အခန်း (၇၁၆)
Vol. 48 Ch. 716
ရှစ်ဖုန့်က သူ၏မျက်နှာထက်တွင် တည်ငြိမ်သောအပြုံးတစ်ခုကိုထိန်းထား
ပြီးယွဲ့ရှောက်ချုံးကိုပြောလိုက်သည်။
“ အကယ်၍ဒီသခင်လေးကဧကရာဇ်နယ်
ပယ်တစ်ယောက်ကိုတောင်သတ်ပစ်နိုင်တယ်ဆိုရင် ယုံမှာလား”
“ဧ..ဧကရာဇ်နယ်ပယ်တစ်ယောက်ကို ..သတ်..သတ်တယ်..”
ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံးစတင်တုန်ယင်သွားသည်။ သူက ခါးသက်စွာပြုံးလိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်၏။
“မင်းနောက်နေတာပဲဖြစ်မယ်”
ဧကရာဇ်နယ်ပယ်တစ်ယောက်ဆိုသည်မှာ မြင့်မားပြီးအရှိန်အဝါကြီးမားသောတည်ရှိမှုတစ်ခုဖြစ်သည်။ ယွဲ့ရှောက်ချုံးအတွက်မူ ဧကရာဇ်နယ်ပယ်တစ်ယောက်ကနတ်ဘုရားတစ်ပါးဖြစ်၏။ ရှစ်ဖုန့်၏စကားတို့က ယွဲ့ရှောက်ချုံးအတွက်နတ်ဘုရားတစ်ပါး
ကိုသတ်သည်နှင့်တူညီနေသည်။
ဧကရာဇ်နယ်ပယ်တစ်ယောက်ကိုထည့်မ
ပြောနှင့်သူအလွန်ဆုံးရောက်ရှိနိုင်မှ မဟာသူတော်စင်နယ်ပယ်.ကြယ်ရှစ်ပွင့်၊ ကြယ်ကိုးပွင့် သို့မဟုတ် .သူတော်စင်နယ်ပယ်တို့သာဖြစ်လိမ့်မည်ဖြစ်
သည်။
ရှစ်ဖုန့်ကပြုံးရုံသာပြုံးနေပြီးယွဲ့ရှောက်ချုံးအားဘာစကားမှပြောနေခြင်းမရှိပေ။
ထို့နောက်တွင် သူတို့နှစ်ယောက်သားနီညိုရောင်နန်းတော်၏ဂိတ်အပြင်ဘက်၌ရပ်နေဆဲဖြစ်သည်။ ရှစ်ဖုန့်ကတစ်စုံတစ်ခုအားစောင့်ဆိုင်းနေသည့်ပုံပေါ်၏။ ယွဲ့ရှောက်ချုံးမှာရှစ်ဖုန့်ကလှုပ်ရှားခြင်းမရှိသည်ကိုတွေ့ရသောအခါတွင် သူသည်လည်းလိုက်ပါစောင့်ဆိုင်းနေသည်။
သိပ်မကြာလိုက်ခင် ယွဲ့ရှောက်ချုံးတစ်ယောက် လူသားရောတစ္ဆေပုံစံပါရှိသည့် အမည်မသိသတ္တဝါများက သူ၏ရှေ့မြေပြင်ထဲမှ တိုးထွက်လာသည်ကိုတွေ့လိုက်ရသည်။
“ဂါး.ဂါး.ဂါး.ဂါး.ဂါး.”
