အခန်း (၇၁၅)
Vol. 48 Ch. 715
“ဝုန်း..ဝုန်း..”
နီညိုရောင်တံခါးနှစ်ချပပ်က ပတိုဂိုဏ်း၏ အကြီးဆုံးတပည့်ဖြစ်သူ ပဝူတိနှင့်ရှောက်ယန်ဓားဂိုဏ်းမှပါရမီရှင် ယန်ရှင်းတို့၏တွန်းဖွင့်မှုကြောင့်ဖြည်းညှင်း
စွာပွင့်လာသည်။
“ပွင့်သွားပြီ.. နီညိုရောင်တံခါးနှစ်ချပ်တွန်းဖွင့်ခံလိုက်ရပြီ”
ဤအချိန်တွင် အကွာအဝေးတစ်ခုတွင်ရှိနေသောကျင့်ကြံသူ
အုပ်စုအတွင်းမှ နီညိုရောင်တံခါးနှစ်ချပ်တွန်းဖွင့်ခံလိုက်ရသည်ကိုတွေ့လိုက်ပြီး အလျှင်အမြန်အော်ပြောလိုက်ကြသည်။
ပဝူတိနှင့် ယန်ရှင်းတို့က ၎င်းတို့အားနောက်ကျောပေးထားခြင်းကြောင့် သူတို့၏ ဖြစ်ပျက်နေမှုအား၎င်းတို့မြင်တွေ့ခြင်းမရှိချေ။
သူတို့နှစ်ဦးပြောခဲ့သည့်သူတို့၏ကိုယ်များထိန်း
ချုပ်မှုဆုံးရှုံးသွားရသည်ဟူသည်ကိုးကား၎င်းတို့စိတ်ထဲတွင်ထည့်ထားခြင်းမရှိပေ။ ထို့အပြင်သူတို့နှစ်ဦး၌ တစ်ခုခုဖြစ်လာခဲ့လျှင်ပင် ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိပေ။ ၎င်းတို့အဆင်ပြေနေသမျှ အားလုံးက အဆင်ပြေသည်သာဖြစ်သည်။
ထိုထက်ပိုသည်ကား နီညိုရောင်တံခါးနှစ်ချပ်မှာ နောက်ဆုံးတွင် တစ်စုံတစ်ယောက်တွန်းဖွင့်မှုကိုခံလိုက်ရခြင်း
ဖြစ်သည်။ သူတို့အနေဖြင့်နောက်ဆုံး၌ နီညိုရောင်နန်းတော်ထဲသို့ ဝင်ရောက်နိုင်ပြီဖြစ်၏။
ရှေးဟောင်းအမွေအနှစ်နေရာအတွင်းသို့ဝင်ရောက်နိုင်မည်ဟူသည့်အတွေးတို့ကအားလုံး၏နှလုံးသားကိုစိတ်လှုပ်ရှားမှုတို့ဖြင့်တောက်လောင်စေသည်။
ထို့နောက်ချက်ချင်းများစွာသောပုံရိပ်များက လှုပ်ရှားလိုက်ကြပြီးရှေ့သို့မြင့်မားသော
အမြန်နှုန်းဖြင့် ပစ်ဝင်သွားကြသည်။
တွန်းဖွင့်ခံထားရသောနီညိုရောင်တံခါးတို့က လူလေးငါးယောက်ဘေးချင်းကပ် ဝင်ရောက်သွားရန်လုံလောက်သည်ဖြစ်သည်။ တံခါးချပ်နှစ်ခုအားဖြတ်သန်း၍ အထဲ၌မည်သည့်အလင်းရောင်မှမရှိသည်ကိုမြင်ရနိုင်သည်ဖြစ်သည်။၎င်းကမှောင်မိုက်ကာ
ဘာမှန်းမသိရသော ဆန်းကြယ်သည့်ကမ္ဘာတစ်ခုဖြစ်သည်။
ရှစ်ဖုန့်သည်လည်းနီညိုရောင်တံခါးနှစ်ချပ်က
