← Chapters

သတင်းစကား

Vol. 70 Ch. 969

သတင်းစကား

Vol. 70 Ch. 969

တိုက်ပွဲကို ရှုံးနိမ့်ပြီးသည့်နောက်တွင် သူ့တခြားကိုယ်က ပြန်လည်အားဖြည့်ဖို့ အချိန်ယူပြီး သူ့ကိုယ်သူ သွေးကျောက်တုံးအတွင်း စည်းပိတ်ပြီး နောင်အနာဂတ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာမှ ပြိုင်ဆိုင်ဖို့ ပြင်ဆင်ခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် ကပ်ဘေးကြီးက သူ့တံခါးဝသို့ ရောက်ရှိလာသည်။

တိထျန်းက ကောင်းကင်လျှို့ဝှက်မျှော်နန်းဆီ သွားကာ လူအိုကြီးချူးနှင့် တွေ့ဆုံခဲ့ပြီး သူ့ဇနီးကို အသက်ပြန်သွင်းဖို့ အကောင်းဆုံးနည်းလမ်းကို တွက်ချက်ခိုင်းခဲ့သည်။ သူ့စွမ်းအား၏ ကောင်းချီးပေးမှုအောက်တွင် လူအိုကြီးချူးက ဝမ်ဝေ့တွင် အတိတ်ဘဝ၏ မှတ်ဉာဏ်များ ရှိနေကြောင်း ညွှန်ပြခဲ့၏။

တိထျန်းက တာအိုအခွင့်အလမ်းဂိုဏ်းဆီ ချက်ချင်း ရောက်ရှိလာသည်။

ပထမဦးစွာ သူက ထိုမှတ်ဉာဏ်များအတွက် အပေးအယူလုပ်ဖို့ တောင်းဆိုခဲ့၏။ သို့သော် ဝမ်ဝေ့က အတွင်တွင်ငြင်းပြီး ကမ္ဘာမြေမှ သူ့မှတ်ဉာဏ်များက အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခု ဖြစ်သည့်အတွက် မည်သူ့ကိုမှ ပြောပြဖို့ ပြင်ဆင်မထားပေ။ ထို့အပြင် သူ့အလိုလိုသိစိတ်က တိထျန်းကိုသာ ထိုမှတ်ဉာဏ်များ ပေးလိုက်ပါက ဆိုးဆိုးရွားရွားတစ်စုံတစ်ခု ဖြစ်ပျက်လာနိုင်ကြောင်း သတိပေးနေလေ၏။

တာအိုအခွင့်အလမ်းဂိုဏ်းကလည်း သူ့ဆုံးဖြတ်ချက်ကို ထောက်ခံကြသည်။ သံသရာကိုးပါးဧကရာဇ်ဖြစ်သူ တိထျန်းက ရန်လိုလာခဲ့သည်။ နောက်ပိုင်းတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်လာခဲ့၏။ နှမြောစရာကောင်းလှသည်က တိထျန်းသည် သာမန်ထာဝရဧကရာဇ် တစ်ယောက် မဟုတ်ပေ။

တိထျန်းက ကောင်းကင်ဘုံအဆင့် တိုင်၉လုံးနှင့် တွေ့ဆုံခြင်း မရှိခဲ့သလို အမွေအနှစ် မရခဲ့သော်လည်း နဝမအဆုံးစွန်အုတ်မြစ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းထားနိုင်သည့် ထာဝရဧကရာဇ်တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။

တိုက်ပွဲက တစ်နှစ်မျှ ကြာမြင့်ခဲ့၏။ အတိအကျပြောရလျှင် တာအိုအခွင့်အလမ်းဂိုဏ်းက တိထျန်း၏ စွမ်းအားအောက်တွင် တစ်နှစ်မျှ ရှင်သန်ခဲ့သည်။

အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးက ကမ္ဘာရှိအားအကောင်းဆုံး ဂိုဏ်းနှင့် သက်တမ်းအရင့်ဆုံး ဂိုဏ်းက တစ်နှစ်အတွင်း ပြိုလဲသွားသည်ကို ကြည့်နေကြသည်။

ဝမ်ဝေ့က တခြားကိုယ်သည် ထိုဖြစ်ရပ်အတွင်း တွေ့ကြုံခံစားခဲ့ရသည်ကို ကြည့်နေလေ၏။ ထိုတိုက်ပွဲတစ်ခုလုံးအတွင်း သူက ကူကယ်ရာမဲ့စွာ ကာကွယ်ခံထားရသည်။ သူက မကြာခဏ တိုက်ပွဲသို့ သွားရဖို့ရာ တောင်းဆိုခဲ့လေသည်။ ထိုအချိန်များတွင် သူက လက်လျှော့ပြီး တိထျန်း လိုချင်သည့်အရာကို ပေးလိုက်ချင်၏။

