← Chapters

အခန်း (၇၂၀)

Vol. 48 Ch. 720

အခန်း (၇၂၀)

Vol. 48 Ch. 720

ယန်ရှင်းကသူ၏အမွှေးတို့ဖုံးလွှမ်း

နေသည့်ညာလက်အား ရှစ်ဖုန့်၏ဒန်တန်ထံသို့ထိုးညွှန်လိုက်သည်။

ဤအချိန်တွင် ယန်ရှင်း၏ နှုတ်ခမ်းကအေးစက်သောအပြုံးတစ်ခု

အဖြစ်တွန့်ကွေးသွားသည်။ မကြာခင်တွင် ဤအမှိုက်၏မွေးဖွားမှုကိုသူမျက်မြင်

ကြုံတွေ့ရတော့မည်ဖြစ်သည်။

ယွဲ့ရှောက်ချုံး၏မျက်နှာထက်၌ စိုးရိမ်မှုတို့ဖြင့်ပြည့်နှက်နေ၏။ ၎င်း၏ခွန်အားအားသူ၏ရှေ့တွင်

ချပြခဲ့သည့်ရှစ်ဖုန့်က အဘယ်ကြောင့်ဤအခိုက်အတန့်

၌ကြက်သေသေနေသည်မှန်းသူမသိချေ။ သူကပြန်မတိုက်ရုံသာမက နောက်သို့ဆုတ်ခြင်းမရှိဘဲ ပါရမီရှင်ယန်ရှင်း၏သူဒန်တန်ထံသို့ ထိုးသွင်းမှုကိုခွင့်ပြုထားသည်။

ယွဲ့ရှောက်ချုံး၏မျက်လုံးထဲတွင်ဒုက္ခိတ

ဖြစ်တော့မည့်ကာယကံရှင်ရှစ်ဖုန့်က ခြားနားမှုမရှိ ဘဲ သူနှင့်သက်ဆိုင်သောကိစ္စမဟုတ်

သကဲ့သို့ပြုမူနေသည်။ ယင်းမှာယန်ရှင်း ၏ဓားလက်ချောင်းထိုးသွင်းသောဒန်တန်ကသူ၏ဒန်တန်မဟုတ်သကဲ့သို့ပင်ဖြစ်သည်။

ဤအချိန်တွင် ယန်ရှင်း၏လက်ချောင်းကရှစ်ဖုန့်၏ဒန်တန်ရှိရာဝမ်းဗိုက်သို့ထိုးသွင်းလိုက်သည်။ ဤအချိန်တွင် ယန်ရှင်း၏အေးစက်သောအပြုံးနှင့်

ယွဲ့ရှောက်ချုံး၏ စိုးရိမ်ပူပန်မှုတို့က ပို၍ သိသာထင်ရှားလာသည်။

“သူ့ရဲ့ဒန်တန်ထိုးသွင်းခံလိုက်ရပြီ”

သို့သော် ဤအချိန်တွင် ယန်ရှင်း၏မျက်နှာကရုတ်ခြည်းပြောင်းလဲသွားသည်။ သူကရုတ်တရက် သူနှလုံးသားကိုပင် တဆက်ဆက်တုန်ယင်စေသည့် မကောင်းသောအေးစက်သည့်စွမ်းအား

ကြီးစွမ်းအင်တစ်ခုက သူ၏လက်ချောင်းအတွင်းသို့ရု

တ်တရက်ဝင်ရောက်သွားမှုကိုခံစား

လိုက်ရသည်။ ဤစွမ်းအားက သူ၏အဆင့်ထက်များစွာကျော်လွန်နေသည်။

“ဒီ..ဒီစွမ်းအား”

ဤကဲ့သို့သောစွမ်းအားကြီးစွမ်းအင်

တစ်ခု၏ရှေ့တွင် ယန်ရှင်း၏မျက်နှာကသေလုအောင်

ဖြူဖျော့သွားပြီး သူ၏ကိုယ်ကလည်းစတင်တုန်ယင်လာသည်။

သွေးနီရောင်မီးတောက်တို့ကသူ၏လက်ချောင်းတို့အားလောင်မြိုက်သွားသည်။

ရှစ်ဖုန့်၏ဒန်တန်က ကောင်းကင်မီးတောက်ဖြင့်ပေါင်း

စည်းထားခြင်းဖြစ်သည်။ယခုအခါတွင် ကောင်းကင်မီးတောက်က အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်ကောင်းကင်

