← Chapters

သိပ္ပံပညာရှင်အရူး

Vol. 70 Ch. 974

သိပ္ပံပညာရှင်အရူး

Vol. 70 Ch. 974

အသင်္ချေအင်ပါယာကမ္ဘာ၊ အိပ်မက်လောက

ရှုရှစ်က ရှင်းနှင့် စကားပြောနေရင်း စက္ကန့်တိုင်းနှင့်အမျှ သူမကိုယ်သူမ ပိုပြီးတော့ နားလည်လာမိသည်။ ထို့နောက် သူမက တစ်စုံတစ်ခုကို ခံစားမိ၍ ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်၏။

သူမက တုံဆိုင်းခြင်းမရှိဘဲ သူတို့၏ စကားဝိုင်းကို အဆုံးသတ်ကာ တကယ့်ကမ္ဘာအစစ်သို့ ပြန်လာခဲ့လိုက်သည်။

“ဒါက ဘာခံစားချက်လဲ” သူမက ရေရွတ်လိုက်ပြီး တစ်ကမ္ဘာလုံးကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှမသိရပေ။ သူမက အချိန်တာအိုကို ဆင့်ခေါ်ပြီး အတိတ်နှင့် ပစ္စုပ္ပန်ကို ရှာဖွေခဲ့သော်လည်း ရလဒ်က အတူတူသာဖြစ်နေ၏။

ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူမက ကိစ္စများကို အတွေးလွန်နေခြင်းဖြစ်ကြောင်း တွေးမိလာသည်။ သို့သော် ထိုအတွေးကို အလျင်အမြန် ဖယ်ရှားခဲ့သည်။ လူတော်တော်များများက ကမ္ဘာကို စစ်ဆေးကြည့်နေကြသည့်အတွက် သူတို့သည်လည်း တစ်စုံတစ်ခု ခံစားမိခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် သူမက ဂိုဏ်း၏ ဘိုးဘေးများကို ဆင့်ခေါ်ကာ တစ်စုံတစ်ခု သိလားဟု မေးခဲ့သည်။

………………………………………………………………………

အနောက်ပိုင်း ကောင်းချီးဂိုဏ်း

ဖုန်းဟွမ်က တစ်စုံတစ်ခုကို ခံစားမိ၍ မျက်လုံးဖွင့်လာသည်။

“ဒီခံစားချက်က ငါအရင်ကလည်း ခံစားဖူးတယ်” သူက မှတ်ဉာဏ်များကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။

“ထာဝရဧကရာဇ်တစ်ယောက် ကျဆုံးသွားပြီလား”

သူ့ဘဝတွင် ဤခံစားချက်မျိုး နှစ်ကြိမ်သာ ခံစားခဲ့ဖူးသည်။ တစ်ကြိမ်ချင်းစီတွင် သူ့မှတ်ဉာဏ်က ပြဿနာရှိသည့်အတွက် သူ့အလိုလိုသိစိတ်က တစ်စုံတစ်ခု လိုအပ်နေခြင်းဖြစ်ကြောင်း သတိပေးနေခဲ့၏။

“ငါက ရှုရှစ်နဲ့ ကောင်းကင်ဧကရာဇ်ကို မှတ်မိတယ်ဆိုတော့ သူတို့တော့ မဖြစ်နိုင်ဘူး။ ဒီကမ္ဘာမှာ နောက်ထပ် ထာဝရဧကရာဇ်တစ်ယောက် ရှိနေသေးတာလား။ အော် ဟုတ်သားပဲ။ တားမြစ်နယ်မြေ … သူတို့ထဲက တစ်ယောက်က ထာဝရဧကရာဇ်တစ်ယောက်တော့ ဖြစ်နိုင်တာပဲ”

ဖုန်းဟွမ်က အခြေနေကို သုံးသပ်လိုက်၏။ ကောင်းကင်ဧကရာဇ်က သွေးမြေနှင့် အချိန်ဖရိုဖရဲနယ်မြေတို့ကို ဖြေရှင်းပြီး အနောက်ပိုင်းသန်စင်ကောင်းချီးနယ်မြေက သူ့ဂိုဏ်းအတွက် မြင့်မြတ်နေရာတစ်ခု ဖြစ်လာပြီး ဝါးမျိုးရေးဇုန်နှင့် ငရဲကမ္ဘာသာ ကျန်ရှိတော့သည်။

