တာအိုသင်္ချိုင်းနယ်မြေ
Vol. 70 Ch. 970
ကမ္ဘာဦးဟွင်သွမ်းနယ်မြေ၊ အနီရောင်မြူ တားမြစ်နယ်မြေ
ကောင်းကင်စာအုပ်က မျက်လုံးပွင့်လာပြီး ရှေ့တွင် သူ့စာအုပ် မြောလွင့်နေသည်။
နောက်ထပ်အချိန်ဆက်စပ်မှုလား။ ဒီလောက်တောင် စောတယ်လား …
စာအုပ်ထဲတွင် စာလုံးများစွာ ပေါ်ထွက်လာသော်လည်း သူက မပျော်ပေ။ သူက အချိန်က သူ့ဘက်တွင် မရှိကြောင်း ခံစားချက် ရနေမိ၏။ ထိုစာအုပ် ပြီးမြောက်သွားသည့်အခါ အချိန်ဆက်စပ်မှု အနည်းငယ်သာ ကျန်ရှိလိမ့်မည်။
ဒါက မတော်တဆဖြစ်ရပ် မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က ငါ ဝင်ရောက်စွက်ဖက်တာကို တားဆီးဖို့ ကောင်းကင်စာအုပ် ဖန်ဆင်းမှုကို နှောင့်နှေးထားတာပဲ…
သူက ကိစ္စများသည် ချောမွေ့နေလိမ့်မည်ဟု ထင်မထားခဲ့သော်လည်း သူ့အစီအစဉ်က ဤမျှခက်ခဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကောင်းကင်စာအုပ်က အချိန်မရှိတော့မှန်း သိ၍ စာအုပ်ကို ပိတ်လိုက်သည်။
သူ့ဦးစားပေးက အရူးကြီးချူး စိတ်ဝင်စားသည့်အရာကို လိုက်ရှာပြီး အလဲအလှယ် လုပ်ဖို့ရာ ဖြစ်သည်။ နှမြောစရာကောင်းလှသည်က ထိုအရာသည် ပြောရသည်ထက် ပိုမိုခက်ခဲနေသည်။
ချူးယွင်က ရူးနေသော်လည်း ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည့်အတွက် ဟွင်သွမ်းစကြဝဠာထဲတွင် တချို့အရာများကသာ သူ့ကို အလဲအလှယ်လုပ်ဖို့ရာ စိတ်ဝင်စားအောင် စွမ်းဆောင်နိုင်သည်။ လက်ရှိအနေဖြင့် ကောင်းကင်စာအုပ်က အတွေးတချို့ရှိထားသော်လည်း အကောင်အထည် မဖော်ရသေးပေ။
ဒါတွေအားလုံးထဲမှာ ဘယ်ဟာက အလွယ်ကူဆုံးနဲ့ သူ့စိတ်ဝင်စားမှုကို ရနိုင်မလဲ…
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် သိပ်မကြာခင် အဖြေကို ရရှိလိုက်သည်။
ဗုဒ္ဓဘာသာရဲ့ မူလဇစ်မြစ်
ကောင်းကင်စာအုပ်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အဆောင်တချို့ကို ဖွဲ့စည်းပြီး ကိုယ်ပွားတစ်ခုကို ဖန်တီးကာ တစ်နေရာဆီ စေလွှတ်လိုက်သည်။
…………………………………………………
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ ဒိုင်မေးရှင်းအမြင့်၊ အလင်းမဲ့အမှန်တရားရှေ့
မေတ္တယျက မျက်လုံးဖွင့်လာပြီး အဝေးတစ်နေရာကို ကြည့်နေမိသည်။ သူမက အချိန်မြစ်ကြောင်း၏ လှုပ်ခတ်မှုကို ခံစားမိလိုက်၏။ သူမက ထိုအပြောင်းအလဲနှင့် အင်မတန် ထိလွယ်ရှလွယ်၊ ခံစားလွယ်နေသည်မှာ ထိုအရာကို ကာကွယ်ဖို့ နှစ်များစွာ ကြိုးစားခဲ့ရ၍ ဖြစ်သည်။