မီးတောက်ဖြစ်သည်။ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်

ကျင့်ကြံသူလေးတစ်ယောက်က

၎င်းအားဖျက်ဆီးရန်မှာမဖြစ်နိုင်သော

အရာဖြစ်သည်။

ယန်ရှင်းမှာရှစ်ဖုန့်၏ဒန်တန်အားဖျက်ဆီးခြင်းကျရှုံးခဲ့ရုံသာမက သူသည်ပင်သွေးနီရောင်မီးတောက်

တို့လောင်မြိုက်မှုကိုခံလိုက်ရသည်။ သူ၏လက်ချောင်းတို့ကရုတ်ခြည်း

ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ

လောင်မြိုက်သွားသည်။

“ငါ့လက်ချောင်းတွေ.ငါ့လက်ချောင်းတွေ”

ယန်ရှင်း၏မျက်လုံးတို့ကမယုံကြည်နိုင်စွာပြူးကျယ်နေ၏။ သူ၏အမွှေးများဖြင့်ညာလက်အား

ကြည့်လိုက်ပြီး ၎င်း၌လက်သုံးချောင်းသာ

ကျန်ရစ်တော့သည်ကိုတွေ့လိုက်ရသည်။ ရုတ်ခြည်းမယုံကြည်နိုင်မှုတို့ဖြင့်

အော်ဟစ်လိုက်၏။

“ဘာဖြစ်နေတာလဲ. ဒါကဘယ်လိုဖြစ်ရတာလဲ”

ရုတ်တရက်ပြောင်းလဲမှုအားယန်ရှင်း လက်သင့်ခံရန်ခက်ခဲနေသည် ။အိမ်မက်တစ်ခုမက်နေသကဲ့သို့အချိန်မှီ

သူတုန့်ပြန်နိုင်ခြင်းမရှိသေးပေ။

ဤအချိန်တွင် အလွန်သေးငယ်လှသော သွေးနီရောင်မီးတောက်မြွေလေးတစ်ခုက ရုတ်တရက်ရှစ်ဖုန့်၏ဒန်တန်မှထွက်လာသည်။ ၎င်းကပါးစပ်ကိုဖွင့်ဟပြီး ယန်ရှင်း၏ဝမ်းဗိုက်ဆီသို့ပျံသန်းသွားကာကိုက်ခဲလိုက်သည်။

ယန်ရှင်းမတုန့်ပြန်နိုင်ခင်မှာပင် သွေးနီရောင်မီးတောက်မြွေက ရုတ်တရက် ၎င်း၏ဝမ်းဗိုက်အတွင်းသို့ ထိုးဖောက်ဝင်သွား၏။ ရုတ်တက် “ပွက်”ဟူသောအသံတစ်ခုကိုကြား

လိုက်ရပြီးယင်းမှာငါးပွက်သည်

အသံတစ်ခုကဲ့သို့ပင်ဖြစ်သည်။

ယန်ရှင်း၏မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေဆဲဖြစ်ပြီး သူ၏မျက်နှာကရှုံ့မဲ့နေသည်။ သူ၏ခေါင်းအားငုံ့လိုက်ပြီးသူ၏

ဝမ်းဗိုက်ကိုကြည့်လိုက်၏။ ထို့နောက်တွင် ယန်ရှင်းရုတ်တရက်တစ်စုံတစ်ခု

ကိုသဘောပေါက်လိုက်သည်။ သူကလက်သင့်မခံနိုင်ဘဲ အဆုပ်ကွဲအော်အော်လိုက်သည်။

“ဟင့်အင်..မဟုတ်ဘူး..မဟုတ်ဘူး. ငါ့ရဲ့ဒန်တန်..ငါ့ရဲ့ဒန်တန် ပျက်ဆီးသွားပြီ”

