← Chapters

ခန္ဓာကိုယ်တိုက်ပွဲ အပိုင်း(၂)

Vol. 70 Ch. 977

ခန္ဓာကိုယ်တိုက်ပွဲ အပိုင်း(၂)

Vol. 70 Ch. 977

အတုအယောင် စွမ်းအင်လွှမ်းမိုးမှု

ကျန့်ပယ်ဟယ်က သတ္တုလုံးတစ်ခုကို ထုတ်ယူပြီး လေဟာနယ်တိုက်ပွဲကွင်းပြင်ဆီ ကြောက်မက်ဖွယ်စွမ်းအား အမြောက်အများကို ထုတ်လွှတ်လာခဲ့သည်။ သူ မတော်တဆ ဖန်တီးထားသည့် စကြဝဠာက ထိုအင်မော်တယ်ချီ အမြောက်အများ၏ ဖိအားအောက်တွင် ဂလက်ဆီ ထရီလီယမ်ချီကာ ပြိုလဲသွားလေ၏။

လေဟာနယ် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကပင် ဖိအားအောက် ကျရောက်နေသလိုဖြစ်ကာ ကြယ်တာရာသားရဲကမ္ဘာနှင့် ပိုင်းခြားထားသည့် အကာအရံက ပြိုလဲလုနီးပါး ဖြစ်နေသည်။

ထိုစဉ် ဝမ်ဝေ့က နွံထဲ ကျရောက်နေသလိုမျိုး ခံစားနေရသည်။ သူ့သွေးစွမ်းအားက ယခင်ကဲ့သို့ ချောမွေ့မနေဘဲ သူ့ဝိညာဉ်ကလည်း ထုံထိုင်းနေလေ၏။ မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်ရာတွင်ပင် ပြဿနာရှိနေဟန်ပေါ်သည်။

စွမ်းအင်လွှမ်းမိုးမှု ဒါက အင်မော်တယ်လမ်းစဉ်ရဲ့ ကောင်းတဲ့အချက်ထဲက တစ်ခုပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

လူတော်တော်များများက ချီစွမ်းအားကို လျှော့တွက်ကြတယ်။ ဒီဟာက ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေရတဲ့ အကြောင်းအရင်းတော့ ရှိတာပဲလေ…

စွမ်းအင် လိုအပ်ရာမှ လွတ်မြောက်သည့် လူ သို့မဟုတ် အရာ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက် ဟွင်သွမ်းကမ္ဘာတစ်ခုလုံးအတွက် လိုအပ်သည့် စွမ်းအားကို ထိန်းချုပ်နိုင်ပါက သူတို့သည် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။ အကယ်၍ သူတို့ကသာ ထိုအရာကို ဟွင်သွမ်းစကြဝဠာကမ္ဘာ တစ်ခုလုံးနှင့် ယှဉ်နိုင်သည့် အရာကို လုပ်ဆောင်နိုင်ပါက ထိုသူ၏ အနည်းဆုံး အောင်မြင်မှုသည် ကာဒီနယ် ၆ယောက်နှင့်ပင် ယှဉ်နိုင်လေ၏။

မဟာတာအိုက တခြားလမ်းစဉ်ကို မျက်နှာသာပေးတာ အမှန်ဆိုပေမဲ့ အင်မော်တယ်လမ်းစဉ်က အသုံးမဝင်ဘူး ဒါမှမဟုတ် ရှေ့ဆက်ရမဲ့လမ်းစဉ် မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူး…

ဝမ်ဝေ့က တစ်ဖက်လူကို အာရုံစိုက်ထားရင်း သုံးသပ်လိုက်သည်။

“အခု လတ်တလောလေးက ဖန်တီးထားတဲ့ နည်းစနစ်အသစ်တွေကို ထုတ်သုံးပြီး စမ်းသပ်ကြည့်ရမဲ့ အချိန်ပဲ”