လုံးဝပွင့်လာတော့မည်ဖြစ်သည်ကိုတွေ့လိုက်ရသည်။ ထို့နောက်အတွေးတစ်ချက်ဖြင့် ပဝူတိနှင့်ယန်ရှင်းတို့အား နီညိုရောင်တံခါးနှစ်ချပ်ထံမှရုတ်ခြည်း ဆုတ်ခွာစေလိုက်သည်။
ပဝူတိနှင့် ယန်ရှင်းတို့မှာ သေချာသည့်အကွာအဝေးတစ်ခုသို့ ဆုတ်ခွာရောက်ရှိလာပြီးနောက် နောက်ဆုံးတွင်ရပ်တန့်သွားသည်။ ထို့နောက်သူတို့၏မျက်နှာထက်ရှိ ခက်ထန်သောအမူအယာများကဖြည်းဖြည်းချင်းပြောင်းလဲလာသည်။အရင်ဆုံး သူတို့ကြက်သေသေနေပြီးနောက် တုန်လှုပ်အံ့အားသင့်လာသည်။ထို့နောက် သူတို့၏လက်များကိုစိုက်ကြည့်လိုက်ကြသည်။
ဤအချိန်တွင် ပဝူတိနှင့် ယန်ရှင်းတို့၏လက်ပေါ်ရှိ အနက်ရောင်အမွှေးများက သူတို့၏လက်မောင်းအထိပျံ့နှံ့လာပြီဖြစ်သည်။ ၎င်းတို့ကအရမ်းကိုများပြားလှပြီး ပိန်းပေါက်အောင်နက်မှောင်နေ၏။
ရုတ်ခြည်းပဝူတိကသူ၏လက်သီးတို့ကို တင်းနေအောင်ဆုပ်လိုက်ပြီး စွမ်းအားကြီးမူလစွမ်းအင်လှိုင်းတစ်ခုအားသူ၏လက်မောင်းတစ်လျှောက်စီးဆင်းစေလိုက်သည်။စွမ်းအားကြီးစွမ်း အင်၏အောက်တွင် အနက်ရောင်အမွှေးများမှာ ရုတ်ခြည်းရှင်းလင်းခံလိုက်ရသည်။
သို့သော် ပဝူတိ၏ လက်နှင့်လက်မောင်းတို့ရှိ စွမ်းအားကပျောက်ကွယ်သွားပြီးနောက် ထူထပ်များပြားလှသောအနက်ရောင်အမွှေးများက ထပ်မံပေါက်ရောက်လာပြန်သည်။
စိတ်မကျေနပ်စွာဖြင့်ပဝူတိက သူ၏စွမ်းအင်တို့ကိုအသုံးပြုပြီး အနက်ရောင်အမွှေးတို့ကို ဖျက်ဆီးခဲ့သော်လည်း အကြိမ်များစွာကြိုးစားပြီးသည့်တိုင် အနက်ရောင်အမွှေးတို့ကဖျက်ဆီးခံရ
လိုက်လျှင်မြန်စွာပေါက်လာလိုက်ဖြစ်နေသည်။
“ဘာတွေဖြစ်နေတာလဲ. ဘာတွေဖြစ်ပျက်နေတာလဲ. လက်.. ဘာလို့ငါ့လက်တွေကဒီလိုမျိုးဖြစ်နေရတာလဲ..ဒီသောက်အနက်ရောင်အမွှေးတွေ ဘာလို့သူတို့ကို ဖျက်ဆီးလို့မရတာလဲ”
သူ၏လက်တို့ရှိပြောင်းလဲမှုများအား
မြင်တွေ့ရင်း ပတူတိက ဒေါသထွက်နေသောသားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။ သူ၏အော်သံက ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေ၏။
“ငါ့..ငါ့လက်တွေ..”
