← Chapters

အခန်း (၇၁၄)

Vol. 48 Ch. 714

အခန်း (၇၁၄)

Vol. 48 Ch. 714

လူအုပ်ကြီး၏အကြည့်တို့အောက်၌ပင် ပဝူတိနှင့် လူငယ်ပါရမီရှင်ယန်ရှင်းတို့က နီညိုရောင်နန်းတော်ထံသို့ပျံသန်းသွားကြပြီး သူတို့၏မျက်နှာထက်၌ စိတ်ရှုပ်ထွေးမှု၊ဒေါသထွက်မှုနှင့်

ကြောက်လန့်မှုတို့ပြည့်နှက်နေသည်။

“ဒါ…ဒါက.သူတို့တွေ…….”

နီညိုရောင်ဂိတ်တံခါးတို့ရှေ့၌ရပ်နေသော ယွဲ့ရှောက်ချုံးမှာ ပဝူတိနှင့်ယန်ရှင်းတို့ သူ့ထံသို့ပျံသန်းလာသည်ကိုတွေ့ရ

သောအခါတွင် တုန်လှုပ်သွားသည်။ သူက သူတို့နှစ်ဦး တံခါးကိုဖွင့်ခြင်းမရှိသောကြောင့်၎င်းတို့ကသူတို့အားသတ်ချင်နေသည်ဟုထင်လိုက်သည်။

၎င်းတို့နှစ်ဦးအတူအကွပျံသန်းလာရန်မပြောနှင့်သူတော်စင်နှစ်ဦးဖြစ်ကြသော၎င်းတို့ထဲမှမည်သူမဆိုသူနှင့်ရှစ်ဖုန့်လေးတို့အားအလွယ်တကူသတ်ပစ်နိုင်သည်ဖြစ်သည်။

“ပြေး.ပြေးကြစို့ရှစ်ဖုန့်လေး.. သူတို့တွေတို့ကိုသတ်ဖို့လာနေပြီ”

ယွဲ့ရှောက်ချုံးက ထိတ်လန့်ချောက်ချားစွာဖြင့် ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။

သို့သော်ရှစ်ဖုန့်လေးကလုံးဝထိတ်လန့်ခြင်းမရှိသည်ကို ယွဲ့ရှောက်ချုံးသတိပြုမိလိုက်၏။ သူ၏မျက်နှာကခြားနားမှုမရှိ

တည်ငြိမ်နေဆဲဖြစ်သည်။

ထို့နောက်တွင်ယွဲ့ရှောက်ချုံးမှာ ရှစ်ဖုန့်လေးကသူ၏ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလိုက်သည်ကို တွေ့လိုက်ရသည်။

“ပြေးဖို့မလိုဘူး. သူတို့ကကမင်းကိုသတ်ဖို့ဒီကိုလာ

တာမဟုတ်ဘူး. ဒီနေရာမှာတို့တွေအတွက်တစ်ခုခု

လုပ်ပေးဖို့လာတာ”

“ငါတို့အတွက်တစ်ခုခုလုပ်ပေးဖို့လား”

ရှစ်ဖုန့်လေး၏ စကားအားကြားလိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံး စိတ်ရှုပ်ထွေးသွားသည်။ ထို့နောက်သူကပြောလိုက်၏။

“ ဒီအချိန်မှာမင်းကနောက်နိုင်သေးတယ်လား. သူတို့ကဒီကိုတို့အတွက်တစ်ခုခုလုပ်ပေးဖို့လာတာတဲ့လား. သူတို့က သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ ပဝူတိနဲ့ ယန်ရှင်းတို့ပဲ. သူတို့ ငါတို့ကိုမသတ်ရင်ပဲ ကံကောင်းနေပြီ”

ပဝူတိနှင့်ယန်ရှင်းတို့နီးသည်ထက်နီးကပ်လာသည်ကိုတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးတစ်ယောက်ပို၍ ချောက်ချားသည်ထက်ချောက်ချားလာသည်။ သူ၏နှလုံးအားတစ်စုံတစ်ခုကပိတ်ဆို့ထားသကဲ့သို့မမြင်နိုင်သောဖိအားတစ်ခု

ကိုပင်ခံစားလာရသည်။ သူ၏နှလုံးခုန်သံကပုံမှန်မဟုတ်စွာ

ဖြင့်မြန်ဆန်နေသည်။

“ပြေး”

ယွဲ့ရှောက်ချုံး ထပ်မံ ဂရုစိုက်ခြင်းမရှိတော့ပေ။ သူ၏လက်ကို လှမ်းလိုက်ကာရှစ်ဖုန့်၏လက်မောင်းကိုဖမ်းဆွဲလိုက်သည်။ သူက ပျံသန်းရန်အသင့်ဖြစ်နေပြီဖြစ်၏။

