← Chapters

ဒိဌိဧကရာဇ်၏ အတိတ်

Vol. 70 Ch. 972

ဒိဌိဧကရာဇ်၏ အတိတ်

Vol. 70 Ch. 972

“ညှိနှိုင်းခွင့် မရှိတော့ဘူးလား” ဒိဌိဧကရာဇ်က မေးလိုက်သည်။

“မရှိဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။

“တကယ်လို့ ကျင့်ဝတ်အကြောင်း ထည့်မပြောရင်တောင် ခင်ဗျားကို သတ်လိုက်တာက ကျုပ်အတွက် ပိုပြီးတော့ အကျိုးအမြတ် ရှိတယ်”

“အဲ့လိုတော့ မဟုတ်ပါဘူး” ဒိဌိဧကရာဇ်က ပြောလိုက်သည်။

“ငါ့ရဲ့ အမွေအနှစ်ကို ပေးပါ့မယ်”

“ခင်ဗျားကို သတ်ပြီးရင်လည်း ကျုပ်အပိုင် ဖြစ်လာမှာပဲ”

“ငါ ကြိုတင်ဖျက်ဆီးလိုက်ရင်တော့ ဖြစ်လာမှာ မဟုတ်ဘူး”

“ကျုပ်ရှေ့မှာ ခင်ဗျား လုပ်နိုင်လားဆိုတာ စမ်းကြည့်လိုက်လေ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ထိုထာဝရဧကရာဇ် လေးပါးက ထိတ်လန့်သွားကြ၏။ သူတို့က အိပ်မက်ဆိုးနှင့်တူသည့် စွမ်းအားကို သဘောပေါက်သွားကာ သူတို့၏ ခုခံမှုက အသုံးမဝင်ပေ။

ဒိဌိဧကရာဇ်က အလျင်အမြန် စိတ်ထိန်းလိုက်သည်။

သူကဒိုင်မေးရှင်းအမြင့်တွင် နေထိုင်ခဲ့ဖူးပြီး စံပြများ၏ စွမ်းအားကို တွေ့ကြုံခံစားခဲ့ဖူးသည်။ ထိုအရာက အလှမ်းဝေးနေပြီဖြစ်သော်လည်း မမေ့နိုင်သည့် အတွေ့အကြုံတစ်ခု ဖြစ်နေဆဲ ဖြစ်၏။

ထို့အပြင် ထိုစဉ်အခါက တိုက်ပွဲတုန်းက သူ့စိတ်က သူ့ဘဝတစ်လျှောက်လုံး၌ အမြန်ဆန်ဆုံး တွက်ချက်ခဲ့ရသည်။

“မင်းအတွက် အလုပ်လုပ်ပေးရင် ဘယ်လိုလဲ”

“အော် ကျုပ်ဆီမှာ အညံ့ခံချင်တာလား”

“ဟုတ်တယ်။ သေချာတဲ့ အချိန်ပမာဏတစ်ခု ကတိပေးမယ်ဆိုရင် ငါ့ရဲ့ ဝိညာဉ်ကို ကျွန်ပြုဖို့အထိ လိုလားတယ်”

သူက လွတ်လပ်မှုကို ယွမ်ခေတ်ကာလရာချီဖြင့် လဲလှယ်ဖို့ စိတ်ထဲမထားပေ။ မည်သို့ပင်ဆိုစေကာမူ သူက မသေမျိုးတစ်ယောက် ဖြစ်သည့်အတွက် အချိန်များစွာ ရှိလေသည်။

“စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူ့အစီအစဉ်တစ်ခုက သူ ဖန်တီးထားသည့် ကောင်းကင်ခုံရုံးကို တိုက်ရိုက်ဆန့်ကျင်မည့် ငရဲခုံရုံးကို ဖွဲ့စည်းဖို့ ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ရသည့် အကြောင်းအရင်းကမူ …

