အခန်း (၇၁၇)
Vol. 48 Ch. 717
နီညိုရောင်နန်းတော်၏ မှောင်မိုက်သောကမ္ဘာအတွင်းတွင်ဖြစ်သည်။
ဧရာမနက်မှောင်သောဝဲကြီးတစ်ခုက
ပေါ်လာသည်။ ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့မှာ ဝဲ၏အလယ်ဗဟိုထံသို့စုပ်ယူခြင်းခံလိုက်ရသည်။
ရှစ်ဖုန့်အရင်ဆုံး စိတ်ထင့်မှုကိုခံစားလိုက်ရသည်။ သူ၏လက်ရှိစွမ်းအားအဆင့်ဖြင့်ပင် ဝဲ၏ စုပ်ယူအားအားသူ ခုခံနိုင်ခြင်းမရှိပေ။
မကြာခင်တွင် မှောင်မိုက်သောဝဲအတွင်းမှာ အာကာသာဥမှင်တစ်ခုကို ရှစ်ဖုန့်အာရုံခံမိခဲ့သည်။
ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်၏။ သူက ဝဲ၏အလယ်ဗဟိုသို့စိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
“ဒါကနီညိုရောင်နန်းတော်ရဲ့တစ်ဖက်ကိုသွားတဲ့လမ်းကြောင်းလား. ဒါမှမဟုတ်နောက်ထပ်နယ်မြေတစ်ခုလား”
ထို့နောက်တွင်ရှစ်ဖုန့်၏မျက်ခုံးတို့
ပြေလျော့သွားပြီး သူ၏နှလုံးသားထဲမှစိတ်ထင့်မှုက
လည်းတည်ငြိမ်သွားသည်။ အနည်းဆုံးနက်မှောင်သောဝဲအတွင်း၌သူ၏အသက်အန္တယ်ရာယ်ရှိခြင်းမရှိဘဲ ယွဲ့ရှောက်ချုံးပြောသကဲ့သို့ ဝဲကြောင့် အပိုင်းပိုင်းခြေမွဖျက်ဆီးခံလိုက်ရ
မည်မဟုတ်ပေ။
“အား.အား.အား.အား”
ယွဲ့ရှောက်ချုံးကတော့အော်ဟစ်
နေဆဲဖြစ်သည်။ ဤအချိန်တွင်သူ့အနေဖြင့် နက်မှောင်သောဝဲဖြင့်လွန်စွာနီး
ကပ်နေပြီဖြစ်သည်။ နက်မှောင်သောဝဲ၏အလယ်ဗဟို၌ အာကာသဥမှင်တစ်ခုရှိနေသည်ကိုသူမသိချေ။ သူကအိမ်မက်ဆိုးတစ်ခုရောက်
လာသည်ဟုတွေးနေသည်။
ရှစ်ဖုန့်က၎င်းအားလျစ်လျူရှုထားသည်။ သူက နက်မှောင်သောဝဲနှင့်အာကာသဥမှင်အား တည်ငြိမ်စွာရင်ဆိုင်နေ၏။ မျက်စိတစ်မှိတ်အတွင်း ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ နက်မှောင်သောဝဲ၏အလယ်ဗဟိုအ
တွင်းသို့စုပ်ယူခံလိုက်ရသည်။
ရုတ်တရက်ကမ္ဘာကြီးတစ်ခုလုံးကမှောင်မိုက်စွာလည်ပတ်သွားသလိုရှစ်ဖုန့်ခံစားလိုက်ရသည်။ ထို့နောက်တွင်ယွဲ့ရှောက်ချုံး၏ အော်သံထွက်ပေါ်လာသည်။
“မဟုတ်ဘူး..မဟုတ်ဘူး. ငါမသေချင်သေးဘူး..ငါဒီလိုမျိုးမသေချင်သေးဘူး”
လည်ပတ်မှုကလျှင်မြန်စွာဖြစ်ပေါ်
