အခန်း (၇၁၉)
Vol. 48 Ch. 719
ရှစ်ဖုန့်က ရှည်လျားသောအမွှေးနက်များ
ဖုံးလွှမ်းနေသာလက်ဖြင့် မြင်ပင်များအား သူခိုးတစ်ယောက်ကဲ့သို့ဖွင့်နေသည့်သူ့ရှေ့ရှိယန်ရှင်းကိုကြည့်လိုက်သည်။
မြက်ပင်အဟကြားမှာဖြတ်သန်း၍ သိပ်မဝေးလှသောနေရာ၌ စိမ့်မြေတစ်ခုရှိသည်ကိုမြင်တွေ့နိုင်
သည်ဖြစ်သည်။ စိမ့်မြေ၏ထိပ်ပိုင်းတွင် ကြီးမားသောအစိမ်းရောင် မြွေကြီးတစ်ကောင်ရှိနေသည်။ အစိမ်းရောင်မြွေကြီး၏ ကျောပြင်အားထက်ရှသော ဓားကဲ့သို့ အကြေးခွံများဖုံးလွှမ်းထား၏။ မြွေကြီး ၏ကိုယ်က အကန့်မဲ့သော စိမ့်မြေတစ်လျှောက်အထိကို ပြန့်ကားလွန်းသည်ဖြစ်သည်။
ဤအချိန်တွင် ဧရာမမြွေကြီးမှာ စိမ့်မြေပေါ်၌ အိပ်မောကျနေပုံရပြီး မိုးချုံန်းသံကဲ့သို့ နှာမှုတ်နေသည်။ ထို့နောက်တွင် မြွေကြီး၏ မျက်နှာရှေ့၌ မြင့်မြတ်သောအဖြူရောင်အလင်း
ကိုထုတ်လွှတ်နေသည့် လက်သီးဆုပ်အရွယ်အဖြူရောင် ပန်းတစ်ပွင့်ကိုရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့မြင်တွေ့လိုက်ရသည်။
“အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်တစ်ခုပဲ”
ဤလက်သီးဆုပ်အရွယ် အဖြူရောင်ပန်း၏အမည်ကိုရှစ်ဖုန့်
မသိသော်လည်း သူ၏ ဝိညာဉ်စွမ်းအားဖြင့် ၎င်းက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်တစ်ခုဖြစ်သည်ကိုတော့သူအာရုံခံနိုင်ပြီးဖြစ်သည်။
အဘယ့်ကြောင့်ယန်ရှင်းကသူ့အား ဤနေရာသို့ခေါ်လာသည်ကို ရှစ်ဖုန့်ချက်ချင်းနားလည်လိုက်သည်။ သူသည်လည်းဧရာမမြွေကြီးစောင့်ကြပ်နေသည့်အဖြူရောင်ပန်း၏တန်ဖိုးကိုမြင်ပုံရသည်။
ဤဧရာမမြွေကြီးက နက်ရှိုင်းစွာအိပ်မောကျနေသော်လည်း ၎င်းက အဆင့်ခုနှစ်ခု သူတော်စင်နယ်ပယ် အထွတ်အထိပ်နတ်ဆိုးသားရဲ
တစ်ကောင်ဖြစ်ပြီး ယန်ရှင်းကတော့ကြယ်နှစ်ပွင့် သူတော်စင်နယ်ပယ်ကျင့်ကြံသူ
တစ်ဦးသာဖြစ်သည်။
အကယ်၍ယန်ရှင်းသာသူကိုယ်တိုင် အဖြူရော်ပန်းပွင့်ကိုသွားယူခဲ့လျှင် ဤမြွေကြီးအားနိုးစေမိပြီး သူသည်လည်းသေခြင်းဖြင့်အဆုံး
သတ်ရလိမ့်မည်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်ကိုသာစေလွှတ
်မည်ဆိုလျှင် သူက အချိန်မရွေးလွတ်မြောက်နိုင်သည်ဖြစ်သည်။