“ဘာဖြစ်နေတာလဲ.ဘာဖြစ်နေတာလဲ. ငါ့ဒန်တန်ကကွဲကြေသွားတယ်.. အဲ့တာကကွဲကြေသွားတယ်..ကွဲကြေသွားတယ်”

အကယ်၍လက်ချောင်းနှစ်ချောင်း

တည်းသာလောင်ကျွမ်းသွားသည်

ဆိုလျှင်ယန်ရှင်းယင်းကိုလက်

သင့်ခံနိုင်အုံးမည်ဖြ်စသည်။ သို့သော်သူ၏ဒန်တန်ကကွဲကြေသွားပြီးသူက ဒုက္ခိတတစ်ယောက်ဖြစ်သွားရသည်။

သူ့အားအမြဲတမ်းပါရမီရှင်တစ်ဦးဖြစ်

သိထားသူဖြစ်ရာယင်းကိုမည်ကဲ့သို့

လက်သင့်ခံနိုင်ပါမည်နည်း။

ဤအချိန်တွင် ယန်ရှင်းမှာ စိတ်လွတ်သွားသည့်ပုံပေါ်သည်။

“ဝဋ်လည်တာ..ဝဋ်လည်တာပဲ.ဟားဟားဟား ဝဋ်လည်တာပဲဟ”

ယန်ရှင်း၏မြည်တမ်းသံနှင့် ယန်ရှင်း၏ဒန်တန်ပျက်စီးသွား

သည်ကိုကြားရပြီး ယန်ရှင်းတစ်ယောက်ခွေးရူးကဲ့

သို့ဖြစ်သွားသည်ကိုမြင်တွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးဟက်ဟက်ပက်ပက်

ကိုရယ်မောလိုက်သည်။

“ဟားဟားဟား..ဟားဟားဟားဟား. မင်းလည်းဒီလိုနေ့မျိုးကိုရောက်လာရတာပဲ..ရှစ်ဖုန့်လေးကတကယ်ပဲစွမ်းအားကြီးလိုက်တာ .ဒီအတိုင်းလေးရပ်နေတာတောင်သူက

မင်းရဲ့လက်တွေကိုလောင်မြိုက်စေပြီး မင်းရဲ့ဒန်တန်ကိုဖျက်ဆီးပစ်လိုက်တယ်”

ယခုယန်ရှင်း၏ ဒန်တန်ကွဲကြေသွားသောကြောင့်သူကဒုက္ခိတတစ်ယောက်ဖြစ်လာပြီဖြစ်သည်။ထို့ကြောင့် ယွဲ့ရှောက်ချုံးမှာထပ်မံ စောင့်စည်းမနေတော့ချေ။ သူကယန်ရှင်း၏ရှေ့တွင်ပင် ကျယ်လောင်စွာရယ်မောလိုက်သည်။

“မင်း.. အမှိုက်ကောင်.. မင်းဘယ်လိုတောင်ငါ့ကိုရယ်သွေးရဲတာလဲ”

ယွဲ့ရှောက်ချုံး၏ကျီစယ်မှုအားကြားရသောအခါတွင် ယန်ရှင်းက ရုတ်တရက်သူ၏ခေါင်းကိုမော့လိုက်သည်။ သူ၏မျက်နှာကကြမ်းကြုတ်ခက်ထန်နေ၏။ ဤအချိန်တွင်သူကတကယ်ခွေးရူးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ယွဲ့ရှောက်ချုံးကိုအော်ဟစ်နေသည်

“ဟမ့်.အသုံးမကျတဲ့ခွေးရူးကများ”

ယွဲ့ရှောက်ချုံးကယန်ရှင်းအား

အထင်သေးမှုအပြည့်ဖြင့် နှာမှုတ်လိုက်သည်။

“မင်း.မင်းသေချင်နေတာပဲ.အား”

ယန်ရှင်းကအသားကုန်အော်ဟစ်လိုက်သည်။ ရုတ်ခြည်းယွဲ့ရှောက်ချုံးအားသတ်ကာ

အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်သောကြောင့် သူ၏စွမ်းအားတို့ကို စုစည်းလိုက်၏။