လာပြီးလျှင်မြန်စွာပြန်ပျောက်ကွယ်သွားသည်။ ဖြည်းဖြည်းချင်း အမှောင်ထုကဆုတ်ခွာသွားပြီး ရှစ်ဖုန့်၏မျက်လုံးရှေ့၌ နေ့အချိန်ကဲ့သို့ဖြစ်လာသည်အထိ အလင်းကပြန့်ကားထွက်လာသည်။
ရှစ်ဖုန့်က ပြုတ်ကျနေသောကိုယ်က တန့်သွားသည်။ ထို့နောက်သူက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။
ဤအချိန်တွင်ရှစ်ဖုန့်မှာ လေထဲ၌ဝင့်ကြွားစွာရပ်နေသည်ဖြစ်သည်။ သူ၏အဖြူရောင်ဝတ်ရုံကလေနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေ၏။ သူတောင်တန်းများ၊မြစ်များ၊ မြေပြင်နှင့် သစ်ရွက်သစ်ပင်တို့ကို ငုံ့ကြည့်နေသည်။ ဤကမ္ဘာက သာမန်ကမ္ဘာတစ်ခုနှင့်ခြားနားခြင်းမရှိပေ။
“အာကာသဥမှင်ကိုဖြတ်သန်းပြီးတော့ ထျန်းဟန်တိုက်ကြီးရဲ့တစ်ခြားနယ်မြေတစ်ခုကိုများငါပို့ဆောင်ခံလိုက်ရတာလား..”
ရှစ်ဖုန့်က ငုံ့ကြည့်ရင်းတီးတိုးရေရွတ်လိုက်သည်။
“မဟုတ်ဘူး.ဒါကအဲ့ကမ္ဘာမဟုတ်ဘူး”
ရှစ်ဖုန့်ရုတ်တရက်ပြောလိုက်သည်။ ကောင်းကင်ထဲသို့ကြည့်ရင်း ကျယ်ပြောပြီးအကန့်သတ်မဲ့လှသော
အပြာရောင်ကောင်းကင်နှင့် လေနှင့်အတူ လူးလွန့်နေသော အဖြူရောင်တိမ်တိုက်များကိုရှစ်ဖုန့်တွေ့ရသည်။ သို့သော် ဤကမ္ဘာအတွင်း၌ အလင်းရောင်ရှိနေသော်လည်း နေမရှိသည်ကို သူရှာတွေ့လိုက်သည်။
“နေမရှိတဲ့ကမ္ဘာတစ်ခုမှာ အလင်းကအပြည့်ပဲ. ဖြစ်နိုင်တာက. ဒါကရှေးခေတ်ကျွမ်းကျင်သူတစ်ဦးဖွင့်လှစ်ခဲ့တဲ့ နီညိုရောင်နန်းတော်ထဲက ကျယ်ပြောပြီး ကအကန့်သတ်မဲ့တဲ့ကမ္ဘာလား”
“ရှစ်ဖုန့်လေး.”
ဤအချိန်တွင် ယွဲ့ရှောက်ချုံး၏ အသံက သိပ်မဝေးလှသောနေရာမှထွက်ပေါ်လာသည်။
ယွဲ့ရှောက်ချုံးကသူ၏ကိုယ်ကို
ထိန်းညှိလိုက်သည်။ သူမသေသေးဘဲအသက်ရှင်နေ
သည်ကိုသိလိုက်ရသောအခါတွင် စိတ်သက်သာရာရသွားပြီး ရှစ်ဖုန့်ကိုစတင်ရှာဖွေလိုက်သည်။ သို့သော် သူရှစ်ဖုန့်နှင့်ရောက်ရှိလာသောအခါတွင် သူကရှစ်ဖုန့်နှင့်သိပ်မဝေးသောနေရာ၌
ရှိနေသည်။ မကြာခင်တွင်ရှစ်ဖုန့်ကိုတွေ့သွားပြီး ရှစ်ဖုန့်ထံသို့ပျံသန်းသွားလိုက်သည်။
“ကောင်းလိုက်တာရှစ်ဖုန့်လေး.. ငါတို့တွေတစ်ယောက်မှမသေကြဘူး. ခုဏတုံးက အရမ်း ကိုသီသီလေးပဲ..”
ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်၏နားသို့ရောက်ရောက်ချင်း ဝမ်းမြောက်ပီတိဖြစ်စွာပြောလိုက်သည်။
ထို့နောက်သူကပတ်ဝန်းကျင်အား
စစ်ဆေးလိုက်ပြီး အောက်ရှိနယ်မြေကိုလည်းစစ်ဆေးလိုက်သည်။ သူကပြောလိုက်၏။
“ဒါပေမဲ့. ဒါကဘယ်နေရာလဲ.. ငါဒီကိုအရင်ကရောက်ဖူးတယ်လို့မထင်ဘူး . ကြည့်ရတာငါတို့ကိုအမှောင်ဝဲကြီးကဒီနေရာအထိ ခေါ်လာတဲ့ပုံပဲ. ပိုင်ယွမ်မြို့ကနေဆိုဘယ်လောက်တောင်ဝေးလဲမသိဘူး”
“ဒါပေမဲ့ ငါတို့အသက်ရှင်နေသေးရင်ကောင်းပါတယ်လေ.. ရှေးဟောင်းအမွေ အနှစ်ကအရမ်းကိုအန္တရာယ်များလွန်းတယ်.. ငါတို့အသက်တွေဆုံးရှုံးလုနီးပါးပဲ. ငါ့တို့ကိုယ်ငါတို့အဆင်ပြောအောင်နေထိုင်ပြီး အဲ့လိုရှေးဟောင်းအမွေအနှစ်တွေဆီ
ကိုမသွားတာကအကောင်းဆုံးပဲလို့ငါထင်တယ်”
ယွဲ့ရှောက်ချုံး၏ စကားများအားကြားပြီးနောက်ရှစ်ဖုန့်ကပြောလိုက်သည်။
“ မင်းသွားရမှာပဲ. အကယ်၍ဒီသခင်လေးခန့်မှန်းတာသာမှန်ရင် ဒီသခင်လေးတို့က နီညိုရောင်နန်းတော်ရဲ့နေရာလွတ်
ကမ္ဘာထဲမှာပဲရှိနေသေးတယ်.. ဒါက မင်းပြောတဲ့ရှေးဟောင်းအမွေအနှစ်နေရာပဲ”
“ဘာ.. မဖြစ်နိုင်တာ”
ယွဲ့ရှောက်ချုံးတုန်လှုပ်အံ့အားသင့်သွားသည်။ သူက ပတ်ဝန်းကျင်အားကြည့်လိုက်ပြီး ဆက်ပြော၏။
“ ဒါကမဖြစ်နိုင်ဘူးမလား. ဒီနေရာကငါတို့ရဲ့ ကမ္ဘာနဲ့သိသိသာသာကြီးကိုတစ်ထေရာတည်းတူနေတာပဲဟာ. ဘယ်လိုဖြစ်ပြီးနီညိုရောင်
နန်းတော်ဖြစ်နိုင်မှာလဲ”
“ဆင်းပြီးတော့တစ်ချက်ကြည့်တာပေါ့”
ရှစ်ဖုန့်ကပြောလိုက်သည်။ထို့နောက်သူကယွဲ့ရှောက်ချုံးကိုသတိပေးလိုက်၏။
“ ဒီကမ္ဘာကအေးချမ်းတဲ့ပုံပေါ်ပေမဲ့ အဲ့လောက်မရိုးရှင်းဘူး. မင်းရှေ့မှာမြင်နေရတာကြောင့်နဲ့အရူးလုပ်မခံရစေနဲ့ နိုးနိုးကြားကြားနဲသတိဝီရိယရှိပါစေ”
ရှစ်ဖုန့်ကစကားပြောပြီးနောက် မြေပြင်ပေါ်သို့လွင့်မျောဆင်းလိုက်သည်။ ရှစ်ဖုန့်ဆင်းသက်သွားသည်ကို
တွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးကလည်းချက်ချင်း
သူ၏နောက်မှလိုက်ပါလိုက်သည်။
