← Chapters

စည်းမျဉ်းအသစ်များ

Vol. 70 Ch. 979

စည်းမျဉ်းအသစ်များ

Vol. 70 Ch. 979

“အထက်မှ ကောင်းကင်ဘုံ … စကြဝဠာဆိုင်ရာ မိုးကြိုးဧကရာဇ်က ဒီနေ့ ကမ္ဘာကြီးကို အုပ်ချုပ်ပြီး သက်ရှိအားလုံးထံ စည်ပင်ကြွယ်ဝမှုကို ယူဆောင်လာစေဖို့ ဒီခုံရုံးကို ဖန်တီးတည်ထောင်ပါ့မယ်”

မူလိန်၏အသံက အားလုံး၏ နားထဲတီးတိုးပြောနေသလိုမျိုး ဂြိုလ်များ၊ ကြယ်တာရာစက်ကွင်းနှင့် ဂလက်ဆီအားလုံးအထိ ပျံ့နှံ့သွားပြီဖြစ်၏။ ထို့နောက် သူ့ ကောင်းကင်ခုံရုံး၏ ပုံရိပ်ယောင်က ကောင်းကင်အထက် ပေါ်ထွက်လာကာ အားလုံးမြင်တွေ့လိုက်ရသည်။

စကြဝဠာဆိုင်ရာ မိုးကြိုးလား…

စကြဝဠာက ကြယ်တာရာ သက်ဆိုင်နေတဲ့ စနစ်က ဖြစ်ရမယ်…

သူ့နာမည်က လိန်ဆိုတော့ မိုးကြိုးကို ဆိုလိုနေတာပဲ။ သူက သူ့တာအိုကို မိုးကြိုးအဖြစ် ရွေးခဲ့တာ အဲဒါကြောင့်လား…

ဝမ်ဝေ့က ဤကမ္ဘာ၏ ကောင်းကင်ခုံရုံးကို ကြည့်ကာ တွေးလိုက်မိသည်။

အလှရသခံစားမှုက သူနှင့် လုံးဝကွဲပြားနေပြီး သူ့ခုံရုံးက မြင့်မြတ်ကာ အင်မော်တယ်ဆန်သည့် လေထုမျိုးရှိစဉ် ဤအရာကမူ ကြယ်တာရာကောင်းကင်နှင့် တူလေသည်။ ဤခုံရုံးက ဤကမ္ဘာနှင့် သင့်တော်အောင် ပြင်ဆင်ထားဟန်ပေါ်၏။

ငါလည်း ငါ့ခုံရုံးဆီ ဒီလိုမျိုး တူညီတဲ့ အလှရသမျိုး ထည့်ပေါင်းရမယ်…

ဝမ်ဝေ့က သူ့ခုံရုံးသည် ရှေ့ဆုံးက ဖြစ်သည့်အတွက် အလှပဆုံးဖြစ်သင့်သည်ဟု ခံစားမိ၏။

သူက အတွေးနက်နေစဉ် မူလိန်က ကြယ်တာရာသားရဲကမ္ဘာမှ အင်အားစုတိုင်းကို ပထမဆုံးအစည်းအဝေးအတွက် ဆင့်ခေါ်ခဲ့သည်။ ဝမ်ဝေ့က မတက်ရောက်ဘဲ နောက်ကွယ်မှသာ ကြည့်ရှုနေ၏။

မူလိန်က ထုံရို့ပင်းကို ဘေးမှထားလျက် ပလ္လင်ပေါ် ထိုင်လိုက်သည်။ ဝမ်ဝေ့က လူတချို့သည် သူမကို မကျေမနပ် ကြည့်နေကြောင်း သတိထားမိလိုက်၏။ ကြယ်တာရာသခင်တောင်မှ အဖွဲ့သားများလည်း အပါအဝင် ဖြစ်သည်။

