စည်းလုံးညီညွတ်ခြင်းသည် မပြိုလဲနိုင်သော ခံတပ်ဖြစ်၏
Vol. 48 Ch. 65
ချိမင်နတ်ဘုရားသားတော်က သူ့အရှေ့သို့ ပြုတ်ကျလာခဲ့သည့် ကောင်းကင်နတ်သိုင်းပညာရှင်ကို ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်သည် တဖြည်းဖြည်း ချင်မူ့ဆီသို့ မော့ကြည့်လာ၏။ ထို့နောက် ချင်မူ့ကို ကျော်၍ အနောက်သို့ လှမ်းကြည့်သည်။ ရင်ပြင်တစ်ခုလုံး တွင်းကြီးများ ပြည့်နေပြီး ရွှမ်ခုံးကမ္ဘာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ တွင်းများထဲ၌ စိုက်နေကြသည်။
ကျင်းထဲ ကျနေသည့် လူက သိပ်မများသော်လည်း အများစုမှာ ချင်မူ့ကြောင့် ဒဏ်ရာအပြင်းအထန် ရထားကြသည်။ လက်ကျိုးသူက ကျိုး၊ ခြေကျိုးသူက ကျိုးစသဖြင့် တစ်ယောက်မှ အကောင်းအတိုင်း မရှိတော့ပေ။
တချို့မှာမူ ဒဏ်ရာအပြင်းအထန် မရထားသော်လည်း ဖန်ဆင်းကောင်းကင်နတ်သိုင်းကြောင့် သိုးဘဝ ရောက်နေကြသည်။ တပဲပဲ အော်ဟစ်ရင်း ခြေဦးတည့်ရာ လျှောက်ပြေးနေကြလေသည်။
ချိမင်နတ်ဘုရားသားတော်က ထပြီး ချင်မူ့ဘေးမှ ဖြတ်လျှောက်သွား၏။ သူက ချင်မူ့ကို အဖက်မလုပ်ဘဲ ကျောက်လှေကားထစ်များဆီ သွားပြီး အောက်ငုံ့ကြည့်လိုက်သည်။
“ချိမင်နတ်ဘုရားနိုင်ငံတော်ဟာ ခေတ်နှစ်ခေတ်ကို ဖြတ်ကျော်ခဲ့ရတယ်... ချိဧကရာဇ်က လူသူမရောက်ပေါက်သေးတဲ့ နယ်မြေကနေ အင်ပါယာတစ်ခုဖြစ်လာအောင် ထူထောင်ပေးခဲ့တယ်... မင်ဧကရာဇ်က ပြည်သူတွေ လိုအပ်နေတဲ့အချိန်မှာ ပေါ်ထွက်လာခဲ့ပြီး ငါတို့နတ်ဘုရားနိုင်ငံတော် မပျက်စီးအောင် ကယ်တင်ပေးခဲ့တယ်... ချိမင်ခေတ်ရဲ့ ပြည်သူပြည်သားတွေက တိုးတက်စည်ပင်တဲ့ တ်ေတစ်ခေတ်ကို တည်ထောင်နိုင်ဖို့ မျိုးဆက်တစ်ရာတိုင်တိုင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြရတယ်”
သူ့အသံက သိပ်မဩသော်လည်း ခပ်လေးလေး ရှိသည်။ အသံသည် အားလုံး၏နားထဲသို့ ဝင်ရောက်လာ၏။ “ဒါပေမဲ့ ဒီရွှမ်ခုံးကမ္ဘာမှာ လာပုန်းကြထိုင်တဲ့ အချိန်နောက်ပိုင်းကစပြီး ... ပြည်သူပြည်သားတွေဟာ ငါတို့အိမ်ကို ဖျက်စီးခဲ့တဲ့ ရန်သူ၊ ငါတို့နိုင်ငံကို ဖယ်ရှားခဲ့တဲ့ ရန်သူ၊ ငါတို့မျိုးနွယ်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ ရန်သူကို တစတစ မေ့လျော့သွားကြပြီ.... ပြည်သူတွေဟာ ချိဧကရာဇ်နဲ့ မင်ဧကရာဇ်ရဲ့ ရဲစွမ်းသတ္တိတွေ၊ ကြိုးစားအားထုတ်ပေးမှုတွေကို မေ့မေ့ပျောက်ပျောက် ဖြစ်လာကြတယ်.... တစ်ချိန်တုန်းက စစ်နတ်ဘုရားတွေ ဖြစ်ခဲ့တာကိုလည်း မေ့ကုန်ကြပြီ... မင်းတို့မျိုးနွယ်က စစ်နတ်ဘုရားမျိုးရိုးဆိုတာလည်း မေ့ကုန်ကြပြီ... သေးငယ်တဲ့ အဆောက်အအုံလေးထဲမှာပဲ ပုန်းပြီး ဘာကိုမှ ဂရုမစိုက်ကြတော့ဘူး... မင်းတို့တွေ မှတ်ထား.... ပုန်းနေရတယ်ဆိုတာ ရှုံးနေတာပဲကွ.... ပုန်းနေရတာ ရှက်စရာကောင်းတယ်ကွ”
သူ့အသံက ကျယ်သထက် ကျယ်လာသည်။ ရင်ပြင်ထဲရှိ သိုင်းသမားတိုင်း ရှက်ရွံ့သွားကြပြီး ခေါင်းမမော့ရဲကြပေ။ ချိရှီနှင့် ကျန်နတ်ဘုရားများပင် ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြသည်။
