← Chapters

အခန်း (၇၀၇)

Vol. 48 Ch. 707

အခန်း (၇၀၇)

Vol. 48 Ch. 707

“ဘာ…..ဘာဖြစ်နေတာလဲ..”

မြေပြင်၏ တုန်ခါမြည်ဟိန်းမှုအားမြင်တွေ့

လိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံး၏ အမူအယာ က သိသိသာသာပြောင်းလဲ သွားသည်။

“သွားစို့”

ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားအေးအေး

လူလူပင်ပြောလိုက်သည်။

တုံ့ဆိုင်းနေခြင်းမရှိဘဲ ယွဲ့ရှောက်ချုံး ကောင်းကင်ထဲသို့ ပျံတက်လိုက်၏။ ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးသည်သာမက ရှောက်ယန်ဓားဂိုဏ်းမှ ပါရမီရှင် ယန်ရှင်းလည်း မြေပြင်မှတုန်ခါမြည်ဟိန်းမှု

အားအာရုံခံမိသောအခါတွင် ကောင်းကင်ထဲသို့ပျံသန်း

တက်လိုက်သည်။

“ဝုန်း..ဝုန်း.ဝုန်း.. ဝုန်း.”

မြည်ဟိန်းသောအသံများက သူတို့သုံးယောက်အောက်ဘက်ရှိ သုသာန်တစပြင်မှ အဆက်မပြက်ထွက်နေပြီး မြေပြင်ကလည်းပို၍ ပို၍ပြင်းထန်စွာလှုပ်ခါလာသည်။

ထို့နောက်တွင် မြေပြင်မှ ပျော့ပျောင်းသောသဲကဲ့သို့ဖြစ်လာပြီး အုတ်ဂူများက စတင်နစ်မြုပ်ဝင်လာ၏။

“ဒီသုသာန်က ဘယ်လိုဖြစ်ပြီး အဲ့မှာ ကြီးမားတဲ့ ဆူညံပွက်လောရိုက်မှုတွေဖြစ်နေရတာလဲ.”

ထို့နောက်တွင် ယွဲ့ရှောက်ချုံးက ရုတ်တရက်တစ်စုံတစ်ခုကိုတွေးမိလိုက်ပြီး အလန့်တကြားပြောလိုက်သည်။

“ဆံဖြူအဆိပ်မယ်. ဖြစ်နိုင်တာ ဆံဖြူအဆိပ်မယ်ကများလုပ်နေတာလား”

“ရှေးဟောင်းအမွေအနှစ်နေရာ.

ဒီနေရာကရှေးဟောင်းအမွေအနှစ်နေရာ များဖြစ်နိုင်တာလား”

အောက်ဘက်ရှိ တုန်ခါနေသော သုသာန်တစပြင်ကို ကြည့်ရင်း ရှောက်ယန်ဓားဂိုဏ်းမှ ယန်ရှင်းက မေးခွန်းတစ်ခုကိုတွေးမိပြီး အံ့အားသင့်စွာပြောလိုက်သည်။

“ရှေးဟောင်းအမွေအနှစ်နေရာက ဒီသုသာန်တစ်ပြင်ရဲ့ အောက်မှာများဖြစ်နေမလား….

ဆံဖြူအဆိပ်မယ်က ရှေးဟောင်းအမွေအနှစ်ရဲ့တည်

နေရာကိုရှာဖို့အတွက် ရှေးဟောင်းမြေပုံကိုအသုံးပြုခဲ့တယ်.. ပြောရရင် ရှေးဟောင်းအမွေအနှစ်ကအခု

ဒီနေရာမှာရှိနေတာပဲ”

“အဲ့နောက် ခုဧက ဆံဖြူအဆိပ်မယ်က သော့ကိုအသုံးပြုပြီး ရှေးဟောင်းအမွေအနှစ်နေရာကို

ထိတွေ့လိုက်ချိန်မှာ ဒီနေရာမှာ

အခုလိုမျိုး ကြီးမားတဲ့ ဆူညံပွက်လောရိုက်မှုတွေဖြစ်

လာတာဖြစ်မယ်”

ဤအချိန်တွင် ယန်ရှင်းတစ်ယောက် သူ၏မှန်းဆချက်တို့ကြောင့်ပို ဂနာမငြိမ်ဖြစ်လာသည်။

“ဒါက တကယ်ပဲ ရှေးဟောင်းအမွေအနှစ်နေရာလား..”

