အခန်း (၇၁၈)
Vol. 48 Ch. 718
“ရှေးဟောင်းကမ္ဘာ.ရှေးဟောင်းသက်ရှိတွေ. ဒီကမ္ဘာထဲမှာဘာတွေရှိနေမလဲ
ငါသိချင်မိတယ်.. “
ရှေးခေတ်ကြွက်များအားသတ်ပြီး
နောက်ရှစ်ဖုန့်က လေထဲ၌ ခံစားချက်မဲ့စွာဖြင့် အဝေးတစ်နေရာသို့ငေးမောကြည့်နေသည်။
“ဒီနေရာမှာနတ်ဘုရားတစ်ပါးဖြစ်လာမဲ့လျှို့ဝှက်ချက်များရှိနေမလားဆိုတာကို ငါသိချင်မိတယ်..”
ရှစ်ဖုန့်က ထပ်မံတီးတိုးရေရွတ်လိုက်သည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင်နတ်ဘုရားတစ်ပါးမပေါ်ထွန်းခဲ့သည်မှာနှစ်ပေါင်းမရေတွက်နိုင်အောင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ နတ်ဘုရားများက ရှေးခေတ်ဒဏ္ဍာရီများအတွင်း၌သာပေါ်ထွန်းခဲ့သည်။ နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သည့်
လျှို့ဝှက်ချက်က အတိုင်းမသိဖြစ်နေပြီဖြစ်သည်။
“ဝုန်း..ဝုန်း.ဝုန်း..ဝုန်း..ဝုန်း..”
သို့သော်ဤအချိန်တွင် မြေပြင်ကနောက်တစ်ကြိမ်ပြင်းထန်စွာ
စတင်တုန်ခါလာပြန်သည်။ မကြာခင် မြေပြင်၌အက်ကွဲကြောင်းများစတင်ထွက်ပေါ်လာ၏။ ထို့နောက်တွင် ရှေးခေတ်ကြွက်တို့၏ ဧရာမဦးခေါင်းကြီးများက မြေပြင်မှရုတ်ခြည်းထွက်ပေါ်လာသည်။ ထို့နောက်တွင် ၎င်းတို့ကသိပ်သည်းအောင်ကိုများပြားလာ၏။
“ရွှီး..ရွှီး..ရွှီး..ရွှီး..”
“များလိုက်တဲ့မွန်းစတားတွေ”
ယွဲ့ရှောက်ချုံးမှာအကန့်သတ်မဲ့သောမြေပြင်ရှိ သိပ်သည်းများပြားလှသော ရှေးခေတ်ကြွက်များအား မြင်တွေ့ရသောအခါတွင် အံ့အားသင့်စွာပြောဆိုလိုက်သည်။
တွင်းအောင်းသတ္တဝါများကမျိုးပွားနှုန်းကောင်းကြသော်လည်း ဤနေရာ၌ အရမ်းများပြားလှသည့် အတိုင်းအတာပမာဏအထိမျိုးပွားနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့ကရေတွက်ဖို့ပင်များပြားလွန်း
လှသည်ဖြစ်သည်။
“သွားစို့”
ရှစ်ဖုန့်ကယွဲ့ရှောက်ချုံးအား အော်ပြောလိုက်သည်။ များစွာသောမွန်းစတားများနှင့်အတူ ၎င်းတို့အားကိုင်တွယ်ရန်အတွက်
အချိန်အတော်များများယူ၍ စွမ်းအင်ပမာဏတော်တော်များများ
ကိုသုံးစွဲရလိမ့်မည်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်၏စကားတို့သူ၏
နှုတ်ဝမှထွက်သွားပြီးမကြာလိုက်ခင် များစွသော ဧရာမ အနက်ရောင်ကြွက်ကြီးများက သူနှင့်ယွဲ့ရှောက်ချုံးတို့ထံသို့ ဦးတည်လာကြသည်။ ၎င်းတို့၏ပါးစပ်များအားဖွင့်ထားပြီး ၎င်းတို့အစွယ်များကိုလှစ်ဟာပြထား၏။
“လောင်ကျွမ်းစမ်း”
ရှစ်ဖုန့်ကပြောလိုက်သည်။ သွေးနီရောင်မီးတောက်တို့ကသူ၏ကိုယ်မှနောက်တစ်ကြိမ်ထွက်ပေါ်လာပြီး ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားသည်။ ဧရာမသွေးနီရောင်မီးတောက်ပင်လယ် တစ်ခုကရုတ်ခြည်းလေထဲ၌ လောင်ကျွမ်းသွား၏။