ဝမ်ဝေ့က အကြောင်းပြချက်ကို မှန်းဆမိဖို့ သိပ်မကြာလိုက်ပေ။ လူတချို့က ထုံရို့ပင်းကို မူလိန်၏ လက်တွဲဖော်အနေဖြင့် မကျေနပ်ကြပေ။ ယခင်က သူတို့သည် ဤလက်ထပ်ပွဲကို ထောက်ပံ့ပေးခဲ့သည်ကား သူမတွင် ထာဝရဧကရာဇ် ဖြစ်လာမည့် အလားအလာရှိ၍ ဖြစ်သည်။ သို့သော် သူမက တိုက်ပွဲအတွင်း ကျရှုံးခဲ့လေ၏။

ထိုကျရှုံးမှုက စိတ်ပြောင်းသွားရသည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ ထုံရို့ပင်း၏ ပါရမီက တည်ရှိနေသေးသည့်အတွက် မူလိန်၏ အကူအညီဖြင့် သူမက နောက်မျိုးဆက်တွင် တာအိုသက်သေပြနိုင်ချေ မြင့်မားလေသည်။ သို့သော်လည်း ခုံရုံး၏ ဖန်ဆင်းမှုနှင့် မိဖုရားခေါင်ကြီး ရာထူးတို့ဖြင့် ကုသိုလ် အမြောက်အများ ရရှိမည်ဖြစ်ကာ အကျိုးအမြတ်မြောက်များစွာ ပါဝင်နေပြီး တာအိုကို သက်သေပြဖို့ ကုသိုလ်ကို အသုံးပြုနိုင်မည့် အခွင့်အရေးလည်း ပါဝင်နေသည်။

ဝမ်ဝေ့က ထုံရို့ပင်း သို့မဟုတ် မူလိန်အား ထိုနည်းစနစ်ကို ထုတ်ဖော်ဖို့ တားဆီးခဲ့သည့်အတွက် ထိုအခွင့်အရေးက ပို၍ အဖိုးတန်နေသည်။ ထို့ကြောင့် လူတချို့က ထိုအရာကို သူမဆီ မပေးလိုကြဘဲ မူလိန်အား နောက်ထပ် တာအိုလက်တွဲဖော် လက်ခံဖို့ တောင်းဆိုခဲ့လောက်သည်။ အထူးသဖြင့် သူတို့အင်အားစုမှ လူကို ဖြစ်၏။

အစည်းအဝေးက ဆက်လက် ကျင်းပနေစဉ် မူလိန် လုပ်ခဲ့သည့်ပထမဦးဆုံးအရာက သူ့စွမ်းအားကို ထိုအင်အားစုများထံ ပြသလိုက်ခြင်း ဖြစ်၏။ သူက စည်းပိတ်ထားသည့် ထာဝရဦးသျှောင်များကို ပြကာ ခုံရုံးအပေါ် အကြွင်းမဲ့ ထိန်းချုပ်ခွင့်ရဖို့ တွန်းအားအဖြစ် အသုံးပြုခဲ့သည်။

မူလိန်က လောဘမကြီးဘဲ ဝမ်ဝေ့၏ နမူနာအတိုင်း လိုက်လုပ်ကာ အားလုံးကို ဝေစုခွဲပေးခဲ့၏။ သူက တူညီသည့် လမ်းစဉ်အတိုင်း လိုက်လုပ်ခဲ့ပြီး ခုံရုံး၏ရာထူးများက မျိုးရိုးအလိုက် အမွေဆက်ခံနိုင်ခြင်း မဟုတ်ဘဲ မျိုးဆက်တစ်ခုချင်းစီတွင် တစ်စုံတစ်ယောက်က ပလ္လင်ကို ဆက်ခံရမည်။

သူက ပထမတန်းစားဧကရာဇ်ကသာ ထိုရာထူးကို ယူနိုင်ကြောင်း ပြောလိုက်သော်လည်း ဧကရာဇ်တစ်ယောက်သည် ထိုက်တန်ရဲ့လားဟု စမ်းသပ်ဖို့ စစ်ဆေးမှုတစ်ခု ချန်ထားခဲ့ပြီးသည့်နောက် မူလိန်က ဘာကိုမှ ထပ်မပြောခဲ့ပေ။ သူက ဝမ်ဝေ့လို ဩဇာတိက္ကမ မရှိသည့်အတွက် သူ့လိုမျိုး မောက်မာ၍ မရပေ။ မဟုတ်ပါက ကြယ်တာရာသခင်တောင်သည် သူထွက်သွားပြီးသည့်နောက်တွင် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။