“ဒီအပြင်လူရဲ့ လက်ကို ငှားပြီး ငါ မင်းတို့ကို အရှက်ခွဲဖို့ လိုတယ်.... မင်းတို့ကို ဆုံးမဖို့ လိုတယ်... မင်းတို့ကို နှိုးပေးဖို့ လိုတယ်”
ချိမင်နတ်ဘုရားသားတော်၏ အသံတွင် ဒေါသသံစွက်နေသည်။ “မင်းတို့ကောင်တွေ မင်းတို့ရဲ့ ရိုးရာ၊ မင်းတို့ရဲ့ အမုန်းတရား၊ ချိမင်ခေတ်ရဲ့ စိတ်ဝိညာဉ်ကို မေ့လျော့နေကြပြီကွ ... ဒီလိုစိတ်ဓာတ်၊ ဒီလိုစိတ်ဝိညာဉ် မရှိမှတော့ ချိမင်ခေတ်က အမှန်တကယ် သေဆုံးနေပြီ.... ကောင်းကင်နတ်ဘုံရဲ့ လက်ထဲမှာ သေခဲ့ရတာမဟုတ်ဘူး... မင်းတို့လက်ထဲ၊ ကံကောင်းပြီး အသက်ရှင်ကျန်ခဲ့တဲ့ မင်းတို့တတွေ လက်ထဲမှ သေခဲ့ရတာ”
သူ့အသံက စိတ်ပျက်အားလျော့သွားသကဲ့သို့ ပြန်တိုးသွားသည်။ “ငါ့ကိုယ်ငါ နတ်ဘုရားသားတော်လို့ပဲ ဘာကြောင့်ခေါ်ရဲလဲ မင်းတို့ သိလား... သတင်းထောက်လှမ်းဖို့ ရွှမ်ခုံးကမ္ဘာသားတွေကို ဘာကြောင့်အပြင်လွှတ်လဲ သိလား... လွန်ခဲ့တဲ့ နှစ်သုံးထောင်က ငါ ဘာကြောင့် ခိုင်ဧကရာဇ်ကို ဆက်သွယ်ပြီး သူ့ဆီ အညံ့ခံချင်ခဲ့တာလဲ သိလား... ငါ ... မကြည့်ရက်လို့ပဲ...
“မင်းတို့ကောင်တွေ တဖြည်းဖြည်း သွေးအေးကုန်ကြမှာ မကြည့်ရက်လို့ ... မင်းတို့လက်ထဲမှာ ချိမင်ခေတ် ပျက်စီးသွားမှာ မကြည့်ရက်လို့... မင်းတို့တွေ အပြစ်သားဖြစ်ကုန်ကြမှာ မကြည့်ရက်လို့...”
“ငါ မင်းတို့ကို တကယ့်ကမ္ဘာလောကကြီးဆီ ပြန်ပို့ပေးချင်တယ်.... ချိမင်ခေတ်ရဲ့ စိတ်ဝိညာဉ်၊ ချိမင်ခေတ်ရဲ့ အငွေ့အသက်ကို မင်းတို့တွေ ပြန်ရှာစေချင်တယ်... တိုက်ခိုက်လိုစိတ်တွေ ပြန်ပြင်းထန်လာပြီး ငါတို့ခေတ်ကို ပြန်တည်ဆောက်စေချင်တယ်”
သူက လှေကားထစ်များဆီသို့ တရွေ့ရွေ့ လျှောက်သွားသည်။ “ငါ့ကိုယ်ငါ ဧကရာဇ်လို့ မခေါ်ရဲဘူး... နတ်ဘုရားသားတော်လို့ပဲ ခေါ်ရဲတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာလို နိုင်ငံအငယ်လေးတစ်နိုင်ငံရဲ့ ဧကရာဇ်တစ်ယောက်အောက် နိမ့်ကျနေလို့မဟုတ်ဘူး... ငါ့အရည်အချင်းတွေက မထိုက်တန်လို့ပဲ... မင်းတို့ကောင်တွေ မထိုက်တန်ရင်.... ငါလည်း မထိုက်တန်ဘူး”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တွေ သန်မာအားကောင်းလား... အေး သိပ်သန်မာအားကောင်းတယ်... သူတစ်ယောက်တည်းနဲ့ မင်းတို့ခြောက်ယောက်ကို အနိုင်ယူနိုင်တယ်... ဒါပေမဲ့ တွေးကြည့်စမ်းပါ.... သူ အဲဒီအတိုင်း အစကနေ အဆုံးအထိ တိုက်ခိုက်ခဲ့သလား.... အင်အားတစ်သောင်းထက် မနည်းတဲ့ မင်းတို့ကောင်တွေကြားမှာ ခြောက်ယောက်ကပဲ သူ့ကို တိုက်ခိုက်နိုင်တာလား”
သူက ဆက်မပြောဘဲ စဉ်းစားရန် အချိန်ပေးလိုက်သည်။
အောက်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ငေးငိုင်သွားကြ၏။ ထို့နောက် တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဟုတ်သားပဲ... သူ လူအုပ်ကြီးထဲ ပြေးဝင်လာတော့ လူခြောက်ယောက်ပဲ သူ့ကို တိုက်ခိုက်နိုင်ခဲ့တာ”