လူသားအသွင်သက်ရှိများ ထွက်လာပြီးနောက်၎င်းတို့က သားရဲများကဲ့သို့အော်ဟစ်နေကြသည်။
“ဒါ..ဒါတွေကဘာတွေလဲ…သူတို့ကရှေးဟောင်းအမွေအနှစ်ထဲက မွန်းစတားတွေလား”
ယွဲ့ရှောက်ချုံးကယင်အလောင်းကောင်
အုပ်စုကိုကြည့်၍ တုန်လှုပ်အံ့အားသင့်စွာဖြင့် အလန့်တကြားပြောလိုက်သည်။
သို့သော်ဤမွန်းစတားများက အဆင့်ငါးအင်ပါယာနယ်ပယ်သာရှိ
သည်ကိုတွေ့ရသောအခါတွင် သူ တည်ငြိမ်သွားသည်။ ၎င်းတို့ကနှစ်ရာသုံးရာခန့်ရှိသော်လည်း သူ့အားသတ်နိုင်ရန်အတွက်လုံလောက်မှုမရှိပေ။
ထိုထက်ပိုသည်ကား သူ့ဘက်၌ လူများအားသဲလွန်စမကျန်အောင်သတ်ပစ်နိုင်သည့် ကျင့်ကြံခြင်းနယ်ပယ်မသိရသော
လိုက်မမှီအောင်နက်နဲသည့် ကျွမ်းကျင်သူတစ်ဦးရှိသည်ဖြစ်သည်။
“မလန့်ပါနဲ့ ဒီသခင်လေးသူတို့ကိုစောင့်နေတာ”
ဤအချိန်တွင်ရှစ်ဖုန့်က တည်ငြိမ်သောအသံဖြင့် ထပ်မံပြောလိုက်သည်။
“မင်းကသူတို့ကိုစောင့်နေတာလား.. ဒီ.ဒီဟာတွေကမင်းမွေးထားတာတွေလား”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ယွဲ့ရှောက်ချုံးကတုန်လှုပ်အံ့အားသင့်စွာဖြင့်မေးလိုက်သည်။
ရှစ်ဖုန့်ကအနည်းငယ်ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“မင်းအဲ့လိုပြောလို့ရတယ်”
“အူး”
ယွဲ့ရှောက်ချုံး တုန့်ပြန်လိုက်သည်။ ရုတ်ခြည်း လူသားမကျတစ္ဆေမကျသော မွန်းစတားအုပ်ကြီး၌ရုတ်တရက်သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး ပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်။
ယင်အလောင်းကောင်သုံးရာကျော်မှာ ရှစ်ဖုန့်၏သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။
နီညိုရောင်နန်းတော်က မည်မျှအန္တရာယ်ရှိမည်မှန်းသူမသိချေ။ အထဲ၌ဘာတွေရှိသည်ကိုသူမသိချေ။ ရှစ်ဖုန့်က သူလွှတ်ထားသောယင်အလောင်းကောင်များကိုပြန်ခေါ်ပြီးနောက် နီညိုရောင်နန်းတော်အတွင်းသို့ ဝင်ရောက်လိုခဲ့သည်။ အလောင်းတစ်သောင်းအစီအရင်နှင့်အတူ သူတို့စွမ်းအားကြီးတည်ရှိမှုများဖြင့် ပက်ပင်းကြုံလာရသောအခါတွင် သူတို့အတွက် အာမခံချက်တစ်ခုရှိလိမ့်မည်ဖြစ်သည်။
၎င်းတို့ပြောကြသောဆံဖြူအဆိပ်မယ်မှာမူ သူမအနေဖြင့် နီညိုရောင်နန်းတော်အားဖွင့်ရန် သော့ကိုအသုံးပြုပြီး ၎င်းအတွင်းသို့ဝင်ရောက်သွားခြင်း ဖြစ်ဖို့များသည်။ ထို့ကြောင့်သူမအား အပြင်ဘက်၌ထပ်မံရှာဖွေရန်မလိုအပ်တော့ချေ။
