← Chapters

ထူးကဲသော အမွေအနှစ်

Vol. 70 Ch. 971

ထူးကဲသော အမွေအနှစ်

Vol. 70 Ch. 971

ဝမ်ဝေ့က ခြေတစ်လှမ်းဖြင့် နောက်ထပ် ကမ္ဘာ့အသိုက်အဝန်းတစ်ခုဆီ ရောက်ရှိလာသည်။ အတွေးတစ်ချက်ဖြင့် သူက ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။

“ဒီလူတွေက ဘယ်လိုပုန်းအောင်းရမလဲဆိုတာကို သိနေတာပဲ”

သူ့လက်ရှိအင်အားဖြင့် သူတို့က ဤနေရာတွင် ရှိနေမှန်း သိလျှင်ပင် တာအိုသင်္ချိုင်းမြေ၏ နေရာအတိအကျကို မတွေ့နိုင်သေးပေ။

ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ထိုနေရာအပေါ် သူ့ဇနီး ချန်ထားခဲ့သည့် အမှတ်အသားကို အသက်သွင်းလိုက်ပြီး ထူးခြားသည့် ဒိုင်မေးရှင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

ဒါက ဟွင်သွမ်းရတနာလား…

ဝမ်ဝေ့က တာအိုသင်္ချိုင်းမြေ၏ တည်နေရာကို မြင်သည့်အခါ တွေးလိုက်မိ၏။

ဒါက ထိပ်သီးဟွင်သွမ်းရတနာ ဖြစ်တဲ့ပုံပဲ။ အထွတ်အထိပ် ဟွင်သွမ်းရတနာအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီ…

ဝမ်ဝေ့က ဤတားမြစ်နယ်မြေကို ဖြေရှင်းသည့်အခါ နောက်ထပ်အကျိုးကျေးဇူး တစ်ခုကို သဘောပေါက်သွားသည့်အတွက် အကြည့်များ တောက်ပလာသည်။ သူက ရှေ့တစ်လှမ်းတိုးကာ ထိုနေရာကို ကြည့်နေရင်း သူ့ခေါင်းထဲတွင် ပထမဆုံး ပေါ်ထွက်လာသည့် အတွေးက ဤနေရာသည် သူ့ဂိုဏ်း၏ စည်းပိတ်ထားသည့် နေရာနှင့် တူညီနေခြင်း ဖြစ်၏။ ဒုတိယအတွေးကမူ ဤနေရာတွင် အငြိုးအတေး များပြားလွန်းနေသည်။

ဒီလူတွေက အသက်တွေ ဘယ်လောက်တောင် သတ်ခဲ့တာလဲ။ ဘာရည်ရွယ်ချက်အတွက်လဲ…

သူက ထိုတားမြစ်နယ်မြေ၏ အသက်များစွာ သတ်ဖြတ်ရသည့် ရည်ရွယ်ချက်ကို စဉ်းစားနေခဲ့သည်။ သူတို့အနေဖြင့် ကျင့်ကြံရေးအတွက် လုပ်ဆောင်ဖို့ရာ အဓိပ္ပာယ်မရှိပေ။

မဟာဧကရာဇ်များက သေမျိုးများကို သတ်ဖြတ်ခြင်းအတွက် ကံကြွေး၊ ဝဋ်ကြွေးကို ဂရုမစိုက်ကြသော်လည်း အသွေးနှင့်အသားအတွက် ချန်ထားခဲ့သည့် အငြိုးအတေးနှင့် စွဲလမ်းမှုများက ကျင့်ကြံရေးအတွက် ဆိုးကျိုး ဖြစ်နိုင်သည်။

သူတို့က အသက် မည်မျှပင် သတ်စေကာမူ သူတို့၏ ကျင့်ကြံရေးက ဖြည်းဖြည်းချင်းသာ တိုးတက်လာလိမ့်မည်။ အကောင်းဆုံးရွေးချယ်မှုက ထိုအားနည်းသည့် သေမျိုးများအစား အင်မော်တယ်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ဖို့ ဖြစ်၏။

သူတို့က အသွေးအသား ဒါမှမဟုတ်ဘူးဆိုရင် အကုသိုလ်ကို အသုံးပြုတဲ့ အရင်းအမြစ်နည်းစနစ်တစ်ခုများ ရှိနေတာလား…

