← Chapters

အခန်း (၇၁၁)

Vol. 48 Ch. 711

အခန်း (၇၁၁)

Vol. 48 Ch. 711

ယွဲ့ရှောက်ချုံးမှာ ရှစ်ဖုန့်ကဘာအန္တရာယ်မှမရှိဟုပြောသည်ကို ကြားရပြီး ရှစ်ဖုန့်၏ အာရုံခံနိုင်စွမ်းကသူ့အား အန္တရာယ်မှသုံးကြိမ်ရှောင်ရှားနိုင်စေသည်အထိထက်ရှသည်ကိုသူသိသည်ဖြစ်သည်။ သို့သော်ဤကိစ္စမှာသေရေးရှင်ရေးနှင့်သက်ဆိုင်သောကိစ္စတစ်ခုဖြစ်သည်။ ကျင့်ကြံသူပေါင်းငါးရာကျော် အပိုင်းပိုင်းစုတ်ပြတ်သတ်သွားသည့်မြင်ကွင်းကသူ၏စိတ်ထဲ၌ကွက်ကွက်ကွင်းကွင်းစွဲထင်ကျန်နေဆဲဖြစ်၏။

ထို့ကြောင့်ယွဲ့ရှောက်ချုံး တစ်ယောက်သူ၏ ဆင်းသက်သည့်အရှိန်ကို လျော့ချလိုက်ဆဲဖြစ်သည်။

သို့သော် ရှစ်ဖုန့်နှင့်အတူလမ်းတစ်ဝက်အထိဆင်းသက်လာပြီးသည့်နောက်တွင် ပုံမှန်ဖြစ်သည်ကလွဲပြီးအခြားဘာမှဖြစ်ခြင်းမရှိသည်ကိုသူတွေ့ရသည်။

“ဒါကတကယ်ပဲရှစ်ဖုန့်လေးပြောသလိုပဲလား.. တကယ်ပဲဘာအန္တရာယ်မှမရှိဘူးလား. “

ယွဲ့ရှောက်ချုံးသူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။ သူယခုတော်တော်လေးတည်ငြိမ်မှုပြန်ရလာပြီး ရှစ်ဖုန့်နှင့်အတူ ဆက်လက်ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်၏အဖြူရောင်ဝတ်ရုံကလေနှင့်အတူ တဖျပ်ဖျပ်လွင့်နေပြီး သူ၏မျက်နှာကတော့တည်ငြိမ်ဆဲဖြစ်သည်။ ဧရာမနီညိုရောင်နန်းတော်ကြီးထံသို့သူတို့ချဉ်းကပ်လာသောအခါတွင် သူကယွဲ့ရှောက်ချုံးကိုနောက်တွင်ချန်ထားခဲ့ပြီး တစ်ဟုန်ထိုး ဆင်းသက်လိုက်၏။ ဖျက်ခနဲဆိုသလို နီညိုရောင်နန်းတော်၏ထိပ်သို့ဆင်းသက်လိုက်သည်။

ထို့နောက်တွင်ရှစ်ဖုန့်၏ သူ၏ခြေဖဝါးအောက်မှအရာဝတ္ထု

ကိုငုံ့ကြည့်လိုက်သည်။

နီညိုရောင်နန်းတော်၏သတ္ထုက ကြေးနှင့်ပြုလုပ်ထားသည့်ပုံပေါ်၏။ သို့သော်၎င်းနှင့်အရမ်းနီးကပ်လာသောအခါတွင် ၎င်းက ကြေးလုံးဝဟုတ်မနေသည်ကိုရှစ်ဖုန့်

သိလိုက်သည် ။ ရှစ်ဖုန့်၏ခြေဖဝါးအောက်မှအားကောင်းသော စွမ်းအားတစ်ခုထွက်ပေါ်နေသည်။ ထို့နောက်တွင် ရှစ်ဖုန့်က သူ၏ညာခြေဖြင့်ဆောင့်နင်းချလိုက်၏။

