အခန်း (၇၀၆)
Vol. 48 Ch. 706
ရှောက်ယန်ဓားဂိုဏ်းမှ ယန်ရှင်း က
အောက်သို့ မောက်မာစွာဖြင့်ကြည့်နေသည်။ ယွဲ့ရှောက်ချုံး၏ စကားတို့အားသူကြားလိုက်ရသောအခါတွင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ မင်းငါ့ကိုသိမယ်လို့ငါမထင်ထားမိဘူး”
ယန်ရှင်းကယွဲ့ရှောက်ချုံးအားသူ၏ ဓားဖြင့်တိုက်ခိုက်လိုက်သောအခါတွင် ယွဲ့ရှောက်ချုံးတစ်ယောက် ပင်ကိုယ်အားဖြင့်ဒေါသထွက်သည်ဖြစ်သည်။ သို့သော် သူ၏ဒေါသအား ယန်ရှင်း၏ ရှေ့တွင် မချပြရဲပေ။ သူ့ကိုယ်သူပင်နှိမ့်ချပြီး ၎င်းကိုမြှောက်ပင့်ပြောဆိုလိုက်၏။
“သခင်လေးက ရှောက်ယန်ဂိုဏ်း၏ ရဲ့ ပါရမီရှင် ယန်ရှင်းပဲ ပြီးတော့ဒီအသက်အရွယ်လေးနဲ့
တင်သခင်လေးက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ကို
ရောက်နေပြီ.. . အရင်ကသခင်လေးဟာ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ဦး
ကိုတောင်သတ်နိုင်ခဲ့တယ်…သခင်လေးလိုမျိုးပါရမီရှင်ကျွမ်းကျင်သူတစ်ယောက်ကိုဘယ်သူကမသိပဲရှိမှာလဲ”
“မင်းကစကားပြောတတ်ဆိုတတ်သားပဲ”
ယန်ရှင်းမှာ ယွဲ့ရှောက်ချုံး၏ စကားတို့အားကြားလိုက်ရသောအခါ တွင် သူ၏မောက်မာသောမျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာသည်။ သူ့အနေဖြင့်ယွဲ့ရှောက်ချုံးအား
တော်တော်လေး နှစ်သက်သည်ပုံရ၏။
ထို့နောက်ယန်ရှင်းကဆက်ပြောသည်။
“မင်းကစကားပြောတော်တော်ကောင်း
တာကြောင့် နောက်ပြီးရင်မင်းတို့နှစ်ယောက် ဒီလှိုင်ခေါင်းထဲကိုဝင်ပြီးတော့ ငါ့အတွက်ဆံဖြူအဆိပ်မယ်ကိုကူရှာပေးရမယ်”
ယန်ရှင်း၏ အသံကအေးဆေးပြီး ခြားနားမှုမရှိသော်လည်း သူ့အနေဖြင့်ယွဲ့ရှောက်ချုံးအားငြင်းဆန်ခွင့်မပြုသည်ကတော့သိသာသည်။
တကယ်တမ်းလည်း ဤလူငယ်ပါရမီရှင်အားဆန့်ကျင်ဘာကဘာတွေစောင့်ကြိုနေမည်ကို ယွဲ့ရှောက်ချုံးသိသည်ဖြစ်သည်။
ထို့နောက်တွင် ယွဲ့ရှောက်ချုံးက တုန့်ဆိုင်းခြင်းမရှိပြန်ပြောလိုက်သည်။
“ကျုပ်တို့သခင်လေးကို ခစားဖို့ ဆန္ဒရှိပြီးသားပါပဲ”
ထို့နောက်တွင် သူ၏ခေါင်းအားရှစ်ဖုန့်ဘက်သို့လှည့်
လိုက်ပြီးပြောလိုက်သည်။
“ရှစ်ဖုန့်လေး သွားကြစို့”
“နေအုံး”