ရှစ်ဖုန့်က ယင်အလောင်းကောင် ရှစ်ဖွဲ့ခွဲကာလွှတ်ခဲ့ပြီး တစ်ဖွဲ့စီတိုင်းတွင်ယင်အလောင်းကောင် သုံးရာကျော်ပါရှိသည်ဖြစ်၏။ ရှစ်ဖုန့်၏အမိန့်ပေးမှုအောက်တွင် တစ်သုတ်ပြီးတစ်သုတ် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့၏ရှေ့မြေပြင်ထဲမှ တိုးထွက်လာသည်။
ထို့နောက်တွင်နောက်ထပ်သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး ယင်အလောင်းကောင်များမှာရှစ်ဖုန့်၏ သွေးကျောက်ပြားနေရာလွတ်အတွင်းသို့စုပ်ယူခံလိုက်ရသည်။
အစကယွဲ့ရှောက်ချုံးမှာဘာမှခံစားရခြင်းမရှိပေ။ သို့သော် တီရှာမြေကြီးထဲမှ တိုးထွက်လာပြီသည့်နောက်တွင် ယွဲ့ရှောက်ချုံးတုန်လှုပ်သွားသည်။ ဤမှင်ကဲ့သို့မည်းနက်သောမွန်းစတားထံမှာသူ၏နှလုံးသားကိုပင်တဆက်ဆက်တုန်ရင်စေမှုကိုခံစားရသည်ဖြစ်သည်။ ဤမွန်းစတား၏ရှေ့တွင် သူကအလွယ်တကူခြေမွသစ်ပစ်လို့ရနိုင်သောပုရွတ်ဆိတ်လေးတစ်ကောင်ကဲ့သို့ဖြစ်နေ၏။
ဤမွန်းစတားက ပိုင်ယွမ်မြို့အရှင်သခင်ယွမ်ရိထက်အများကြီး
အများကြီးပို၍ သန်မာသည်ကိုယွဲ့ရှောက်ချုံးခံစားနိုင်သည်ဖြစ်သည်။ သူ၏ အဆင့်ဖြင့်ဤမွန်းစတား၏နယ်ပယ်
ကိုမြင်နိုင်ခြင်းမရှိချေ။
ထို့နောက်တီရှာသည်လည်း သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး သွေးကျော်ပြားနေရာလွတ်အတွင်းသို့ဝင်ရောက်သွားသည်။
တီရှာပျောက်ကွယ်သွားပြီးသည့်နောက်တွင် ယွဲ့ရှောက်ချုံးမှာ သူ၏ကိုယ်မှဖိအားတို့လျော့ကျသွားမှုကိုနောက်ဆုံး၌ ခံစားလိုက်ရသည်။ သူကလေးအေးတစ်ချက်ကိုရှိုက်သွင်း
လိုက်ပြီးဖြည်းဖြည်းချင်းသူ၏ခေါင်းကိုလှည့်၍ ရှစ်ဖုန့်ကိုထပ်မံကြည့်လိုက်သည် ။သူကမေးလိုက်၏။
“ အဲ့..ခုဏတုံးကအဲ့အရာကလည်း
မင်းမွေးထားတဲ့ အရာပဲလား”
“အနည်းနဲ့အများပေါ့”
ရှစ်ဖုန့်က ဂရုမထားပဲထပ်မံဖြေလိုက်သည်။ ထို့နောက်သူကယွဲ့ရှောက်ချုံးကိုပြောလိုက်၏။
“ ကောင်းပြီ..အထဲကိုဝင်ကြစို့”
ရှစ်ဖုန့်က စကားပြောရင်း လှည့်လိုက်ပြီး နီညိုရောင်နန်းတော်၏နီညိုရောင်ဂိတ်နှင့် နန်းတော်ထဲရှိ ပိန်းပေါက်အောင်နက်မှောင်သည့်အမည်မသိ ကမ္ဘာတို့ကိုကြည့်လိုက်သည်။
ယခုသူတို့ဝင်မည့်နန်းတော်က အထဲရှိကမ္ဘာနှင့်သီးသန့်ခွဲထားသည့်ပုံပေါ်သည်။ လူထောင်ပေါင်းများစွာဝင်ရောက်သွား
