ပထမသတ်ဖြတ်မှု
Vol. 70 Ch. 973
ဝင်ရိုးစွန်းကမ္ဘာလေးခု ဖျက်ဆီးခြင်း
ဝင်ရိုးစွန်းလေးခုက မိုးမြေကို ထောက်ပံ့ပေးထားပြီး နေရာတစ်ခုချင်းစီက အရှေ့၊ အနောက်၊ မြောက်နှင့် တောင်ဖက်တို့တွင် နေရာယူထားကြသည်။ ထိုနေရာများက ရာသီဥတုလေးခု ဖြစ်သည့် ဆောင်း၊ နွေဦး၊ နွေနှင့် ဆောင်းဦးကို ကိုယ်စားပြုနေသည်။ ထိုလေဓာတ်၊ မြေဓာတ်၊ ရေဓာတ်နှင့် မီးဓာတ်တို့ကို ပေါင်းစည်းခြင်းဖြင့် ဒိဌိဧကရာဇ်က ကမ္ဘာတစ်ခုကို ဖန်တီးပြီး ထိုအရာကို ဖျက်ဆီးပစ်ကာ မယုံကြည်နိုင်လောက်ဖွယ် အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်သည်။
သို့သော်လည်း ဘာမှဖြစ်ပျက်မလာသည့်အခါ သူ့မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ သူက မဟာတာအိုအရင်းအမြစ်ကို မည်မျှပင် လှုံ့ဆော်စေကာမူ သူ့တိုက်ကွက်က ထွက်ပေါ်မလာခဲ့ပေ။
“ထာဝရဧကရာဇ် တစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းအားက ကျရှုံးသွားတာက ဘယ်လိုဖြစ်နိုင်ချေမျိုးလဲဆိုတာ သိလား” ဝမ်ဝေ့က မေးလိုက်သည်။ သူ့အသံထဲတွင် ပျင်းရိမှုတို့ပါဝင်နေ၏။
“ဒီကမ္ဘာမှာ အကြွင်းမဲ့ဆိုတာ မရှိတော့ အဖြေက သုညဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါဆိုတော့ ဆပ်ဒီလီယွန်ပုံ တစ်ပုံလောက်ပေါ့။ ဒါမှမဟုတ် အဲ့ထက်လည်း နည်းနိုင်တယ်။ နှမြောစရာကောင်းတာက ကံကောင်းမှုကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်အနေနဲ့ ကျုပ်က မဖြစ်နိုင်မှုကို ဖြစ်နိုင်အောင် ပြောင်းလဲပစ်နိုင်တယ်”
(ဆပ်ဒီလီယွန် - 1 နောက်က သုည ၂၄ လုံး ပါပါတယ်)
ဒိဌိဧကရာဇ်က စိတ်ထဲ စိတ်ပျက်မှုတို့ ကြီးစိုးလာမိသည်။
သို့သော်လည်း သူက စိတ်ဆန္ဒကြီးမားသူဖြစ်သည့်အတွက် လက်မလျှော့ခဲ့ပေ။ အနိုင်ရရှိမည့်အခွင့်အရေးက မည်မျှပင် အားနည်းစေကာမူ လက်လျှော့မည် မဟုတ်ပေ။
ရာသီဥတုသံသရာ
သူက တခြားကိုယ်၏ စွမ်းအားကို လှုံ့ဆော်ကာ ထပ်မံ တိုက်ခိုက်လိုက်သည်။ ရာသီဥတု၏ ပြောင်းလဲမှုကို အသုံးပြု၍ အချိန်နှင့် သေခြင်းရှင်ခြင်း စွမ်းအားကို ထိန်းချုပ်လိုက်သည်။
နှမြောစရာကောင်းလှသည်က သူ့တိုက်ကွက်က အသုံးမဝင်ခဲ့ပေ။
