အခန်း (၇၀၈)
Vol. 48 Ch. 708
ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ ကျင့်ကြံသူစုစုပေါင်းလေးထောင် စုစည်းနေပြီဖြစ်သည်။အောက်ဘက်ရှိ
တုန်ခါနေသောမြေပြင်ထဲတွင် တောင်ကြီးတစ်လုံးကဲ့သို့ကြီးမားသော
အရာတစ်ခုရှိသည်ဖြစ်၏။ ကျင့်ကြံသူပေါင်းလေးထောင်ကျော်
၏အကြည့်များအောက်နှင့် တုန်ခါမြည်ဟိန်းနေသော သုသာန်တစပြင်၏အောက်တွင် ၎င်းကဖြည်းဖြည်းခြင်းမြင့်တက်လာ
ပြီး၎င်း၏အသွင်အပြင်ကလည်းဖြည်းဖြည်းချင်းပီပြင်လာသည်။
၎င်းမှာ ဧရာမ နီညိုရောင်နန်းတော်ကြီးတစ်ခုဖြစ်သော်လည်း ၎င်း၏ ပုံစံကယနေ့ခတ်နန်းတော်များနှင့်လုံးဝ
ကိုကွဲပြားသည်ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့်၎င်းကရှေးခေတ်
အချိန်ကာကလ အဆောက်အဦးဖြစ်သည်ကိုပြောနိုင်
သည်ဖြစ်သည်။ ၎င်းကဧရာမသားရဲကြီးတစ်ကောင်မြေကြီးထဲမှ တိုးထွက်လာသကဲ့သို့ပင်ဖြစ်သည်။
ဧရာမနီညိုရောင် နန်းတော်ကြီးကမှိန်ပျသော စိမ်းပြာရောင် အလင်းတစ်ခုနှင့် ထိတ်လန့်ဖို့ကောင်းသောရှေးခေတ်အော်ရာတစ်ခုတို့ကိုထုတ်လွှတ်နေသည် ။
“ဒါကတကယ်ပဲရှေးဟောင်းအမွေအနှစ်ပဲ”
နီညိုရောင်နန်းတော်ကြီးအပြည့်အဝပေါ်လာသည်ကိုကြည့်ရင်း ရှစ်ဖုန့်ကစိတ်ထဲမှ အံ့အားသင့်စွာပြောလိုက်သည်။
သို့သော်ဤအချိန်တွင် ဟင်းလင်းပြင်ထဲမှ များစွာသောပုံရိပ်များက ပြိုင်တူသဘောတူထားကြသကဲ့သို့ အတူတကွလှုပ်ရှားလိုက်ကြပြီး နီညိုရောင်နန်းတော်ထံသို့ပျံသန်းသွားကြသည်။
ယခုရှေးဟောင်းအမွေအနှစ်ကသူ့ဖာသာ
သူအပြည့်အဝထွက်ပေါ်လာသော
ကြောင့်ကျင့်ကြံသူများမှာသူတို့၏ စိတ်ထဲမှ ဂနာမငြိမ်မှုတို့အာ ထိန်းထားနိုင်ခြင်းမရှိကြချေ။
များစွာသောပုံရိပ်များပျံသန်းဆင်းသွား
သည်ကိုကြည့်ရင်း ဂနာမငြိမ်ဖြစ်နေသော ယွဲ့ရှောက်ချုံးကလည်း သူ၏ခေါင်းကိုလျှင်မြန်စွာလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“သွားစို့ရှစ်ဖုန့်လေး. ငါတို့ရဲ့အခွင့်အလမ်းကလည်းအောက်မှာရှိလောက်တယ်.. ငါတို့ထွက်လာပြီးတဲ့နောက်မှာ ငါ့တို့တွေကောင်းကင်ထဲကိုထိုးတက်နိုင်ပြီး သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ
တွေဖြစ်လာလောက်တယ်.. ငါတို့တွေအဲ့အခါတစ်ခြားသူရဲကောင်းတွေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်”
ယွဲ့ရှောက်ချုံးကသူရဲကောင်းဆန်ဆန်
ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင် သူ့ကိုယ်သူ ဟင်းလင်းပြင်ထဲ၌ရပ်နေပြီးအခြားသူတော်စင်နယ်ပယ်ကျွမ်းကျင်သူများအား နှိမ့်ချကြည့်နေသူအဖြစ် စိတ်ကူးထားပြီးဖြစ်သည်။
သူသာ သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ
တစ်ဦးဖြစ်လာသည်နှင့် ထိုလူများအားထပ်မံမော်ကြည့်စရာ
လိုတော့မည်မဟုတ်ပေ။
“ခဏလေးနေအုံး”
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအား တည်ငြိမ်စွာဖြင့်ထပ်မံပြောလိုက်သည်။
“ဟမ်.. ဒီတစ်ကြိမ်မင်းဘာရှာတွေ့ထားလို့လဲ”
ယွဲ့ရှောက်ချုံးမှာ ယခင်က တွင်းထဲသို့နှစ်ကြိမ်ဆင်းလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် ရှစ်ဖုန့်ကသူ့အားသတိပေးမှုကြောင့် အန္တရာယ်အားနှစ်ကြိမ်ရှောင်ရှားနိုင်ခဲ့ခြင်း
ဖြစ်သည်။ ယခု သူ့အနေဖြင့်ရှစ်ဖုန့်၏ စကားများအား သံသယမရှိ ယုံကြည်သည်ဖြစ်၏။
ရှစ်ဖုန့်၏ကျင့်ကြံမှုနယ်ပယ်က ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်သာ
ရှိသော်လည်း သူကတော်တော်လေးကို ဆဋ္ဌမအာရုံကောင်းမွန်ပုံရသည်။ ၎င်းကြောင့်သာမဟုတ်လျှင် သူပထမအကြိမ်ကတည်းက တွင်းပေါက်ထဲသို့ဆင်းပြီး တွင်းပေါက်အတွင်းရှိ ကန့်သတ်ချက်ဆီးလ်ကြောင့်သေပြီး
ဖြစ်လောက်သည်။
သို့သော် ယွဲ့ရှောက်ချုံး စကားပြောပြီးပြီးချင်း ရုတ်တရက် အောက်ဘက်မှ နာကျင်စွာဖြင့်အော်ဟစ်သံများ
ကိုကြားလိုက်ရသည်။
“အား..အား..အား.အား..အား”
အော်ဟစ်သံများအားကြားလိုက်ရ
သောအခါတွင်ယွဲ့ရှောက်ချုံး သူ၏ခေါင်းကိုလျှင်မြန်စွာငုံကြည့်လိုက်သည်။ ဤအချိန်တွင် အော်ဟစ်သံများက နီညိုရောင်နန်းတော်အတွင်းသို့ဆင်း
သွားကြသော ကျင့်ကြံသူများ၏ပါးစပ်မှ ထွက်လာခြင်းဖြစ်သည်ကိုသူမြင်တွေ့
လိုက်ရသည်။
ဤအချိန်တွင် အောက်ဘက်၌ မမြင်နိုင်သော ကြီးမားသည့်လက်များရှိနေသကဲ့သို့ ၎င်းတို့က နီညိုရောင်နန်းတော်အတွင်းဆင်သွားကြသောကျင့်ကြံသူများ၏ခန္ဓာကိုယ်များကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်နေသည်။ယင်းက တော်တော်လေးကို စိတ်မချမ်းမြေ့ဖွယ်ကောင်းသည်ဖြစ်၏။
ကောင်းကင်ထဲတွင် သွေးမိုးနှင့်ခန္ဓာကိုယ်အပိုင်းအစမိုး
တို့ရွာသွန်းနေသည်။ အချိန်တိုလေးအတွင်း ကျင့်ကြံသူရာနှင့်ချီကျဆုံးသွားသည်။ ဆင်းသက်နေကြသော များပြားလှသည့်ကျင့်ကြံသူများမှာ အောက်ဘက်မှ သွေးပျက်ဖွယ်မြင်ကွင်းအား တွေ့လိုက်ရပြီးရုတ်ခြည်း
ရပ်တန့်လိုက်ကြသည်။
၎င်းတို့မှာအောက်ဘက်သို့စိုက်ကြည့်
နေကြသကဲ့သို့ တစ်ယောက်ချင်းစီ၏မျက်နှာထက်တွင် လေးနက်သောအမူအယာများဖြစ်ပေါ်နေသည်။
“ယွဲ့ရှောက်ချုံးမှာအောက်ဘက်မှ
မြင်ကွင်းအားမြင်တွေ့လိုက်ရသောအခါတွင် တုန်လှုပ်သွားသည်။ ရာနှင့်ချီသောကျင့်ကြံသူများကြားထဲတွင် ဘိုးဘေးနယ်ပယ်ကျင့်ကြံသူအနည်းဆုံး ဒါဇင်နှင့်ချီပါဝင်သည်ကိုသူသတိပြုမိ၏။ ၎င်းတို့ကြားထဲတွင် သုံးယောက်မှာ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်သုံးယောက်နှင့် နှစ်ယောက်မှာကြယ်နှစ်ပွင့်