ဤငတိက အနည်းငယ်မှဂရုစိုက်ခြင်းမရှိဘဲ အဓိပ္ပါယ်မရှိလျှောက်ပြောနေသည်ဖြစ်သည်။ သူအနေဖြင့်၎င်းအားဤနေရာမှအမြန်အဝေးသို့ခေါ်ထုတ်သွားရမည်ဖြစ်၏ ။

သို့သော်ဤအချိန်တွင် အလိုအလျောက်လှမ်းလိုက်သောသူ၏ညာလက်ကလေကိုသာဖမ်းဆုပ်မိလိုက်သည်

ကိုယွဲ့ရှောက်ချုံးသဘောပေါက်လိုက်သည်။

သို့သော်ယွဲ့ရှောက်ချုံးတုန်လှုပ်သွားရသည်ကား လက်တစ်ဖက်ကသူ့အားဖမ်းဆုပ်ပြီးပခုံးထက်မှဖိထားသည်ကိုခံစားလိုက်ရသော

ကြောင့်ဖြစ်သည်။ ဟင်းလင်းပြင်ထဲသို့ပျံသန်းတော့မည့်ယွဲ့ရှောက်ချုံး၏ကိုယ်မှာ ရုတ်တရက်လက်တစ်ဖက်၏

ဖိကျလာမှုကိုခံလိုက်ရပြီး သူအားကောင်းကင်ထဲသို့ပျံသန်းခြင်းမှ

တားဆီးထားသည်။

“ဘာဖြစ်နေတာလဲ”

ယွဲ့ရှောက်ချုံးနောက်သို့တုန်လှုပ်စွာ

လှည့်လိုက်သည်။ ရှစ်ဖုန့်လေးကသူ၏နောက်၌ရပ်

နေသည်ကိုတွေ့လိုက်ရ၏။ သူ၏ပခုံးထက်မှလက်မှာရှစ်ဖုန့်လေး

၏လက်ဖြစ်သည်။

“သူပဲ”

တစ်ဖက်လူက သူ၏ပခုံးကိုဖိထားရုံမက စွမ်းအားတစ်ခုကို ပင် ထုတ်လွှတ်ပြီး သူအား ဟင်းလင်းပြင်အားချိုးဖျက်ခြင်းကိုပင်

တာဆီးထားသည်လော။

ယွဲ့ရှောက်ချုံးမတုန့်ပြန်နိုင်ခင်မှာပင် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ

နှစ်ယောက်ဖြစ်သူ တို့၏ ပုံရိပ်က သူ၏အထက်မှပျံသန်းသွားသည်

ကိုတွေ့လိုက်ရသည်။

“မဟုတ်ဘူး.. မဟုတ်ဘူး. ဒါကအရမ်းနောက်ကျသွားပြီ”

ပဝူတိနှင့် ယန်ရှင်းတို့ရောက်ရှိလာသည်ကိုတွေ့

လိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံး ၏မသိစိတ်က ချောက်ချားစွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏စိတ်ထဲတွင် ဤလူနှစ်ယောက်ကသူ့အားတိုက်ခိုက်လာပြီး ၎င်းတို့၏ စွမ်းအားကြီးတိုက်ခိုက်မှုများကသူ့ကို မုန့်မုန့်ညက်ညက်ဖြစ်သွားစေသည်ဟု တွေးနေမိသည်။

“ဘာဖြစ်နေတာလဲ…ဘာတွေဖြစ်နေတာလဲ”

“ဒါ.ဒါကငါ့ကိုနီညိုရောင်တံခါးကိုဖွင့်ဖို့တောင်းဆိုနေတယ်… ချီးပဲ.. ဒါကဘာသောက်ပြဿနာကြီးထဖြစ်ရတာလဲ”

ကောင်းကင်ထဲတွင် ပဝူတိနှင့်ယန်ရှင်းတို့ကအပြင်းအထန်ရုန်းကန်ဟစ်အော်နေဆဲဖြစ်သည်။ သို့သော်သူတို့၏ဝိညာဉ်များက ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်၌ရှိနေပြီး ၎င်းတို့၏ အပြင်းအထန်ရုန်းကန်မှုအားလုံးက အချည်းအနှီးသာဖြစ်စေ၏။

ယွဲ့ရှောက်ချုံးမှာ သူတော်စင်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်တို့၏ တိုက်ခိုက်မှုများက သူ့အားချိန်ရွယ်ခြင်းမဟုတ်သည်ကို သူမြင်တွေ့လိုက်ရသည်။ ထိုအစား ၎င်းတို့ကသူ၏ခေါင်းထက်မှပျံသန်းသွားပြီးသူ ၏နောက်ဘက်ရှိ နီညိုရောင်တံခါးနှစ်ချက်ကိုထိမှန်သွား၏။