သူ့ကောင်းကင်ဧကရာဇ်ခေတ်ကာလကို ရှည်ကြာဖို့ရာ ဖြစ်၏။

စကြဝဠာကြီးက လုပ်ဆောင်ချက်များအပေါ် မျှခြေထိန်းညှိလေ့ ရှိသည်။ အတက်ရှိလျှင် အကျ ရှိပြီး ကံကောင်းမှုသည်လည်း ဖြည်းဖြည်းချင်း ကံဆိုးမှုအဖြစ် ပြောင်းလဲကာ ကျဆင်းလာလိမ့်မည်။

ဤသို့ဖြင့် ဝမ်ဝေ့က ထိုအရာများကို သူကိုယ်တိုင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထား၏။ သူက ကောင်းကင်ဧကရာဇ်ခေတ်ကာလ၏ ကံကောင်းမှုကို ပြောင်းပြန်လှန်ပြီး ဖျက်ဆီးခြင်းဆီ ဦးတည်သွားမည့် ဖျက်ဆီးခြင်းစွမ်းအားကို ဖွဲ့စည်းမည်။ ထိုဖွဲ့စည်းထားသည့် စွမ်းအားက ငရဲခုံရုံးကို ကောင်းချီးပေးမည် ဖြစ်ကာ သူတို့၏ တာဝန်က ထိုခေတ်ကာလနှင့် ခုံရုံးကို ဖျက်ဆီးပစ်ဖို့ ဖြစ်၏။

သို့သော်လည်း ငရဲခုံရုံး၏ ခေါင်းဆောင်တိုင်းကို သူကိုယ်တိုင် ရွေးချယ်မည်ဖြစ်ကာ သူတို့၏ အစစ်အမှန် တာဝန်က ခုံရုံးပျက်သုဉ်းမှုကို နှောင့်နှေးဖို့ရာ ဖြစ်၏။ ခေါင်းဆောင်နှင့် ကောင်းကင်ဧကရာဇ်တချို့ကသာ ထိုလျှို့ဝှက်ချက်ကို သိကြလိမ့်မည်။

ငရဲခုံရုံး၏ ကံကြမ္မာက ကောင်းကင်ခုံရုံးကို ဖျက်ဆီးမည့် တာဝန်ကို ကျရှုံးပြီးသည့်နောက်တွင် ပျက်စီးသွားမည် ဖြစ်သော်လည်း မျိုးဆက်များစွာတိုင် ခေတ်ကာလကို ရှည်ကြာနိုင်စေလိမ့်မည်။

ဒီလူက ပထမမျိုးဆက်ရဲ့ ငရဲဧကရာဇ်ဖြစ်ဖို့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

“ခင်ဗျားရဲ့ အပေးအယူက မက်လောက်စရာဆိုပေမဲ့ ငြင်းတယ်”

“ဘာလို့လဲ” ဒိဌိဧကရာဇ်က အံကြိတ်ကာ မေးလိုက်သည်။

“ဒါက အကျိုးအမြတ်များတဲ့ အပေးအယူတစ်ခုပါ”

သူက ထိုသူငြင်းဆန်ရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။ သူက ထာဝရဧကရာဇ်တစ်ယောက်ဖြစ်ပြီး ဤသို့အရှက်ခွဲမှုခံစားရလေရာ ထိုသူက မည်သို့လက်မခံရသနည်း။

“ခင်ဗျားရဲ့ မေးခွန်းရဲ့ အဖြေက အရမ်းကို ရိုးရှင်းတယ်။ ကျုပ် လိုချင်လို့ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“အကျိုးအကြောင်း အသင့်ဆုံးဆိုရင်တော့ ခင်ဗျားရဲ့ အပေးအယူကို လက်ခံဖို့ပဲ။ ဒါပမေဲ့ ကျုပ်က ခင်ဗျားကို သတ်ချင်တယ်။ ကျုပ်က ခင်ဗျားရဲ့ အပြုအမူတွေနဲ့ ထာဝရဧကရာဇ်တစ်ယောက်ရဲ့ မာနမရှိတဲ့ အချက်တွေကြောင့် ရွံရှာတယ်။

