← Chapters

အခန်း (၇၁၀)

Vol. 48 Ch. 710

အခန်း (၇၁၀)

Vol. 48 Ch. 710

လမ်းကြောင်းအားစူးစမ်းလေ့လာရန် ကျင့်ကြသူများကိုရွေးကြသည့် ထိုသူတော်စင်နယ်ပယ်ကျင့်ကြံသူများက သူတို့ကို သူတို့ မြင့်မားသောတည်ရှိမှုအဖြစ်တွေးကြသည်။

နောက်ခံအင်းအားသို့မဟုတ်စွမ်းအားရှိသည့် ကျင့်ကြံသူများမှာ ရွေးချယ်ခံလိုက်ရသည်နှင့် သူတို့အောက်သို့ဆင်းရလိမ့်မည်ဖြစ်သည်။ အကယ်၍သူတို့မနာခံပဲနေခဲ့လျှင် သူတို့ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။

“မင်းရယ်.မင်းရယ်.မင်းရယ်.. မင်းတို့သုံးယောက်ပြီးရန်အောက်

ကိုဆင်းရမယ်”

အသက်သုံးဆယ်အရွယ်ရှိသောသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးက ကျင့်ကြံသူသုံးဦးအား သာမန်ကာလျှံက ထိုးညွှန်လိုက်ပြီး ပြောလိုက်သည်။

“အား..”

“အား”

“အား”

၎င်းတို့ထဲမှနှစ်ဦးက ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်များဖြစ်ကြပြီး တစ်ဦး ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်ဖြစ်သည်။ သူတို့သုံးဦးက လမ်းကြောင်းအား စူးစမ်းရန်အတွက်ကျပန်းအရွေးခံရပြီး မြေစာပင်အဖြစ်အသေခံရလိမ့်မည်ဖြစ်သည်။ သူတို့မည်သို့မှမတက်နိုင်ပဲအော်ဟစ်လိုက်၏။

“ဘာလဲ မင်းတို့မှဦဘာချွင်းချက်ရှိသေးလို့လဲ”

၎င်းတို့သုံးဦးအော်ဟစ်သည်ကိုတွေ့ရသောအခါတွင် သူတော်စင်နယ်ပယ်ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်သည်။ သူကစိတ်မကျေနပ်စွာဖြင့် ကြည့်ပြီးသူတို့သုံးဦးအားပြောလိုက်၏။

“မဟုတ်ဘူး..မဟုတ်ဘူ.မရှိပါဘူး”

သူတော်စင်နယ်ပယ်ကျင့်ကြံသူ၏ မျက်နှာထားကိုတွေ့ရပြီး အေးစက်သောအသံအားကြားရသောအခါတွင် ၎င်းတို့သုံးဦးကလျှင်မြန်စွာငြင်းဆန်လိုက်၏။

လမ်းကြောင်းက စွမ်းအားကြီး လှိုင်းနှစ်ခုကြောင့်ရှင်းလင်းသွားပြီဖြစ်သည်။ အကယ်၍သူတို့အောက်သို့ဆင်းသွားလျှင်သူတို့အတွက်အသက်ရှင်ရန် အခွင့်အရေးရှိသေးသည်ဖြစ်၏။ အကယ်၍ သူတို့သာဤလူအားဒေါသထွက်စေခဲ့လျှင် သူတို့သေရလိမ့်မည်ဖြစ်သည်။

ထို့နောက်တွင်မြေစာပင်များအား

ဆက်လက်ရွေးချယ်ကြသည်။ မောက်မာသောသူတော်စင်နယ်ပယ်ကျင့်ကြံသူများကက နောက်ခံမရှိသူ သို့မဟုတ် အဆင့်နိမ့်သောကျင့်ကြံသူများကို

တစ်ယောက်ပြီးတစ်ယောက်သာမန်ကာလျှံကာရွေးထုတ်လိုက်သည်။ ၎င်းတို့၏ ထိုးညွှန်မှုအားခံရသည့်သူတိုင်းမှာ လက်သင့်မခံလိုသော်လည်း သည်းခံရုံသာတက်နိုင်ကြသည်။