သူမက အန္တိမသဟဇာတနှင့် ပူးပေါင်းခဲ့သည့် အကြောင်းအရင်းက အချိန်မြစ်ကြောင်းဆီမှ မည်သည့်လှုပ်ခတ်မှုမှ ထွက်ပေါ်မလာနိုင်အောင် ဖြစ်၏။ သို့သော် ကျင့်ကြံသူများက စံပြနယ်ပယ်အဆင့် ပထမဦးဆုံးအကြိမ် ဝင်ရောက်လာသည့်အခါ အချိန်မြစ်ကြောင်းက အပြင်းအထန် လှုပ်ခတ်လာလိမ့်မည်။
သူမ၏ ပြစ်ချက်ရှိ ထူးကဲသာလွန်မှုနည်းလမ်းက ထိုအပြောင်းအလဲများကို ခွင့်ပြုမထားသည့်အတွက် အန္တိမသဟဇာတ၏ အစီအစဉ်အတိုင်း လက်ခံခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုအခါ သူမ၏ အဆင့်ကို တည်ငြိမ်အောင် လုပ်ပြီးပြီဖြစ်၍ သူမ၏ စွမ်းအားက ရှေ့တစ်လှမ်း တိုးသွားရုံသာမက ထိုအဟန့်အတား သို့မဟုတ် အတက်အကျများကို ဂရုစိုက်စရာ မလိုတော့ပေ။
အနှစ်ချုပ်အားဖြင့် ကမ္ဘာကြီးကို ယခင်ကမ္ဘာအတိုင်း ပြန်လည်ဖြစ်စေလိုသည်။ ကမ္ဘာကြီးထံ ရွှေရောင်ခေတ်ကာလ တစ်ဖန် ဖြစ်စေလို၏။ ထိုနည်းလမ်းကသာ လူများစွာအား တာအိုကို ဆွေးနွေးပြီး ထူးကဲသာလွန်မှု တကယ့်လမ်းစဉ်ကို ရှာဖွေနိုင်လိမ့်မည်။
နှမြောစရာကောင်းလှသည်က အန္တိမသဟဇာတက ခေါင်းထဲတွင် အာဏာသာ ရှိနေသည်။
မေတ္တယျက သူ့ကို မျက်လုံးထောင့်မှ အသာကြည့်လိုက်၏။ ထိုသူကလည်း အတက်အကျ လှုပ်ခတ်မှုကို သတိထားမိသော်လည်း မျက်လုံးမျှသာ ပွင့်လာသည်။
ပန်းနှစ်မွှာက အခုထိ မတုံ့ပြန်သေးဘူးဆိုတော့ လှုပ်ရှားနေလောက်ပြီလား။ ဒါက ဒဏ်ခတ်မှုလား…
မေတ္တယျက ကမ္ဘာကို လေ့လာနေရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထိုစဉ် သူမက ဤအဆုံးမဲ့စကြဝဠာ၏ ထောင့်တိုင်းကို မြင်လိုက်ရသည်။
ဒီလူတွေကို ဖယ်ရှားနိုင်သရွေ့ ကမ္ဘာကြီးက ပြန်လည်ကြွယ်ဝတဲ့ ခေတ်ကာလကို ရောက်ရှိသွားလိမ့်မယ်။ အစစ်အမှန်ကောင်းကင်တာအိုကလည်း အန္တိမသဟဇာတနဲ့ ယှဉ်နိုင်ဖို့ စွမ်းရည်ရှိလာပြီး အားကောင်းလာလိမ့်မယ်။ အဲဒီအခါကျရင် သူ့ကံကြမ္မာက စံပြအဆင့် ကျဆင်းသွားတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သေဆုံးသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိစ္စတွေက အဲ့လောက်ထိ ရိုးရှင်းမှာတော့ မဟုတ်ဘူး…
သူမက ဤကမ္ဘာတွင် ဖြစ်ပျက်လာတော့မည့် ဆိုးဆိုးရွားရွား စစ်ပွဲကို မြင်နေမိသည်။