ဖုန်းဟွမ်က သူ့အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ထိုနေရာနှစ်ခုကို စစ်ဆေးကြည့်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်၏။ သူက ငရဲကမ္ဘာကို ကောင်းကင်ဧကရာဇ် စည်းပိတ်ပြီးသည့်နောက်တွင် ထိုအနားသို့ မကပ်ရဲသည့်အတွက် ဝါးမျိုးရေးဇုန်သာ ကျန်ရှိတော့သည်။

ပြဿနာက အဲဒီနေရာနှစ်ခုထဲက တစ်ခုက အစပြုလာတာ။ ဝါးမျိုးရေးဇုန် ဖြစ်ဖို့များတယ်…

ဖုန်းဟွမ်က တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ကိစ္စများကို စစ်ဆေးကြည့်ရမလား၊ ဒီတိုင်းထားရမလား တွေဝေနေမိသည်။

သို့သော် တခြားတစ်ခုကိုသာ ဆုံးဖြတ်လိုက်၏။ ထိုနေရာများတွင် ရှိနေသည့် လျှို့ဝှက်ချက်များက ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ သူနှင့် မသက်ဆိုင်ပေ။ ကောင်းကင်ဧကရာဇ်က ထိုတားမြစ်နယ်မြေများကို သူ့ဩဇာ တည်ထောင်ဖို့ အသုံးပြုလိုလေရာ မည်သည့်အရာမှ ဝင်ရောက်မစွက်ဖက်နိုင်ပေ။

ဖုန်းဟွမ်က သူ့ဂိုဏ်းထံ သတင်းအချက်အလက်တချို့ ပို့ဆောင်ပြီးသည့်နောက်တွင် ဆက်လက် ကျင့်ကြံလိုက်၏။ ထိုစဉ် ကမ္ဘာကြီးထဲ ကျဆုံးသွားသော ထာဝရဧကရာဇ် သတင်းအကြောင်း ပျံ့နှံ့လာခဲ့သည်။ လူတချို့က မူမမှန်မှုကို သတိထားမိကြသော်လည်း အဖြစ်အပျက်ကို သိရှိပြီးသည့်နောက်တွင် သတင်းကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

………………………

ပင်လယ်မျိုးနွယ်

အောင်းရှန်ကလည်း ကမ္ဘာ၏ အပြောင်းအလဲကို ခံစားမိလိုက်သည်။ သူက အဖြေကို တွက်ချက်ကြည့်ဖို့ ကြိုးစားကြည့်သော်လည်း ဘာမှမတွေ့ခဲ့ရပေ။ သူက နတ်ဆိုးမျိုးနွယ်ကို ဆက်သွယ်ကာ သတင်းအချက်အလက်ကို ရယူခဲ့၏။ သို့သော် သူတို့၏ အမွေအနှစ်က ပျက်သုဉ်းသွားပြီဖြစ်သည့်အတွက် ဘာမှမသိခဲ့ရပေ။

နောက်ဆုံးတွင် သူက သွေးမျိုးဆက်အပေါ် မူတည်ကာ မှတ်ဉာဏ်များမှတဆင့် အဖြေကို ရှာဖွေခဲ့သည်။ သူက သူခံစားရသည့် မူမမှန်မှုကို မသိဘဲ အလွယ်တကူ အနားမယူနိုင်သေးပေ။

“ထာဝရဧကရာဇ်တစ်ယောက် သေဆုံးသွားတာလား” သူ့အမူအရာက ပြောင်းလဲသွားလေ၏။ ဤသို့သော အဖြစ်အပျက်မျိုးက သူ့သေဆုံးမှုကို တွေးမိစေသည်။ သတ်ဖို့ရာအတွက် ခက်ခဲသည်ဟု သိရှိထားသော သက်ရှိမျိုးပင် သေဆုံးသွားပြီဖြစ်ရာ သေမျိုးအနှောင်အဖွဲ့မှ မလွတ်မြောက်သေးသည့် သူ့လိုလူမျိုးကို ပြောဖို့ရာ မလိုတော့ပေ။