“မင်း ဘယ်လောက်မောက်မာနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့” ကျန့်ပယ်ဟယ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူက အသက်ရှင်ဖို့ အခွင့်အရေး မြင်ထားသည့်အတွက် အခြေအနေက ပြင်းထန်နေသော်လည်း တည်ငြိမ်နေဆဲ ဖြစ်၏။ ထူးထူးဆန်းဆန်း လူငယ်လေးက သူ့ခန္ဓာကိုယ်ကိုသာ အသုံးပြု၍ သူ့ကို တိုက်ခိုက်နေလေသည်။ ထို့ကြောင့် သူသာ ထိုအခွင့်အရေးကို ယူနိုင်သရွေ့ ဤနေရာမှ လွတ်မြောက်ဖို့ အခွင့်အရေးရှိ၏။

ထို့နောက် သူက ဒိုင်မေးရှင်းအမြင့်သို့ တက်လှမ်းဖို့ရာသာ လိုအပ်သည်။ သူ့အင်အားစုကို ကျန်ဘဝတစ်လျှောက်လုံး စောင့်ရှောက်ပေးမည့် ကျမ်းသစ္စာအတွက်မူ တက်လှမ်းပြီးသည့်နောက်မှ ဖြေရှင်းနိုင်သည်။

ရှင်သန်ဖို့က အရေးကြီးဆုံးဖြစ်သည့်အတွက် သူ အသက်ရှင်နေသရွေ့ အနာဂတ်အတွက် မျှော်လင့်ချက်ရှိလေသည်။

ဝမ်ဝေ့က စကားဆက်မပြောတော့ဘဲ သူ့ဆုံမှတ်များကို ထိန်းချုပ်ကာ နည်းစနစ်အသစ်ကို အသုံးပြုလာသည်။ ခွန်းပန်ဟု ခေါ်ဆိုသည့် ဒဏ္ဍာရီလာပုံရိပ်တစ်ခုက သူ့နောက်တွင် ပေါ်ထွက်လာပြီး ကြီးကျယ်ခမ်းနားသည့် တောင်ပံကို ဖြန့်ပြထားသည်။

ဝှစ်

ကျန့်ပယ်ဟယ်က မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့က သူ့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ့နောက်တွင် နောက်ထပ်ပုံရိပ် တစ်ခု ပေါ်ထွက်လာသည်။ ဤတစ်ခါ ဇာမဏီ ဖြစ်၏။

ဘန်း

ကျန့်ပယ်ဟယ်၏ ခေါင်းအထက် လက်သီးချက် ကျရောက်လာပြီး သူ့ကို လွင့်စင်သွားစေသည်။ သို့သော်လည်း ဤတိုက်ကွက်ရှိ စွမ်းအားက သေစေနိုင်လောက်သည့် အနေအထား မဟုတ်ပေ။ ထိုအရာက ကျန့်ပယ်ဟယ်၏ ခန္ဓာကိုယ်တိုင်းမှ အက်တမ်တိုင်းကို အလျင်အမြန် လောင်ကျွမ်းပစ်မည့် ထာဝရဇာမဏီ မီးတောက်သာ ဖြစ်၏။

သူ့နဂို နီရဲပြီးသား အရေပြားက ပိုမိုတောက်ပလာသည်။ သို့သော် သူက ဤအပြောင်းအလဲကို ဂရုမစိုက်နိုင်သေးပေ။ ကြယ်တာရာသားရဲခန္ဓာကိုယ်၏ အားနည်းချက်တစ်ခုက တိုက်ကွက်များကို မဖယ်ရှားနိုင်ခြင်းနှင့် သူတို့၏ ခန္ဓာကိုယ်နှင့် အရွယ်အစားကို ဆက်တိုက် လောင်ကျွမ်းပစ်စေခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် ကမ္ဘာ၏ လူမှုအဖွဲ့အစည်းက အချိန်အတော်ကြာ ဖွံ့ဖြိုးလာပြီဖြစ်သည့်အတွက် ဤအခြေအနေနှင့် ပတ်သက်ပြီး တန်ပြန်နည်းလမ်းများက ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