ပြီးနောက် အထဲမှ လာသောအသံတစ်ချက်ပင်ကိုသူတို့
တကယ်ကြားရခြင်းမရှိပေ။
ဤအချိန်တွင် ယွဲ့ရှောက်ချုံးကလည်း လှည့်လိုက်ပြီး ရှေ့သို့ကြည့်လိုက်သည်။ သူကတီးတိုးရေရွတ်လိုက်၏။
“နောက်ဆုံးငါတို့ဝင်နိုင်ပြီလား”
ရှေးဟောင်းအမွေအနှစ်အတွင်း
သို့ဝင်ရောက်ပြီးအထဲ၌ ကြုံတွေ့ရမည့်ကံကောင်းမှုများကိုတွေးမိကာ ယွဲ့ရှောက်ချုံး၏နှလုံးသားထဲ၌ အခြားသူများကဲ့သို့ စိတ်လှုပ်ရှားမှုတို့ တောက်လောင်နေသည်။
“မင်းကြည့်ရတာအရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပဲ”
ရှစ်ဖုန့်ကယွဲ့ရှောက်ချုံး၏ စိတ်ခံစားချက်များကိုအာရုံခံမိပြီး
ပြောလိုက်သည်။
ယွဲ့ရှောက်ချုံးကပြောလိုက်သည်။
“ဒါပေါ့. ရှေးဟောင်းအမွေအနှစ်ထဲမှာ မမျှော်လင့်ထားတဲ့ကံကောင်းမှု
တွေနဲ့ကြုံတွေ့ရလိမ့်မယ်.. အတိတ်တုံးက ထျန်းဟန်တိုက်ကြီးထဲမှာရှိတဲ့ငါတို့ထဲကများစွာက သာမန်လူတွေကြီးပဲ.. ရှေးဟောင်းအမွေအနှစ်တွေထွက်ပေါ်လာလို့ဝင်ရောက်ပြီးတဲ့နောက်မှာ ငါတို့ ဟာကမ္ဘာကြီးကိုနှိမ့်ချကြည့်နိုင်တဲ့ ကျွမ်းကျင်သူတွေဖြစ်လာကြတယ်”
ယွဲ့ရှောက်ချုံး၏ စကားအားကြားပြီးနောက်ရှစ်ဖုန့်က သွားပေါ်အော်ထပ်ပြုံးလိုက်ပြီး ခြားနားမှုမရှိပြောလိုက်သည်။
“ဒါပေမဲ့ အဲ့မှာ မမျှောင်လင့်ထားတဲ့ကံကောင်းမှုတွေနဲ့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေရှိနေတယ်.. ရှေးဟောင်းအမွေအနှစ်ထဲမှာ ကျင့်ကြံသူတွေအများကြီးသေသွားကြတယ်”
ရှစ်ဖုန့် ၏ စကားအားကြားပြီးနောက် ယွဲ့ရှောက်ချုံးက သဘောတူစွာဖြင့် ခေါင်းညိမ့်လိုက်သည်။ထို့နောက်သူက စိတ်ပိုင်းဖြတ်ထားသော
မျက်နှာဖြင့်ပြန်ဖြေလိုက်၏။
“တကယ်တော့ ရှေးဟောင်းအမွေအနှစ်ထဲကိုဝင်
ရောက်ကြမဲ့ကျင့်ကြံသူတွေဟာသူတို့ကိုယ်သူတို့သေဖို့အတွက် ပြင်ဆင်ထားပြီးသားပဲ”
သူကသေဖို့အတွက်ပြင်ဆင်ထား
သည်အထိကောင်းစွာ သိရှိပုံရ၏။
“ဒါဆိုသွားကြစို့ . ဝင်ပြီးတဲ့နောက်မှာ မင်းဒီသခင်လေးနောက်က ကပ်လိုက်လာတာပိုကောင်းမယ်. အကယ်၍ မင်းကိုကာကွယ်ပေးလိုရတဲ့ဟာဆိုရင် ဒီသခင်လေးမင်းကိုကာကွယ်ပေးမယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
စကားပြောပြီးသည့်နောက် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့၏ကိုယ်များက လှုပ်ရှားသွားပြီး သူတို့၏ခြေထောက်များကမြေပြင်မှ