ပြီးတော့ ခင်ဗျားလိုမျိုး ထူးကဲတဲ့သူက ကျုပ်သတ်မဲ့ ပထမဦးဆုံး ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာမှာလေ။ အဲဒါဆိုတော့ ခင်ဗျားရဲ့ အပေးအယူကို ငြင်းဆန်တယ်”

ဒိဌိဧကရာဇ်နှင့် တခြားသုံးယောက်က မျက်လုံးအနီဖြင့် ကြည့်လိုက်ကြသည်။ နှမြောစရာကောင်းလှသည်က ဝမ်ဝေ့သည် သူတို့ကို ဂရုမစိုက်ပေ။

“ပိုပြီးတော့ ကောင်းမွန်တဲ့ အကြောင်းပြချက်လိုချင်တယ်ဆိုရင် ပေးလို့ရတယ်” သူက ပြုံးကာ ဆက်ပြောလိုက်သည်။

“ခင်ဗျားက ခင်ဗျားပေးမဲ့ အကျိုးအမြတ်ထက် ပြဿနာပိုရှာမယ်လို့ ခံစားချက်ရနေတယ်။ တကယ်လို့ ခင်ဗျားကို မသတ်ရင် ကျုပ်အစီအစဉ်မှာ အမည်မသိ အပြောင်းအလဲတချို့ ပေါ်ထွက်လာနိုင်တယ်။ အဲဒီအလိုလိုသိစိတ်က ခင်ဗျားရဲ့ အမွေအနှစ်ကြောင့် ဖြစ်နိုင်တယ်။ ဒီရှင်းပြချက်ဆိုရင် ရပြီလား”

ဒိဌိဧကရာဇ်က သူ့အမူအရာကို မထိန်းချုပ်နိုင်တော့ပေ။ သူ့လိုလူမျိုးက မည်သို့အလွယ်တကူ လက်လျှော့ကာ အညံ့ခံရမည်နည်း။ သူက အစီအစဉ်တစ်ခု ရှိထားပြီဖြစ်ကာ ထိုအရာထဲ သူ့အမွေအနှစ် ပါဝင်နေသည်။

သူ ငယ်ရွယ်စဉ်အခါက လူအများက သူ့အား လမ်းစဉ်တသတ်မှတ်တည်း မလုပ်ကြောင်း ပြောလေ့ရှိသည်။ ထို့ကြောင့် သူ ငယ်ရွယ်စဉ်အခါကပင် ဒိဌိဟု ခေါ်ခံရ၏။ ထို့ကြောင့် တာအိုကို သက်သေပြပြီးသည့်အခါ သူက ထိုနာမည်ကို ယူခဲ့ခြင်း ဖြစ်၏။ သူ့နာမည်ကို ဂုဏ်ယူစွာဖြင့် သူက ဧကရာဇ်အများစုကဲ့သို့ မပြုမူခဲ့ပေ။

ထိုအစား သူက စွန့်စားမှုကို လျစ်လျူရှုကာ ကမ္ဘာဦးဟွင်သွမ်းအတွင်း ဝင်ရောက်ခဲ့၏။ တခြားဟွင်သွမ်းကမ္ဘာအတွင်း ရှိနေစဉ် အမွေအနှစ် တစ်ခုအတွက် ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ပျက်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း မဟာဧကရာဇ်ထောင်ချီ သေဆုံးခဲ့ကြပြီး ဒိဌိဧကရာဇ်က အသက်ရှင်သန်ခဲ့သည်မှာ သူ့အထွတ်အထိပ် ဟွင်သွမ်းရတနာထဲ ပုန်းအောင်းနေ၍ ဖြစ်သည်။ သူက ကောင်းကင်ဘုံအဆင့်နှင့် စံပြများ ရောက်မလာခင် အမွေအနှစ်ကို ယူကာ ထွက်ပြေးလာခဲ့သည်။ သူက တိတ်တဆိတ်ဖြင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသို့ ပြန်ရောက်လာခဲ့၏။

