← Chapters

အခန်း (၇၁၂)

Vol. 48 Ch. 712

အခန်း (၇၁၂)

Vol. 48 Ch. 712

ရှေးဟောင်းနီညိုရောင်နန်းတော်ကြီး၏ ရှေ့၌ဖြစ်သည်။

ရှစ်ဖုန့်ကနီညိုရောင် တံခါးချပ်တို့ကိုစိုက်ကြည့်နေပြီး ၎င်းတို့ပေါ်၌ထွင်းထုထားသော

ခက်ထန်သည့်သားရဲနှစ်ကောင်ကို

သူ၏စိတ်ဝိညာဉ်ဖြင့် အာရုံခံရန်ကြိုးစားနေသည်။

သို့သော် ရှစ်ဖုန့်မကြာခင် ထွင်းထုထားသော ခက်ထန်သည့်သားရဲနှစ်ကောင်က သာမန်ထွင်းထုထားသည့်သားရဲနှစ်ကောင်

သာဖြစ်သည်ကိုအာရုံခံမိလိုက်သည်။ ၎င်းတိုနှင့်ပက်သက်ပြီး ဘာထူးဆန်းမှုမှရှိနေချေ။ ရှေးဟောင်းနီညိုရောင်နန်းတော်အတွင်းသူတို့မဝင်ရောက်ခင်အထိ ဘာအန္တရာယ်ကိုမှသူတို့ကြုံတွေ့ရမည့်ပုံမပေါ်ချေ။

ဤအချိန်တွင် ရှစ်ဖုန့်၏နောက်မှ ကျင့်ကြံသူအုပ်စုထဲမှတစ်ယောက်က ပြောလိုက်သည်။

“ဒီလူနှစ်ယောက်က တံခါးတွေနဲ့အရမ်းနီးကပ်နေတာကြောင့် သူတို့ပဲတံခါးကိုတွန်းဖွင့်ပါစေ”

သူ၏နောက်မှလာသောအသံကိုကြား

လိုက်ရသည့်အခါတွင် ယွဲ့ရှောက်ချုံး၏ ကိုယ်က တုန်ယင်သွားသည်။ ၎င်းတို့ကသူတို့နှစ်ယောက်အား

သေတွင်းထဲပို့ဖို့ကြိုးစားနေသည်လော။

ယွဲ့ရှောက်ချုံးကခေါင်းကိုလှည့်လိုက်ပြီး နောက်သို့ကြည့်လိုက်သည်။ မကြာခင်တွင် စကားပြောလိုက်သောသူကိုသူတွေ့လိုက်ရ၏။ ထိုသူက သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ

တစ်ဦးဖြစ်သည်။

“မီးသူတော်စင် တုယန်..”

စကားပြောသူအားတွေ့လိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံးတုန်လှုပ်သွားသည်။

တုယန်ကမီးသိုင်းတာအိုကို ကျင့်ကြံသူဖြစ်သည်။ သူကသူတော်စင်နယ်ပယ်တစ်ဦး

အဖြစ်ကျော်ကြားနေခဲ့သည်မှာ အ ချိန်တစ်ခု ကြာမြင့်နေခဲ့ပြီဖြစ်၏။ လူများကသူ့အား မီးသူတော်စင်ဟုခေါ်ကြသည်ဖြစ်သည်။

“ဒါ..ဒါက.”

ယွဲ့ရှောက်ချုံးမှာအရမ်းတုန်လှုပ်အံ့အား

သင့်ရသောကြောင့် ပြောစရာ စကားမဲ့နေသည်။ အကယ်၍ မီးသူတော်စင်တုယန်ကသာသူတို့အား

စကားပြောဖို့တောင်းဆိုသည်ဆိုလျှင် သူတို့အနေဖြင့်မလိုက်နာပဲ နေနိုင်လိမ့်မည်မဟုတ်ပေ။

၎င်းကသူတို့ကို သေချာပေါက်သေမည့်မြေစာပင်များ

ဖြစ်စေလိုနေသည်။

တုယန်စကားပြောပြီးနောက်အခြား

သူတစ်ဦးကလည်းပြောလိုက်သည်။

“သူတို့နှစ်ဦးကိုလုပ်ခိုင်းတာပေါ့.. မင်းတို့နှစ်ယောက်မြန်မြန်တံခါးကိုတွန်းဖွင့်လိုက်.. လူတိုင်းရဲ့အချိန်ကိုဖြုန်းမနေနဲ့. မဟုတ်ရင်မင်းတို့ကိုလွယ်လွယ်ကူကူလွှတ်ပေးမှာမဟုတ်ဘူး”