ဆင်းသက်နေရင်း ပြဿနာတစ်ရပ်ကိုရှစ်ဖုန့်တွေ့ခဲ့သည်။ လူပေါင်းသုံးထောင့်ငါးရာခန့် နီညိုရောင်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့သည်ဖြစ်သည်။ သို့သော်၎င်းတို့ထဲမှတစ်ယောက်
ကိုမှသူတို့မမြင်တွေ့ရချေ။
အကယ်၍ ထိုသို့သာဆိုလျှင် ဤကမ္ဘာကအရမ်းကိုကျယ်ပြော
လိမ့်မည်သာဖြစ်သည်။ ထိုလူများကသူတို့နှင့်အတူညီသောအချိန်ကာလတွင်ဝင်ရောက်သွားခဲ့ပြီး မတူညီသော ဦးတည်ချက်များသို့ရောက်ရှိသွား
ခြင်းဖြစ်ရမည်ဖြစ်သည်။
“အဲ့လူတွေဘယ်မှာလဲ. သူတို့ဘယ်ကိုသွားကြတာလဲ. ဘာလို့သူတို့ထဲကဘယ်သူ့ကိုမှ
ငါမတွေ့ရတာလဲ”
ယွဲ့ရှောက်ချုံးကမေးလိုက်သည်။ သူသည်လည်းပတ်ဝန်းကျင်ကို ကြည့်နေသည်။
သိပ်မကြာခင် ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့ မြေပြင်ချဉ်းကပ်လာသည်။ သို့သော်ဤအချိန်တွင် အေးချမ်းပုံရသောမြေပြင်က ရုတ်တရက်ပြင်းထန်စွာလှုပ်ခါလာ၏။
“သတိထား”
ရှစ်ဖနု့်က အောက်ဘက်ရှိမမြေပြင်မှ လှုပ်ခါမှုအားသတိပြုမိသောအခါတွင် ယွဲ့ရှောက်ချုံးကို အလျှင်အမြန်သတိပေးလိုက်သည်။ ဆင်းသက်လာနေသောပုံရိပ်နှစ်ခုက ရုတ်ခြည်းလေထဲ၌ ရပ်တန့်သွားသည်။ သူတို့ကအောက်ဘက်ရှိမြေပြင်
ကိုစိုက်ကြည့်နေကြ၏။
ဤအချိန်တွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခုက မြေပြင်၏ဘေးနှစ်ဖက်လုံးတွင်ပေါ်လာသည်။ အိမ်တစ်လုံးစာအရွယ်အစားရှိသော ဦးခေါင်းတစ်လုံးက ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့၏ အောက်ဘက်ရှိမြေပြင်ထဲမှ တိုးထွက်လာ၏။ ၎င်းကပါးစပ်အားပြန့်ကားစွာဖွင့်ထားပြီး ခက်ထန်သော ဓားကဲ့သို့ချွန်မြသည့်အစွယ်တန်းနှစ်ခုကို လှစ်ဟာပြထားသည်။
“ဘာ”
ယွဲ့ရှောက်ချုံးတုန်လှုပ်အံ့အားသင့်သွားသည်။
“ရှေးခေတ်ကြွက်လား”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ၎င်းမှာ ပိန်းပေါက်နက်မှောင်သည့်ဧရာမ
ဦးခေါင်းကြီးဖြစ်ပြီး ကြွက်တစ်ကောင်၏ ဦးခေါင်းဖြစ်သည်။ သို့သော် ၎င်းက၏ကြမ်းကြုတ်သောမျက်နှာအား မီးခိုးရောင်အမွှေးတို့ဖြင့်ဖုံးလွှမ်းထား၏။