ကံဆိုးစွာဖြင့် သူ့ကံကောင်းမှုက ထိုအမွေအနှစ်ကို လက်ခံရရှိပြီးသည့်နောက်တွင် အဆိုးဘက် ပြောင်းလဲသွားဟန်ပေါ်သည်။ အိမ်ပြန်လာရာလမ်းတွင် သူက သူ့ဟွင်သွမ်းရတနာကို ဖျက်ဆီးနိုင်လုနီးပါးဖြစ်သည့် မကောင်းဆိုးဝါးနတ်ဘုရားနှင့် တွေ့ဆုံခဲ့ရသည်။ သူ ထွက်ပြေးလာသော်လည်း ရတနာက ပုံမှန်ဟွင်သွမ်းရတနာအဖြစ် လျှော့ချခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူက ရတနာထဲမှ အရင်းအမြစ် အလုံအလောက် ရရှိခဲ့၏။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသို့ ပြန်လာပြီး သိပ်မကြာခင် ဆိုးဆိုးရွားရွား ဖြစ်ရပ်တစ်ခုနှင့် တွေ့ကြုံခဲ့ပြီး သုံးကြိမ်ဆက်တိုက် သေဆုံးခဲ့ရသည်။

ကံကောင်းစွာဖြင့် သူက ယခင်တစ်ခေါက်မှ လုံလောက်သည့် အရင်းအမြစ်များ ရရှိထားသည့်အတွက် သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်ခဲ့သည်။

ထိုသေဆုံးမှုများအပြီးတွင် သူက အရာအားလုံး၌ သတိကြီးကြီးထားလာမိသည်။ သူက ဒိုင်မေးရှင်းအနိမ့်တွင် ပုန်းအောင်းပြီး တခြားအပြစ်ကျူးလွန်သူများအား သူ့ကို ကာကွယ်ဖို့ မဆွဲဆောင်နိုင်ခင် အမွေအနှစ်ကို နားလည်အောင်လုပ်ဖို့ ပုန်းအောင်းနေခဲ့သည်။

သူ့အစီအစဉ်အရ သူသည် အမွေအနှစ်အကြောင်း သတင်းကို ထုတ်လွှတ်ဖို့ နည်းလမ်းရှာမည် ဖြစ်၏။ ထိုသို့သော အရာမျိုးက စံပြများကပင် တိုက်ခိုက်မည်ဖြစ်ကာ အင်အားစုအသီးသီးက ဒိုင်မေးရှင်းအနိမ့်ဆီ ရောက်ရှိလာကြလိမ့်မည်။ ထိုအခါ သူက ဝမ်ဝေ့၏ လက်ထဲမှ လွတ်မြောက်ဖို့ နည်းလမ်း ရှာနိုင်သည်။

“ခင်ဗျားကို မသတ်ခင် မေးခွန်းတချို့ရှိတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“အဲဒီလူတွေအားလုံးကို ဒိုင်မေးရှင်းအနိမ့်ဆီ ဘယ်လိုခိုးသွင်းခဲ့တာလဲ” ဒိဌိက ပြန်မဖြေသော်လည်း ဝမ်ဝေ့က သူ့မျက်ဝန်းအထက် ကံကြမ္မာစွမ်းအား ဖြတ်ပြေးသွားပြီး အဖြေကို ရရှိလိုက်၏။ တာအိုသင်္ချိုင်းမြေက စံပြအသုံးအဆောင်ပစ္စည်းနှင့်ပင် ယှဉ်နိုင်သည့် အထွတ်အထိပ် ဟွင်သွမ်းရတနာတစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင် ထိုအရာက ပုန်းအောင်းဖို့ရာ တစ်ခုတည်း ရည်ရွယ်ချက်အတွက် ထူးကဲနေလေ၏။