ထို့နောက်ယန်ရှင်းကလှည့်လိုက်ပြီး ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့အားအေး
စက်စွာကြည့်လိုက်သည်။ နောက်ဆုံးတွင်သူ၏မျက်လုံးက ယွဲ့ရှောက်ချုံးပေါ်သို့ကျရောက်သွား
ပြီးအသံတိုးတိုးဖြင့်ပြောလိုက်၏။
“မင်းသွားပြီးတော့အဖြူရောင်ပန်းကိုငါ့အတွက်ခူးလာခဲ့”
ယန်ရှင်း၏မျက်လုံးထဲတွင် ရှစ်ဖုန့်ကကြယ်တစ်ပွင့်အင်ပါယာ
နယ်ပယ်အမှိုက်တစ်ယောက်သာဖြစ်ပြီး ယွဲ့ရှောက်ချုံးကတော့ ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံ
သူတစ်ယောက်ဖြစ်သည်။ သူကသာ ဤကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်အမှိုက်ထက်ပို၍ အခွင့်အရေးရှိလိမ့်မည်ဖြစ်၏။
“ငါလား”
ယန်ရှင်း၏စကားအားကြားပြီးနောက်ယွဲ့ရှောက်ချုံးတုန်လှုပ်သွားသည်။ သူကရှစ်ဖုန့်အား အသနားခံသည့်အမူအယာဖြင့်ကြည့်လိုက်၏။
ယွဲ့ရှောက်ချုံးအနေဖြင့်ဧရာမမြွေကြီး၏ ကျင့်ကြံမှုနယ်ပယ်ကို ဖောက်မမြင်နိုင်သော်လည်း အကယ်၍ ၎င်းသာနိုးထလာလျှင် သူ့လိုလူဆယ်ယောက်သည်ပင်၎င်းဝါး
မျိုရန်အတွက်လုံလောက်မည်မဟုတ်သည်
ကိုသူကောင်းစွာသိသည်ဖြစ်သည်။
“ငါ့ကိုသွးခွင့်ပေး”
ရှစ်ဖုန့်က ယန်ရှင်းကိုပြောလိုက်သည်။ ထို့နောက်သူကထပ်ပြော၏။
“ ငါ့မှာ ပြိုင်ဘက်ကင်းရွှေလျားမှုပညာရပ်
တစ်ခုရှိတယ်..အဲ့ပန်းပွင့်ကိုယူတာကပြဿနာတစ်ခုမဟုတ်ဘူး”
“ဟုတ်တယ်ဟုတ်တယ်”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ယွဲ့ရှောက်ချုံး စိတ်သက်သာရာရမှုကိုခံစားလိုက်ရသည်။ သူကခေါင်းညိမ့်ပြီးပြောလိုက်၏။
“သူကမှာ ပြိုင်ဘက်ကင်းရွေ့လျားမှုပညာရပ်ရှိတယ်. အဲ့တာကငါ့ထက်အများကြီးပိုသာတယ်”
“အိုး ..ပြိုင်ဘက်ကင်းရွေ့လျားမှုပညာ
ရပ်တစ်ခုလား”
ယန်ရှင်း၏မျက်လုံးတို့ကျဉ်းမြောင်း
သွားပြီးရှစ်ဖုန့်အားစိုက်ကြည့်လိုက်သည်။ ထို့နောက်သူကပြောလိုက်သည်။
“ဒါဆိုလည်းသွား. အကယ်၍ မင်းသာငါ့ရဲ့အစီအစဉ်ကိုအကျိုးအမြတ်ထုတ်ရဲရင် မင်းဖြစ်လာမဲ့အကျိုးဆက်ကိုသိမယ်”
ရှစ်ဖုန့်ကအေးစက်စွာပြုံးလိုက်ပြီး ဤကောင်အား လျစ်လျူရှုထားလိုက်သည်။ ထို့နောက်သူ၏ပုံရိပ်ကရွေ့လျားသွားပြီး ရှေ့သို့ မျောလွင့်သွား၏။ အလွန်လျှင်မြန်စွာဖြင့် သူက သူ့ရှေ့ရှိမြက်ပင်များကို တိတ်ဆိတ်စွာဖြတ်ကျော်သွားပြီး စိမ့်မြေအတွင်းဝင်ရောက်သွားသည်။