ထို့နောက် သူက သူ့ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ဖြည်းဖြည်းချင်း အလျင်အမြန် ပျက်ယွင်းလာသည်ကို ကြည့်နေရ၏။ သူက ဝိညာဉ်စွမ်းအားကို လှုံ့ဆော်ပြီး ခန္ဓာကိုယ်ကို စွန့်ပစ်ဖို့ ကြိုးစားကာ ကမ္ဘာဦးစိတ်ဝိညာဉ်အနေဖြင့် အသက်ရှင်သန်ဖို့ လုပ်ဆောင်ခဲ့သည်။ သို့သော် သူ့ဝိညာဉ်ကပင် ပျောက်ကွယ်လာနေကြောင်း တွေ့ရှိလိုက်ရသည်။
သူ့မျက်ဝန်းအထက် ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ပထမ၊ ဒုတိယနှင့် တတိယကလေးငယ်တို့ကို ထိန်းချုပ်ကာ သူတို့အားလုံးကို ဖောက်ခွဲပစ်ပြီး သူ့အတွက် အချိန်ဆွဲဖို့ ပြင်လိုက်သည်။
“ခုခံမှုက အသုံးမဝင်ဘူးဆိုတာ နားမလည်သေးဘူးလား” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်၏။ သူ့အသံထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်တို့ ပါဝင်နေသည်။
“ပြိုင်ဘက်ကင်းရတာ အထီးကျန်လိုက်တာ” သူက ပြောလိုက်သည်။
ငါ တကယ့်တိုက်ပွဲ လိုအပ်နေပြီ။ ငါ့ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်အောင် တွန်းပို့နိုင်တဲ့ တိုက်ပွဲတစ်ခုပေါ့။ လူအိုကြီးငရဲနဲ့တော့ အဲ့လိုမျိုး ဖြစ်မယ်လို့ မျှော်လင့်ရတာပဲ…
သူ့အစီအစဉ် ကျရှုံးသွားသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ဒိဌိဧကရာဇ်က လက်မလျှော့သေးပေ။ သူက ဝမ်ဝေ့၏ မျက်ဝန်းမှ ပျင်းရိမှုကို မြင်လိုက်သည့်အခါ သူ့ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိလာ၏။ သို့သော်လည်း စိတ်ခံစားချက်ကို လွှမ်းမိုးခွင့်ပြုရမည့် အချိန်မဟုတ်ကြောင်း သိလေ၏။
ဒါက ငါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ…
သူက သူ့ကို ဤအခြေအနေမှ လွတ်မြောက်မည့် အခွင့်အရေးအတွက် ပြင်ဆင်နေသည်။
“ဒီအထွတ်အထိပ် ဟွင်သွမ်းရတနာကို ဖောက်ခွဲဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ ဒါက ငါ့ရဲ့ ဆုလာဘ်ပဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။ ဒိဌိဧကရာဇ်က ထိုသူ၏ အချိန်တာအိုနှင့် ကံကြမ္မာတာအိုကို အမှတ်ရသွား၏။
နောက်ဆုံးတွင် ဒိဌိဧကရာဇ်က သူ့ကံကြမ္မာကို လက်ခံလိုက်၏။ သူက ဝမ်ဝေ့၏ မျက်ဝန်းထဲ စိုက်ကြည့်လိုက်သည်။ သူက ထိုသူ၏ မျက်နှာအား သူ့တည်ရှိမှုထဲအထိ နက်နက်နဲနဲ မှတ်သားပြီး သူ မည်မျှပင် ပေးဆပ်စေကာမူ ထိုသူ့ကို သတ်ဖို့ ကျိန်ဆိုထားသည်။