ခဏအကြာတွင်ရှစ်ဖုန့်ကသူ၏ခေါင်းကိုခါယမ်းလိုက်သည်။ ဤနီညိုရောင်နန်းတော်၏ သတ္ထုက ဖျက်ဆီး၍မရအောင်အကြမ်းခံသည်ဖြစ်သည်။ သူ၏လက်ရှိစွမ်းအားဖြင့်ပင် ၎င်းအားလုံးဝထိခိုက်စေခြင်းမရှိပေ။

“ဒီနီညိုရောင်နန်းတော်က ရှေးခေတ်ကာလက အထူးသတ္ထုတစ်မျိုးနဲ့ပြုလုပ်ထားတဲ့ပုံပဲ… ဒါကတကယ်ကိုမာတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ရှစ်ဖုန့်လေး မင်းအရမ်းမဆင်မခြင်နိုင်တာပဲ.. “

ယွဲ့ရှောက်ချုံးမှာနောက်ဆုံးတွင်သူ့

ကိုမှီလာသည်။ သူဆင်းသက်လာလာခြင်းရှစ်ဖုန့်ကို

ဆူပူလိုက်သည်

“သူတို့က ငါတို့ကိုလမ်းကြောင်းကိုစူးစမ်းဖို့ပဲပြောလိုက်တာ.. ငါတို့လမ်းကြောင်းကိုပဲစူးစမ်းကြစို့ . ဘာလို့မင်းနီညိုရောင်နန်းတော်နားကိုကပ်သွားရတာလဲ”

“အခုအဆင်ပြေတာက နီညိုရောင်နန်းတော်မှာဘာကန့်သတ်ချက် ဒါမှမဟုတ် ထောင်ချောက်မှရှိမနေလို့ပဲ..ဒါပေမဲ့.. ကန့်သတ်ချက်ဒါမှမဟုတ်ထောင်ချောက်

တွေသာရှိနေရင် မင်းရဲ့အသက်ကိုဆုံးရှုံးလိုက်ရတာကြာနေပြီ..ရှေးဟောင်းအမွေအနှစ်အတွင်းမှာ နေရာတိုင်းအန္တရာယ်တွေရှိတယ်”

“ရှေးဟောင်းအမွေအနှစ်အတွင်းမှာ မမျှော်လင့်ထားတဲ့စွန်းစားရမှုတွေရှိတယ်

.ပြောရရင် မမျှော်လင့်ထားတဲ့အန္တရာယ်တွေမှမရေတွက်နိုင်အောင်ကိုရှိတာ”

ယွဲ့ရှောက်ချုံး၏စကားအားကြားပြီးနောက်

ရှစ်ဖုန့်က ပြုံးရုံသာပြုံးလိုက်သည်။ သူက အန္တယ်ရာယ်ရှိမရှိကိုအခြားသူများထက်ပိုအသိဆုံးဖြစ်သည်။

ရှစ်ဖုန့်ကနီညိုရောင်နန်းတော်၏ထိပ်ဖျား

မှနေ၍ သူ၏ ဝိညာဉ်စွမ်းအားဖြင့်စစ်ဆေးလိုက်သည်။ မည်သည့်ထူးခြားမှုသို့မဟုတ် ထူးခြားသည့်ဝင်ပေါက်ကိုမှသူ ရှာမတွေ့ပေ။ ထို့နောက်သူကယွဲ့ရှောက်ချုံးကိုပြောလိုက်

သည်။

ရှစ်ဖုန့်ဤသို့ပြောပြီးနောက် ယွဲ့ရှောက်ချုံးအားထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။ အဖြူရောင်ပုံရိပ်က ထပ်မံ ရွေ့လျားသွားပြီးနီညိုရောင်နန်းတော်၏

ထိပ်ဖျားမှထွက်ခွာသွားသည်။

နောက်ထပ်ရှစ်ဖုန့်ကနီညိုရောင်နန်းတော်

ကိုမျက်နှာမူက နီညိုရောင်နန်းတော်တစ်လျှောက်အောက်သို့ ပျံသန်းဆင်းသွားသည်။ ဆင်းသက်နေရင်းနီညိုရောင်နန်းတော်အား ဂရုတစိုက်လေ့လာနေသည်။