အချိန်စားသုံးသူက အစောပိုင်းအဆင့်တွေမှာ အပြောင်းအလဲကြီးတစ်ခုပဲ…
မေတ္တယျ၏ မျက်ဝန်းက အချိန်မြစ်ကြောင်းကို ထိုးဖောက်သွားကာ အဆုံးမဲ့ အချိန်စက်ဝန်းများကို မြင်တွေ့လိုက်ရသည်။ သူက အချိန်စားသုံးသူ၏ အစီအစဉ်ကို သိထား၏။ သူမက အကြွင်းမဲ့တားမြစ်ချက်မှ ထွက်လာသည့်အခါ ထိုသူက အသင်္ချေဘုံကို သွားလာဖို့အတွက် ခွင့်ပြုချက် လာရောက်တောင်းခံခဲ့၏။
မေတ္တယျက ငြင်းဆန်ခဲ့သည်။ ထိုအပြုအမူက အချိန်စားသုံးသူအား အန္တိမသဟဇာတ၏ ဘက်သို့ တွန်းပို့လိုက်သည့် ဓာတ်ကူး ဖြစ်လာစေခဲ့သည်။
သို့သော်လည်း သူက ရည်ရွယ်ချက် ကြီးမားလွန်းပြီး သူ့ကို အကျိုးအမြတ် ပေးသည့် လူကိုသာ ခစားမည်ဖြစ်ကြောင်း သိနေလေ၏။
သူနဲ့ဆိုရင် ကိစ္စတွေအားလုံးက အဆင်ပြေသွားမှာပါ…
မေတ္တယျက ဒိုင်မေးရှင်းအနိမ့်ကို စစ်ဆေးကြည့်လိုက်သည်။
သူမက ထိုနေရာတွင် ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို ခံစားမိသည့်အခါ တိတ်တဆိတ် ပြုံးလိုက်မိသည်။ ဒိုင်မေးရှင်းအနိမ့်၏ စည်ပင်ကြွယ်ဝမှုက အစစ်အမှန်ကောင်းကင်တာအိုကို အန္တိမသဟဇာတနှင့် တိုက်ပွဲအတွင်း များစွာ ကူညီပေးနိုင်လိမ့်မည်။
ထို့ကြောင့် သူမက ဝမ်ဝေ့အား ကာကွယ်ပေးပြီး သူ့အစီအစဉ်အား မည်သူမှ ဝင်ရောက်မစွက်ဖက်နိုင်အောင် စောင့်ကြည့်ထားသည်။ အန္တိမသဟဇာတက အားနည်းလာသည်နှင့် သူမက တိုက်ခိုက်လာမည်။
မေတ္တယျက အေးချမ်းနေသည့် အန္တိမသဟဇာတကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူက အကြီးကြီး လှုပ်ရှားတော့မည်ဖြစ်ကြောင်း ခံစားမိလေသည်။
…………………………………………………..
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ ဒိုင်မေးရှင်းအနိမ့်၊ အသင်္ချေအင်ပါယာကမ္ဘာ၊ ဖရိုဖရဲအချိန်နယ်မြေ
ဝမ်ဝေ့က စိတ်ကို တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားပြီး အတွေ့အကြုံကို ပြန်လည်သုံးသပ်လိုက်သည်။ သူက ထိုအချိန်မြစ်ကြောင်းအတွင်း သွားလာခဲ့မှုမှ ကိစ္စတချို့ကို သင်ယူခဲ့ရ၏။
ပထမဦးဆုံးနှင့် အရေးကြီးဆုံးက သူသည် သူ့အနာဂတ်ကိုယ်က အချိန်မြစ်ကြောင်းကို ဝင်ရောက်စွက်ဖက်နေသည့် ဖြစ်ရပ်များတွင် ပါဝင်ပတ်သက်နေကြောင်း အတည်ပြုလိုက်နိုင်သည်။ ယနေ့အထိ ဖမ်းစားချက်မျှသာ ရှိခဲ့သော်လည်း ယခုအခါ သက်သေရလာပြီဖြစ်၏။