ယွဲ့ရှောက်ချုံး၏ စကားတို့အားကြားရပြီး ယွဲ့ရှောက်ချုံးက ဂူထဲသို့ဝင်တော့မည်ကို တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က ရုတ်ခြည်းပြောလိုက်သည်။
“ တစ်ယောက်ယောက်က ဒီလှိုင်ခေါင်းထဲမှာအစီအရင်တစ်ခု ချခင်းထားတယ်.. အကယ်၍ မင်းဒီလိုမျိုးဆင်းသွားရင်. မင်းသေလိမ့်မယ်”
“ဘာ”
ယွဲ့ရှောက်ချုံးမှာရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် တုန်လှုပ်သွားပြီး လျှင်မြန်စွာသူ့ကိုယ်သူရပ်တန့်လိုက်သည်။ သူကငုံ့ကြည့်လိုက်ပြီးဂရုတစိုက် ပတ်ဝန်းကျင်ကိုအာရုံခံလိုက်၏။ ထို့နောက်တွင်သူ၏မျက်နှာကသိသိသာသာကိုပြောင်းလဲသွားသည်။
အောက်ဘက်မှ စွမ်းအားကြီးမားသောစွမ်းအင်တစ်ခုကိုသူအာရုံခံမိသည်။ အကယ်၍သူသာ တွင်းပေါက်အတွင်းသို့ဆင်းလိုက်လျှင် အချိန်မရွေး သူ သေလိမ့်မည်ကို သူခံစားမိသည်ဖြစ်သည်။
ထို့နောက်တွင် သူကလျှင်မြန်စွာခေါင်းမော့လိုက်ပြီး ကောင်းကင်ထဲ၌ရှိနေသောယန်ရှင်း
ကိုပြောလိုက်၏။
“သခင်လေးယန်..ဒီလှိုင်ခေါင်းထဲမှာ အားကောင်းတဲ့ဆီးလ်တစ်ခုရှိနေတယ်.. ကျုပ်တို့နှစ်ယောက် ဝင်လို့မရဘူး”
“အမ်”
ယန်ရှင်းမှာ ယွဲ့ရှောက်ချုံး၏ စကားအားကြားလိုက်ရသောအခါတွင် ရုတ်တရက်မျက်မှောင်ကြုတ်သွားသည်။ ထို့နောက်တွင် သူကလှုပ်ရှားလိုက်ပြီး ယွဲ့ရှောက်ချုံးထံသို့လိုက်ပါဆင်းလိုက်၏။
ယန်ရှင်းဆင်းလာသည်ကိုတွေ့
ရသောကြောင့်ယွဲ့ရှောက်ချုံးက လျှင်မြန်စွာဘေးကိုဖယ်ပေးလိုက်သည်။ ထို့နောက်တွင် ယန်ရှင်းကလည်း လှိုင်ခေါင်းကိုအာရုံခံကြည့်လိုက်ပြီးနောက် ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီမှာတကယ်ပဲ ဆီးလ်တစ်ခုရှိနေတာပဲ. ဆံဖြူအဆိပ်မယ်ကများဒါကို လုပ်ထားတာဖြစ်နိုင်မလား.. အဲ့လိုသာဆိုရင် ဆံဖြူအဆိပ်မယ်ကအောက်မှာရှိနေတာ ဖြစ်နိုင်လောက်တယ်”
ဆံဖြူအဆိပ်မယ်အား တွေးမိသောအခါတွင် ယန်ရှင်း၏နှလုံးသားထဲ၌ စိတ်အားထက်သန်မှုတို့လောင်မြိုက်လာသည်။ရှေးဟောင်းအမွေအနှစ်၏ မြေပုံနှင့်သော့ဤအရာတို့ကား မည်သည့်ကျင့်ကြံသူကိုမဆို ဆွဲဆောင်မှုကြီးမားသည်ဖြစ်သည်။
သမိုင်းမှတ်တမ်းများတွင် လူဘယ်လောက်များများက ရှေးဟောင်းအမွေအနှစ်နေရာသို့ဝင်ရောက်ပြီး သူတို့ဘိုးဘေးတို့ ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ကြပါသနည်း။ ၎င်းတို့ပြန်လည်ထွက်လာပြီးသည့်နောက်၌ ၎င်းတို့မှာ ကောင်းကင်ပေါ်မှနေ၍ အထင်သေးစွာဖြင့်ကမ္ဘာကြီးအားနှိမ့်