ကမ္ဘာကြီးကအရမ်းရက်စက်လှ၏။ အားကောင်းသူသန်မာသူအစွမ်းထက်သူများသာလေးစားခံကြရသည်ဖြစ်၏။

ထိုသူတော်စင်နယ်ပယ်ကျွမ်းကျင်သူများက မြေစာပင်များအားစတင်ရွေးချယ်သောအခါတွင် ယွဲရှောက်ချုံးတစ်ယောက်အရမ်းစိတ်လှုပ်ရှားပူပန်နေပြီး သူ၏လည်းပင်းအား ပုနေအောင် ကျုံ့ထား၏။ သူ၏ အင်္ကျီကော်လံကပင် သူ၏မျက်နှာကို ဖုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူကိုယ်တိုင်မသိလိုက်ပါဘဲ ဤနည်းလမ်းဖြင့် ထိုကျွမ်းကျင်သူတို့ကိုရှောင်ရှား

ရန်လုပ်လိုက်သည်။

သို့သော်မကြာခင်တွင်မြေစာပင်ရွေးချယ်မှုကပြီးဆုံးသွားပြီဖြစ်သည်။ သူတို့ကိုယ်သူတို့မြင့်မားသောသူများအဖြစ်တွေးထင်ကြသောသူတော်စင်နယ်ပယ်ကျွမ်းကျင်သူများက စုစုပေါင်းမြေစာပင်တစ်ရာကျော်ကိုရွေးချယ်လိုက်သည်။ သို့သော် ယွဲ့ရှောက်ချုံးတစ်ယောက်ကသော ကံကောင်းသည်ဟုသုံးသပ်နိုင်သေးသည်ဖြစ်၏။ သူကရွေးချယ်မခံရပေ။

မြေစာပင်ရွေးချယ်မှုပြီးဆုံးသွားပြီးနောက် ယွဲ့ရှောက်ချုံး၏ တစ်ကိုယ်လုံးပေါ့ပါးလာပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

ဤအချိန်တွင် ယွဲ့ရှောက်ချုံးက ပြုံးလိုက်ပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူ့အနေဖြင့် ရှစ်ဖုန့်အားသင်ပေးရန်လည်းမမေ့ချေ။

“ရှစ်ဖုန့်လေး ..တစ်ခါတစ်လေမှာကံဆိုတာက

လည်းခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ

ကိုမင်းမှတ်ထားရမယ်..မင်းရဲ့အကိုယွဲ့က ဒီနှစ်တွေမှာသေခြင်းကနေသီသီလေးလွတ်ခဲ့တဲ့အကြိမ်ပေါင်းမနည်းလှဘူး. ကံကောင်းမှုဆိုတာကလည်းကံကြမ္မာနဲ့ဆက်နွယ်နေတဲ့အရာမျိုးပဲ. ဒါကနည်းနည်းတော့ရှုပ်ထွေးပြီး လေးနက်သိမ်မွေ့တယ်.. အချိန်တိုလေးအတွင်းမှာမင်းဦးနှောက်က အချက်အလက်အများကြီးကိုလက်သင့်

မခံနိုင်မှာငါကြောက်မိတယ်.ဒါကြောင့်

ငါအများကြီးတော့အခုမပြောတော့ဘူး”

ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားစိတ်ပါလက်ပါသင်ပေးနေသည်။ မြေစာပင်တစ်ရာကျော်က လမ်းကြောင်းအားစူးစမ်းလေ့လာရန်ပြင်

ဆင်နေကြသည်။ ဤအချိန်တွင် လူငယ်တစ်ယောက်၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။

“နေအုံး.. ကျုပ်နောက်ထပ်ကင်းထောက်နှစ်ယောက်ထပ်လိုချင်တယ်”