မီးတောက်စည်းပိတ်ရေး မန္တန်

ကျန့်ပယ်ဟယ်က ချက်ချင်းဆိုသလို လှုပ်ရှားကာ သူ့ခန္ဓာကိုယ်မှ မီးတောက်ကို စည်းပိတ်လိုက်သည်။ နှမြောစရာကောင်းလှသည်က အချိန်တိုလေးအတွင်း သူ့ခန္ဓာကိုယ်က အလင်းနှစ်သန်းရာချီကို ဆုံးရှုံးလိုက်ရသည်။ ထို့အပြင် ဝမ်ဝေ့က တုံ့ပြန်ဖို့ရာ အခွင့်အရေးမပေးပေ။

ယခင်ကဲ့သို့ သူက တစ္ဆေတစ်ကောင်ကဲ့သို့ သူ့ရှေ့တွင် ပေါ်ထွက်လာလေ၏။ ပတ်ဝန်းကျင်တွင် အတားအဆီးများ ရှိနေလျက်ပင် ဝမ်ဝေ့၏ အမြန်နှုန်းက သူ လိုက်နိုင်သည်ထက် ကျော်လွန်နေခဲ့သည်။

ဤတစ်ကြိမ် အားကောင်းသည့် လိပ်နက်ပုံရိပ်က ဝမ်ဝေ့နောက်တွင် ပေါ်ထွက်လာပြီး တစ်ဖက်လူကို ထိုးချလိုက်သည်။

ကျန့်ပယ်ဟယ်က ကြောက်မက်ဖွယ် စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာကာ စွမ်းအင်နှင့် အတွင်းအင်္ဂါများကို ဖျက်ဆီးပစ်နေကြောင်း ခံစားမိလိုက်သည်။

ဒါက လိပ်နက်ရဲ့ စွမ်းအားလား…

သူက တွေးလိုက်မိ၏။ အထွတ်အထိပ်သားရဲ ၅ကောင်အနက် လိပ်နက်သည် အကြီးဆုံးနှင့် ရုပ်ပိုင်းဆိုင်ရာ အားကောင်းဆုံး ဖြစ်၏။ ယနေ့တွင် သူက ထိုလက်သီးချက်မှ လိပ်နက်၏ စွမ်းအားကို ခံစားမိလိုက်သည်။ နှမြောစရာကောင်းလှသည်က အဆုံးသတ် မဟုတ်သေးပေ။

ထိုလက်သီးမှ ကြောက်မက်ဖွယ်လှည့်ပတ်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို အမှုန့်ဖြစ်အောင် ကြိတ်ချေနေသည်။

ယင်ယန် လည်ပတ်ခြင်း စွမ်းအားလား…

ကျန့်ပယ်ဟယ်၏ အမူအရာက ပျက်ယွင်းသွားသော်လည်း ဤသည်က တုံ့ဆိုင်းနေရမည့် အချိန် မဟုတ်ကြောင်း သိလေသည်။

ခန္ဓာကိုယ်ပြန့်ကျဲခြင်း

သူ့ခန္ဓာကိုယ်က သေးငယ်လှသည့် အစိတ်အပိုင်းများအဖြစ် ပြိုကွဲသွားပြီး တစ်နေရာတွင် သွား၍ စုဆုံသည်။ ကျန့်ပယ်ဟယ်က တစ်ဖက်လူကို အာရုံစိုက်ကာ ကြည့်လိုက်၏။

သို့သော်လည်း ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

ရာသီခွင်ဆုံမှတ်နည်းစနစ်အပေါ် မူတည်၍ သူက ပင်ကိုနတ်ဆိုးနတ်ဘုရားနှင့် တခြားအားကောင်းသော သက်ရှိများကို အခြေခံအနေဖြင့် အသုံးပြုကာ အားကောင်းသည့် ခန္ဓာကိုယ်နည်းစနစ်အသစ်ကို ဖန်တီးထားခဲ့သည်။ နမူနာအားဖြင့် သူသည် အရှိန်အတွက် ယုန်ရာသီခွင်အစား ခွန်းပန်ကို ပြောင်းလဲခဲ့ပြီး သူ့အရှိန်အား နောက်ထပ်တဆင့်သို့ ရောက်ရှိသွားစေသည်။

