အခန်း (၇၀၉)
Vol. 48 Ch. 709
ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အား အတူတကွတိုက်ခိုက်ရန်အတွက် အကြံပေးလိုက်သည်။ ရှစ်ဖုန့်ကမလိုအပ်ဟုပြောသောအခါတွင် ယွဲ့ရှောက်ချုံးကတိတ်တဆိတ်ခေါင်း
ညိမ့်လိုက်ပြီး ပြောလိုက်သည်။
“မင်းမှန်တယ်”
“မင်းက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်လေး
တစ်ယောက်ပဲ.. မင်းရဲ့စိတ်ဝိညာဉ် က အာရုံခံမှုကောင်းပေမဲ့ မင်းရဲ့ခွန်အားကမလုံလောက်ဘူး… မင်းရဲ့ခွန်အားအားလုံးကိုသုံးရင်တောင်. မင်းအများကြီးကူညီနိုင်မှာမဟုတ်ဘူး”
ထို့နောက်တွင် ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားလျစ်လျူရှုလိုက်ပြီး သူ၏ညာလက်အားဓားလက်ချောင်းအသွင်ပြုလုပ်လိုက်သည်။ ဤအချိန်တွင် ကြွပ်ဆပ်သော “ထန်” ဟူသည့်အသံနှင့်အတူ ယွဲ့ရှောက်ချုံး၏နောက်ကျောမှဓားရှည်က ၎င်း၏ဓားအိမ်မှ အလိုအလျောက်ပျံသန်းထွက်လာပြီး ကောင်းကင်ထဲသို့ ပျံသန်းသွာသးည်။
ဤအချိန်တွင် အနက်ရောင်ချပ်ဝတ်အားဝတ်ဆင်ထားကာ အနက်ရောင်လှံရှည်အားကိုင်ထားသော ပိုင်ယွမ်မြို့အရှင်သခင်ယွမ်ရိက ရုတ်တရက်အော်ပြောလိုက်သည်။
“အားလုံးပဲ.. ငါတို့ရဲ့ခွန်အားအားလုံးနဲ့ တိုက်ပြီး လမ်းကြောင်းတစ်ခုကိုဖွင့်ကြစို့”
သူ၏စကားဆုံးပြီးနောက်ယွမ်ရိကဦးဆောင်ကာ သူ၏လှံကိုအောက်သို့ထိုးစိုက်လိုက်သည်။ ရုတ်တရက် ဧရာမအနက်ရောင်လှံရိပ်ကြီးတစ်ခုက ၎င်း၏အောက်ဘက်၌ပေါ်လာ၏။ ၎င်းက ကြီးမားသော အနက်ရောင်ကျာပွတ်တစ်ခုကဲ့သို့ ပျော့ပျောင်းကာ ရုတ်တရက်အောက်သို့လွှဲယမ်းကျဆင်း
သွားသည်။
ထို့နောက်လိုက်ပါ၍ ယွမ်ရိ၏နောက်၌ရှိနေသောပိုင်ယွမ်မြို့မှ စစ်သားငါးရာကလည်း ၎င်းတို့၏လှံရှည်များကိုစတင် ဝှေ့ရမ်းလိုက်သည်။ သိပ်သည်းများပြားလှသောအနက်ရောင်
လှံရိပ်များက အောက်ဘက်၌ ပေါ်လာသည်။
ဤအချိန်တွင် ကျင့်ကြံသူများကလည်း သူတို့ရှိသမျှအသားကုန် စတင်တိုက်ခိုက်လိုက်ကြ၏။ လျှပ်စီးများ၊ မီးတောက်များ၊ ဓားချီများ၊ ဆေဘာအလင်းတန်းများ အစရှိသည်ဖြင့် အသီးသီးကိုယ်စားပြုသောအလင်း များက ကမ္ဘာတစ်ခုလုံးတွင်လင်းထိန်လာသည်။
များပြားလှသောတိုက်ခိုက်မှုများက တလိပ်လိပ်ထနေသော ပြင်းထန်သည့်ရေအဟုန်ကဲ့သို့ အောက်သို့ဦးတည်သွားသည်။
ရှစ်ဖုန့်၏ဘေးနား၌ရှိနေသာယွဲ့ရှောက်ချုံးပင် သူ၏ ဓားရှည်အားထိန်းချုပ်ပြီး၎င်းကိုဓား
အလင်းတစ်ခုအဖြစ်ပြောင်းလဲလိုက်၏။
“ဝုန်း”
“ဝုန်း..ဝုန်း…ဝုန်း.. ခရက်..ခရက်..ခရက်..ခရက်..ခရက်..ခရက်..