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ သိပ်မကြာခင် သူက အဖြေကို ရှာဖွေတွေ့ရှိနိုင်သည့်အတွက် ယခုစဉ်းစားနေ၍ အကျိုးမရှိပေ။ သူက ဤနေရာတွင် အိပ်စက်နေသည့် ခေါင်းတလားများစွာကို ကြည့်လိုက်၏။

ထာဝရအရှင်၊ တာအိုဘိုးဘေးနဲ့ မဟာဧကရာဇ်တွေလောက် အများကြီးနဲ့ဆိုရင် ဒီနေရာက အသင်္ချေအင်ပါယာကမ္ဘာ တစ်ခုလုံးကိုတောင် စိတ်အေးလက်အေးနဲ့ အုပ်စိုးနိုင်လိမ့်မယ်…

ဝမ်ဝေ့က ဤနေရာ၏ စွမ်းအားကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သမိုင်းကြောင်းမှတ်တမ်းအရ တာအိုသင်္ချိုင်းမြေသည် မဟာဧကရာဇ်များက ပုန်းအောင်းရာမှ ထွက်ပေါ်လာပြီး သက်ရှိများစွာကို သတ်ဖြတ်ကြသည့် အနီရောင်လှိုင်းဟု ခေါ်ဆိုသည့် ဆိုးဆိုးရွားရွား ဖြစ်ရပ်အတွက် တာဝန်ရှိသူ ဖြစ်၏။

ပေါ်ထွက်လာသည့်သူများက သူတို့၏ ဇစ်မြစ်ကို ဖုံးကွယ်ထားကြသော်လည်း သူတို့၏ စွမ်းအားက တစ်သတ်မှတ်တည်း ဖြစ်၏။ သူတို့က ဧကရာဇ်မျိုးနွယ်ကို မတိုက်ခိုက်ကြဘဲ သူတို့ကို တိုက်ခိုက်သည့် မျိုးနွယ်များကိုပင် ပြန်လည်တိုက်ခိုက်ဖို့ ငြင်းဆန်ကြသည်။

သူတို့က အသွေးအသားနှင့် အကုသိုလ်များကို သတ်ဖြတ်ဖို့သာ စုစည်းကြ၏။

အကယ်၍ အင်အားစုတစ်ခုက သူတို့ကို တားဆီးဖို့ ကြိုးစားခဲ့ပါက သူတို့သည် ထိပ်တိုက်ရင်ဆိုင်မှုကို လျစ်လျူရှုထားခြင်း သို့မဟုတ် သူတို့၏ တိုက်ခိုက်သူအပေါ် ယာယီစည်းတံဆိပ်ထားပြီး သူတို့၏ ကိစ္စကို ဆက်လက်ဆောင်ရွက်ခြင်းတို့သာ ပြုလုပ်လေ့ရှိသည်။

ထိုသတိကြီးကြီးထားသည့် အပြုအမူကြောင့် ဤနေရာသည် မည်မျှအားကောင်းကြောင်း ဘယ်သူကမှ မသိကြပေ။

ဝမ်ဝေ့က ခေါင်းတလားများကို ကြည့်နေပြီး အချိန်မဖြုန်းတော့ပေ။ သူက သူတို့၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုကာ ထိုသူများက အဘယ်ကြောင့် ဤသို့ပြုမူနေကြောင်း စစ်ဆေးကြည့်လိုက်သည်။

ဒါက ဒီလိုကိုး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ထိုလူအားလုံးက ဒိုင်မေးရှင်းအမြင့်မှ အပြစ်ကျူးလွန်သူများ ဖြစ်၏။ သူတို့က ဒိုင်မေးရှင်းအမြင့်တွင် အပြစ်ကြွေးတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို ရန်စခဲ့၍ အင်အားစုများဆီမှ အမဲလိုက်ခံရသည့်သူများ ဖြစ်ကြသည်။

