနောက် ထွက်သွားကြသည်။

ပန်ကုန်းစုန်မှာ သွေးအန်ပြီး မြေကြီးပေါ် လဲကျသွား၏။ သူ့အခြေအနေမှာ အလွန်သနားစရာကောင်းနေသည်။

ချိမင်နတ်ဘုရားသားတော်၏အသံ ထွက်လာသည်။ “ချိရှီ၊ မောင်မင်းရဲ့ တပည့်ကို ခေါ်ပြီး ဆေးကုပေးလိုက်ပါ... ဆယ်ရက်နေရင် ပြန်လာခဲ့”

မြေကြီးပေါ်တွင် လဲနေသော ပန်ကုန်းစုန် နှစ်ချက်တွန့်သွားသည်။

များစွာမကြာလိုက်ဘဲ ချိမင်နတ်ဘုရားသားတော် သတင်းလက်ခံရရှိသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တွေက သီးသန့်ကျောင်းကို သွားပြီး ကလေးတွေနဲ့ အတူတူစာသင်ဖို့ လုပ်နေကြပါတယ်... စာသင်နေတဲ့ ဆရာလည်း သူတို့ကို ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူး... ကျွန်တော်တို့ မောင်းထုတ်လိုက်ရမလား နတ်ဘုရားသားတော်”

ချိမင်နတ်ဘုရားသားတော် အံ့ဩသွားပြီး တခဏ တွေးပြီးသော် ခေါင်းယမ်းလိုက်သည်။ “ဧကရာဇ်ယန်ဖုန်းက ငါတို့ကို ကျောင်းတွေ ဖွင့်ခွင့်ပေးခဲ့သလို၊ ပညာလည်း သင်ကြားခွင့်ပေးခဲ့တယ်... ဧကရာဇ်ယန်ဖုန်းထက် ပိုပြီး ကပ်စေးနည်းနေလို့ ဘယ်ဖြစ်ပါ့မလဲ... သူတို့ကို သင်ခွင့်ပေးလိုက်”

လေးရက်ကြာသော် နတ်ဘုရားတစ်ပါးက သတင်းလာပို့သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တွေ ကျောင်းမှာ လေးရက် စာသင်ပြီးတော့ ကျောင်းကို မလာတော့ပါဘူး”

ချိမင်နတ်ဘုရားသားတော် မိန့်လိုက်၏။ “ဆက်စုံစမ်းနေ... သူတို့ဘာလုပ်မှာလဲ ကြည့်ကြစို့”

နှစ်ရက်ကြာသော် နတ်ဘုရားတစ်ပါး ရောက်လာသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်က အာဏာပါးကွပ်သားရဲ့ နန်းဆောင်ကို သွားပြီး ပန်ကုန်းစုန်ကို သတင်းမေးပါတယ်... ဆေးလည်း ကုပေးဖို့ ကမ်းလှမ်းပေမယ့် ပန်ကုန်းစုန်က မစားရဲပါဘူး... သံတမန် ပြန်သွားတာနဲ့ ဆေးတွေကို မြောင်းထဲ လွှင့်ပစ်ခဲ့ပါတယ်”

ချိမင်နတ်ဘုရားသားတော် မျက်မှောင်ကြုတ်သွားသည်။ “ဒါ ဘာအဓိပ္ပါယ်ထဲ ... ဆက်စောင့်ကြည့်ချည်”

“နတ်ဘုရားသားတော်... ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ သံတမန်က အမျိုးသမီးတချို့ကို စနောက်ခဲ့လို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ မင်းသမီးရဲ့ ရိုက်တာ ခံခဲ့ရပါတယ်... သူတို့ကြောင့် အတော်လေး ပူပူညံညံ ဖြစ်သွားပြီး လမ်းပေါ်မှ လူတွေ ရန်ဖြစ်နေကြပါတယ်”

ချိမင်နတ်ဘုရားသားတော်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက အော်လိုက်သည်။ အခြေအနေ စောင့်ကြည့်ထား... မမေ့နဲ့၊ ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ သံတမန်ကို အာရုံစိုက်ပြီး သူ့အပြုအမူတွေကို လေ့လာ”

တခဏကြာသော် ထိုနတ်ဘုရား ပြန်ရောက်လာသည်။ “အခြေအနေတွေကတော့ ကမောက်ကမပါပဲဘုရား... ကောင်းကင်နတ်သိုင်းပညာရှင် ရာနဲ့ချီ လမ်းမပေါ်မှာ တိုက်ခိုက်နေကြပါတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံမတန်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မင်းသမီးကတော့ ဘေးကနေ ရပ်ကြည့်နေပါတယ်”

