လုံးဝဥဿုံ ပြိုင်ဘက်ကင်းပါ၏
Vol. 48 Ch. 654
ချင်မူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရာရှိမင်းအဝတ်အစားများ လဲလှယ်၍ အခန်းထဲမှ ထွက်လိုက်သည်။ လင်ယွိရှို့လည်း သံတမန်အဝတ်အစား လဲဝတ်ပြီး ထွက်လာသည်။ ချင်မူမှာ သူမကို လှမ်းကြည့်ပြီး မျက်လုံးများ တောက်ပလာတော့၏။
ဤတစ်ကြိမ်တွင် ချိမင်နတ်ဘုရားသားတော်နှင့် ဆုံတွေ့ရမည်ဖြစ်သည့်အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကိုယ်စားလှယ်သံတမန်များအနေဖြင့် နန်းတွင်းဝတ်ရုံများ ဝတ်ဆင်ရန် လိုအပ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အမျိုးသမီးအရာရှိများစွာ ရှိသည့်အပြင် အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင် အရေအတွက်သည်လည်း အမျိုးသားအရေအတွက်အောက် မနိမ့်ကျပေ။ အမြင့်စံ အရာရှိတချို့သည်ပင် အမျိုးသမီးများ ဖြစ်ကြ၏။ အမျိုးသမီးအရာရှိတစ်ဦး၏ အဝတ်အစားများမှာ မရှားပါးပေ။ လင်ယွိရှို့ ဝတ်ထားသည်မှာ အမျိုးသမီးအရာရှိဝတ်ရုံ ဖြစ်သည်။
ဝတ်ရုံသည် ခရမ်းရောင်ဂါဝန်ရှည်ဖြစ်ပြီး ကျောက်စိမ်းခါးပတ်က သူမခါးသိမ်သိမ်လေးကို တင်းကြပ်စွာ ရစ်ပတ်ထား၏။ အင်္ကျီကော်လံနှင့် လည်ပင်းကမူ အသည်းပုံ သဏ္ဍာန် ရှိ၍ သူမ၏ဖွံ့ဖြိုးသော ရင်သားလေးမှာ လခြမ်းခွေးနှစ်ခုသဖွယ် မို့မောက်နေသည်။ အရာရှိစလွယ်ကိုလည်း လွယ်ထားသေးသည်။ သူမအသွင်မှာ အလွန်ကြော့ရှင်းတင့်တယ်နေ၏။
ချင်မူ သူမကို နှစ်ခါ ထပ်ကြည့်မိသည်။ နန်းတွင်းတွင် အမျိုးသမီးဝတ်စုံမျိုးစုံ ရှိပါသော်လည်း ကြော့ရှင်းတင့်တယ်မှုကို ဆောင်ကြဉ်းနိုင်သော ဝတ်စုံများများစားစား မရှိပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အမျိုးသမီးများသည် ရဲတင်းကြ၏။ အနောက်ကမ္ဘာမြေနှင့် မယှဉ်နိုင်သော်လည်း အဝတ်အစားများတွင် အမျိုးသမီးတို့၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်း၊ ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်တို့ကို ဖော်ပြလေ့ရှိတတ်သည်။
လင်ယွိရှို့က အရှက်သည်းနေသောအမူအရာလေးဖြင့် သူ့ကို လှမ်းကြည့်ပြီး ပြုံးနေသည်။ “ဘာကြည့်တာလဲ”
ချင်မူ အလျင်အမြန် အကြည့်လွှဲလိုက်သော်လည်း သူ့မျက်လုံးများက သူမဆီ ရောက်သွားပြန်၏။ လင်ယွိရှို့မှာ ရှက်နေပြီး အင်္ကျီကော်လံကို ဆွဲတင်နေသည်။
ပထမလူသားဧကရာဇ်က သူတို့ဆီ လျှောက်လာကာ ချောင်းဟန့်လိုက်၍ နှစ်ယောက်သား လန့်ဖျပ်သွားကြသည်။
သူကတော့ အရင်အဝတ်အစားအတိုင်းပင်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရာရှိမဟုတ်သောကြောင့် အဝတ်အစားလဲရန် မလိုအပ်ခြင်း ဖြစ်၏။
“သွားကြစို့၊ ဒီနေ့က ငါတို့အင်အား ပြရမယ့် နေ့ပဲ”