“သူတို့.. သူတို့ဘာလုပ်နေကြတာလဲ”

ယွဲ့ရှောက်ချုံးသူ၏ခေါင်းအားမော့လိုက်ပြီး သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ

နှစ်ဦးကိုစိုက်ကြည့်နေမိသည်။ သူ၎င်းတို့အားတွေ့လိုက်ရချိန်တွင် ၎င်းတို့ကနီညိုရောင်တံခါးနှစ်ချပ်ထံ

သို့ချဉ်းကပ်သွားပြီးရုတ်တရက်လက်တို့ကိုဆန့်ထုတ်ကာ နီညိုရောင်တံခါးပေါ်သို့ ပစ်သွင်းလိုက်သည်ကိုတွေ့လိုက်ရသည်။

“ဘန်း..”

“ဘန်း”

ဧရိယာအတွင်း၌ ခေါင်းလောင်းမြည်သံကဲ့သို့ကျယ်

လောင်သောမြည်ဟိန်းသံနှစ်ခု ထွက်ပေါ်လာသည်။

“သူတို့ကတကယ်ပဲငါတို့အတွက်

အလုပ်လုပ်ပေးနေတာလား”

ဤအချိန်တွင် ယွဲ့ရှောက်ချုံးမှာ ရှစ်ဖုန့်လေးအစောပိုင်းကသူ့အား

ပြောသည်ကို အမှတ်ရလိုက်သည်။ သူ၏လျှင်မြန်စွာခေါင်းကိုလှည့်လိုက်ပြီး ရှစ်ဖုန့်အားမယုံကြည်နိုင်စွာဖြင့်ကြည့်

လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏လက်က ယွဲ့ရှောက်ချုံး၏ ပခုံးထက်မှယွဲ့ရှောက်ချုံးသဘာ

ပေါက်ခင်အရင်ဖယ်ပေးလိုက်ပြီဖြစ်သည်။ သို့သော် ယွဲ့ရှောက်ချုံး ရှစ်ဖုန့်၏လက်ကအစောပိုင်းက

သူ့ပခုံးထက်သို့ရောက်ရှိလာသည်ကို ရှင်းလင်းစွာမှတ်မိသည်ဖြစ်သည်။ ယင်း၌ သူ့အားအဝေးသို့ပျံသန်းခြင်းမှတားဆီးရန် မတွန်းလှန်နိုင်သည့်စွမ်းအား

တစ်ခုလည်းပါရှိသည်ဖြစ်သည်။

“ရှစ်ဖုန့်လေးနဲ့ အဲ့သူတော်စင်နယ်ပယ်ကျွမ်း

ကျင်သူနှစ်ယောက်. . သူတို့ကငါ့တို့အတွက်အလုပ်လုပ်ပေးဖို့လာတာလို့အစောပိုင်းကရှစ်ဖုန့်လေးငါ့ကိုပြောခဲ့တယ်.. အခုသူတို့က တကယ်ပဲငါတို့အတွက်တံခါးကိုဖွင့်ပေးတယ်.. သူတို့တွေရှစ်ဖုန့်လေးရဲ့ထိန်းချုပ်တာကိုခံထားရတာလား”

“သူကသူတော်စင်နယ်ပယ်ကျွမ်းကျင်

သူနှစ်ယောက်ကိုဘာခြေရာလက်ရာမှမရှိဘဲနဲ့ထိန်းချုပ်နိုင်တာများလား.. ဘယ်လိုလုပ်ပြီးဒါကဖြစ်နိုင်မှာလဲ.. ဒါကငါသိတဲ့ရှစ်ဖုန့်လေးလား”

ယွဲ့ရှောက်ချုံး မယုံကြည်နိုင်စွာဖြင့်တွေးလိုက်သည်။ ထို့နောက်တွင် ယွဲ့ရှောက်ချုံး ရုတ်တရက်ကြီးသေဆုံးသွားခဲ့သောသူတော်စင်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်ဖြစ်သည့်မီးသူတော်စင် တုယန်နှင့် ကျင်းကန်းဂိုဏ်းအကြီးအကဲ ကျင်းရှန်းတို့ကို ရုတ်တရက်အမှတ်ရလိုက်သည်။

အစောပိုင်းက ၎င်းတို့အား တစ်စုံတစ်ယောက်ကတိတ်တဆိတ်သတ်ပစ်ခဲ့သည်ဟု ယွဲ့ရှောက်ချုံးသံသယရှိခဲ့သည်။ ရှစ်ဖုန့်လေးကများ၎င်းတို့အားတိတ်တဆိတ်သတ်ပစ်ခဲ့သည့်ကျွမ်းကျင်သူဖြစ်နိုင်နေမည်လော။

“ဒါ..ဒါက ရှစ်ဖုန့်လေး..”