ချိမင်နတ်ဘုရားသားတော်၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ “သူ လုပ်နိုင်ခဲ့ပြီပဲ”

သတင်းပို့နတ်ဘုရားမှာ နားမလည်ပေ။

ချိမင်နတ်ဘုရားသားတော်က ရှေ့လျှောက်၊ နောက်လျှောက် လျှောက်ရင်း ပြောနေသည်။ “သူက ငါတို့ချိမင်နိုင်ငံတော်ရဲ့ အခြေခံသိုင်းကွက်ကျင့်စဉ်ကို လေ့လာဖို့ ကျောင်းဆီ သွားတယ်....  အခြေခံဓားချက်ဆယ့်လေးချက်၊ အခြေခံဓားမချက် ဆယ့်ခုနစ်ချက်၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ၊ မျက်လုံးသိုင်းနဲ့ လက်သိုင်း... လေးရက်တည်းနဲ့ သူ အခြေခံကောင်းကင်နတ်သိုင်းအကုန်လုံး တတ်သွားခဲ့တယ်.... အခြေခံတတ်သွားတာနဲ့ ကျန်တာတွေက နောက်က လိုက်လာမှာပဲ... ဒါပေမဲ့ သူ့အနေနဲ့ ငါတို့ ချိမင်နိုင်ငံရဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လိုပြောင်းလဲတိုးတက်လာခဲ့သလဲ ကြည့်ဖို့ လိုသေးတယ်... အကောင်းဆုံးနည်းလမ်းကတော့ ရန်ဖြစ်အောင် လှုံ့ဆော်ပေးလိုက်တာပဲ... လမ်းမပေါ်က ကောင်းကင်နတ်သိုင်းပညာရှင်တွေ တိုက်ခိုက်ရင် ကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်ခံရမယ်မဟုတ်လား.... သူ့အတွက် ဘေးကနေ ကြည့်နေဖို့ပဲ လိုတယ်....”

ချိမင်နတ်ဘုရားသားတော် ရယ်လိုက်သည်။ ရယ်သံက အသက်မပါသလို၊ သူ့မျက်နှာတွင် အပြုံးတို့ ဆိတ်သုဉ်းနေ၏။

ချိမင်နတ်ဘုရားသားတော်က ရပ်ပြီး ပြောလိုက်၏။ “ရက်ပိုင်းလောက် စောင့်ကြည့်ထားဦး... ငါ့ရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်နဲ့ ပန်ကုန်းစုန်ရဲ့ တိုက်ပွဲပြီးရင် သူ့ကို ဆင့်ခေါ်မယ်... အဲဒီထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်ကို ငါကိုယ်တိုင် ကြည့်ချင်တယ်”

လေးရက်ကြာသော် ပန်ကုန်းစုန်မှာ နန်းစိုက်မြို့တော်ထဲသို့ ဖိတ်ခေါ်ခံရသည်။ ချိမင်နတ်ဘုရားသားတော်က သူ့ကို မိန့်ကြား၏။ “မိတ်ဆွေလေး ပန်ကုန်းစုန်၊ မောင်မင်းရဲ့ ကောင်းကင်ရတနာတွေကို ပိတ်ပြီး ခုနစ်စဉ်ကြယ်အဆင့်၊ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာ‌ရှင်တွေနဲ့ တိုက်ခိုက်ပေးလို့ ရမလား”

ပန်ကုန်းစုန် သူ၏ရည်ရွယ်ချက်ကို တမုဟုတ်ချင်း သဘောပေါက်လိုက်သည်။ သူက ရှက်ရွံ့သိမ်ငယ်နေသော အသံဖြင့် လျှောက်တင်၏။ “နတ်ဘုရားသားတော်၊ တိုက်ခိုက်စရာမလိုတော့ဘူး ကျွန်တော်ထင်ပါတယ်... အဆင့်တူမှာ နတ်ဘုရားသားတော်ရဲ့ တပည့်တွေက ကျွန်တော့်ထက် အများကြီးသာနေရင်‌တောင်မှ အဲဒီလူကို မနိုင်နိုင်ပါဘူး”

နတ်ဘုရားသားတော် စိတ်ရှုပ်ထွေးသွားပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “မိတ်ဆွေလေး၊ ဘာကြောင့် အခုလို ပြောတာပါလဲ”