ထိုနည်းစနစ်အသစ်ကို အသင်္ချေစိတ်ဝိညာဉ်သဏ္ဍာန်ပြခြင်းဟု ခေါ်ဆိုထားပြီး ရာသီခွင်နည်းစနစ်၏ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်ခဲ့သည်။ သူက သူတို့အားလုံးကို ပစ်ပယ်ခဲ့ခြင်း မဟုတ်ပေ။ နမူနာအားဖြင့် နဂါးရာသီခွင် ဖြစ်၏။ သူက ထိုရာသီခွင်၏ စွမ်းဆောင်ရည်ကို မဆုံးရှုံးလိုပေ။ ဝမ်ဝေ့က အဆင့်မြှင့်တင်နိုင်သည့် သက်ရှိမျိုးကို မတွေ့ဆုံဖူးသည့်အတွက် ဤအတိုင်းသာ ကျန်ရှိနေလေ၏။

ဝမ်ဝေ့က ကျန့်ပယ်ဟယ်ကို ကြည့်ကာ “ခင်ဗျားက ဒီထက်ပိုပြီးတော့ အားကောင်းမယ်ဆိုတာ သိတယ်။ စိတ်မပျက်စေနဲ့”

သူ့နောက်တွင် လူသားမျက်နှာနှင့် ကင်းမြီးကောက်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးနှင့် လျှပ်စီးများက ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ကမ္ဘာဦးနတ်ဘုရား - မိုးကြိုးနတ်ဘုရား

ဝမ်ဝေ့၏ ခန္ဓာကိုယ်က လျှပ်စီးအသွင်ပြောင်းလဲသွားပြီး ကျန့်ပယ်ဟယ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

ထာဝရဦးသျှောင်က အကောင်းဆုံးကြိုးစား၍ ခုခံခဲ့ပြီး တစ်ဖက်လူ၏ လှုပ်ရှားနိုင်စွမ်းကို လျှော့ချဖို့ မန္တန်များကို သုံးခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ အဆုံးသတ်တွင် သူက သူ့ခန္ဓာကိုယ်အရွယ်အစား ဖြည်းဖြည်းချင်း လျော့ကျသွားသည်ကိုသာ ကြည့်နေရ၏။ ကျန့်ပယ်ဟယ်က နယ်ခြားစွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိနေသည်ကို ခံစားမိသည့်အခါ အမူအရာ ပြောင်းလဲသွားခဲ့သည်။

တာအိုဆန္ဒ

ဝမ်ဝေ့က တစ်ဖက်လူကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“ ခင်ဗျားရဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ်မှာ တာအိုဆန္ဒက ဘာလုပ်မလဲဆိုတာပဲ”

တစ်ဖက်လူက တာအိုဆန္ဒကို မဖယ်ရှားနိုင်ခင် စွမ်းအားကို အသုံးပြုနိုင်မည် မဟုတ်သလို ခန္ဓာကိုယ်ကိုလည်း ပြန်လည်ကောင်းမွန်အောင် လုပ်လို့ရမည် မဟုတ်ပေ။ တခြားနည်းဖြင့် ကျန့်ပယ်ဟယ်၏ လက်ရှိအနေအထားက သူ့ကန့်သတ်ချက် ဖြစ်နေ၏။

ဝမ်ဝေ့က ဤကြယ်တာရာသားရဲကမ္ဘာ၏ ကျင့်ကြံရေးစနစ်သည် အမှန်တကယ် ထူးကဲမှု ရှိကြောင်း သိလိုက်သည်။

သူက ထိုအရာကို သဘောမကျသော်လည်း သူတို့၏ ကမ္ဘာက အဆုံးမဲ့လေဟာနယ်အတွင်း အကောင်းဆုံးထဲမှ တစ်ခုဖြစ်နေရသည့် အကြောင်းအရင်း ရှိနေသည်။

ကျန့်ပယ်ဟယ်၏ မျက်ဝန်းများက နီရဲလာပြီး ဒေါသနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်လာသည်။ သူ့အရှိန်အဝါက သိသိသာသာ သိမြင့်လာပြီး ပိုမိုအကြမ်းဆန်လာသည်။