ပထမဘိုးဘေးကြီးက အပြင်ထွက်လိုက်ပြီး သတိပေးသည်။ “ငါတို့ ဒီမှာ အချိန်တော်တော် ဖြုန်းပြီးပြီ... ဒီက တစ်လက အပြင်မှာ လပေါင်းများစွာနဲ့ ညီမျှတယ်... ခရီးက ခန့်မှန်းထားတာထက် ပိုကြာနေပြီ”
ချင်မူ ခေါင်းညိတ်ပြီး သူ့နောက် လိုက်သွားသည်။ “နတ်ဘုရားသားတော်က ပန်ကုန်းစုန်ကို ကောင်းကောင်း လေ့ကျင့်ပေးထားတယ်... ကျွန်တော် သူ့ကို သွားကြည့်တော့ သူ့ဒဏ်ရာတွေက ပြင်းထန်ပေမယ့် အစွမ်းအစတွေလည်း အများကြီး တိုးတက်လာခဲ့တယ်.... အဲဒီလူ လေ့လာနိုင်စွမ်းကလည်း မြန်ချက်ပဲ... အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို ဟာကွက်မရှိအောင် တတ်မြောက်နေပြီ... ရွှမ်ခုံးကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေဆီကလည်း သိုင်းကွက်အတော်များများ သင်ထားတယ်... သူ့ဒဏ်ရာတွေ ပြင်းထန်တဲ့ပုံစံ ကြည့်ရတာ ရွှမ်ခုံးကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းပညာတွေကလည်း မခေတဲ့ သက်သေပဲ... ယွိရှို့၊ နင့်အောက် မနိမ့်ကျတဲ့ လူအများကြီးရှိတဲ့အပြင် ပိုလို့တောင် သန်မာအားကောင်းတဲ့လူတွေလည်း ရှိနေတယ်”
လင်ယွိရှို့ လျှောက်လာသည့်အခါ ချင်မူ ခိုးကြည့်လိုက်ပြန်သည်။ လင်ယွိရှို့က အတွင်းအဝတ်စကို အပေါ်ဆွဲတင်လိုက်သည့်အခါ ချင်မူမှာ စိတ်ပျက်သွားတော့သည်။ ‘စောစောကလည်း ကော်လံ ဆွဲတင်တယ်... အခုတော့ အတွင်းအဝတ်စကိုတောင် ဆွဲတင်လိုက်ပြီ’
အဘွားစစ်က ‘ရင်သားကြီးကြီးမိန်းကလေးများသည်သာ အလှဆုံးမိန်းကလေးများ ဖြစ်ကြောင်း’ သူ့ကို ငယ်ငယ်ကတည်းက သင်ပေးခဲ့သောကြောင့် ချင်မူ အမြဲ ‘အကဲခတ်’ ကြည့်တတ်လေသည်။
ဤသည်မှာ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အလှအပစံနှုန်းထားဖြစ်၍ ပေါ့ပေါ့တန်တန် သဘောထားမရပေ။ ဆေးဆရာက တစ်ခါ ပြောဖူးသည်။ “မူအာ၊ ရင်သားကို ကြည့်တိုင်း နှာဘူးလို့ မဆိုလိုဘူးကွ... ကိုယ့်ရဲ့သားသမီးအတွက် တွေးပေးနေတာလို့ ဆိုလိုတယ်... အဲဒါက သိပ်အရေးကြီးတဲ့ ကိစ္စပဲ”
ချင်မူ သူ့စကားကို အသည်းထဲထိ စွဲနေအောင် မှတ်ထား၏။
ပထမလူသားဧကရာဇ်၏အသံ ထွက်လာသည်။ “ရွှမ်ခုံးကမ္ဘာမှာ လျှော့တွက်လို့မရတဲ့ သိုင်းပညာရှင်တွေ အများကြီးပဲ... မူအာ သတိမလွတ်စေနဲ့”
ချင်မူက ပြုံးပြလိုက်၏။ “ကျွန်တော် သူတို့ကို တစ်ခါမှ လျှော့မတွက်ဖူးပါဘူး... သင်္ဘောပေါ်မှာကတည်းက သူတို့ကို ဘယ်လိုရင်ဆိုင်ရမလဲ တွေးထားပြီးပြီ”
များစွာမကြာလိုက်ဘဲ ရင်ပြင်ကျယ်မှ ဩဇာအပြည့်ပါသော အသံတစ်သံ ထွက်လာသည်။ “ထာဝရငြိမ်းချမ်းရေအင်ပါယာ မင်းသမီးယွိရှို့၊ ပါမောက္ခချုပ် ချင်မူ၊ ချိမင်နတ်ဘုရားသားတော်ကို ဂါဝရပြုပါတယ်... အရှင်မင်းကြီးက နတ်ဘုရားသားတော်အတွက် လက်ဆောင်အနည်းငယ် ပြင်ဆင်ပေးလိုက်ပါတယ်”