ငါ့ဆီမှာ တောက်ပတဲ့ အနာဂတ်ရှိတာ ကောင်းပေမဲ့ အနာဂတ်ဆိုတာက အမြဲတမ်း ပြောင်းလဲနေတာ အချိန်ကို သွားပြီးစွက်ဖက်တာက ကပ်ဘေးဖြစ်လာနို်ငစေတယ်…
ဝမ်ဝေ့က သူ့အနာဂတ်ကိုယ်မှ သူ့ဆီယူဆောင်လာနိုင်မည့် ပြဿနာများကို ခန့်မှန်းကြည့်လိုက်သည်။ အနာဂတ်မှ အားကောင်းသည့် ရန်သူများက ထွက်ပေါ်လာပြီး သူ့အားနည်းသည့်ကိုယ်ကို သတ်ပစ်နိုင်သည်။
ငါ့အနာဂတ်ကိုယ်က ဘေးကင်းအောင် ကြိုတင်စီမံထားတာ သေချာပေမဲ့လည်း တစ်ခုခုများ မှားယွင်းသွားခဲ့ရင် ငါတော့ အဆုံးသတ်ပြီပဲ…
ဝမ်ဝေ့က ကိစ္စများသည် သူ့ထိန်းချုပ်မှုအတွင်းမရှိသည့်တွက် ခေါင်းကိုက်လာမိသည်။ သူက စစ်တုရင်ခုံတွင် ပါဝင်ပတ်သက်နေသော်လည်း လက်ရှိသူက စစ်တုရင်ကစားသမားဖြစ်မလာသေးပေ။
တခြားနည်းဖြင့်ပြောရလျှင် သူ့ရည်ရွယ်ချက်က ပိုမိုအားကောင်းကာ ကစားသမားတစ်ယောက်ဖြစ်လာဖို့ဖြစ်၏။
အဲဒါဆိုရင် အချိန်စက်ဝန်းကို ပြောင်းလဲတဲ့နေရာမှာ ပြဿနာရှိရမယ်…
သူက ဆက်တွေးလိုက်သည်။
အချိန်စက်ဝန်းတစ်ခုလုံးကို ပြောင်းလဲလိုက်တာက မေတ္တယျနဲ့ အန္တိမသဟဇာတတောင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်ခုလုံးကို ပိုင်းခြားပြီးတော့ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကနေ သက်ရောက်မှုမရှိအောင် တားဆီးနို်ငဖို့ မလုပ်နိုင်သရွေ့ သူတို့တောင် တတ်နိုင်တဲ့အရာမဟုတ်ဘူး…
ဝမ်ဝေ့က ထိုတွေ့ရှိချက်၏ နောက်ကွယ်မှ အရှုပ်အထွေးကို တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။ အချိန်စက်ဝန်းကို ဘယ်သူက ပြောင်းလဲခဲ့တာလဲ။ ငါလား။ ဒါမှမဟုတ် တခြားတစ်ယောက်လား။ အနာဂတ်ငါက ဘယ်လောက်အားကောင်းနေတာလဲ။ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်လား။ ဒါမှမဟုတ်ဘူဆိုရင် အစစ်အမှန်ထူးကဲသာလွန်မှုအဆင့်လား…
ဝမ်ဝေ့က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သည် ထင်ထားသည်ထက် ပိုမိုကျယ်ပြန့်ကာ အဆင့်များစွာရှိမည်ဖြစ်ကြောင်း ကောက်ချက်ချမိသည်။ အကယ်၍ ထိုအရာသာ အမှန်ဖြစ်နေပါက အဆင့်တစ်ခုကြားစီရှိ ကွာဟချက်သည် သာမန်ပုရွက်ဆိတ်နှင့် ထိပ်သီးအဆုံးစွန်မဲ့စံပြကြားမှ ကွာဟချက်လောက် ကြီးမားနေနိုင်သည်။