ထို့နောက်ချက်ချင်း ပျံသန်းလာသောသိပ်သည်းများပြားလှသည့် မွန်းစတားကြွက်အုပ်ကြီးမှာ သွေးနီရောင်မီးတောက်လှိုင်းတို့၏လျှင်မြန်စွာ ဝါးမျိုမှုကိုခံလိုက်ရသည်။ စူးစူးဝါးဝါးထူးဆန်းသောအော်သံများက ကထွက်ပေါ်လာသည်။
ယွဲ့ရှောက်ချုံးမှာ ထူးဆန်းသောနေရာတစ်ခု၌ရောက်ရှိနေသည်။ သူ့အား မီးတောက်များကဦးတည်ချက်ပေါင်း
စုံမှဝန်းရံထားသည်။ သူက မီးတောက်တို့၏အလယ်ဗဟို၌ရှိနေသော်လည်း သူ့ကိုတော့လောင်ကျွမ်းခြင်းမရှိပေ။
မီးတောက်ပင်လယ်နှင့် ရှေးခေတ်ကြွက်များအား ဝါးမျိုသွားသော မီးတောက်လှိုင်းတို့ကိုကြည့်နေပြီးနောက် သွေးနီရောင်မီးတောက်လူသားအဖြစ်ပြောင်းလဲသွားသော ရှစ်ဖုန့်အားကြည့်၍ နှလုံးသားအခြေမှအံ့အားတကြီး
ပြောဆိုလိုက်သည်။
“ မိုက်လိုက်တာ.. အရမ်းစွမ်းအားကြီးတာပဲ”
ယွဲ့ရှောက်ချုံး၏အံ့အားတကြီးအသံထွက်ပေါ်လာသကဲ့သို့ ရှစ်ဖုန့်ကရုတ်ခြည်းသူ၏လက်
ကိုလှမ်းလိုက်ပြီး ၎င်း၏လမ်းမောင်းကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက်လိုက်ပါ၍သူ၏သွေးနီ
ရောင်မီးတောက်တို့တောက်လောင်နေသောကိုယ်ဖြင့် ယွဲ့ရှောက်ချုံးအားဆုပ်ကိုင်ပြီး မြင့်မားသောအမြန်နှုန်းဖြင့်ပျံသန်း
ထွက်သွား၏။
ရှစ်ဖုန့်ဖြတ်သန်းသွားသောနေရာတိုင်းတွင် အောက်ဘက်ရှိမြေပြင်မှ ပျံသန်းတက်လာနေဆဲဖြစ်သော အနက်ရောင်ကြွက်များရှိနေသည်။ သို့သော် ၎င်းတို့မှာ မီးတောက်အတွင်းတိုးဝင်နေသော
ပိုးဖလံများနှယ်ဖြစ်နေကြ၏။ ၎င်းတို့ကိုယ်၎င်းတို့ သွေးနီရောင်မီးတောက်ပင်လယ်အတွင်း
သို့ပစ်ဝင်ပြီး ထပ်မံတိတ်မကျ
သွားခင်အထိ စူးစူးဝါးဝါး နားကလောစေသောအသံမျိုး
ကိုအော်ဟစ်နေသည်။
ဤရှေးခေတ်အနက်ရောင်ကြွက်များက တကယ်ပဲများပြားလွန်းလှသည်ဖြစ်သည်။ ကံကောင်းစွာဖြင့်၎င်းတို့၏အဆင့်က မြင့်မားခြင်းမရှိဘဲ အဆင့်ငါးအင်ပါယာနယ်ပယ်၌သာ
ရှိသည်ဖြစ်သည်။
သူ၏ကိုယ်အတွင်းမှ စွမ်းအင်တစ်ဝက်ကျော်ခန့်ကုန်ဆုံး
သွားပြီးသည့်နောက်၌ နောက်ဆံဒးတွင် မြေပြင်မှရှစ်ဖုန့်ပျံသန်းထွက်လာနိုင်ခဲ့သည်။ သူ၏ဝန်းကျင်မှ သွေးနီရောင်မီးတောက်ပင်လယ်
ကိုရုတ်သိမ်းလိုက်ပြီး အစိမ်းရောင်တောအုပ်တစ်ခု၏ကောင်းကင်ထက်သို့ရောက်ရှိလာသည်။
တောအုပ်အထက်သို့သူရောက်ရောက်ချင်း အောက်ဘက်ရှိတောအုပ်အတွင်းမှ များပြားလှသော သတ္တဝါတို့၏ အော်ရာကို အာရုံခံလိုက်သည်။ ရှေးကျသော အော်ရာလှိုင်းများကသူ့ထံသို့ထုတ်
လွှတ်နေသည်။
ဤကမ္ဘာကတည်ရှိနေခဲ့သည်မှာ အချိန်တော်တော်ကြာနေခဲ့ပြီဖြစ်ပုံရသည်။ ဤနေရာ၌ ရှေးခေတ်သားရဲဘယ်လောက်များများရှိသည်ကိုမည်သူမှမသိကြချေ။