လူငယ်ပါရမီရှင်ယန်ရှင်းကလည်း မယုံကြည်နိုင်စွာဖြင့်အော်ဟစ်နေသည်။ ပဝူတိကဲ့သို့ ပင် သူလက်ပေါ်ရှိအမွှေးများအားတွေ့ရှိပြီး
နောက်ဖျက်ဆီးရန်ကြိုးစားခဲ့သည်။ သို့သော်အဆုံးသတ်တွင် ၎င်းတို့က အဆုံးမရှိသကဲ့သို့သာပြန်လည်ပေါ်ရောက်လာသည်ဖြစ်သည်။
ထို့နောက်တွင် နှစ်ယောက်သား တစ်ယောက်အော်သံကြောင့်တစ်ယောက် ကိုယ်တစ်ယောက် အာရုံစိုက်မိသွားသည်။တစ်ယောက်ကိုယ်
တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏လက်များက တစ်ထေရာတည်းတူညီနေသည်ကို သဘောပေါက်လိုက်ကြ၏။
ဤအချိန်တွင်ကျင့်ကြံသူအုပ်ကြီးက မျက်စိတစ်မှိတ်အတွင်းရောက်ရှိလာသည်။ သို့သော်ဤကျင့်ကြံသူများ၏ မျက်လုံးထဲ၌ သူတို့ရှေ့ရှိ ရှေးဟောင်းအမွေအနှစ်သာရှိသည်ဖြစ်သည်။ ပဝူတိနှင့်ယန်ရှင်းကိုသူတို့သတိပင်မပြုမိကြ
ချေ။သူတို့က ၎င်းတို့နှစ်ဦးအားလျှင်မြန်စွာဖြတ်ကျော်
သွားသည်။
အကယ်၍တစ်စုံတစ်ယောက်က ၎င်းတို့လက်များရှိ အနက်ရောင်အမွှေးရှည်များအား သတိပြုမိလျှင်ပင် အာရုံများစွာထားလိမ့်မည်မဟုတ်ချေ။သူတို့၏အကြည့်များအား၎င်းတို့ထံမှလျှင်မြန်စွာဖယ်ခွာလိုက်ပြီး ရှေ့ကိုသာကြည့်လိုက်ကြသည်။ သူတို့ကနီညိုရောင်နန်းတော် ၊နီညိုရောင်တံခါးနှစ်ချပ်နှင့် ဘာမှန်းမသိရသောပိန်းပေါက်အောင်နက်မှောင်သည့်ကမ္ဘာတို့ကိုသာကြည့်နေကြသည်။
“ရှေးဟောင်းအမွေအနှစ်.. ငါလာနေပြီ. ကျင့်ကြံခြင်းပညာရပ်တွေ..အံ့ဖွယ်ကောင်းတဲ့လက်နက်တွေ.. အားလုံးကငါ့အတွက်ပဲ ငါပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်ဖြစ်
ချင်တယ်”
ယင်းကလက်ရှိရှိနေသော ကျင့်ကြံသူအားလုံး၏ ဆန္ဒဖြစ်သည်။ သူတို့ရှေ့ရှိ ရှေးဟောင်းအမွေအနှစ်နေရာအားကြည့်ရင်း သူတို့မမျှောင်လင့်ပဲပက်ပင်းကြုံရမည့်ကံကောင်းမှုများနှင့် အထဲမှရရှိနိုင်မည့်အရာများအားတွေးကာ သူတို့၏နှလုံးသားများ၌ စိတ်ထက်သန်ပြင်းပြမှုဇောတို့ဖြင့်တောက်လောင်နေသည်။
မကြာခင်တွင်ကျင့်ကြံသူပေါင်းထောင်ပေါင်းများစွာက ကျိုင်းကောင်များကဲ့သို့ ပဝူတိနှင့်ယန်ရှင်းတို့အား ကျော်ဖြတ်ပြီး ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့၏ ဦးခေါင်းများထက်မှ ပျံသန်းသွားသည်။
ယွဲ့ရှောက်ချုံးမှာ ပို၍ပို၍ လိုက်လို့မမှီအောင်နက်နဲလာသော