အသံထွက်ပေါ်လာပြီးနောက်များစွာ

သောအကြည့်များကရုတ်ခြည်းကြည့်လိုက်ကြသည်။ စကားပြောသူအားတွေ့လိုက်ရသောအခါတွင်တစ်စုံတစ်ယောက်ကပြောလိုက်၏။

“ ဒါက ယွမ်ယန်ဓားဂိုဏ်းက မုရုံခန်းနဲ့ .သူ့ဘေးကသူ့အမျိုးသမီး ဖြစ်တဲ့ယွမ်ယန်ဓားဂိုဏ်းက ထျန်းချင်းချင်းတို့ပဲ”

“ယွမ်ယန်ဓားဂိုဏ်း”

ယွဲ့ရှောက်ချုံးမှာ ရင်းနှီးသောအသံအားကြားလိုက်ရ

သောအခါတွင် ရှစ်ဖုန့်အားစိတ်ပါလက်ပါမျက်နှာမူ

ထားသောသူ၏မျက်နှာက ရုတ်ခြည်းရပ်တန့်သွားပြီး သူ၏ကိုယ်ကအနည်းငယ်တုန်ယင်သွားကာ ဖြည်းဖြည်းချင်းခေါင်းကိုလှည့်လိုက်ပြီး သူ၏မျက်နှာထက်၌အေးစက်မှုတို့ဖြည်းဖြည်း

ချင်းဖြစ်ပေါ်လာသည်။

ယွဲ့ရှောက်ချုံး ထိုလူအားတွေ့လိုက်ရသောအခါတွင် ခက်ထန်စွာပြောလိုက်သည်။

“မုရုံခန်း.. ထျန်းချင်းချင်း”

အော်ပြောလိုက်သည့်သူမှာ တောအုပ်အတွင်း၌ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့တွေ့ဆုံခဲ့သောသူဖြစ်သည်။ သူက ယွဲ့ရှောက်ချုံး ခေါ်ခဲ့သော ဖောက်ပြန်သည့်စုံတွဲမှ အမျိုးသားဖြစ်၏။

ဤအချိန်တွင် မုရုံခန်း ဟုခေါ်သောသူက ယွဲ့ရှောက်ချုံးအား ကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။ သူ့ဘေး၌ရှိနေသည့်သူ၏လက်တွဲဖော် ထျန်းချင်းချင်းက လည်း သူမ၏မျက်နှာထက်တွင်လှောင်ပြုံး

တစ်ခုရှိနေ၏။

မုရုံခန်းက ယွဲ့ရှောက်ချုံးကိုပြောလိုက်သည်။

“မင်းအသက်ရှင်နေမယ်လို့ငါမမျှော်လင့်ထားဘူး ယွဲ့ရှောက်ချုံး ဒါပေမဲ့မင်းမကြာခင်သေမှာပါ. ငါမင်းကိုသေခြင်းတရားကိုပေးမယ်”

“မင်းက သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးပဲ မင်းလည်းကင်းထောက်နှစ်ယောက်

လွှတ်ခွင့်ရှိတယ်”

ပိုင်ယွမ်မြို့အရှင်သခင် ယွမ်ရိကပြောလိုက်သည်။

မုရုံခန်းကလှည့်လိုက်ပြီး အဝေးရှိယွမ်ရိထံသို့ လက်သီးနှစ်ဖက်ကိုဆုပ်ပြလိုက်သည်။ ထို့နောက်သူက ယွဲ့ရှောက်ချုံးကိုလှောင်ပြောင်သည့်အ

ကြည့်ဖြင့်ကြည့်လိုက်၏။

“မင်းတို့ဖောက်ပြန်တဲ့စုံတွဲ မင်းတို့ကတကယ့်ကို အကြင်နာမဲ့တဲ့သူတွေ .အရင်ကလည်းငါ့ကိုမင်းတို့တွေရွံဖို့ကောင်းတဲ့ လုပ်ရပ်နဲ့လှည့်စားခဲ့တယ်.. အခုလည်းမင်းတို့ငါ့ကိုအလွတ်မပေးဘူး. မင်းတို့နှစ်ယောက်ကအရမ်းရက်စက်တယ်. မင်းတို့တွေ အရမ်းယုတ်မာတဲ့သူတွေ”