သို့သော် ရှေးခေတ်သားရဲများ၏ အော်ရာက ပြောပရလောက်အောင် စွမ်းအားကြီးမားခြင်းမရှိပေ။ ရှစ်ဖုန့်အာရုံခံမိသည့်အားအကောင်းဆုံးမှာ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်အ
ထွတ်အထိပ်၌သာရှိသည်ဖြစ်သည်။
သူ့အတွက်ဤရှေးခေတ်သားရဲများက ဘာမှမဟုတ်ပေ။ ၎င်းတို့ကသူ၏အသက်ကိုခြိမ်းခြောက်
နိုင်ခြင်းမရှိပေ။ သို့သော်သူ့အရင်နီညိုရောင်နန်းတော်အတွင်းသို့ဝင်သွားခဲ့ကြသောကျင့်ကြံသူအများစုမှာ
မူသေပြီဖြစ်လောက်သည်။
“ဟမ်”
ထို့နောက်တွင်ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက အောက်ဘက်ရှိတောအုပ်အတွင်းမှရင်းနီးသော လူတစ်ယောက်၏အော်ရာကိုဖမ်းမိလိုက်သည်။ ဤအချိန်တွင် သူ့အောက်ရှိတောအုပ်အတွင်း၌ပုံရိပ်
တစ်ခုပျံသန်းနေသည်။
ထိုလူကရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့၏တည်ရှိမှုအားရှာ
တွေ့သွားခြင်းဖြစ်နိုင်လောက်၏။ သူတောအုပ်ထဲမှထွက်လာလာခြင်း ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ထံသို့လျှင်မြန်စွာပျံသန်းလာသည်။
“သူပဲ. ရှောက်ယန်ဓားဂိုဏ်းရဲ့ပါရမီရှင် ယန်ရှင်း. ငါတို့ဒီသူတောင်းစားနဲ့ထပ်ပြီးတွေ့ရပြန်ပြီ”
ထိုပုံရိပ်အားတွေ့လိုက်သောအခါတွင် ယွဲ့ရှောက်ချုံးကရုတ်ခြည်းအောက်သို့လက်ညှိုးထိုးလိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
ယခုအခါတွင်ယွဲ့ရှောက်ချုံးမှာရှစ်ဖုန့်မည်မျှစွမ်းအားကြီးမားသည်ကို မြင်တွေ့ပြီးနောက်ပြိုင်ဘက်ကင်း
သူတော်စင်နယ်ပယ်ဖြစ်သည့် ရှောက်ယန်ဓားဂိုဏ်းမှ ပါရမီရှင်ယန်ရှင်းကို ထပ်မံကြောက်ရွံ့နေခြင်းမရှိတော့ပေ။
“သူဘာလိုချင်လဲဆိုတာကိုကြည့်ကြည့်တာပေါ့”
ရှစ်ဖုန့်က ဂရုထားခြင်းမရှိပြောလိုက်သည်။
“သူ့လက်နဲ့သူ့လည်ပင်းတွေက..”
ဤအချိန်တွင်ယွဲ့ရှောက်ချုံးမှာ ယန်ရှင်း၏လည်ပင်းမှပြောင်းလဲမှုတို့ကိုသတိပြုမိပြီးဖြစ်သည်။ ယခင်ကယန်ရှင်းလက်တို့၌အနက်ရောင်အမွှေးအမျှင်တို့ဖုံးလွှမ်းနေခဲ့သည်။ သို့သော် ယခုအခါတွင် အနက်ရောင်အမွှေးအမျှင်တို့က လည်ပင်းအထိကိုပျံ့နှံ့နေပြီဖြစ်သည်။
“ဒါကဝဋ်လည်တဲ့ပုံပဲ”
ယွဲ့ရှောက်ချုံးကပျော်ရွှင်စွာဖြင့်ပြော
လိုက်သည်။
ယွဲ့ရှောက်ချုံးမှာ သူ့အား မြေပြင်၌တွင်းထဲသို့ဆင်းခိုင်းသည့် မောက်မာသည့်ယန်ရှင်း၏အသွင်အပြင်ကို အမှတ်ရလိုက်သည်။ ရှစ်ဖုန့်၏သတိပေးမှုကြောင့်သာမဟုတ်ခဲ့လျှင် သူသေလိမ့်မည်သာဖြစ်သည်။
“မကြာင်မှာသူ စိတ်လွတ်သွားတဲ့အမွှေးရှည်မွန်း
စတားတစ်ကောင်ဖြစ်သွားမဲ့ပုံပဲ.”