ချိမင်နတ်ဘုရားသားတော်နှင့် ကျန်ခေါင်းသုံးလုံးလက်ခြောက်ဖက် နတ်ဘုရားများ လှမ်းကြည့်ကြသည်။ ချင်မူနှင့် လင်ယွိရှို့ဆိုသည့် လူငယ်နှင့် မိန်းကလေးသည် တည်ငြိမ်စွာ လျှောက်လာ၏။ ဤသံတမန်နှစ်ယောက်မှာ အသက်မကြီးသေးပေ။ လူငယ်က လေပြင်းကြားက ကျောက်စိမ်းသစ်ပင်သဖွယ် ထင်ရပြီး မိန်းကလေးကတော့ ရဲစွမ်းသတ္တိအပြည့်ဖြင့် အရှိန်အဝါကြီးမားသော အဟန့်အထည် ရှိသည်။ သူတို့မှာ သူတို့ကို မြင်သည့်အခါ မချီးကျူးမိဘဲ မနေတော့ပေ။
“ခေါင်းတစ်လုံး၊ လက်နှစ်ဖက်တွေ ဒီလောက်ကြည့်ကောင်းမယ် မထင်ထားဘူး” ခေါင်းသုံးလုံး လက်ခြောက်ဖက်နတ်ဘုရားတစ်ပါးက ခပ်တိုးတိုး ချီးကျူးလိုက်သည်။
သူ့ဘေးရှိ နတ်ဘုရားက ကမန်းကတန်း သတိပေးလိုက်၏။ “ရှူး... နတ်ဘုရားသားတော် ကြားသွားဦးမယ်”
ထိုနတ်ဘုရား ထိတ်လန့်သွားသည်။ ချိမင်နတ်ဘုရားသားတော်၏ရုပ်သွင်က ချင်မူကဲ့သို့ ခေါင်းတစ်လုံး၊ လက်နှစ်ဖက် ဖြစ်သည်။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် မပြောင်းခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် ချိမင်နတ်ဘုရားသားတော် ကြားဟန်မရ၍ သူ စိတ်အေးလက်အေး ဖြစ်သွား၏။
ချင်မူက အခြေခံဓားချက်သုံးချက် ရေးထားသော ဓားကျမ်းကို ထုတ်လိုက်ပြီး လင်ယွိရှို့က ဧကရာဇ်ယန်ဖုန်း ပေးထားသော ရတနာမျိုးစုံ ထုတ်လိုက်သည်။ နတ်ဘုရားတစ်ပါးက ရှေ့ထွက်၍ လက်ခံပြီးနောက် လှေကားထစ်အရှည်ကြီးအတိုင်း ပြန်တက်သွားပြီး နတ်ဘုရားသားတော်ဆီ ဆက်သသည်။
ချိမင်နတ်ဘုရားသားတော်က ရှားပါးရတနာများကို အဖက်မလုပ်ဘဲ ဓားကျမ်းကိုသာ လှန်ကြည့်သည်။ ဤအခြေဓားချက်သုံးချက်ကို ပန်ကုန်းစုန်ဆီမှ မြင်ခဲ့ပြီးဖြစ်သော်လည်း ထပ်မံဖတ်ကြည့်နေသေး၏။ လက်ဆောင်ပဏ္ဍာများအနက် ဓားကျမ်းသည်သာ အဖိုးတန်ဆုံး ဖြစ်ချေသည်။
“ငါ ထုတ်နုတ်ခဲ့တာထက် ပိုအနုစိတ်တာပဲ”
ချိမင်နတ်ဘုရားသားတော်က ဓားကျမ်းကို ပိတ်၍ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်က အမြော်အမြင်ရှိပါပေတယ်... သံတမန်တို့၊ ထိုင်ပါ”
ချင်မူနှင့် လင်ယွိရှို့ ရှေ့သို့ လျှောက်လိုက်သော်လည်း ရုတ်တရက် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် သိုင်းသမားတစ်ယောက်က လူအုပ်ထဲမှ ထွက်လာပြီး သူ့လမ်းကို ပိတ်လိုက်သည်။ သူက လက်သီးဆုပ်၍ အရိုအသေပေး၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ... ငါတို့နယ်မြေအပြင်က နိုင်ငံငယ်လေးတစ်နိုင်ငံအနေနဲ့ ငါတို့ချိမင်နတ်ဘုရားနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ချင်ရင် ငါ့ကို အရင်ဖြတ်ကျော်ရမယ်... ငါ့နာမည်က ဟူခန်း၊ သံတမန်တို့ ကျေးဇူးပြုပြီး သင်ပြပေးပါ”
ချင်မူ ရှေ့ကြည့်လိုက်သည့်အခါ ခေါင်းသုံးလုံးလက်ခြောက်ဖက် ကောင်းကင်နတ်သိုင်းပညာရှင် အရေအတွက် အနည်းဆုံးတစ်သောင်း ရှိကြောင်း မြင်လိုက်ရ၍ မျက်မှောင်ကြုတ်သွားသည်။ သူက အမြင့်ရှိ ချိမင်နတ်ဘုရားသားတော်ဆီသို့ မော့ကြည့်လိုက်၏။ နတ်ဘုရားသားတော်က အေးစက်သောအမူအရာ ရှိပြီး စကားတစ်ခွန်း မပြောပေ။