“ဒီလိုအားကောင်းတဲ့ စွဲလမ်းမှုမျိုးပဲ” ဝမ်ဝေ့က ခန္ဓာကိုယ်အပေါ်ပိုင်း အကောင်းအတိုင်းရှိနေသေးသည့် ထိုလေးယောက်ကို ကြည့်လိုက်သည်။
“ဒီလိုအားကောင်းတဲ့ စွဲလမ်းမှုမျိုးနဲ့ အမုန်းတရားနဲ့ဆိုရင် ခင်ဗျားတို့တွေက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ဖန်တီးပြီး ကျုပ်ရဲ့ သုတ်သင်မှုအောက်မှာ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ။ ဒါပေမဲ့ အဲ့လိုလုပ်လို့တော့ မရဘူးမလား”
ဝမ်ဝေ့က လက်နှစ်ဖက် ပူးကပ်လိုက်သည့်အခါ ဖုန်းဟွမ်နှင့် လဲလှယ်ထားပြီးသည့်နောက် သူ ဖန်တီးထားသည့် ဗုဒ္ဓသွေးကြောက အသက်ဝင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ မြင့်မြတ်အလင်းရောင် ထွက်ပေါ်လာပြီးသည့်နောက်တွင် ဗုဒ္ဓကျမ်းရွတ်ဖတ်သံများလည်း လိုက်ပါလာသည်။
“မင်း ” ဒိဌိဧကရာဇ်က မြင့်မြတ်အလင်းသည် သူ့စွဲလမ်းမှုနှင့် အမုန်းတရားတို့ကို အလျင်အမြန် လျှော့ချနေကြောင်း အာရုံခံစားလိုက်မိ၏။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကမ္ဘာ၏ အတက်အကျကို တွေ့ကြုံခံစားခဲ့ရပြီး အသင်္ချေအင်ပါယာကမ္ဘာထံ ခေတ်ကာလများစွာ ဆိုးရွားမှုတို့ကို ယူဆောင်လာပြီး ယွမ်ခေတ်ကာလများစွာ ကြံစည်ခဲ့ရသည့် ထာဝရဧကရာဇ်တစ်ဦးသည် နောက်ဆုံးတော့ သေဆုံးသွားခဲ့ရသည်။ ပြောရလျှင် သူ့ရုပ်ပိုင်းဆိုင်ရာအရ သေဆုံးသွားခဲ့၏။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး သံကြိုးများဖြင့် ပြုလုပ်ထားသော မြစ်ကြောင်းဖြစ်သည့် မဟာတာအိုအရင်းအမြစ်ကို ဆင့်ခေါ်လိုက်သည်။ သူက အမှတ်အသားတစ်ခုရှိနေသည့် သံကြိုးတစ်ခုအပေါ် ဦးတည်နေသည့် ကံကြိုးမျှင်ကို မြင်တွေ့လိုက်ရသည်။
သူက တာအိုအမှတ်အသားတစ်ခုပဲ ရှိတာလား…
ဝမ်ဝေ့က ထိုလေးယောက်ကို သုတ်သင်ပြီးသည့်နောက်တွင် လေးခု ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
အင်း ဒါက ဖြစ်တော့ဖြစ်နိုင်ပါတယ်။ နည်းစနစ်က ကန့်သတ်ခံထားရတာဆိုတော့ ဒိဌိဧကရာဇ်က အပြည့်အဝ မကျင့်ကြံနိုင်သေးဘူး။ ဒါမှမဟုတ်ဘူးဆိုရင် တာအိုအမှတ်အသားတွေက မဟာတာအိုရဲ့ အကဲဖြတ်မှုအောက်မှာ ကျရောက်သွားပြီးတော့ ဘယ်သူကမှ တစ်ခုထက်ပိုပြီး မရှိတာလည်း ဖြစ်နိုင်တယ်း…
ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေ၏။