မူလိန်က ကမ္ဘာတွင် ပထမတန်းစားဧကရာဇ် မရှိသည့်အခါ ကိုယ်စားလှယ်အကြောင်းနှင့် ပတ်သက်ပြီး များများစားစား မပြောခဲ့ပေ။

ဉာဏ်ရှိတဲ့ အပြုအမူပဲ…

ဝမ်ဝေ့က မူလိန်၏ နည်းဗျူဟာကို တွေးမိလေသည်။ ထိုသူက အင်အားနှင့် ဩဇာ နည်းပါးမှုအပေါ် ကန့်သတ်ချက်အကြောင်း သိထားသည့်အတွက် သူ့ကိုယ်သူ စွမ်းအားတိုးမြှင့်ဖို အချိန်ဆွဲထားလိုသည်။

မူလိန်က အလားအလာကောင်းသည့်သူ တစ်ဦး ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်ရာထူး၏ အကူအညီဖြင့် သူ့စွမ်းအားက နောက်နှစ်ထောင်ပိုင်းအတွင်း သိသိသာသာ တိုးမြင့်လာလိမ့်မည်။

သူက လုံလုံလောက်လောက် အားကောင်းသည်နှင့် ထုံရို့ပင်း၏ အကူအညီတို့ဖြင့် သူက ဝမ်ဝေ့လိုမျိုး တစ်စိတ်တစ်ပိုင်း မောက်မာပြနိုင်လိမ့်မည်။ ထိုအခါ ကိုယ်စားလှယ်ရာထူးကို ဆုံးဖြတ်ခြင်းနှင့် နောက်တက်မည့် ကောင်းကင်ဧကရာဇ်ကို ဆုံးဖြတ်ဖို့ စစ်ဆေးမှုများကိုပင် ချန်ထားနိုင်လိမ့်မည်။

သူက ထိုရည်မှန်းချက်များကို မရောက်ရှိခင် ထာဝရဦးသျှောင်များကို ဓားစာခံအနေဖြင့် သုံးပြီး အကြပ်ကိုင်ရဦးမည် ဖြစ်၏။

ဝမ်ဝေ့က နတ်ဘုရားရွေးချယ်ခံအခမ်းအနားကို ကြည့်နေလိုက်သည်။ ကြယ်တာရာသားရဲကမ္ဘာက ကွဲပြားလှ၏။ ထို့ကြောင့် အသင်္ချေအင်ပါယာကမ္ဘာနှင့် ကွဲလွဲမှုအနည်းငယ် ရှိနေပြီး မူလိန်က ထိုအရာကို အဓိကရာထူးဆယ်ခုအဖြစ် ပိုင်းခြားခဲ့သည်။

အသင်္ချေအင်ပါယာကမ္ဘာနှင့် နှိုင်းယှဉ်လိုက်လျှင် အာကာပြင်နတ်ဘုရား၊ ကြယ်တာရာနတ်ဘုရား၊ နေနတ်ဘုရားနှင့် လနတ်ဘုရား ရာထူးတို့က သူတို့ကမ္ဘာထံ အဖိုးမဖြတ်နိုင်ပေ။ ထို့ကြောင့် သူက ထိုရာထူးများကို ထိန်းချုပ်ထားပြီး ကြယ်တာရာသခင်တောင်နှင့် သူ့ဘေးတွင် ရှိပေးခဲ့ကြသည့် မဟာမိတ်များကို ပေးဖို့ အာမခံထားသည်။

ဝမ်ဝေ့က ကုသိုလ် လက်ခံသည့် ဖြစ်စဉ်အပါအဝင် အရာအားလုံးကို ကြည့်ရှုနေခဲ့သည်။ သူကမျက်လုံးမှိတ်ကာ တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ သူက ကောင်းကင်ဧကရာဇ် ခေတ်ကာလကြွယ်ဝလာမှုနှင့် သက်ဆိုင်နေသည့် ကံကောင်းမှုနှင့် ကြမ္မာကို ခံစားမိလိုက်သည်။ တည်ထောင်သူအနေဖြင့် သူ့ကံကောင်းမှုနှင့် ကုသိုလ်က နောက်တစ်ဆင့်သို့ ရောက်ရှိသွား၏။