သူတော်စင်နယ်ပယ်တို့ဖြစ်ကြသည်။
ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်နှင့် ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူတို့က ဤကဲ့သို့ သေဆုံးသွားရသည်။သူလည်းအစောပိုင်း
ကဆင်းမသွား၍ဖြစ်သည်။အကယ်၍သာ သူဆင်းသွားခဲ့လျှင်သူသည်လည်း
မြေစာပင်သာဖြစ်ရလိမ့်မည်ဖြစ်သည်။
ယွဲ့ရှောက်ချုံးတစ်ယောက်
ကြောက်လန့်မှုမှပြန်လည်နိုးထလာပြီးနောက် ရုတ်ခြည်းရှစ်ဖုန့်ကိုတွေးမိပြီး ၎င်းတို့ထံသို့လှည့်လိုက်သည်။ ရှစ်ဖုန့်လေးက စကားအနည်းငယ်ဖြင့် သူ၏အသက်ကိုထပ်မံကယ်တင်ခဲ့ပြန်သည်။
ရှစ်ဖုန့်၏ သတိပးမှုအားတွေ့ကြုံခဲ့ရပြီးနောက် ယွဲ့ရှောက်ချုံးသူ၏ စိတ်ထဲမှပြောလိုက်သည်။
“ဒီရှစ်ဖုန့်လေးက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်သာဆိုပေမဲ့ ငါသူ့ရဲ့စကားကိုနားထောင်ရမယ်”
ရာနှင့်ချီသောကျင့်ကြံသူများ
သေဆုံးသွားကြပြီးနောက် ဟင်းလင်းပြင်အတွင်းမည်သူကမှ အလျှင်စလိုမပြုမူရဲတော့ပေ.သူတို့အား
လုံးကအောက်ဘက်ကိုစိုက်ကြည့်ရှင်း
အဖြေရှာနေကြသည်။
ရှေးဟောင်းအမွေအနှစ်ကပေါ်လာပြီးဖြစ်သောကြောင့်သူတို့အနေဖြင့် လက်လျှော့ပြီးဤနေရာကထွက်မသွား
လိုကြချေ။
ယခုအခါတွင် တုန်ခါမြည်ဟိန်းသံတို့ကရပ်တန့်သွားပြီး ကမ္ဘာကြီးကပြန်လည်ညိမ်ကျသွားသည်။
ခဏမျှတိတ်သွားပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်ကနောက်ဆုံး
၌ပြောလိုက်သည်။
“ဒီနီညိုရောင်နန်းတော်ထဲကိုဝင်ဖို့အတွက်ငါတို့သော့ရှိမှရမှာလား. “
သူ့အနေဖြင့်အစောပိုင်းကရရှိခဲ့သောသတင်းတို့ကိုအမှတ်ရလိုက်သည်။ ဆံဖြူအဆိပ်မယ်က ပိုင်ယွမ်မြို့အရှင်သခင်၏သားဖြစ်သူယွမ်ထုံကို သတ်ပစ်ခဲ့ပြီး ရှေးဟောင်းမြေပုံနှင့်သော့ကိုယူသွားသည်ဖြစ်သည်။
ထို့နောက်တွင် နောက်ထပ်ကျင့်ကြံသူတစ်ဦးကပြောလိုက်သည်။
“ဒါပေမဲ့အကယ်၍ ငါတို့သာ သော့ကိုလိုတယ်ဆိုရင် ..အဲ့တာက ဆံဖြူအဆိပ်မယ်ရဲ့လက်ထဲရောက်နေတာ.. ဒီနီညိုရောင်နန်းတော်က ဆံဖြူအဆိပ်မယ်ဖွင့်သွားခဲ့တာပဲဖြစ်ရမယ်.. ဒီအချိန်မှာ သော့နဲ့ ရှေးဟောင်းမြေပုံကိုကိုင်ထားတဲ့
ဆံဖြူအဆိပ်မယ်ကတော့ နီညိုရောင်နန်းတော်ထဲကိုဝင်သွားလောက်ပြီ”
“ငါတို့ဘာလုပ်သင့်လဲ. အားလုံးပဲနည်းလမ်းတစ်ခုကိုစဉ်းစားကြအုံး.. အကယ်၍ငါတို့သာဆက်ပြီးနှောင့်နှေးနေရင် ဒီနီညိုရောင်နန်းတော်ထဲကရတနာတွေအားလုံး ဆံဖြူအဆိပ်မယ်ရဲ့လက်ထဲကိုရောက်သွားလိမ့်မယ်.. ငါတို့အားလုံးက ဇတ်ပို့တွေပဲဖြစ်သွားလိမ့်မယ်..ဒီခရီးလည်း အလာဟဿဖြစ်သွားလိမ့်မယ်”
“ငါ့အမြင်ကတော့ ငါတို့တွေရဲ့ခွန်အားကိုပေါင်းစည်းပြီး