သိုင်းသမားများ ခေါင်းညိတ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။ စောစောက ချင်မူ သူတို့ကို အနိုင်ယူလိုက်တုန်းက သူတို့၏ယုံကြည်ချက်နှင့် မာနပါ ရိုက်ချိုးခံခဲ့ရ၏။ ချင်မူ့အား အနိုင်မယူနိုင်တော့ဟု တွေးထင်မိခဲ့ကြသည်။
ယခုတွင် သူတို့ရင်ထဲ၌ မျှော်လင့်ချက်အနည်းငယ် ပေါက်ဖွားလာချေပြီ။
ချင်မူက လူခြောက်ယောာက်ကိုသာ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လုံးဝ အနိုင်မယူနိုင်အောင် ပြိုင်ဘက်ကင်းခြင်းမဟုတ်ပေ။
ချိမင်နတ်ဘုရားသားတော်၏ အေးစက်စက်အသံက နောက်တစ်ကြိမ် ဟိန်းထွက်လာသည်။ “ချိမင်နတ်ဘုရားနိုင်ငံတော်မှာ ချိမင်ခေတ် စစ်သည်တိုင်း ပြိုင်ဘက်ခြောက်ယောက်ကို တိုက်ခိုက်နိုင်တယ်... တစ်ပြိုင်တည်း ခြောက်ယောက် တိုက်ခိုက်နိုင်တာကြောင့် ငါတို့ ထင်ပေါ်ကျော်ကြားလာကြပြီး စစ်နတ်ဘုရားလို့ တင်စားခေါ်ဆိုခံရတာပဲ.... ဒါပေမဲ့ အခုတော့ မနေ့တစ်နေ့ကမှ ပေါ်ထွက်လာတဲ့ အင်ပါယာလေးတစ်ခုကြောင့် မင်းတို့အားလုံး ရှုံးနိမ့်ကုန်ကြပြီ.... ငါတို့ဘိုးဘေးကြီးတွေကို ဘယ်လိုမျက်နှာပြရတော့မလဲ... စစ်နတ်ဘုရားဆိုတဲ့ ငါတို့ရဲ့ဂုဏ်သတင်းက မြောင်းထဲ ရောက်သွားပြီလား... ငါ အရှက်ရမိတယ်... ဒါပေမဲ့ မင်းတို့အနေနဲ့ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး ပိုပြင်းပြင်းထန်ထန် ကြိုးစားလို့ရသေးတယ်”
“စောစောက တိုက်ပွဲမှာ... မင်းတို့အားလုံးက ပန်းကန်ပြားထဲက သဲတွေလိုပဲ ... တစ်ယောက်ကိုတစ်ယောက် နင်း၊ တစ်ယောက်နဲ့တစ်ယောက် တွန်းတိုက်ရင်း ဖရိုဖရဲ ဖြစ်နေခဲ့ကြတယ်... ခြောက်ယောက်အပြည့်နဲ့တောင် သူ့ကို တစ်ပြိုင်တည်း မတိုက်ခိုက်နိုင်ခဲ့ကြဘူး.... မင်းတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်ထဲမှာ ရှုံးသွားတာမဟုတ်ဘူး.... မင်းတို့ဘာသာ မင်းတို့ရှုံးသွားကြတာ.... မင်းတို့အချင်းချင်းကြောင့် ရှုံးသွားကြတာ...ရှက်စရာကောင်းချက်ပဲ”
သူက ကျယ်လောင်စွာ အော်လိုက်သည်။ “ဒီလိုအရှက်တရားအတွက် ဘာလုပ်သင့်လဲ”
သူက တခဏ ရပ်၍ အော်ဟစ်လိုက်၏။ “ပြန်တိုက်ခိုက်ရမယ်... အဲဒါမှ ငါတို့အရှက်တရားကို ဖယ်ရှားနိုင်မှာ... ငါတို့ ခေါင်းမော့ ရင်ကော့နိုင်မှာ... ဒီနေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်က မင်းတို့ကို အနိုင်ယူခဲ့တယ်... နောင်တစ်ချိန် မင်းတို့ သူ့ကို ပြန်အနိုင်ယူရမယ်.... အရင်တုန်းက ကောင်းကင်နတ်ဘုံက ငါတို့ချိမင်နတ်ဘုရားနိုင်ငံတော်ကို အနိုင်ယူခဲ့တယ်... အဲဒါကြောင့် ငါတို့ နောင်တစ်ချိန် ကောင်းကင်နတ်ဘုံကို သုတ်သင်ဖယ်ရှားပစ်ရမယ်”