သောင်းကျန်းရေး အနေအထား

ဝမ်ဝေ့က အဖြစ်အပျက်ကို မြင်သည့်အခါ အကြည့်များ တောက်ပသွားလေ၏။

ကျန့်ပယ်ဟယ်က သူ့မသေမျိုးနန်းဆောင်မှ အင်မော်တယ်ချီ အားလုံးကို ဖောက်ခွဲပစ်ပြီး သူ့စွမ်းအားကို တိုးမြှင့်ခဲ့သည်။

သူ့စွမ်းအားက သိသိသာသာ တိုးမြင့်လာတာပဲ။ ဒါပေမဲ့ သူက မန္တန်ချမှတ်နိုင်တဲ့ စွမ်းရည်ကို ဆုံးရှုံးသွားခဲ့တယ်။ သူ့ရဲ့ မသေမျိုးနန်းဆောင်ကလည်း ဒီတိုက်ပွဲပြီးတဲ့နောက်မှာ သေချာပေါက် အက်ကွဲသွားလိမ့်မယ်။ ပြီးတော့ တိုက်ပွဲသာ ကြာနေမယ်ဆိုရင် လုံးဝတောင် ပျက်စီးသွားနိုင်တယ်…

ဤတိုက်ပွဲအပြီးတွင် ကျန့်ပယ်ဟယ်က ထာဝရအဆင့် တိုက်ပွဲစွမ်းရည် ရှိတော့မည်မဟုတ်ဘဲ မသေမျိုးနန်းဆောင်ကို ပြန်လည်တည်ဆောက်ဖို့ အားစိုက်ထုတ်မှုနှင့် အရင်းအမြစ်များစွာ အသုံးပြုရလိမ့်မည်။

ဒီနည်းစနစ်ကို တခြားထာဝရအရှင်တွေဆီမှာ အားကောင်းတဲ့ ခန္ဓာကိုယ်မရှိသရွေ့ အစားထိုးလို့တော့ မရဘူးပဲ။ မဟုတ်ရင် ဒီသောင်းကျန်းနေတဲ့ အင်မော်တယ်ချီတွေက သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို တိုက်ရိုက်သုတ်သင်ပစ်လိမ့်မယ်။ ပိုပြီးဆိုးရွားတာက အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူအများစုရဲ့ မသေမျိုးနန်းဆောင်က ဒီနည်းစနစ်ကို ခံနိုင်ရည်ရှိဖို့ မခိုင်ခံ့ဘူး

ဝှစ်

ကျန့်ပယ်ဟယ်က ဝမ်ဝေ့ရှေ့တွင် ပေါ်ထွက်လာလေသည်။ လက်သီးတစ်ချက်ဖြင့် ဝမ်ဝေ့၏ ဧရာမခန္ဓာကိုယ်ကြီးက လွင့်စင်သွားပြီး သူ့လက်မောင်းက ဗလာနတ္ထိအဖြစ် ပေါက်ကွဲထွက်သွားသည်။ သူက လမ်းတစ်လျှောက် အရာများစွာကို ဖျက်ဆီးပစ်ခဲ့သော်လည်း ဂရုမစိုက်ပေ။ အချုပ်အားဖြင့် သူက အပြုံးတစ်ပွင့် ရှိနေလေ၏။

တာအိုကို သက်သေပြပြီးသည့်နောက်တွင် ဒဏ်ရာရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ ဤသည်က သွေးကိုယ်ပွားမျှသာ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကြီးဖြင့် တိုက်ခိုက်နေသော်လည်း သူက ရလဒ်နှင့်ပတ်သက်ပြီး ပျော်ရွှင်နေမိသည်။

သူ့ရယ်သံက လေဟာနယ် တိုက်ပွဲကွင်းပြင်တစ်လျှောက် ပျံ့နှံလာ၏။

“ဟား…ဟား…ဟား…ထပ်လုပ်ရအောင်”

