အခန်း (၇၁၃)
Vol. 48 Ch. 713
“ဘာ”
“ဘာ”
“ဘာ”
လူအုပ်ထဲမှ အလန့်တကြား အော်သံများထွက်ပေါ်လာသည်။ ကျင်းကန်းဂိုဏ်း၏ အကြီးအကဲ့ ကျင်းရှန်း ၏အခြေအနေကိုသူတို့တွေ့ရသောအခါတွင် တုယန်ကဲ့သို့သေဆုံးခြင်းဖြစ်သည်ဟု
သူတို့ခန့်မှန်းမိခဲ့သည်။
သို့သော် ယင်းအားအတည်ပြုပြီးသည့်နောက်တွင် သူတို့မနေနိုင်ဘဲ အံ့အာသင့်စွာဖြင့် အလန်းတကြားအော်မိလိုက်ကြသည်။
အထွတ်အထိပ်ကျွမ်းကျင်သူများဖြစ်ကြသောသူတော်စင်နယ်ပယ်နှစ်ဦးက ဤကဲ့သို့ရှင်းပြ၍မရနိုင်စွာဖြင့် သေခဲ့ကြသည်ဖြစ်သည်။
အကယ်၍ ၎င်းတို့ထဲမှတစ်ယောက်သာသေဆုံးလျှင် အဆင်ပြေသေးသည်ဖြစ်သည်။ သို့သော် နှစ်ယောက်လုံးကတစ်ယောက်ပြီးတစ်ယောက်သေသွားကြသည်။ ကြီးမားသောချောက်ချားမှုတစ်ခုကလူတိုင်း
၏နှလုံးသားထဲတွင် စတင်ပျံ့နှံ့လာသည်။
“သေသွားပြီ ထပ်ပြီးသေသွားပြန်ပြီ.. သူတို့နှစ်ယောက်က ငါတို့ကိုသေစေချင်ပေမဲ့ အဆုံးသတ်မှာ သူတို့ပဲ အရင်သေသွားခဲ့တယ်”
လူအုပ်အားကြည့်ရင်းယွဲ့ရှောက်ချုံးစိတ်ထဲမှသရော်လိုက်သည်။
ထို့နောက်သူကတွေးလိုက်သည်။
“ တစ်ယောက်ယောက်ကများ ငါတို့ကိုတိတ်တဆိတ်ကူညီနေတာလား”
ယွဲ့ရှောက်ချုံးကလူအုပ်ကိုစစ်ဆေးလိုက်သည်။ ဤလူများထဲတွင်သူ့အားသိသောသူများ
မှာဖောက်ပြန်သည့်စုံတွဲဖြစ်သော
မုရုံခန်းနှင့်ထျန်းချင်းချင်းတို့သာရှိ
သည်ဖြစ်သည်။
“ဒါပေမဲ့ သူတို့ကတော့အရမ်းကြင်နာမှာမဟုတ်ဘူး. သူတို့ကငါသေမှာကိုတောင်စောင့်နိုင်ကြတာမဟုတ်တာ”
ယွဲ့ရှောက်ချုံးသူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။
ယွဲ့ရှောက်ချုံး လူအုပ်အား စစ်ဆေးပြီးနောက် နောက်ဆုံးတွင်ရှစ်ဖုန့်ကိုတွေ့လိုက်သည်။ သူကခေါင်းခါလိုက်ပြီးသေချာစွာ
ပြောလိုက်သည်။
“ ဘယ်လိုလုပ်ပြီးဒါကဖြစ်နိုင်မှာလဲ. ရှစ်ဖုန့်လေးက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်
ပဲရှိသေးတဲ့ဟာကို”
“ဒီလူတွေကြားထဲမှာ အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးပုန်းကွယ်နေတာလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်… သူကသဲလွန်စတောင်မရှိစေဘဲသတ်ဖြတ်ခဲ့တယ်.သူကငါတို့လိုငယ်ရွယ်တဲ့ပါရမီရှင်နှစ်ဦး ဒီအတိုင်းသေမှာကိုမကြည့်နေနိုင်ဘူး .သူက သူတို့ရဲ့မောက်မာမှုနဲ့ အာဏာရှင်ဆန်မှုကိုရပ်ကြည့်မနေနိုင်ဘူး”
ယွဲ့ရှောက်ချုံးကသူ၏ စိတ်ထဲမှမှန်းဆလိုက်သည်။
“ဖြစ်နိုင်တာ..ဖြစ်နိုင်တာသူတို့က တုယန်နဲ့ ကျင်းရှန်းကိုသတ်လိုက်တာလား. စဉ်းစားကြည့်မှ သူတို့မသေခင် အဲ့နှစ်ယောက်ကို တံခါးကိုအတင်းတွန်းဖွင့်ခိုင်းခဲ့တာ.. အဲ့နောက်သူတို့သေသွားတာ”