အောက်တွင် ရွှမ်ခုံးကမ္ဘာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ သွေးပွက်ပွက် ဆူလာကြပြီး နာကျင်မှုကို တောင့်ခံကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။ အားလုံး တစ်ယောက်တစ်ပေါက် အော်နေကြ၍ အတော်လေး ကမောက်ကမ ဖြစ်နေပါသော်လည်း တဖြည်းဖြည်း အားလုံး၏အသံများသည် တစ်သံတည်း ပေါင်းစည်းသွားပြီး ကြားလိုက်ရသည့်လူတိုင်းအား အမြုတေအထိ တုန်လှုပ်သွားစေ၏။ သူတို့၏အော်သံများက နားကွဲလုအောင် ကျယ်လောင်မြည်ဟည်းနေချေသည်။
အသံပေါင်းများစွာက တစ်သံတည်း ပေါင်းစု၍ လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လာသဖြင့် ချင်မူနှင့် လင်ယွိရှို့ အမူအရာပြောင်းလဲသွားသည်။
ချင်မူ လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ အရှိန်အဝါများသည် မီးဟုန်းဟုန်း တောက်လောင်နေသော မြက်ခင်းပြင်ပမာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီ ရေလှိုင်းလုံးကြီးအသွင် ဖွဲ့လျက် အရပ်လေးမျက်နှာသို့ ဖြာထွက်ရိုက်ခတ်နေကြောင်း မြင်လိုက်ရသည်။
“စည်းလုံးညီညွတ်ခြင်းသည် မပြိုလဲနိုင်သော ခံတပ်ဖြစ်၏ တဲ့ ... ဒီလိုစည်းလုံးညီညွတ်မှုမျိုးနဲ့အတူ ချိမင်ခေတ်ရဲ့ စိတ်ဝိညာဉ် ပြန်လည်အသက်ဝင်လာခဲ့ပြီ....” ချင်မူ ရေရွတ်လိုက်မိသည်။
ပထမလူသားဧကရာဇ်၏အသံက သူ့နောက်မှ ထွက်လာသည်။ “ဒါက ခေါင်းဆောင်ကောင်းတစ်ယောက် ရှိတဲ့ ကျေးဇူးပဲ.... ဧကရာဇ်ယန်ဖုန်းကလည်း ခေါင်းဆောင်ကောင်းဖြစ်သလို၊ နတ်ဘုရားသားတော်ကလည်း ခေါင်းဆောင်ကောင်း ဖြစ်တယ်... ဧကရာဇ်အတိုင်ပင်ခံနဲ့ မင်းကတော့ ဒီလိုလူစားမျိုး မဟုတ်ဘူး... စိတ်ခွန်အားမြှင့်တင်ပေးနိုင်တဲ့ စကားမျိုး မင်းတို့ မပြောနိုင်ဘူး... သူတို့လို ခေါင်းဆောင်တွေပဲ အားလုံးရဲ့ စိတ်နှလုံးသားတွေကို ပေါင်းစည်းညီညွတ်သွားစေနိုင်တယ်”
ချင်မူ ခေါင်းညိတ်၍ ပြောလိုက်သည်။ “စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ ဆိုးရွားနေတဲ့ အရာတစ်ခုကို ကောင်းမွန်လာအောင် ပြောင်းလဲပေးနိုင်တယ်... အားလုံးရဲ့ စိတ်နှလုံးသားတွေကို ပေါင်းစည်းပြီး ကြိုးတစ်ချောင်းလို ကျစ်ပေးနိုင်တယ်... ကျွန်တော်ကတော့ အခုထိ အဲဒီလိုမလုပ်နိုင်သေးပါဘူး”
လင်ယွိရှို့က လေသံတိုးတိုးဖြင့် ပြောလေသည်။ “နတ်ဘုရားသားတော်က စကားတစ်ခွန်း၊ နှစ်ခွန်းလောက်နဲ့ နင် လူတစ်သောင်းကျော် အနိုင်ယူနိုင်ခဲ့တာကို ခြောက်ယောက်ပဲ အနိုင်ယူနိုင်ခဲ့သလို ပြောင်းလဲလိုက်တယ်... အဲဒီခြောက်ယောက်ကလည်း အားကုန်မထုတ်လွှတ်ရသေးဘူးတဲ့... နင့်အစွမ်းအစတွေကို နှိမ့်ချလိုက်တာမဟုတ်လား... သူက သိပ်ဉာဏ်များတာပဲ”