ငါ မြန်မြန်လုပ်ရမယ်…

သူက တွေးပြီးသည့်နောက်တွင် သူ ရှိနေသည့်အခန်းမှ ထွက်ခွာလာလိုက်သည်။

………………………………………………

ရှေးဟောင်းမျိုးနွယ်

ဟို့ဖုန်းဟွမ်ကလည်း အောင်းရှန်နှင့် တူညီသည့် တုံ့ပြန်မှုမျိုး ရှိလေသည်။ မျိုးနွယ်၏ ရှည်ကြာလှသည့် အမွေအနှစ်ဖြင့် သူတို့က ထာဝရဧကရာဇ်များစွာ၏ သေဆုံးမှုကို တွေ့ကြုံခံစားခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် ဟို့ဖုန်းဟွမ်က ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဂရုမစိုက်ဘဲ သူမကို ကိုယ်စားပြုနိုင်သည့် အရာကိုသာ အလေးထားထားသည်။ ထို့ကြောင့် သူမ စိတ်ထဲတွင် ရှိနေသည့်အရာက ထာဝရဧကရာဇ် မည်သို့ဖြစ်လာမလဲ ဆိုသည်သာ ဖြစ်၏။

ကမ္ဘာကြီးက သူမ နားလည်နိုင်သည်ထက် ပိုမိုလျင်မြန်စွာ လည်ပတ်နေသည့်အတွက် သူမ၏ လက်ရှိစွမ်းအားနှင့် အသက်ရှင်နိုင်စွမ်းတို့က စံနှုန်းနှင့် မပြည့်မှီသေးပေ။

…………………………………………………………..

တာအိုသင်္ချိုင်းမြေ

ဝမ်ဝေ့က ထိုအသုံးအဆောင်ပစ္စည်း၏ ဗဟိုချက်သို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့မျက်ဝန်းက သေးငယ်သည့် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် သံကြိုးတစ်ခုကို မြင်တွေ့လိုက်ရသည်။ သို့သော် သံကြိုးက အစိတ်အပိုင်းတချို့ ပျောက်ဆုံးနေဟန်ပေါ်သည်။

“ဒါက ကောင်းကင်စည်းမျဉ်းလား။ ဒါက အဆင့်မြင့်ဆုံး ဖြစ်လောက်တယ်”

အထွတ်အထိပ် ပင်ကိုရတနာ သို့မဟုတ် အထွတ်အထိပ် ဟွင်သွမ်းရတနာများက ယွမ်ထီနှင့် ကောင်းကင်စည်းမျဉ်း ကဏ္ဍအောက်တွင် ရှိကြလေသည်။ သူ့ရှေ့တွင် ရှိနေသည့်အရာက ကောင်းကင်ယွမ်ထီနှင့် ယှဉ်နိုင်ပြီး စံပြများနှင့်ပင် ယှဉ်နိုင်လေသည်။

ဝမ်ဝေ့က ထိုစည်းမျဉ်းသံကြိုးကို ကြည့်ကာ သူ မျှော်လင့်ထားသည့်အရာဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ အကယ်၍ ဖုံးကွယ်ရေးတာအိုကို ကျင့်ကြံသည့် ယွမ်ထီတစ်ယောက်က ထိုအရာကို ရရှိသွားပါက ကောင်းကင်ယွမ်ထီအဆင့်ကို ကျင့်ကြံဖို့ရာ ကမ္ဘာပေါ်တွင် အလွယ်ကူဆုံး ဖြစ်သွားလိမ့်မည်။

ငါ တက်လှမ်းပြီးတဲ့နောက်မှာ အဲဒီကပ်ပါးတွေက ငါ့ကို အမဲလိုက်မှာ အသေအချာပဲ။ ငါ့ရဲ့ နဂိုအစီအစဉ်က ကုရွှမ်ရဲ့ လှည့်ဖျားရေးတာအိုအပေါ်မှာ မှီခိုဖို့။ ဒါပေမဲ့ ဒီတစ်ခုက ပိုပြီးတော့ ကောင်းတယ်…

ဝမ်ဝေ့ တက်လှမ်းပြီးသည့်နောက်တွင် ပထမဦးဆုံး လုပ်ရမည့် ကိစ္စက ထိုကပ်ပါးများဆီမှ ပုန်းအောင်းဖို့ ဖြစ်၏။ အန္တိမသဟဇာတအတွက်မူ သူ့အနေဖြင့် မေတ္တယျအပေါ် မှီခိုရုံကလွဲ၍ ရွေးချယ်စရာ မရှိပေ။ အကယ်၍ အန္တိမသဟဇာတက သာမန် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဖြစ်ပါက သူသည် လှည့်ဖျားရေးတာအိုကို အသုံးပြုကာ သူ့ဆီမှ ပုန်းအောင်းနိုင်လိမ့်မည်။