ယွဲ့ရှောက်ချုံးပင်အောက်ဘက်ရှိ ရှေးဟောင်းအမွေအနှစ်ကြောင့်ဖြစ်လာ

သောတုန်ခါမှုအား တွေးမိသောအခါတွင် စိတ်လှုပ်ရှားမှုတို့ဖြစ်လာရသည်။

“ရှေးဟောင်းအမွေအနှစ်လား”

တစ်ချိန်လုံးတည်ငြိမ်နေခဲ့သောရှစ်ဖုန့်ပင် ၎င်း၏ဆွဲဆောင်မှုကိုခံရ၏။

ယခုသူအလိုချင်ဆုံးသောဆန္ဒမှာ စွမ်းအားအကြီးမားဆုံးနှင့်ပို၍

သန်မာလာဖို့ဖြစ်သည်။ အကယ်၍ ၎င်းသာတကယ်ပဲရှေးဟောင်း

အမွေအနှစ်နေရာဆိုလျှင်ထိုနေရာ၌ အန္တရာယ်ရှိနေနိုင်သော်လည်း မမျှော်လင့်ထားသည့် အခွင့်အလမ်းများလည်းရှိလိမ့်မည်ဖြစ်သည်။

သူ၏တိုက်ခိုက်ရေးစွမ်းအားကို တိုးမြင့်ပေးနိုင်သော သို့မဟုတ် သူအားပိုသန်မာအောင်ပြုလုပ်ပေးနိုင်သော ရှေးဟောင်း လက်နက်ပစ္စည်းတစ်ခုခုကို သူရနိုင်သည်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။

ယခင်တုံးက ဟိုက်မိသားစု၏ မြေအောက်ခန်းမအတွင်း၌ ရှေးလူတို့ချန်ထားခဲ့သော

လမ်းကြောင်းကိုသူရှာတွေ့ခဲ့ပြီး သွေးသောက်ဓားအားသူရရှိခဲ့သည်ဖြစ်သည်။

နောက်တစ်ဖန် သူ၏ ဒန်တန်ကွဲကြေသွားချိန်တွင် စန်းယွဲ့မြို့၏မြောက်ဘက်မိုင်သုံး

ဆယ်အကွာ၌ ရှေးဟောင်းအမွေ

အနှစ်နေရာသို့ သူဝင်ရောက်ခဲ့ပြီး သူ၏ ဒန်တန်နှင့်ပေါင်းစပ်ထားခဲ့သော ကောင်းကင်မီးတောက်ကိုသူ

ရရှိခဲ့သည်ဖြစ်သည်။

နောက်တစ်ကြိမ်သူ သွေးနတ်ဆိုး၏ သွေးရောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့ချိန်တွင် သွေးနီရောင်ချပ်ဝတ်နှင့်သွေးကျောက်ပြားတို့ကိုသူရှိခဲ့သည်ဖြစ်၏။

နောက်ပိုင်းတွင် သေခြင်းတားမြစ်နယ်မြေမှ လွတ်မြောက်လာသည့် ဖျောင်ရှ ဂိုဏ်းမှ ဖျောင်ရွှယ်ယွဲ့အား အနိုင်ယူခဲ့ပြီး သေခြင်း တားမြစ်နယ်မြေအတွင်းမှသူမ ယူဆောင်လာခဲ့သော လပြည့်ဓားကိုရရှိခဲ့သည်။ ယခု လပြည့်ဓားကဒဏ္ဍာရီလာ သေခြင်းကောက်ရိတ်ဓားအဖြစ် ဆင့်ကဲတိုးတက်သွားပြီး များစွာသော အားကောင်းသည့်ရန်သူများကို သတ်ဖြတ်ရန်သူ့အားကူညီနေသည်။