ချင်မူက ပြုံးလျက် ရှင်းပြလိုက်၏။ “သူ့စကားက မမှားဘူး .... ငါ့အတွက် တကယ်လည်း ခုနစ်စဉ်ကြယ်အဆင့် သိုင်းသမားအယောက် တစ်သောင်းကျော် အနိုင်ယူဖို့ ခက်တယ်... သိုင်းကွက်အခင်းအကျင်းသာ မှန်လို့ကတော့ ခုနစ်စဉ်ကြယ်အဆင့် သိုင်းသမားတစ်ရာလောက် ကောင်းကင်နတ်သိုင်းတွေ ငါ့ဆီ ပို့လွှတ်လိုက်တာနဲ့ ငါ သေသွားလိမ့်မယ်... တစ်သောင်းဆို ပြောမနေနဲ့... ငါက သူတို့ ဖရိုဖရဲဖြစ်သွားအောင် လုပ်ပြီး ဝုန်းဒိုင်းကြဲ တိုက်ခိုက်ခဲ့လို့သာ ကံကောင်းသွားတာ... တကယ်လည်း ငါ့ကို ခြောက်ယောက်ပဲ တစ်ပြိုင်တည်း တိုက်ခိုက်နိုင်ခဲ့တယ်... ကျန်တဲ့သူတွေက ပြေးလာနေရတော့ တစ်ယောက်ကိုတစ်ယောက် နင်းမိ၊ တိုက်မိပြီး နောက်ဆုံး သုံး၊ လေးယောက်ပဲ ငါ့ကို တကယ်တိုက်ခိုက်နိုင်ခဲ့တယ်... အဲဒီလိုနည်းလမ်းနဲ့မလို့သာ သိုင်းသမားအယောက် တစ်သောင်းကို ငါ နိုင်ခဲ့တာပါ”
လင်ယွိရှို့ ပြုံးလိုက်သည်။ “ဒါပေမဲ့ သူ နင့်ကို အထင်သေးနေတယ်လေ”
“သူ့မျိုးနွယ်အတွက် လုပ်နေတာပဲ ... နားလည်ပေးလို့ ရပါတယ်”
ချင်မူ ဆက်ပြောမိ၏။ “ပြီးတော့ ငါ့ရည်ရွယ်ချက်က ဒီတိုက်ပွဲကို အသုံးချပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ချိမင်နတ်ဘုရားနိုင်ငံတော်ကြားမှာ နှစ်ငါးဆယ် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ”
သူက ပြုံးလိုက်သည်။ “ချိမင်ရွှမ်ခုံးကမ္ဘာရဲ့ ဒီနတ်ဘုရားတွေနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက မာနကြီးတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဟာမိတ်ဖွဲ့ရင်တောင်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် တဖြည်းဖြည်း အထင်သေးလာကြလိမ့််မယ်... ခွဲခြားဆက်ဆံမှုတွေ လုပ်ကြမယ်... ခွဲခြားဆက်ဆံမှုကနေ နိုင်ထက်စီးနင်းမှု ဖြစ်လာမယ်... သူတို့က ငါတို့ကို အထင်မကြီးမှတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူတွေနဲ့ သိုင်းသမားတွေကို အနိုင်ကျင့်ကြမှာပဲ... အဲဒါကြောင့် အနှေးနဲ့အမြန် ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်တယ်... အခု ငါ သူတို့ကို အစွယ်ချိုးလိုက်ပြီဆိုတော့ အနည်းဆုံး နှစ်ငါးဆယ်တော့ သူတို့ ငါတို့ကို ပြဿနာမရှာရဲတော့ဘူး”
လင်ယွိရှို့ အံ့အားသင့်သွားသည်။ “နင် အဲဒီလောက်ထိ အဝေးကြီး တွေးထားမှန်း ငါ မသိခဲ့ဘူး... ဒါဆို နှစ်ငါးဆယ်လွန်ရင် ဘာဖြစ်မှာလဲ”
“နှစ်ငါးဆယ် လွန်ရင် ထပ်ရိုက်မယ်”
ချင်မူက အေးအေးလူလူ ပြောလိုက်သည်။ “ဒါဆို နောက်ထပ် နှစ်ငါးဆယ် ငြိမ်းချမ်းရေး ယူနိုင်မယ်”
ချိမင်နတ်ဘုရားသားတော်က စိတ်လှုပ်ရှားနေသော ကောင်းကင်နတ်သိုင်းပညာရှင်များကို ဒဏ်ရာများကုရန် ပြန်လွှတ်ပြီးနောက် သူ့ခုံသို့ ပြန်လှည့်လာ၏။ သူက ချင်မူတို့ကို ပြုံးပြသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တို့ ကျေးဇူးပြုပြီး ထိုင်ပါ”
ချင်မူ၊ လင်ယွိရှို့နှင့် ပထမလူသားဧကရာဇ်တို့ သက်ဆိုင်ရာခုံများတွင် ထိုင်လိုက်ကြပြီး ချိမင်နတ်ဘုရားသားတော်၏အကြည့်က အရောင်လက်နေသည်။ သူက ဤလူများကို အကဲခတ်ပြီးနောက် ပထမလူသားဧကရာဇ်အား မေးလေသည်။ “အဆွေတော်က ခိုင်ဧကရာဇ်ခေတ်ကလား”
ပထမလူသားဧကရာဇ်က ဖြေလိုက်၏။ “ခိုင်ဧကရာဇ်ခေတ်က ဟုတ်ပါတယ်”