တစ်ရက်ကျရင် ငါ တာအိုအမှတ်အသားတစ်ခုထက်ပိုပြီး ဖန်တီးနိုင်မလား ဒါမှမဟုတ်ဘူးဆိုရင် ငါ့ရဲ့ ကိုယ်ပိုင်ပုံစံကို ဖန်တီးနိုင်မလားဆိုတာကို စမ်းသပ်ကြည့်ရမယ်…
သူက အချိန်များစွာ ဖြုန်းတီးထားပြီးပြီဟု ခံစားရသော်လည်း တာအိုဆန္ဒကို လှုံ့ဆော်ကာ ဒိဌိဧကရာဇ်၏ တာအိုအမှတ်အသားကို ဖယ်ရှားပစ်ခဲ့သည်။ ထိုအရာက သူ့လုပ်ဆောင်ချက်အပေါ် ရုန်းကန်ခဲ့သော်လည်း အသုံးမဝင်ပေ။
“နောက်ဆုံးအဆင့်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ဒိဌိဧကရာဇ်နှင့် ဆက်နွယ်နေသည့် ကံအလင်းရောင်အားလုံးကို မြင်လိုက်ရသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုအရာအားလုံးကို ဖြတ်တောက်ပစ်လိုက်၏။ ထိုစဉ် ဒိဌိဧကရာဇ်ကို သိထားသည့်သူအားလုံးနီးပါးက သူတို့၏ မှတ်ဉာဏ် ရှင်းထုတ်ခံလိုက်ရသည်။ သူတို့က ဒိုင်မေးရှင်းအနိမ့်တွင်ဖြစ်စေ၊ ဒိုင်မေးရှင်းအမြင့်တွင်ဖြစ်စေ သို့မဟုတ် တခြားဟွင်သွမ်းကမ္ဘာများတွင်ဖြစ်စေ ကိစ္စမရှိပေ။
သူက ဒိဌိဧကရာဇ် သဟဇာတဖြစ်အောင် ကြိုးစားထားသည့် တခြားထာဝရဧကရာဇ်သုံးယောက်နှင့် ဆက်နွယ်နေသည့် ကံကြိုးမျှင်အားလုံးကိုလည်း ဖျောက်ဖျက်ပစ်ခဲ့သည်။
ငါ အမွေနှစ်ကို ပိုပြီးတော့ စိတ်ဝင်စားလာမိပြီ…
သူက လုပ်လက်စကို အာရုံစိုက်ထားလိုက်၏။ ပြောရလျှင် ရာနှုန်းပြည့် မပြီးဆုံးသေးပေ။ ဝမ်ဝေ့က ဒိဌိဧကရာဇ်၏ ကံကြိုးမျှင်အားလုံးကို သုတ်သင်မပစ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
သူတို့အများစုက သူ့ထက် အားကောင်းသည့် လူများ ပိုင်ဆိုင်ထားသောကြောင့် သူ့အနေဖြင့် သတိထားဖို့ လိုအပ်သည်။ မဟုတ်ပါက ထိုလူများသည် မှတ်ဉာဏ် ပျောက်ဆုံးသွားသည်ကို သတိထားမိသွားလိမ့်မည်။
ကံကောင်းစွာဖြင့် ဒိဌိဧကရာဇ်က ကောင်းကင်ဘုံအဆင့် သို့မဟုတ် စံပြအဆင့်မိတ်ဆွေ သို့မဟုတ် မိသားစုဝင်များ မရှိသည့်တွက် ထိုသူများကြားမှ ကံဆက်နွယ်မှုသည် မရှိသလောက်နီးပါး သေးငယ်လွန်းလှသည်။
ထိုကံကြိုးမျှင်များက ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်တို့ထံ ရှိနေသည့် ကံကြိုးမျှင်များက ဒိဌိဧကရာဇ်၏ နာမည် သို့မဟုတ် သူ့မျက်နှာကို မြင်တွေ့ဖူးရုံမျှဖြစ်ပြီး နက်နက်နဲနဲ ဆက်နွယ်မှု မရှိသည့်သူများသာ ဖြစ်နိုင်သည်။