ဤအချိန်တွင်ကျင့်ကြံသူတစ်ဦးက တုယန်နှင့် ကျင်းရှန်းတို့သေဆုံးမှုကိုအမှတ်ရကာ ဖြစ်ရပ်နှစ်ခုကိုပေါင်းစပ်ပြီး သူတို့ရှေ့ရှိ ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ကို ထိုးညွှန်ကာပြောလိုက်သည်။
“ဒီနှစ်ယောက်ကဖုံးကွယ်နေတဲ့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေများ
ဖြစ်နေမလား. သဲလွန်စတောင်ချန်ပဲသတ်ပစ်နိုင်တဲ့လူစားမျိုးတွေလား”
ဤလူစကားပြောပြီးပြီးချင်းတစ်စုံတစ်ယောက်က ချက်ချင်းငြင်းချက်ထုတ်လိုက်သည်။
“ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ. ဒီနှစ်ယောက်ကအစတုံးကအတင်းအကျပ်
မြေစာပင်လုပ်ခံရတာကိုမမေ့လိုက်နဲ့အုံး. သူတို့သာအဲ့လိုလုပ်နိုင်နေရင် ဘာလို့မြေစာပင်လုပ်ဖို့ဆန္ဒရှိနေမှာလဲ”
“ဒါက..အဲ့တာအမှန်ပဲ. သူတို့ကမြေစာပင်တွေပဲဟာ. .ဒါဆို..ဒါဆိုဒီနှစ်ယောက်ကဘာလို့သေသွား
ရတာလဲ.. သူတို့မသေခင်မှာ တူညီတဲ့အရာတစ်ခုကိုပြောခဲ့ပြီးတူညီတဲ့အရာတစ်ခုကိုလုပ်ခဲ့တဲ့ပုံပဲ”
“သူတို့ရဲ့နောက်ဆုံးစကားက ဒီနီညိုရောင်နန်းတော်ရဲ့ရှေ့မှာ တားမြစ်ထားတာများဖြစ်နေမလား.
.ဘယ်သူပဲဖြစ်ဖြစ်ဒီစကားကိုပြောရင် ကျိန်စာမိပြီး သေရလိမ့်မယ်”
ဤအချိန်တွင်ကျင့်ကြံသူတစ်ဦးက သူတို့မသေဆုံးခင်ဖြစ်ပျက်မှုကိုအမှတ်ရ
လိုက်ပြီးအလန့်တကြားပြောလိုက်သည်။
ကျင့်ကြံသူ၏စကားအားကြားပြီးနောက်လူများစွာမှာ တုယန်နှင့်ကျင်းရှန်းတို့မသေခင်ပြောခဲ့သည်ကို ပြန်အမှတ်ရလိုက်သည်။
တုယန်၏ နောက်ဆုံးစကားက “မင်းတို့ တကယ်သေချင်နေတာလား.”ဖြစ်သလို ကျင်းရှန်း၏နောက်ဆုံးစကားကလည်း “မင်းတို့တကယ်သေချင်နေတာလား”ဖြစ်သည်။
“မင်းတို့သေချင်နေတာလား.မင်းတို့သေချင်နေတာလား..အဲ့တာကဒီနီညိုရောင်နန်းတော်မှာ
တားမြစ်ထားတာလား”
လူများစွာကသူတို့၏စိတ်ထဲမှခန့်မှန်း
လိုက်ကြသော်လည်း ကျယ်လောင်စွာတော့ထုတ်ပြောရဲခြင်း
မရှိကြချေ။ သူတို့ထိုစကားအားတစ်ကြိမ်ပြောမိသည်နှင့် ကျိန်စာကိုအသက်ဝင်စေပြီးတုယန်နှင့်
ကျင်းရှန်းတို့ကဲ့သို့ အဆုံးသတ်ရမည်ကိုသူတို့ကြောက်ကြသည်ဖြစ်သည်။
သို့သော် တုယန်နှင့်ကျင်းရှန်းတို့က၎င်းတို့အားအတင်းအကျပ်တံခါးကိုတွန်းဖွင့်စေနိုင်ခြင်းမရှိခဲ့သော
ကြောင့် သူတို့က၎င်းတို့အား အတင်းအကျပ်တံခါးကိုဖွင့်စေဖို့လိုသည်ဟု ခန့်မှန်းနေကြသောလူများလည်းရှိ
သည်ဖြစ်သည်။
ဤအချိန်တွင်ရှစ်ဖုန့်ကဖြည်းဖြည်းချင်း