“ကျုပ် ချိရှီကို လွှတ်လိုက်တာက ခိုင်ဧကရာဇ်နဲ့ တွေ့ဖို့အတွက်ပဲ... ခိုင်ဧကရာဇ်ဆီမှာ အညံ့ခံပြီး ခိုင်ဧကရာဇ်နဲ့အတူ ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ဖို့ ပြင်ခဲ့တာပါ”
နတ်ဘုရားသားတော်က သက်ပြင်းချ၍ ဆက်ပြောသည်။ “အချိန်စီးကြောင်း မတူညီတာကြောင့် အခြေအနေတွေ ပြောင်းလဲသွားမယ် မထင်ထားခဲ့ဘူး... ဘယ်အရာမှ မတည်မြဲဘူး အဆွေတော်ရေ.... ချိရှီ ရောက်တောင် မရောက်ခင် ခိုင်ဧကရာဇ်ခေတ်က ပျက်သုဉ်းသွားခဲ့ပြီ ... ခိုင်ဧကရာဇ်ခေတ်က နှစ်ပေါင်းနှစ်သောင်း တည်မြဲခဲ့ပေမယ့် ကျုပ်တို့ ရွှမ်ခုံးကမ္ဘာအတွက်တော့ နှစ်သုံးထောင်ပဲ ကုန်သေးတယ်... နှမြောစရာပါ... တကယ် နှမြောစရာပါ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိနေသေးလို့ တော်သေးတာပေါ့”
သူ့အကြည့်က လင်ယွိရှို့အပေါ် ရောက်လာပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မင်းသမီးယွိရှို့ကိုယ်တိုင် ရောက်လာတော့ ကျုပ် အမှန်တကယ် ဂုဏ်ယူမိပါတယ်... မင်းသမီးရဲ့တည်ရှိမှုက ကျုပ်တို့အတွက် မျှော်လင့်ချက်ရောင်ခြည်ပါပဲ... ချိရှီနဲ့ ဧကရာဇ်ယန်ဖုန်း ချုပ်ဆိုထားတဲ့ စာချုပ်ကို ကျုပ် ကြည့်ပြီးပါပြီ... ကျုပ်တပည့်တွေသာ သံတမန်တို့ကို အနိုင်ယူနိုင်ခဲ့ရင် ထပ်မံတောင်းဆိုမှုတွေ လုပ်နိုင်သေးတယ်... ဒါပေမဲ့ သူတို့ရှုံးခဲ့မှတော့ ချိရှီ လက်မှတ်ထားတဲ့ စာချုပ်ကို ကျုပ်မပြောင်းတော့ပါဘူး”
လင်ယွိရှို့က အသာအယာ ဦးညွှတ်ပြီး ပြုံးလျက် ပြောလိုက်၏။ “အရှင်နတ်ဘုရားသားတော်က သဘောကြီးမြတ်ပါပေတယ်... ကျွန်မတို့ကြောင့် စောစောက စိတ်ကွက်သွားခဲ့ရင် ဗွေမယူပါနဲ့ရှင်”
“မင်းသမီးက ယဉ်ကျေးလွန်းနေပါပြီ... ကျုပ်က အစကတည်းက အာဏာပြဖို့ ကြိုးစားခဲ့တဲ့သူပါ... ကိုယ်ပေါင်ကိုယ်လှန် ထောင်းသလို ဖြစ်သွားမယ် မထင်ထားဘူး ဟားဟားဟားဟား “
ချိမင်နတ်ဘုရားသားတော်က ရယ်ပြီး ပေါင်းရသင်းရလွယ်ကူမည့် ပုံရသည်။ သို့သော် သူက ချင်မူ့ကို မကြည့်ဘဲ ပြောသည်။ “ဒီကတိသစ္စာစာချုပ်ကို ကျုပ် အသိအမှတ်ပြုပါတယ်... မင်းသမီးနဲ့ သံတမန်တော် ရက်ပိုင်းလောက် စောင့်ပေးပါ... ကျုပ် မျိုးနွယ်တွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မလွှတ်ခင် ပြင်ဆင်စရာကိစ္စလေးတချို့ ရှိသေးပါတယ်”
ဤတစ်ကြိမ် ဆွေးနွေးမှုက အဆင်ပြေပြေ ပြီးဆုံးသွား၏။
လင်ယွိရှို့က ပထမလူသားဧကရာဇ်နှင့် ချင်မူနှင့်အတူ တည်းခိုရာ နန်းဆောင်သို့ ပြန်ရောက်သည်နှင့် ပြောလေသည်။ “နတ်ဘုရားသားတော်က နည်းနည်းကြောက်စရာကောင်းပြီး တစ်မျိုးပဲနော်... သူက ဘယ်လိုလူမျိုးပါလိမ့်... သူ့စိတ်ကို မခန့်မှန်းနိုင်ဘူး... နွားကျောင်းသား အာဏာပြလိုက်တာကြောင့်နဲ့ အဲဒီလို နောက်ဆုတ်ပေးလိုက်ရောလား... ငါတော့ မယုံချင်ချင်ပဲ”