ရှစ်ဖုန့်ကငရဲဘုံကိုးခု ရွေ့လျားမှုပညာရပ်ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။ သူ၏ကိုယ်ကတစ္ဆေတစ်ကောင်ကဲ့သို့ပေါ့ပါးနေ၏။
ဤအချိန်တွင် ယန်ရှင်းနှင့်ယွဲ့ရှောက်ချုံးတို့မှာ ဤလူက ရုတ်ခြည်းပျောက်ကွယ်သွားသလို
ခံစားလိုက်ရသည်။ သို့သော် သေချာဂရုတစိုက်ကြည့်လျှင် သူကစိမ့်မြေထက်၌လျှောက်လှမ်းနေဆဲဖြစ်ပြီးရှေ့သို့မျောလွင့်နေသည်ကိုတွေ့ရမည်ဖြစ်သည်။
“ဒီရွေ့လျားမှုပညာရပ် ..ကောင်းတယ်.အရမ်းကောင်းတယ်”
ငရဲဘုံကိုးခု ရွေ့လျားမှုပညာရပ်အားအသုံးပြုနေသော ရှစ်ဖုန့်အားကြည့်ရင်း ယန်ရှင်း၏မျက်နှာထက်၌ အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။ သူ၏မျက်လုံး အတွင်း၌လောဘတက်သောအရိပ်အ
ယောင်တို့ပင်ဖြစ်ပေါ်လာ၏။
ရှောက်ယန်ဓားဂိုဏ်း၏ ပါရမီရှင်တစ်ယောက်ဖြစ်သူ ကြယ်နှစ်ပွင့် သူတော်စင်နယ်ပယ် ဖြစ်သည့်သူပင် သိမ်ငယ်စိတ်ခံစားရ၏။
သို့သော် ထိုသို့ဖြစ်တော့ရောဘာဖြစ်သေးသနည်း။ ရှစ်ဖုန့်အဖြူရောင်ပန်းအားရသွားချိန်တွင် ယန်ရှင်းကသူ့အားရွေ့လျားမှုပညာရပ်ကိုလက်လွှဲပေးရန်တောင်းလိမ့်မည်ဖြစ်သည်။ ၎င်းကသူ့အားငြင်းဆန်ရဲမည်လော။
ရှစ်ဖုန့်က ဧရာမမြွေကြီး၏ရှေ့၌ လွင့်မျောရပ်နေပြီးဖြစ်သည်။ ထို့နောက်သူ၏ညာလက်အား
လက်သည်းအသွင်ပြုလုပ်လိုက်ပြီး အောက်သို့ လှမ်းလိုက်သည်။ လက်သီးဆုပ်အရွယ်ရှိသော အဖြူရောင်ပန်းက စိမ့်မြေအတွင်းမှပျံသန်းတက်လာပြီး ရှစ်ဖုန့်၏လက်ဝါးအတွင်းရောက်ရှိလာသည်။ ထိုနောက်ရှစ်ဖုန့်က၎င်းကိုဖမ်းလိုက်သည်။
“ရပြီကွ..ကောင်းလိုက်တာ”
ရှစ်ဖုန့်က ဧရာမမြွေကြီးအားနိုးစေခြင်းမရှိဘဲ အဖြူရောင်ပန်းအားအောင်မြင်စွာရသွားသည်ကို ကြည့်ရင်း ယန်ရှင်းက သူ၏လက်သီးတို့ကိုဆုပ်၍ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
သူကလူမှန်အားရှာတွေ့ခဲ့ခြင်းဖြစ်သည်။
ရှစ်ဖုန့်အဖြူရောင်ပန်းအားရလာပြီး
သည့်နောက်တွင်ထိုနေရာ၌ ထပ်မံနေခြင်းမရှိတော့ပေ။ သူ၏ပုံရိပ်က နောက်တစ်ကြိမ် စိမ့်မြေအထက်သို့ လွင့်မျောသွားပြီး မူလနေရာသို့ပြန်လာလိုက်သည်။ မကြာခင်တွင် သူက စိမ့်မြေမှထွက်လာပြီး မြက်ပင်များအား တိတ်ဆိတ်စွာဖြတ်သန်း၍ ယွဲ့ရှောက်ချုံးနှင့် ယန်ရှင်းတို့ဘေးသို့ပြန်ရောက်လာသည်။