သို့သော်လည်း သူ့အဖေနှင့် အမေက ငြင်းဆန်ကြသည်။ ဂိုဏ်း၏ ဘိုးဘေးများကလည်း လက်မလျှော့ဘဲ နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်ဖို့ ရွေးချယ်ကြ၏။ ထို့ကြောင့် သူက မူလအရှင်၊ ဓားအရှင်၊ ဖျက်ဆီးခြင်းအရှင်၊ ဘိုးဘေးဝမ်ဝူချန်၊ အထွေထွေသောင်းပြောင်းအရှင်၊ သူ့အဖေ၊ အဘိုးနှင့် အမေတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီး သူသာ တစ်ယောက်တည်း ကျန်ရှိနေခဲ့သည်။

ဝမ်ဝေ့က တခြားကိုယ်သည် သူ့ဝိညာဉ်ကို ဖောက်ခွဲမပစ်ခင် တိထျန်းကို အမုန်းတရားဖြင့် ကြည့်နေသည်ကို ကြည့်ရှုနေ၏။ နောက်ဆုံးတွင် ထိုသူက သံသရာအတွင်း လိုက်မည့်အရေးအထိ မြင်လိုက်ရသည်။

ကံကောင်းစွာဖြင့် လူအိုကြီးငရဲက ဝင်ရောက်စွက်ဖက်လာသည်။ အကြောင်းအရင်းမှာ သူက တိထျန်းအား ဒိုင်မေးရှင်းအနိမ့်ရှိ သံသရာကို ထိန်းချုပ်ဖို့ သူ့နယ်ရုပ်အဖြစ် သတ်မှတ်ထား၍ ဖြစ်သည်။

သူပြန်လည်ဝင်စားလာပြီးသည့်နောက်တွင် အသက်ရှည်ကမ္ဘာဟု ခေါ်ဆိုသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာတွင် ပြန်လည်မွေးဖွားလာခဲ့၏။ သူက ထိုကမ္ဘာတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည့် အဆင့်(၁) ဝိညာဉ်သွေးကြောသာ ရှိထားသော်လည်း ထိုအချက်က သူ့ကို မရပ်တန့်နိုင်ပေ။

သူ့တခြားကိုယ်က အရင်ဘဝမှ အသိပညာများကို အသုံးပြုဖို့ ပါရမီအတွက် ဖြည့်စည်းခဲ့သည်။ သူက ကျင့်ကြံရေးစနစ်နှစ်ခုကို ပေါင်းစည်းပြီး ယခင်ဘဝထက် ပိုမိုကောင်းမွန်သည့် တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်ခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း ခွန်အားစည်းမျဉ်းကို ကိုင်စွဲထားသူတစ်ဦးတည်းသောသူ အနေဖြင့် သူက အားလုံးကို သတ်ဖြတ်ကာ အင်မော်တယ်ဧကရာဇ် သို့မဟုတ် မဟာဧကရာဇ် ဖြစ်လာခဲ့သည်။

ဝမ်ဝေ့က သူ့တခြားကိုယ်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ သူက ဆံပင်အနီရောင်ရှိထားသည့် ခပ်ချောချော လူငယ်လေးတစ်ယောက် ဖြစ်သည်။

သို့သော်လည်း သူ့အကြည့်နှင့် အရှိန်အဝါက မှုန်မှိုင်းနေပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ဝမ်ဝေ့က တခြားကိုယ်၏ ခရီးလမ်းကို ဆက်လက် စောင့်ကြည့်လိုက်သည်။ သို့သော်လည်း သူ ဒိုင်မေးရှင်းအမြင့်သို့ တက်လှမ်းသွားပြီးသည့်နောက်တွင် ကိစ္စများက ဝေဝါးလာ၏။ ဝမ်ဝေ့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် ကြောက်မက်ဖွယ်စစ်ပွဲကို တွေ့ကြုံခံစားထားရကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူက အသေးစိတ် အချက်အလက်ကို မမြင်နိုင်ပေ။ သို့သော်လည်း သူ့တခြားကိုယ်၏ အတွေ့အကြုံတချို့ကို မြင်လိုက်ရ၏။ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း ပိတ်မိနေရင်း ဝူဟုန်နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ရသည်။ သူမက လူများစွာ အမဲလိုက်ခံမှုကို ခံနေရပြီး ဤလျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိလာခြင်း ဖြစ်၏။