နောက်ပိုင်းတွင် သူ သေခြင်းတားမြစ်နယ်မြေအတွင်း

သို့ဝင်ရောက်ခဲ့ပြီး ကောင်းကင်ဘုံဝိညာဉ်အပြာရောင်

သလင်းကျောက်နှင့် နတ်ဘုရားဆေးပင်၏ပွင့်ချပ်တို့ကိုရရှိခဲ့သည်။

၎င်းတို့အားလုံးက ရှေးခေတ်အချိန်ကာလကချန်ရစ်

ထားခဲ့ကြသော ရတနာများဖြစ်ကြသည်။

“ဝုန်း…ဝုန်း…ဝုန်း..ဝုန်း..”

မြေပြင်ကဆက်လက်တုန်ခါမြည်ဟိန်းနေဆဲဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၊ယွဲ့ရှောက်ချုံးနှင့်ယန်ရှင်းတို့မှာ များပြားလှသောဥက္ကာပျံကဲ့သို့အလင်းတန်းများက ဤဦးတည်ချက်သို့ တစ်ဟုန်ထိုးပျံသန်းလာကြသည်ကို သတိပြုမိလိုက်သည်။

ဤနေရာရှိလှုပ်ရှားမှုများက အနီးအနာရှိ ကျင့်ကြံသူတို့အား ဆွဲဆောင်စေလိမ့်မည်ဖြစ်၏။

ဤအလင်းတန်းများ၏ အရေအတွက်ကိုကြည့်ရသလောက် ထောင်ပေါင်းများစွာသောလူများ

ဆွဲဆောင်မှုခံရပုံပေါ်သည်။

မကြာခင်တွင် အလင်းတန်းများကရောက်ရှိလာပြီး ကျင့်ကြံသူတို့ ၏ပုံရိပ်များကတစ်ခုပြီးတစ်ခုပေါ်လာသည်။ မူလကရှစ်ဖုန့်တို့သုံးယောက်သာရှိနေသော ဟင်းလင်းပြင်တွင် ရုတ်ခြည်း လူအုပ်ကြီးဖြစ်လာ၏။

လူအုပ်အတွင်းမှမျက်နှာများစွာအားကြည့်ရင်း ယွဲ့ရှောက်ချုံး မနေနိုင်ဘဲ အံ့အားသင့်စွာရေရွတ်ပြောမိသည်။

“ဒီလူက ဖန်ရှစ်ဂိုဏ်းရဲ့ပါရမီရှင် ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် ဖန်ကွမ်းပဲ”

“ဒါ..ဒါက.. ထျန်းဟန်ကျောင်းတော်ရဲ့ကျောင်းအုပ် ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ် ဟန်လုံပဲ”

“စမ့်ရှန့် ဂိုဏ်းရဲ့သူတော်စင် ရှစ်လင်းကုံး… သူကလည်းကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် ပါရမီရှင်ပဲ.. “

ယွဲ့ရှောက်ချုံးကတစ်ယောက်ပြီးတစ်ယောက်ကို ရေရွတ်ပြောနေသည်။ သူကလူတော်တော်များများကိုသိပုံပေါ်၏။ထိုထက်ပိုသည်ကား သူ၏ပါးစပ်မှ ထွက်လာသော နမည်များအားလုံးမှာ သူတော်စင်နယ်ပယ်ကျွမ်းကျင်

သူများဖြစ်ကြသည်။

“ဒီနေရာမှာတကယ့်ကို သူရဲကောင်းတွေ..ပါရမီရှင်တွေနဲ့

ကျွမ်းကျင်သူတွေစုစည်းနေကြတာပဲ..”