ချင်မူက အကြောဆန့်၍ ပြုံးလိုက်သည်။ “သူက ရည်မှန်းချက်ကြီးတဲ့လူလေ... ဒါပေမဲ့ အခုလောလောဆယ် သူ့ပန်းတိုင်က သူ့မျိုးနွယ်တွေကို အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဒီနေရာကနေ ဆင်းရဲဒုက္ခပြည့်နေတဲ့ ကမ္ဘာလောကကြီးထဲ ပြန်ပို့ပေးဖို့ပဲ.. ဒါပေမဲ့ သူ့ဥအားလုံးကိုတော့ ခြင်းထဲ ထည့်လိုက်မှာမဟုတ်ဘူး... လူတစ်စုကိုပဲ ရွှမ်ခုံးကမ္ဘာကနေ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပို့ပေးမှာ... တစ်စုထဲဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အန္တရာယ်မဖြစ်သလို ကြီးကြီးမားမား အကူအညီလည်း မဖြစ်တော့ဘူး”
လင်ယွိရှို့ တခဏ စဉ်းစားရင်း ပြောလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အခြေခိုင်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အန္တရာယ်ပေးမှာလား”
ချင်မူ ပြောလိုက်သည်။ “အဲဒီအချိန်ကျရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ပိုပြီးအင်အားကြီးနေလောက်ပါပြီ ဟုတ်တယ်မလား... ဒီကိစ္စတွေ တွေးမနေနဲ့... ဒီကိစ္စတွေက သူနဲ့ ဧကရာဇ်အတွက် ကစားပွဲပဲ... ဧကရာဇ်ပဲ ခေါင်းကိုက်ပလေ့စေ... ဒီရက်ပိုင်း လျှောက်သွားပြီး ရွှမ်ခုံးကမ္ဘာကို လေ့လာကြရအောင်.... ယွိရှို့၊ လိုက်ခဲ့ချင်လား”
လင်ယွိရှို့က ခေါင်းယမ်းသည်။ “ငါ စဉ်းစားစရာတွေ ရှိတယ်”
သူမသည် ဧကရာဇ်ယန်ဖုန်းနေရာတွင် ဝင်၍ ဤကစားပွဲတွင် အနိုင်ရအောင် မည်သို့လုပ်သင့်သလဲ စတွေးနေ၏။
‘ချိမင်နတ်ဘုရားသားတော်က ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ... သူ့ရဲ့ ပါရမီ၊ သတ္တိ၊ မျှော်မှန်းချက်နဲ့ နည်းလမ်းတွေက ခမည်းတော်အောက် မနိမ့်ကျဘူး... သူ့ကို အနိုင်ယူချင်ရင် ပါရမီပိုထက်သန်ရမယ်... သတ္တိပိုကောင်းရမယ်... မျှော်မှန်းချက် ပိုပြင်းထန်ရမယ်... ဉာဏ်ပိုများရမယ်’ လင်ယွိရှို့ တစ်ယောက်တည်း ထိုင်တွေးနေ၏။
ချင်မူကတော့ အေးအေးလူလူ လျှောက်သွားရင်း ရွှမ်ခုံးကမ္ဘာ၏ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများနှင့် အဆောက်အဦးပုံစံများကို ကြည့်နေသည်။ ပထမလူသားဧကရာဇ်ကလည်း သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်လာသည်။
ရွှမ်ခုံးကမ္ဘာသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအောက် မသေးငယ်သော်လည်း လူဦးရေ သိပ်မများပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် များစွာနည်း၏။ ပြည့်စုံကြွယ်ဝသော ဘဝတွင် နေထိုင်နေရသောကြောင့် မျိုးဆက်ပွားရန် စိတ်မဝင်စားခြင်း ဖြစ်လောက်သည်။
ဤသည်ကား ထူးဆန်း၏။ လူတစ်ယောက်သည် အန္တရာယ်နှင့် ကြုံသည့်အခါ မျိုးဆက်များ ချန်ခဲ့ရန် နည်းလမ်းမှန်သမျှဖြင့် ကြိုးစားတတ်၏။ သို့သော် ဘတက အပူအပင်ကြောင့်ကြမဲ့ပြီး ပြည့်စုံချမ်းသာသည့်အခါ မျိုးဆက်ပွားရန် စိတ်မဝင်စားတော့ပေ။ ထိုသို့ဖြင့် လူဦးရေမှာ ကျဆင်းစပြုလာတော့သည်။ ပြင်ပရန်သူမရှိ၊ စစ်လည်း မဖြစ်၊ အစားအသောက်၊ အဝတ်အထည်တို့အတွက် စိုးရိမ်စရာလည်း မရှိသော နေရာဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