သို့သော်ဤအချိန်တွင် သူ၏ကိုယ်၌ စွမ်းအားတို့လုံးဝမရှိတော့မှန်းယန်ရှင်း ရုတ်တရက်သဘောပေါက်လိုက်သည်။

“ငါ့ရဲ့ဒန်တန်..ငါ့ရဲ့ဒန်တန်..ငါ့ရဲ့ဒန်တန်”

ဤအချက်အားလက်ခံရန်ခက်ခဲစွာဖြင့်ယန်ရှင်းကထပ်မံအော်ဟစ်နေသည်။ထို့နောက်သူ

၏ခေါင်းကိုမပြေမပြစ်လှည့်လိုက်သည်။ သူ၏ခက်ထန်နေသောမျက်နှာကရှစ်ဖုန့်အား အရှင်လတ်လတ် ဝါးစား ချင်နေသည့်နှယ်ဖြစ်သည်။ နောက်တစ်ကြိမ် အသံကွဲအောင်အော်ဟစ်လိုက်၏။

“မင်းပဲ..မင်းပဲ အမှိုက်ကောင်.. ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အမှိုက်ကောင်.. ဘယ်လိုတောင်ငါ့ဒန်တန်ကို ဖျက်စီးရဲတာလဲ. သောက်ကောင် . မင်းတကယ်သေဖို့ထိုက်တန်တယ်.. မင်းလိုအမှိုက်ကများဘယ်လိုတောင်

ငါ့ရဲ့ဒန်တန်ကိုဖျက်ဆီးရဲတာလဲ. မင်းသေခြင်းဆိုးနဲ့သေရမယ်. ငါမင်းကို အလွတ်မပေးဘူး. ငါမင်းကို ဆိုးဆိုးရွားရွားသေအောင်လုပ်ပစ်မယ်..အား”

“ဒီအမှိုက်ကရူးသွားတဲ့ပုံပဲ.. သူ့ရဲ့လက်ရှိအခြေအနေကိုသဘော

မပေါက်သေးဘူး. အခုတကယ့်အမှိုက်ကဘယ်သူလဲ

ဆိုတာကိုသူသဘောမပေါက်သေးဘူး”

ရူးသွပ်နေသောယန်ရှင်းအားကြည့်၍ ယွဲ့ရှောက်ချုံးကသရော်ကာရှစ်ဖုန့်

ကိုပြောလိုက်သည်။

“အား”

ယန်ရှင်းကရူးသွပ်စွာဟစ်အော်လိုက်သည်။ သူ၏ အမွှေးနက်များဖြင့် လက်ကရုတ်တရက်ရှစ်ဖုန့်ထံသို့ လှမ်းလာသည်။ ယင်းမှာ ရှစ်ဖုန့်အားသူ့အနေဖြင့်အပိုင်းပိုင်း

စုတ်ဖြဲချင်နေသကဲ့သို့ပင်ဖြစ်သည်။

“ဘယ်လိုတောင်ရဲတင်းတာလဲ. အမှိုက်လိုကောင်က ဘယ်လိုတောင်ကိုယ်ကအမှိုက်ဖြစ်နေတာကိုသဘောမပေါက်ရတာလဲ..”

ယန်ရှင်း၏အပြုအမူအားတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးကရုတ်ခြည်း ၎င်းကိုအော်ပြောလိုက်သည်။ ထို့နောက်တွင် သူ၏ညာလက်အားဆန့်ထုတ်ပြီး သူ၏လက်တို့ဖြင့်မြန်ဆန်စွာ ယန်ရှင်း၏မျက်နှာကိုဖြတ်ရိုက်လိုက်သည်။

“ဘန်း”

ကြွပ်ဆပ်သောအသံတစ်ခုက ထွက်ပေါ်လာသည်။ ယန်ရှင်း၏တစ်ကိုယ်လုံးက ယွဲ့ရှောက်ချုံး၏ ရိုက်ချက်ကြောင့် နောက်သို့လွင့်ထွက်သွးသည်။