သို့သော်လည်း ထိုသူက အစစ်အမှန် ကောင်းကင်တာအိုနှင့် ပေါင်းစည်းထား၍ လှည့်ဖျားရေးက သူ့အပေါ် အသုံးမဝင်ပေ။ အစစ်အမှန် ကောင်းကင်တာအိုကို လှည့်ဖျားခြင်းက မဟာတာအိုအပေါ် လှည့်ဖျားခြင်းနှင့် ညီမျှလေသည်။

ကံဆိုးစွာဖြင့် အန္တိမသဟဇာတ ထိုအရာများအား လိုက်နာဖို့ မလိုအပ်တော့ပေ။

စံပြနဲ့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကြားမှာ ကွာဟချက် အကြီးကြီး ရှိ၏။ သို့သော် ယခုတွင် အန္တိမသဟဇာတက ကောင်းကင်တာအိုကို ထိန်းချုပ်ထားပြီ ဖြစ်သည့်အတွက် ဝမ်ဝေ့၏ တာအိုက သူနှင့် လက်ရည်တူ မဖြစ်သရွေ့ လှည့်ဖျားဖို့ရာ မဖြစ်နိုင်ပေ။

ဝမ်ဝေ့က ပျက်စီးနေသည့် စည်းမျဉ်းကို ကြည့်ကာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်လိုက်သည်။

ငါ ဒိုင်မေးရှင်းအနိမ့်မှာ ကောင်းကင်ဘုံအဆင့်အထိ ဖြစ်လာပြီးတဲ့နောက်မှာ ဒီဟာကို အထွတ်အထိပ် ပင်ကိုရတနာအဆင့်အထိ ပြန်ပြီး ပြုပြင်နိုင်လောက်တယ်။ အထွတ်အထိပ်အဆင့် ပြန်လည်ရောက်ရှိသွားပြီးတဲ့နောက်မှာ ကုသိုလ်နဲ့ ပြုပြင်ဖို့က ပြဿနာတော့ မဟုတ်လောက်ဘူး။ အဓိကက ကုသိုလ်အများကြီးသုံးဖို့က ထိုက်တန်ရဲ့လားဆိုတာပဲ…

သူက ယခုတွင် အဖြေ မရှိသည့်အတွက် နောင်အတွက်သာ ချန်ထားလိုက်သည်။

ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ကို အစိတ်အပိုင်းတစ်ခု ခွဲ၍ ထိုလက်နက်ကို သန့်စင်ခိုင်းလိုက်ပြီး အစစ်အမှန် ပိုင်ရှင်ဖြစ်လာအောင် စောင့်ဆိုင်းလိုက်သည်။ သူက အစီအရင်ထောင်ချီဖြင့် ကာကွယ်ထားသည့် ကျောက်စိမ်းပြားကို ကြည့်လိုက်၏။

ဒိဌိဧကရာဇ်က ဝိရောဓိဖြစ်လာအောင်ကို သတိကြီးလွန်းနေတာပဲ…

သူက တိတ်တဆိတ် ခေါင်းခါလိုက်၏။ ထိုအရာကို သူ့လက်ထဲတွင် ကိုင်ထားရင်း တစ်စုံတစ်ခု ထူးခြားနေသည်ကို ခံစားမိလိုက်သည်။

“အမည်မသိနဲ့ ဖျက်ဆီးလို့ မရနိုင်တဲ့ ပစ္စည်းပဲ။ ငါတောင် မမှတ်မိတဲ့ စွမ်းအားနဲ့ သတင်းအချက်အလက်ကို ကာကွယ်ထားနိုင်တဲ့ သဘာဝ စွမ်းရည်တစ်ခု။ အဲဒါက ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းလာပြီ” ဝမ်ဝေ့က မျက်လုံးမှိတ်ပြီးသည့်နောက်တွင် အမွေအနှစ်ကို လက်ခံရယူလိုက်သည်။

သူက တင်ပျဉ်ခွေထိုင်ကာ ဗဟုသုတများထဲ နစ်မြောနေ၏။ အချိန်အတော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်လုံးပွင့်လာသည်။