ဝမ်ဝေ့က သူ့သုံးသပ်ချက်ကို အဆုံးသတ်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ သတင်းအချက်အလက်များကို မှတ်သားထားလိုက်သည်။ နောက်ဆုံးအနေဖြင့် သူက ဖရိုဖရဲအချိန်နယ်မြေကို အာရုံစိုက်လိုက်၏။ ကျိဝူက ဤအချိန်စက်ဝန်းမှ ထွက်ခွာသွားပြီဖြစ်ကာ တခြားအချိန်စက်ဝန်းတွင် နောက်ထပ်သူနှင့် ပေါင်းစည်းသွားပြီဖြစ်ပြီး ဤနေရာအား ပိုင်ရှင်မဲ့ ချန်ထားခဲ့သည်။
“ဒီနေရာမှာ ဖရိုဖရဲအချိန်စွမ်းအားတွေ မရှိတော့ပေမဲ့လည်း ဒီနေရာက အသုံးဝင်နိုင်သေးတယ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်၏။
“ဒါက ဖရိုဖရဲအချိန်စွမ်းအားနဲ့ ဆေးကြောခံထားရတာဆိုတော့ လေဟာနယ်တိုက်ပွဲကွင်းပြင်အတွက် ပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်ပဲ”
ဝမ်ဝေ့က ထူးကဲသည့် လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ဖန်တီးဖို့ လိုအပ်နေသည့် ရတနာများအား ရှာဖွေဖို့ ကုန်သွယ်ရေးဗဟိုချက်ဆီ ရောက်ရှိနေသည့် ဓားရေးအရှင်ဆီ သတင်းစကား ပို့ဆောင်လိုက်သည်။ သို့သော် ယခုပိုမိုကောင်းမွန်သည့် အစီအစဉ်တစ်ခု ရှိလာမိ၏။
“လေဟာနယ်တိုက်ပွဲကွင်းပြင်က ငါနဲ့ လူအိုကြီးငရဲရဲ့ တိုက်ခိုက်ရေးကို ခံနိုင်ရည် ရှိရမယ်။ အဲဒါဆိုတော့ ဗလာနတ္ထိစွမ်းအားနဲ့ အားဖြည့်ပြီး ဖန်တီးတာ ကောင်းလိမ့်မယ်”
အကယ်၍ သူသာ ထိုနေရာကို ဗလာနတ္ထိ စွမ်းအား ပြည့်နှက်နေသည့် နေရာတစ်ခုကို ဖန်တီးထားလိုက်ပါက ကောင်းကင်ဘုံအဆင့် စွမ်းအားကို မည်သို့ပင် အသုံးပြုစေကာမူ လေဟာနယ်တိုက်ပွဲကွင်းပြင်က ပြိုလဲသွားမည် မဟုတ်ပေ။
ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ဗလာနတ္ထိ စွမ်းအား ပမာဏအမြောက်အများကို စုစည်းကာ ဖရိုဖရဲအချိန်နယ်မြေနှင့် ပေါင်းစည်းခဲ့သည်။
“ထင်ထားတဲ့အတိုင်း အချိန်နဲ့ စွမ်းအားအများကြီး အားဖြည့်ပြီးတဲ့နောက်မှာ ဗလာနတ္ထိစွမ်းအားက ချက်ချင်း ဖျက်ဆီးမပစ်နိုင်ဘူးပဲ။ အနှစ်ချုပ်ဆိုရင် ပေါင်းစည်းဖို့တောင် ပိုပြီးတော့ လွယ်ကူလာသေးတယ်”
သူက သူ့ခန္ဓာကိုယ်ပြိုလဲသွားမှုနဲ့ သေဆုံးမှုကို စိုးရိမ်စရာ မလိုသည့်အတွက် ဝမ်ဝေ့က ဗလာနတ္ထိစွမ်းအားကို သူ လိုချင်သလောက် တတ်နိုင်သမျှ များများစုစည်းနိုင်ပြီး ဗလာအနေအထား ရုပ်ခန္ဓာကို ကြားခံနယ်အဖြစ် အသုံးပြုထားသည်။
ထို့ကြောင့် သူက ထိုအဆင့်ကို အချိန်တိုအတွင်း ဗလာနတ္ထိစွမ်းအား ပြည့်နှက်နေသည့် ဒိုင်မေးရှင်းငယ်တစ်ခုအဖြစ် သန့်စင်ခဲ့သည်။