ချကြည့်ရှုနိုင်သွားကြသည်ဖြစ်သည်။
“အကယ်၍ ငါသာ ဆံဖြူအဆိပ်မယ်ကိုရှာတွေ့ပြီးသူမကိုသတ်နိုင်ရင်.. အဲ့နောက် မြေပုံနဲ့သော့ကိုရခဲ့ရင် ငါ့ရှေးဟောင်းအမွေအနှစ်နေရာကိုဝင်နိုင်ပြီးအဲထဲကအရာအားလုံးကိုရနိုင်လိမ့်မယ်.. အဲ့အခါကြ ငါကမ္ဘာကြီးကိုနှိမ့်ချကြည့်နိုင်ပြီး ကမ္ဘာပေါ်က ကျွမ်းကျင်သူတွေနဲ့ယှဉ်ပြိုင်နိုင်လိမ့်မယ်”
ဤအရာအားတွေးမိသောအခါတွင် ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားသောယန်ရှင်း
၏နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုတို့အနည်းငယ်ဖြစ်ပေါ်လာသည်ကိုခံစားရသည်။
“ကြည့်ရတာတော့ဒီဆီးလ်က ဆံဖြူအဆိပ်မယ် သေချာပေါက်လုပ်ခဲ့တဲ့ပုံပဲ.. ဒါပေမဲ့ သူကငါယန်ရှင်းကိုဒီလောက်လေးနဲ့တားလို့ရမယ်ထင်နေတာလား. သူအိမ်မက်မက်နေတာပဲဖြစ်ရမယ်”
နက်ရှိုင်းသောလှိုင်ခေါင်းအားစိုက်ကြည့်ရင်း ယန်ရှင်း၏မျက်နှာထက်၌ အထင်းသေးမှုတို့ဖြင့်ပြည့်နှက်နေသော
အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက်တွင် ယန်ရှင်း၏ ညာလက်က လက်သည်းတစ်ခုအဖြစ်ပုံပြောင်းသွားပြီး သူ၏လက်ဖဝါးအလယ်၌ လေဝဲတစ်ခုက အဆက်မပြတ်လှည့်ပတ်လာသည်။
လေစီးကြောင်းကပြောင်းလဲသွားပြီး ဓားစွမ်းအင်တစ်ခုအဖြစ်သိပ်သည်းဖွဲ့စည်းသွားသည်။ ယန်ရှင်းက လက်ဝါးအား ရုတ်ခြည်းအောက်ဘက်ရှိ တွင်းပေါက်ထဲသို့တွန်းထုတ်လိုက်၏။ ရုတ်ခြည်း ဓားချီအလင်းတန်းက မှောင်မိုက်ပြီးနက်ရှိုင်းသောတွင်း
ပေါက်ထံသို့ပေါက်ကွဲဦးတည်သွားသည်။
“ကောင်းလိုက်တာ. အရမ်းအစွမ်းထက်တာပဲ”
ဘေး၌ရပ်နေသောယွဲ့ရှောက်ချုံးမှာ ယန်ရှင်း၏ ဓားချီအားတွေ့လိုက်ရသောအခါတွင်မနေနိုင်ဘဲ အံ့အားသင့်စွာပြောလိုက်မိသည်။
ယွဲ့ရှောက်ချုံးမှာ သူ့အားယန်ရှင်းက မျက်ထောင့်မှတစ်ဆင့်တစ်ချက်ကြည့်
လိုက်သည်ကိုတွေ့လိုက်ရသောအခါတွင် မတက်နိုင်သောအမူအယာတစ်ခုအားထုတ်ဖော်ကာထပ်ပေါင်းပြောလိုက်သည်။
“ မျှော်လင့်ထားသလိုပဲ ရှောက်ယန်ဂိုဏ်းရဲ့ ပါရမီရှင်ယန်ရှင်းပီသပါပေတယ်”
ကမ္ဘာကြီးအား နှစ်ပေါင်းများစွာလှည့်လည်သွား