“ ချူးယွင်က ဘယ်သူလဲ။ သူက သိပ္ပံပညာရှင်အရူးနဲ့ ဘာလို့တူနေပါလိမ့်”

ထိုကျမ်းတွင် အမွေအနှစ်တစ်ခု ပါဝင်ရုံသာမကပေ။ တည်ရှိမှုအပေါ် ချူးယွမ်၏ စမ်းသပ်ချက် ဖြစ်၏။ ထိုစမ်းသပ်ချက်၏ ရလဒ်တစ်ခုက ဒိဌိဧကရာဇ်ကို တခြားသူများ၏ တည်ရှိမှုကို သူ့ကိုယ်ပိုင်အဖြစ် သဟဇာတဖြစ်အောင် ပြောင်းလဲခွင့်ပြုထားလေသည်။ သို့သော်လည်း ထိုနည်းလမ်းက ထိုစမ်းသပ်ချက်အားလုံး၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၏။

“ငါ မှန်တယ်။ ဒီအမွေအနှစ်က သူ့အပေါ်မှာ အလကားဖြစ်သွားတာပဲ။ တကယ်လို့ ငါ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ချူးယွင်က ထူးကဲသာလွန်မှုကို ရဖို့ တည်ရှိမှုအကြောင်းကို လေ့လာခဲ့တာပဲ”

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေ၏။ ထိုသူက အောင်မြင်လား မသိရသော်လည်း သူ့အလိုလိုသိစိတ်ကမူ အနည်းဆုံးတော့ အနီးဆုံးအထိ ရောက်ရှိခဲ့ကြောင်း ပြောပြနေသည်။

အဲဒါဆိုတော့ တည်ရှိမှု သိမ်မွေ့ခြင်းက နောက်ထပ် ထူးကဲသာလွန်မှု လမ်းစဉ်တစ်ခုလား။ မဟုတ်သေးဘူး။ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်ပြီးတဲ့နောက်မှာ လူတွေရဲ့ တည်ရှိမှုက သူတို့ရဲ့ နည်းလမ်းက တည်ရှိမှုကို တိုက်ရိုက်သုံးတာ မဟုတ်ဘူးဆိုရင်တောင် ပြောင်းလဲသွားသင့်တယ်…

အခု ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်က တစ်ခါတုန်းက အဆုံးစွန်မဲ့စံပြနဲ့ စံပြတွေဖြစ်ခဲ့တဲ့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကြားမှာ ကွာဟချက် ရှိလားဆိုတာပဲ…

ဟွင်သွမ်းစကြဝဠာ အများစုတွင် တည်ရှိမှုကို နားလည်ထားပြီး ထိန်းချုပ်နိုင်သည့်လူများက တခြားသူများထက် ပိုမိုအားကောင်းကြသည်။ ထို့ကြောင့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည့်အခါတွင်လည်း အတူတူသာ ဖြစ်သင့်၏။

ငါက ဒီကိစ္စကို စုံစမ်းဖို့ သတင်းအချက်အလက်နည်းနည်းပဲ ရှိတယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ချူးယွင်က သူ့စမ်းသပ်ချက်ကို အလကား ချန်မထားပေ။ ဤအရာကို လက်ခံလိုသည့်သူများက သူ့ကံကြွေးကို လက်ခံရမည် ဖြစ်၏။ အပြန်အလှန်အနေဖြင့် သူတို့ဆီ ထူးကဲသာလွန်မှုလမ်းစဉ်နှင့် ပတ်သက်ပြီး အတွေးအခေါ်၊ သတင်းအချက်အလက် သို့မဟုတ် ဗဟုသုတများ တောင်းဆိုလာလိမ့်မည်။

ဝမ်ဝေ့က သူ့ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာဖြင့်ပင် ဤကျောက်စိမ်းပြားမှ ကံကြွေးကို မတားဆီးနိုင်ကြောင်း သိထား၏။ သူ့အနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ရမည်သာ ဖြစ်သည်။ သူ သုံးသပ်ပြီးသည့်နောက်တွင် ချူးယွင်က သာမန်လူ မဟုတ်ကြောင်း ပြောနိုင်လေ၏။