ချင်မူ ဖော်ရွေပျူငှာသောမျက်နှာဖြင့် ပြောလိုက်သည်။ “ကျွန်တော်က ဘယ်လိုလုပ် နတ်ဘုရားသားတော်အရှေ့မှာ တိုက်ခိုက်ရဲမလဲ ခင်ဗျာ... ဒါက သေဒဏ်သင့်စေမယ့် ပြစ်မှုတစ်ခု ဖြစ်မနေဘူးလား”
ချိမင်နတ်ဘုရားသားတော်၏အသံက အပေါ်မှ ထွက်လာသည်။ “သံတမန်တို့ အသေးစိတ်ဆွေးနွေးဖို့ ကျေးဇူးပြုပြီး တက်လာပါ”
‘မြေခွေးအိုကြီး’
ချင်မူ မျက်ခုံးများ ပင့်တက်သွားသည်။ ချိမင်နတ်ဘုရားသားတော် ချင်မူတို့ကို အပေါ်တက်လာရန်သာ မိန့်ကြားပြီး ကောင်းကင်နတ်သိုင်းပညာရှင်များအား နောက်ဆုတ်ရန်လည်း မတားခဲ့ပေ။ ချင်မူတို့အနေဖြင့် အပေါ်တက်ချင်လျှင် လမ်းတစ်လျှောက် တိုက်ခိုက်သွားရလိမ့်မည်။
“နောင်တော်ဟူ မှော်ဆရာကြီးနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်မလား”
ချင်မူက ပြုံးလျက် ပြောနေသည်။ “မှော်ဆရာကြီးရဲ့အစွမ်းအစတွေက သိပ်သန်မာအားကောင်းတယ်”
“မှော်ဆရာကြီးလား” ဟူခန်းမှာ အူကြောင်ကြောင် ဖြစ်နေသည်။
“ပန်ကုန်းစုန် ဆိုတဲ့ တစ်ယောက်ပါ... မှော်ဆရာကြီးဆိုတာက ကျွန်တော် ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်လေ... သူနဲ့ တိုက်ခိုက်တုန်းက နောင်တော်ဟူ နိုင်ခဲ့လား၊ ရှုံးခဲ့လား”
မလှမ်းမကမ်းတွင် ချိရှီဘေး၌ ရပ်နေသော ပန်ကုန်းစုန်မှာ အင့်ခနဲ ညည်းတွားလိုက်၏။ “ချစ်စနိုး၊ ယီးကို ချစ်စနိုး...”
ဟူခန်းက ပြောသည်။ “ငါက သူ့ကို အနိုင်နိုင်ခဲ့တဲ့ လူတွေထဲက တစ်ယောက်ဆိုပေမယ့် အဲဒါက လွန်ခဲ့တဲ့ ဆယ်ရက်တုန်းကပဲ... နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကို အနိုင်ယူဖို့ သိုင်းကွက်တစ်ရာ သုံးခဲ့ရတယ်... အခုအချိန်မှာတော့ သိုင်းကွက်နှစ်ဆယ်၊ သုံးဆယ်တည်းနဲ့ သူ့ကို အနိုင်ယူနိုင်ပြီ”
ချင်မူ အသာအယာ ခေါင်းညိတ်ကာ ပြောလိုက်၏။ “မှော်ဆရာကြီးရဲ့ သိုင်းက ထူးခြားတယ်... သူ့ကို အနိုင်ယူနိုင်ခဲ့မှတော့ နောင်တော်က အမှန်တကယ် ထူးချွန်တာပဲ”
ဟူခန်းက အလေးအနက် ပြောသည်။ “ငါက သေခြင်းရှင်ခြင်းအဆင့်ပါ... မင်းက ဘယ်အဆင့်လဲ... မင်းကို တိုက်ခိုက်ရင် ကောင်းကင်ရတနာတွေ ပိတ်ပေးပါ့မယ်... အခွင့်အရေးမယူပါဘူး”
“ကျွန်တော်က ခုနစ်စဉ်ကြယ်အဆင့်ဆိုပေမယ့် ကောင်းကင်နတ်အသွင်အဆင့် တက်တော့မယ့် အဆင့် ရောက်နေပါပြီ”
ချင်မူက တခဏတွေးကာ ထပ်ပြောလိုက်သည်။ “နတ်ဘုရားသားတော်၊ အားလုံးကို ခုနစ်စဉ်အဆင့်အထိ သိုင်းအဆင့်လျှော့ချခိုင်းလိုက်လို့ရလား”
ချိမင်နတ်ဘုရားသားတော် အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူ့ဘေးရှိ နတ်ဘုရားတစ်ပါးက ထည်ဝါခံ့ညားသောအသံဖြင့် ပြောလိုက်၏။ “တပည့်အားလုံး နားထောင်၊ ကောင်းကင်ရတနာတွေ ပိတ်မယ်”