“ဘာလို့ရှစ်ဖုန့်လေးကအရမ်းကိုဇပ်ရှုပ်အောင်ထပ်လုပ်နေရတာလဲ. ဘာလို့သူက စကားနားမထောင်တာလဲ.. သူဒီနန်းတော်နဲ့အရမ်းကိုကပ်ပြီးနေနေ

သေးတယ်”

နန်းတော်ထိပ်ဖျား၌ရပ်နေသောယွဲ့ရှောက်ချုံးက ရှစ်ဖုန့်ရှိရာသို့ကြည့်၍ ဒေါသထွက်စွာဖြင့်ပြောလိုက်သည်။ ချက်ချင်းပဲသူလည်းရှစ်ဖုန့်နောက်သို့အ

လျှင်အမြန်လိုက်လိုက်၏။

ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့၏ ဒေါင်လိုက်အနေအထားအထက်တွင် မြေစာပင်ရာပေါင်းများစွာကလည်းဆင်းလာ

သည်။ သို့သော်ဤမြေစာပင်များမှာ ပင်ကိုယ်အားဖြင့်နီညိုရောင်နန်းတော်ထံ

ချဉ်းကပ်ခြင်းမရှိဘဲ သေချာသောအကွာအဝေးတစ်ခုကိုထိန်းကာရှောင်တိမ်းကြသည်။ နီညိုရောင်နန်းတော်၌ မမျှော်လင့်ထားသောအန္တရာယ်များရှိမည်လားဆိုသည်ကို မည်သူသိမည်နည်း။

လူအုပ်ထဲမှ မြေစာပင်အများစုက ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ပေါ်သို့အကြည့်

ကျရောက်နေသည်။ မြေစာပင်များဖြစ်သည့်အလျှောက်အခြားသူကဦးဆောင်ခြင်းကိုစောင့်ကြည့်ရသည်က ပင်ကိုယ်အားဖြင့်ပျော်စရာပင်ဖြစ်သည်။

ဤအချိန်တွင် မြေစာပင်တစ်ယောက်က ဒေါင်လိုက်အတိုင်းအောက်သို့ဆင်းသွားသော လူနှစ်ယောက်ကိုကြည့်ပြီး ထေ့ငေါ့ပြောလိုက်သည်။

“အဲ့လူနှစ်ယောက်ကိုကြည့်စမ်းပါအုံး အရမ်းကိုမြန်မြန်ဆင်းနေပြီး နန်းတော်နဲ့လည်းအရမ်းကပ်နေပြီ. ..သူတို့အရမ်းထင်ရာစိုင်းကြတာပဲ”

“ဟားဟား”

ယခင်လူ၏ပြောစကားအားကြားပြီးနောက် နောက်ထပ်မြေစာပင်တစ်ဦးကလည်း ပြုံးကာပြောလိုက်သည်။

“အဲ့တာကပိုမကောင်းဘူးလား. တစ်ခုခု မှားတာနဲ့တို့တွေအမြန်တပ်ခေါက်လို့ရတယ်.. အဲလိုသာဆို ဒီလူတွေလည်းငါတို့ကိုဘာမှပြောမှာမ

ဟုတ်ဘူး”

“ဟားဟား. . ဟုတ်တယ် ငါတို့အတွက်တော့ဒီလူနှစ်ယောက်လုပ်တာမှန်တယ်.. သူတို့က ပထမဆုံးမြေစာပင်တွေဖြစ်မဲ့ပုံပဲ. သူတို့မှာဘာအတွေ့အကြုံမှလုံးဝမရှိဘူး”

သူ့ကိုယ်သူမြေစာပင်အဖြစ်အရမ်းအတွေ့အကြုံရှိသည်ဟုတွေးနေသောသက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦးက ဒေါင်လိုက်အတို်ငးဆင်းသွားသော လူနှစ်ယောက်ရှိ ရင်ဘက်ရှေ့လက်ပိုက်ထားလျှက်ကြည့်ရင်း အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

ရှစ်ဖုန့်ကနီညိုရောင်နန်းတော်အတိုင်းဆင်း

သက်လာသည် ။မကြာခင်တွင် ညင်သာသောအသံတစ်ခုနှင့်အတူ သူ၏ခြေထောက်ကမြေပြင်ပေါ်သို့ကျသွားပြီး နီညိုရောင်နန်းတော်၏ဂိတ်တံခါးနှစ်ခုရှေ့၌