ထို့ကြောင့် ဤနေရာ၏ ခေါင်းဆောင် ဒိဌိဧကရာဇ်က သူတို့ကို သွားရောက်တွေ့ဆုံကာ စည်းမျဉ်းမဲ့ဇုန်အပြင် ဒိုင်မေးရှင်းအနိမ့်တွင် ပုန်းအောင်းဖို့နေရာတစ်ခုကို ပေးအပ်လာသည်။ သူက သူတို့အား ကျင့်ကြံနိုင်ဖို့အတွက် ကမ္ဘာ့အရင်းအမြစ်ကို စုစည်းဖို့အထိ ကတိပေးထားခဲ့သည်။

ထိုလူများကလည်း သဘောတူကြသည်။

အမည်မသိ နည်းလမ်းတချို့ဖြင့် ဒိဌိဧကရာဇ်က ထိုသူအားလုံးကို ဒိုင်မေးရှင်းအနိမ့်ဆီ ခေါ်ဆောင်နိုင်ခဲ့သည်။ ခဏအကြာတွင် တစ်ခါတစ်ရံသူတို့က အနီရောင်လှိုင်းကို ထုတ်လွှတ်ကာ ကမ္ဘာနှင့် ကောင်းကင်တာအိုကို အားနည်းအောင် လုပ်ပြီး အသင်္ချေအင်ပါယာကမ္ဘာ တစ်ခုလုံးဆီမှ ကမ္ဘာ့အရင်းအမြစ်ကို ခိုးကာ စုပ်ယူကြသည်။

ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ…

ဝမ်ဝေ့က ဤနေရာရှိ တခြားနေရာလွတ်တစ်ခုကို ကြည့်ရင်း တွေးလိုက်သည်။ ထို့နောက် သူက ထိုလူများကို အာရုံစိုက်ထားလိုက်၏။

တာအိုဘိုးဘေးနှင့် မဟာဧကရာဇ် နှစ်ယောက်လုံးက ဧကရာဇ်ဝိညာဉ်ဆေးလုံးနှင့် ဧကရာဇ်မဟာတာအို ဉာဏ်အလင်းပွင့်ဆေးလုံးကို သန့်စင်ဖို့ ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။ ထိုစဉ် သူက ထာဝရအရှင်များကို ကျင့်ကြံရေးကို တိုးမြှင့်ဖို့ အင်မော်တယ်ချီဆေးလုံးအဖြစ် ပြောင်းလဲသန့်စင်တာမျိုး သို့မဟုတ် ဂိုဏ်းအတွက် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်တာမျိုး လုပ်ဆောင်နိုင်သည်။

ထို့အပြင် သူက မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရားအဆင့်သို့ ဝင်ရောက်နေသည့် မဟာဧကရာဇ်နှစ်ပါးကိုလည်း မြင်လိုက်ရသည်။

ဝမ်ဝေ့က သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်ကာ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ မဟာခွန်အား ဆေးလုံးအဖြစ် ပြောင်းလဲပစ်နိုင်သည်။

နောက်ဆုံးအနေဖြင့် သူက ထိုသူများ၏ ဝိညာဉ်မှ စိတ်ဝင်စားဖွယ် နည်းစနစ်နှင့် ဗဟုသုတများကို ရရှိနိုင်လေသည်။ သူတို့၏ အသုံးအဆောင်များနှင့် တခြားပစ္စည်းများကို ထည့်မပြောရသေးပေ။

တကယ့်ကို ကြီးမားတဲ့ ရိတ်သိမ်းမှုပဲ…

ဝမ်ဝေ့က လက်ကို ဝှေ့လိုက်ပြီး ထိုသူများ၏ စွမ်းအားကို စည်းပိတ်ကာ ကူကယ်ရာမဲ့ဖြစ်စေလိုက်သည်။

ထို့အပြင် သူက တခြားဒိုင်မေးရှင်းမှ လူများကိုလည်း လျစ်လျူရှုမထားခဲ့ပေ။

တစ်ခါတစ်လေ စွမ်းအားကြီးလွန်းတာက ပျင်းစရာကောင်းသားပဲ…

ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် ထိုနေရာမှ ပျောက်ကွယ်သွား၏။

“မင်းက ဘယ်သူလဲ” ဒိဌိဧကရာဇ်က မေးလိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်နေလေ၏။