ရှစ်ဖုန့်လေးက လှုပ်ရှားမှုတစ်ခုတောင်မပြုလုပ်ပဲရပ်နေဆဲဖြစ်သည်ကိုတွေ့လိုက်ရသည်။သို့သော် ရှစ်ဖုန့်လေးက ယခင်ရှစ်ဖုန့်လေးနဲ့ကွဲပြားသွားသည်
ကိုသူသဘောပေါက်လိုက်သောအခါတွင် သူသည်လည်းတိတ်တိတ်သာနေလိုက်သည်။
များပြားလှသောကျင့်ကြံသူများက
နီညိုရောင်နန်းတော်အတွင်းသို့ပျံသန်းသွားကြသည်ကိုတွေ့ရသောအခါတွင် ပဝူတိနှင့်ယန်ရှင်းတို့မှာထပ်မံ
မအောင့်အီးနိုင်တော့ပေ။ သူတို့က အနက်ရောင်အမွှေးကိစ္စအား ဘေးချိတ်ထားလိုက်ပြီး နီညိုရောင်နန်းတော်အတွင်းသို့ တစ်ဟုန်ထိုးလိုက်ပါဝင်ရောက်သွားသည်။
ရှစ်ဖုန့်မှာ ၎င်းတို့နှစ်ယောက်နီညိုရောင်နန်းတော်အတွင်းသို့ဝင်ရောက်သွားသည်ကိုတွေ့လိုက်ရသော
အခါတွင် အကယ်၍၎င်းတို့သာ နီညိုရောင်နန်းတော်အတွင်းဆက်လက်နေထိုင်ပါက သေခြင်းတားမြစ်နယ်မြေအတွင်း
မှချူးယွဲ့ကဲ့သို့အဆုံးသတ်ရလိမ့်မည်ဖြစ်သည်ကိုသူသိလိုက်သည်။သူတို့က လူသားမကျတစ္ဆေမကျသော မွန်းစတားများဖြစ်လာလိမ့်မည်ဖြစ်သည်။
အကယ်၍သူတို့သာ နီညိုရောင်နန်းတော်၏ ဆွဲဆောင်မှုကိုလက်လျော့လိုက်ပါက သေခြင်းတားမြစ်နယ်မြေထဲမှလွတ်မြောက်လာခဲ့သောရှစ်ဖုန့်နှင့်ချူးယွဲ့တို့ကဲ့သို့ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့၏ အနက်ရောင်အမွှေးများပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
သို့သော်သူတို့ကရှေးဟောင်းအမွေအနှစ်၏ ဆွဲဆောင်မှုကိုမည်ကဲ့သို့တောင့်ခံနိုင်ပါအံ့နည်း။ ၎င်းတို့လေကိုထိုးခွင်းသွားသော အမြန်နှုန်းကပင်၎င်းတို့၏ကန့်သတ်ချက်အထိရောက်နေပြီဖြစ်သည်။ ၎င်းတို့က နောက်ကျကျန်နေခဲ့ပြီးအကျိုးအမြတ်များအားအခြားသူများကရရှိသွားမည်ကိုကြောက်ကြသည်ဖြစ်သည်။
ပဝူတိနှင့် ယန်ရှင်းတို့ နီညိုရောင်နန်းတော်အတွင်းသို့ဝင်သွားပြီးမကြာခင်တွင် ဘာမှန်းမသိသော ပိန်းပေါက်အောင်နက်မှောင်သည့်ကမ္ဘာအတွင်းသို့ဝင်ရောက်သွားသည်။ မကြာခင်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့သာကျန်ရစ်ခဲ့သည်။
“ငါတို့ဘယ်အချိန်အထဲကိုသွားကြမလဲ”
အားလုံးကနီညိုရောင်နန်းတော်အတွင်းဝင်ရောက်သွားသည်ကိုတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးကခေါင်းလှည့်ပြီးရှစ်ဖုန့်ကိုမေးလိုက်သည်။