ထိုအရာက အတော်အတန် ပျက်စီးထားသော်လည်း ဒိဌိဧကရာဇ်က ထိုအရာကို အသုံးပြုကာ ထိုလူများဖြင့် ဒိုင်မေးရှင်းအနိမ့်သို့ ဝင်ရောက်နိုင်ခဲ့သည်။ နောက်ဆုံးအနေဖြင့် ထိုအသုံးအဆောင်ပစ္စည်းသည် ဟွင်သွမ်းရတနာအဆင့်မျှသာ ရှိတော့ပြီး ထိုလူများကလည်း မဟာဧကရာဇ်များသာ ဖြစ်ကြသည့်အတွက် အစစ်အမှန်ကောင်းကင်တာအိုက သူတို့အား ဒိုင်မေးရှင်းအနိမ့်တွင် ဂရုမစိုက်ပေ။

စိတ်ဝင်စားစရာပဲ။ လူအိုကြီးငရဲကလည်း ဒီလိုမျိုး တူညီတဲ့ နည်းလမ်းကို သုံးခဲ့တာလား…

ဝမ်ဝေ့က ထိုသူသည် ကောင်းကင်ဘုံအဆင့်အနေဖြင့် ဒိုင်မေးရှင်းအနိမ့်သို့ မည်သို့ရောက်လာကာ အချိန်အတော်ကြာနေနိုင်သည့် အကြောင်းအရင်းကို စိတ်ဝင်စားလာမိသည်။

အခုတော့ ထားလိုက်ပါတော့။ တာအိုသင်္ချိုင်းမြေက အထွတ်အထိပ် ဟွင်သွမ်းရတနာဖြစ်ခဲ့တယ်ဆိုတော့ ငါသာ ပြန်ပြင်နိုင်မယ်ဆိုရင် အဲဒီကပ်ပါးတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အကူအညီကောင်း ဖြစ်လာလိမ့်မယ်…

ဝမ်ဝေ့က ပြုံးလိုက်သည်။ ဤနေရာက အသင်္ချေအင်ပါယာကမ္ဘာ၏ အန္တရာယ်အများဆုံး တားမြစ်နယ်မြေတစ်ခုအနက် ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ ထိုအရာကို ဖြေရှင်းပြီးသည့်နောက်တွင် အကျိုးအမြတ်က အဆုံးမဲ့ရှိလာမည် ဖြစ်၏။

“ဒုတိယမေးခွန်း … ခင်ဗျားက အသင်္ချေအင်ပါယာကမ္ဘာကလား။ အဲ့လိုဆိုရင် ဘယ်ခေတ်ကာလကလဲ”

ကိုယ်တိုင်ပြန်ဖြေဖို့ မလိုဘဲ ဝမ်ဝေ့က သူ လိုချင်သည့် သတင်းအချက်အလက်ကို ရရှိလိုက်သည်။ ဒိဌိဧကရာဇ်က ဒိုင်မေးရှင်းအမြင့်တွင် မွေးဖွားလာ၏။ အန္တရာယ်ကြီးမားသော်လည်း သူက ဤနေရာကို ပုန်းအောင်းရေးနေရာအဖြစ် ရွေးချယ်ခဲ့သည်မှာ ဒိုင်မေးရှင်းအနိမ့်၏ ကံကောင်းမှုနှင့် ကြမ္မာ ဗဟိုချက်ဖြစ်နေ၍ ဖြစ်သည်။

သူက ဤသို့သော နေရာမျိုးတွင် အမွေအနှစ်ကို ကျင့်ကြံနိုင်မည့် အခွင့်အရေး ပိုမိုရှိလိမ့်မည်ဟု ယုံကြည်ထားလေ၏။ ထို့ကြောင့် အန္တရာယ်များသော်လည်း တခြားကောင်းကင်အလိုဆန္ဒကမ္ဘာ သို့မဟုတ် တခြားကမ္ဘာ့အသိုက်အဝန်းများအစား ဤနေရာတွင် ဆက်နေဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“တတိယမေးခွန်း ခင်ဗျားရဲ့ အမွေအနှစ်ကို ဘယ်သူ ဖန်တီးခဲ့တာလဲ”