“အင်း ကျုပ်ကို ရှာတွေ့သွားပြီပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ခင်ဗျားရဲ့ အမြင်က အတော်လေးကို ထူးကဲတာပဲ”

“ဝမ်ဝေ့” ဒိဌိဧကရာဇ်က ရေရွတ်လိုက်သည်။ သူ့အစိမ်းရောင်ဆံပင်များက စိတ်ခံစားချက်နှင့်အတူ အရောင်မှောင်မိုက်လာသည်။

“ပထမကလေး ဘာတွေဖြစ်နေတာလဲ” ဝမ်ဝေ့၏ တည်ရှိမှုကို မြင်တွေ့ပြီးသည့်နောက်တွင် လူအိုကြီးက မေးလာသည်။ သူ့အမူအရာက သူ့ခေါင်းဆောင်နှင့် အတူတူဖြစ်ပြီး တခြားသော ညီအစ်ကိုများကလည်း တူညီသည့် အမူအရာမျိုး ရှိနေကြသည်။

“ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့တာလဲ”ဒိဌိဧကရာဇ်က မေးလိုက်သည်။

“ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ဇနီးချောလေးက မင်းတို့ ကြွက်တွေအားလုံးကို ဖယ်ရှားလို့ရအောင် ဒီနေရာမှာ နောက်ယောင်ခံအမှတ်အသားတစ်ခု ချန်ထားခဲ့တယ်လေ” ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်ရင်း ပြောလိုက်သည်။

“မင်းတို့က လေးယောက် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ဘာပဲဖြစ်ဖြစ်လေ ဘယ်လောက်ပဲများများ ကိစ္စမရှိဘူး”

ဝမ်ဝေ့က သူတို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“တစ်ခုခုတော့ လွဲနေပြီ”

ဒိဌိဧကရာဇ်က ချက်ချင်း တိုက်ခိုက်လိုသော်လည်း သူ့အန္တရာယ်ခံစားနှုန်းက အလိုလို အသိဝင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းက သူ့ကို ထွက်ပြေးဖို့ ပြောနေလေ၏။ သူ့တည်ရှိမှုကပင် ကြောက်မက်ဖွယ်ကောင်းသည့် အန္တရာယ်အကြောင်း သတိပေးနေသည်။

ဝမ်ဝေ့၏ မျက်ဝန်းထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ “ခင်ဗျားတို့က လူအတူတူပဲကိုး … အော် ဒါ ဒီလိုကိုး။ အသွေးအသားနဲ့ အကုသိုလ်တွေက ကမ္ဘာကို အားနည်းပြီး ကမ္ဘာ့အရင်းအမြစ် စုဆောင်းဖို့တင်မကပဲနဲ့ ခင်ဗျားကို တခြားတစ်ယောက်ရဲ့ တည်ရှိမှုနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ခွင့်ပြုပေးထားတဲ့ ထူးထူးဆန်းဆန်း နည်းစနစ်တစ်ခုပဲ”

ဝမ်ဝေ့က သူ့မျက်နှာအပေါ်မှ အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“အသွေး၊ အသား၊ ဝိညာဉ်၊ မှတ်ဉာဏ်နဲ့ စိတ်ခံစားချက်တွေက တစ်စုံတစ်ယောက်ရဲ့ တည်ရှိမှုရဲ့ အရိုးရှင်းဆုံး ပြယုဂ်ပဲ။ အဲဒါဆိုတော့ ဒီနည်းစနစ်အတွက် ပြီးပြည့်စုံနဲ့ ကြားခံနယ်တစ်ခု ဖြစ်နေမှာပေါ့။ ဒီလိုမျိုး နည်းစနစ်ကို ဘယ်ပါရမီရှင်ကများ ဖန်တီးခဲ့တာလဲ။ ခင်ဗျားလား”

သူက ဒိဌိဧကရာဇ်ကို ကြည့်ကာ “မဟုတ်သေးဘူး။ ခင်ဗျားရဲ့ တုံ့ပြန်မှုအရဆိုရင်တော့ ခင်ဗျား မဖြစ်နိုင်ဘူး။”

ဒိဌိဧကရာဇ်က လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်ပြီး သူ့လက်ကိုပင် ဖျက်ဆီးလုနီးပါး ဖြစ်နေသည်။ သို့သော် ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထား၏။ သူက တခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