ထို့ကြောင့် ဝမ်ဝေ့က ထိုကြိုးမျှင်များကို အချိန်ယူကာ ဖြတ်တောက်ခဲ့ရ၏။ သူက ဒိဌိဧကရာဇ်၏ မျက်နှာနှင့် ဇစ်မြစ်ကို ကမ္ဘာမှာ အောင်အောင်မြင်မြင် ဖျောက်ဖျက်ပစ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုသူက အပြီးတိုင် သေဆုံးမသွားသေးပေ။
ဒိဌိဧကရာဇ်၏ တည်ရှိမှုက သူ့သမိုင်းကြောင်း သို့မဟုတ် အောင်မြင်မှုများဖြင့် ဆက်နွယ်နေလေ၏။ လူအများက တာအိုသင်္ချိုင်းမြေ သို့မဟုတ် အနီရောင်လှိုင်း သို့မဟုတ် သမိုင်းကြောင်းတွင် သူ လုပ်ခဲ့သည့်အရာများကို မှတ်မိနေသရွေ့ သူက အသက်ရှင်နေဆဲ ဖြစ်၏။
“နောက်ဆုံးအဆင့်ပဲ” ဝမ်ဝေ့က သူ့အချိန်တာအိုကို အသက်သွင်းကာ ရေရွတ်လိုက်သည်။ သူက ဒိဌိဧကရာဇ်နှင့် တခြားထာဝရာဇ် ၃ယောက် သူတို့ဘဝတစ်လျှောက်၌ အောင်မြင်ခဲ့သည့် သမိုင်းကြောင်း အားလုံးကို စုစည်းကာ ချေမွစုတ်ဖြဲပစ်ခဲ့သည်။
ထိုစဉ် အသင်္ချေအင်ပါယာကမ္ဘာရှိ တာအိုသင်္ချိုင်းမြေ သို့မဟုတ် အနီရောင်လှိုင်းအကြောင်း မှတ်တမ်းတင်ထားသည့် သတင်းအချက်အလက် သို့မဟုတ် စာအုပ်များက ပျောက်ပျက်သွားလေသည်။ ထိုအရာက ဒိုင်မေးရှင်းအမြင့် သို့မဟုတ် တခြားဟွင်သွမ်းကမ္ဘာများတွင်လည်း ဒိဌိဧကရာဇ်၏ အောင်မြင်မှု မှတ်တမ်းများအတွက်လည်း အတူတူ ဖြစ်၏။
“နောက်ဆုံးတော့ သေသွားပြီ။ ထာဝရဧကရာဇ်တွေက တကယ်ကို သတ်ဖို့ ခက်တာပဲ” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒါပေမဲ့ ငါက သူ့ကို မှတ်မိနေတယ်ဆိုတာ သူက အသက်ရှင်နေဦးမှာလား”
ဝမ်ဝေ့က အဖြေကို တွက်ချက်မကြည့်ခင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာက မဖြစ်နိုင်ကြောင်း သိလိုက်ရ၏။ ဒိဌိဧကရာဇ်က သေဆုံးသွားပြီဖြစ်ကာ မိုးမြေကြားရှိ စည်းမျဉ်းများအရ သူက အသက်ပြန်မရှင်နိုင်တော့ပေ။
“ကိစ္စတွေအားလုံးကို တစ်ခုထဲနဲ့ ပြီးမြောက်မဲ့ နည်းစနစ်တစ်ခုတော့ လိုအပ်လာပြီ”
ထာဝရဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်ဖို့ရာ အချိန်ပေးရသည့်အတွက် အနာဂတ် ထာဝရကောင်းကင်ဘုံအဆင့်နှင့် အဆုံးစွန်မဲစံပြများအတွက်မူ ဆိုထားဖွယ် မရှိတော့ပေ။ ထိုလူများက ပိုမိုသတ်ဖို့ခက်ခဲသည့် အချက်ကို မသိရသေးသော်လည်း ရိုးရှင်းမည် မဟုတ်ကြောင်း သိနေ၏။