“ဟားဟား ကောင်းတယ်..အရမ်းကောင်းတယ်..အဲ့တာငါ့ကိုပေးလိုက်”
ရှစ်ဖုန့်အောင်မြင်စွာဖြင့်ပြန်ရောက်လာသည်ကိုတွေ့ရသောအခါတွင် ယန်ရှင်းကပြုံးလိုက်ပြီး သူ၏ အမွှေးများဖြင့်ညာလက်အားမြက်ပင်
ကိုဆုပ်ကိုင်ရန်အတွက်လှမ်းလိုက်သည်။ သူ၏ပုံစံက ရမ်းကို သာမန်ဆန်၏။
ယန်ရှင်းက လှမ်းကိုင်လိုက်ရင်းအရမ်းကိုသာမန်ဆန်သောအသွင်အပြင်ဖြင့်ပင်ပြောလိုက်သည်။
“ ငါတို့ဒီနေရာကထွက်သွားတဲ့အခါ မင်းကမင်းရဲ့ ရွေးလျားမှုပညာရပ်ကို လက်လွှဲပေးရမယ်”
ယန်ရှင်းကဤကဲ့သို့ လုပ်ကိုင်ပြောလိုက်သည်။ အရားအားလုံးကအရမ်းကို သာမန်ဆန်လွန်း၏။ အားလုံးကဤကဲ့သို့သာ ဖြစ်သွား မည့်နှယ်ဖြစ်သည်။
သို့သော်အနက်ရောင်အမွှေးများနှင့် ယန်ရှင်း၏ညာလက်က အဖြူရောင်ပန်းအား ဆုပ်ကိုင်တော့မည့်အချိန်တွင် ရှစ်ဖုန့်၏ညာလက်က အနည်းငယ်လှုပ်ရှားသွားပြီး ယန်ရှင်းတစ်ယောက်လေကိုသာဆုပ်ကိုင်မိသွားသည်။
ဤအချိန်တွင်ယန်ရှင်း၏ပြုံးနေသောမျက်နှာက ရုတ်ခြည်းအေးစက်မှုအဖြစ်ပြောင်းသွား၏။ သူက ရှစ်ဖုန့်အားအေးစက်စွာကြည့်ပြီးအေး
စက်စွာပြောလိုက်သည်။
“ ဘာဖြစ်တာလဲ. မင်းသေချင်လို့လား”
စကားပြောရင်းယန်ရှင်းကအားကောင်း
သောသတ်ဖြတ်ခြင်းအော်ရာကိုထုတ်လွှတ်လိုက်သည်။ သူကရှစ်ဖုန့်ကိုသတ်ချင်နေ၏။
ရှစ်ဖုန့်၏မျက်နှာကယန်ရှင်းအား
ကြည့်နေစဉ်တွင်ပြောင်းလဲခြင်းမရှိဘဲ ခြားနားမှုမရှိသော လေသံဖြင့်ပင်ပြောလိုက်သည်။
“မင်းရဲ့ ရွံဖို့ကောင်းတဲ့ လက်ညက်ပတ်တွေနဲ့ သန့်စင်မြင့်မြတ်တဲ့အဖြူရောင်ပန်းကိုမ
စော်ကားနဲ့..မင်းအသက်ဆယ်ကြိမ်
သေရင်တောင်. ဒီပန်းလောက်အဖိုးမတန်ဘူး”
“မင်း.မင်းသေချင်လို့လား”
ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် ယန်ရှင်းမှာအရမ်းဒေါသထွက်သွားပြီးသူ၏ကိုယ်ပင်တုန်သွားသည်။ သူကလက်နှစ်ဖက်လုံးဖြင့်ဓားလက်
ချောင်းအသွင်လုပ်လိုက်ပြီး ရှစ်ဖုန့်အား ထိုးညွှန်ကာအော်ပြောလိုက်သည်။
ဤကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အမှိုက်က သူ့အားဤကဲ့သို့အရှက်ခွဲသည့်စကားမျိုးကိုပြောရဲသည်။ သူကမည်သူနည်း။ သူက ရှောက်ယန်ဓားဂိုဏ်း၏ပါရမီရှင်တပည့်ဖြစ်သူ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူယန်ရှင်းဖြစ်သည်။