“ကွဲပြားတဲ့ ထာဝရဧကရာဇ် ၄ယောက်။ တစ်ယောက်ချင်းစီက ခင်ဗျားနဲ့ တူတယ်။ ဒီလိုဖြစ်ပျက်နိုင်ချေက အရမ်းကို နည်းပေမဲ့ သူတို့ရဲ့ သွင်ပြင်က အံဝင်ခွင်ကျ ဖြစ်သွားတဲ့ ရလဒ်ပဲ။

သူတို့တစ်ယောက်ချင်းစီက ခင်ဗျားဘဝရဲ့ အသက်အရွယ်အမျိုးမျိုးက လူတွေနဲ့ တူနေတယ်။ ကလေးဘဝ၊ လူလတ်ဘဝနဲ့ အသက်ကြီးဘဝပေါ့။ ခင်ဗျားက လူငယ်ဘဝကို ကိုယ်စားပြုတယ်။

ဒါပေမဲ့ ဒီကလေးရဲ့ မတည်ငြိမ်သေးတဲ့ အရှိန်အဝါအပေါ် မူတည်ပြီးတော့ ဒီနည်းစနစ်က ပြစ်ချက်တော့ ရှိနေမှာ။ ခင်ဗျားက ထာဝရဧကရာဇ်ကို ကြားခံနယ်အနေအဖြစ် သုံးထားပေမဲ့ လုံလောက်တဲ့ အသွေးအသား မရှိဘူးဆိုရင် သူ့ရဲ့ ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း လျော့ကျသွားလိမ့်မယ်”

ဤရိုးရှင်းလှသည့် သုံးသပ်မှုဖြင့် ဝမ်ဝေ့သည် တည်ရှိမှုအပေါ် နားလည်နိုင်စွမ်းက ကွဲပြားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူက အခန်းအတွင်းမှ တင်းမာမှုကို လျစ်လျူရှုထားပြီး ဆက်လက် သုံးသပ်လိုက်သည်။

“ဒီနည်းစနစ်ကို သုံးတဲ့ ရည်ရွယ်ချက်က ဘာလဲ”

ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ဝင်လာသည်။

“ခင်ဗျားရဲ့ တည်ရှိမှုကို ပိုပြီးတော့ အားကောင်းလာပြီးတော့ သတ်ဖို့ ခက်အောင် လုပ်ဖို့လား။ အစစ်အမှန် ထာဝရလမ်းစဉ်အတွက်လား .. မဟုတ်သေးဘူး ဒါတွေက ဆိုးကျိုးရှိတယ်ဆိုတော့ ခင်ဗျားရဲ့ ရည်ရွယ်ချက် အစစ်အမှန် မဖြစ်နိုင်ဘူး။ တကယ်လို့ ကျုပ် မှန်းဆကြည့်ရမယ်ဆိုရင် ခင်ဗျားက ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်ဖို့ ပြင်ဆင်နေတာပဲ”

ဒိဌိဧကရာဇ်က တည်တည်ငြိမ်ငြိမ် နေဖို့ ကြိုးစားသော်လည်း သူ့မျက်ဆံက ထိုစကားကို ကြားပြီးသည့်နောက်တွင် ကျုံ့မိသွားသည်။

သူက သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်လိုက်သော်လည်း ဝမ်ဝေ့က အပြောင်းအလဲကို သတိထားမိခဲ့၏။

“ကျုပ် ပြောတာမှန်နေတာပဲ။ ခင်ဗျားက အစစ်အမှန်ကိုယ်ကို နားလည်အောင် လုပ်ဖို့ ယုံကြည်ချက်မရှိတော့ ဒီနည်းလမ်းနဲ့ အနာဂတ်အတွက် နားလည်မှုနဲ့ ပြင်ဆင်မှုကို နက်နဲစေဖို့ ဒီနည်းလမ်းကို အသုံးပြုခဲ့တာပဲ။ တကယ်လို့ အောင်မြင်တယ်ဆိုရင် ခင်ဗျားက သာမန် ထာဝရကောင်းကင်ဘုံအဆင့်ဖြစ်လာမှာ မဟုတ်ဘဲနဲ့ အကောင်းဆုံးထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ဒီနည်းလမ်းနဲ့ပဲ အဆုံးစွန်မဲ့ စံပြတစ်ယောက်အထိ ဖြစ်လာနိုင်တယ်။ ဟင်း ရည်မှန်းချက် ကြီးလိုက်တာ”