ဟုတ်ပြီ။ ဒိုင်မေးရှင်းအနိမ့်ရဲ့ အနာဂတ်က ကောင်းကင်အလိုဆန္ဒကမ္ဘာတိုင်းနဲ့ ကမ္ဘာ့အသိုက်အဝန်းတိုင်းက ကောင်းကင်ဧကရာဇ်ခေတ်ကာလကို ဝင်ရောက်ဖို့ပဲ။ အဲဒီအခါကျရင် အစစ်အမှန်ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ရဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ အားအများကြီး မလိုတော့ဘူး…

ဒီစွမ်းအားတွေအကုန်လုံးကို အန္တိမသဟဇာတကို ဖြေရှင်းဖို့ အသုံးပြုနိုင်တယ်…

ဝမ်ဝေ့က ထိုဖြစ်စဉ်အတွင်း သူ လက်ခံရရှိမည့် အကျိုးအမြတ်သည် မည်မျှများပြားကြောင်း တွေးမကြည့်နိုင်ပေ။ သို့သော်လည်း တကယ့်အရေးကြီးဆုံးက သူသည် လက်ရှိအကြီးမားဆုံး ရန်သူဖြစ်သည့် အန္တိမသဟဇာတကို အားနည်းအောင် လုပ်နိုင်လိမ့်မည်။

ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်၏ တိုက်ပွဲအတွင်း သူ့စွမ်းရည်က မည်မျှပင် သေးငယ်စေကာမူ တစ်စိတ်တစ်ပိုင်း ပါဝင်လာလိမ့်မည်။

ဝမ်ဝေ့က သတ်ဖြတ်ငွေ့ ပြည့်နှက်နေသည့် အကြည့်တစ်ခုကို ခံစားမိလိုက်၏။ ထိုအရာက ခေတ္တမျှသာ ကြာမြင့်ပြီး ချက်ချင်းပျောက်ကွယ်သွားသည်။ သို့သော် သူက နှလုံးခုန်တစ်ချက် မြန်လာမိသည်။ သူက မျက်လုံးဖွင့်ကာ ကောင်းကင်ကို ကြည့်ပြီး လှောင်ပြောင်လိုက်မိ၏။

သူက အန္တိမသဟဇာတနှင့် ကိုယ်ပိုင် ပဋိပက္ခမရှိပေ။ ကံဆိုးစွာဖြင့် ထိုသူက အခြေအနေအရ သူ့ရန်သူ ဖြစ်နေလေ၏။ ထို့ကြောင့် သူ့ရန်သူအားလုံးကို လုပ်ခဲ့သလိုမျိုး ထိုသူ့ကို ဆက်ဆံမည် ဖြစ်သည်။

ဝမ်ဝေ့က ယခင်ခံစားချက်ကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ မိုးမြေကြားမှ အပြောင်းအလဲများကို ခံစားကြည့်လိုက်သည်။

ငါ့ရဲ့ ခန့်မှန်းချက်က မှန်ကန်နေတာပဲ။ အစစ်အမှန်ကောင်းကင်တာအိုက ကောင်းကင်ဧကရာဇ်ဖြစ်လာဖို့ စည်းမျဉ်းအသစ်ကို ဖွဲ့စည်းလိုက်ပြီ…

ဒါက စစ်ဆေးမှုလား…

ယခုမှစ၍ သူ သို့မဟုတ် မူလိန် နည်းလမ်းအတိုင်း ပလ္လင်ပေါ်တွင် ထိုင်နိုင်တော့မည် မဟုတ်ပေ။ ဧကရာဇ်များက ကောင်းကင်တာအို၏ ကံရာထူးကို ဆုပ်ကိုင်နိုင်ဖို့ အစစ်အမှန်ကောင်းကင်တာအိုဆီမှ စမ်းသပ်ချက်ကို ကျော်ဖြတ်ရမည် ဖြစ်၏။