၎င်းတို့နှစ်ဦးကသူ့အားတွေ့ပြီးသည့်နောက်အလွတ်ပေးမည်မဟုတ်သည်ကို ယွဲ့ရှောက်ချုံးသိသည်ဖြစ်သည်။ ထို့ကြောင့်သူကပြစ်ပြစ်နှစ်နှစ်ကို

ကျိန်ဆဲလိုက်သည်။

ယွဲ့ရှောက်ချုံး ၏ကျိန်ဆဲမှုအားကြားလိုက်ရသောအခါတွင် မုရုံခန်းနှင့်ထျန်းချင်းချင်းတို့၏မျက်နှာက

အေးစက်သွားသည်။မုရုံခန်းကယွဲ့ရှောက်ချုံး

အားလက်ညိုးထိုးပြီးအော်ပြောလိုက်သည်။

“အောက်ကိုဆင်းစမ်း. မဟုတ်ရင်မင်းကိုငါအပိုင်းပိုင်းဖြတ်ပစ်မယ်”

ယွဲ့ရှောက်ချုံးအားထိုသို့ပြောပြီးနောက် မုရုံခန်းကရှစ်ဖုန့်ကိုလည်းလက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။

“ပြီးတော့မင်း. အမှိုက်ကောင်..မင်းကလည်းဒီအမှိုက်နဲ့ရှိနေတာကြောင့် မင်းလည်းသေရမယ်”

“ဟမ့်.. သွားစို့.. ငါမင်းကိုမကြောက်ဘူး”

ယွဲ့ရှောက်ချုံးကခက်ထန်စွာပြောလိုက်သည်။သူကရန်သူ၏ရှေ့တွင်ဝင့်ကြွားစွာဖြင့်ရင်ကိုကော့ခေါင်းကိုမော့လိုက်သည်။

ထို့နောက်သူကရှစ်ဖုန့်အားကြည့်၍ပြောလိုက်သည်။

“ရှစ်ဖုန့်လေး သွားကြစို့”

ယွဲ့ရှောက်ချုံးကထိုသို့ပြောပြီးနောက် မြေစာပင်အယောက်တစ်ရာတို့စမဆင်းခင်သူကဦးဆောင်ပြီးအောက်သို့ ခုန်ချလိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏အမူအယာက တည်ငြိမ်နေကာ ယွဲ့ရှောက်ချုံး၏ဦးဆောင်မှုနောက်မှလိုက်လာသည်။

“မင်းတို့တွေ လမ်းကြောင်းကိုသွားပြီးစုံစမ်းကြစမ်း”

ဤအချိန်တွင် ယွဲ့ရှောက်ချုံးနှင့်ရှစ်ဖုန့်တို့ဆင်းသွားသည်ကိုတွေ့ရသောအခါတွင် သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးက မောက်မာစွာဖြင့်ရာကျော်သော မြေစာပင်များအားအော်ပြောလိုက်သည်။

အော်သံနှင့်အတူ များစွာသောပုံရိပ်များက၎င်းတို့ကိုကြည့်နေ

သောကြောင့်မြေစာပင်များအနေဖြင့် ကလန်ကဆန်လုပ်ရဲခြင်းမရှိပေ။ ရာကျော်သော မြေစာပင်များကစတင်ဆင်းသက်

လိုက်ကြသည်။

“စီနီယာကို ဘာလို့အကိုက အဲ့ သူတောင်းစားယွဲ့ကို တိုက်ရိုက်မသတ်လိုက်ရတာလဲ…

သူ့ပါးစပ်က အရမ်းအနံ့ထွက်လွန်းတယ်”