ထိုစဉ် ဝမ်ဝေ့က သူ့ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ အခွင့်အရေး ရှာဖွေရင်း ဤနေရာသို့ မတော်တဆ ရောက်ရှိလာခဲ့သည်။ တခြားနည်းဖြင့်ပြောရလျှင် သူတို့၏ တွေ့ဆုံမှုက ကံကြမ္မာဖန်နေသည်။

ပထမဆုံးတွေ့ဆုံပြီးသည့်နောက်တွင် ဝူဟုန်၏ ထူးဆန်းသည့် အကြည့်များက သူတို့ကံကြမ္မာဖန်ကာ တွေ့ဆုံခဲ့သော သူ့အတွေး မှန်ကန်နေကြောင်း သက်သေပြခဲ့၏။

လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်၏ ဖရိုဖရဲဖြစ်မှုကို အသုံးပြုကာ အရင်းအမြစ်များကို စုစည်းပြီး ဂိုဏ်းများနှင့် အင်အားစုအမြောက်အများကို သတ်ဖြတ်ပစ်ခဲ့သည်။ သူ့အပြုအမူက ရန်သူများစွာကို ဖန်တီးခဲ့မိသည့်အတွက် ဆက်တိုက်ထွက်ပြေးနေရသည်။ ကံကောင်းစွာဖြင့် ဝူဟုန်က မကြာခဏ သူ့ကို လာရောက်ကယ်ဆယ်လေ့ရှိ၏။ ထိုဖြစ်စဉ်အတွင်း ထိုကမ္ဘာတွင် သူမက သူ၏ အေးစက်နေသည့် နှလုံးသားကို တစ်ဦးတည်းသော အနွေးဓာတ်ပေးနိုင်သူ ဖြစ်လာခဲ့သည်။

ဒိုင်မေးရှင်းအမြင့်ရှိ တခြားသော ဘိုးဘေးများအတွက်မူ

ဝမ်ဝေ့က သူ့တခြားကိုယ်နှင့် သူတို့ကြားမှ ဆက်ဆံရေးကို မမြင်ရပေ။

သို့သော်လည်း ထိုသူက ဂိုဏ်း ပျက်သုဉ်းသွားပြီးသည့်နောက်တွင် သူတို့ ဝင်ရောက်မစွက်ဖက်သည့် အချက်အပေါ် အင်မတန် မုန်းတီးနေသည်ကို ခံစားမိလေ၏။

ကောင်းကင်ဘုံအဆင့် ရောက်ရှိလာပြီးသည့်နောက်တွင် သူ့တခြားကိုယ်က သူ့လက်စားချေမှုကို ပြီးမြောက်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သူ့စိတ်က မှောင်မဲနေသည့် နေရာတစ်ခုသို့ ရောက်ရှိသွားပြီး တိထျန်းကလည်း ဒုက္ခ ခံစားခဲ့ရသည်။

အဆုံးမဲ့အထီးကျန်မှု…

ဝမ်ဝေ့က သူ့ဝိညာဉ်သည် တခြားကိုယ်အတိုင်း ခံစားမိ၍ တွေးလိုက်သည်။

ထိုစိတ်ခံစားချက်နှစ်ခုက ပြင်းထန်လွန်းလှပြီး စိတ်ကို လွှမ်းမိုးနိုင်သည့် အနေအထားသို့ ရောက်ရှိလာသည်။

သိပ်မကြာခင် အခြေအနေက ပို၍ ဆိုးရွားလာခဲ့၏။ သူ့တခြားကိုယ်က သူ့စွမ်းအားကို အသုံးပြုကာ သူ့မိသားစုအပါအဝင် ဂိုဏ်းသားအားလုံးကို ပြန်လည်ဖန်တီးခဲ့သည်။ သို့သော်လည်း ထိုအပြုအမူက သူ့အား ပျော်ရွှင်မှု ယူဆောင်မလာဘဲ အဆုံးမဲ့ စိတ်ပျက်မှုတို့ကိုသာ ဆောင်ကျဉ်းလာသည်။

ထိုဖန်ဆင်းမှုများက သူတွေ့ချင်နေသည့်သူများ မဟုတ်ကြောင်း သိလေ၏။ ထိုအချက်က သူ့တာအိုနှလုံးသားကို ပြိုလဲသွားစေပြီး အဆုံးစွန်အထိ တွန်းပို့လိုက်သည်။ ထို့ကြောင့် သူက သူ့ခံစားမှုအားလုံးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ပစ်ခဲ့၏။