“ကောင်းပြီ” ဝမ်ဝေ့က ထရပ်ရင်း မှတ်ချက်ပေးလိုက်သည်။
သူက လေထုထဲ အားကုန်သုံး၍ လက်သီးထိုးခွင်းလိုက်သည်။
သို့သော်လည်း သိပ်မကြာခင် ဘေးဖက်တွင် အက်ကြောင်းများ မြင်လိုက်ရသည့်အတွက် မျက်မှောင်ကြုတ်မိသွား၏။
“မပြီးသေးဘူး” သူက ရေရွတ်လိုက်သည်။
“အရင်ဆုံး အမြုတေအနေနဲ့ သုံးလို့ရမဲ့ ပစ္စည်းတစ်ခုကို ရှာရမယ်။ ပြီးတော့ ဒါကို ဆက်လက် အားဖြည့်ပေးရဦးမယ်။ ဒီနည်းနဲ့ဆိုမှ အဆင်သင့်ဖြစ်သွားလိမ့်မယ်”
သူ့စွမ်းအားက ကန့်သတ်ချက်ကို မကျော်လွန်သေးသော်လည်း ဤနေရာတွင် အက်ကြောင်းများကို ဖန်တီးနိုင်သည့်အတွက် အဆင်သင့်မဖြစ်သေးပေ။
ခဏလောက် အားဖြည့်ပြီးတဲ့နောက်မှာ ငါ စမ်းသပ်ကြည့်ရမယ်…
ဝမ်ဝေ့က လက်ကို မြှောက်ကာ ကိုယ်ပွားတစ်ခု ဖန်ဆင်းပြီး ဖရိုဖရဲအချိန်နယ်မြေကို သန့်စင်ဖို့ ချန်ထားခဲ့သည်။ သူကမူ ထိုနေရာမှ ထွက်လာပြီး အိမ်သို့ ပြန်လာခဲ့လိုက်၏။
ဖရိုဖရဲအချိန်နယ်မြေက ကမ္ဘာကြီးမှ ပျောက်ကွယ်သွားသည့်အခါ ကောင်းကင်ဧကရာဇ်က နောက်ထပ်တားမြစ်နယ်မြေ တစ်ခုကို အပိုင်သိမ်းခဲ့ကြောင်း လူများစွာက သိသွားကြသည်။
ဝမ်ဝေ့က အိမ်သို့ ပြန်လာပြီး ကောင်းချင်ခွန်းကို ဆင့်ခေါ်လိုက်သည်။ သူက ဂိုဏ်းအတွင်း စောင့်ကြည့်သူမျှော်နန်းဆောင်ကို ဖွင့်လှစ်ခဲ့ပြီး စောင့်ကြည့်သူဂိုဏ်း၏ ခေါင်းဆောင်အား မျှော်နန်းသခင်အဖြစ် နေရာချထားခဲ့သည်။ ယခုမှစ၍ တာအိုအခွင့်အလမ်းဂိုဏ်းတွင် နောက်ထပ် မျိုးနွယ် တစ်ခု ရှိလာလိမ့်မည်။
မျိုးဆက်တစ်ခုချင်းစီတွင် စောင့်ကြည့်သူ မျှော်နန်းဆောင်က ဤရာထူးကို လက်ခံဖို့ လူတစ်ယောက်ကိုသာ ရွေးချယ်မည်ဖြစ်ပြီး ကမ္ဘာ၏ သမိုင်းကြောင်းကို ဆက်တိုက် မှတ်တမ်းတင်ထားလိမ့်မည်။ ထိုမျိုးဆက်အသစ်က ဂိုဏ်းအတွင်း အာဏာရှိမည် မဟုတ်ဘဲ ရွေးချယ်ခံများက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုအရာက ပေးစွမ်းနိုင်သည့် ကံကောင်းမှုနှင့် ကြမ္မာတို့ကြောင့် ဂိုဏ်းထံ အရေးပါသည့် မျိုးနွယ် တစ်ခု ဖြစ်နေလိမ့်မည်။
အရာအားလုံးကို ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က အပြင်ဘက်လောကကို စစ်ဆေးကြည့်လိုက်သည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေကြောင်း သဘောပေါက်သွားပြီးသည့်နောက်တွင် သူက နောက်ပစ်မှတ် ဖြစ်သည့် တာအိုသင်္ချိုင်းမြေဆီ ဦးတည်လိုက်သည်။