ရင်ပြင်ကျယ်ထဲမှ ကောင်းကင်ရတနာ ပိတ်သံများ ထွက်လာနေစဉ် ချင်မူက တွေးနေသည်။ ထို့နောက် သူ့နဖူးပေါ်ရှိ ရွှေရောင်မိုးမခသစ်ရွက်ကို ခွာ၍ ဂရုတစိုက် သိမ်းလိုက်၏။ ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်မိသည်။ “မူအာ ၊ အဲဒီလောက်အထိ မလိုဘူး”
ချင်မူက ပြုံးကာ ပြောလေသည်။ “မြန်မြန် အပြီးသတ်ချင်လို့ပါ... ဒီမှာ အချိန်ဖြုန်းခဲ့တာ များနေပြီမဟုတ်လား.. ယွိရှို့၊ ပြီးရင် ငါ့နောက်က လိုက်ခဲ့”
လင်ယွိရှို့ ခေါင်းညိတ်ပြလိုက်သည်။
ချင်မူက ဟူခန်းကို ကြည့်ပြီး ပြုံးလိုက်သည်။ “နောင်တော်ဟူ၊ ကျွန်တော်တော့ နောင်တော် စိတ်ကွက်အောင် လုပ်မိတော့မယ် ထင်တယ်”
သူ့ခန္ဓာကိုယ်အတွင်းမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာပြီး သူ၏အသွေးအသားသည် လျင်မြန်စွာ ကြီးထွားလာ၏။ မကြာမီ သူ့လည်ပင်းမှ ခေါင်းတစ်လုံး ပေါက်လာသည်။ ထို့နောက် ညာလက်၌ ခေါင်းတစ်လုံး ထွက်လာ၏။ ချိုင်းအောက်ရှိ အရေပြားသည်လား ဆူထွက်လာကာ လက်များ ဖြစ်လာသည်။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်
လင်ယွိရှို့ အလန့်တကြား ထခုန်မိလိုက်သည်။ ယခုအချိန်မှ ချင်မူ သူ၏အရာရှိဝတ်ရုံကို မည်သည့်အချိန်ကတည်းက ပြောင်းလဲထားမှန်းမသိ ပြောင်းလဲထားကြောင်း သူမ သတိထားမိလိုက်၏။ သူ၏ကော်လံက များစွာလျော့ရဲကျနေပြီး အင်္ကျီလက်ပေါက်အောက်၌လည်း လက်လေးဖက်စာ အပေါက်များ ချုပ်ထားလေသည်။
‘ဟုတ်သား၊ နွားကျောင်းသားက အပ်ချုပ်သမားလည်း ဟုတ်တာပဲကို’
သူမ တွေးလိုက်မိသည်။ ‘ဒီခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပုံစံတော့ နည်းနည်း ကြောက်စရာကောင်းလွန်းတယ်...’
ချင်မူ၏ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ထွက်လာသည့်အခါ သူ့နဖူးတစ်ခုစီတွင်လည်း ဒေါင်လိုက်မျက်လုံးတစ်ခုစီ ရှိနေကြောင်း မြင်ရနိုင်သည်။
ဟူခန်းက လက်ခြောက်ဖက်ဖြင့် ဓားမခြောက်လက် ဆုပ်ကိုင်ကာ စိတ်လှုပ်တရှား ပြေးလာသည်။ “မင်းလည်း ငါတို့ရွှမ်ခုံးကမ္ဘာရဲ့ ကျင့်စဉ်ကို ကျင့်ထားတာလား... အဲဒါဆိုရင်တော့ မင့်ပြိုင်ဘက်ကို တွေ့ပြီပဲ”
ဟူခန်းသည် ကောင်းကင်ရတနာများ ပိတ်ထားသော်လည်း သူ၏အစွမ်းအစများက အတိုင်းထက်အလွန် အင်အားကြီးမားပြီး ကြောက်စရာကောင်းချေသည်။ သူ၏ဓားမသိုင်းက ဓားမသိုင်းစစ်စစ်မဟုတ်၊ သိုင်းကွက်မှော်လည်း ကိန်းဝပ်ပါဝင်နေသည်။ ပန်ကုန်းစုန်က လင်ယွိရှို့၏ သိုင်းကွက်မှော်တိုက်ခိုက်ပုံကို အသုံးချခဲ့၍ ချိမင်နတ်ဘုရားသားတော်က ကျန်ရှိလူတိုင်းအာ သင်ပေးထားခြင်း ဖြစ်မည်။
လင်ယွိရှို့ ရင်တဒိန်းဒိန်း ခုန်လာသည်။ ချင်မူ၏လက်ဝါးခြောက်ဖက်က တစ်ခုအပေါ် တစ်ခုထပ်၍ ‘လက်ထပ်သိုင်းကွက်’ ကို ထုတ်လွှတ်လိုက်၏။ ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ထပ်နေသော လက်သုံးဖက်၏ စွမ်းအားက စုဝေးသွားပြီး အုန်းခနဲ ဟူခန်းကို ဝင်တိုက်သွားသည်။ ဟူခန်းမှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွားတော့သည်။