လာခဲ့ပြီးသည့်နောက်၌ လူတို့၏ အမူအယာနှင့်ပက်သက်ပြီးသူတော်တော်လေး လေ့လာသင်ယူခဲ့ရသည်ကို ယွဲ့ရှောက်ချုံးဝန်ခံရမည်ဖြစ်သည်။ အစောပိုင်းကသူတို့နှစ်ယောက်ပြောဆိုခဲ့သော စကားများအရ ဤစကားများအားယန်ရှင်းကြားရခြင်းကို နှစ်သက်သည်ကို သူပြောနိုင်သည်ဖြစ်သည်။
သူ၏အသက်ကိုကယ်တင်နိုင်ရန်အတွက် ယွဲ့ရှောက်ချုံးက ဤရှောက်ယန်ဓားဂိုဏ်းမှ ပါရမီရှင်အားမြှောက်ပင့်ပေးနိုင်ရန်အခွင့်အရေးတစ်ခုကို ရှာနေခဲ့သည်။
ယွဲ့ရှောက်ချုံး၏ စကားအားကြားလိုက်ရသောအခါတွင် ယန်ရှင်း၏ မျက်နှာထက်ရှိမောက်မာမှုက ပို၍ပို၍ ပီပြင်လာသည်။ သို့သော် ယွဲ့ရှောက်ချုံးနှင့် ရှစ်ဖုန့်ထံသို့ သူကြည့်လိုက်သောအခါတွင် ပို၍ ပင် ၎င်းတို့အားအထင်သေးလာ၏။
ဤနှစ်ယောက်ကဲ့သို့အားနည်းသော
သူများမှာ သူကဲ့သို့သော သန်မာသူတစ်ယောက်ကိုတွေ့ရသည်နှင့် တုန်လှုပ်အံ့အားသင့်မှုတစ်ခုတည်း
သာဖြစ်ရသည်ဖြစ်သည်။ ဤဘဝတွင်၎င်းတို့အနေဖြင့် သူ့ကဲ့သို့ပါမရီရှင်များအား
မော်ကြည့်ရုံသာတက်နိုင်သည်။
မှောင်မိုက်နေသောလှိုင်ခေါင်းအတွင်းတွင် ယန်ရှင်း၏ဓားချီ၎င်းအတွင်း
ကျဆင်းသွားပြီးနောက် အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး များစွာသော ဖားလောင်းကဲ့သို့ အဖြူရောင်ရုန်းများပေါ်လာသည်။ ဤရုန်းများကတစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာကွဲသွား၏။
“ကောင်းပြီ.. မင်းတို့အခုအောက်ကိုဆင်းလို့ရပြီ”
အောက်ဘက်ရှိကန့်သတ်ချက်ဆီးလ်
ကျိုးပျက်သွားသည်ကိုအာရုံခံမိသောအခါတွင် ယန်ရှင်းကသူ၏ ညာလက်အားဓားလက်ချောင်း
အသွင်ပြုလုပ်လိုက်ပြီး အောက်သို့ထိုးပြလိုက်သည်။ သူက ယွဲ့ရှောက်ချုံးနှင့်ရှစ်ဖုန့်ကိုပြောလိုက်၏။
အကယ်၍ ယွဲ့ရှောက်ချုံးနှင့်ရှစ်ဖုန့်တို့ အောက်သို့ ဆင်းသွားလျှင်ပင် ၎င်းတို့အနေဖြင့်အောက်သို့ ပျံလျက်ဆင်းရအုံးမည်ဖြစ်သည်။ ယန်း ရှင်း မှာ ဤအားနည်းသူနှစ်ယောက်အား “မြေစာပင်တွေ " ဟုပြောလိုခဲ့သည်။ သူက ၎င်းတို့ကို ခွေးလိုသာဆက်ဆံလိုခဲ့သည်။
“မြေစာပင်တွေ”
ယွဲ့ရှောက်ချုံးမှာ သူ့အား စော်ကားပြောဆိုမှုကိုကြားလိုက်ရ
သောအခါတွင် သူ၏နှလုံးသားထဲမှ ဒေါသတို့ ရုတ်ခြည်းထွက်ပေါ်လာသည်။ သို့သော် ခွန်အားမရှိသောကြောင့် ဒေါသသာထွက်နိုင်ပြီး ယွဲ့ရှောက်ချုံးအနေဖြင့် သည်းခံရင်း သည်းခံရုံသာတက်နိုင်၏။