ယွဲ့ရှောက်ချုံးမှာကိုယ့်အတွေးနှင့်ကိုယ် ဆွံ့အစွာဖြင့် အရမ်းတုန်လှုပ်အံ့အားသင့်နေမိသည်။

ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး သူတို့၏ခွန်အားအကုန် ဖြင့်နီညိုရောင်တံခါးနှစ်ခုကိုတွန်းနေကြသော သူတော်စင်နယ်ပယ်နှစ်ယောက်

ကိုကြည့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က ၎င်းတို့၏လက်ကိုသတိပြုမိလိုက်ပြီး

သူ့ဖာသာသူပြောလိုက်သည်။

“ငါထင်တဲ့အတိုင်းပဲ”

ဤအခိုက်အတန့်တွင် ပဝူတိနှင့် ယန်ရှင်းတို့၏လက်၌ များပြားလှသော အနက်ရောင်အမွှေးများကရုတ်ခြည်း

ပေါက်ရောက်လာသည်။

အနက်ရောင်အမွှေးတို့က သေခြင်းတားမြစ်နယ်မြေ၌ ရှစ်ဖုန့်နီညိုရောင်တံခါးကိုထိလိုက်စဉ်

သူ၏ခန္ဓာကိုယ်၌ ပေါက်ရောက်ကြီးထွားလာသောမွှေးတို့နှင့် တစ်ထေရာတည်းတူညီသည်ဖြစ်သည်။

ဤတံခါးနှစ်ချပ်အားယခင်ကတစ်

နေရာရာတွင်မြင်တွေ့ဖူးသည်ဟု ရှစ်ဖုန့်ခံစားခဲ့ရသည်။ ထို့နောက်တွင်သေခြင်းတားမြစ်နယ်မြေအတွင်းသို့သူဝင်ရောက်ခဲ့သည်နေ့ကိုအမှတ်ရလိုက်၏။ နီညိုရောင်တံခါးနှစ်ချပ်ပေါ်ရှိခက်ထန်

သောသားရဲနှစ်ကောင်၏ပုံများမှလွဲ၍ အရာအားလုံးကတစ်ထေရာတည်း

တူညီသည်ဖြစ်သည်။

“ဒီနီညိုရောင်နန်းတော်က သေခြင်းတားမြစ်နယ်မြေနဲ့ဆက်နွယ်

နေတာများလား”

ရှစ်ဖုန့်က နီညိုရောင်နန်းတော်နှင့်နီညိုရောင်တံခါးနှစ်ချပ်အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

သို့သော် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူနှစ်ဦး

ကနီညိုရောင်တံခါးနှစ်ချပ်အားထိလိုက်သည်နှင့် ၎င်းတို့၏စိတ်များလွတ်သွားသည်ကိုရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။ ယင်းမှာ သူသေခြင်းတားမြစ်နယ်မြေအတွင်း၌ နီညိုရောင်တံခါး၏ညှို့ယူခြင်းခံရစဉ်ကနှင့် တစ်ထေရာတည်းတူညီသည်ဖြစ်၏။

သို့သော် ဤသူတော်စင်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်၏ ဝိညာဉ်အား ငရဲဘုံးကိုးခု

ဝိညာဉ်ရုပ်သေး ထိန်းချုပ်ပညာရပ်ဖြင့် ထိန်းချုပ်ထားသည်ဖြစ်သည်။ ယင်းက ၎င်းတို့၏ကိုယ်အားရှစ်ဖုန့်ထိန်းချုပ်

နေခြင်းအပေါ်လာရောက်ထိခိုက်မှုမရှိပေ။

“ဝုန်း…ဝုန်း….ဝုန်း..ဝုန်း..ဝုန်း..”

“ဝုန်း…ဝုန်း….ဝုန်း..ဝုန်း..ဝုန်း..”

ပဝူတိနှင့်ယန်ရှင်းတို့က အားကုန်တွန်းဖွင့်သကဲ့သို့နီညိုရောင်

တံခါးနှစ်ချပ်မှ မြည်ဟိန်းသံများလည်းဖြည်းဖြည်းချင်း

ထွက်လာသည်။ မြေပြင်ကအနည်းငယ်စတင်တုန်ခါလာပြီး

ဤကျင့်ကြံသူနှစ်ယောက်ကြောင့် နီညိုရောင်တံခါးနှစ်ချပ်က လည်းဖြည်းညှင်းစွာပွင့်လာသည်။

All Chapters