သူက အိပ်မက်နှင့် ရည်မှန်းချက်အားလုံးကို လက်လျှော့လိုက်ပြီး လွတ်လပ်လာချင်မိသည်။ သူက ကမ္ဘာမြေမှ သူ့မိသားစုကို နောက်တဖန် မမြင်ရတော့သည့်နောင်တကိုပင် ဂရုမစိုက်တော့ဘဲ အရာအားလုံးကို အဆုံးသတ်ပစ်ဖို့ ရွေးချယ်ခဲ့သည်။

မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ…

ဝမ်ဝေ့က တခြားကိုယ်ကို ကြည့်ရင်း တွေးလိုက်မိသည်။

ငါ့ရဲ့ စိတ်စွမ်းအားနဲ့ဆိုရင် ဘယ်လိုလုပ် အလွယ်တကူ လက်လျှော့မှာလဲ…

သူ့ရည်မှန်းချက်က အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ရယူဖို့ ဖြစ်၏။ သူ အောင်မြင်သွားသည်နှင့် မိသားစုနှင့် ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှအရာများကို ပြန်လည်ပြောင်းလဲဖို့ လွယ်ကူသွားမည် မဟုတ်ပါလော။

ဒီလောက်ထိ ဖြစ်မသွားစေသင့်ဘူး…

ဝမ်ဝေ့က ဆက်လက် ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဝူဟုန်က သူ အနိမ့်ကျဆုံးအချိန်တွင် ပေါ်ထွက်လာပြီး နစ်မြုပ်မသွားအောင် တားဆီးပေးခဲ့သည်။ သူမက ထိုအချိန်တွင် သူ့ကို ဂရုစိုက်ပေးခဲ့သည့်အတွက် ချစ်ကျွမ်းဝင်သွားကြ၏။

ဒါကကံကြမ္မာ စွမ်းအားလား။ ငါက ဝူဟုန်နဲ့ ဆက်ဆံရေးကို အတည်မပြုနိုင်ခင် ငါ ဒီလောက်ထိ နိမ့်ကျဖို့ လိုအပ်တာလား။ ဒါမှမဟုတ် တစ်ခုခု ကွဲပြားနေတာလား…

ထိုရှင်းပြချက်အားလုံးက သူ့စိတ်ထဲ ဝင်ရောက်လာကာ သူ့အနာဂတ်ကိုယ်နှင့် မဟာတာအို၏ တိုက်ပွဲက အချိန်စက်ဝန်းအားလုံးအထိ သက်ရောက်မှု ရှိနိုင်သည့် အနေအထားသို့ ရောက်ရှိလာသည့်အတွက် မဟာတာအိုက သူ့ကို ရှင်းထုတ်ဖို့ အဆုံးစွန်မဲ့ စိတ်ဓာတ်ကျမှုကိုပင် အသုံးပြုလာခဲ့ကြောင်း တွေးမိသွားသည်။

ဒီကောက်ချက်ချမှုက အတော်လေး အရေးပါနိုင်တယ်..

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက လှုံ့ဆော်မှုတချို့ကို ဖမ်းဆုပ်မိလိုက်ဟန် ခံစားမိလိုက်၏။ နှမြောစရာကောင်းလှသည်က ထိုအရာက အလျှင်အမြန် ပျောက်ကွယ်သွားသည့်အတွက် ထိုအရာက ဘာမှန်းပင် မတွေးနိုင်တော့ပေ။

သူက ရွေးချယ်စရာမရှိဘဲ နောက်ဖြစ်မည့်ကိစ္စကိုသာ အာရုံစိုက်ထားလိုက်သည်။

ထိုဖြစ်ရပ်အပြီးတွင် သူ့တခြားကိုယ်က သူ့အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ထွက်သွားဖို့ ရွေးချယ်ခဲ့သည်။ ထိုဖြစ်ရပ် တစ်ခုလုံးက ဝေဝါးနေလေ၏။ သို့သော်လည်း ဝမ်ဝေ့က သူလုပ်ခဲ့သည့် အကြောင်းအရင်းကို နားလည်လေသည်။ ထိုအချိန်စက်ဝန်းတွင် သူက ဝူဟုန်၏ အားနည်းချက် ဖြစ်လာခဲ့သည့်အတွက် ထွက်သွားခြင်းက သူမနှင့် သူ့ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ဝမ်ဝေ့က သူ့တခြားကိုယ်၏ တခြားဟွင်သွမ်းကမ္ဘာရှိ စွန့်စားမှုများကို မမြင်တွေ့ခဲ့ရပေ။ နောက်ထပ် တွေ့ကြုံခံစားရသည့် မြင်ကွင်းက သူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသို့ ပြန်ရောက်လာသည့်အခါ သူ့ချစ်မြတ်နိုးရသူအား လူများစွာက လိုက်လံသတ်ဖြတ်နေခြင်း ဖြစ်၏။ သူတို့က အဖွဲ့ဖွဲ့ထားကြသည့်အတွက် သူက ကံကြမ္မာတာအိုအသစ်ကို အသုံးပြုကာ လူများစွာကို သတ်ဖြတ်ပစ်ခဲ့သည်။