လှည့်လိုက်ပြီး သူ့ရှေ့ရှိကျင့်ကြံသူအုပ်စုကိုကြည့်လိုက်သည်။
၎င်းတို့ကခန့်မှန်းနေကြပြီး လူများစွာက လေးနက်နေကာလူများစွာက စိတ်မသက်သာမှုကိုခံစားနေရသည်ကို
သူတွေ့ရသည်။
ဤအချိန်တွင် ယွဲ့ရှောက်ချုံးကရှစ်ဖုန့်ကိုတီးတိုး
ပြောလိုက်သည်။
“ရှစ်ဖုန့်လေး တံခါးကိုအရင်ဆုံးမဖွင့်ပဲနေရအောင်.. ငါတို့ကို တံခါးဖွင့်ဖို့ပြောတဲ့ဘယ်သူမဆိုသေလိမ့်မယ်”
ယွဲ့ရှောက်ချုံး ၏ စကားအားကြားပြီးနောက်ရှစ်ဖုန့်က သွားပေါ်အောင်ပြုံးလိုက်သည်။ တကယ်လည်းသူတံခါးကိုဖွင့်လိမ့်မည်မဟုတ်ပေ။ ထိုထက်ပိုသည်ကားသူ့အားတံခါးဖွင့်ဖို့
ပြောသောမည်သူမဆိုသေရလိမ့်မည်ဖြစ်သည်။
ထိုငမိုက်သားနှစ်ယောက်က သူတို့အတွက်ဘာကကောင်းမွန်လဲမသိ
လိုက်ရခင်မှာပင် သူ၏ဝိညာဉ်စွမ်းအားအောက်၌သေဆုံး
သွားကြသည်။
ရှစ်ဖုန့်အတွက်သူတော်စင်နယ်ပယ်များ
ကိုသတ်ရန်အတွေးတစ်ချက်သာလို
သည်ဖြစ်သည်။
“အခု ကိစ္စတွေကဒီလိုဖြစ်လာမှတော့ ငါတို့အများကြီးတွေးနေဖို့မလိုဘူးလို့ထင်တယ်.. တံခါးကိုပဲအရင်ဆုံးဖွင့်ကြစို့.”
ဤစကားအားပြေလိုက်သောအသူမှာ ထျန်းဟန်ကျောင်းတော်၏ကျောင်းအုပ်ဖြစ်သူ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူ ဟန်လုံပင်ဖြစ်သည်။
“ရှေးဟောင်းအမွေအနှစ်က ငါတို့ရှေ့မှာရှိနေတာမလို့ ငါတို့တွေလက်လျော့ပြီးနောက်ပြန်ဆုတ်လို့မ
သင့်ဘူလို့ငါထင်တယ်. “
ဟန်လုံက စကားပြောပြီးနောက် ပိုင်ယွမ်မြို့အရှင်သခင်ဖြစ်သူယွမ်ရိကိုကြည့်
လိုက်သည်။
ယွမ်ရိမှာဟန်လုံကသူ့အားကြည့်နေသည်ကိုတွေ့ရသောအခါတွင် အနည်းငယ်ခေါင်းညိမ့်လိုက်ပြီး မကျယ်သောအသံဖြင့်ပြောလိုက်သည်။
“အကိုဟန်ပြောတာဟုတ်တယ် တံခါးကိုအရင်ဖွင့်ပြီးတော့နီညိုရောင်နန်းတော်ထဲကိုဝင်ကြစို့”
“ဒါပေမဲ့ ဘယ်သူကတံခါးတွေကိုဖွင့်မှာလဲ.. တုယန်နဲ့ကျင်းရန်းတို့က တစ်ခြားသူကိုဖွင့်ဖို့ပြောခဲ့တာကြောင့်
ကျိန်စာမိပြီးသေသွားရတာကိုမမေ့နဲ့အုံး”
ဤအချိန်တွင် သူတော်စင်နယ်ပယ်အဘိုးအိုတစ်ဦး
ကပြောလိုက်သည်။
“ဟုတ်တယ် တုယန်နဲ့ကျင်းရှန်းတို့က တစ်ခြားသူကိုတံခါးဖွင့်ဖို့ပြောတာကြောင့် နီညိုရောင်နန်းတော်ရဲ့ကျိန်စာမိသွား
တာပဲဖြစ်ရမယ်”
မူလက၎င်းတို့နှစ်ဦးမှာ မြေစာပင်များဖြစ်ကြသည်။ သိုသော်တုယန်နှင့်ကျင်းရှန်းတို့သေသွား
ပြီးသည့်နောက်တွင် မည်သူကမှ၎င်းတို့အားတံခါးဖွင့်ရန်မပြောရဲကြချေ။ မည်သူကမှ၎င်းတို့နှစ်ဦးအား တံခါးကိုဖွင့်ရန်မြေစာပင်အဖြစ် မပြောရဲပေ။