သူကလေးဘဝကတည်းက မည်သူကမျှသူ့အားဤကဲ့သို့သောစကားမျိုးကိုမပြောရဲပေ။
ဤလူသေရမည်ဖြစ်သည်။ မဟုတ်သေးပါ။ ၎င်းအားတိုက်ရိုက်သတ်ပစ်ခြင်းကသူ့အတွက်အရမ်းလွယ်ကူလွန်းသည်။ သူ့အနေဖြင့် ၎င်းအားဖြည်းဖြည်းချင်းသေ
အောင်နှိပ်စက်ရမည်။ ၎င်းအားသူ့အားမစော်ကားသင့်
ကြောင်းကိုသိစေရမည်ဖြစ်သည်။
သူ့ကိုစော်ကားသည့်အတွက် ၎င်းအားနောင်တရအောင်ပြုလုပ်ချင်သည်။
ထို့နောက်တင် ယန်ရှင်းက ဓားလက်ချောင်းကိုအောက်သို့ရွေ့လျားလိုက်ပြီး ရှစ်ဖုန့်ဝမ်းဗိုက်အတွင်းရှိ ဒန်တန်ရှိရာသို့ ထိုးသွင်းလိုက်သည်။
ယန်ရှင်း၏လှုပ်ရှားမှုကလွန်စွာ
ရက်စက်သည်ဟုပြောနိုင်သည်။ ကျင့်ကြံသူတစ်ယောက်၏ဒန်တန်ထိုးဖောက်ခံလိုက်ရသည်နှင့် ကျင့်ကြံခြင်းကို မပြုလုပ်နိုင်သော ဒုက္ခိတတစ်ဦးဖြစ်သွားလိမ့်မည်ဖြစ်သည်။ ကျင့်ကြံသူများစွာအတွက် ဤသည်ကား သေခြင်းထက်ဆိုးဝါးသော
နာကျင်မှုပင်ဖြစ်သည်။
သူ၏ဓားလက်ချောင်းက ရှစ်ဖုန့်၏ဒန်တန်နှင့်နီးကပ်သည်
ထက်နီးကပ်လာသည်။ ၎င်းအားအနည်းငယ်ထိုးသွင်း
လိုက်ရုံသာလိုသည်ဖြစ်သည်။ ဤအချိန်တွင်ယန်ရှင်း၏စိတ်
ကတော်တော်လေးကို တက်ကြွနေ၏။
သူ၏နှုတ်ခမ်းထောင့်မှလှောင်ပြုံး
ပင်ထွက်ပေါ်လာသည်။
“အမှိုက်..အမှိုက်..အမှိုက်.. မင်းနောက်မှနောင်တရမယ်.. မင်းရဲ့ဒီဈေးပေါတဲ့ပါးစပ်အတွက်”
“အား..ရှစ်ဖုန့်လေး. “
ရှစ်ဖုန့်၏ဘေးနား၌ရှိနေသာယွဲ့ရှောက်ချုံးက ယန်ရှင်း၏ဓားလက်ချောင်းက ရှစ်ဖုန့်ထံသို့တိုးဝင်သွားသည်ကို
တွေ့လိုက်ရသော်လည်းသူဘာမှမခံစားရပေ။ ရှစ်ဖုန့်ကစွမ်းအားကြီးသည်ကိုသိ
သောကြောင့်သူကပွဲကောင်း
တစ်ခုကိုပင်ကြည့်ချင်နေသေးသည်။
သို့သော် ဤအချိန်တွင် ယန်ရှင်း၏ဓားလက်ချောင်းက ရှစ်ဖုန့်၏နီးသည်ထက်နီးကပ်လာသည်ကိုတွေ့လိုက်ရသည်။ မျက်စိတ်တစ်မှိတ်အတွင်း၎င်းက သူ၏ဒန်တန်ကို ဖောက်ဝင်တော့မည်ဖြစ်သည်။သူက တုန်လှုပ်စွာဖြင့်လျှင်မြန်စွာအော်လိုက်သည်။
ယွဲ့ရှောက်ချုံးမှာ ဤအချိန်တွင်သူအရမ်းစိုးရိမ်နေသော ကြောင့် သိပ်မဝေးသော စိမ့်မြေထက်၌ အိပ်မောကျနေသည့် ဧရာမမြွေကြီးကိုပင်မေ့သွားသည်။