ရှေးခေတ်ကြွက်က လေထဲ၌ရှိနေသော ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ထံသို့ ၎င်း၏ပါးစပ်ကြီးကို ဖွင့်ပြထားသည်။ ထို့နောက်တွင် ၎င်း၏ကိုယ်က ရုတ်တရက်လှုပ်ရှားသွားပြီး မြေပြင်မှရွှတ်ခနဲထွက်လာသ်။ ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့မှာ မျက်စိတ်တစ်မှိတ်အတွင်း ရှေးခေတ်ကြွက်၏ပါးစပ်အတွင်း
သို့ရောက်ရှိလာ၏။ ထို့နောက်တွင် ၎င်း၏ခက်ထန်ထက်ရှသော
အစွယ်တန်းနှစ်ခုဖြင့်လူနှစ်ယောက်
၏ကိုယ်အားကိုက်လိုက်သည်။
ရုတ်တက်ပြောင်းလဲမှုကြောင့်ယွဲ့ရှောက်ချုံး၏အမူအယာကသိသိသာသာ
ပြောင်းလဲသွားသည်။
“ဟမ့်”
ရှစ်ဖုန့်ကအေးစက်စွာနှာမှုတ်လိုက်သ်ည။ သွေးနီရောင်မီးတောက်တစ်ခုက ရုတ်တရက်သူ၏ကိုယ်မှဟုန်းခနဲ
ထွက်ပေါ်လာပြီး ဦးတည်ချက်ပေါင်းစုံသို့ပျံ့နှံ့သွားသည်။
“ရွှီး.ရွှီး.. ရွှီး..ရွှီး..ရွှီး”
စိတ်မချမ်းမြေ့ဖွယ်ကောင်းသော
အော်သံတစ်ခုနှင့်အတူ ရှေးခေတ်ကြွက်အားသွေးနီရောင်မီးတောက်တို့ကဟုန်းဟုန်းတောက်လောင်သွားသည်။ သွေးနီရောင်မီးတောက်များက၎င်း၏တစ်ကိုယ်လုံးသို့လျှင်မြန်စွာပျံ့နှံ့သွား၏။ ရှေးခေတ်ကြွက်မှာ ဧရာမသွေးနီရောင်မီးတောက်ကြွက်ကြီး
တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
မကြာခင်တွင်စူးစူးဝါးဝါးအော်သံတို့
ကရပ်တန့်သွားသည်။ သေးငယ်သောသွေးနီရောင်
မီးတောက်ပင်လယ်က ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာပြန်လည်လှိမ့်ဝင်လာပြီး ရှစ်ဖုန့်၏ကိုယ်အတွင်းသို့
လျှင်မြန်စွာပြန်လည်စုပ်ယူခံလိုက်ရသည်။
ထို့နောက်တွင် ရှစ်ဖုန့်က ပတ်ဝန်းကျင်အားဆက်လက
်စစ်ဆေးပြီးပြောလိုက်သည်။
“ရှေးခေတ်ကြွက်မွန်းစတားတွေ… ဒါကမှားယွင်းတဲ့ပုံမပေါ်ဘူး. ဒါက နီညိုရောင်နန်းတော်ရဲ့နေရာတစ်ခုဖြစ်ပြီးတော့ ရှေးခေတ်သက်ရှိတွေနဲ့ကမ္ဘာငယ်
လေးတစ်ခုဖြစ်လိမ့်မယ်”
ရှစ်ဖုန့်၏အသံကသိပ်မကျယ်သော်လည်း ယွဲ့ရှောက်ချုံးကြားသည်ဖြစ်သည်။ သူက အံ့အားသင့်စွာဖြင့်မေးလိုက်သည်။
“အဲ့တာကရှေးခေတ်အချိန်ကာလက သက်ရှိတစ်ကောင်လား”
“ဒါပေမဲ့ အဲ့လိုပဲဖြစ်လောက်မယ်.. အဲ့ကြွက်ကြီးကတကယ့်ကိုဖြုံလောက်စရာပဲ.အဲ့တာကလူတွေကို ထိတ်လန့်အားငယ်မှုနဲ့ ရှေးခေတ်က ဖိအားတစ်ခုကိုပေးတယ်”