သူက တောက်တောက်ပပ ပြုံးလိုက်သော်လည်း တခြားသူများအတွက်မူ သူတို့ကို လှောင်ပြောင်နေသလိုမျိုး ဖြစ်နေသည်။

“ဒါပေမဲ့ ကျုပ် သံသယတချို့တော့ ရှိတယ်။ ဒီနည်းစနစ်က ဒီလိုရိုးရှင်းတဲ့ အရာတွေအတွက်ပဲ အသုံးဝင်တာလား။ ကျုပ် အလိုလိုသိစိတ်ကတော့ ဒီထူးကဲတဲ့ အမွေအနှစ်က ခင်ဗျားအပေါ်မှာ အလကားဖြစ်တယ်လို့ ခံစားမိတယ်”

ဒိဌိဧကရာဇ်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူက ထိုအချိန်အခါပြီးကတည်းက သူ့ဘဝ၏ အကြီးမားဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိထား၏။ ထို့ကြောင့် သူက သူ့အသက်ရှင်ဖို့ သတိကြီးကြီးထားထားဖို့ လိုအပ်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူအသက်ရှင်နေသရွေ့ ပြန်လည်ပေါ်ထွက်လာဖို့ အခွင့်အရေး ရှိ၏။

“ဝမ်ဝေ့ ငါတို့ကြားမှာ ရန်ငြိုး မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ပြီး သတ်ဖြတ်နေဖို့ မလိုပါဘူး” ဒိဌိဧကရာဇ်က ပြောလိုက်သည်။

“အမှန်ပဲ။ ဒါပေမဲ့ ကျုပ်က ခင်ဗျား လုပ်ခဲ့တဲ့အရာတွေကို သည်းမခံနိုင်ဘူး။ အဲဒါဆိုတော့ ဒီနေ့ ခင်ဗျားသေရမယ်”

“ကြောင်သူတော်ဆန်မနေစမ်းပါနဲ့။ မင်းရဲ့ လက်မှာရော သွေးစွန်းနေတာ မဟုတ်ဘူးလား”

“ဒါပေါ့။ ဒါပေမဲ့ ခင်ဗျားလောက်တော့ မများဘူး”

“မင်းက တကယ်ကို အစစ်အမှန် မိစ္ဆာတစ်ကောင်ပဲ” ဒိဌိဧကရာဇ်က ပြောလိုက်သည်။

“မင်းလိုလူတွေက ဘယ်တုန်းကများ ကျင့်ဝတ်ကို ဂရုစိုက်လို့လဲ”

“လူတွေက ကျုပ်အကြောင်း မကြာခဏ အဲ့လိုမျိုး တွေးတတ်ကြတယ်လေ။” ဝမ်ဝေ့က ခေါင်းခါလိုက်ပြီး “ကျုပ်က အောက်ခြေစည်းမျဉ်း ရှိတယ်။ ဘယ်လောက်ပဲ နိမ့်ကျနိမ့်ကျ ကျုပ်ရဲ့ စိတ်နဲ့ အပြုအမူတွေကို အတားအဆီးဖြစ်စေမဲ့ ကျင့်ဝတ်အတားအဆီးတွေ မလိုချင်ရုံပဲ”

ဝမ်ဝေ့က ထိုလေးယောက်၏ မျက်နှာပေါ်မှ လှောင်ပြောင်မှုကို မြင်လိုက်ရသည်။

“ခင်ဗျားတို့က ကျုပ်ကို ကြောင်သူတော်ဆိုပြီး တိတ်တဆိတ် ခေါ်နေမယ်ဆိုတာလည်း သိတယ်။ အဲဒါကိုလည်း မငြင်းပါဘူး။ ကံကောင်းတာက ခင်ဗျားတို့ ဘယ်လိုတွေးတွေး ကျုပ်က ဂရုမစိုက်ဘူးဆိုတာပဲ”

All Chapters