“မြေစာပင်တဲ့”
“ ငါသန်မာလာရမယ်.. ငါရှေးဟောင်းအမွေအနှစ်ကိုရှာဖွေရမယ်. ငါသူတော်စင်နယ်ပယ်တစ်ဦးဖြစ်လာပြီးဒီလူတွေနဲ့ ယှဉ်ပြိုင်နိုင်ရမယ်.. တစ်နေ့ကြရင် သူတို့ငါ့ကို အဆင့်သစ်တစ်ခုမှာလေးစားလာရမယ်”
ယွဲ့ရှောက်ချုံးကနှလုံးသားထဲမှခါးသီးစွာပြောလိုက်သည်။ သူဆင်းတာ့မည့်အချိန်တွင် ရုတ်တရက်တစ်စုံတစ်ယောက်၏နောက်မှသူ၏ အင်္ကျီအားဆွဲမှုကိုခံလိုက်ရသည်။
သူ၏ခေါင်းအားလှည့်လိုက်သောအခါတွင် ရှစ်ဖုန့်၏ငယ်ရွယ်သောမျက်နှာကိုတွေ့လိုက်ရသည်။
ရှစ်ုဖန့်ကသူ့အား ဆွဲလိုက်သည်ကိုတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးက “မြေစာပင်တွေ” ဟူသောစကားလုံးအားရှစ်ဖုန့်နားမလည်ဟုထင်လိုက်၏ ။သူက ရှစ်ဖုန့်ကိုအလျှင်အမြန်ပြောလိုက်၏။
“ဆင်းကြစို့. ရှစ်ဖုန့်လေး မြန်မြန်လုပ်.. .သခင်လေးယန်ရဲ့ကိစ္စကို မနှောင့်နှေးစေနဲ့”
ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အား ပြောရင်း မျက်စပစ်ပြလိုက်သည်။ အကယ်၍သူတို့သာမဆင်းခဲ့လျှင် သူတို့အနေဖြင့် ယန်ရှင်းအားဒေါသထွက်စေပြီး သေခြင်းတရားကိုခေါ်ဆောင်လိုက်သ
လိုဖြစ်မည်ကိုသူကောင်းစွာသိသည်ဖြစ်သည်။
အကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် လူတစ်ယောက်အနေဖြင့်သူ၏ဒေါသအား နှလုံးသားထဲ၌ ဖုံးကွယ်ထားရုံသာတက်နိုင်သည်ဖြစ်သည်။
“အောက်မှာလှုပ်ရှားမှုရှိတယ်”
သူ့အားမျက်လုံးဖြင့်အချက်ပြနေသော ယွဲ့ရှောက်ချုံးအားကြည့်ရင်းရှစ်ဖုန့်ကပြောင်းလဲမှုမရှိပြောလိုက်သည်။
“တစ်ခုခုဖြစ်နေတာလား . အဲ့တာကဘာလဲ”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံးစိတ်ရှုပ်ထွေးသွားသည်။ ၎င်းဘာပြောနေမှန်းသူမသိချေ။
“ဘာ..ဘာဖြစ်နေလို့လဲ”
သို့သော် နောက်တစ်စက္ကန့်တွင် မြေပြင်မှ ကျယ်လောင်သော “ဝုန်း”ဆိုသည့်အသံထွက်ပေါ်လာသည်။ထို့နောက်ယွဲ့ရှောက်ချုံး၏အကြည့်အောက်၌ပင် ပြင်းထန်သောမြေငလျှင်တစ်ခုလှုပ်ခတ်သကဲ့သို့ မြေပြင်ကပြင်းထန်စွာလှုပ်ခါသွားသည်။
“ဝုန်း..ဝုန်း..ဝုန်း..”
အချိန်အတိုင်းအတာတစ်ခုအထိ အောက်ဘက်ရှိမြေပြင်က အဆက်မပြတ်မြည်ဟိန်းနေသည်။