ဟူခန်းက အံ့ဩပြီး ဒေါသထွက်နေသည်။ သူသည် ဓားမခြောက်ဖက်ကို မြေကြီးထဲ ထိုးစိုက်ပြီး အရှိန်ရပ်ရန် ကြိုးစား၏။
ထွမ်
ထိုစဉ် ချင်မူ၏မျက်လုံးများမှ အလင်းတန်းသုံးတန်း ထွက်လာပြီး သူ့ကို မြေကြီးထဲသို့ ထိုးစိုက်လိုက်၏။ အလွန်ပြင်းထန်အားကောင်းသော ဖိအားကြီး သူ့အပေါ် သက်ရောက်လာကာ သူ့ကို လူအုပ်ကြီးကြားသို့ ရိုက်ချလိုက်သည်။ ရင်ပြင်ထဲရှိ လူအားလုံး ဒယိမ်းဒယိုင် လဲကျကုန်ကြသည်။ တခဏလေးအတွင်း အခြေအနေတစ်ခုလုံး အတော်လေး ဖရိုဖရဲ ဖြစ်သွား၏။
ချင်မူက အကျယ်ကြီး အော်ရယ်လိုက်ပြီး ရုတ်တရက် ဆောင့်ကြောင့်ထိုင်ကာ ပေါင်ကြွက်သားတို့အား အားပြုလိုက်၏။ ထိုတခဏတွင် သူ၏ကြွက်သားများ၊ အရွက်များ ကျုံ့သွားပြီး သူကား လေပေါ် ခုန်တက်လိုက်ချေပြီ။
ပြင်းထန်အားကောင်းသော တိုက်ခိုက်လိုစိတ်သည် ချင်မူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော စိတ်အဟုန်က လေလှိုင်းအဖြစ်ပင် ဖွဲ့တည်ကာ သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းလှည့်ပတ်နေသည်။ သူ့အနောက်ရှိ လေပြင်းအားကြောင့် ဂါဝန်ပင် လန်တက်မတတ် ဖြစ်သွားပြီး ဆံပင်များလည်း ဖွာလန်ကြဲသွားသည်။
ဘုန်း
ချင်မူ့ခြေထောက်ရှိ မြေကြီးမှာ ပေါက်ကွဲသွားပြီး ကျင်းကြီးတစ်ကျင်း ဖြစ်သွားသည်။ အက်ကွဲကြောင်းများက ကျင်းဆီမှ အရပ်လေးမျက်နှာသို့ ဖြာထွက်နေ၏။ ချင်မူကမူ ကျင်းထဲ၌ မရှိပေ။ လင်ယွိရှို့ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါ ထိုနေရာတွင် အနီရောင်အစက်လေးတစ်စက်ကိုသာ မြင်လိုက်ရသည်။
ဝုန်း
ချင်မူက ဥက္ကာခဲကြီးသဖွယ် လူအုပ်ကြီးထဲသို့ ဆင်းချသွားသည်။ ဤအခိုက်အတန့်တွင် ရှပ်တိုက်လွင့်ထွက်နေသော ဟူခန်းပင် မရပ်နိုင်သေးပေ။
သူ၏ရယ်သံပင် မတိတ်ဆိတ်သေးခင် ချင်မူ့လက်ထဲရှိ ဓားစက်လုံးက ခြောက်လုံးကွဲသွားပြီး အရပ်မျက်နှာတစ်ခွင်သို့ ပျံထွက်သွား၏။ ၎င်းက ခမ်းနားလှပသော တောင်တန်းမြစ်ပြင်များကို တမုဟုတ်ချင်း ဖွဲ့တည်ကာ ကောင်းကင်နတ်သိုင်းပညာရှင်များကို လွှမ်းခြုံလိုက်သည်။
ချင်မူ လက်ခြောက်ဖက်ကို လှုပ်ခါလိုက်လိုက်သည့်အခါ ဓားခြောက်လက်၏ အရွက်များ ပြန့်ကားလာပြီး ဓားမရှည်ခြောက်လက်အဖြစ် ဆန့်ထွက်သွား၏။
ဓားမရှည်များက သိုးအုပ်ထဲ ဦးတည်သွားသော ကျားရိုင်းပမာ ပျံထွက်သွားသည်။
လူအုပ်ကြီးမှာ ဖရိုဖရဲဖြစ်နေ၍ ပြင်ဆင်ရန် အချိန်မရှိလိုက်ပေ။ သူက လူအုပ်ကြီး ခွင်းလျက် တိုက်ခိုက်သွားပြီး သူ့ကို လူခြောက်ယောက်သာ တစ်ပြိုင်တည်း တိုက်ခိုက်နိုင်သည်။ အဆင့်တူ ကောင်းကင်နတ်သိုင်းပညာရှင်များ ယှဉ်လျှင် ချင်မူအား မည်သူယှဉ်နိုင်ပါမည်နည်း။