“ငါက သူ့ကံကြမ္မာကို သူ ဘယ်တုန်းကမှ မမွေးဖွားခဲ့တာမျိုး ဒါမှမဟုတ် မတည်ရှိခဲ့တာမျိုး ပြောင်းလဲလိုက်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ဖျက်ဆီးခြင်းတာအိုကို သုံးပြီးတော့ အကြွင်းမဲ့ပျက်သုဉ်းမှုကိုရအောင် လုပ်ခဲ့တာမျိုးဆိုရင်ရော”
တချို့သော တာအိုများက ထာဝရဧကရာဇ်များကို သတ်ဖြတ်သည့်အခါ တခြားအရာများထက် ပိုမိုအရေးသာချက် ရှိ၏။ အထွတ်အထိပ် တားမြစ်ခံတာအိုများက ထိုသိသာသည့် အရေးသာချက်ကြောင့် အကောင်းဆုံး ဖြစ်၏။
ဝမ်ဝေ့က ထိုနည်းစနစ်အတွက် အစပိုင်းအစီအစဉ်ကို ချမှတ်ပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အရေးကြီးသည့်အရာ တစ်စုံတစ်ခု လွတ်သွားလားဟု ဤအတွေ့အကြုံကို ပြန်လည်သုံးသပ်လိုက်၏။
ဒိဌိဧကရာဇ်ကို သတ်ဖို့ရာ အင်မတန်လွယ်ကူနေသည်ဟု ထင်ရသော်လည်း ကမ္ဘာအပေါ် ထိုသူ၏ လွှမ်းမိုးမှုက ထင်ရသလောက် မနက်နဲပေ။
ထိုသူက သမိုင်းကြောင်းတစ်လျှောက်အပေါ် အောင်မြင်မှု သို့မဟုတ် မှတ်သားထားလောက်စရာ အပြုမူမျိုး အနည်းငယ်သာ ရှိခဲ့လေသည်။ အကယ်၍ သူကသာ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည့် တည်ရှိမှုမျိုး ဖြစ်သည့် အကြွင်းမဲ့စတင်ခြင်းဧကရာဇ်လိုလူမျိုးကို သတ်ဖြတ်ဖို့ ကြိုးစားပါက သမိုင်းကြောင်းမှတ်တမ်းမှ ဖျောက်ဖျက်ဖို့ လွယ်ကူမည် မဟုတ်ကြောင်း သိလေသည်။
ဝမ်ဝေ့အနေနှင့် ထာဝရဧကရာဇ်များသည် သူတို့၏ အသက်ရှင်သန်မှုကို အာမခံချက်ရှိဖို့အတွက် ကမ္ဘာကို တတ်နိုင်သမျှ လွှမ်းမိုးနိုင်သည်က အကောင်းဆုံးဖြစ်ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ဤသည်က သူ့အနေဖြင့် ကောင်းကင်ဧကရာဇ်ခေတ်ကာလအကြောင်းကို စိုးရိမ်နေရသည့် အကြောင်းအရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ထိုခေတ်ကာလက စည်ပင်ကြွယ်ဝလေလေ သူ့အနေဖြင့် လက်ဦးမှု ပိုမိုရရှိလာပြီဖြစ်ကာ သူ့ကို သတ်ဖို့ရာ ပိုမိုခက်ခဲလာလိမ့်မည်။
ဒီအမွေအနှစ်ကို သွားကြည့်ရအောင်…
သူက သူ့တည်ရှိမှုနှင့် ကောင်းကင်ဧကရာဇ် စာလုံးဖြင့် ပေါင်းစည်းမည့် အခွင့်အရေးကို မြင်နေသည့်အတွက် စိတ်လှုပ်ရှားနေမိသည်။ အကယ်၍ သူသာ အောင်မြင်သွားပါက သူ့ရန်သူသည် ဒိုင်မေးရှင်းအနိမ့်ရှိ ကောင်းကင်ဧကရာဇ် သဘောတရားအားလုံးကို ဖျက်ဆီးပစ်ရမည်ဖြစ်သည့်အတွက် သူ့ကို သတ်ဖြတ်ဖို့ရာ ပိုမိုခက်ခဲလာမည် ဖြစ်သည်။