“ကျင်းကန်းဂိုဏ်းရဲ့အကြီးအကဲ ကျင်းရှန်း .. “

နောက်ထပ်စကားပြောသူအား

တွေ့လိုက်ရသောအခါတွင်ယွဲ့ရှောက်ချုံး

တုန်လှုပ်အံ့အားသင့်သွားရပြန်သည်။

ထို့နောက်တွင်လူအုပ်ကသူတို့နှစ်

ယောက်အားကြည့်နေသည်ကို ယွဲ့ရှောက်ချုံးသတိပြုမိလိုက်သည်။

၎င်းတို့ထဲမှများစွာ၏မျက်နှာထက်

တွင်လှောင်ပြုံးတို့ရှိနေ၏။

သူကသူ့ကိုယ်သူ သေတွင်းပို့မည်ကိုသွေးအေးစွာ

ကြည့်နေမှုကိုခံနေရခြင်းဖြစ်သည်။

“ရှစ်..ရှစ်ဖုန့်လေး.. ကြည့်ရတာငါတို့တော့ဒီကနေ

မလွတ်နိုင်တော့မဲ့ပုံပဲ”

ယွဲ့ရှောက်ချုံးကသူ့ဘေးနားရှိရှစ်ဖုန့်အား မျော်လင့်ချက်ကင်းမဲ့စွာဖြင့်ပြောလိုက်သည်။

အကယ်၍ သူတို့အား တံခါးအားတွန်းဖွင့်ခြင်းမရှိလျှင် သူတို့နောက်ရှိလူများ၏ တိုက်ခိုက်မှုကိုခံရမည်ကိုသူသိသည်ဖြစ်သည်။

“ငါ..ငါကဒီလိုမျိုးနဲ့ထိုက်တန်ရအောင်

ဘာတွေများလုပ်ခဲ့လို့လဲ”

ယွဲ့ရှောက်ချုံးစိတ်ထဲမှသက်ပြင်းချလိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏မျက်နှာအားကြည့်၍ သူ့ဖာသာသူပြောလိုက်၏။

“ထားလိုက်ပါလေ.. သူကအရမ်းငယ်သေးတယ်.. သူတို့ကသေစေချင်တယ်ဆိုရင်လည်း

ငါပဲလုပ်လိုက်ပါ့မယ်”

“ရှစ်ဖုန့်လေး မင်းဒီမှာပဲရပ်နေပြီးမလှုပ်ရှားတာပိုကောင်းမယ်..ငါပဲတံခါးကိုဖွင့်ပါရစေ.. အကယ်၍ အန္တရာယ်ကျရောက်လာရင် ချက်ချင်းနောက်ကိုဆုတ်ဖို့မင်းမှတ်ထားပါ.. မင်းရဲ့အသက်ကသာအရေးအကြီးဆုံးအရာပဲ”

ယွဲ့ရှောက်ချုံးကရှစ်ဖုန့်ကိုပြောလိုက်သည်။

“မင်းတံခါးကကိုတွန်းဖွင့်လို့မရဘူး”

ရှစ်ဖုန့်ကခေါင်းကိုခါယမ်းလိုက်ပြီး

ယွဲ့ရှောက်ချုံးကိုပြောလိုက်သည်။

“ငါ..ငါလည်းအဲ့တာကိုတော့သိတာပေါ့”

ယွဲ့ရှောက်ချုံးကသက်ပြင်းချပြီးနောက်ရှစ်ဖုန့်အားကူကယ်ရာမဲ့စွာပြောလိုက်သည်။

“ငါတို့တံခါးကိုဖွင့်တာနဲ့ငါတို့သေဖို့များတယ်..ဒါပေမဲ့ ငါတို့မှာတစ်ခြားရွေးစရာရှိသေးလို့လား”

“မင်းတို့ကောင်တွေဘာလုပ်နေတာလဲ.. မင်းတို့ဘာကိုတွတ်ထိုးနေတာလဲ.. မင်းတို့တွေအချိန်ဖြုန်းနေတာပဲ.. မင်းတို့တကယ်ပဲသေချင်နေတာလား”

ဤအချိန်တွင် အေးစက်သောအသံတစ်ခုကသူတို့၏နောက်မှထွက်ပေါ်လာသည်။

ဤအသံမှတစ်ဆင့် အကယ်၍ ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့သာ

တုန့်ဆိုင်းနေလျှင် သူတို့အားတိုက်တွန်းသောသူတို့က

သူတို့အားတံခါးကိုဖွင့်အောင်တိုက်ခိုက်လိမ့်မည်ဖြစ်သည်။

ယွဲ့ရှောက်ချုံးမှာ ယင်းကမီးသူတော်စင် တုယန်၏အသံဖြစ်သည်ကိုမှတ်မိလိုက်သည်။ တုယန်ကမီးတာအိုကိုကျင့်ကြံပြီးသူ့၌ လွန်စွာ ကြမ်းကြုတ်သောစရိုက်ရှိသည်ဖြစ်သည်။ အကယ်၍သူသာဆက်လက်တုန့်ဆိုင်း