ဝမ်ဝေ့က ထိုစမ်းသပ်ချက်ကို ခွဲခြားပြီးသည့်နောက်တွင် တိတ်တဆိတ် ခေါင်းခါလိုက်သည်။

အင်အားကန့်သတ်ချက် မရှိသည့်အတွက် အစစ်အမှန်ကောင်းကင်တာအို၏ စံနှုန်းအရ တတိယတန်းစား ဧကရာဇ်များကပင် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်သည်။ သို့သော်လည်း ဤအဆင့်ဧကရာဇ်က ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ စွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။ သူတို့သာ ထိုရာထူးကို ယူပြီး ကောင်းကင်တာအိုဆီမှ ဝန်ထုပ်ဝန်ပိုးကို မျှဝေဖို့ ကြိုးစားလိုက်သည်နှင့် သွက်ချာပါဒ လိုက်သွားလိမ့်မည်။

အကယ်၍ တတိယတန်းစား ဧကရာဇ်တစ်ယောက်က ထိုရာထူးကို ဆုပ်ကိုင်ထားလိုပါက သူ သို့မဟုတ် သူမက စွမ်းအားအများစုကို လက်လျှော့ပြီး ကောင်းကင်တာအိုဆီမှ ဝန်ထုပ်ဝန်ပိုးငယ် တစ်ခုကို မျှဝေထမ်းဆောင်ရမည်။

ဝမ်ဝေ့က စစ်ဆေးမှု၏ တခြားစည်းမျဉ်းများကို အာရုံစိုက်လိုက်၏။ တာအိုနှလုံးသားအဆင့် ကန့်သတ်ချက်တစ်ခု လိုအပ်ပြီး အကုသိုလ်များပြားနေ၍ မရပေ။ သဘောထားကလည်း အစွန်းရောက်နေ၍ မရပေ။

တာအိုဘိုးဘေး၊ ထာဝရအရှင်၊ ထာဝရဦးသျှောင်နှင့် ဆန့်ကျင်ကျင့်ကြံသူများက တရားဝင် ထာဝရဧကရာဇ် ဖြစ်မလာနိုင်ပေ။

ဒါက ငါက ကိုယ်စားလှယ်ကို တာအိုအခွင့်အလမ်းဂိုဏ်းဆီ ထားခဲ့တာကြောင့် ဒီစည်းမျဉ်းဖြစ်လာတာလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ တခြားမသေမျိုးလမ်းစဉ်များက ပလ္လင်ပေါ်တွင် တရားဝင် မထိုင်နိုင်ကြသော်လည်း ထိုက်တန်သည့် ဧကရာဇ် ပေါ်ထွက်မလာသည့် မျိုးဆက်အတွင်း ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်နိုင်သည်။

ဝမ်ဝေ့က ထိုကိစ္စနှင့်ပတ်သက်ပြီး ကြာကြာမတွေးတော့ပေ။ စည်းမျဉ်းသုံးခု ရှိနေပြီး ကျန်ရှိနေသည့် တစ်ခုက နယ်ခြားဧကရာဇ်များ ပါဝင်နေသည်။ တခြားကမ္ဘာ့အသိုက်အဝန်းမှ လူများက နယ်ခြားအလွှာတွင် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်သော်လည်း သူတို့ကျော်ဖြတ်ရမည့် စစ်ဆေးမှုက ဆယ်ဆမက ပို၍ ခက်ခဲလိမ့်မည်။

ထို့အပြင် သူတို့က နှစ်ကြိမ်သာ ကြိုးစားခွင့်ရှိ၏။

အဲဒါဆိုတော့ လူတစ်ယောက်က စစ်ဆေးမှုကို နှစ်ကြိမ်ပဲ ကြိုးစားခွင့်ရှိတာပေါ့။ အစစ်အမှန်ကောင်းကင်တာအိုက ဘယ်တုန်းက အဲ့လောက် ရက်ရောသွားရတာလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ထို့နောက် သူ့အဖြေကို ရရှိလိုက်၏။ ဧကရာဇ်တစ်ယောက်က ပထမစစ်ဆေးမှုကို ကျရှုံးပြီးသည့်နောက်တွင် ထပ်မံ ကြိုးစားကြည့်နိုင်သော်လည်း ဒုတိယစစ်ဆေးမှုက ပို၍ ခက်ခဲလာလိမ့်မည်။