“ချိမင်နတ်ဘုရားသားတော် မှန်တယ်... ရွှမ်ခုံးကမ္ဘာ ဒီတိုင်း ဆက်ပုန်းနေရင် သူတို့ကိုယ်သူတို့ ဖျက်စီးမိမှာပဲ” ချင်မူ ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
ဤနတ်ဘုရားမြို့တော်သည် ခံညားထည်ဝါသော တောင်ကြီးတစ်လုံးပေါ်တွင် တည်ဆောက်ထားပြီး တောင်ကြီးက မြင်းမိုရ်တောင်ထက်ပင် ပိုမိုကြီးမား၏။ မြို့မျှော်စင်ထက်၌ ရပ်လိုက်လျှင် ရွှမ်ခုံးကမ္ဘာ၏ ရှုခင်းများကို မြင်ရသလို၊ ကောင်းကင်ယံ၌ ကွန့်မြူးနေသော အလင်းတန်းများကိုပင် ဖမ်းဆုပ်နိုင်မည့်အလား ထင်ရသည်။
ချင်မူ မျှော်စင်ထက်တွင် လျှောက်ကြည့်ရင်း စိတ်လက်ပေါ့ပါးနေသည်။ နောက်လှည့်ကြည့်လိုက်သည့်အခါ သူ မှင်သက်သွား၏။ ဤမြို့၏ အမြင့်ဆုံးနေရာမှာ နန်းစိုက်မြို့တော်မဟုတ်ဘဲ နန်းစိုက်မြို့တော်အနောက်ရှိ တင့်တယ်လှပနေသော ဧရာမနန်းတော်ခန်းမကြီးဖြစ်လေသည်။
မြို့ထဲ၌ ရှိနေစဉ်အခါက ဤနန်းတော်ခန်းမကို မမြင်ခဲ့ရပေ။
“အဲဒါ ဘာနေရာလဲ”
ချင်မူ စိတ်လှုပ်ရှားလာပြီး မျှော်စင်ထက်မှ အပြေးအလွှား ဆင်းလိုက်သည်။ သူက နန်းစိုက်မြို့တော်ကို ဖြတ်ပြီး နန်းတော်ခန်းမဆီ ဦးတည်နေ၏။ ပထမလူသားဧကရာဇ်က ညှို့မှိုင်းမှိုင်းအမူအရာဖြင့် သူ့နောက်မှ လိုက်လာသည်။
နန်းစိုက်မြို့တော်၏ အနောက်ရှိ နန်းတော်ဆီသို့ သူတို့ ရောက်လာကြ၏။ မျက်စိတဆုံး ခင်းထားသော ကျောက်လှေကားများကို မြင်လိုက်ရသည်။ မြင့်မားလှသော လှေကားထစ်များက အလွန်ကြောက်စရာကောင်းနေသည်။
ချင်မူက အပေါ်တက်သွားပြီး ထိပ်သို့ ရောက်တော့မည့်အချိန်တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရား၏ ခေါင်းများ အပေါ်၌ ပြူထွက်လာပြီး သူတို့၏မျက်နှာများက အလွန်ကြီးမားနေသည်။ သူတို့က အော်ဟစ်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တို့၊ ဒီနေရာက အထွတ်အမြတ်ခန်းမပါ... အပြင်လူတွေ ဝင်ခွင့်မရှိဘူး ကျေးဇူးပြုပြီး ပြန်ကြပါ”
ချင်မူ ခြေလှမ်းကို ရပ်လိုက်သည့်အခါ အပေါ်မှ ရင်းနှီးသောအသံတစ်သံ ကြားလိုက်ရသည်။ “ကိုယ်ရံတော်ကျွင်း သူတို့ကို တက်လာခိုင်းလိုက်ပါ...”
“ချိမင်နတ်ဘုရားသားတော်လည်း ဒီရောက်နေတာလား” ချင်မူ အနည်းငယ် အံ့အားသင့်သွားပြီး အပေါ် ဆက်တက်လိုက်သည်။
ချိမင်နတ်ဘုရားသားတော်က ခရမ်းနီရောင်ဝတ်ရုံကို ချပ်ချပ်ရပ်ရပ် ဝတ်ထားပြီး ဧရာမခန်းမကြီးကို မျက်နှာမူလျက် ရပ်နေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံတို့ ဒီနေရာက ချိဧကရာဇ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားက နေရာပါ... ဒီခန်းမထဲမှာ သူ့ဦးနောက်ရဲ့ ကောင်းကင်အလင်းတန်းတွေ ကိန်းဝပ်နေတယ်”
ချင်မူ တခဏ ချီတုံချတုံ ဖြစ်သွား၏။ “ဒါက ချိဧကရာဇ်ရဲ့ အထွတ်အမြတ်မြေဆိုမှတော့ ကျွန်တော် မဝင်သင့်ဘူးထင်ပါတယ်”
၎
င
၎
၎
၎
င
၎
၎