နေလျှင်ဖြစ်လာမည့်အကျိုးဆက်က

သေခြင်းဖြစ်သည်ကိုယွဲ့ရှောက်ချုံး

သိသည်ဖြစ်၏။

“အား”

သို့သော် ထို့နောက်ရုတ်ခြည်းနာကျင်စွာဖြင့် စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သောအသံတစ်ခုကပေါက်ကွဲထွက်ပေါ်လာသည်။

ယွဲ့ရှောက်ချုံးမှာ အသံအားကြားလိုက်ရသောအခါတွင် အတင်းလုပ်မယူရပါဘဲ တုန်တက်သွားသည် ။ သူမနေနိုင်ဘဲ သူ့ဘေး၌ရှိနေသောရှစ်ဖုန့်ကိုကြည့်လိုက်သည်။

သို့သော်ယွဲ့ရှောက်ချုံးရှစ်ဖုန့်အားကြည့်လိုက်ချိန်တွင် ရှစ်ဖုန့်ကသူ့ဘေး၌မထိမခိုက် ရပ်နေဆဲဖြစ်သည်ကိုသူတွေ့လိုက်ရသည်။

“နေပါအုံး.အဲ့အသံ.အဲ့တာက. “

“ဘာတွေဖြစ်နေတာလဲ. တုယန်…တုယန်ဘာဖြစ်သွားတာလဲ”

“ဘာတွေဖြစ်နေတာလဲ.. သူဘာဖြစ်သွားတာလဲ”

“အား..တုယန်..သူသေသွားပြီ”

ယွဲ့ရှောက်ချုံး၏နောက်တွင် အသံများ အုတ်အုတ်ကြွပ်ကြွပ်ထွက်ပေါ်လာသည်။

“အဲ့တာတုယန်ရဲအသံပဲ.. တုယန်သေသွားပြီလား”

ထိုအော်သံကမီးသူတော်စင်တုယန်၏ အသံဖြစ်သည်ကိုယွဲ့ရှောက်ချုံး

သိလိုက်သည်။ သို့သော် “မီးသူတော်စင်သေပြီ”ဟူသည့်စကားအားကြားလိုက်ရသောအခါတွင် သူစိတ်ရှုပ်ထွေးသွားပြီး အလိုအလျောက်လှည့်လိုက်မိသည်။

ဤအချိန်တွင် တုယန်ရှိနေသောနေရာ၌ လူအုပ်တစ်ခု ဝန်းရံနေသည်ဖြစ်သည်။ ဤလူများကတုယန်၏အခြေအနေကို စစ်ဆေးနေသည့်ပုံပေါ်၏။ ထို့နောက်တွင် အခြားအတည်ပြုသံတစ်ခုထွက်ပေါ်လာသည်။

“တုယန်တကယ်သေသွားပြီ.. သူကအသံရှူလည်းရပ်သွားသလို နှလုံးခုန်တာလည်းရပ်သွားပြီ.. ဒါပေမဲ့ တုယန်ကဘယ်လိုဖြစ်ပြီးတော့

ဒီလိုမျိုးဖြစ်သွားရတာလဲ”

“သူတကယ်သေသွားတဲ့ပုံပဲ”

အတည်ပြုမှုအားကြားလိုက်ရသော

အခါတွင်ယွဲ့ရှောက်ချုံးပျော်ရွှင်သွားသည်။ ထို့နောက် သူ့ဖာသာသူပြောလိုက်၏။

“ဒီသူတောင်းစားကငါတို့ကိုသေစေချင်တယ်.. ဒီလိုလူများကသေဖို့ပဲထိုက်တန်တယ်”

“ကျိန်စာ. ဒါက နီညိုရောင်နန်းတော်ရဲ့ကျိန်စာများ

ဖြစ်နိုင်မလား”

ဤအချိန်တွင်လူအုပ်ထဲမှတစ်စုံတစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။

“တုယန်က နီညိုရောင်နန်းတော်ရဲ့ကျိန်စာမိသွားတာပဲ..မဟုတ်ရင် ဘယ်လိုဖြစ်ပြီး သူတော်စင်နယ်ပယ်တစ်ယောက်က အရမ်းနားလည်ရခက်စွာနဲ့သေသွားရမှာလဲ”

အော်ပြောလိုက်သောသူ၌ စူးရှသောအသံရှိသည်ဖြစ်သည်။ “ကျိန်စာ”ဟူသောစကားလုံးက ရုတ်ခြည်း လူတိုင်း၏နှလုံးသားထဲ၌ ပဲ့တင်ထပ်သွား၏။ ၎င်းကလူများအား ချောက်ချားသွားစေပြီး သူတို့၏အမွှေးများအဆုံးထိ