ထို့အပြင် လူတစ်ယောက်က စစ်ဆေးမှုနှစ်ခုကို ကျရှုံးသွားပါက သူတို့သည် တခြားကောင်းကင်အလိုဆန္ဒကမ္ဘာဆီ သွားကာ ထပ်မံကြိုးစားကြည့်၍ မရပေ။

စည်းမျဉ်းတွေက တင်းကြပ်ပေမဲ့ လွတ်လမ်းတော့ ချန်ထားပါသေးတယ်…

ဝမ်ဝေ့က အခြေအနေကို စဉ်းစားကာ တွေးလိုက်သည်။ မဟာဧကရာဇ်တစ်ယောက်က ကောင်းကင်တာအို၏ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သော်လည်း သူ ချန်ထားခဲ့သည့် စစ်ဆေးမှုကို ကျရှုံးသွားနိုင်သည်။ ထိုသို့သော ဧကရာဇ်မျိုးက မိုးမြေက တရားဝင် အသိအမှတ်ပြုထားလျှင်ပင် ပလ္လင်ပေါ်တွင် ထိုင်နိုင်မည် မဟုတ်ပေ။

အကယ်၍ အားကောင်းသည့် မဟာဧကရာဇ်တစ်ယောက်က ပေါ်ထွက်လာပြီး ခုံရုံးအပေါ် သူတို့၏ အမှတ်အသား ချန်ထားခဲ့ပါက တခြားကမ္ဘာ့အသိုက်အဝန်းများတွင်လည်း တူညီစွာ သက်ရောက်မှုရှိလိမ့်မည်။

ကောင်းကင်ဧကရာဇ်ခေတ်ကာလက လူတွေ ထင်ထားတာထက်ပိုပြီးတော့ ကျော်လွန်သွားလိမ့်မယ်။ တကယ်လို ငါ့ရဲ့ တည်ရှိမှုကို ကောင်းကင်ဧကရာဇ်စာလုံးနဲ့ ပေါင်းစည်းနိုင်မယ်ဆိုရင် ငါ့ကိုသတ်ဖို့ ဘယ်လောက်တောင် ခက်ခဲလာလိမ့်မလဲ…

ဒိုင်မေးရှင်းအနိမ့်ရှိ ထာဝရဧကရာဇ်များသည် နောက်ထပ် အရေးသာချက်တစ်ခု ရှိ၏။ ဒိုင်မေးရှင်းအနိမ့်နှင့် ဆက်သွယ်ဖို့ ခက်ခဲခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ကို သတ်သည့်အခါ ကမ္ဘာ၏ စည်းမျဉ်းများကြောင့် အတားအဆီးတချို့ သို့မဟုတ် အဟန့်အတားတချို့ ရှိနေလိမ့်မည်။

ဤအရေးသာချက်က ဝမ်ဝေ့သာ သူ့အစီအစဉ် အောင်မြင်သွားသည်နှင့် ပိုမိုသိသာလာလိမ့်မည်။ ဝမ်ဝေ့က ထိုအကြောင်းကို တွေးကာ ပြုံးလိုက်မိ၏။

ကိစ္စတွေက လတ်တလောတော့ အဆင်ပြေချောမွေ့နေတယ်။ ငါ့ကံကောင်းမှု များလွန်းနေတာ မဖြစ်အောင်တော့ သတိထားရမယ်…

သူက အစည်းအဝေး အဆုံးသတ်တဲ့အထိ စောင့်ဆိုင်းလိုက်၏။ သူက အိမ်သို့ မပြန်ခင် နောက်ဆုံးလုပ်စရာတချို့ ကျန်ရှိနေသေးသည်။

All Chapters