ထို့နောက် ထိုထူးဆန်းသည့် အတွေ့အကြုံက အဆုံးသတ်သွားလေ၏။ သူက တခြားကိုယ်၏ ခရီးလမ်းကို မမြင်ရတော့ပေ။ ဝမ်ဝေ့က အချိန်မြစ်ကြောင်းအထက် မြောလွင့်နေရင်း အတွေးများစွာ ရှိနေသည်။

“ငါက ဒါကို ဘာလို့ မြင်ရတာလဲ။ ဒီအဆုံးမဲ့ အချိန်စက်ဝန်းတွေထဲက ဒီအချိန်စက်ဝန်း ဘာလို့ ဖြစ်နေရတာလဲ” သူက ရေရွတ်နေရင်း ထူးထူးဆန်းဆန်း အဖြေတစ်ခု ရရှိလိုက်သည်။

ဒီအချိန်စက်ဝန်းက ပင်မအချိန်စက်ဝန်း ဖြစ်ခဲ့လို့ပဲ…

“ဖြစ်ခဲ့တာလား။ အဲဒါဆိုတော့ အခု မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ခဏလေးနေပါဦး။ ဘယ်သူ ပြောနေတာလဲ”

ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာရှိ နောက်ထပ် သူ့ကိုယ်သူ မြင်လိုက်ရသည်။ သူက တူညီစွာ ချောမောသည့် မျက်နှာ၊ ခဲဖြူရောင်ဆံပင်နှင့် အရာအားလုံးကို သိနေဟန်ပေါ်သည့် မျက်ဝန်းတို့ ရှိလေသည်။

ထိုသူက သူနှင့် အတိအကျ တူနေသော်လည်း ဝမ်ဝေ့က ကွဲပြားမှုတချို့ကို သတိထားမိခဲ့၏။ ပထမဦးစွာ ထိုပုံစံက ရှေးကျပြီး သူ မည်မျှအသက်ကြီးကြောင်း ညွှန်ပြနေသည်။ ဒုတိယအချက်အနေဖြင့် ထိုသူ၏ ခြေထောက်အောက်တွင် အချိန်မြစ်ကြောင်းတစ်ခုလုံး တုန်ယင်နေသည်ကို ခံစားမိ၏။

“အနာဂတ်က ငါဆိုတဲ့အတိုင်းပဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။ သူက ထိုသူ ခွင့်ပြုထား၍ ထိုအရာများစွာကို လေ့လာနိုင်ခြင်း ဖြစ်ကြောင်း သိလေသည်။

“ဘာလို့ ဒီရောက်လာတာလဲ”

“မင်း အထွတ်အထိပ်ကို ရောက်ပြီးသွားရင် မူလဇစ်မြစ်ကို ပြန်သွားကြည့်”

တခြားဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်။

“အဲဒါ ဘာကို ပြောတာလဲ” ဝမ်ဝေ့က ဆွံ့အစွာ ကြည့်နေလိုက်သည်။

“မိုးမြေရဲ့ လျှို့ဝှက်ချက်ကို တွက်ချက်နိုင်တဲ့ လူတွေက ဒီလိုလျှို့ဝှက်ဆန်းကြယ် အပြုအမူတွေနဲ့ ပြောမှ ဖြစ်မှာလား”

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ ထိုစကားများက အဓိပ္ပာယ်များစွာ ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် နောက်မှသာ စဉ်းစားဖို့ ဆုံးဖြတ်လိုက်၏။ အခွင့်အရေး ရောက်လာသည့်အခါ သူတို့၏ အဓိပ္ပာယ်ကို သိလာလိမ့်မည်။ ထိုမတိုင်ခင် အားလုံးကို စဉ်းစားနေ၍ အလကားသာ ဖြစ်၏။

ကောင်းပြီလေ။ ဒီအတွေ့အကြုံက တကယ့်ကို အာရုံဖမ်းစားနိုင်တာပဲ…

သူက အချိန်မြစ်ကြောင်းမှ ပျောက်ကွယ်သွားပြီး ဖရိုဖရဲအချိန်နယ်မြေအတွင်း မျက်လုံး ပြန်ပွင့်လာသည်။

All Chapters