ထောင်မတ်သွားစေသည်။

ရှေးဟောင်းအမွေအနှစ်များက

လွန်စွာဆန်းကြယ်သည်ဖြစ်သည်။ မျှော်လင့်မထားသောကံဆိုးမှုများ က မကြာခဏ လူများနှင့်အတူ သေခြင်းနတ်ဘုရားကဲ့သို့လိုက်ပါလာပြီး တိတ်တဆိတ်ရောက်ရှိလာသည်ဖြစ်သည်။

“ကျိန်စာလား”

“ကျိန်စာ”

လူအုပ်အတွင်းလူများမှာ အလန့်တကြားစတင်ဖြစ်နေသည်။ အသက်လေးဆယ်အရွယ်သူတော်စင်နယ်ပယ်တစ်ဦးက အရမ်းကိုရှင်းပြရခက်စွာဖြင့်သေ

သွားသည်ဖြစ်သည်။ ယင်းကတကယ်ကိုထူးဆန်းသည်ဖြစ်၏။ ထိုထက်ပိုသည်ကား သူကရှေးဟောင်းအမွေအနှစ်နှင့်အရမ်းနီးကပ်လာမှသေသွားရခြင်းဖြစ်သည်။

“ကျိန်စာတစ်ခုလား.. အဲ့တာက တကယ်ပဲကျိန်စာတစ်ခုဖြစ်နိုင်လို့လား”

လူအုပ်အတွင်းရှိ ကျင်းကန်းဂိုဏ်းအကြီးအကဲ ကျင်းရှန်းက တုယန်၏ကိုယ်ကိုကြည့်၍တီး

တိုးရေရွတ်လိုက်သည်။

ဤအချိန်တွင် ကျင်းရှန်းကသူ၏ခေါင်းကိုမော့လိုက်ပြီး ရှေ့သို့ကြည့်လိုက်သည်။ ယွဲ့ရှောက်ချုံးနှင့်ရှစ်ဖုန့်တို့ကထိုနေရာ၌ရပ်နေဆဲဖြစ်ပြီး နီညိုရောင်တံခါးအား တွန်းမဖွင့်ရသေးသည်ကိုသူတွေ့လိုက်ရသည်။ သူက၎င်းတို့နှစ်ဦးအားလျှင်မြန်စွာ

လက်ညှိုးထိုးလိုက်ပြီးအော်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ဘာလို့အဲ့မှာရပ်

နေသေးတာလဲ. မြန်မြန်နီညိုရောင်တံခါးကိုတွန်းဖွင့်စမ်း. မင်းတို့တွေသေချင်နေပြီလား”

ကျင်းရှန်းမှာ စိတ်မရှည်ဖြစ်နေပြီဖြစ်သည်။ ယွဲ့ရှောက်ချုံးကသူ၏ အမိန့်ပေးမှုအားနားမထောင်သည်

ကိုတွေ့ရသောအခါတွင် လှည့်ပြီးကြည့်လိုက်သည်။

သို့သော်ဤအခိုက်အတန့်တွင် ကျင်းရှန်း၏စကားဆုံးပြီးပြီးချင်း ရုတ်တရက်နာကျင်စွာဖြင့်ဟစ်အော်လိုက်၏။

“အား”

ဤအချိန်တွင်များစွာသောအကြည့်တို့က ကျင်းကန်းဂိုဏ်း၏အကြီးအကဲ ကျင်းရှန်းထံသို့ကျရောက်သွားသည်။ ရုတ်တရက်ကျင်းရှန်းကကျယ်လောင်စွာအော်ဟစ်လိုက်သည်ဖြစ်သည်။ သူ၏မျက်နှာထက်၌ လွန်စွာနာကျင်မှုတို့ဖြင့်ပြည့်နှက်နေပြီး သူ၏ ကိုယ်ကလည်းမြေပြင်ပေါ်လဲပြိုကျသွားသည်။ ဤအခြေအနေက အစောပိုင်းက တုယန်နှင့် အတူတူပင်ဖြစ်သည်။

ဤအချိန်တွင်ကျင့်ကြံသူတစ်ဦးက ရှေ့သို့လျှောက်လှမ်းထွက်လိုက်ပြီး

ဆောင့်ကြောင့်ထိုင်လိုက်က မြေပြင်ပေါ်သို့လဲပြိုကျသွားသော ကျင်းရှန်းကိုစစ်ဆေးလိုက်သည်။ ထို့နောက်ကျင့်ကြံသူကထရပ်လိုက်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်ကာ မကျယ်သောအသံဖြင့်ပြောလိုက်သည်။

“ကျင်းရှန်းကလည်းတုယန်လိုပဲ. သူအသက်ရှူသံရော နှလုံးခုန်သံရော ရပ်သွားပြီ.. သူသေသွားပြီ”

“ဘာ”

All Chapters