ဆင်းသက်လိုက်သည်။

နီညိုရောင် ဂိတ်နှစ်ခုက လွန်စွာမြင့်မားသည်ဖြစ်၏ ။ ဂိတ်မှာ ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ သို့သော် ထိုဂိတ်နှစ်ခုပေါ်တွင် မတူညီသော ရှေးဟောင်းသားရဲနှစ်ကောင်ကိုထွင်းထုထား

သည်ဖြစ်သည်။ခက်ထန်သောသားရဲနှစ်ကောင်က အစွယ်များကိုထုတ်ပြကာ လက်သည်းတို့ကိုဝင့်ထားသည်။ ၎င်းတို့၏မျက်လုံးကြီးများနှင့် ပုံစံက မာန်ဖီဟိန်းဟောက်နေသကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ပုံကလွန်စွာခက်ထန်ကြမ်းကြတ်

သည်ဖြစ်၏။

ဤရှေးဟောင်းသားရဲနှစ်ကောင်က ထျန်းဟန်တိုက်ကြီးအတွင်း၌ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သည်။ တကယ်တော့ရှစ်ဖုန့်ဤသားရဲများ၏နမည်

ကိုပင်သိခြင်းမရှိချေ။

ဤအချိန်တွင် ရှစ်ဖုန့်က နီညိုရောင်ဂိတ်နှစ်ခု၏ရှေ့၌ ရပ်ကာ ဂရုတစိုက်လေ့လာအာရုံခံနေသည်။ သူ့အနေဖြင့် နီညိုရောင်ဂိတ်နှစ်ခုအား ထိခြင်းမရှိသလို အလျှင်စလိုပြုမူခြင်းလည်းမရှိပေ။

“နေအုံးရှစ်ဖုန့်လေး အဲ့တာတွေကိုမထိနဲ့ အန္တရာယ်ရှိလောက်တယ်”

ဤအချိန်တွင် ယွဲ့ရှောက်ချုံး၏ အမောတကောအသံက အထက်မှထွက်ပေါ်လာသည်။ ရှစ်ဖုန့်က နီညိုရောင်ဂိတ်နှစ်ခုအားထိမိလိုက်ပြီးစက်

ယန္တရားအချို့သို့မဟုတ် ကန့်သတ်ချက်အချို့ကို အသက်ဝင်စေလိမ့်ကိုသူကြောင်သည်ဖြစ်သည်။

“ရှစ်ဖုန့်လေးကပိုပိုပြီးမနာခံဖြစ်လာပြီး. ဟူး. လူငယ်တွေကတော့လူငယ်ဆိုတဲ့အတိုင်း

ပါပဲလား..”

ယွဲ့ရှောက်ချုံးက စိတ်ထဲမှသက်ပြင်းချလိုက်သည်။

မကြာခင်တွင် ယွဲ့ရှောက်ချုံးရှစ်ဖုန့်ဘေးသို့ဆင်းသက်

လာသည်။ ဤအချိန်တွင် ရှစ်ဖုန့်အားသူကသတိပေးလိုက်သည်။

“ကောင်လေး. အဲ့တာတွေကိုမထိနဲ့ ဒဏ္ဍာရီတွေအများကြီးထဲမှာ မြေစာပင်တွေက အဲ့လိုဟာတွေကို ဂရုမထားဘဲ ထိမိလို့ ပြာပုံအဖြစ်ပြောင်းသွားရတာ ဘယ်လောက်တောင်များလှလဲ”

“နောက်ပိုင်း ငါတို့ဒီနန်းတော်ထဲကိုဝင်ပြီးရင်တောင် နေရာတိုင်းကိုငါတို့သတိထားဂရုစိုက်ရမယ်.. ခြေလှမ်းတိုင်းခြေလှမ်းတိုင်းကိုငါတို့ဂရုစိုက်ရပြီး အရာအားလုံးထက်ငါတို့အသက်ကိုပဲရှေ့တန်းတင်ထားရမယ်. အကယ်၍ငါတို့အသက်ကိုသာဆုံးရှုံးသွားရင် ငါတို့အရာအားလုံးကိုဆုံးရှုံးလိုက်ရတာပဲ”