အောက်သို့ဆင်းသွားကြသော ပုံရိပ်များအားအေးစက်စွာစိုကြည့်နေရင်း

ထျန်းချင်းချင်း က မုရုံခန်းကိုပြောလိုက်သည်။

ထျန်းချင်းချင်း၏စကားအားကြားလိုက်ရသောအခါတွင် မုရုံခန်းက လှောင်ပြုံးပြုံးလိုက်ပြီးပြောလိုက်သည်။

“သူ့ကိုသတ်ရမှာတဲ့လား. အဲ့တာကဒီအမှိုက်အတွက်အရမ်း

လွယ်ကူလွန်းတယ်”

ထို့နောက်မုရုံခန်းကဆက်ပြော၏။

“အခု ငါတို့ မျက်လုံးအောက်မှာသူရှိနေမှတော့

သူထွက်ပြေးနိုင်မယ်လို့ထင်လို့လား.. ငါသူ့ကိုဖြည်းဖြည်းချင်းပဲသေစေချင်တယ်.. သူမသေခင် သူ့ကို အစောပို်ငးက ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်တာကမှ ဘယ်လောက်ပျော်ဖို့ကောင်းတယ်ဆိုတာ

ကိုခံစားစေချင်တယ်”

ဤအချိန်တွင်မုရုံခန်းကယွဲ့ရှောက်ချုံးအားနီးကပ်စွာစောင့်ကြည့်နေဆဲဖြစ်သည်။ အကယ်၍ ယွဲ့ရှောက်ချုံးသာ အန္တရာယ်ကျရောက်လာလျှင်သူကဤ

ခွေး၏အသက်ကိုပင်ကယ်တင်အုံးမည်ဖြစ်သည်။ သေခြင်းနှင့်ရှင်ခြင်း ရှင်ခြင်းနှင့်သေခြင်း ဤအမှိုက်၏ သေခြင်းနှင့်ရှင်ခြင်းအား သူ၏လက်ထဲ၌ထိန်းချုပ်ထားရသည့်ခံစားချက်ကိုသူကြိုက်နှစ်သက်သည်ဖြစ်သည်။

သူက၎င်းမသေခင်အထိ သေခြင်းတရား၏ အရသာကိုကောင်းကောင်းကြီး မြည်းစမ်းခိုင်းစေချင်၏။

အောက်ဘက်တွင်ဆင်းသက်နေဆဲဖြစ်သောယွဲ့ရှောက်ချုံးက ရုတ်တရက်ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ရှစ်ဖုန့်လေး အရမ်းမြန်မြန်မပျံကြရအောင် တို့တွေ တမင်သက်သက်အရှိန်ကိုလျှော့ရမယ်ဒါပေမဲ့ တစ်ခြားသူတွေမြင်လို့တော့မဖြစ်ဘူး”

“တို့တွေဒီမြေစာပင်တွေကို အရင်ဆင်းခိုင်းရမယ်.. အဲ့လိုသာဆို အကယ်၍ အန္တရာယ်နဲ့ငါတို့ပက်ပင်းကြုံလာရင် အဲ့မြေစာပင်တွေကိုအရင်တွေ့စေပြီးငါတို့ကအဲ့အခါအချိန်မှီလွတ်မြောက်နိုင်လိမ့်မယ်”

ယွဲ့ရှောက်ချုံး၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကပြုံးပြီးပြောလိုက်သည်။

“နီညိုရောင်နန်းတော်ထဲကိုမဝင်ခင်အထိ ဘာအန္တရာယ်မှကြုံမှာမဟုတ်ဘူး. စိတ်မပူပါနဲ့”

ထိုသို့ပြောပြီးနောက်ရှစ်ဖုန့်ကသူ၏အဟုန်ကိုမြှင့်၍ဆင်းလိုက်သည်။ သူကဆင်းပြီး ရှေးခေတ်အချိန်ကာလက နီညိုရောင်နန်းတော်ကိုအရင်မြင်တွေ့

ချင်သည်ဖြစ်သည်။

All Chapters