ဖောက်ထွက်သင့်တယ်.. ငါတို့လမ်းကြောင်းတစ်ခုဖောက်နိုင်
မလားကြည့်ကြတာပေါ့”
ဤအချိန်တွင် ပြတ်သားခိုင်မာသော အသံတစ်ခုကရုတ်ခြည်းထွက်ပေါ်လာသည်။
ဤအသံအားကြားလိုက်ရသောအခါ
တွင်အားလုံးက စကားပြောသူထံသို့လှည့်ကြည့်လိုက်သည်။ စကားပြောလိုက်သူက ပိုင်ယွမ်မြို့အရှင် ယွမ်ရိဖြစ်သည်။
“မြို့အရှင် ယွမ်ပြောတာမှန်တယ်. ဒါကအရမ်းကို လုပ်သင့်လုပ်ထိုက်တဲ့နည်းလမ်းပဲ”
“အားလုံးပဲ မြို့အရှင်ယွမ်ရဲ့စကားကိုနားထောင်.. အခုမင်းတို့ရဲ့ခွန်အားကိုစုစည်းပြီးတိုက်ခိုက်ကြ”
ယွမ်ရိ၏စကားဆုံးသောအခါတွင် ကျင်ကြံသူများ၏သဘောတူညီသောအသံများကပဲ့တင်ထွက်ပေါ်လာသည်။ ဤအချိန်တွင် အားလုံးက ကြီးမားသောစွမ်းအားနှင့် လမ်းကြောင်းတစ်ခုကို ဖွင့်ထုတ်ပစ်ရန်သာတက်နိုင်ကြသည်ဖြစ်သည်။
ဤကျင့်ကြံသူများ၏ စကားအာနားထောင်ပြီးနောက် ၎င်းတို့၏နည်းလမ်းက ပြဿနာမရှိဟုရှစ်ဖုန့်ခံစားရ၏။
နီညိုရောင်နန်းတော်၏ဝန်းကျင်၌အတားအဆီးတစ်ခုရှိသည်ကို ရှစ်ဖုန့်အာရုံခံမိထားသည်မှာကြာပြီဖြစ်သည်။ အချိန်တစ်ခုကြာပြီးသည့်နောက်၌ အတားအဆီးကကျိုးပျက်ဖို့ဖြစ်နိုင်လောက်၏။ ပြောရလျှင် သူ၏ကိုယ်ပိုင်ခွန်အားဖြင့်ပင်၎င်းအားဖျက်ဆီးပစ်၍ရနိုင်သည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်က ယခုအချိန်၌ ဦးဆောင်မှုမပြုလုပ်လိုချေ။သူ့ကိုယ်သူကိုယ်ထင်ပြလိုခြင်းမရှိပေ။ ဤနီညိုရောင်နန်းတော်နှင့်အတူ မည်သည့်အန္တရာယ်များ ရှိနေသည်ကိုသူမသိချေ။ ယခုမြေစာပင်များစွာကဦးဆောင်မှုကိုပြုလုပ်လိုနေကြသည်ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့်မပျော်ဘဲနေပါမည်နည်း။
ထိုထက်ပိုသည်ကားအကယ်၍၎င်းတို့၏ခွန်အားအားစုစည်းပြီး အတားအဆီးအား တိုက်ခိုက်ကာနီညိုရောင်နန်းတော်နားသို့ချဉ်းကပ်ခြင်းကပြဿနာဖြစ်လိမ့်မည်မဟုတ်ပေ။
ထို့နောက်တွင် ကျင့်ကြံတစ်ယောက်စီတိုင်းကသူတို့၏လက်သင်္ကေတဆီးတို့ကိုပုံဖော်ခြင်းသို့မဟုတ် တိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ရန်ပြင်လိုက်သည်။ သူတို့၏ကိုယ်များမှ ပြင်းထန်သောမီးတောက်များ ခရမ်းရောင်လျှပ်စီးအလင်းတန်းများ၊ မိုးကြိုးများနှင့် ရေခဲများ၊ ပြင်းထန်သောရေလှိုင်းများထွက်ပေါ်လာသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ဘေး၌ရပ်နေသောယွဲ့ရှောက်ချုံးမှာ ရှစ်ဖုန့်ကခံစားချက်မဲ့စွာရပ်နေဆဲဖြစ်
သည်ကိုတွေ့ရသောကြေင့်သူကရှစ်ဖုန့်ကိုပြောလိုက်သည်။
“ ရှစ်ဖုန့်လေး. ငါတို့လည်းလုပ်စရာရှိတာကိုလုပ်ကြစို့”
“ဟင့်အင်း..မလိုဘူး”
ရှစ်ဖုန့်က အေးအေးလူလူပင် ငြင်းဆန်ပြောဆိုလိုက်သည်။