ရှစ်ဖုန့်က ထူးဆန်းသောအရာများအားလုံးကိုဖြစ်စေသည့်သူဖြစ်သည်ကိုယွဲ့ရှောက်ချုံးရှာတွေ့သွားသောအခါတွင် ရှစ်ဖုန့်ကဖုံးကွယ်ထားသည့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်ကို ယွဲ့ရှောက်ချုံးသဘောပေါက်လိုက်သည်။ သူက ရှစ်ဖုန့်အားစကားပြောသောအခါတွင်ပင်အနည်းငယ်ထိန်းလာပြီး ရှစ်ဖုန့်လေးဟုပင်ထပ်မံခေါ်ခြင်းမရှိတော့ပေ။
“ခဏစောင့်အုံး”
ရှစ်ဖုန့်ကအေးဆေးစွာပင်ပြောလိုက်သည်။
“အိုး”
ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်ကိုအနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။
“သူငါ့ကိုသုံးကြိမ်ကယ်တင်တုံးကလိုမျိုးအန္တရာယ်ကိုအာရုံခံမိလို့များလား.. ယန်ရှင်းတောင်မမြင်နိုင်တဲ့လှိုင်ခေါင်းဝင်ပေါက်ကကန့်သတ်ချက်ဆီးလက်ကို သူကမြင်နိုင်ခဲ့တယ်..ဟူး”
ယွဲ့ရှောက်ချုံးကစိတ်ထဲမှသက်ပြင်းချလိုက်သည်။
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံး၏အမူအယာနှင့်စကားပြောပုံကိုတွေ့လိုက်ရသည်။ သူကခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးပြောလိုက်၏။
“ဘာဖြစ်လို့လဲ. မင်းသိသွားပြီလား”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ယွဲ့ရှောက်ချုံးက အနည်းငယ်ခေါင်းညိမ့်ပြပြီး အမှန်အတိုင်းဖြေလိုက်သည်။
“အင်း”
“အင်း ငါသိပြီးပြီ.. ငါ့နားမှာဒီလိုမျိုးကျွမ်းကျင်သူတစ်ဦး ဖုံးကွယ်နေနေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့မိဘူး.. ငါကမင်းကို ကြယ်တစ်ပွင့်အင်ပါယာနယ်လေးတစ်ယောက်လို့ပဲထင်ထားခဲ့ပေမဲ့.မင်းက ငါစိတ်ကူးကြည့်လို့မရနိုင်လောက်အောင်ကို စွမ်းအားကြီးတဲ့သူဖြစ်နေတယ် ..ငါကမင်းကိုဟောပြောလမ်းညွှန်ပြီးငါ့ရဲ့အတွေ့အကြုံတွေကိုတောင်ဗဟုသုတပေးနေမိတယ်.. အခုစဉ်းစားကြည့်မှ ငါနည်းနည်းရှက်သလိုတောင်ခံစားရတယ်”
ယွဲ့ရှောက်ချုံးက ရှုံ့မဲ့သော အပြုံးဖြင့်ပြောလိုက်သည်။ သူကရှစ်ဖုန့်အားအထက်အောက်ကြည့်လိုက်ပြီးထပ်မံမေးလိုက်သည်။
“ စကားမစပ် မင်းရဲ့ကျင့်ကြံမှုနယ်ပယ်ကဘယ်လောက်မှာလဲ”
ရှစ်ဖုန့်ကယွဲ့ရှောက်ချုံးအား အေးဆေးသောအပြုံးတစ်ခုကိုဆက်လက်ပြုံးပြထားသည်။ယွဲ့ရှောက်ချုံး၏ မေးခွန်းအားကြားပြီးနောက်သူကပြောလိုက်သည်။
“အကယ်၍ ဒီသခင်လေးကဧကရာဇ်နယ်ပယ်ကိုတောင်သတ်ပစ်နိုင်တယ်ဆိုရင် မင်းယုံမှာလား”