ဤတစ်ကြိမ်တွင် အဖြေမရပေ။ ဝမ်ဝေ့က မည်သည်ကိုမှ တွက်ချက်မကြည့်နိုင်ပေ။ သို့သော်လည်း သူက ထိုအချက်နှင့်ပတ်သက်ပြီး အံ့အားသင့်ခြင်း မရှိပေ။ သူက ဒိဌိဧကရာဇ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက် မရနိုင်ကြောင်း သိထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက သီးသန့်မေးခွန်းများကိုသာ မေးဖို့ လိုအပ်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူက အမွေအနှစ်တွင် ပါဝင်နေသည့် ပစ္စည်းက ဂမ္ဘီရအပါအဝင် သတင်းအချက်အလက်များကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ခန့်မှန်းမိလိုက်သည်။

အခု ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ကောင်းလာပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

“နောက်ဆုံးမေးခွန်း ဘာပြောစရာရှိသေးလဲ”

ဒိဌိက အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်သည်။

“လုပ်လိုက်ကြရအောင်” သူက ပြောလိုက်သည်။

“အဆင်သင့်ပဲ” ဒုတိယကလေးငယ်က သူ့ပင်မကိုယ်အတွက် သေဆုံးဖို့ရာ အဆင့်သင့်ဖြစ်နေပြီ ဖြစ်၏။ အခန်းက ရုတ်ချည်းဆိုသလို အနီရောင်၊ အပြာရောင်၊ အဝါရောင်နှင့် အဖြူရောင်အဖြစ် လေးပိုင်း ကွဲထွက်သွားသည်။

“မီးဓာတ်တာအို၊ ရေဓာတ်တာအို၊ မြေဓာတ်တာအိုနဲ့ လေဓာတ်တာအို” လေးယောက်မြောက် ကလေးငယ်၏ စွမ်းအားက မတည်ငြိမ်သေးသောကြောင့် ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်သာ မှတ်ချက်ပေးလိုက်၏။

“မဟုတ်သေးဘူး။ ဒါက ဓာတ်အခြေခံတာအို မဟုတ်ဘဲနဲ့ ဝင်ရိုးစွန်းလေးခု တာအိုပဲ” သူ့

အကြည့်များက တောက်ပလာကာ “ခင်ဗျားရဲ့ မူလတာအိုက ဘာဖြစ်မလဲ။ ဒါမှမဟုတ် ဒါက အဲဒီနည်းစနစ်ရဲ့ ဆိုးကျိုးတစ်ခုလား။ တခြားတည်ရှိမှုနဲ့ သဟဇာတဖြစ်အောင် လုပ်နေရင်းနဲ့ ခင်ဗျားကလည်း အခြေခံ ပြောင်းလဲသွားခဲ့တယ်”

ဝမ်ဝေ့က အဖြေကို မသိသော်လည်း ရှာဖွေဖို့ရာ စိတ်လှုပ်ရှားနေမိသည်။

ထိုစဉ် ဒိဌိဧကရာဇ်က သူ့စိုးရိမ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ တစ်ဖက်လူ၏ စွမ်းအားနှင့် တည်ငြိမ်မှုကြောင့်သာမက သူ့စတုတ္ထကလေး၏ စွမ်းအားက မတည်ငြိမ်သေးသောကြောင့် ဝင်ရိုးစွန်းလေးခု အစီအရင်အား သိသိသာသာ အားနည်းစေသည်။

ထို့အပြင် သူက တခြားအိပ်စက်နေသည့်သူများနှင့် အဆက်အသွယ် ဆုံးရှုံးသွားပြီဖြစ်သည့်အတွက် လက်ရှိအခြေအနေကို ကူညီပေးဖို့ သူတို့အား မစတေးနိုင်တော့ပေ။

All Chapters