ခရက်..ခရက်..”
ထို့နောက်ချက်ချင်း အောက်ဘက်မှပေါက်ကွဲသံများက တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။ သူတို့အစောပိုင်းကထုတ်ဖော်ခဲ့သော ပြင်းထန်သည့်တိုက်ခိုက်မှုလှိုင်းများက တကယ်ပဲ စွမ်းအင်အချို့နှင့် ထိတွေလာပြီးနောက် ၎င်းတို့ကလည်းအစိတ်စိတ်အမွှာမွှာ
ကွဲကြေသွားသည်ကို ကျင့်ကြံသူများစွာကအာရုံခံမိပြီးဖြစ်သည်။
ထို့နောက်တွင်ပြင်းထန်သော စွမ်းအင်များကပျောက်ကွယ်သွားသလို တလက်လက်တောက်ပနေသော အလင်းတို့ကလည်းပျောက်ကွယ်သွားသည်။ ပထမလှိုင်းတိုက်ခိုက်မှုက လျှင်မြန်စွာအဆုံးသတ်သွားသည်။ မကြာခင်တွင် ကမ္ဘာတစ်ခုလုံး ထပ်မံတိတ်ကျသွားသည်။
ဤအချိန်တွင် မျက်လုံးပေါင်းများစွာတို့က မြေပြင်ပေါ်သို့ ကျရောက်နေဆဲဖြစ်သည်။ ထို့နောက်တွင် နောက်ထပ်ကျင့်ကြံသူတစ်ဦးက
ပြောလိုက်သည်။
“ လုံခြုံအောင်လို့ နောက်ထပ်တိုက်ခိုက်မှုလှိုင်းတစ်ခုထုတ်ဖော်ပြီးရင် ကျင့်ကြံသူအချို့ကို အောက်ကိုစုံစမ်းဖို့ လွှတ်ရမယ်”
ထိုအသံအားကြားပြီးသည့်နောက်တွင် လူများစွာ၏မျက်လုံးတို့ကထိုလူပေါ်သို့ကျရောက်လာသည်။ မကြာခင်တွင် စကားပြောသောကျင်ကြံသူကိုသူ
တို့သိလိုက်ရ၏။ သူကထျန်းဟန်ကျောင်းတော်၏ကျောင်းအုပ် ဟန်လုံဖြစ်သည်။ သူက ကြယ်သုံးပွင့် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်၏။
“ကျောင်းအုပ်ဟန်ရဲ့စကားကအဓိပ္ပါယ်ရှိတယ်.”