အချိန်ခဏအထိလူအုပ်မှာ ထပ်မံငြိမ်ကျသွားသည်။ တံခါးနှစ်ခု၌မမြင်နိုင်သော အန္တရာယ်များဖြင့်ပြည့်နှက်နေသည်ဖြစ်သည်။ မည်သူကများ ၎င်းတို့၏အသက်ကိုစွန့်စား၍ တံခါးကိုဖွင့်လိုပါမည်နည်း။
ဤအချိန်တွင် ရှစ်ဖုန့်လည်းသူ့ရှေ့ရှိလူအုပ်ကိုတစ်ချက်
ဝေ့ကြည့်လိုက်သည်။ အရင်ဆုံး တံခါးနှစ်ချပ်ပေါ်ရှိသားရဲနှစ်ကောင်က သာမန်ဖြစ်သည်ကိုရှစ်ဖုန့်အာရုံခံမိခဲ့သည်။ ထု့်နောက်တွင် နီညိုရောင်တံခါးနှစ်ခုကသူယခင်က
တစ်နေရာရာ၌မြင်ဖူးသည်ကိုသူအ
မှတ်ရလာသည်။
နောက်ပိုင်းဖြည်းဖြည်းချင်းသူမှတ်မိသွား၏။
လူအုပ်အားကြည့်နေရင်း တံခါးအားဖွင့်မည့်သူကိုရှစ်ဖုန့်လျှင်မြန်စွာရှာတွေ့သွားသည်။ ယင်းမှာ ရှောက်ယန်ဓားဂိုဏ်းမှာ ပါရမီရှင်ဖြစ်သူ ယခင်ကသူ့အားမောက်မာစွာဖြင့်တွင်းထဲ
သို့ဆင်းခိုင်းခဲ့သည်ယန်ရှင်းဖြစ်သည်။
ထို့အပြင်ပဝူတိဟူသည်တစ်ယောက်
လည်းရှိသေး၏။၎င်းကပတိုဂိုဏ်း၏ အကြီးဆုံးတပည့်ဖြစ်သည်။ သူကရှစ်ဖုန့်အားနှိမ့်ချကြည့်ဖူးသည်ဖြစ်၏။
ရုတ်ခြည်းရှစ်ဖုန့်ကသူ၏ဝိညာဉ်စွမ်းအား
ကိုအသက်သွင်းလိုက်ပြီး ငရဲဘုံကိုးခု ဝိညာဉ်ရုပ်သေး
ထိန်းချုပ်ပညာရပ်အားအသုံးပြု၍ အကွာအဝေးတစ်ခုမှလူနှစ်ယောက်ကိုထိန်းချုပ်လိုက်သည်။
“ငါ့ခန္ဓာကိုယ်..ငါ့ခန္ဓာကိုယ်..”
ပဝူတိကရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
ပဝူတိ၏အော်သံအားကြားပြီးနောက် အားလုံးကသူတို့၏အာရုံကို ၎င်းထံပြောင်းလိုက်သည်။
“ငါ့ကိုယ်.. ထိန်းချုပ်လို့မရတော့ဘူး”
ထို့နောက်ချက်ချင်းနောက်ထပ်အော်သံတစ်ခုကိုကြားလိုက်ရသည်။ လူများစွာက ဤလူအားမှတ်မိသည်ဖြစ်သည်။ ယင်းမှာ ရှောက်ယန်ဓားဂိုဏ်း၏ပါရမီရှင်ယန်ရှင်း
ဖြစ်သည်။
ထို့နောက်တွင် ယန်ရှင်းနှင့် ပဝူတိတို့က ရုတ်တရက်လူအုပ်ထဲမှပျံသန်းထွက်ပြီး ရှေ့သို့မြင့်မားသောအမြန်နှုန်းဖြင့်ထွက်ခွာသွားသည်ကို လူများတွေ့လိုက်ရသည်။
ဤနှစ်ယောက်၏ ဝိညာဉ်ကရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်၌ရောက်ရှိနေပြီဖြစ်သည်။ သူတို့၏ဝိညာဉ်များအားရှစ်ဖုန့်၏ထိန်းချုပ်မှုနှင့်အတူ ၎င်းတို့၏ကိုယ်များကိုပါတိုက်ရိုက်ထိန်းချုပ်နိုင်သည်ဖြစ်သည်။
“သူတို့ဘာပြောဖို့ကြိုးစားတာလဲ”
ပဝူတိနှင့်ယန်ရှင်းတို့အားကြည့်၍ လူများစွာကသံသယဖြစ်နေကြသည်။
“ယန်ရှင်းက ခုဏသူတို့ကိုယ်ကိုထိန်းချုပ်လို့မရတော့
ဘူးလို့အော်ပြောလိုက်ပုံပဲ.ဒါပေမဲ့ ကြည့်ရတာသူတို့အရမ်းမြန်မြန်ပျံနေတာမလား. သူတို့ကိုယ်ကလည်းအရမ်းသက်
တောင့်သက်သာဖြစ်နေသားပဲဟာ”