ဓားမရောင်က အလင်းလုံးကြီးအသွင် ဖွဲ့လိုက်ပြီး တစ်စက္ကန့်အတွင်း ဓားမရောင်များ ပြိုးပြက်ကခုန်ကာ ပြေးဝင်လာနေသည့် ကောင်းကင်နတ်သိုင်းပညာရှင်များအား ဝိုက်ဖြတ်လိုက်၏။ နောက်တစ်ခဏ၌ ဓားမရောင် ပျောက်ကွယ်သွားပြီး ချင်မူက လက်ခြောက်ဖက်ကို ဖြန့်ကားလျက် လျင်မြန်သွက်လက်သော ခြေလှမ်းများဖြင့် လူအုပ်ကြီးဆီ ပြေးသွားတော့သည်။
သူ ဖြတ်သွားသည့်နေရာတိုင်းတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတတ်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်များ မြောက်တက်သွားသည်ကို မြင်ရနိုင်သည်။ တအုန်းအုန်းမြည်ဟည်းသံများက ဆက်တိုက်ဆူညံနေသည့်အပြင် အရိုးကျိုးသံများပင် ကြားရ၏။ မချိတင်ကဲ အော်ဟစ်သံများသာမက၊ သိုးအော်သံများပင် ကြားရနိုင်သည်။ ကောင်းကင်ယံသို့ မြောက်တက်သွားသည်မှာ လူသားများတင်မဟုတ်ပေ၊ သိုးများလည်း ပါ၏။
ပထမလူသားဧကရာဇ် အနည်းငယ် စိတ်ဓာတ်ကျနေသည်။ “ဖန်ဆင်းကောင်းကင်ပညာ... သူက ဖန်ဆင်းကောင်းကင်စက်ကွင်းရဲ့ ဖန်ဆင်းပညာကို ကောင်းကင်ဆရာသခင် သင်ပေးထားတဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းနဲ့ ပေါင်းစည်းလိုက်တာပဲ... ငါ သင်ပေးထားတဲ့ ကောင်းကင်မြေပြင်မုဒြာကိုတော့ အခုထိ မထုတ်ဖော်သေးဘူး...”
သူ ဤသို့ တွေးနေသည့်အချိန် ချင်မူက သူ၏မုဒြာသိုင်းကွက်များကို ထုတ်ဖော်လိုက်၍ သူ့မျက်လုံးများ အရောင်တောက်သွားသည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းပညာရှင်များအကြားတွင် ချင်မူက တစ္ဆေတစ်ကောင်လို တရိပ်ရိပ် ဖြတ်ပြေးနေ၏။ ကောင်းကင်မြေပြင်မုဒြာသိုင်းကွက်ဖြင့် သူသည် ကောင်းကင်နှင့်မြေပြင်၏ အရှင်သခင် ဖြစ်ချေသည်။ လေထုပင် ပြိုကွဲမတတ် ဖြစ်နေပြီး အဆင့်မြင့်သိုင်းပညာရှင်များမှာ မုန်လာဥများသဖွယ် မြေကြီးတွင် စိုက်သူက စိုက်၊ လေပေါ် မြောက်တက်သူက မြောက်တက်နေကြသည်။
ပထမလူသားဧကရာဇ်၏ မျက်နှာထက်တွင် ကျေးဇူးတင်နေသောအပြုံးတစ်ခု ဖြစ်ထွန်းလာ၏။
ချင်မူ့ခေါင်းသုံးလုံး၏ မျက်လုံးကိုးလုံးဆီမှ ကောင်းကင်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်နတ်သိုင်းပညာရှင်များကို တွန်းထုတ်နေသည်။ နံရိုးကျိုးသံများပင် ထွက်လာနေ၏။
သူ၏ကောင်းကင်မျက်လုံးများက ဟာကွက်ရှိနေသော သူ၏သိုင်းကွက်များအတွက် အကောင်းဆုံးဖြည့်စွက်ပေးနေသည်။
လင်ယွိရှို့ မှင်သက်သွားပြီး အဝေးရှိ တိုက်ပွဲကွင်းပြင်ဆီသို့ လှမ်းကြည့်နေသည်။ သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့ကို နောက်က လိုက်လာဖို့ ပြောပြီး ဒီလောက် မြန်မြန် ပြေးသွားမှတော့ ဘယ်လို လိုက်ရတော့မှာလဲ”
ပထမလူသားဧကရာဇ်က ရှေ့သို့ လျှောက်လာကာ အေးအေးဆေးဆေး ပြောလိုက်၏။ “တစ်လှမ်းချင်း လျှောက်ကြတာပေါ့”