ရှစ်ဖုန့်ကယွဲ့ရှောက်ချုံးအားခေါင်းအနည်းငယ်သာဆတ်ပြလိုက်သည်။ သူ၏အာရုံကတော့ နီညိုရောင်ဂိတ်နှစ်ပေါ်တွင်သာကျရောက်

နေဆဲဖြစ်သည်။

“ဖပ်..ဖပ်..ဖပ်..ဖပ်..ဖပ်”

ဤအချိန်တွင်မြေစာပင်တစ်ရာကျော်ကလည်း မြေပြင်ပေါ်သို့ဆင်းသက်လာသည်။ ဤအချိန်တွင်အားလုံးကပျော်ရွှင်နေကြသည်။ မြေစာပင်ဖြစ်ရသည်ကမူလကသေခြင်းရှင်ခြင်းကိစ္စဖြစ်ခဲ့သော်လည်း ယခုအခါတွင်ဘာမတော်တဆမှုမှဖြစ်ခြင်း

မရှိဘဲ သူတို့၏တာဝန်ကို ပြီးမြောက်အောင်လုပ်နိုင်လိုက်သည်ဖြစ်သည်။

ဟင်းလင်းပြင်ထဲတွင် ထောင်ပေါင်းများစွာသောကျင့်ကြံသူများမှာ မြေစာပင်များအောက်သို့လုံခြုံစွာရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပဲသူတို့အောက်သို့ပျံသန်းထိုးဆင်း

လိုက်၏။

သူတို့ကအောက်သို့ရောက်ရှိလာပြီးမကြာ

ခင်တွင် ရှေးဟောင်းအမွေအနှစ်နှင့်နီးကပ်သည်ထက်နီးကပ်လာသည်။ သူတို့၏နှလုံးကလည်းထပ်မံအခုန်မြန်လာ၏။

“ရှေးဟောင်းအမွေအနှစ်. စွန့်စားမှု အခွင့်အလမ်း”

“ဖပ်..ဖပ်..ဖပ်..ဖပ်.ဖပ်”

“ဖပ်..ဖပ်..ဖပ်..ဖပ်.ဖပ်”

“ဖပ်..ဖပ်..ဖပ်..ဖပ်.ဖပ်”

သိပ်မကြာခင်တွင်များပြားလှသောကျင့်ကြံ

သူအုပ်ကြီးရောက်ရှိလာသည်။ များစွာပုံရိပ်များကလည်းမြေပြင်ပေါ်သို့ဆင်း

လိုက်ကြသည်။

ထို့နောက်တွင် အားလုံး၏ အကြည့် က ရှစ်ဖုန့်ကဲ့သို့ သူတို့၏ရှေ့ရှိ နီညိုရောင်ဂိတ်တံခါးနှစ်ချပ်ပေါ်သို့ကျ

ရောက်သွားသည်။

သို့သော်ဤအချိန်တွင်လူများစွာ၌ ယွဲ့ရှောက်ချုံးကဲ့သို့ အတွေးရှိကြသည်ဖြစ်သည်။ သူတို့သာ နီညိုရောင်နန်းတော်နှင့် ရှေးဟောင်းအမွေအနှစ်အတွင်းသို့ဝင်

ရောက်လိုလျှင် နီညိုရောင်ဂိတ်တို့ကသေချာပေါက်ရိုးရှင်း

လိမ့်မည်မဟုတ်ချေ။

အထူးသဖြင့်နီညိုရောင်တံခါးနှစ်ချပ်ပေါ်၌ထွင်းထုထားသော အစွယ်တို့ကိုလှစ်ပြကာလက်သည်းတို့ကို

ဝင့်ထားသည့်ရှေးဟောင်းသားရဲနှစ်ကောင်

ပင်ဖြစ်သည်။ ၎င်းကကြည့်လိုက်ရုံနှင့်လူများအားစိတ်မသက်မသာဖြစ်မှုကိုခံစားရစေပြီး ၎င်းတို့အနေဖြင့်ဤသားရဲနှစ်ကောင်၏ပစ်မှတ်ထားခြင်းခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။

All Chapters