“ဘန်း”

ယန်ရှင်း၏ကိုယ်ကမြေပြင်ပေါ်သို့

ကျသွားပြီ ကြီးမားသောဖုန်ထုကိုထသွားစေသည်။

“ကောင်းလိုက်တာ.ဒါကတကယ်ကောင်းတယ်.. သူတော်စင်နယ်ပယ်တစ်ယောက်ကို

ပါးရိုက်ပြီးနောက်ကိုလွင့်သွားစေတာက ကောင်းလိုက်တဲ့ခံစားချက်ပဲ. ဟားဟားဟား..ဟားဟားဟားဟား”

ဤအချိန်တွင် ယွဲ့ရှောက်ချုံးကဟက်ဟက်ပက်ပက်

ကိုရယ်မောလိုက်သည်။ ပါရမီရှင် လူငယ်ယန်ရှင်းမှာယခင်ကသူ့

အတွက်မြင့်မားပြီးအရှိန်အဝါကြီးမားသောတည်ရှိမှုတစ်ခုဖြစ်သည်။ ၎င်းအား ပါးရိုက်ချက်ဖြင့်နောက်သို့လွင့်ထွက်အောင်လုပ်နိုင်ခြင်းက ယွဲ့ရှောက်ချုံး အတိတ်တုံးက လုံးဝတွေးပင်မတွေးရဲသောအရာဖြစ်သည်။

သို့သော်ယွဲ့ရှောက်ချုံးထိုအရာကို

တကယ်လုပ်ခဲ့သ်ည။ ရုတ်တရက် သူ၏ တစ်ကိုယ်လုံးကသူရဲကောင်း

စိတ်ဝိညာဉ်တို့ဖြင့်ပြည့်နှက်သွားသည်။ ကမ္ဘာပေါ်ရှိကျွမ်းကျင်သူအားလုံးအား

ပါးဖြတ်ရိုက်လိုက်ရသလိုပင် သူခံစားလိုက်ရသည်။

“အဟွတ်…အဟွတ်..အဟွတ်..အဟွတ်..

အဟွတ်.. အဟွတ်…အဟွတ်..အဟွတ်”

ဖုန်ထဲတွင်ယန်ရှင်းတစ်ယောက် ပြင်းထန်စွာချောင်းဆိုးနေသည်။ ဤအချိန်တွင် ယန်ရှင်းမှာ မြေပြင်ထက်၌လဲနေသည်။ သူ၏ဆံပင်တို့ကရှုပ်ပွနေပြီး သူ၏နှုတ်ခမ်းထောင့်၌သွေးတို့ပင်ရှိနေသည်။ အထူးသဖြင့်သူ၏ဘယ်ဘက်မျက်နှာ

တွင်ရှင်းလင်းသောလက်ဝါးရာကြီးတစ်ခုရှိနေသည်။ယင်းကလွန်စွာစိတ်မချမ်း

မြေ့ဖွယ်ပင်ဖြစ်၏။

ယန်ရှင်းတစ်ယောက် ယခင်ကရှိခဲ့သည့် မြင့်မားပြီးအရှိန်အဝါကြီးမားမှုတို့ပျောက်ကွယ်သွားသည်မှာကြာပြီဖြစ်သည်။

ထို့နောက်ယန်ရှင်း၏ တုန်ယင်နေသောကိုယ်က ဖြည်းဖြည်းချင်းမြေပြင်မှထလာသည်။

သို့သော်ဤအချိန်တွင်ယွဲ့ရှောက်ချုံးက ယန်ရှင်းအားအပေါ်စီးမှကြည့်

နေမှုအဖြစ်ပြောင်းလဲသွားသည်ဖြစ်သည်။ သူ၏မျက်လုံးထဲတွင်ယန်ရှင်းမှာ သေခြင်းတရားအတွက်အပြင်း

အထန်ရုန်းကန်နေသောအားနည်း

သူတစ်ဦးအဖြစ်သာမြင်ရသည်ဖြစ်သည်။

All Chapters