“နတ်ဘုရားသားတော်ရဲ့ တပည့်အားလုံးက တိုက်ပွဲမှာ ကြမ်းတမ်းကြပါတယ်... ကျွန်တော့်အောက် မနိမ့်ကျပါဘူး... နတ်ဘုရားသားတော်ရဲ့ လမ်းပြပေးမှုကြောင့်လည်း ဒီရက်သုံးဆယ်အတွင်း အင်မတန် တိုးတက်သွားကြပါပြီ... ကျွန်‌တော့်ကို နိုင်တဲ့ လူလည်း အများကြီးရှိနေပြီဆိုပေမယ့် သူနဲ့ ယှဉ်ရင်တော့ အများကြီးလိုအပ်ကြပါသေးတယ်”

ချိမင်နတ်ဘုရားသားတော်က ပန်ကုန်းစုန်၏စကားကို ငြိမ်သက်စွာ နားထောင်နေသည်။

“ကျွန်တော် သူနဲ့ အခုရက်ပိုင်း မတိုက်ခိုက်ရသေးပေမယ့် အရင်တုန်းက တစ်ချိန်လုံး တိုက်ခိုက်ခဲ့ဖူးပါတယ်... ဟိုးအစတုန်းကတော့ သူနဲ့ ကျွန်တော် ယှဉ်နိုင်ခဲ့ပေမယ့် သိုင်းအဆင့် သူ့ထက် မြင့်တက်လာပြီးတဲ့နောက်မှာတောင် သူ့ဆီက သိုင်းကွက်တစ်ကွက်ကို မတောင့်ခံနိုင်သေးပါဘူး... ကျွန်တော်အနေနဲ့ ချိမင်ကောင်းကင်နတ်သိုင်းပညာရှင်တွေကို တိုက်ခိုက်နိုင်ပေမယ့် သူ့ကိုတော့ မတိုက်ခိုက်ရဲသေးဘူး... နတ်ဘုရားသားတော် သူ့ကို အနိုင်ယူချင်ရင်တော့ သိုင်းသမားတွေကို နတ်ဘုရားသားတော် ကိုယ်တိုင်ပဲ ကြီးကြပ်ပေးရင်တောင်မှ ခက်ခဲနေဦးမှာပါ”

နတ်ဘုရားသားတော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်များ ပန်ကုန်းစုန်ကို စိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။ ပန်ကုန်းစုန်၏စကားကြောင့် သူတို့အားလုံး ချင်မူ့အား အနိုင်မယူနိုင်ဟု တွေးထင်သွားလောက်ချေပြီ။

ဤအခြေအနေမှာ မကောင်းတော့ပေ။

ပန်ကုန်းစုန်က အလေးအနက် ပြောသည်။ “ကျွန်တော့်အောက် သိုင်းအဆင့်တစ်ဆင့် နိမ့်တဲ့လူ ကျွန်တော့်ကို အနိုင်ယူနိုင်ရင်တော့ သူ့ကိုလည်း အနိုင်ယူနိုင်လောက်ပါတယ်”

ချိမင်နတ်ဘုရားသားတော် မျက်မှောင်ကြုတ်သွားသည်။ ပန်ကုန်းစုန် ဆက်လက်ရှင်းပြရန် ပါးစပ်ဖွင့်လိုက်သော်လည်း မပြောနိုင်တော့ပေ။ ချိမင်နတ်ဘုရားသားတော်က သူဆက်မပြောနိုင်အောင် ပါးစပ်ပိတ်လိုက်ခြင်းဖြစ်၏။ သူ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ငါ ပြောဖို့ လိုတာမှန်သမျှ ပြောခဲ့ပြီးပြီပဲ.. ယုံတာမယုံတာကတော့ မင်းတို့အပိုင်း.... မင်းတို့ကောင်တွေက မြေကြီးပေါ်က ကျောက်ခဲလေးကို ကန်နေရတယ်လို့ ထင်ရပေမယ့် မင်းတို့ တကယ်ကန်နေတာက မြင်းမိုရ်တောင် ဖြစ်နေမယ် မထင်ထားကြဘူးမလား”

သူက သူတို့အားလုံး ရင်ဆိုင်ရတော့မည့် ကပ်ဘေးကြီးကို တွေးရင်း ဝမ်းသာကျေနပ်နေသည်။ ‘ငါ့ကို ထုရိုက်ပြီး ယုံကြည်ချက်ရှိချင်ကြပေမယ့် မင်းတို့အားလုံး အရူးတွေပဲ... မင်းတို့ ရင်ဆိုင်ရမှာက ဘယ်လောက်ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးမှန်း မင်းတို့ တွေးကြည့်နိုင်မှာ‌တောင် မဟုတ်ဘူး”

ချိမင်နတ်ဘုရားသားတော်က ပြုံးလိုက်သည်။ “ကဲ ဒါဆို သံတမန်တော်ကို ဖိတ်ခေါ်ကြတာပေါ့”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်ကို ဆင့်ခေါ်ချည်”

၎

င

၎

၎

All Chapters