ရှစ်ဖုန့်က ယန်ရှင်းအားကြည့်၍ တီတိုးရေရွတ်လိုက်သည်။
ယန်ရှင်း၏အသွင်အပြင်အားကြည့်၍ သေခြင်းတားမြစ်နယ်မြေအတွင်း၌
စိတ်လွတ်သွားသော မွန်းစတားတစ်ကောင်ဖြစ်သွားသည့် ချူးယွဲ့ကိုသတိရလိုက်သည်။
“မင်းတို့နှစ်ယောက်”
မကြာခင်ယန်ရှင်းက ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့၏ ရှေ့သို့ရောက်ရှိလာသည်။ သို့သော်သူကမောက်မာနေဆဲဖြစ်သည်။ သူက ၎င်းတို့အား ကြည့်၍ အမိန့်ပေးသောလေသံဖြင့်ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ငါနဲ့လိုက်လာခဲ့”
“သွားစို့”
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားခြားနားမှုမရှိ
ပြောလိုက်သည်။
ယွဲ့ရှောက်ချုံးကအနည်းငယ်ခေါင်း
ညိမ့်လိုက်သည်။ ထို့နာက် ယန်ရှင်း၏ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ကအောက်ဘက်ရှိ တောအုပ်အတွင်းသို့ဆင်းသက်လိုက်သည်။ မကြာခင်တွင် ထူထပ်သောတောအုပ်အားဖြတ်ကျော်ပြီး တောအုပ်အလယ်သို့ဆင်းသက်လိုက်သည်။
ရှစ်ဖုန့်က ပတ်ဝန်းကျင်အားအာရုံခံလိုက်ပြီး ဤဧရိယာ၌ အဆင့်ခုနှစ် သူတော်စင်နယ်ပယ်နတ်ဆိုးသားရဲ
တို့ကိုသာ သူအာရုံခံမိ၏။ ဤသည်မှာ နတ်ဆိုးသားရဲတို့နယ်မြေဖြစ်ပုံရပြီး အခြားသောသားရဲများကအနားသို့
ကပ်ရဲခြင်းမရှိပေ။
“မင်းတို့နှစ်ယောက်. ငါ့နောက်က
လိုက်လာခဲ့. အသံတိတ်တိတ်နေ. အကယ်၍ဆူဆူညံညံအသံတစ်ခုလုပ်မိရင် ရိုင်းပျမှုအတွက်ငါ့ကိုလာပြီး အပြစ်မတင်နဲ့. “
ယန်ရှင်းကရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ကို ခြိမ်းခြောက်လိုက်သည်။
“လမ်းကိုဦးဆောင်..ငါတို့နားလည်တယ်”
ရှစ်ဖုန့်က ယန်ရှင်းအားခြားနားမှုမရှိပြန်ဖြေလိုက်သည်။
“ မင်းတို့နားလည်တာကောင်းတယ်..”
ယန်ရှင်း က အေးစက်စွာထပ်မံ
ပြောလိုက်သည်။ ထို့နောက်တွင် သူက ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့အားဦးဆောင်ပြီး ၎င်းတို့ရှေ့မှနေ၍ ခန္ဓာကိုယ်ရွေ့လျားခြင်း ပညာရပ်ကိုအသုံးပြုလိုက်သည်။ သူတို့အနေဖြင်ဘာဆူညံသံကိုမှ မပြုလုပ်ချေ။
ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က သူတို့၏ရွေ့လျားမှုပညာရပ်များအားအသုံးပြုပြီး ၎င်း၏နောက်မှတိတ်ဆိတ်စွာလိုက်ပါလာသည်။ ယန်ရှင်းသူတို့အားဦးဆောင်ခေါ်
သွားရာဦးတည်ချက်က အစောပိုင်းကသူအာရုံခံမိသော အဆင့်ခုနှစ်သူတော်စင်နယ်ပယ်
အထွတ်အထိပ် သားရဲထံသို့ဖြစ်သည်ကိုရှစ်ဖုန့်သိလိုက်သည်။
သူတို့သုံးယောက်သားလျှောက်လှမ်းလာပြီး သိပ်မကြာလိုက်ခင် သူတို့၏လမ်းကြောင်းအားပိတ်ထားသည့်လူတစ်ယောက်အရပ်ခန့်မြင့်အားသော ထူထပ်များပြားလှသည့် အစိမ်းရောင်မြက်ပင်များကို တွေ့လိုက်ရသည်။ ဤအချိန်တွင် သူတို့၏ရှေ့ဆုံးမှလျှောက်လှမ်း
နေသောယန်ရှင်းက ရုတ်တရက်ရပ်တန့်လိုက်ပြီးရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့အားရှေ့သို့တက်လှမ်းနေခြင်း
မှတားဆီးရင်သူ၏လက်ကိုဆန့်ထုတ်
လိုက်သည်။
ထို့နောက်တွင် သူခိုးတစ်ယော်ကဲ့သို့ ဂရုတစိုက်နှင့်ရှေ့ရှိမြက်ပင်တို့အား
ဖြဲလိုက်သည်။