“ဟုတ်တယ်”
ဟန်လုံ၏စကားတို့ပဲ့တင်ထပ်ထွက်ပေါ်လာပြီး မကြာခင်တွင် လူများစွာ ကသဘောတူညီလိုက်ကြသည်။ သို့သော် စိတ်မအေးချမ်းမှုကိုခံစားကြရသော အားနည်းသည့်ကျင့်ကြံသူအချို့
လည်းရှိနေသည်ဖြစ်သည်။
ဟန်လုံ၏ ဒုတိယစကားတစ်ဝက်က ကျင့်ကြံသူအချို့ကိုစုံစမ်းရန်အတွက် စေလွတ်ဖို့ပြောခြင်းဖြစ်သည်။ နောက်ထပ်တိုက်ခိုက်မှုလှိုင်းတစ်ခု ထုတ်ဖော်ပြီးသည့်နောက်တွင်အားနည်းသောကျင့်ကြံသူအချို့က မြေစာပင်အဖြစ်အောက်သို့ဆင်း
ရလိမ့်မည်ဖြစ်သည်။
“အိုး..မဟုတ်သေးဘူး”
ဤအချိန်တွင် ယွဲ့ရှောက်ချုံးမှာ ဟန်လုံ၏ စကားအားကြားလိုက်ရပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။အကယ်၍ ဤစွမ်းအားကြီးကျင့်ကြံသူများကသာ မြေစာပင်ကိုရှာနေသည်ဆိုလျှင် သူတို့အနေဖြင့်ယွဲ့ရှောက်ချုံးကဲ့သို့
အားနည်းသောကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ ရွေးချယ်လိမ့်မည်သာဖြစ်သည်။
ထို့နောက်ယွဲ့ရှောက်ချုံးကရှစ်ဖုန့်
ကိုတီးတိုးပြောလိုက်သည်။
“ရှစ်ဖုန့်လေး သူတို့ကမြေစာပင်ကိုရှာနေတာဆိုရင် တို့တွေကိုရှာတွေ့ဖို့ကလွယ်တယ်.. အခွင့်အရေးရတုံး တိတ်တိတ်လေးထွက်သွားတာ
ငါတို့အတွက်ပိုကောင်းလိမ့်မယ်”
“အား.အား..အား”
ယွဲ့ရှောက်ချုံး၏ စကာဆုံးပြီးပြီးချင်း သူ၏ကိုယ်ကရုတ်တရက်တုန်ယင်သွားသည်။ အစောပိုင်းက သိပ်မဝေးသောနေရာမှာ နာကျင်စွာဖြင့်အော်ဟစ်သောအသံများ
ကိုသူကြားလိုက်ရသည်။
ယွဲ့ရှောက်ချုံးကခေါင်းလှည့်ပြီး အော်သံများလာရာဆီသို့ကြည့်လိုက်သည်။ မကြာခင်တွင် အသားပြားအဖြစ်ရိုက်နှက်ခံလိုက်
ရသောလူသုံးယောက်ကိုသူတွေ့လိုက်ရသည်။ သူတို့လူအုပ်ထဲမှထွက်သွားချိန်တွင် ထိုသို့ဖြစ်သွားပုံပေါ်သည်။
ထို့နောက်တွင် ကောင်းကင်ထဲရှိလူများမှာ အေးစက်သောအော်သံတစ်ခုကိုကြား
လိုက်ရသည်။
“အခုကစပြီးဒီနေရာကနေဘယ်သူပဲဖြစ်ဖြစ်ထွက်ပြေးရဲတယ်ဆိုရင် ဒီလူသုံးယောက်က မင်းတို့အတွက်စံနမူနာဖြစ်လိမ့်မယ်”
ထိုအသံက ပြတ်သားကာ အမိန့်တစ်ခုအားပေးနေသကဲ့သို့ပင်ဖြစ်သည်။
အားလုံးက ငြင်းဆန်ခွင့်မရှိနာခံရုံသာတက်နိုင်
သည်ဖြစ်သည်။ ထိုစကားအားပြောလိုက်သောသူမှာ ပတိုဂိုဏ်းမှတပည့်ကြီးဖြစ်သူကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ ပဝူတိပင်ဖြစ်သည်။
“အိုး..မဟုတ်သေးဘူး. ငါ့တို့တွေထွက်ပြေးလို့မလွတ်တော့မဲ့ပုံပဲ”
ကောင်းကင်ထက်မှကျဆင်းသွားသော သွေးနှင့်အသားတို့အား ကြည့်ရင်း ယွဲ့ရှောက်ချုံး မတက်နိုင်ဘဲသက်ပြင်းချလိုက်သည်။
“ငါအကို ဝူတိရဲ့စကားကိုထောက်ခံတယ်.. အကယ်၍ ခွင့်ပြုချက်မရှိဘဲနဲ့ထွက်သွားရဲတဲ့သူရှိရင် ရိုင်းပျမှုအတွက်ငါယွမ်ရိကိုလာပြီး
အပြစ်မတင်နဲ့..”