တည်ရှိမှုက ဟွင်သွမ်းစကြဝဠာထဲတွင် တားမြစ်ချက်ငယ် တစ်ခု အဖြစ် မှတ်ယူနိုင်သည်။ သက်ရှိတိုင်းတွင် ထိုအရာကို နားလည်ဖို့ အခွင့်အရေးသုံးခုသာ ရှိ၏။ သို့သော် ချူးယွင်က တည်ရှိမှုအပေါ် အောင်အောင်မြင်မြင် စမ်းသပ်ချက်ပြုလုပ်ခဲ့ပြီး မဟာတာအို ဖျက်ဆီးခြင်း မရှိဘဲ သူ့ဗဟုသုတများကိုပင် ချန်ထားမည့် နည်းလမ်းကိုပင် ရှာဖွေတွေ့ရှိခဲ့၏။

ဒီလူက တာအိုနယ်ရှင်အဆင့် ဉာဏ်ရည်ရှိရမယ်။ ပြီးတော့ အထွတ်အထိပ်အဆင့်ပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုသူ၏ အကျင့်စရိုက်ကို မသိသည့်အတွက် ထိုလူ့အပေါ် ကံကြွေးတည်ရှိခြင်းက ကောင်းလား၊ ဆိုးလားမသိရပေ။ သို့သော်လည်း ချူးယွင်၏ စမ်းသပ်ချက်များအပေါ် မူတည်၍ ဝမ်ဝေ့က ထိုစမ်းသပ်ချက်ကို ရရှိဖို့ လူ မည်မျှခံစားခဲ့ရကြောင်း တွေးကြည့်နိုင်သည်။

ရက်စက်ပြီးတော့ ဉာဏ်ကောင်းတဲ့သူက သူ့ရွယ်တူတွေနဲ့ ကွာခြားပြီးတော့ တခြားသူတွေက လိုက်မှီနိုင်မှာ မဟုတ်ဘူး။ အဲဒါဆိုတော့ သူက ကမ္ဘာကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရှာဖွေတွေ့ရှိဖို့ပဲ အားကုန်စိုက်ထားလောက်တယ်။ ထူးကဲသာလွန်မှုလမ်းစဉ်ကို လိုက်ဖို့ပေါ့…

သူက အောင်မြင်မှုကို ရဖို့ ဘာမဆိုလုပ်လိမ့်မယ်။ သူ ဂုဏ်ယူရတဲ့ ဉာဏ်ရည်ကလည်း သူ့ရဲ့ အကြီးမားဆုံး အားနည်းချက်တစ်ခု ဖြစ်နေနိုင်တယ်…

တကယ်လို့ သူနဲ့ အမှီလိုက်နိုင်ပြီးတော့ သူ့ရဲ့ အတွေးအခေါ်တွေအတိုင်း လိုက်လုပ်နိုင်မယ်ဆိုရင်တော့ သူနဲ့ ပေါင်းဖို့က အဆင်ပြေတယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ သူ့ဘက်က အလွယ်တကူ ဖျက်ဆီးပစ်လို့ရတယ်လို့ပဲ မှတ်ယူလိမ့်မယ်။

ထိုသို့သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စွန့်စားပြီး ကံကြွေးကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ချူးယွင်ထံ ရှုံးနိမ့်မည်ဟု မထင်ပေ။ သူက လူသားဧကရာဇ်ဆီမှ ထူးကဲသာလွန်မှုလမ်းစဉ်ကို ရရှိထားပြီးသား ဖြစ်၏။ ထိုအတွေးအခေါ်က သူ့ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ လုံလောက်သင့်ပေသည်။

သူက အသက်ပြင်းပြင်းရှူကာ ထိုကျောက်စိမ်းပြားကို အသိစိတ်ပင်လယ်အတွင်း ထားရှိလိုက်သည်။ သူက ထိုအရာကို အပြည့်အဝ မယုံကြည်သည့်အတွက် သူ့ဝိညာဉ်ဖြင့် စည်းပိတ်ထားလိုက်၏။ အရေးပေါ်အခြေအနေဖြင့် သူက သူ့ကိုယ်သူ စည်းဖွင့်ပြီး ဝိညာဉ်၏ ဖုံးကွယ်ထားသော စွမ်းအား အားလုံးကို ထုတ်လွှတ်ကာ အခြေအနေကို ရင်ဆိုင်ဖို့အထိ ပြင်ဆင်ထားသည်။

ထိုအပြုအမူ၏ အကျိုးဆက်အတွက်မူ နောက်ပိုင်းမှ ဖြေရှင်းနိုင်သည်။

All Chapters