ယွဲ့ရှောက်ချုံးက လှည့်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။ ထို့နောက်တွင် သူက ရှစ်ဖုန့်အားသတိပေးလိုက်၏။

“ငါခုဏတုံးကပြောတဲ့သူတွေကိုမှတ်ထားနော်”

“မင်းအနေနဲ့ငါခုဏတုံးကပြောတဲ့သူတွေကိုမှတ်ထားမှရမယ်.. သူတို့ကို မစော်ကားမိစေနဲ့.. သူတို့နားကိုမင်းကပ်မသွားတာအကောင်းဆုံးပဲ.. ကျွမ်းကျင်သူတွေကအမြဲတမ်းစိတ်ဆတ်တတ်တယ်… သူတို့ထဲကအချို့ဆိုရင်.. ငါတို့ရဲ့အသက်တွေကိုမျက်လုံးထဲတောင်ထည့်တာမဟုတ်ဘူး… ငါတို့အနေနဲ့ဘယ်လိုသေလို့သေ

လိုက်မှန်းတောင်မသိလိုက်ဖို့များတယ်”

“အိုး..ဒါက ကျွမ်းကျင်သူတွေဆိုတာမျိုးလား..”

ရှစ်ဖုန့်ကယွဲ့ရှောက်ချုံးကိုပြုံး၍ပြောလိုက်သည်။ နောက်ဆုံးတွင် ယွဲ့ရှောက်ချုံး ၏စိတ်ထဲ၌ဘာရှိသည်ကိုသူနားလည်သွားသည်။ ဒီတော့ဤသည်ကား သန်မာသောကျင့်ကြံသူတစ်ဦး၏ပုံစံဖြစ်၏။

သို့သော်ရှစ်ဖုန့်ကလူအုပ်အားတစ်ချက်

သိမ်းကြုံးကြည့်လိုက်သည်။ ဤလူများထဲတွင် သူတို့ထဲက မည်သူတစ်ဦးတစ်ယောက်ကမှ သူ၏မျက်လုံးထဲထည့်ရန် အရည်အချင်းမပြည့်မှီပေ။

ထို့နောက်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချင်းတို့ အစောပိုင်းကသူတို့ကိုဖိနှိပ်ခဲ့သော လူကိုတွေ့လိုက်ရသည်။

ထိုလူက ပဝူတိဖြစ်သည်။

ယွဲ့ရှောက်ချုံးမှာသူပြောသည့် ဖောက်ပြန်သည့်စုံတွဲအားမြင်တွေ့လိုက်ရသောအခါတွင် သူ၏ကိုယ်ကတုန်ယင်သွားပြီး လှည့်လိုက်ကာသူ၏မျက်နှာကို ကွယ်လိုက်သည်။

ကံကောင်းစွာဖြင့် ဤနေရာတွင်လူအများကြီးရှိနေသောကြောင့် ထိုစုံတွကသူ့အားသတိပြုမိခြင်းမရှိပေ။

ဤအချိန်တွင် ပုံရိပ်များစွာက ဦးတည်ချက်အနှံ့မှသူတို့ရှိရာသို့ ပျံသန်းလာသည်။ မျက်စိဖမ်းအစားဆုံးသောတစ်ခုမှာ လေးလံသောအနက်ရောင်ချပ်ဝတ်တို့ဖြင့် စစ်တပ်တစ်ခုဖြစ်သည်။

ထိုတပ်စုအတွင်းတွင် လူဦးရေငါးရာခန့်ပါဝင်သည်။ ၎င်းတို့က အားကောင်းသောသတ်ဖြတ်ခြင်းအော်ရာတို့ကိုထုတ်လွှတ်နေ၏။ ၎င်းတို့အား သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ရှေ့ဆုံးမှပျံသန်းရင်းဦးတည်လာသည်။

သက်လတ်ပိုင်းလူက အသက်လေးဆယ်အရွယ်လောက်ရှိ၏။ သူ့၌ ခန့်သောမျက်နှာရှိပြီ ဩဇာရှိသောအရှိန်အဝါတစ်ခုရှိသည်။ သူကအနက်ရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး နက်ရောင်လှံရှည်တစ်ချောင်းကိုကိုင်ထားသည်။

“ဒီလူက ယွမ်ရိလို့ခေါ်တယ်.. ပိုင်ယွမ်မြို့ရဲ့အရှင်သခင်ပဲ ပြီးတော့ဒီယွမ်ရိက ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးပဲ. သူကရက်စက်ပြီးအကြင်နာမဲ့တဲ့