ပိုင်ယွမ်မြို့အရှင်သခင်ဖြစ်သူ ယွမ်ရိ၏အသံကပဲ့တင်ထွက်ပေါ်လာသည်။
ဤအချိန်တွင် ရှစ်ဖုန့်မှလွဲ၍ ယွမ်ရိမှာ ဤလူအုပ်အတွင်း၌အမြင့်ဆုံးသော
ကျင့်ကြံသူ ဖြစ်သည်။ သူက ကြယ်ခြောက်ပွင့် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ
တစ်ဦးဖြစ်၏ ။ သူ၏ ဂုဏ်သတင်းအရ မည်သူကမှသူ့စကားအား မနာခံရဲပဲမနေရဲကြချေ။
ထိပ်တန်းစွမ်းအားကြီးသူအချို့အထူးသဖြင့် သူတော်စင်နယ်ပယ်သို့ရောက်ရှိ
နေပြီးဖြစ်ကြသောသူများက စကားနှင့်ပြောက သဘောတူညီခြင်းမပြုသော်လည်း
စိတ်ထဲမှထောက်ခံကြပြီးဖြစ်သည်။ ထိုမြင့်မားပြီးအရှိန်အဝါကြီးမားသော သူတော်စင်နယ်ပယ်များအတွက် မြေစာပင်အဖြစ် သူတို့၏လမ်းကြောင်းချခင်းရန်အတွက် အဆင့်နိမ့်ကျင့်ကြံသူများကို လိုအပ်သည်ဖြစ်၏။
“ရှစ်ဖုန့်လေး..နောက်ပိုင်းမင်းပစ်မှတ်
ထားမခံရရင်ပိုကောင်းလိမ့်မယ်.ဟူး..”
ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အား သက်ပြင်းတစ်ချက်ချပြီးပြောလိုက်သည်။
ဤအချိန်တွင်ယွဲ့ရှောက်ချုံးမှာလည်း
ရှစ်ဖုန့်နှင့် ခြားနားခြင်းမရှိပေ။ သူ့အားမြေစာပင်အဖြစ်ပစ်မှတ်ထားရန် လွယ်ကူသည်ဖြစ်သည်။
“စွမ်းအား….စွမ်းအား.. စွမ်းအားမရှိရင်လူတစ်ယောက်ကအ
နိုင်ကျင့်ခံရလိမ့်မယ်.. အကယ်၍ ငါသာသူတော်စင်နယ်ပယ်ကျွမ်းကျင်
သူတစ်ယောက်ဖြစ်နေခဲ့ရင်”
ယွဲ့ရှောက်ချုံးမှာသူ၏ ခရီးလမ်းတစ်လျှောက်တွင် ဒုက္ခတော်တော်များများကိုခံခဲ့ရသည်ဖြစ်သည်။ သူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်လာပြီး သူတော်စင်နယ်ပယ်ကျွမ်းကျင်သူများနှင့် ယှဉ်ရပ်နိုင်ဖို့ကသူ့အတွက် ရှည်ကြာလွန်းသောခရီးကြီးတစ်ခုဖြစ်သည်။
ရှစ်ဖုန့်ကဂရုစိုက်ဟန်မရှိဘဲ ယွဲ့ရှောက်ချုံးကို လျစ်လျူရှုထားသည်။ သူရှိနေသည်ဆိုလျှင် သူကသာအခြားသူများကိုမြေစာပင်အဖြစ်အသုံးပြုမည်ဖြစ်ပြီး အခြားသူများက မြေစာပင်အဖြစ်လာအသုံးပြု၍ရလိမ့်
မည်မဟုတ်ပေ။
“ကောင်းပြီ..ဆက်ပြီးတိုက်ကြစို့”
ပိုင်ယွမ်မြို့အရှင်သခင်ယွမ်ရိက တည်ငြိမ်စွာပြောလိုက်သည်။