သူက ကျန့်ပယ်ဟယ်နှင့် ထိပ်တိုက်တွေ့ဆုံလိုက်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများက မည်မျှပင် ပျက်သုဉ်းသွားစေကာမူ လျစ်လျူရှုထားလေသည်။ သူက သူ့သဘာဝအလိုလိုကုသနိုင်စွမ်းသည် မကောင်းဆိုးဝါးအဆင့်ဟု ခေါ်ဆိုနိုင်လောက်သည့်အတွက် ဂရုမစိုက်ပေ။ သူက သူ့ကို ကူညီပေးနိုင်သည့် ဇာမဏီသဏ္ဍာန်ပြခြင်းလည်း ရှိ၏။

ထို့ကြောင့် သူက ချုပ်တည်းမနေဘဲ အားကုန်သုံးတိုက်ခိုက်နေသည်။

သူက သူ့လက်ရှိခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို မြင်တွေ့ရ၍ ပျော်ရွှင်နေပြီး ကန့်သတ်ချက်ကို ကျော်လွန်အောင် တွန်းပို့နေသည်။

“ပြီးတော့” ဝမ်ဝေ့က အားနည်းကာ ဖြူဖျော့နေသည့် ကျန့်ပယ်ဟယ်ကို ကြည့်လိုက်၏။ သူက တစ်ဖက်လူသည် ကြာကြာတောင့်မခံနိုင်တော့ကြောင်း သိ၍ သက်ပြင်းချလိုက်သည်။

ကိစ္စမရှိပါဘူး။ ငါ အိပ်မက်လောကထဲမှာ သူ့ကို ပြန်လည်ဖန်တီးပြီးတော့ တိုက်ခိုက်လို့ရတယ်…

ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိသွားလေ၏။

ငါ့ရဲ့ စမ်းသပ်ချက်က ကျရှုံးသွားတာပဲ…

ဝမ်ဝေ့က ဤတိုက်ပွဲအတွက် ဒုတိယ ရည်ရွယ်ချက်တစ်ခု ရှိလေသည်။ သူက မောက်မာမှု၊ အပြုအမူနှင့် စကားများကို အသုံးပြု ရန်စကာ ကျန့်ပယ်ဟယ်အား အဆင့်(၁၁) ကျင့်ကြံသူအနေဖြင့် အစစ်အမှန်စွမ်းအားကို ထုတ်သုံးဖို့ ရူးရူးမိုက်မိုက် လုပ်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။

သူ့တကယ့်ရည်ရွယ်ချက်က အစစ်အမှန် ကောင်းကင်တာအိုသည် သူနှင့် တိုက်ခိုက်သည့်အခါ ထာဝရဦးသျှောင်ဆီမှ အတားအဆီးတချို့ကို ဖယ်ရှားပေးပြီး ဒိုင်မေးရှင်းအမြင့်ကလို တူညီသည့် အင်အားမျိုးကို ထုတ်သုံးခွင့်ပေးမလားဟု သိချင်၍ ဖြစ်သည်။

ကံဆိုးစွာဖြင့် တိုက်ပွဲတစ်လျှောက်လုံးအတွင်း ဘာမှဖြစ်ပျက်မလာခဲ့ပေ။

လက်ရှိအခြေအနေကို ရှင်းပြဖို့ နည်းလမ်း ၃ခုပဲ ရှိတယ်။ အစစ်အမှန်ကောင်းကင်တာအိုက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စည်းမျဉ်းကို ထိန်းသိမ်းထားတယ်။ ငါက သွေးကိုယ်ပွားနဲ့ တိုက်ခိုက်တယ်ဆိုပြီးတော့ အပြောင်းအလဲကို ခွင့်ပြုပေးတာ မဟုတ်ဘူး။ ဒါမှမဟုတ်ဘူးဆိုရင် အတားအဆီးတွေကို ဖယ်ရှားဖို့ မတိုင်ခင် ရက်တစ်ခုကို စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ်…

အကယ်၍ ထာဝရဦးသျှောင်က သူတို့၏ တကယ့်စွမ်းအားအစစ်အမှန်ကိုသာ ရရှိပါက ဝမ်ဝေ့၏ အစီအစဉ်အများစုသည် ပိုမို ခက်ခဲလာလိမ့်မည်။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေ၏။

All Chapters