သူလို့လည်းပြောလို့ရတယ်.. သူ့ကိုစော်ကားမိတဲ့သူကတော့ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာကပဲ ကောင်းတဲ့အရာတစ်ခုလို့စဉ်းစားရလိမ့်မယ်..ဒီလိုမျိုးတည်ရှိမှုတစ်ခုကိုငါ့တို့တွေအကြွင်းမဲ့ စော်ကားလို့မရဘူးဆိုတာ မင်းမှတ်ကိုမှတ်ထားရမယ်”

ယွဲ့ရှောက်ချုံးက ပိုင်ယွမ်မြို့အရှင်သခင် ယွမ်ရိအားမြင့်လိုက်ရသောအခါတွင် ရှစ်ဖုန့်အားသတိပေးလိုက်သည်။သူ၏လေသံကလေးနက်နေ၏။ ယင်းကသူ့သတိပေးမှု၏ အပြင်းထန်ဆုံးသောအမျိုးအစား

တစ်ခုအဖြစ်ပြော၍ရနိုင်သည်ဖြစ်သည်။

ထို့နောက်တွင် ပိုင်ယွမ်မြို့အရှင်သခင် ယွမ်ရိက သူ၏လူငါးရာအား လူများရှေ့သို့ဦးဆောင်ရောက်ရှိလာသည်။

ဤအချိန်တွင်ယွဲ့ရှောက်ချုံးကသူ၏

စိတ်ထဲမှသက်ပြင်းချလိုက်သည်။ လူအများကြီးက ရှေးဟောင်းအမွေအနှစ်အတွက်

ရောက်လာကြပြီး အကျိုးအမြတ်များအားလုံးအား

သူတော်စင်နယ်ပယ်များက မျှဝေကြဖို့ဖြစ်နိုင်ချေများသည်ဖြစ်သည်။ ယွဲ့ရှောက်ချုံးအတွက် မည်သည့်အကျိုးအမြတ်မဆိုရဖို့အခွင့်အလမ်းကနည်းပါးလှသည်ဖြစ်သည်။

“ဝုန်း.ဝုန်း..ဝုန်း.ဝုန်း..”

“ဝုန်း.ဝုန်း..ဝုန်း.ဝုန်း..”

အောက်ဘက်တွင်ရှိနေသောမြေပြင်က အုံကြွတက်လာပုံရပြီး ပို၍ပြင်းထန်စွာလှုပ်ခါလာသည်။

ထို့နောက်မကြခင်တွင် အုံကြွတက်လာသောမြေပြင်အတွင်းမှ ကြီးမားသောအက်ကွဲကြောင်းကြီး

တစ်ခုပေါ်လာသည်ကိုလူများတွေ့လိုက်ကြရသည်။ ဧရာမအက်ကွဲကြောင်းကြီးမှ ဧရာမအရာဝတ္ထုကြီးတစ်ခုက တုန်ခါမြည်ဟိန်းမှုနှင့်အတူ ဖြည်းဖြည်းခြင်း မြင့်တက်လာသည်။ ဧရာမအရာဝတ္ထုကြီးပေါ်လာလာချင်း ၎င်းက ရှေးကျပြီး ထိတ်လန့်ဖို့ကောင်းသောအရှိန်အဝါ

တစ်ခုကိုပေးစွမ်းနေ၏။

“ရှေးဟောင်းအမွေအနှစ်”

“ဒါကရှေးဟောင်းအမွေအနှစ်ပဲ”

“ရှေးဟောင်းအမွေအနှစ်ကထွက်ပေါ်လာပြီ”

ဤအရာထွက်ပေါ်လာလာခြင်း ၎င်း၏ရုပ်လုံးမပီပြင်သေးခင်မှာပင် ဟင်းလင်းပြင်ထဲမှလူများ၏အော်သံများကတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

၎င်းတို့ထဲမှအများစုမှာ စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်ဖြစ်သည်။

All Chapters