လင်ယွိရှို့ သူ့နောက်မှ လိုက်သွားပြီး နတ်ဘုရားသားတော် ရှိသည့် နန်းဆောင်ဆီသို့ လျှောက်သွားကြသည်။
ဘုန်း
ခေါင်းသုံးလုံး လက်ခြောက်ဖက် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် လင်ယွိရှို့ဘေးသို့ ပြုတ်ကျလာသည်။
လင်ယွိရှို့က စိတ်တင်းပြီး မော့မကြည့်မိအောင် အကောင်းဆုံး ကြိုးစားနေသည်။ လူသားမိုး ရွာကျနေသကဲ့သို့ တဘုန်းဘုန်း တအုန်းအုန်း အသံများ ကြားနေရ၏။ ရွှမ်ခုံးကမ္ဘာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ မိုးရွာကျသကဲ့သို့ ပြုတ်ကျနေကြပြီး ပြုတ်ကျသည့်အချိန် အော်ဟစ်ညည်းတွားကြသူများလည်း ရှိသည်။
သူတို့ပတ်ဝန်းကျင်မှာ တုံးလုံးပက်လက် လဲနေသော ကောင်းကင်နတ်သိုင်းပညာရှင်များဖြင့် ဖရိုဖရဲ ဖြစ်နေချေပြီ။ တချို့က မြေကြီးပေါ် လူးလိမ့်အော်ငိုနေကြပြီး တချို့က ကောင်းကင်ကို ငေးကြည့်နေကြသည်။ တစ်ယောက်အပေါ် တစ်ယောက် ထပ်နေကြသူများလည်း တွေ့ရ၏။
လင်ယွိရှို့ ဣန္ဒြေသိက္ခာအပြည့်ဖြင့် လှေကားအောက်ခြေအထိ လမ်းလျှောက်သွားသည်။ ဤအခိုက်အတန့်တွင် ချင်မူက သူတို့အရှေ့၌ ပေါ်လာပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင်ကို ဖယ်ရှားကာ ပုံမှန်ပြန်ဖြစ်သွား၏။ သူက လေးစားရိုသေနေသောအမူအရာဖြင့် သူတို့နှင့်အတူ လှေကားထစ်များအတိုင်း တက်သွားသည်။
သူတို့ဘေးသို့ ပြုတ်ကျလာကြသူများစွာ ရှိပြီး သူတို့ပြုတ်ကျလာတိုင်း လင်ယွိရှို့ ရင်ထဲ တင်းကြပ်သွားကာ တွေးလိုက်မိသည်။ 'ဒီကျောက်လှေကားထစ်တွေပေါ် ကျတာ တော်တော် နာမှာပဲ"
လှေကားထစ်ပေါ်တွင် ချိရှီဘေးရှိ ပန်ကုန်းစုန်မှာ ချင်မူ သူ့ဘေးမှ ဖြတ်သွားသည်ကို မြင်လျှင် ကပျာကယာ ခေါင်းငုံ့၍ လေးစားကြောင်း ပြသသည်။
ချင်မူက အပြုံးတစ်ခုဖြင့် သူနှင့် ချိရှီကို ခေါင်းညိတ်ပြလိုက်သည်။ ချိရှီ၏မျက်နှာက မည်းမှောင်နေလေသည်။
ရွှမ်ခုံးကမ္ဘာ၏ ကျန်နတ်ဘုရားများလည်း မျက်နှာအမူအရာ တင်းမာနေကြသော်လည်း စကားတစ်ခွန်းမပြောပေ။ သူတို့၏အကြည့်များက ချင်မူ့ကိုယ်ပေါ် ကျရောက်နေကြ၏။
ချင်မူမှာ မည်သည်ကိုမှ ခံစားရပုံမပေါ်ပေ။ လင်ယွိရှို့နှင့် ပထမလူသားဧကရာဇ် နောက်ဆုံးလှေကားထစ်ပေါ် တက်ပြီး ချိမင်နတ်ဘုရားသားတော်နှင့် အကြည့်ချင်းဆုံသည့်အခါ သုံးယောက်လုံး ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ သူတို့အသံများသည် ရင်ပြင်တစ်လျှောက် ဟိန်းထွက်သွားလေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်တို့၊ ချိမင်နတ်ဘုရားသားတော်ကို ဂါဝရပြုပါတယ်”
ဘုန်း
နောက်ဆုံး ကောင်းကင်နတ်သိုင်းပညာရှင်မှာ ကောင်းကင်ယံမှ ပြုတ်ကျလာပြီး ချင်မူ၏ခြေထောက်အရှေ့၊ ချိမင်နတ်ဘုရားသားတော်၏ အရှေ့တည့်တည့်သို့ ကျလာတော့သည်။
၎
င
၎
၎