ခြားနားမှုရှိသောအသံက ဟင်းလင်းပြင်အတွင်းလျှင်မြန်စွာ ရိုက်ခတ်သွားပြီး ကျင့်ကြံသူအားလုံး၏ နားထဲသို့ ဝင်ရောက်သွားသည်။
ထိုသူတော်စင်နယ်ပယ်ကျင့်ကြံသူများမှာ အောက်သို့ဆင်းပြီး နီညိုရောင်နန်းတော်ထဲသို့ဝင်ရောက်
ရန်မစောင့်စားနိုင်ကြတော့ချေ။ ထိုအဆင့်နိမ့်ကျင့်ကြံသူများမှာတော့ ယွမ်ရိ၏စွမ်းအားအောက်၌ မဆင်မခြင်ပြုမူရဲခြင်းမရှိကြပေ။ သူတို့အားဖမ်းမိသွားသည်နှင့်သူတို့ အသတ်ခံရလိမ့်မည်ဖြစ်သည်။
မကြာခင်တွင် တိုက်ခိုက်မှုများကအဆင်သင့်ဖြစ်
လာကြသည်။ ယွမ်ရိ၏ အမိန့်အောက်တွင် အခြားပြင်းထန်သောတိုက်ခိုက်မှုလှိုင်းတစ်ခုကစုစည်းသွားပြီး အောက်သို့ တစ်ဟုန်ထိုးဝင်ရောက်သွားသည်။
ပေါက်ကွဲသံတို့ကအတွဲလိုက်နောက်မှ
နီးကပ်စွာလိုက်ပါလာ၏။ တိုက်ခိုက်မှုဒုတိယလှိုင်းကလျှင်မြန်စွာ
ကျဆင်းသွားပြီးနောက် ကမ္ဘာကြီးကတဖန်တည်ငြိမ်သွားပြန်သည်။
“အချိန်ကျပြီ”
ဒုတိယတိုက်ခိုက်မှုလှိုင်းပြီးနောက် အောက်ရှိ အခြေအနေကို အာရုံခံလိုက်ပြီး ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ဒုတိယလှိုင်း၏တိုက်ခိုက်မှုများကြောင့် အောက်တွင်ရှိနေသောကန့်သတ်ချက်အတားအဆီးက လုံးဝဖျက်ဆီးခံလိုက်ရသည်ကို သူအာရုံခံမိ၏။ နီညိုရောင် နန်းတော်သို့သွားသည့်လိမ်းကြောင်းက ရှင်းလင်းစွာထွက်ပေါ်လာသည်။
သို့သော် ဤနေရာတွင်ကျင့်ကြံသူပေါင်း သုံးထောင့်ငါးရာကျန်နေသေးသည်ဖြစ်၏။ မြန်ဆန်သောအသက်ရှူသံနှင့်နှလုံးခုန်သံတို့ကိုလည်းကြားရ၏။ သူတို့နောက်ထပ်ဘာလုပ်ရမည်ကိုအား
လုံးသိကြသည်ဖြစ်၏။ မြန်ဆန်သောအသက်ရှူသံနှင့်နှလုံး
ခုန်သံများက အဆင့်နိမ့်ကျင့်ကြံသူများထံမှလာ
ခြင်းဖြစ်သည်။
သူ၏ဘေး၌ရှိနေသောယွဲ့ရှောက်ချင်းပင် စိတ်လှုပ်ရှားပူပန်နေသည်ကိုရှစ်ဖုန့် အာရုံခံမိသည်ဖြစ်သည်။
“ကောင်းပြီဘယ်သူ့ကိုအရင်ဆုံးဆင်းခိုင်းမလဲဆိုတာကိုစရွေးကြတာပေါ့”
ပိုယွမ်မြို့အရှင်သခင်ဖြစ်သူ ယွမ်ရိက ပြောလိုက်သည်။
ဤအသံက အဆင့်နိမ့်ကျင့်ကြံသူပေါင်းများစွာအားသတိပေးလိုက်သကဲ့သို့ပင်ဖြစ်ပြီးသူ၏နှလုံးခုန်သံနှင့် အသက်ရှူသံတို့က ပို၍မြန်ဆန်လာသည်။