ထွက်ခွာသွားသည်။ ထို့နောက် တစ်ချိန်တည်းမှာစတင်ရွေ့လျားသွားပြီး ဖွင့်ထားသောနီညိုရောင်တံခါးနှစ်ချပ်နှင့် အမည်မသိမှောင်မိုက်သောကမ္ဘာထံသို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။ မျက်စိတ်တစ်မှိတ်အတွင်း သူတို့အထဲသို့ဝင်ရောက်သွား၏။
နီညိုရောင်နန်းတော်၏ အပြင်ဘက်တွင် မူလကများပြားလှသော ကျင့်ကြံသူများမှာ ယခုအခါ၌ လုံးဝမရှိတော့ပြီဖြစ်သည်။
သို့သော် ကျင့်ကြံသူများနီညိုရောင်နန်းတော်မှ
လုံးဝပျောက်ကွယ်သွားသောအခါတွင် နိညိုရောင်နန်းတော်၏ ပွင့်ဟနေသော တံခါးနှစ်ချပ်က မမြင်နိုင်သောလက်နှစ်ဖက်၏ထိန်းချုပ်ခြင်းခံလိုက်ရသကဲ့သို့ဖြစ်သွားသည်ကို မည်သူမျှ မမြင်တွေ့လိုက်ကြချေ။ ၎င်းတို့ကဖြည်းဖြည်းချင်းပြန်
လည်ပိတ်သွားကြသည်။
နီညိုရောင်တံခါးနှစ်ချပ်၏ ရွေ့လျားမှုက မြေပြင်ကိုထပ်မံတုန်ခါမည်ဟိန်းသွားစေသည် ။
ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ကနီညိုရောင်နန်းတော်ထဲသို့ အပြင်းရောက်ရှိလာပြီး မှောင်မိုက်သောကမ္ဘာထဲသို့ဝင်ရောက်လာသည်။ သိုသော် ဤအချိန်တွင်သူတို့၏ရှေ့၌ ဧရာမမှောင်မိုက်သောဝဲကြီးတစ်ခု ရုတ်တရက်ပေါ်လာ၏။
နက်မှောင်သောဝဲကြီးက ဖြည်းဖြည်းချင်းလည်ပတ်နေသည်။
သို့သော် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့၏အမူအယာက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဧရာမနက်မှောင်သောဝဲကြီးထံမှ အားကောင်းသော စုပ်ယူအားတစ်ခုလာနေသည်ကို
သူတို့အာရုံခံမိသည်ဖြစ်သည်။ ယင်းကသူတို့လုံးဝခုခံနိုင်ခြင်းမရှိသော စုပ်ယူအားတစ်ခုဖြစ်သည်။ ရုတ်တရက်သူတို့က နက်မှောင်သောဝဲကြီး၏ အလယ်ဗဟိုသို့စုပ်ယူခံလိုက်ရ၏။
“မဟုတ်ဘူး..မဟုတ်ဘူး . ရှစ်ဖုန့်လေး. မြန်မြန်နည်းလမ်းတစ်ခုစဉ်းစားပါအုံး. အကယ်၍ငါတို့သာ နက်မှောင်တဲ့ဝဲကြီးထဲ စုပ်ယူခံလိုက်ရရင် ငါတို့တွေချက်ချင်းအပိုင်းပိုင်းခြေမွခံရလိမ့်မယ်. ငါမသေချင်သေးဘူး. ငါဝင်ဝင်လာချင်းမှာပဲ မသေချင်သေးဘူး”
ပုံရိပ်နှစ်ခုမှာသူတို့ရှေ့ရှိ ဧရာမနက်မှောင်သောဝဲကြီးထံသို့ထိန်း
ချုပ်နိုင်ခြင်းမရှိဘဲ ပျံသန်းသွားသည်။ ယွဲ့ရှောက် ချုံးက ရှစ်ဖုန့်အားထိတ်လန့်ချောက်ချားစွာဖြင့်အော်ဟစ်နေသည်။